This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, October 17, 2013
“ဟီရိုရှီးမားပုံပြင်”
October 14, 2013 at 10:43am
          သီတင်းဝါလကျွတ်တော့မှပဲ ကိုယ့်ဆီကလူတွေမလည်း ဟိုဘက်ကမ်းကမီးထိန်ထိန်၊ သည်ဘက် ကမ်းကမီးထိန်ထိန်၊ တထိန်ထိန်တောက်အောင် ရှို့တဲ့သူကရှို့၊ တအုန်းအုန်းမြည်အောင် ဗျောက် အိုးဖောက် ပေသီးထုတဲ့သူကထုဆိုတော့ မသိသားဆိုးရွားလှတဲ့ကောင်တွေ သည်ရထားပေါ်တက်ရင် ဘယ်ဘူတာရောက်မလဲဆိုတဲ့အကြောင်း ပြောပြချင်လာပါတယ်။
တိုက်တိုက်ရယ်မှဆိုင်ဆိုင် အခုရက်ပိုင်း သွားလေ့လာဖြစ်တဲ့နေရာက ဟီရိုရှီးမားမြို့ကလေး ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ ပညာသင်ကြားဖူးတဲ့ကလေးတွေမှန်သမှ
ျ အဲဒီမြို့ကလေးနံမယ်ကို မသိတဲ့သူ မရှိဘူး။ ကျောင်းသင်ခန်းစာတိုင်းမှာ ပါတယ်လေ။ သူတို့ဆီက ပြတိုက်ထဲမှာ ကိုယ်တို့ မြန်မာပြည်က ဆဋ္ဌမတန်း မြန်မာ့သမိုင်းဖတ်စာကလေးတောင် တွေ့ခဲ့မိသေးတယ်။ အဲဒီအထဲမှာလည်း ဟီရိုရှီးမား နဲ့ နာဂါဆာကီအကြောင်းပါတယ် မဟုတ်လား။ ကမ္ဘာပေါ်မှာ ဗုံးရယ်လို့ပြောလိုက်ရင် သူ့ထက်ကြောက်စရာကောင်းတာတောင် သူ့လောက် ကြောက်စရာ မကောင်းဘူးလို့ ပြောရမယ့် အနုမြူဗုံးတွေ ပေါက်ကွဲခဲ့တဲ့နေရာပေါ့။ သူတို့နိုင်ငံတွေကတော့ “Atomic Bomb” လို့ခေါ်ကြတယ်။
          အဲဒီမြို့ကလေးနှစ်မြို့အကြောင်းကိုပြောမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ နီးပါးဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလကို ပြန်ဇာတ်ကြောင်းလှန်မှ သဘောပေါက်လိမ့်မယ်။ သိမှီသူတွေ ဘယ်ရှိတော့မလဲ။ ကိုယ့်အဘိုးအဘွားတွေ လက်ထက်တုန်းကဟာကို။ ဒါလေးများ ဘာခက်လို့လဲ။ ဆယ်တန်းအောင်ပြီးတဲ့သူတိုင်း သိပြီးသား။ ကမ္ဘာ့သမိုင်းထဲတင်မကဘူး။ မြန်မာ့သမိုင်းထဲတောင် ပါသေးတယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ကြတာလေ။ ဟုတ်တော့ ဟုတ်သားပါပဲ။ ဒါပေသိ နည်းနည်းလေးတော့ လွဲနေသေးတယ်။ ကိုယ်တို့သင်ရတဲ့ အဲဒီသမိုင်းကြောင်းက ဟိုးတုန်းက ရွှေမန်းတင်မောင်သားတွေ “ငါ့ညီ ငါ့မြေ ငါ့အမေ” ဆိုပြီးရိုက်တဲ့ သီဟတင်စိုး ဇာတ်လမ်းမျိုးတွေ။ ကမ္ဘာ့သမိုင်းနဲ့လည်း မကွာပါဘူး။ အမေရိကန်ကရိုက်တဲ့ “ပုလဲဆိပ်ကမ်း” (Pearl Harbor) ကို ပြန်ကြည့်ပါလား။ ဖက်ဆစ်တွေ ဘယ်လောက်ယုတ်မာ ရက်စက်တယ်ဆိုတာ တွေ့ရလိမ့်မယ်။ အဲသလောက်နဲ့ ကိုယ့်ဘာသာကိုယ် ပြည့်စုံလုံလောက်ပြီ ထင်ရင်လည်း ပြီးတာပဲ။ နောက်ထပ် ဘာအသိသင်ခန်းစာမှ ထပ်မရတော့ဘူး။ တကယ်လို့များ အဲသည်ထက်ပိုပြီး ပြည့်စုံတဲ့ အသိအမြင်တစ်ခုခု ကို လိုချင်သေးတယ်ဆိုရင်တော့ ဂျပန်တွေ အဲဒီအချိန်တုန်းက ဘယ်လိုတွေးသလဲ။ ဘယ်လိုခံစားသလဲ။ ဘာကြောင့် အဲသည်လမ်းကိုလျှောက်သွားသလဲဆိုတာ သူတို့ဘက်က အမြင်ကို ၀င်ကြည့်လိုက်မှ သုံးဘက်မြင် ရုပ်လုံးကြွ ပုံရိပ်တစ်ခုကို ရပါလိမ့်မယ်။
          ပထမဦးဆုံးအနေနဲ့ ဂျပန်နိုင်ငံကို ပထ၀ီကစပြီး မိတ်ဆက်ပေးရရင် ဂျပန်ဆိုတာ အာရှတိုက်ကြီး အရှေ့ဘက်ဖျားက ကျွန်းပေါင်း ၆၈၅၂ ခု နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတာပေါ့။ သူတို့ကိုယ်သူတို့ နိပွန် ဒါမှမဟုတ် နီဟွန်း လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ နေနတ်နွယ်တွေပါတဲ့။ ကိုယ်တို့ဗုဒ္ဓဘာသာ ကျမ်းဂန်အယူနဲ့ဆိုရင်တော့ အဲသည်စကားလုံးကို ပြုပ္ဗာကျွန်း လို့ ခေါ်မလားမသိဘူး။ နေထွက်ရာအရပ်တဲ့။ ဂျပန်နိုင်ငံကိုပထမဦးဆုံးရှာဖွေတွေ့ရှိ မှတ်တမ်းတင်သွားခဲ့တာကတော့ အေဒီ ၁ ရာစုက ဟန်မင်းဆက် သမိုင်းမှတ်တမ်းများထဲမှာ ဖြစ်ပါသတဲ့။ အဲဒီနောက် သမိုင်းစဉ်တလျှောက်လုံး ဂျပန်ဟာ ငုပ်ကောင်အဖြစ် ဘယ်သူနဲ့မှ အဆက်အဆံမရှိပဲ တသီးတခြားနေလာခဲ့တာ ၁၉ရာစုကုန်ကာနီးလောက် အထိတိုင်အောင်ပါပဲ။ ဂျပန်နိုင်ငံရဲ့ထူးခြားချက်က ၁၈၆၈ ခု  ရောက်တဲ့အထိ သူများနိုင်ငံတွေနဲ့ စွက်ဖက်ကျူးကျော်ရန်ပြုခြင်း မရှိခဲ့သော်လည်းပဲ သူ့သမိုင်းမှာ စစ်ဘုရင်များကသာ အစဉ်အဆက် အုပ်ချုပ်မင်းလုပ်ခဲ့ပါသတဲ့။ သူတို့ဘာသာနဲ့ ရှိုဂန် လို့ခေါ်တယ်။ သူရဲကောင်းတွေမွေးထုတ်တဲ့ တိုင်းပြည်ကလေးဆိုရင်လည်း မမှားဘူး။
           သူ့ဘာသူ တသီးတခြားနေတဲ့ ဂျပန်နိုင်ငံကို ၁၈၅၃ မှာ အနောက်ဘက်တံခါး အတင်းဆွဲဖွင့်ပေးသွားတာကတော့ အမေရိကန်ကြီးတွေ ဖြစ်ပါသတဲ့။ အဲဒီအချိန်ကစလို့ အင်မတန် အရှေ့တိုင်းဆန်တဲ့ အာရှသားကြီးဂျပန်ဟာ အနောက်နိုင်ငံတွေဆီက နိုင်ငံရေး၊ တရားစီရင်ရေး၊ စစ်ရေးဆိုင်ရာဖွဲ့စည်းပုံတွေကို သူ့နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပြီး ခေတ်နဲ့အမှီ ရင်ဘောင်တန်းနိုင်အောင် ကြိုးစားတော့သတဲ့။ (တိုးတက်ချင်ရင် ဖွဲ့စည်းပုံအရင်ပြောင်းရတယ် လို့တော့ မဆိုလိုပါဘူးနော်) ဂျပန်က စက်မှုခေတ်ပြောင်းတော်လှန်ရေး (ဆိုရှယ်လစ်စာအုပ်ကြီးထဲက စကားငှားသုံးပျစီ) လုပ်နေတဲ့အချိန်ဟာ ၁၈၅၄ က စတာဆိုတော့ တို့ဆီမှာဆိုရင် မင်းတုန်းမင်းကြီး နန်းတက်စ၊ ညီတော်ကနောင်မင်းသားကြီးနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်နဲ့ဆို မတိမ်းမယိမ်းလောက်ပဲ ရှိမယ်။ ဦးဖိုးလှိုင်ကြီး စည်းမျဉ်းခံဘုရင်စံနစ် ဖွဲ့စည်းပုံသစ် အဆိုတင်သွင်းခဲ့တာလည်း သူ့စနက်မှ ကင်းရဲ့လားမသိ။ သိတဲ့အတိုင်း တို့ဆီကတော့ ကုလားထိုင်နဲ့ပတ်သက်လာရင် ဗီတိုအာဏာနဲ့ တော်တန်တိတ် ငါးကြော်ပန်းကန်ဖိတ် လုပ်ထည့်လိုက်ရင် နန်းသက်မြဲပြီး ကျွန်သက်ရှည်သွားပြန်ရော မဟုတ်လား။ ဒီလိုပဲ သူ့ကျွန်ခံလိုက် ငါ့ကျွန်ခံလိုက်နေလာတာ ကြာကြာလှပေါ့။
           ဂျပန်တွေကတော့ စက်မှုစွမ်းအားခေတ်ကျော်လွှားပြီး (တို့ဆီမှာလည်း တီဗီထဲမှာ အဲသလိုမျိုး ပါးစပ်ကလေးနဲ့ ပြောတတ်သားပါလေ) စစ်အင်အားတောင့်တင်းလာတဲ့နောက် အနောက်ဘက်မှာရှိတဲ့ တရုတ်ကိုရော၊ ရုရှားကိုပါ ကျူးကျော်တော့သတဲ့။ ထိုင်ဝမ်တို့ ကိုရီးယားတို့ဆိုတာကတော့ ကျူးကျော်စရာတောင် မလိုတော့ပဲ ပြားပြားဝပ် မီးသေတဲ့ဘ၀ကို ရောက်လာတော့တယ်။ ပထမကမ္ဘာစစ်ကြီးလည်းစရော ဂျပန်ရဲ့ စစ်အင်အားဟာ ဥရောပတလွှားမှာပါ သာဒင်ကို ဘာထင်သလဲ လို့ လူမိုက်လုပ်နိုင်လောက်အောင် ကြီးထွားလာခဲ့တယ်။ ၁၉၃၁ ရောက်တော့ မန်ချူးရီးယားကို ကျူးကျော်သိမ်းပိုက်လိုက်ပြီး နောင်ကျရင် ကုလသမဂ္ဂဖြစ်လာမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီး (Leagues of Nations) ကိုတောင် ပမာမခန့်ပြုလာပါလေသတဲ့။
            ဒုတိယကမ္ဘာစစ်ဖြစ်မယ့် ၁၉၄၀ကျော်ကာလတွေဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်တဲ့ ကာလလို့ဆိုရင်လည်း မမှားပါဘူး။ ဥရောပမှာ ဂျာမဏီ နဲ့ အီတလီက သြဇာတက်လာတယ်။ အင်္ဂလိပ် နဲ့ ပြင်သစ်တွေ မျက်ခုံးလှုပ်လာရတဲ့အချိန်ပေါ့။ အာရှတလွှားမှာတော့ ရုရှားကြီးကို Counter ballance လုပ်ထားစရာ ဂျပန်ကလွဲပြီး သူ့အပြင်မရှိဘူး။ ၁၉၃၇ ရောက်တော့ တရုတ်ပြည်ကို ဒုတိယအကြိမ်ကျူးကျော်ဝင်ရောက်ပြီး နန်ကျင်းမြို့တော်ကိုပါ တက်သိမ်းပလိုက်တယ်။ မကြာပါဘူး။ ၁၉၄၀ မှာ ပြင်သစ်ကိုလိုနီဖြစ်နေတဲ့ အင်ဒိုချိုင်းနားကွန်းဆွယ်ဘက်ကို ဆက်ကျူးကျော်ပြန်တော့ ကိုရွှေဂျပန်တို့ကို တကမ္ဘာလုံးက “သည်ကောင် ဘာကောင်လဲဟ” ဆို မျက်လုံးဒေါက်ထောက် ကြည့်လာကြပါလေရော။ သည်အထိကတော့ ဂျပန်ဆိုတာ အဲ့သည်အချိန်တုန်းက ဘယ်လိုအတန်းအစားမျိုးလဲဆိုတာ သိအောင် ဇစ်မြစ်ဇာတ်ကြောင်းလှန်ရတာပါ။
