This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 27, 2014

WeChat ကြောင့် တရုတ်နိုင်ငံတွင် SMS ပေးပို့မှု ကျဆင်း ................

Posted by: Ko Myo on Thursday, June 26, 2014 Categories:


နာမည်ကျော် messaging app ဖြစ်သည့် WeChat သည် SMS သုံးစွဲသူများအပေါ်တွင် ကြီးမားသည့် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ပျှမ်းမျှ SMS ပေးပို့မှုနှုန်းသည် လူတစ်ဦးလျှင် တစ်လ ၃၉.၈ စောင်သာ ရှိခဲ့ကာ တစ်ရက်လျှင် ၁.၃ စောင်သာရှိခဲ့ကြောင်း တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အချက်အလက် နည်းပညာ ဝန်ကြီးဌာန (MIIT) က ပြောကြားလိုက်သည်။

MIIT ၏ အဆိုအရ တရုတ်နိုင်ငံ၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ SMS ပေးပို့မှုနှုန်းသည် ၃၁၄.၆၂ ဘီလီယံရှိခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ မေလ အထိ ပေးပို့မှုနှုန်းထက် ၁၈.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖုန်းအသစ်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူသည် ၂၇.၂၅ သန်းအထိ မြင့်တက်လာခဲ့ပြီး ဖုန်းကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ စုစုပေါင်း ၁.၂၆ ဘီလီယံ ရှိလာကြောင်း MIIT မှ ဖော်ပြခဲ့ သည်။

MMS ပေးပို့မှုနှုန်းသည်လည်း ပိုမိုကျဆင်းခဲ့ပြီး ဇန်နဝါရီလမှ မေလအထိ MMS ပေးပို့မှု ၂၆.၀၉ ဘီလီယံ သာ ရှိခဲ့ကာ ၎င်းသည် ပြီးခဲ့သည့်နှစ်ထက် ၃၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ အရေအတွက်သည် တိုးပွားလာလျက်ရှိသော်လည်း WeChat, Line, Laiwang, Yixin စသည့် messaging app များကြောင့် SMS ပေးပို့မှု ကျဆင်း လာခြင်း ဖြစ်ကြောင်း၊ လာမည့်နှစ်တွင်လည်း SMS ပေးပို့မှု အလေ့အထသည် ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်နိုင် ကြောင်း MIIT က တွက်ချက်ဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အင်တာနက် အသုံးပြုမှုနှုန်းသည် ပြီးခဲ့သည့်နှစ်အတိုင်း ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၁ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ မိုဘိုင်းအင်တာနက် အသုံးပြုသူ ၇၀၁ သန်းရှိကြောင်း သိရသည်။

Ref: TechInAsia

Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားကို သတ်ပြီး တက္ကစီကားထဲ ထည့်ထား ..............

နန်းမြနဒီ

ထိုင်းနိုင်ငံအလယ်ပိုင်း မဟာာချိုင်လို့ လူသိများတဲ့ စမွတ်စခွန်မြို့နယ်မှာ မြန်မာအလုပ်သမားလို့ ယူဆရသူတဦး အသတ်ခံရပြီး တက္ကစီကားထဲ လာထည့်သွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇွန် ၂၄ ရက် မနက် ၁ နာရီလောက်က တက္ကစီကားတစီးပေါ်မှာ လူသေအလောင်း တွေ့ကြောင်း သတင်းပေးချက်အရ တာဝန်ကျရဲနဲ့ ကုသိုလ်လူမှုကူညီရေးအဖွဲ့တို့က သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ဘန့်နမ့်ကျစ်ရပ်ကွက် ကျတ်ဆန်ဖနန်လမ်းကြား သံထည်စက်ရုံအနီးမှာ ရပ်ထားတဲ့ တက္ကစီကားတစီး နောက်ဖုံးခန်းထဲကနေ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်ရွယ် အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ ဘန့်နမ့်ကျစ်ရဲစခန်းက စခန်းမှူး ဗိုလ်မှူကြီး ဆနွန် ဆွန်မတ်က သတင်းထောက်တွေကို ပြောပါတယ်။

