Wednesday, May 16, 2012

ရေသူမအစစ်လို့....ထင်ရလောက်သူ

အသက်(၃၆)နှစ်အရွယ် သြစတြေးလျနိုင်ငံသူ Hannah လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမ(၃)နှစ်အရွယ်ကတည်းက ရေသူမအဖြစ်ကို စိတ်ကူးယဉ်တတ်ခဲ့သူတစ်ဦးပါ။


အခု Los Angeles မှာနေထိုင်နေတဲ့သူမဟာ အသက်(၉)နှစ်အရွယ်မှာ ရေသူမအမြီးနဲ့ ရုပ်ရှင်ဇတ်လမ်းတစ်ခုတွင် စတင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ယခုအခါမှာတော့ သူမဟာ မော်ဒယ် ၊ မင်းသမီးအလုပ်တွေအပြင် ဝေလငါး ၊ လင်းပိုင် ၊ ငါးလက်ထုံ နှင့် ငါးမန်းများနဲ့ အတူရေကူးသော အလုပ်များကိုပါ အခကြေးငွေယူပြီး ဖျော်ဖြေ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။


သူမဟာ (၄၅)ပေ အနက်ရှိတဲ့ ရေအောက်မှာ (၂)မိနစ်ကြာလောက်အထိ မည်သည့် ရေငုပ်ထောက်ကူပစ္စည်းမှမပါဘဲ နေနိုင်ကြောင်း နဲ့ ဒီလိုနေနိုင်တာဟာလဲ သူမကို တကယ့် ရေသူမအဖြစ် ထင်မှတ်မှားလောက်စေတယ်လို့ သိရပါတယ်။


၂၀၀၉ ခုနှစ်တွင် မက္ကဆီကိုက Guadalupe ကျွန်း၌ (၁၄)ပေ ရှည်လျားတဲ့ ငါးမန်းဖြူနဲ့ Hannah က ရေသူမအမြီးသုံးပြီး အတူရေကူးဖူးကြောင်းလည်း သိရသည်။
သူမ ရေသူမအမြီးနဲ့ ရေသူမလိုမျိုး ကူးခတ်သွားပုံကို ဒီမှာ ကလစ်နှိပ်ကြည့်လို့ရပါတယ်။
by burmesehearts

0 ကွန်မန့်ရေးရန်:

Post a Comment