            ၁၉၄၁ မှာတော့ ဂျပန်ဟာ အမေရိကန် ရေတပ်စခန်းစိုက်တဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ဒုတိယကမ္ဘာစစ်ပွဲကြီးကို မူဆိုလိုနီ ဟစ်တလာတို့နဲ့အတူ အပြိုင်ဝင်နွှဲပါလေတော့တယ်။ သူ့ချည့်ပဲ ၀င်တာ မဟုတ်ပါဘူး။ ပထမကမ္ဘာစစ်တုန်းက သူများတွေ စစ်တိုက်နေတာကို ဟိုဘက်သည်ဘက် နှစ်ဘက်ခွ လက်နက်ရောင်းပြီး ခေတ်ပျက်သူဌေးဖြစ်လာတဲ့ အမေရိကန်ကိုပါ စစ်ထဲမပါပါအောင် ဆွဲထည့်သွားသေးတယ်။ ဖတ်တဲ့သူတွေ ပျင်းစရာကောင်းလောက်အောင် အတိတ်ကိုလှန်သော် လုပ်ရတဲ့အကြောင်းကတော့ ဂျပန်ရဲ့ စိတ်နေစိတ်ထားကို သဘောပေါက်နိုင်အောင်လို့ပါ။ အဲသလောက် မာန်တက်လန်ထွက်နေတဲ့ဂျပန်ဟာ သူ့သဘောနဲ့သူ စစ်ထဲဝင်လာသလိုပဲ သူ့ဘာသာသူပဲ စိတ်လိုလက်ရ စစ်ထဲကနေ ချွင်းချက်မရှိ လက်နက်ချပြီး ထွက်သွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဲသည် ဟီရိုရှီးမား နဲ့ နာဂါဆာကီ မြို့ကလေးနှစ်မြို့ပေါ်ကို စောစောကပြောတဲ့ အက်တွမ်မစ်ဗုံးတွေ ကျဲချလိုက်တဲ့အတွက်ပါ။
            သည်ကနေ့ထိတိုင်အောင် အမေရိကန်ကြီးက တဖွဖွပြောပြီး ဂုဏ်ယူနေပါသေးတယ်။ ဒုတိယကမ္ဘာစစ်တုန်းက သူသာမကယ်ရင် တကမ္ဘာလုံး သေဖွယ်ရာသာ ရှိတော့တယ်။ ကမ္ဘာကြီးပေါ်က လူသားတွေ ငြိမ်းချမ်းဖို့အတွက်၊ ဒုတိယကမ္ဘာစစ်ကြီးကို သူ ဗုံးနှစ်လုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်တဲ့။ သူပြောသလိုဆိုရင်တော့ သူ့ရဲ့ အနုမြူဗုံးဒဏ်ကို ဂျပန်ကကြောက်ပြီး လက်နက်ချ အရှုံးပေးသွားတာပေါ့နော်။ ဟုတ်သားပဲ။ ငြင်းလို့မှ မရတာ။ မေးကြည့်လေ။ ဂျပန်တွေကို “ဟေ့ ကောင်တွေ။ မင်းတို့ ကြောက်သွားပြီလားကွ။” ဆို ဟိုက ဘာမှတောင် ပြန်ပြောမှာ မဟုတ်ဘူး။ သူ့အလုပ်သူ ဆက်လုပ်နေလိမ့်မယ်။ တကမ္ဘာလုံးလည်း အဲသလိုပဲ ထင်လိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အဲသည်အတိုင်းပဲ ထင်ပါတယ်။ ဟီရိုရှီးမားကို မရောက်ခင်အထိပေါ့။
              ဟီရိုရှီးမားမြို့ကလေးဟာ အလယ်ခေါင်မှာ မြစ်ကလေးနှစ်ခွစီးဆင်းသွားပြီး အင်မတန်ကို သာတောင့်သာယာရှိတဲ့ ဂျပန်နိုင်ငံတောင်ပိုင်းက မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။ အနောက်ဘက်မှာတည်ရှိပြီး စီးပွားရေးကောင်းသတဲ့။ ရှေးခေတ်က ဂျပန်ဘုရင်မင်းမြတ်များအတွက် ဆုပန်ရာအောင်မြေလည်း ဖြစ်ပါသတဲ့။ ကံဆိုးချင်တော့ အဲသည်နေရာမှာ ဂျပန်ရေတပ်စခန်း အခြေစိုက်တာမို့ ဗုံးကျဲဖို့ မျက်စိကျသွားတယ် ထင်ပါတယ်။ အနုမြူဗုံး ကျလိုက်ပြီးတဲ့နောက်မှာတော့ အခု ငြိမ်းချမ်းရေး အထိမ်းအမှတ်ပြတိုက်လုပ်ထားတဲ့ အဆောက်အဦတပိုင်းတစကလွဲလို့ ထောင်းလမောင်းကျေအောင်
ပြာပုံအတိ ပြောင်တလင်းခါသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ အုတ်တံတိုင်းနံရံများတောင် စိုက်ဝင်နေတဲ့ မှန်စကလေးတွေကြောင့် အမာရွတ်တွေ မွစာကျဲသွားခဲ့သလို သံနဲ့ဆောက်တဲ့ အဆောက်အဦကြီးများလည်း အရည်ပျော်ကွေးညွှတ်လို့ ပြိုဆင်းလာတာ ၉/၁၁ တုန်းက တွင်တာဝါကြီး ပြိုတဲ့အတိုင်းပါပဲ။ ဗုံးပေါက်လို့ မှိုပွင့်ကြီးတွေလို အလိပ်လိုက်ပွင့်ထွက်လာပြီးတဲ့နောက်မှာတော့ မည်းနက်တဲ့ ရောင်ခြည်သင့် အဆိပ်မိုးစက်တွေ ဖြိုင်ဖြိုင် ရွာကျခဲ့သေးသတဲ့။ မီးလောင်ပြင်က မိုးစက်အောက်ကို အားကိုးတကြီး ပြေးဝင်ရှာတဲ့ကလေးတွေခမျာ အနက်ရောင် မိုးစက်အောက်မှာ လောင်ကျွမ်းရပြန်ရှာတယ်။
ရေတွင်းရေကန်တွေအားလုံး အဲသည်မိုးစက်တွေနဲ့ အဆိပ်သင့်ပြီး သောက်သုံးမိသူတွေခမျာ လပေါင်းများစွာ ၀မ်းရောဂါရပြန်ပါရော။ အနုမြူရောင်ခြည်သင့်တဲ့ဆိုးကျိုးတွေကတော့ လူကြီးလူငယ်၊ ကျားမမရွေးတောင် မဟုတ်ပါဘူး။ မိခင်ဝမ်းဗိုက်အတွင်းက သန္ဓေသားလေးတွေပါမကျန် ပြင်းထန်စွာ ခံစားရလေတယ်။
           အမေရိကန်ကြီးကပြောတာတော့ “ကမ္ဘာမြေငြိမ်းချမ်းစေချင်လို့ ထောင်လွှားရမ်းကားနေတဲ့ ဂျပန်တွေကို ဗုံးကလေးနှစ်လုံးတည်းနဲ့ ဆုံးမပြီး ကမ္ဘာစစ်ကြီး အဆုံးသတ်ပေးလိုက်တာပါ” တဲ့။ ဂျပန်ကလည်း ပြထားပါတယ်ဗျာ။ ပြတိုက်ထဲမှာ စစ်သားပုံတစ်ပုံတောင် မတွေ့ခဲ့ရဘူး။ မူလတန်းကျောင်းဝတ်စုံနဲ့ ကလေးမလေးတွေ။ မီးဟပ်ထားတဲ့ ဂါဝန်အိပ်ထဲမှာ အဲဒီနေ့နေ့စွဲနဲ့ ရထားလက်မှတ်လေးတောင် ပါသေး။ လိန်ပိန်လောင်ကျွမ်းနေတဲ့ ဗိုလ်အုန်းသီးစက်ဘီးကလေးတွေ၊ “အဲ့နေ့တုန်းက သားက ပုစဉ်းကလေးကို ဖမ်းမလို့ လုပ်နေတာလေ။ သူ့အမြီးကလေးကို ကိုင်မိတယ်ဆိုရုံရှိသေး...” ဆိုတဲ့ ကလေးအရေးအသားလေးတွေ၊ ပြတိုက်ကြီးတစ်ခုလုံးဟာလေ သရဲလေးတွေမွေးထားပြီး လာသမျှလူတွေကို ဇာတ်ကြောင်းပြန်ပြောနေသလား အောင့်မေ့ရတယ်။ ဖြစ်ြဖစ်ချင်းမှာ အများကြီးသေကုန်တယ်။ ဖြစ်ပြီးနောက်ပိုင်းမှာ တစိမ့်စိမ့်သေနေသေးတယ်။ အဆုံးမသတ်သေးဘူး။ ရောဂါဘယတွေဒဏ်ကို ဆက်ခံစားရသေးတယ်လေ။ ဥာဏ်ရည်မမှီတဲ့ ရောဂါပါလာတဲ့ကလေးတွေ မွေးလာသေးတယ်လေ။ ဒါတောင်မှ အခုထက်ထိ ဗုံးသင့်ဂျပန်မျိုးဆက်တွေ မကုန်ခမ်းနိုင်သေးဘူး။ ဘိုးဘွားရိပ်သာတစ်ခု နဲ့ ပြုစုပေးထားတယ်။ အငယ်ဆုံးအဖွားက ၆၈ နှစ်ပေါ့။ ရာကျော်ဖွားဖွားတွေလည်း တွေ့ခဲ့တယ်။ ဖိုးဖိုးတွေကတော့ မရှိသလောက်နည်းတယ်။ အကြောင်းကတော့ ယောင်္ကျားသားတွေ စစ်မြေပြင်ရောက်နေပြီး မိန်းမသား၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုများသာ ကျန်ခဲ့တဲ့အချိန်မှာ ဗုံးဒဏ်ခံရတာမို့ ပါတဲ့။ ပြောချင်တာက အမေရိကန်က သူတို့ကို စစ်မတိုက်ပဲ လူနေမြို့ရွာအပေါ် ဗုံးကျဲသွားတာပေါ့လေ။
             သူ့ဘက်နဲ့သူ သူ့စကားကိုယ့်စကား လှအောင်နိုင်အောင် ပြောခဲ့ကြတာ ဟိုဘက်ကအမှန် သည်ဘက်ကအမှန် ဘာမှဝင်ပြီး မှတ်ချက်မပေးလိုပါဘူး။ စစ်ဖြစ်ပါတယ်ဆိုမှ တို့မြန်မာပြည်မှာ ဗုံးကျဲတော့ရော ဘယ်နေရာချန်တာ ရှိလို့လဲ။ မကောင်းသူထိပ် ကောင်းသူထိပ်ပဲ မဟုတ်လား။ အင်္ဂလိပ်ကပဲ ကျဲကျဲ၊ ဂျပန်ကပဲ ကျဲကျဲ အတူတူပဲ။ ဒါပေမယ့် ဗုံးကျဲအပြီးမှာ ဂျပန်တွေ ကြောက်လို့လက်နက်ချပြီး ထွက်သွားတယ်ဆိုတဲ့ အယူအဆကိုတော့ သံသယရှိပါတယ်။ ဂျပန်ဆိုတာမျိုးက ကိုယ့်အလုပ်ကိုယ် တာဝန်မကျေလို့ ရှက်လာရင်တောင် ကိုယ့်လည်ပင်းကိုယ် ဓါးနဲ့လှီးဖို့ ၀န်မလေးတဲ့အမျိုးပါ။ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတိုက်တော့ အမေရိကန်ကြီး ဖိန့်ဖိန့်တုန်သွားတာဟာ သူတို့စစ်သင်္ဘောခေါင်းတိုင်ထဲကို
လေယာဉ်ခေါင်းစိုက်ထိုးဆင်းသွားတဲ့ ဂျပန်စစ်သားတွေပါ။ သေမှာမကြောက်တဲ့အထဲမှာ ဂျပန်ကို မှီတာ ခပ်ရှားရှားရယ်။