တက္ကစီကားမောင်းသမားရဲ့ ဖွင့်ဟပြောဆိုချက်အရ သူဟာ ဧကချိုင်းလမ်းမကြီးပေါ်မှာ တက္ကစီမောင်းနေတုန်း ဆိုင်ကယ်နဲ့ လူတဦးက ပစ္စည်းတင်ဖို့ ခေါ်သွားကြောင်း၊ သံထည်စက်ရုံနား ရောက်တော့ လူ ၂ ယောက်က ကားနောက်ဖုံးထဲကို ပစ္စည်းတင်ပြီး ထွက်သွားကြောင်း၊ ဆိုင်ကယ်နဲ့ လာခေါ်တဲ့သူကတော့ တက္ကစီပေါ် ပြန်လိုက်ခဲ့ပြီး တနေရာအရောက် ကိစ္စရှိလို့ ခဏဆင်းမယ်ပြောကာ သူ့ကို တက္ကစီခ ဘတ် ၂၀၀ ပေးပြီး ထွက်သွားကြောင်း၊ ခရီးသည် ဆင်းသွားတာ ကြာလို့ လိုက်ကြည့်တော့ မတွေ့တော့တာနဲ့ ကားနောက်ဖုံးခန်းကို ဖွင့်ကြည့်တာမှာ ပလတ်စတစ်ပုံး အနက်ရောက်ထဲ ထည့်ထားတဲ့ လူသေအလောင်းကို တွေ့လို့ နဂိုနေရာကို ပြန်မောင်းလာခဲ့ပြီး ရဲကို ဖုန်းဆက်ခေါ်လိုက်တာလို့ ဆိုပါတယ်။

အဲဒီအနီးတ၀ိုက်မှာ မြန်မာလူမျိုး အများအပြား စုနေထိုင်တဲ့ အလုပ်သမား တန်းလျားတွေ ရှိပြီး အခန်းတွေကို လိုက်လံစစ်ဆေးရာမှာ အခန်းတခုမှာ သွေးစ၊ ဘီယာ ပုလင်းတွေနဲ့ အလောင်းထည့်တဲ့ ရေပုံးနဲ့ ဆင်တူတဲ့ တခြားရေပုံးတလုံးပါတွေ့လို့ အခန်းငှား နေသူနဲ့ အခန်းပိုင်ရှင်တွေကိုပါ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ စခန်းမှူးရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

နောက်ဆက်တွဲသတင်းနဲ့ ပတ်သက်ပြီး သည်နေရှင်းသတင်းမှာတော့ ဒီအမှုမှာ ပါဝင်ပတ်သက်နေသူ အသက် ၃၆ နှစ်ရှိ မြန်မာအလုပ်သမား ဦးချစ်ဆန်းမြိုင်နဲ့ အသက် ၂၇ နှစ် ရှိ ကိုသားကြီး တို့ ၂ ဦးကို ဇွန် ၂၄ ရက် ည ၁၀ နာရီကျော်မှာ ဖမ်းမိခဲ့ပြီး ကိုဖုဂျီ ဆိုသူတဦးက ထွက်ပြေး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ မြန်မာ အလုပ်သမား နိုင်တွန့်နိုင်ပု ဖြစ်ကြောင်း၊ အလုပ်သမားကတ်ကိစ္စနဲ့ သူတို့ဆီက ငွေ ဘတ် ၁ သောင်း ၇ ထောင် ယူထားတာ ပြန်မပေးလို့ စကားများပြီး သံချောင်းနဲ့ ရိုက်သတ်ကြောင်း ၀န်ခံခဲ့တယ်လို့ စမွတ်စခွန်ခရိုင်ရဲမှူးကြီး ဆုမ်ပွန်းဟွပ်ပန်းယန်း က ဇွန် ၂၅ ရက် သတင်း စာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြောင်း ဖော်ပြသွားပါတယ်။

ရိုမန်ဘော့တွေရဲ့ ကမ္ဘာကို ဗီဒီယိုရိုက်ရန်ကမ်းလှမ်း ..........................

