တက်တူးနဲ့ ပတ်သက်တဲ့ မသိမဖြစ် အချက် ခြောက်ချက်

၁။
ဂျော်နီ ဒပ်ဖ်နဲ့ ဝင်နိုးနား ရိုက်ဒါ တို့ရဲ့ ကြည်နူး ဆွတ်ပျံ့ဖွယ်
ကာလမှာပေါ့ ။ “Winona Forever” ဆိုတဲ့ စာသားကို ဂျော်နီ ဒပ်ဖ်က သူရဲ့
လက်မောင်းမှာ ထိုးခဲ့ပါတယ်။ ဒါပေမယ့် “Forever” ဆိုတဲ့ စာသားဟာ
သုံးနှစ်အကြာမှာ ပြတ်စဲခြင်း ဖြစ်တယ်လို့ သိမြင် သဘောပေါက် သွားတဲ့
အခါမှာတော့ “Wino Forever” လို့ သူရဲ့ တက်တူးကို ပြောင်းလဲ ပြင်ဆင်ခဲ့တယ်။
ပြီးတော့ အခုထက်ထိ အဲဒီ တက်တူးကို လူမြင်မခံတော့ပါဘူး။ ဒါကြောင့်
မိတ်ဆွေတို့လည်း တစ်သက်စာ ဆိုတာကို သတိရပါ။ အနည်းဆုံး ဆယ်နှစ်စာလောက်
ကြိုတွေးပါ။ ကလေးဘဝက ဘောပင်နဲ့ နာရီပုံဆွဲသလို မလိုချင်တော့ဘူး ဆိုပြီး
တစ်ရှူးနဲ့ သုတ်ပစ်လို့မရပါဘူး။

၂။
တက်တူး ဒီဇိုင်းတွေကို ကျွမ်းကျင်တက်တူးပညာရှင်၊ ဒီဇိုင်းသမားတွေနဲ့
အချိန်ယူပြီး တိုင်ပင် ဆုံးဖြတ် ပြင်ဆင်ပါ။ ပြီးတော့ သမိုင်းရှိတဲ့
တက်တူးတွေဆိုရင်လည်း အဲဒီသမိုင်းတွေကို အကျဉ်းချုပ် လောက်ဖြစ်ဖြစ်
သိထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သင်္ကေတတွေရဲ့ အဓိပ္ပာယ်ဟာ အကောင်းရော
အဆိုးဘက်မှာ ပါ ထင်တာထက် လေးနက်တာ များလို့ပါ။

၃။
တက်တူးထိုးရင် နာမှာလား ဆိုတဲ့ မေးခွန်း အတွက် ပြောပြပါ့မယ့်။
ကျွန်တော့်ဆီမှာ ကိုယ်တိုင်ထိုး တက်တူးသုံးခု ရှိပါတယ်။ ထိုးခါစ
မိနစ်အနည်းငယ်လောက်ပဲ နာပါတယ်။ အဲဒါက သဘာဝ အလျှောက် နာကျင်မှုကို
ခံနိုင်ရည်ရှိစေတဲ့ ခန္ဓာကိုယ်တွင်းက အမ်ဒေါ်ဖင်း ဓာတ်ကြောင့်လို့ ထင်ပါတယ်။
ဒါပေမယ့် ခံနိုင်ရည် မရှိဘဲနဲ့တော့ တက်တူးထိုးလို့ မရပါဘူး။ လူတိုင်း
လူတိုင်းဟာ နာကျင်မှုတွေကို အနည်းနဲ့ အများ ခက်ခဲစွာ ရင်ဆိုင် ရပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ မိတ်ဆွေတို့ မနာဘူးဆိုတဲ့ နေရာ က
မိတ်ဆွေတို့ရဲ့ သူငယ်ချင်းတွေအတွက် ငရဲ ဖြစ်ချင် ဖြစ်နေနိုင်တာမျိုးပါ။
ဒါပေမယ့် အဲဒီနာကျင်မှုတွေ ပြီး သွားတဲ့အခါမှာတော့ အခါခါ ထပ်ပြီး
ထိုးဖြစ်နေဦးမှာ သေချာပါတယ်။ ပြီးတော့ တက်တူးထိုးတယ်ဆိုတာ စပျစ်သီးခြောက်
စားရသလိုပါပဲ။ တစ်လုံးစားပြီးသွားရင် တစ်ထုပ်လုံး ကုန်အာင်
စားမိသွားတာမျိုးပါ။