         ဒါပေမယ့် သူတို့က သူတို့အသက်သေမှာကိုသာ မကြောက်တာ။ သူတို့မြေ သူတို့ပြေက ပြည်သူပြည်သားတွေ
သေကုန်မှာကိုကျတော့ ကိုယ့်အသက်ထက်ပိုပြီး ကြောက်ကြတယ်။ “နင်မပစ်ရင် ငါတို့ခေါင်းဖြတ်ခံရမှာပေါ့ဟဲ့” လို့ ပြောပြီး သေနတ်ကြီးနဲ့ချိန် ပစ်မိန့်ပေးခိုင်းတယ်ဆိုတဲ့ ကောလာဟလဟာ တွေးကြည့်လိုက်ရင် ဘယ်လောက် ရှက်ဖို့ကောင်းသလဲ။ ဟုတ်ပါတယ်။ အမေရိကန်တွေက ဂျပန်ကြီးတွေရဲ့ ပျော့ကွက်ချက်ကောင်းကို မိမိရရကိုင်ပြီး စစ်ထဲက ဆွဲထုတ်သွားခဲ့တယ်။ ဒါပေမယ့် ဂျပန်တွေ အညံခံလိုက်တာဟာ သူ့ကိုကြောက်လို့ တော့ ဟုတ်မယ်မထင်ဘူး။ “ထမီကျွတ်၍လွှတ်လိုက်တယ်။ နိုင်တယ်လို့တော့ မထင်နဲ့ကွယ်။” ဆိုတဲ့ ဆရာမောင်သာရ ၀တ္ထုထဲကလိုပေါ့။ တကယ်လို့များ အဲသည်အချိန်က ဂျပန်တွေစိတ်ထဲမယ် ကိုယ်တို့ဆီက မျိုးချစ်ကြီးတွေလို လက်တုန့်ပြန်ရမှ ကျေနပ်မှာဆိုတဲ့ စိတ်ရှိနေရင် ဘယ်လိုလုပ်မလဲ။  ဆုံးမှာကို မဟုတ်တော့ဘူး။
            ဒါကြောင့် အဲဒီတုန်းက ငြိမ်းချမ်းရေးဟာ အမေရိကန်က ယူတာ မဟုတ်။ ဂျပန်က ပေးလိုက်တာ ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စစ်မြေပြင်မှာ လက်နက်ချခဲ့တဲ့ ဂျပန်တွေဟာ စီးပွားရေးစစ်မျက်နှာမှာ ကျားကုတ်ကျားခဲ ကြိုးပန်းပြီး တိုက်နေသေးတာ အခုလက်ရှိသူတို့ရောက်နေတဲ့နေရာကို ကြည့်ရင် သိပါလိမ့်မယ်။ စီးပွားရေးအင်အားက ကမ္ဘာပေါ်မှာ တတိယနေရာကရှိပြီး ထုတ်ကုန်သွင်းကုန်က စတုတ္ထနေရာမှာ ရှိသတဲ့။ အနုမြူလက်နက်ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံထဲမှာပါပြီး စစ်ရေးအသုံးစားရိတ် အမြင့်ဆုံးနိုင်ငံလည်း ဖြစ်သတဲ့။
           အခုမှပဲ ကိုယ်တို့မြန်မာတွေ အင်္ဂလိပ်ကို စစ်ရှုံးရတဲ့အဖြစ်ဟာ ဘယ်လောက် ရှက်ဖို့ကောင်းမှန်း သိတော့တယ်။ စာအုပ်ထဲမှာသင်တာ လက်နက်အင်အားမမျှလို့ လက်နက်အင်အားမမျှလို့ တဖွဖွပြောတယ်လေ။ တကယ်တော့ စိတ်ဓါတ်အင်အားလည်းမမျှဘူး။ စကတည်းက လုပ်ကြံမှုနဲ့တက်လာတဲ့မင်းသားရဲ့ နောက်ကွယ်က နန်းတွင်းနိုင်ငံရေးဟာ မြန်မာတွေ အသက်နဲ့လဲ ခုခံလောက်တဲ့ စည်းလုံးညီညွတ်မှု၊ ယုံကြည်ကိုးစားမှုကို မရခဲ့ဘူး။ အခုပဲ “စစ်မတိုက်ရဲရင် ထမီကျောက်ပျဉ်ပို့လိုက်မယ်” ပြောတဲ့သူက ပြော။ “မခုခံရ။ ခုခံလျှင် သူပုန်။” လို့ စာထုတ်တဲ့သူကထုတ်၊ ဗန္ဓုလကြီး ဓနုဖြူမှာ ရွှေထီးဆောင်းတာ စောစောသေ စောစောအိပ်ရတယ်လို့များ တွေးမိသွားသလား။ နောက်ဆုံးတော့ သူတို့ကိုယ်တိုင်ပြောသလိုပဲ ကြက်ကလေး ငှက်ကလေးဖမ်းသလိုဖမ်းပြီး ပါသွားရရှာတယ်။ တွေးမိတာကတော့ လက်နက်အင်အားမမျှတာ တစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးမတည်ငြိမ်လို့။ တိုင်းပြည်ရှေ့ရေးကို အမျှော်အမြင်မထားပဲ ကိုယ့်လက်ထဲ အာဏာရရေးကိုသာ ရှိသမျှအာရုံအားလုံး ပုံထားလို့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဂျပန်တွေ ဟီရိုရှီးမားမှာ ပြာပုံဖြစ်တဲ့အချိန်ဟာ စစ်ပြီးခေတ် ကိုယ်တို့ဆီမှာ ပြာပုံဖြစ်တဲ့အချိန်နဲ့ အတူတူပါပဲ။ ဒါပေမယ့် သူတို့က အတိတ်ကို သင်ခန်းစာယူပြီး ရှေ့ကို တွန်းတက်သွားတယ်။ ကိုယ့်မှာက ကရွတ်ကင်းလျှောက်သလို အမှားဟောင်းတွေ ပြန်ပြန်မှားလို့ မပြီးနိုင်မစီးနိုင် သံသရာလည်နေတုန်း။ မောင် ညီမလေးတို့ရေ။ ဟီရိုရှီးမား ပုံပြင်ကလေးကတော့ ဒါပါပဲကွယ်။
"Hiroshima Peace Memorial Museum"
"Hiroshima Peace Memorial Museum"
"ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်"
"ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်"
"ဘာမှ မရှိတော့ဘူး။ တစ်ခုမှ မရှိတော့ဘူး။"
"ဘာမှ မရှိတော့ဘူး။ တစ်ခုမှ မရှိတော့ဘူး။"
"သူတို့လာဗုံးကျဲတဲ့ စစ်စခန်းက စစ်သင်္ဘော စစ်လေယာဉ်တွေ"
"သူတို့လာဗုံးကျဲတဲ့ စစ်စခန်းက စစ်သင်္ဘော စစ်လေယာဉ်တွေ"
"သားသားရဲ့ ဗိုလ်အုန်းသီး"
"သားသားရဲ့ ဗိုလ်အုန်းသီး"
"မီးမီးရဲ့ ရထားလက်မှတ်"
"မီးမီးရဲ့ ရထားလက်မှတ်"
"နံရံပေါ်က မိုးရေစီးကြောင်း"
"နံရံပေါ်က မိုးရေစီးကြောင်း"
ဖြူးမြို့ ဒုတိယအကြိမ် ခေါင်းဖြတ် တရားခံ(၂)ဦး ဖမ်းဆီးရမိ .................
Wednesday, October 16, 2013
ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူးကျေးရွာတွင် (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု တရားခံအား ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။
ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး
ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။
တရားခံများ ဖြစ်ကြသော သန်းထွန်းဦး(ခ) သံချောင်း(ခ) သံလုံး(၂၆)နှစ်၊ (ဘ)ဦးတင်ဦး၊ ဗမာ ဗုဒ္ဓ၊ ကျဘမ်း၊ လှေကားထောင်မြောင်း၊ ရေးထိုး ကျေးရွာအုပ်စု၊ ဖြူးမြို့နယ် နေသူနှင့် ရဲညွှန့်(ခ)ဖထီး(၅၃)နှစ်၊ (ဘ)ဦးသန်း၊ ဗမာဗုဒ္ဓ၊ကျဘမ်း၊ ထန်းလျှက်ကုန်းရွာ၊ ပျဉ်းကတိုးကျေးရွာ အုပ်စု ဖြူးမြို့နေသူ(၂)ဦးအား စစ်ဆေးခဲ့ရာ ၄င်းတို့(၂)ဦးသည် သေဆုံးသူ ဦးဇော်မင်းနှင့်အတူ အခင်းဖြစ် တဲတွင် အရက်အတူတူသောက် စားပြီး စကားများရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ တယ်လို့ ဆိုပါတယ်။
တရားခံတဦးဖြစ်တဲ့ သန်းထွန်းဦးမှ ဦးဇော်မင်းအား ၀ါးရင်းတုတ် ဖြင့် ရိုက်သတ် လိုက်သည်ကို ရွာထဲမှ ထမင်းချိုင့်ယူ၍ တဲသို့ ပြန်လာသော သေဆုံးသူ၏ဇနီး ဒေါ်တင်ရွှေတွေ့မြင်သွားသဖြင့် နှုတ်ပိတ်ရန် သန်းထွန်းဦး မှဒေါ်တင်ရွှေအား ၀ါးရင်းတုတ်ဖြင့် ရိုက်သတ်ရာ ရဲညွှန့ှ်သည် ဒေါ်တင်ရွှေ မသေမှာကို စိုးရိမ်၍ တဲရှိဓါးဖြင့် ထပ်မံထိုးသတ်ခဲ့ပါတယ်။
သန်းထွန်းဦးမှလည်း ဦးဇော်မင်း၏လည်ပင်းအား ဖြတ်၍ ၄င်းတွင်အသင့်ပါလာသော လွယ်အိတ်ထဲသို့ထည့်ပြီး ခေါင်းအား တောလမ်းတွင် စွန့်ပစ်ခဲ့သည်ကို ထွက်ဆိုခဲ့သဖြင့် သေဆုံးသူ ဦးဇော်မင်း၏ခေါင်းအား ခင်တန်းကြီးရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေသော်လည်း မတွေ့ရှိရတော့ကြောင်းနှင့် အမြန်တရား စွဲတင်ပို့ရန် ဆောင်ရွက်လျှက်ရှိကြောင်း Myanmar News Now မှ စုံစမ်း သိရှိရပါတယ်။
ကိုသန့် ဇင်
by Thit Htoo lwin
" မဆိုင်တဲ့လူတွေ ဝေးဝေးနေပါ သိပ်အနားမကပ်ကြပါနဲ့ ဟာသ
အိတ်အမည်း