26 June 2014 19:17(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)

                အပြာရောင် စာပေအရေးအသားများ ပါဝင်နေ၍ ဝေဖန်မှုများရှိနေသော “ရိုမန်ဘော့တွေရဲ့ ကမ္ဘာ”စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ကမ်းလှမ်း ထားကြောင်း ယင်းစာအုပ်ရေးသားသူ စာရေးဆရာ အောင်ရင်ငြိမ်းက ပြောသည်။ ကဗျာဆရာ ခိုင်စိုးရဲ့ မိတ်ဆွေ တစ်ယောက်က ကမ်းလှမ်းထားတာ။ ကျွန်တော်အေးဂျင့်ကို လွှဲထားတယ် ဟု ၎င်း က ပြောသည်။

                အဆိုပါ စာအုပ်ကို ဗီဒီယို ရိုက်ကူးရန် ၀ယ်ယူပါက ဈေးနှုန်း မြှင့်တင် ရောင်းချမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာ၊ မင်းသားနှင့် မင်းသမီးတို့ အပေါ် မူတည်ပြီးမှသာ ရောင်းချ သွားမည် ဖြစ်ကြောင်း ယင်းစာအုပ်ရေးသားသူက ဆိုသည်။ ယခု သီတင်းပတ်တွင် ရိုမန်ဘော့တွေရဲ့ ကမ္ဘာစာအုပ်သည် အရောင်းဆိုင်များ၌ ၀ယ်ယူ၍ မရနိုင်တော့ဘဲ စာအုပ်ရောင်းဈေး  (၂၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ် အထိ ဈေးနှုန်းမြင့်တက် သွားကြောင်း သိရသည်။ ထို့အပြင် လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် မိတ္တူများကို ပြန်လည် ရောင်းချမှုများရှိနေပြီး ဈေးနှုန်းမှာကျပ် (၈၀၀၀) ၀န်းကျင် ရှိကြောင်း သိရသည်။

                 အဆိုပါ စာအုပ်အား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေရေးလုပ်ငန်း ဥပဒေအရ အရေးယူရန် စီစဉ်နေပြီဖြစ်ကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ် က The Messenger Media သို့ ပြောသည်။ စာပေနယ်မှ စာရေးဆရာ အများစုက လိင်ဆက်ဆံခန်းများကို အနုစိပ်ရေးသားမှုများသည့် အတွက် ယဉ်ကျေးမှု နှင့် ကိုက်ညီမှု မရှိကြောင်း ဝေဖန်မှုလျက် ရှိသည်။

ထက်ဝေထွန်း

Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=17845

မြာက်ကိုရီးယား ဒုံးကျည် ဂျပန်ပင်လယ်ပြင်ထဲ ပစ်လွှတ်..........................

26 June 2014 21:38(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

 မြောက်ကို ရီးယားဟာ ဂျပန်ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည် ၃ စင်း စမ်းသပ် ပစ်လွှတ်ခဲ့တာ တွေ့ရ တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောကြားလိုက်ပါတယ်။

မြောက်ကို ရီးယားရဲ့ ရော့ကက်တွေဟာ ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက်ကမ်း ရိုးတန်းကနေ ကြာသ ပတေး နေ့က ပစ်လွှတ်ခဲ့ တာလို့  တောင်ကို ရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ပင်လယ် ပြင်ထဲကို မိုင် ၁၂၀ အကွာလောက် ကနေ ပစ်ခတ်ခဲ့ တာလို့ ဆိုပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ အခုထိ တစုံတရာ ထုတ်ဖေါ် မပြောဆိုသေးပါဘူး။ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်အမျိုးအစား ကို ထုတ်ဖေါ် မပြောဆိုတဲ့ အပြင်  လက်နက် အသစ် စမ်းသပ်မှု လုပ်မလုပ်ကိုပါ တစုံတရာထုတ် မပြောသေး ပါဘူး။ မြောက်ကိုရီးယားက အခုလို ဒုံးကျည် စမ်းသပ် ပစ်ခတ်မှုတွေဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဒီနှစ် အစောပိုင်းကစပြီး ဒုံးကျည်တွေ လက်နက်ကြီးတွေ ပစ်ခတ်စမ်းသပ်မှုကို အကြိမ်များစွာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။  အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေချိန်မှာ  မြောက်ကိုရီးယား ဘက်က တာလတ်ပစ် ဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးမျိုးကို ပစ်ခတ်ခဲ့တာပါ။