၎။
တက်တူး မထိုးခင်မှာ အရက်နဲ့ ဆေးဝါးတွေကို မသုံးစွဲမိဖို့လည်း သတိထား
ပေးစေချင်ပါတယ်။ အဲဒီ အကန့်တွေက မိတ်ဆွေတို့ကို သွေးထွက်လွန်စေ၊
မိတ်ဆွေတို့ရဲ့ တက်တူးဆရာကို အာရုံ နောက် စေတာကလွဲလို့ ဘာ အကူအညီမှ ဖြစ်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် တက်တူး ထိုးနေတုန်း ခံနိုင်ရည် ရှိချင်ရင်
လူပြောသူပြော သိပ်များတဲ့ အကြံပေး စကား တွေကို ခဏ မေ့ထားပြီး
မိတ်ဆွေတို့ရဲ့ စိတ်နဲ့ ခန္ဓာကိုပဲ သန့်ရှင်း ကြည်လင် ကျန်းမာအောင်
ပြင်ဆင်သွားပါ။

၅။
တက်တူး မထိုးခင်မှာ အာဟာရ ပြည့်ဝတဲ့ အစား အစာ တစ်ခုကို ဝမ်းဝအောင်
စားသောက် လာဖို့လည်း လိုပါတယ်။ အဲဒီ အစား အစာတွေက တက်တူး ထိုးနေတုန်းမှာ
လျော့ပါးသွားတဲ့ ခန္ဓာကိုယ်ထဲက အာဟာရ ဓာတ်တွေကို ပြန်လည် ဖြည့်ဆည်းပြီး
သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် တက်တူး မထိုးခင်နဲ့
တက်တူး ထိုးနေစဉ်မှာ အစားအစာ တစ်ခုခုကို စားသောက်ထားမယ်ဆိုရင် နာကျင်
မှုတွေကို အကောင်းဆုံး ထိန်းချုပ် ထားနိုင်မယ်လို့ မြင်ပါ တယ်။

၆။
လမ်းဘေးမှာ တစ်ထောင်တန် နိုက်ကီ တီရှပ်တွေ ရှိတယ်။ ဒဂုံစင်တာမှာ ကျတော့
အဲဒီ တံဆိပ်မျိုး တီရှပ်ပဲ။ ဒါပေမယ့် တစ်သောင်း ကျတယ်။ ဘာကွာလဲ။
ဘာမို့လို့လဲ။ မေးကြတယ်နော်။ ဝတ်ကြည့်မှ သိမှာ။ လူ တော်တော် များများက
ဈေးကိုပဲ မြင်ကြတယ်။ အရည်အသွေးကို မသိကြဘူး။ ကျွန်တော်တို့ တက်တူးလောကမှာ
“Cheap Tattoos Aren’t Good And Good Tattoos Aren’t Cheap.” ဆိုတဲ့
စကားပုံ တစ်ခုရှိတယ်။ အဓိပ္ပာယ်က အဖိုးနည်း အိုးကွဲ ဆိုတဲ့ မြန်မာ
စကားပုံအတိုင်းပါ။ ငါးထောင် တစ်သောင်းလောက်နဲ့ G Tone လို၊ လေးဖြူလို၊ R
ဇာနည်လို ထိုးချင်လို့ ဘယ်ဖြစ်မှာလဲ။ စေတနာနဲ့ ထိုးပေးချင်ရင်တောင်မှ
ဒီနေ့ရတဲ့ ဝင်ငွေဟာ မနက်ဖြန်အတွက် အရင်းဖြစ် လို့ အဲဒီ တက်တူး ဆရာဟာ
အချိန်ကြာလာတဲ့အခါ ကောင်းကောင်းကြီး ဒုက္ခတွေ့လာမှာ သေချာပါတယ်။ ပြီးတော့
တက်တူးဆိုတာ ပန်းချီ အနုပညာ အမျိုးအစားတွေထဲက တစ်ခု။ တက်တူးဆရာ ဆိုတာ အဲဒီ
ပန်းချီ အနုပညာကို ဖန်တီးမယ့် အနုပညာရှင်တွေပါ။ ဒါကြောင့် အနုပညာနဲ့
အနုပညာရှင်တွေကို တန်ဖိုးဖြတ်ဖို့ ဆိုတာ သိပ်တော့ ပေါ့ပါးတဲ့ ကိစ္စတစ်ခု
မဟုတ်ပါဘူး။ အရာအားလုံးကို ကိုယ်နဲ့ နှိုင်းပြီး စဉ်းစား ဆင်ခြင်နိုင်
ပါတယ်။
kagyie@gmail.comwww.kagyie.blogspot.com
0 ကွန်မန့်ရေးရန်:
Post a Comment