" မဆိုင်တဲ့လူတွေ ဝေးဝေးနေပါ သိပ်အနားမကပ်ကြပါနဲ့ မကြာခင်တာဝန်ရှိသူတွေ ရောက်လာပါတော့မယ် " ရပ်ကွက်လမ်းထိပ်တွင် လူများ ၀ိုင်းအုံနေကြသလို အချို့လဲမလှမ်းမကမ်းမှ ရပ်ကြည့်ကွက်ကြည့်လုပ်နေကြသည် ။ " ဟဲ့ လမ်းထိပ်မှာ ဗုံးတွေ့လို့တဲ့ " အမျိုးသမီးတစ်စုမှာလဲ ဟိုနားကြိတ်ကြိတ်ဒီနားကြိတ်ကြိတ်နှင့် မျက်နှာမှာလဲ ထိတ်လန့်မှုများဖြင့် ကြည့်လဲကြည့်ချင်သည် ကြည့်လဲမကြည့်ရဲ .... ရပ်ကွက်ထဲမှ သတ္တိကောင်းသူ ယောကျာ်းသုံးလေးယောက်မှာ ဗုံးဟုယူဆရသော မသင်္ကာဖွယ် အနက်ရောင်အထုပ်ကလေးကို မလှမ်းမကမ်းမှ ကာစီးထားသည် .... " အမိန့်မရပဲ ဘယ်သူမှ မကိုင်ကြနဲ့နော် ကားတာယာနှစ်ကွင်းလောက်ရှိရင် ကာထားတာကောင်းမယ် " တစ်ဖြေးဖြေးနှင့် လူများမှာ ၀ိုင်းအုံလာသည် ကားများလဲ ရပ်ကြည့်နေကြ၏ ... သတင်းက ပြန့်တာမြန်သည်ထင်သည် ခဏတွင်းချင်း တာဝန်ရှိသူများမလာရောက်ခင် ထိုအထုပ်လေးနားတွင် လူအယောက် ၅၀ လောက် အုံနေတော့သည် .... ပလတ်စတစ်ကြိုးများလဲ တားထားသေးသည် .... ထိုအချိန်တွင် အသက် ၃၀အရွယ် ၀၀ကျစ်ကျစ်နှင့်အမျိုးသမီးတစ်ယောက် လူအုပ်ထဲတိုးဝင်လာသည် ..... " ညီမ ဒီနားမလာနဲ့လေ သွားသွား ဝေးဝေးသွားနေ " အထုပ်ကို ကာထားသော လူများထဲမှ ရပ်ကွက်ထဲတွင် နဲနဲလူတွင်ကျယ်လုပ်ဟန်ရှိသော လူကြီးမှ ထိုအမျိုးသမီးအား အော်ငေါက်လေသည် ... " ဟေ့ကလေးမ ပြောတာကြားလား ရှေ့တိုးမလာနဲ့ ဝေးဝေးသွားဆို "်ထိုအမျိုးသမီးမှာ မျက်နှာတွင် အနည်းငယ်စိုးရွံ့သောအားတုံးအားနာအမူအယာဖြင့် .. " ဦးလေး ... ဟိုလေ အဲ .. အဲဒီအထုပ်က သမီးဟာပါ ဗုံးမဟုတ်ဘူး ဟီးးး " " ဟင် ဘာပြောတယ် ဒါက ညည်းဟာဟုတ်လား " " ဟုတ် ... ဟုတ် ဦးလေး ခုနက စတိုးဆိုင်မှာ ၀င်ဝယ်ပြီး ခြင်းထောင်းထဲထည့်ခဲ့တာ ပြုတ်ကျခဲ့လို့ ခုလိုက်ရှာတာ အာ့အထုပ်ပဲ " ဘေးမှာရပ်ကြည့်နေသောလူများလဲ ဇဝေဇ၀ါဖြစ်ကုန်ကြသည် .... " ဒါ ညည်းအထုပ်သေချာတယ်နော် အထဲမှာ ဘာပါလဲပြော " " ဟို ဟိုလေ ပြောရမှာတော့ ရှက်ပါတယ် အမျိုးသမီး လစဉ်သုံးပစ္စည်းပါ ဒါကြောင့် အိတ်အမဲနဲ့ထည့်ပေးလိုက်တာပါ " " ငင် " (မသင်္ကာဖွယ်ရာအထုပ်နှင့် ကောလဟာလ) *** ပါပါလေး *** ဘရုတ်သုတ်ခ ပုံများ
နိုင်ငံမအုပ်ချုပ်သော ဗီယက်နမ်စစ်ဗိုလ်ချုပ် ကွယ်လွန်
နိုင်ငံမအုပ်ချုပ်သော ဗီယက်နမ်စစ်ဗိုလ်ချုပ် ကွယ်လွန် 
ကျနော်ငယ်စဉ်က ဗီယက်နမ်စစ်တပ်ကို အလွန်လေးစားခဲ့သည်။ ၁၉၇၀နောက်ပိုင်း ထိုင်းနိုင်ငံဗဟိုပြုသော အမေရိကန်လေတပ်၊ မရိန်းတပ်များမှ ဘီ၅၂လေယာဉ်ကြီးများဖြင့် မြောက်ဗီယက်နမ်ကွန်မြူနစ်များကို တဝုန်းဝုန်းဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ နောက်ဆုံး အမေရိကန်ကန်တပ်များ ၁၉၇၅တွင် အရှုံးပေးလိုက်သည်။ ထိုစဉ်က ဆိုင်ဂုံမြို့ (ယခ ဟိုချီမင်းမြို့)တွင် နောက်ဆုံး မြို့သိမ်းတိုက်ပွဲ အမေရိကန်များဆုတ်ခွာခဲ့ပုံများနှင့် ဗီယက်နမ်စစ်ကားများသည် ကျနော်တို့ငယ်စဉ်က များစွာကြည့်ရှုခဲ့ရသည်။ နာမည်ကျော် First Blood ရမ်ဘိုမင်းသား စတောလုံး၏ ရုပ်ရှင်မှာ နာမည်အကြီးဆုံးဖြစ်သည်။ ၁၉၅၄ခုနှစ်တွင်ကလည်း ကိုလိုနီပြင်သစ်နိုင်ငံက လွတ်လပ်ရေးပေးရန် တိုက်ပွဲဖြစ်ပွားရ ပြင်သစ်စစ်တပ်ကြီးတစ်ခုလုံး ဘိန်ဒိန်ဖူး အရပ်ဒေသတွင် လက်နက်ချ၊ အရှုံးပေးကာ ပြင်သစ်တို့ဆုတ်ခွာခဲ့ရသည်။ နောက်ပိုင်းရောက်လာသော အမေရိကန်တို့လည်း အရှုံးကြီးရှုံးကာ ဆုတ်ခွာခဲ့ရသည်။ ထိုစစ်ပွဲကြီးများကို ဦးဆောင်တိုက်ခိုက်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးမှာ General Vo Nguyen Giap  ဖြစ်သည်။ ယခု အသက်၁၀၂နှစ်တွင် ကွယ်လွန်သောအခါ နိုင်ငံတော် ဈာပနတွင် လူတစ်သိန်းခွဲ လာရောက်ဂါရဝပြုကြသည်။
Uncle Ho ဟုခေါ်ကြသော ခေါင်းဆောင်ဟိုချီမင်းသည် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး၊ Giap သည် စစ်ရေးခေါင်းဆောင်ဖြစ်သည်။ ပြင်သစ်တို့နှင့်စစ်ပွဲတွင် တရုပ်စစ်အကြံပေးဖြစ်သူတစ်ဦးအဆိုအရ သမရိုးကျတိုက်ပွဲမှ ရုတ်တရက်စစ်ကြောင်းပြောင်းပြီး၊ ပြင်သစ်ခံတပ်ကြီး၏ နောက်ဖက် တောတောင်ကြီးများကို ဖြတ်ကျော်ချီတက်လာရာ ၅၆ရက်အကြာတွင်  ပြင်သစ်တို့၏ ဒိန်ဘိန်ဖူးခံတပ်ကြီး ကျဆုံးသွားခဲ့သည်။ ထိုကျဆုံးမှုသည် ပြင်သစ်တို့ ဗီယက်နမ်မှထွက်ခွာရသလို ၊ အင်ဒိုချိုင်းနားတခုလုံးမှလည်း ထွက်ခွာရသော စစ်ပွဲကြီးဖြစ်သည်။ စစ်ဗိုလ်ချုပ် Giap သည် အမေရိကန်နှင့်စစ်ပွဲတွင်လည်း ဆက်လက်တိုက်ခိုက်ခဲ့သည်။ အားနည်းလှသော ဗီယက်နမ်စစ်တပ်ကို ပျောက်ကြားစစ်အဖြစ် အားကြီးလှသည့် အမေရိကန်စစ်တပ်ကြီးကို ခုခံရင်း၊  တဖြေးဖြေးနှင့် အမေရိကန်တပ်များကို အနိုင်ယူတိုက်ခိုက်နိုင်ခဲ့သည်။ အလွန်ကျွမ်းကျင်စော စစ်ဗိုလ်ချုပ်ကြီးဖြစ်သည်။
မြန်မာနိုင်ငံမှ တရုပ်တို့၏ ကျုးကျော်တပ်များ ရှမ်းပြည်တခုလုံးအထိ ရောက်ရှိနေစဉ်၊ အင်အားနည်းသော်လည်း အနိုင်တိုက်ခိုက်နိုင်ခဲ့သော စစ်ဗိုလ်ချုပ် ဗိုလ်မှုးချုပ်ကျော်ဇော ရှိခဲ့ပါသည်။ ဗိုလ်မှုးချုပ်ကျော်ဇောသည် စစ်ပညာ ပရောဖက်ရှင်နယ်တစ်ဦးဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်သည် စစ်အာဏာရှင်အစိုးရလက်ထက်တွင် တရုပ်ပြည်သို့ သွားရောက်နေထိုင်ခဲ့ရပြီး၊ ၂၀၁၁ ပြည်ပတွင်ကွယ်လွန်ခဲ့ရသည်။ သူ၏ဈာပနမှာလည်း ဗီယက်နမ်စစ်ဗိုလ်ချုပ် Giap ကဲ့သို့ နိုင်ငံတော်က လုပ်ပေးသင့်သည့် ပုဂ္ဂိုလ်ကြီးဖြစ်ပါသည်။ 
လက်ရှိမြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ပြည်ပရန်ကိုကာကွယ်သူများဖြစ်ရန်လိုသည်။ ပြည်တွင်း မိမိတိုင်းရင်းသားအချင်းချင်း တိုက်ခိုက်၊သတ်ဖြတ်နေသော ပြည်တွင်းစစ်ပွဲများကို ရပ်ဆိုင်းပြီး ကမ္ဘာ့အဆင့် ပရိုဖက်ရှင်နယ်စစ်ဗိုလ်ချုပ်များဖြစ်ရန် ပြုပြင်ပြောင်းလဲရလျှက်ရှိသည်။ ယခု ကချင်လက်နက်ကိုင်များနှင့် အပစ်ခတ်ရပ်စဲရေး အခြေအနေကောင်းနေသည်ဟု ကြားသိရသည်။ ငြိမ်းချမ်းရေးရမှ၊ အခွင့်အရေးများခွဲဝေပေးနိုင်မှ ပြည်တွင်းစစ်များရပ်စဲမည်ဖြစ်သည်။
AP သတင်းဌာနကြေငြာချက်အရ စစ်ဗိုလ်ချုပ် Giap သည် ၁၉၈၂ခုနှစ်အထိ ဗီယက်နမ်ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဖြစ်ခဲ့သည်။ အငြိမ်းစားယူသည်။  12 Oct 2013 တွင်ကွယ်လွန်ပြီး နိုင်ငံတော်ဈာပနကျင်းပခဲ့သည်။  (ဝတ်မှုန်)
Categories:
ဆိုနီရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်လက်ပတ်နာရီ၊ အင်ဒရွိုက်ဖုန်း
စမတ်လက်ပတ်နာရီဖုန်း သုံးကြမယ်
Wednesday, October 16, 2013
ဆိုနီရဲ့ ဒေါ်လာ ၂၀၀ တန် စမတ်လက်ပတ်နာရီ၊ အင်ဒရွိုက်ဖုန်းပါ။ လက်ပတ်နာရီအဖြစ်လည်း အသုံးပြုနိုင် သလို အင်ဒရွိုက် ဖုန်းအဖြစ်လည်း သုံးနိုင်ပါတယ်တဲ့။ 
ဆမ်ဆောင်းရဲ့ Galaxy Gear လောက် စိတ်ဝင်စားမှု သိပ်မရဘူး ဆိုပေမယ့် သူ့ထက်ဈေးချိုတာ
ကြောင့် ဈေးကွက် မှာ တဖြည်းဖြည်းချင်း အ၀ယ်လိုက်လာတယ်လို့ ဆိုနီက ပြောတာကို TIME က ဖော်ပြထားပါတယ်။
ဘက်ထရီက တခါ အားအပြည့်သွင်းထားရင် ၃ ရက်ကနေ ၄ ရက်ထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုနီက အာမခံပါတယ်။ 
Android 4.0 နဲ့ The display measures 1.6 inches diagonally ရှိပါတယ်။ စမတ်လက်ပတ်နာရီ ဖုန်းတွေကို Locked လုပ်ထားတာ တခုမှ မရှိပါဘူးတဲ့၊ အဓိက ဈေးနှုန်းလည်း ချို၊ နည်းပညာလည်း အဆင့်မြင့်၊ တာရှည်ခံ ဘက်ထရီနဲ့ Application တွေ က အကောင်းဆုံး ၀န်ဆောင်မှုပေးတာနဲ့ ဆွဲဆောင်ထားတာပါလို့ ဆိုနီက ဆိုပါတယ်။ 
စမတ်လက်ပတ်နာရီဖုန်းတွေကို အမေရိကားမှာတော့ စတင်မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ပြီး ကျန် နိုင်ငံတွေ ကို ဘယ်လို ဖြန့်ချီသွားမယ်ဆိုတာတော့ အသေးစိပ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး. 