ကြာသပတေးနေ့  စမ်းသပ်ပစ်ခတ်မှုဟာ ကုလသမဂ္ဂရဲ့ တားမြစ်မှုကို ဆန့်ကျင်ပြီး  စတုတ္တုအကြိမ်မြောက် မြေအောက် နျူကလီယား လက်နက် စမ်းသပ်မှုတွေ အတွက် ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ အများက ခန့်မှန်းနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံး။

ချစ်သူက အပြင်လောက ကပါလို့ ဖွင့်ဟလာတဲ့ Mဆိုင်းလု ...............

Posted by: Ko Myo on Thursday, June 26, 2014 Categories:

ခင်ဆွေသက် on 2014-06-26 12:23

မြန်မာနိုင်ငံရဲ့ မော်ဒယ်လ် လောကထဲမှာ ဘောင်ဝင်တဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ် ကြိုးစားရပ် တည်နေရင်း Photo Model အလုပ်ကိုမှ ၀ါသနာထုံတယ်လို့ ဖွင့်ဟလာတဲ့သူ Mဆိုင်းလူနဲ့ တွေ့ဆုံခိုက် မှာ သူမ ဖွင့်ဟသွားတဲ့ အရာတွေကတော့ “လတ်လလောက မဂ္ဂဇင်းဂျာနယ်တွေ အတွက် ရိုက်ပေးဖြစ် တယ်။ အမျိုးသမီးရေးရာ ရှိုးလျှောက်ဖို့ရှိတယ်။ ပြီးတော့ Model Academy ပေါ့။ အမျိုးသမီးရေးရာ ပွဲမှာ က ညီမက ကချင်ရယ်၊ ချင်းရယ်၊ Karasik ရယ် round သုံးခု လျှောက်ရမှာပေါ့။ ညီမက ကချင်လူမျိုးဖြစ် တဲ့အတွက် ကချင်ဝတ်စုံဝတ်ရတာ ပီတိလဲဖြစ်တယ်။ ညီမတွက် အရမ်းအဆင်ပြေတယ်။ ညီမလဲ အရမ်း ကြိုက်တယ်။ ချင်းဝတ်စုံကကျတော့ အဆင်ပြေတယ်။ Karasik ကလဲ အဆင်ပြေတယ်ဆိုတော့ အားလုံး သူ့ဟာ နဲ့သူ အဆင်ပြေနေတာပါပဲ။ အမျိုးသမီးပွဲမှာ ရှိုးလျှောက်ခွင့် ရတဲ့အတွက် ပျော်လဲပျော်မိတယ်။ ပြီးတော့ ညီမက သရုပ်ဆောင်တာကို လုံးဝ ၀ါသနာမပါဘူး။ ရှိုးလျှောက်တာနဲ့ ဓာတ်ပုံရိုက်တာကိုပဲ ၀ါသနာပါတယ်။ မော်ဒယ်လ်လုပ်နေရင်းနဲ့မှ အခွင့်အရေးပေးလာမယ် ဆိုရင်တော့ သရုပ်ဆောင်ဖက်က လုပ်ဖြစ်ချင် လုပ်ဖြစ်မှာပေါ့နော်” တဲ့။