အိမ့်သံစဉ် ~
တေးသံရှင် ဆိုတေး ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီ
Photo: ဇူလိုင်လ ၁၄ ရက်ကတည်းက ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ ကားတိမ်းမှောက်မှုကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ တေးသံရှင် ဆိုတေးဟာ ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ ဆိုတေးကို ဆေးကုသပေးခဲ့သူ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးခင်မောင်လွင်ကပြောပါတယ်။
ဓာတ်ပုံ---ဒေါက်တာဦးခင်မောင်လွင်
The Modern News Journal
ဇူလိုင်လ ၁၄ ရက်ကတည်းက ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်မှာ ကားတိမ်းမှောက်မှုကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံခဲ့ရတဲ့ တေးသံရှင် ဆိုတေးဟာ ဒဏ်ရာသက်သာလာတာကြောင့် ယနေ့မနက် ၅ နာရီကဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ ဆိုတေးကို ဆေးကုသပေးခဲ့သူ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာဦးခင်မောင်လွင်ကပြောပါတယ်။
ဓာတ်ပုံ---ဒေါက်တာဦးခင်မောင်လွင်
The Modern News Journal
ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၁၇-၁ဝ-၂ဝ၁၃ မှ ၂၃-၁ဝ-၂ဝ၁၃ ) ဟောစတမ်း
တနင်္ဂနွေ
ထူးခြားသောကံ မြင့်မားခြင်း၊ လာဘ်ပွင့်ခြင်းရှိမည်။အလုပ်လျှောက် အလုပ် ရှာ၍ကောင်းသည်။ စိတ်ကူးရည်ရွယ်ချက်များ၊ အလုပ်အကြံအစည်များ အောင် မြင်အောင် ဆောင်ရွက်နိုင်သောကာလဖြစ်သည်။ အပြောအဆို စကားများတွင် အထူးအောင်မြင်မည်။ သူတစ်ပါးကိစ္စအတွက် စိတ်ပင်ပန်းရမည်။ ပညာရှာသူ များအဖို့ ဤကာလတွင် ကိုယ်စွမ်းရှိသမျှအားထည့်ပြီး ဆောင်ရွက်ပါ။ မေတ္တာ ရေး ကံကောင်းမည်။
ယတြာ ။ ။ မွးနေ့တွင် အုတ်ခဲကျိုးများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
မိမိရည်မှန်းထားသည်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ကြန့်ကြာနေသည်များ ဖြေရှင်းအဆင်ပြေမည်။ မိမိအပေါ် ဒုက္ခပေးသူများ၊ စိတ်အနှောင့်အယှက်ပေးသူများ၏ ရန်မှ ကင်းစင်သွားမည်။ ဆုံးရှုံးနစ်နာထား သည်များ လက်ဝယ်ပြန်ရမည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ မိမိလေ့ လာတတ်မြောက်ထားသည်များ အသုံးချ၍ အောင်မြင်မှုများ ရရှိမည်။ ပြောရေး ဆိုရေး အောင်မြင်မည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ကြိမ်ထည်ပစ္စည်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ပေါ်လာသော ကံအခွင့်အရေးများကို အသုံးချ၍ ဘဝအောင်မြင်မှုများ ရရှိမည်။ မိမိစိတ်ကူးထားသလောက် ဆောင်ရွက်အောင်မြင်မည်။ ရန်အပြိုင်တို့ ကိုလည်း ကျော်လွှားနိုင်မည်။ ငွေကြေးကိစ္စ၊ လူမှုရေးကိစ္စများတွင် ကြားဝင် တာဝန်ယူ အာမခံခြင်း ကြုံမည်။ ကိုယ်ရေးကိုယ်တာကိစ္စများ ဦးစားပေးနိုင်ခြင်း မရှိ။ ကံပွင့်၊ လာဘ်ပွင့်မည်။ ခရီးကံမှာ အထူးကောင်းလှသည်။ မရောက်ဖူးသော အရပ်ဒေသများသို့ ရောက်တတ်သည်။ အလုပ်အကြံအောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဆန်ကြဲပက်၍ ကြက်၊ ငှက်အစာ ကျွေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
စီးပွားလာဘ်လာဘ တိုးပွားမည်။ မိတ်ကောင်း၊ ဆွေကောင်းများနှင့် တွေ့ မည်။ စနေနေ့မွေးသူများ အကျိုးပေးမည်။ ဝင်လာသောငွေကို အလှူဒါနပြုပါ။ အညံ့အဆိုးများကင်းစင်၍ ကောင်းခြင်း လာဘ်လာဘကြုံမည်။ အရေးကြီးသော ကိစ္စများ စတင်ဆောင်ရွက်ပါ။ ပြောရေးဆိုခွင့် အောင်မြင်၍ အလုပ်တိုးတက်ခြင်း များ အထင်အရှားကြုံမည်။ အခက်အခဲများ ဖြေရှင်းအဆင်ပြေမည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ရေသန့်ဘူးခွံအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
ဤကာလအတွင်း ဆောင်ရွက်သမျှ ကိစ္စအားလုံး အနှောင့်အယှက်များ ပြည့်နှက်နေမည်။ သူတစ်ပါးအပေါ် ယုံကြည်မှု လွန်ကဲခြင်းကြောင့် ပြဿနာ တစ်မျိုးပြီးတစ်မျိုး ဝင်တတ်သည်။ ရန်အတိုက်အခံများရှိမည်။ သူတစ်ပါးအပေါ် မိမိက စိတ်ကောင်းစေတနာကောင်း မည်မျှထားစေ စေတနာ၏တန်ဖိုးအပေါ် နားလည်သဘောပေါက်မည့်သူ တွေ့ရှိလိမ့်မည်မဟုတ်။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ကလေးသူငယ်တစ်ဦးအား ဗလာစာအုပ် ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
ပြောဆိုလုပ်ကိုင်သည့် ကိစ္စမှန်သမျှ ထူးထူးခြားခြားအောင်မြင်မည်။ ပိတ် နေသည့်လမ်းကြောင်းများပြန်ပွင့်၍ ကောင်းခြင်းများရရှိလာမည်။ စကားအောင် မြင်မည်။အခက်အခဲများကို ရှောင်လွှဲမနေဘဲ ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းပါ။ ခရီး ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။လူမျိုးကွဲအကျိုးပေးမည်။ အခက်အခဲကြား မှတိုးတက်မည်။ မိတ်ကောင်း ဆွေကောင်း အထောက်အကူရနိုင်သည်။ မေတ္တာ ရေး ကံကောင်းမည်။
ယတြာ ။ ။ မွးနေ့တွင် သီးစုံထမင်း ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ရန်အပြိုင် အတိုက်အခံကြားမှ ဘဝတိုးတက်မှု ရရှိမည်။ ဦးတည်လိုက်တိုင်း နေရာတိုင်း အနှောင့်အယှက်များနှင့်ကြုံမည်။ မဖြစ်မနေလုပ်ကိုင်မှုကြောင့် အဆုံး တွင်အောင်မြင်မည်။စိတ်ဆန္ဒကိုဦးစားပေးခြင်းထက် အခြေအနေမှန်ကို သဘော ပေါက်၍ ဆောင်ရွက်လိုက်သည်များမှ ကောင်းသောအကျိုးဆက်ရရှိမည်။ ထွန်း ထွန်းပေါက်ပေါက် အောင်မြင်မည်။ မေတ္တာရေး ကံကောင်းသည်။ လူချစ်လူခင် ပေါများမည်။မျက်နှာပွင့်လန်းမည်
ယတြာ ။ ။ မွေးနေ့တွင် သော့အဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
ကူညီသူပေါများမည်။ လုပ်ကိုင်သမျှ ကိစ္စအားလုံးတို့မှ ကောင်းသော အကျိုးဆက်များ ဖြစ်ထွန်းစေမည်။ လူမျိုးကွဲ အကျိုးပေးမည်။ ငွေကြေးကိစ္စ စကားပြောဆိုမှု အောင်မြင်မည်။ လူယုံထား၍မရ။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုပါနှင့်။ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို လက်လွတ်မခံပါနှင့်။ ချစ်သူမှ မိမိအပေါ် အနေစိမ်း တစ်စစ ဖြတ်တောက်ခြင်းများကြုံတတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် ထိုးမုန့်ဆွမ်းတော်တင်ပါ။
ဗေဒင်စာအုပ်
ကားအစီး ၂၀ ဘီး ဖောက်သည့် တရားခံမှာ ဖမ်းဆီး........................
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်(၈) ရပ်ကွက်တွင် အောက်တိုဘာ (၁၅) ရက် ညအချိန်၌
လမ်းအချို့ တွင် ရပ်ထားသည့် ကားအစီး(၂၀)ခန့် ကားဘီးများကို ချွန်ထက်စေသည့်အရာနှင့် ထိုး
ဖောက် မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ်မြို့မ ရဲစခန်းမှ သိရှိရသည်။
အဆိုပါ ကားဘီးထိုးဖောက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမြင့်ကားများကိုသာ ထိုး
ဖောက်ခဲ့ခြင်းဖြစ်ကာ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရရှိထားသည့် တရာခံအားမေးမြန်းရာတွင် တာယာဆိုင်တစ်ခုမှဖြစ်ကြောင်း ပြောဆိုသော်
လည်း မည်သည့် တာယာဆိုင်ဟု ပြောဆိုခြင်းမရှိဟု ကမာရွတ်မြို့နယ် မြို့မရဲစခန်းမှ သိရှိရသည်။
“တာယာဆိုင်တစ်ခုကလို့တော့ ပြောတယ်။ ဘယ်ဆိုင်ကလဲဆိုတာကိုတော့ မပြောဘူး။” ဟု မြို့မ
ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ထိုးဖောက်ခံခဲ့ရမှုကြောင့် ကမာရွတ်မြို့နယ်တွင်း နေထိုင်သူများအနေဖြင့် ကားပါကင်
တစ်ခုပြုလုပ် ပေးရန် ဆန္ဒရှိနေ ခြင်းဖြစ်ကြောင်း ကမာရွတ်မြို့နယ်နေပြည်သူများထံမှ သိရသည်။
“တကယ်တော့ မြို့ကြီးပြကြီးတွေမှာ ကားပါကင်ဆိုတာ သီးသန့်ရှိသင့်တယ်။ ပိုက်ဆံ ဘယ်လော
က်ပဲ ကုန်ပါစေ။ ကားပါကင် တစ်ခု လုပ်သင့်တယ်။ ခုလို လမ်းဘေးမှာ စည်းကမ်းမဲ့ ကားတွေရပ်
ထားတော့ ခုလို မဖြစ်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်လာ ရတာပေါ့။”ဟု ကမာရွတ်မြို့နယ် အမှတ်(၈)
ရပ်ကွက်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ကားဘီးများထိုးခွဲခံရခြင်းမှာ လှည်းတန်းအနီးအနားရှိ လမ်းအချို့၌ ဖြစ်ပွားခဲ့ခြင်းများရှိခဲ့ပြီး ပထမ
အကြိမ်တွင် ကားအစီ(၃၀)ခန့် ထိုးဖောက်ခံခဲ့ရကြောင်း၊ ထိုစဉ်ကလည်း ကားတာယာ များရောင်း
အားမြင့် တက်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
Myit Ma Kha Media Group.
သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး .................
တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ
သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃
ခုနှစ်၊ အောက်
တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊
ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ မဇာခြည်မိုး၊ အသက်
(၅)နှစ် (၈)လ၊ (ဘ) ဦးမောင်ဇော်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ည
(၈း၃၀)အချိန်ခန့်တွင် အဖွားဖြစ်သူ ဒေါ်လင်း
ကြည် တရားပွဲသို့ တရားနာသွားနေစဉ် အစ်မဖြစ်သူ မမိမြတ်နိုး၊ အသက် (၈)နှစ်နှင့်အတူ နေအိမ်၌ ညအိပ်ကျန်နေခဲ့သည်။
 အဖွားဖြစ်သူ တရားပွဲမှ ပြန်လာစဉ် မဇာခြည်မိုး ပျောက်ဆုံးနေ၍ မေးမြန်းရာ မမိမြတ်နိုးက ပြင်ဘု
ငယ်ရွာ၊ မော်ဖျားရပ်ကွက်နေ ထက်ဝင်း (ခ) အ၀င်းမှ အိပ်ယာအတွင်းမှ ပွေ့ချီခေါ်ယူသွားကြောင်း
ပြောဆို၍ ရွာသူ/သားများနှင့်အတူ လိုက်လံရှာဖွေရာ ည (၁၂း၀၀)နာရီအချိန်ခန့် နေအိမ်အနီးရှိ
ရေချောင်းကမ်းစပ်၌ မဇာခြည်မိုးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
ဘာလ (၁၅)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်ခန့် ပလောက်ရဲစခန်းသို့
လာရောက်တိုင်ကြားရာ စခန်းမှူး ရဲအုပ် အေးမင်းမှ (ပ) ၁၀/၂၀၁၃၊ ပြစ်မှု ပုဒ်မ
၃၀၂/၃၇၆ အရ အမှုဖွင့်အရေးယူကာ တရားခံ ထက်ဝင်း (ခ) အ၀င်း၊ အသက် (၂၁)နှစ်၊ (ဘ)
ဦးမြင့်သိန်းအား ဖမ်းဆီးစစ်ဆေးခြင်း၊ အလောင်းအား ဆရာဝန်၏
ဆေးစစ်ဆေးချက်ရယူခြင်းများ ပြုလုပ်ထားကြောင်း သိရှိရပါသည်။http://wlovestory.blogspot.com/2013/10/blog-post_361.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29
အကြောရောဂါသည် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ ........................
ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရဟု ဆိုကာ အမှုဖွင့် တိုင်တန်းမှုတစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေး နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အဆိုပါအမှုကို ဒလမြို့နယ်၊ ရပ်ကွက်တစ်ခုရှိ ကာယကံရှင်၏ အစ်မဖြစ်သူက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
သူမသည် တစ်ခြံတည်းနေ ၃၂ နှစ်အရွယ်၊ ကျန်းမာရေးမကောင်း၊ အကြောရောဂါရှိသည့် ညီမအငယ်ဆုံး ဖြစ်သူကို နေ့လယ်စာ ကျွေးပြီး နေအိမ်သို့ ပြန်လာကာ နေ့လယ်ဘက်တွင် ခေတ္တအိပ်စက်ခဲ့ချိန် မွန်းလွဲ ၁ နာရီခွဲတွင် တူမဖြစ်သူ ကလေးတစ်ဦးက လာရောက်၍ ညီမဖြစ်သည့် အကြောရောဂါ ဝေဒနာရှင်မှာ ငိုနေကြောင်း ပြောပြသဖြင့် စုံစမ်း မေးမြန်းခဲ့သည်ဟုလည်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ညီမဖြစ်သူအား ကို------(၃၆)နှစ်၊ လက်သမား၊ အမှတ်မရှိ ဒလမြို့နယ်နေသူက လက်ကိုချုပ်၍ မအော်ရန် ခြိမ်းခြောက်ပြီး အဓမ္မ ပြုကျင့်ခဲ့သည်ကို သိရှိရသည်ဟုလည်း တရားလိုက တိုင်တန်းလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဒလရစခန်းက (ပ)၄၆၆/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား စခန်းမှူးက ဖမ်းဆီး စစ်ဆေး နေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် တရားစွဲတင်မည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေးသောက်ရ
[ဇနီးက ၀င်ငွေပိုကောင်းလျှင် ခင်ပွန်းသည် ကာမအားတိုးဆေး သောက်ရ]
မိမိထက်ဝင်ငွေပိုကောင်းသော အမျိုးသမီးများအား လက်ထပ်ထားသည့် အမျိုးသားများသည်
ကာမအားတိုးဆေး ဗိုင်ယာဂယာကို အခြားအမျိုး သားများထက် ပိုမိုသောက်သုံးလေ့ရှိကြောင်း
ဒိန်းမတ်နိုင်ငံတွင် ပြုလုပ် ခဲ့သည့် သုတေသနတစ်ခုက ဆိုသည်။
ဒိန်းမတ်နှင့်အမေရိကန်နိုင်ငံတို့မှ သုတေသီများသည် ဇနီးမောင်နှံ ၂၀၀,၀၀၀ ကျော်၏ လစာဝင်
ငွေများကို လေ့လာခဲ့ရာ ဗိုင်ယာဂရာ ဆေးအပါအ၀င် အခြားပန်းသေပန်းညှိုးရှိသူများ သို့မဟုတ်
လိင်ဆက်ဆံရာတွင် အခက်အခဲရှိသူများ သုံးစွဲသည့် ဆေးများသည် ဇနီးဖြစ်သူက အဓိက၀င်ငွေ
ရှာသူ ဖြစ်နေသည့် အိမ်ထောင်စုများတွင် အထူးရေပန်းစားနေကြောင်း တွေ့ရှိခဲ့သည်။
ဝင်ငွေ ကောင်းသော ဇနီးသည်များမှာလည်း အိပ်ပျော်စေရန် စိုးရိမ် ပူပန်မှုကို သက်သာစေသည့်
ဆေးများကို ပိုမိုသောက်သုံးရ ကြောင်း ဆရာဝန်များ၏ ဆေးမှတ်တမ်း များအရ သိရသည်။အမျိုး
သားများသည် သိမ်ငယ်စိတ်ဝင်ခြင်းကြောင့် လိင်မှုကိစ္စတွင် အဆင်မပြေမှုများရှိလာ၍ ဆေးသောက်
ရခြင်း ဖြစ်နိုင်ပြီး၊အမျိုးသမီးများမှာမူ သိမ်ငယ်စိတ်ဝင် နေသော ခင်ပွန်းသည်ကြောင့် အိမ်ထောင်
ရေး ပြိုကွဲရမည်ကို စိုးရိမ်ခြင်း ဖြစ်နိုင်ကြောင်း သုတေသီများက ဆိုသည်။
အင်ဝိုင်ဒေးလီး
သက်လှိုင်ဘာသာပြန်သည်။  မြန်မာတိုင်း(မ်)
တရုတ်မှာ လူထောင်နဲ့ချီ အကြမ်းဖက် ဆန္ဒပြ
ဒေါသထွက်နေတဲ့ ဒေသခံများ
တရုတ်နိုင်ငံ အရှေ့ပိုင်း ယူယောင်း (Yuyao) မြို့က ဒေသန္တရ အစိုးရရုံးချုပ် အပြင်ဘက်မှာ ထောင်နဲ့ချီတဲ့ လူတွေရဲ့ အကြမ်းဖက် ဆန္ဒပြမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
တိုင်ဖွန်း မုန်တိုင်း ကြောင့် သူတို့ရဲ့ ယူယောင်းမြို့ ရေလွှမ်းမိုးခဲ့ရာမှာ ဒေသ အာဏာပိုင်တွေရဲ့ တုံ့ပြန်ကိုင်တွယ်ပုံအပေါ် ဒေါသဖြစ်ပြီး အခုလို အကြမ်းဖက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရ မော်တော်ယာဉ်တွေကို မှောက်လန်ခဲ့ကြပြီး ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
တိုင်ဖွန်း ဖီတိုး ကြောင့် ပြီးခဲ့တဲ့အပတ်က ယူယောင်းမြို့မှာ ရေကြီးလို့ အစာအသောက်နဲ့ သန့်ရှင်းတဲ့ရေ ပြတ်လပ်သွားပြီး လူတွေ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို လူတွေ ဆင်းရဲဒုက္ခ ရောက်နေကြချိန်မှာ အရာရှိတွေက သူတို့ရဲ့ ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ အတွက် ချီးကျူးမှုတွေ ပြုလုပ်ခဲ့သေးတာကြောင့် ဒေသခံတွေကို ပိုမို ဒေါသဖြစ်စေခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Wednesday, October 16, 2013
နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ ....................
နှစ်ပေါင်း ၄၀ ကြာ အိပ်စက်ခြင်း မရှိခဲ့သူ October 15th, 2013
at-age-69-thai-ngoc
အောက်တိုဘာ ၁၅။
ဗီယက်နမ်နိုင်ငံ ကွီဆန်  အုပ်ချုပ်မှုပိုင် ကွီထရမ် ခရိုင်ငယ်မှ မှ အသက် ၆၄ နှစ်အရွယ် ဟိုင်နော့ဆိုသူ သည် ၁၉၇၃ခုနှစ်က မကျန်းမမာဖြစ်ခဲ့ရာမှ ယခုအချိန် နှစ်ပေါင်း ၄၀ လုံးလုံး ညဘက်တွင် အိပ်မပျော်တော့ကြောင်း သိရသည်။
ထို့သို့ နှစ်ချီကြာ အိပ်မရသောရောဂါသည် သူ၏ ကျန်းမာရေးကို ထိခိုက်၊ မထိခိုက်ဆိုသည်ကို သူအတိကျ မသိကြောင်း၊ လက်ရှိအချိန်အထိ စိုက်ပျိုးမွေးမြူရေး အလုပ်များကို အခြားသူများနည်းတူ လုပ်ကိုင်နိုင်သေးကြောင်း ဖွင့်ဟခဲ့သည်။
ကွီထရမ် ခရိုင်ငယ်မှ သူ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရသော တာဝန်ရှိသူတစ်ဦးက ၅၀ ကီလိုဂရမ်လေးသော ဓာတ်မြေသြဇာအိတ်နှစ်အိတ်ကို လေးကီလိုမီတာ ကွာဝေးသည့် ခရီး နေ့စဉ် ထမ်းပိုးသယ်ဆောင်နိုင်သေးကြောင်း ဆိုသည်။
သူ၏ ဇနီးသည်က ခင်ပွန်းသည်မှာ တစ်ချိန်က အအိပ်မက်သူတစ်ဦးဖြစ်သော်လည်း နေမကောင်းဖြစ်ပြီး နောက်ပိုင်းတွင် အရက်သောက်သည့်တိုင် အိပ်မရတော့ကြောင်း၊ ဒါနော့မြို့သို့ သွားရောက်ကာ ဆေးစစ်သည့်အခါ အသည်းလုပ်ဆောင်ချက် အနည်းအကျဉ်းအားနည်းသည်မှ အပ ကျန်ရောဂါမတွေ့ရကြောင်း ဆိုသည်။
လက်ရှိအချိန်တွင် ဟိုင်နော့သည် နေ့စဉ် ၅ဟက်တာကျယ်သော စိုက်ပျိုးရေးခြံလုပ်ငန်း၊ ကြက်နှင့် ၀က် မွေးမြူသည့် အလုပ်များကို နေ့စဉ်လုပ်ကိုင်လျှက်ရှိသလို ညဘက်တွင်လည်း သူ၏ခြုံအတွက် သူခိုးရန်မှ ကာကွယ်ရန် ညစောင့်တာဝန်လည်း ယူထားလျှက်ရှိသည်။
Ref; WLC
ကိုးန၀င်း ပုတီး စိပ်သည့်  လူငယ်များ အတွက် ဘုရားဂုဏ်တော်ကိုးပါး တို့မှာ
ဘုရားဂုဏ်တော်ကိုးပါး
ဘုရား ဂုဏ်တော် ကိုးပါး တို.မှာ -
၁။ အရဟံ…
၂။ သမ္မာသမ္ဗုဒ္ဓေါ…
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော…
၎။ သုဂတော…
၅။ လောက၀ိဒူ…
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ …
၇။ သတ္ထာဒေ၀မနုဿာနံ…
၈။ ဗုဒ္ဓေါ…
၉။ ဘဂ၀ါ…
၁။ အရဟံ
ကိလေသာတို့မှ ဝေးကွာပြီး ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော လူနတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ
အလုံးစုံသော တရားတို့ကို မဖောက်မပြန် အမှားမရှိဘဲ ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နော
အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့် (စရဏ) နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
( ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊ စရဏ တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား )
၎။ သုဂတော
ကောင်းသော စကားကိုဆိုတော်မူသော ကောင်းသော နိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၅။ လောက၀ိဒူ
သတ္တ လောက၊ သြကာသ လောက၊ သင်္ခါရ လောက၊ ဟူသော လောကအားလုံးကို သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရောပုရိသ ဒမ္မသာရထိ
ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးအောင် ဆုံးမမှု၌ အတုမရှိအောင် စွမ်းဆောင်နိုင်တော်မူသော မြတ်စွာဘုရား။
၇။ သတ္ထာဒေ၀မနုဿာနံ
နတ်၊ လူ တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ
ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါးတို့ကို ကိုယ်တိုင်လည်း သိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင်ဟောတော်မူသော မြတ်စွာဘုရား။
၉။ ဘဂ၀ါ
ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုန်းတော်ခြောက်ပါးမှာ-
(၁) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော က္ကဿရိယ ဘုန်းတော်။
(၂) တစ်ထောင့်ငါးရာ ကိလေသာ ရန်ဆူး ရန်ငြှောင့်တွေကို ပယ်ရှား သုတ်သင်နိုင်သော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် လောက္ကုတ္တရာ တရားတို့ကို “ဓမ္မ” ဘုန်းတော်။