ဒါ့အပြင် Photo Model တစ်ယောက်အဖြစ် ရပ်တည်ရတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်ကိုလည်း “ ဓာတ်ပုံ ရိုက်တဲ့ အခါကျရင် Mood ကတော့ မျိုးစုံရှိတာပေါ့နော်။ ကိုယ့်ရိုက်မယ့် လိုကေးရှင်းနဲ့ ကိုယ်ဝတ်မဲ့ ဖက်ရှင်ကို ဦးစားပေးပြီး စဉ်းစားဖြစ်ပါတယ်။ ညီမခု ၄နှစ်လောက်ရှိပြီ။ ဒီလောကထဲမှာ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ရပ်တည်နေတာ။ အဲဒီအပေါ်မှာကျေနပ်တယ်။ ပီတိလဲဖြစ်တယ်။ ရှေ့ဆက်ပြီး ဆက်လက်ကြိုးစားသွားဖို့ပဲ ရှိပါတယ်။ ဒီလောကအပေါ်ကို မြင်မိတာကတော့ အကောင်းဖက်က ကြည့် ရင်တော့ ကောင်းတာပေါ့နော်။ အဆိုးဖက်က ကြည့်ရင်တော့လဲ အဆိုးပေါ့နော်။ ညီမကတော့ အဲလိုပဲ နားလည်ထားပါတယ်။ အိမ်က မိဘတွေကလဲ ဒီအလုပ်နဲ့ပတ်သတ်ပြီး ထောက်ပံ့ပေးပါတယ်။ အဲဒီအ တွက်သိပ်ပြီး အခက်အခဲ မရှိခဲ့ဖူးပေါ့နော်။ ဖက်ရှင်ကတော့ မိုးရာသီမှာ အိမ်မှာနေရင် ဆွယ်တာပါးပါး လေးနဲ့ ဘောင်းဘီတိုလေးနဲ့ပေါ့။ အဲလောက်ပဲဝတ်ဖြစ်ပါတယ်။ အချစ်ရေးကတော့ ပုံမှန်ပါပဲ။ အဆင်ပြေ ပါတယ်။ ချစ်သူထားတာ ကြာလဲကြာနေပြီလေ။ အဆင်ပြေပါတယ်။ ခုညီမချစ်သူကတော့ အပြင်ကပါ” လို့ သူမက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Thursday, June 26, 2014

NDFပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်အိမ် အဖောက်ခံရ .....................

ခင်မြတ်မြတ်ဝေ

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်၏ အိမ်သို့ ဇွန်လ ၂၃ ရက် သန်းခေါင်းယံအချိန်က အဖောက်ခံရပြီး ပစ္စည်းအချို့ အခိုးခံလိုက်ရသည်ဟု ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။

“ကံကောင်းတာက လွှတ်တော်ဝင်တဲ့ကဒ်တွေ၊ ပတ်စ်ပို့စ်တွေ၊ မှတ်ပုံတင်တွေ ပါတဲ့အိတ်ကို အိမ်ရှေ့မှာပြန်ထားခဲ့တယ်၊ သူ့စိတ်ထဲ ပိုက်ဆံပါတယ်ထင်လို့ ယူတာ မတွေ့တော့ ပြန်ထားခဲ့တယ်”ဟု ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

ဒေါ်ခင်ဝိုင်းကြည်၏ မြောက်ဒဂုံမြို့၊ ၄၆ရပ်ကွက်ရှိ အိမ်ဖောက်ခံရခြင်းကြောင့် ဆမ်းဆောင်းဟန်းဆက် မီနီတစ်လုံး၊ အိတ်တစ်လုံး အခိုးခံခဲ့ရပြီး အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခြင်းမရှိဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။ လွှတ်တော်ကဒ်၊ ပတ်စ်ပို့နှင့် မှတ်ပုံတင်များပါသည့်အိမ် ပြန်တွေ့သည့်အတွက် အမှုမဖွင့်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်သည် ဇွန်လ ပထမပတ်က အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်စနစ်)ကို တင်သွင်းခဲ့ပြီးနောက် ၎င်းကို ခြိမ်းခြောက်မှုအချို့ ခံနေရသည်ဟုလည်း ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် ပြောခဲ့ဖူးသည်။

“ယမကာလုလင်” နှစ်နှစ်သားလေး

ဘီယာကို ပိုကြိုက်နေတဲ့ 

Posted by: Ko Myo on Wednesday, June 25, 2014 Categories:

Angel on 2014-06-25 11:12

တရုတ်နိုင်ငံက လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက် စီးကရက်သောက်နေတဲ့ ဗီဒီယို လွန်ခဲ့တဲ့ အပတ်တွေက ပေါ်ထွက်လာပြီးနောက် အခုတစ်ခါလည်း နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါတော့ နှစ်နှစ်သားလေး တစ်ယောက်ဟာ အယ်လ်ကို ဟော စွဲနေတယ်လို့ သိရပါတယ်။