(၃) ပြန့်နှံ့ ကျော်စောသော ဂုဏ်သတင်းတို့နှင့် ပြည့်စုံတော်မူသော ယသ ဘုန်းတော်။
(၄) အလွန်ကြီးမားသော ပါရမီရှင်ဖြစ်၍ အလွန်သပ္ပာယ် အတုမရှိ ကျက်သရေနှင့် ပြည့်စုံတော်မူသော သီရီ ဘုန်းတော်။
(၅) အလိုရှိတော်မူလေသမျှ ချက်ချင်း ခဏ ပြည့်စုံတော်မူသော ကာမ ဘုန်းတော်။
(၆) ကြီးမာလှသော လုံ့လ၊ ၀ီရိယတော်တို့နှင့် ပြည့်စုံတော်မူသော ပယတ္တ ဘုန်းတော်။
Tuesday, October 15, 2013
မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ
မိုင်းနှင့်ပတ်သတ်တဲ့ ဗဟုသုတ ပြောချင်ပါတယ်
>>>မိုင်းလို့ယူဆရ တာနှင့် လုံးဝမထိပါနှင့်
>>> ဘေးတွင် သဲအိပ် ရေဖြည့် ပလတ်စတစ်ပုံး များဖြင့်ဝန်းရံပါဖြေး ညှင်းစွာ လုပ်ပါ >>>အရှိန်ကြောင့်အသက် ဝင်နိုင်ပါသည်။
>>>ဓါတ်ပုံမရိုက်ပါနှင့် အလင်းကြောင့်ကွဲအောင် လုပ်လို့ရပါသည်။
>>>အသံမဆူညံပါစေနှင့် အသံကြောင့်လည်း ကွဲနိုင်ပါသည် ။ >>>စပ်စုသူများအနားမနေပါစေနှင့်
>>>အယောင်ပြပြထားပြီး လူများမှ ရှင်းမည့်သူလာမှ အဝေးထိန်းခွဲနိုင်ပါသည် ။ >>>မိုင်းမထောင်ရန် မကာကွယ်နိုင်သော်လည်း အထိအခိုက်မများစေရန်ဖြစ်ပါသည်
>>> မိုင်းကွဲကွဲခြင်း ဒါဏ်ရာရသူကူညီရန်သွားပါက မကွဲသေးသော မိုင်းကို သတိထားပါ။
အကောင်းဆုံးအကြံပြုချင်တာကတော့ မိုင်း (သို့) ဗုံး (သို့ ) ပေါက်ကွဲတတ်တဲ့ အရာဝတ္ထုလို့ သံသယရှိဖွယ်ရာ ဖြစ်လာတာနဲ့ သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ / အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူ များ ထံ သတင်းပေးပို့ ကြပါ
အထူးအဆန်းလုပ်ပြီး ၀ိုင်းကြည့်မနေကြပါနဲ့ ဆိုတာ အရမ်းအရေးကြီးပါတယ်
remote များ ဖြစ်နေခဲ့ရင် လူများလေ ကောင်းလေပေါ့
(၀ဏ္ဏဖေသော်)
ငါ့အသား ကိုသခင်စားမှာစိုးကြောက်တယ်
ဖြူ နီ ပြာ ဝါ ညိုနက်တို့
အရွယ်မရင့်တရင့်ချိန်အခါ
မသမာကောင်လူယုတ်မာ
နောက်ကိုမှထည့်ရက်တဲ့သခင်
နွံရုန်းကာလယ်မြေပါတ်လို့
ထွန်းယက်လို့ကြွေးခဲ့တယ်
ခုချိန်ခါစက်တွေပေါ်ကာမှ
နွားတွေကိုဈေးခေါ်ရောင်းရက်
တယ်မလိုက်ချင်မနေရပြန်ဘူး
သခင်ကိုစိတ်မအေးပေမဲ့
သားသတ်တွေအတင်းခေါ်လို့
ခြေအစုံရွာကိုဖြတ်ခါသွားရပြီး
မသွားခင်မှာခဲ့ချင်ရဲ့လည်ပင်းကိ
သူတို့ဖြတ်လည်းအားမငယ်သေ
မှာမကြောက်ပါဘူးငါကြောက်
တာတကယ်ပြောရရင်ငါ့အသား
ကိုသခင်စားမှာစိုးကြောက်တယ်
လေ...............@@@
ဝိဉာဉ်ကူးပြောင်းနေတယ်ဆိုတာတကယ် ကော ဟုတ်ရဲ့လား ...(အစိမ်းသေဆိုတာ)...............
]
ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။
မိရိုးဖလာ ဗုဒ္ဓဘာသာတွေမှာတောင် ဒီလို ၀ိဉာဉ် ရှိတယ်လို့ မှားယွင်းယူဆနေကြပါတယ်။ Soul , Ghost လို့ခေါ်တဲ့ လူသေပြီးရင် ကိုယ်ခန္ဓာထဲက ထွက်သွားတဲ့ အရာတစ်ခုလို့ ရှိတယ်လို့ ယူဆတာဟာ ဗုဒ္ဓအယူဝါဒ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်များ သတိပြုကြပါ။
ညီငယ်ညီမငယ်များတို့။ Ghost ဟာ လူသေပြီးတာနဲ့ ချက်ခြင်းဖြစ်လာတဲ့ “ဒုတိယ” ဘ၀တစ်ခုသာဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ “ပြိတ္တာ” လို့ခေါ်တဲ့ ဘုံဘ၀မျိုးဖြစ်တယ်။ ဒီဘက်က လူတစ်ဦးကွယ်လွန်ပြီး “စုတိ” စိတ်ပြီးတာနဲ့ ဟိုဘက်မှာ “ပဋိသန္ဓေ” စိတ် ချက်ခြင်း(အခြားမရှိအောင်) ဖြစ်တာမို့ ပြိတ္တာကောင် အဖြစ် “ဘွား” ကနဲဖြစ်လာတာကို “၀ိဉာဉ်” လို့ ယူဆနေကြတာဖြစ်တယ်။ ဘ၀ကူးပြောင်းတာ မြန်လွန်းလို့ အဲဒီပြိတ္တာကောင်ဟာ သူ့ကိုယ်သူ ယခင်ဘ၀က ပုဂ္ဂိုလ်လို့ မှားယွင်းယူဆနေမိတတ်တယ်။ နောက် အချိန်ကြာလာမှသာ သူဟာ ဘ၀သစ်တစ်ခုကို ရောက်ရှိလာတာဖြစ်တယ်ဆိုတာကို နားလည်လာခြင်းမျိုး ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမှာ “နောက်ဘ၀” ဆိုတာ ရှိတယ်။ အဲဒီ နောက်ဘ၀ဆိုတာဟာ “ယခုပစ္စုပ္ပန်ဘ၀” နဲ့ “ယခုဘ၀မတိုင်မှီ ဘ၀ပေါင်း များစွာက” ပြုခဲ့တဲ့ “ကောင်းမှုကံ/မကောင်းမှုကံ” တွေကို စံစား/ခံစားဖို့အတွက် ပေါ်ပေါက်လာရတဲ့ “အကျိုးရလဒ်” တစ်ခုသာဖြစ်တယ်။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခု အဆက်ပြတ်မသွားအောင် ဆက်စပ်ပေးနေတဲ့အရာကတော့ အထက်ကပြောခဲ့တဲ့ “တဏှာ” ဘဲဖြစ်တယ် ။ ဒီလို ဘ၀တစ်ခုနဲ့ တစ်ခုကူးပြောင်းနေရတာဟာ “အကြောင်းတရား၊ အကျိုးတရား” ဆက်စပ်မှု နိယာမ သာလျှင်ဖြစ်ပြီး ဒီဖြစ်စဉ်ထဲမှာ “အတ္တ” ခေါ် “၀ိဉာဉ်” ကောင် လုံးဝမပါပါဘူး။
ဒီဘက်ဘ၀တွေက လုပ်လိုက်တဲ့ ကုသိုလ် အကုသိုလ်ကံတွေကို ခံစားစံစားဖို့အတွက် ရှေ့ဘ၀မှာ သူနဲ့သင့်လျှော်တဲ့ “ရုပ်၊ နာမ်၊ ခန္ဓာ” ပေါ်ပေါက်လာရခြင်းဖြစ်တယ်။ အမည်နာမ တပ်မယ်ဆိုရင်တော့ “လူ၊ နတ်၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ ငရဲကောင် . .” စသည်ဖြင့် အမည်ပညတ် တပ်လို့ရပေမယ့် စင်စစ်တော့ အကြောင်းကြောင့် အကျိုးတရားဖြစ်ထွန်းနေရတဲ့ “သံကွင်းဆက်လို” အစဉ်အဆက် တန်းနေတဲ့ ကွင်းဆက် တွေသာ ဖြစ်ပါတယ်။ ဒါကိုဘဲ ဗုဒ္ဓဘာသာမှာ “သံသရာ” လို့ ခေါ်ဝေါ်နေကြပါတယ်။
ဒီဘ၀ပုဂ္ဂိုလ် နဲ့ နောက်ဘ၀က ပုဂ္ဂိုဟ်တို့ဟာ တစ်ဦးတည်း မဟုတ်သလို အခြားလူလည်း မဟုတ်ပါဘူး။
ဥပမာ ပြရရင် ရန်ကုန် ကနေ မန္တလေးကို စာတိုက်ကနေ ငွေလွှဲလိုက်တဲ့အခါ ဟိုဘက်မှာ ထုတ်ယူရမယ့်ငွေဟာ ရန်ကုန်စာတိုက်က ငွေစက္ကူတွေ မဟုတ်ပါဘူး။ အရေအတွက် ပမာဏခြင်းတူတယ်။ ဒါပေမယ့် ရန်ကုန်ငွေစက္ကူတွေ မန္တလေးကို ရောက်သွားတာမဟုတ်ပါဘူး။ ဟိုဘက်ကလူကတော့ မန္တလေးစာတိုက်မှာ ရှိတဲ့ငွေစက္ကူတွေဘဲ ထုတ်ယူသွားရမှာပါ။ ဒါပေမယ့် အဲဒီငွေဟာ အခြားလား . . ဆိုတော့လည်း မဟုတ်ပါဘူး။ ဒီဘက်က လွှဲလိုက်တဲ့ “အကြောင်းတရား” ကြောင့် ဟိုဘက်မှာ ထုတ်လို့ရတာမဟုတ်လား။ ဘ၀ကူးတယ်၊ ဘ၀ဆက်တယ်ဆိုတာလည်း ဒီလိုပါဘဲ။ ဒါမှ ဗုဒ္ဓအယူဝါဒ စစ်စစ်ဖြစ်ပါတယ် ။
သရ၀ဏ်
Burmar Pyi Thar
အမျိုးသမီးတစ်ဦးထားခဲ့သည့် M67 ဗုံးအား သက်ဆိုင်ရာမှအချိန်မီရှင်းလင်းနိုင်ခဲ့
အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကို ရွှေဘဲစားတော်စက်သို့ လာရောက် စားသောက်သော အမျိုးသမီးတစ်ဦးမှဆိုင်အတွင်းတွင် ချန်ထားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဆိုင်မှဝန်ထမ်းကအိတ်ကျန်ခဲ့သည်ထင်၍ လိုက်ပေးသည်ကို ပြန်မယူပဲ အဆိုပါအမျိုးသမီးကလမ်းထောင့်တွင်ချထားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
“ရွှေဘဲမှာလာစားတဲ့အမျိုးသမီးက စားသောက်ပြီးပြန်ထွက်တော့ကလေးတွေကအိတ်ကျန်ခဲ့တယ်ဆိုပြီး လိုက်ပေးတယ် ၊ ပေးတဲ့အချိန်မှာပြန်မယူပဲနဲ့ လမ်းထောင့်မှာချသွားတော့ မသင်္ကာလို့ဖွင့်ကြည့်ရာကနေ ဗုံးကို
စတွေ့တာပဲ ” ဟု အခင်းဖြစ်ပွားရာသို့ရောက်ရှိနေသည့်ရပ်ကွက်တာဝန်ရှိသူများက ဆိုသည်။
အဆိုပါဗုံးမှာ အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် M67ဗုံးအမျိုးအစားဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင် သည်ကိုမူမသိရှိသေးကြောင်းအဆင့်မြင့်အရာရှိများက ပြောကြားသည်။
ဗုံးအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ တာဝန်ရှိသူများက Water Cannon (အရည်တစ်မျိုးဖြင့်ဗုံးအား အသက်မဲ့စေသောစနစ်) စနစ်အား အသုံးပြုပြီး ညနေ(၃) နာရီတွင် ရှင်းလင်းခဲ့သောကြောင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တွင်လည်း (၁၄)ရက်နေ့၌ အလုံမြို့နယ်၊ Waster Park II စားသောက်အတွင်းမှ ချိန်ကိုက်ဗုံး
ဟု ယူဆရသော အထုပ်တစ်ထုပ်အားတွေ့ရှိခဲ့ပြီး တပ်မတော်အင်ဂျင်နီယာတပ်မှ သိမ်းဆည်းခဲ့ကြောင်း
သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၁၃)ရက်နေ့က ရန်ကုန်မြို့တွင်လည်းလက်လုံးဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
Monday, October 14, 2013
တရုတ်မယားအဖြစ် ရောင်းစားခံရဘူးတဲ့ အမျိုးသမီးတွေ များတယ်၊ သူတို့ကိုယ်တိုင် ဒီအလုပ် ပြန်လုပ်နေကြတာတွေ့လာရ
ငွေဖြင့်ဝယ်ယူခံ တရားမ၀င်တရုတ်ဇနီးများ လက်ဆင့်ကမ်းရောင်းချခံရမှုများရှိလာ
13 OCTOBER 2013
တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများမှာ တရုတ်အမျိုးသားက တရားမ၀င် ဇနီးမယား အဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရားဝင် လက်ထပ်နိုင်သည့် အခါ ငွေဖြင့်ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူတစ်ဦးထံ ယွမ်ငွေ(၃)သောင်းနှင့်အထက် (မြန်မာငွေကျပ်သိန်းသုံးဆယ်နှင့်အထက်)ငွေကြေးများဖြင့် လက်ဆင့်ကမ်း ရောင်းချမှုများ ရှိကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရသည်။