ချန်းချန်း ဆိုသူ နှစ်နှစ်သားလေးဟာ နို့ အစား ၀ိုင်နဲ့ ဘီယာပုလင်းတွေကို ပိုကြိုက်နေပြီး ‘ယမကာလုလင် လေး’ အဖြစ် ဒေသတွင်းမီဒီယာတွေမှာ လူသိများနေပါတယ်။

ချန်းချန်းတစ်ယောက် အရက်ပုလင်း တစ်ပုလင်းသောက်နေတဲ့ ဓာတ်ပုံထွက်လာပြီးနောက် ဒေသအာ ဏာပိုင်တွေဟာ ချန်းချန်းရဲ့ မိဘတွေကို စုံစမ်းစစ်ဆေးနေပါပြီ။

ချန်းဟာ ဆယ်လသားအရွယ်မှာ အယ်ကိုဟောကို စတင်မြည်းစမ်းကြည့်ခဲ့ပြီး ဖခင်ဖြစ်သူက တူကို ၀ိုင်ထဲ နှစ်ကာ ကလေးကို မြည်းခိုင်းခဲ့တာပါ။

ချန်းဟာ ဘီယာတစ်လုံးလောက်ကို အမူအရာမပျက် အေးဆေးသောက်နိုင်တယ်လို့ မိဘတွေက ဆိုပါ တယ်။ တကယ်လို့ သူ့ ကို ဘီယာမတိုက်လို့ ရှိရင် ချန်းက စိတ်ကောက် တတ်တယ်လို့ လည်း မိဘတွေက ပြောပြပါတယ်။

“ သူ့ မျက်လုံးတွေက အမြဲတမ်း ဘီယာပုလင်းတွေ ရောက်နေတာ။ သူ မမြင်နိုင်တဲ့ နေရာတွေမှာပဲ ကျွန်မတို့  ပုလင်းတွေကို သိမ်းဖို့ ပဲ ကြိုးစားရတာပေါ့။” လို့ ချန်းရဲ့ ဒေါ်လေးဖြစ်သူ Cai Teng က ရှင်းပြ ပါတယ်။

“ တစ်ခါတစ်လေ သူ အရမ်းဆူနေပြီး ဘာလုပ်ရမှန်းမသိရင် သူ့ ကို ၀ိုင်နည်းနည်းလောက် တိုက်လိုက် တာပဲ”

ချန်းရဲ့ ဒေါ်လေးကတော့ ကလေးကို နောက်ထပ် အယ်ကိုဟောတွေ မတိုက်တော့ပါဘူးလို့  တိုင်တည် ပြောဆိုနေပါပြီ။ ဒီအပတ်မှာ ကလေးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိပါတယ်။ မိသားစုနဲ့ ဆက်ထားဖို့ မသင့်ဘူးဆိုရင် ကလေးကို စောင့်ရှောက်ရေးဌာနဆီ ပို့ ထားရမှာပါ။


Ref: Metro.co.uk
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

အေသင်ချိုဆွေ ပြောပြတဲ့ သူမရဲ့ အချစ်ရေး.................



Posted by: Ko Myo on Wednesday, June 25, 2014 Categories:

စန္ဒီ on 2014-06-25 17:18

ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရနေပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိ ထား သူဖြစ်သလို လတ်တလောမှာ တတိယမြောက် တစ်ကိုယ်တော် Playboy ဆိုပြီး ထွက်ရှိထားတဲ့ အေသင်ချိုဆွေကို ပရိသတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ချစ်သူ pepsi နဲ့ ဘယ်တော့ အိမ်ထောင်ပြု ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာကတော့ 
“အေသင် အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ အေသင်တို့ နှစ်ယောက်လုံးက ငယ်ပါသေးတယ်။ ဒါကြောင့် အေသင် အခုချိန်မှာတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားသေးပါဘူး။ အေသင်ရဲ့ ချစ်သူ pepsi ကလည်း အမေရိကကို ပြန်ရဦးမှာလေ။ အေသင်တို့ နှစ်ယောက်လုံးက မရင့်ကျက်သေးဘူး ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မှာ ညှိလို့မရတဲ့ အပိုင်းတွေက အများကြီးပဲ။ ရန်ကလည်း ခဏခဏ ဖြစ်တယ်။ ပြီးရင်လည်း ပြန်တည့်သွားတာပေါ့။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ပဲ ဖြစ်နေတော့တာပါပဲ။ အေသင်တို့ နှစ်ယောက်လုံးက စရိုက်လုံးဝမတူကြဘူး။ အဲဒီလို စရိုက်မတူသူတွေ ဆိုတော့ အရမ်းလည်း ညှိနှိုင်းရပါတယ်။ သူနဲ့ ကိုယ်ကြားမှာလည်း မတူညီတဲ့ အချက်တွေက အရမ်းများတဲ့ အတွက် တစ်ခါ တစ်လေ အရမ်းစိတ်ညစ်ရပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တူတာ တစ်ခုကတော့ တစ်ယောက်နဲ့ တစ် ယောက် တကယ်ချစ်ကြတယ် ဆိုတာပါပဲ။ အဲဒီအချက်လေးက တူနေတဲ့အတွက် အခုချိန်ထိ တစ်ယောက် ကို တစ်ယောက်လက်တွဲ ဖြစ်နေတာပါ။ အချစ်ဆိုတာကို အေသင် နားလည်ထားတာကတော့ တကယ် တည်ငြိမ်ရင့်ကျက်တဲ့သူ နှစ်ယောက်ချစ်ကြရင် ပိုပြီး ခိုင်မြဲလိမ့်မယ်လို့ ထင်ပါတယ်” လို့ သူမက ဖွင့်ဟ သွားပါတယ်။

Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဧရာမ တိရိစ္ဆာန်များ....................



Posted by: Ko Myo on Wednesday, June 25, 2014 Categories:







































ref;xcitefun
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com) Rate this posting:

မန်မာပြည်မှာ မိုဘိုင်းဘဏ်စနစ် သုံးနိုင်တော့မည်ဟု ဗဟိုဘဏ်ပြောကြား.............

25 June 2014 17:54(+0630) (လွန်ခဲ့သော 8 နာရီ ခန့်က)

 မြန်မာနိုင်ငံမှာ မိုင်ဘိုင်းဘဏ်စနစ်နဲ့ အီလက်ထရောနစ် ငွေကြေးစနစ်ကို တချိန်ကျရင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီကနေ့ လွှတ်တော်မှာ လာရောက် ရှင်းလင်းပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင်က နိုင်ငံခြားဘဏ်ခွဲတွေ ဖွင့်ခွင့်ပေးမယ့် ကိစ္စနဲ့ ပြည်တွင်း ဘဏ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးမယ့် အစီအစဉ်တွေ ရှင်းလင်းပြောဆိုခဲ့ ပါတယ်။
ဒီလိုပြောဆိုသွားရာမှာ နောက်ပိုင်းကျရင် စားသုံးသူတွေက ငွေကို အထပ်လိုပ် ကိုင်စရာ မလိုဘဲ မိုင်ဘိုင်းဘဏ်စနစ်၊ အီလက်ထရောနစ်ငွေကြေးစနစ်တွေကို လုပ်ဆောင်မှာဖြစ်လို့ တက္ကစီ အငှားမော်တော် ယာဉ်စီးတဲ့အခါမှာဖြစ်စေ လက်လီဝယ်ယူစားသုံးတဲ့အခါမှာဖြစ်စေ အဲဒီ့ စနစ်တွေနဲ့ အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘဏ်တွေရဲ့ ပကတိအခြေအနေအရ ဒီစနစ်တွေကို အသုံးပြုနိုင်ဖို့က များစွာအလှမ်း ဝေးနေသေးတယ်လို့ ကမ္ဘောဇဘဏ် ဒုတိယဥကဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“သူ့အိပ်မက်ပေါ့။ သူ့အိပ်မက်ကတော့ ကမ္ဘာကြီး ပြောင်းသွားပြီလို့ မက်တယ်။ ဒါပေမယ့် အဲဒါက မြန်မာပြည်အတွက် စောလွန်းတယ်လေ။ မြန်မာတွေက ငွေသား ကိုင်ဆောင်သုံးစွဲတယ် အရသာ တွေ့နေတာဗျ။ ဘယ်လိုမှ မလွယ်ဘူး။ အဲဒါက အနောက်နိုင်ငံမှာဆိုရင်တော့ ဟုတ်တာပေါ့။ ”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ဖို့ဆိုရင် မိုဘိုင်းဆက်သွယ်ရေးစနစ်တွေ ကောင်းမွန်ဖို့လိုတဲ့ အပြင် လိုအပ်တဲ့ နည်းပညာဆိုင်ရာဥပဒေတွေလည်း ထွက်ရှိဖို့ ကျန်ရှိနေသေးတဲ့အကြောင်း သူက အခုလို ဆက်လက်ပြောပါတယ်။
“ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေ လုပ်နိုင်စွမ်းတွေ မရှိသေးဘူး။ အဲဒါတွေ ခိုင်မာပြီဆိုမှ ခုနပြောတဲ့ မိုဘိုင်း ဘဏ်စနစ် ကောင်းတာပေါ့။ လောလောဆယ် စနစ်တွေကလည်း အမျိုးမျိုး ဖြစ်နေတယ်။ စီဒီအန်အေတို့ ဒဗလျူစီဒီအန်အေတို့ ဂျီအက်စ်အမ်တို့ မှိုလို ပွနေတာပဲ။ တခုနဲ့တခု ချိတ်ဆက်ဖို့ သိပ်ခက်တယ်။ နောက် ဥပဒေလည်း လုပ်ရမယ် ဥပဒေလည်း မရှိသေးဘူး။ ဥပဒေပိုင်းကလည်း အများကြီး နောက်ကျနေပြီ။ အဲဒီလို စိတ်ကူးယဉ်ဖို့တော့ မကောင်းဘူးလေ။ အကုန်လုံးက လုပ်စရာတွေက အများကြီး တော်တော်လေး နောက်ကျနေတယ်။”

အလားတူ သမ၀ါယမဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကလည်း ပြည်တွင်းမှာ အီလက်ထရောနစ်ငွေကြေးစနစ် ပေါ်ပေါက်လာရင်တောင် သမရိုးကျအသုံးပြုနေတဲ့ ငွေသား ကိုင်ဆောင်မှုစနစ်ကတော့ ပျောက်ကွယ်သွားဖို့က မရှိနိုင်သေးဘူးလို့ အခုလို သုံးသပ်ပြောပါတယ်။

“ငွေသားသုံးစွဲမှုစနစ် ယဉ်ကျေးမှုကတော့ ရှိနေဦးမယ်လေ။ ဂျပန်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း တော်တော်များများက ငွေသား သုံးတုန်းပဲ။ တော်တော်များများမှာ သုံးတုန်းပဲ။ ဒါပေမယ့် ဘဏ်မှာ အထုတ်ကြီးတွေကတော့ ပျောက်ရင် ပျောက်သွားနိုင်မယ်။ နေ့စဉ်သုံးတဲ့ အသေးအဖွဲ့လေးကတော့ ရှိနေဦးမယ်။ ဥပမာ – လက်ဖက်ရည်သွးသောက်တာတို့ ဘာတို့ပေါ့။”

မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုဖို့အတွက် သမ၀ါယမဘဏ် အပါအ၀င် ဘဏ်တချို့က နိုင်ငံတော် ဗဟိုဘဏ်ထံ အဆိုတင်သွင်းထားရှိပြီးဖြစ်ပေမယ့် လက်တွေ့မှာ အသုံးချနိုင်တဲ့အဆင့်တော့ မရောက်သေးပါဘူး။

By သိုက်ဇင် (ဒီဗွီဘီ)

ပည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်ဒုဥက္ကဌ ဦးဆက်အောင် ဖြေကြားနေစဉ်