“အရင်တုန်းကတော့ လူကုန်ကူးတဲ့ပွဲစားတွေက လိမ်လည်ပြီးတော့ စုဆောင်းတယ်။ အခု နောက်ပိုင်းကျတော့ သူတို့ (ပွဲစား တွေ)က ပေါ်တင်စည်းရုံးတာပေါ့နော်။ တရုတ်မယား လုပ်ရမယ်။ ၆လပြည့်ရင် ပြန်လာလို့ရတယ်။ ရွှေတွေ ဘယ်လောက် ဆင် ပေးမယ်။ အိမ်အတွက် ဘယ်လောက်ပေးမယ် ဆိုပြီးတော့ ဒါမျိုးတွေနဲ့စည်းရုံးလာတယ်။”ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများအတွက် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ဝင်များမှ လွယ်ဂျယ်-ကျန့်ဖုန်း၊ မူဆယ်-ရွှေလီ၊ လောက်ကိုင် နမ့်ခမ်းစသည့် မြန်မာတရုတ်နယ်စပ်၃နေရာ၌ နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ကာ လူကုန်ကူးမှုလျော့ကျရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ အခု လူကုန်ကူးနေကြတဲ့မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်က အရင် တရုတ်မယားအဖြစ် ရောင်းစားခံရဘူးတဲ့ အမျိုးသမီးတွေ များတယ်၊ သူတို့ကိုယ်တိုင် ဒီအလုပ် ပြန်လုပ်နေကြတာတွေ့လာရတယ်” ဟု မူဆယ်တည်းခိုခန်းလုပ်ငန်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ ယခုနှစ်ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉)လတာကာလအတွင်း လူကုန်ကူးမှု(၆၉)မှုဖြစ်ပွားခဲ့သည့်အနက် (၄၂)မှုမှာ တရုတ်ဇနီးမယားအဖြစ် အဓမ္မထိမ်းမြားလက်ထပ်ရန် ရောင်းစားခဲ့သောအမှုများဖြစ်သဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှု့၏ ၆၀%ခန့်မှာ တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် ရောင်းစားခဲ့မှုများဖြစ်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စာရင်း များအရ သိရသည်။
မူဆယ်မြို့ပန်းနေကြာတည်းခိုခန်း၌ ရန်ကုန်မြို့မှ မိန်းကလေးများကို တရုတ်မယားအဖြစ်ရောင်းစားမည့် လူကုန်ကူးအဖွဲ့နှစ်ဖွဲ့ကို ပြီးခဲ့သည့် အောက်တိုဘာလ ပထမအပတ်အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း နေပြည်တော်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရှိရသည်။
ဖြစ်စဉ်မှာ သတင်းပေးချက်အရ မူဆယ်မြို့ ပန်းနေကြာ တည်းခိုခန်း၌ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူအမျိုးသမီး ၃ ဦးအား တရုတ်မယားအဖြစ် ရောင်းစားရန်ခေါ်လာသော ဒေါ်စောဥမ္မာ(ခ)မဥမ္မာ ဆိုသူနှင့် ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ်ရောင်းစားရန် ခေါ်ဆောင်လာသည့် မောင်ခန့်ကိုကိုနှင့် မမြတ်ဆုမွန် လင်မယားတို့အား ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ(၆)ရက်နေ့ နံနက်(၉)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စုမှူးရုံး(မူဆယ်)သို့ တာဝန်သိပြည်သူ တစ်ဦးမှ အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာပြီး ထိုအမျိုးသမီးမှာ ရန်ကုန်တိုင်းမြောက်ဥက္ကလာပမြို့နယ်နေထိုင်သူဖြစ်ပြီး လူကုန်ကူးပွဲစားများထံမှ ထွက်ပြေလွတ်မြောက်လာသူဖြစ်ကြောင်းပြောဆိုကာ လာရောက်ပို့ဆောင်ပေးခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ဆက်လက်မေးမြန်းရာ လူကုန်ကူးခံရခြင်းမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ကြောင်း နောက်ထပ်၎င်းနှင့် ဘ၀တူနှစ်ဦး တည်းခို ခန်း၌ ကျန်သေးသည်ဟု ထွက်ဆိုခဲ့သည်။
၎င်းအမျိုးသမီးအား မေးမြန်းရာ၌ ဒေါ်စောဥမ္မာ(ခ)မဥမ္မာဆိုသူက ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး(၃)ဦးကို တရုတ်ပြည်တွင် အလုပ်ပေါကြောင်း၊ တရုတ်ယောက်ျားယူလျှင် ကောင်းကောင်းမွန်မွန် နေရ မည်ဖြစ်ပြီး ကျပ်သိန်း၂၀၊သိန်း၃၀ရမည်။ အပျိုဖြစ်စေ၊အအိုဖြစ်စေ မင်္ဂလာဆောင်ပေးကာ ကလေး(၁)ယောက် မွေးပေးပြီးလျှင် ပြန်လာလို့ရသည်ဟု လိမ်လည်စည်းရုံးကာ မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး တရုတ်နိုင်ငံသို့ သွားရောက်ရန် မူဆယ်မြို့ ပန်းနေကြာတည်းခိုခန်း၌ တည်းခိုနေစဉ် မူဆယ်မြို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုများက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့အတူ အောက်တိုဘာလ(၆)ရက်နေ့နံနက်(၁၁)နာရီအချိန်ခန့်က တာဝန်သိပြည်သူတစ်ဦးမှ မူဆယ်မြို့(၅၅၅)လမ်းရှိ ပန်းနေကြာတည်းခိုခန်းတွင် မင်္သာကာဖွယ်ရှိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ တည်းခိုနေကြောင်း သတင်း ပေးပို့ရာမှ တဆင့်တရုတ်နိုင်ငံ၊ရှမ်းတုန်းပြည်နယ်ရှိ တရုတ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျနေသူ မမြတ်စုမွန်(ခ)ပုံ့ပုံ့၊ မောင်ခန့်ကိုကိုနှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် နေထိုင်သူ မသီသီအောင်တို့ပူးပေါင်း၍ မှော်ဘီမြို့နယ်ရှိ မြန်မာအမျိုးသမီးငယ် တစ်ဦးအား ယွမ်ငွေ ၃ သောင်းဖြင့် တရုတ်မယားအဖြစ် ရောင်းစားရန်ကြိုးပမ်းခဲ့မှုကို မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့စုမှ ဖမ်းဆီး ဖော်ထုတ်ခဲ့သည်ဟု သိရသည်။
လူကုန်ကူးမှုပြစ်ဒဏ်များ၌ လူ ၃ ဦးနှင့်အထက် ပူးပေါင်းဂိုဏ်းဖွဲ့ကာ လူကုန်ကူးမှုကျူးလွန်ပါက အနိမ့်ဆုံးထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့မှ သတင်းများအရ သိရသည်။
မြစ်မခမီဒီယာ
*** အွန်လိုင်းက သတင်းများ မှန်ကန်မှုရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း ***.......................
ဒီမိုကရေစီ ရရှိပြီးနောက် မြန်မာပြည်မှာ သတင်းအချက်အလက် စီးဆင်းမှုဟာ ယခင်ကထပ် များစွာ တိုးတက်လာတာကို တွေ့ရ ပါတယ်။ မှန်တာလည်း ပါမယ်။ မှားတာလည်း ပါမယ်။ မမှန်တစ်မှန်လည်းပါမယ်။ မမှားတစ်မှားလည်းပါမယ်။ ရေးတဲ့သူကတော့ရေးမှာပဲ၊ တင်တဲ့သူကတော့ တင်မှာပဲ။ သူမပိုင်၊ကိုယ်မပိုင် အွန်လိုင်း ကမ္ဘာကြီးထဲမှာ သတင်းတွေ ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာရမှာက ကိုယ့်ရဲ့  တာဝန်။ ကောလဟာလ လွင့်တဲ့သူကတော့ လွင့်မှာပဲ။ ဒီတော့ Training သဘောမျိုးပေးရင် အနည်းဆုံး ၅ နာရီကြာနိုင်တဲ့ Information Filtering Subject ကို ဆောင်းပါးတစ်ပုဒ် နဲ့ အတိုဆုံးဖြစ်အောင် ကြိုးစားရေးလိုက် ရပါတယ်။ (ဒီတော့ အချက် အလက် မစုံပေမယ့် အရေးကြီးတာတွေတော့ ပါဝင်မှာပါ)
ဒီတော့ ခေါင်းစဉ်ကြီး နှစ်ခု ခွဲပါမယ်။ ပြည်တွင်း သတင်းအချက်အလက် နဲ့ ပြည်ပ သတင်းအချက်အလက်။
၁။ ပြည်ပ သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း
သတင်းတစ်ပုဒ်ထဲမှာ နီးကိုးလပ်ခ်ျဂေ့က ရေခဲတောင် အက်ဆီး ဒန့်ကြောင့် သေ တယ်လို့လည်း ကြားရကော လခ့်ဆီသွားပြီး ဖတ်လိုက်တာ အားလုံးက ရုပ်တည်ကြီးတွေပဲ။ အရေးအသားကလည်း သတင်း အရေးအသား ဆန်ဆန်ပေါ့။ သို့ပေမယ့် အဲ့ဒီ Title ကို Select လုပ်ပြီး Google Search ကနေ ပြန်ရှာကြည့်တော့ Search Engine က ထိပ်ဆုံးကနေ Fake News ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ရှာဖော်ပြတယ်။ ဒီတော့ ပြောချင်တာက ပြည်ပက သတင်းအချက်အလက် (Google က recognized လုပ်ထားသော Languageနဲ့ ရေးသားဖော်ပြ ထားသော သတင်းအချက်အလက်) တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးရာမှာ Google က အစအဆုံး ကူညီပေးပါတယ်။ ဥပမာ Facebook မှာတစ်စုံတစ်ယောက်က ပုံတစ်ပုံတင်လိုက်တယ်ဆိုပါစို့။ ခေါင်း ၈ လုံးနဲ့ မြွှေ ဓာတ်ပုံကို Share ရင် စော်ကြည်ထီပေါက် Heaven ရောက်ဘာညာပေါ့။ လွယ်လွယ်လေး အဲ့ဒီပုံကို Download ချ။ Google Search Engine က Image Search ကို ကလစ်နှိပ်ပြီး ပုံကို Upload လုပ် ပြန်ရှာ လိုက်တော့ တွေ့ပါလေရာ။ Fake News ဖြစ်ပါတယ်ဆိုတာကို ရေးထားတာတွေကို Google က ပြန်ဖော်ပြတယ်။ ကယ် ပြောတာတွေ စနစ်တကျ ဖြစ်အောင် Bullet point လေးတွေနဲ့ ပြန်ဖော်ပြ ရမယ်ဆိုရင်
- သတင်း ခေါင်းစဉ် ကို စစ်ဆေးခြင်း
- သတင်း ဓာတ်ပုံကို စစ်ဆေးခြင်း
- သတင်း အရေးအသား ဟုတ်မဟုတ် (Grammer) စစ်ဆေးခြင်း
- သတင်း ဖော်ပြသော ဝဘ်ဆိုဒ်များကို စစ်ဆေးခြင်း
- သတင်း အောက်မှာ Comment များကို စစ်ဆေးခြင်း
အချက် ၅ ချက်လေးကတော့ အခြေခံအားဖြင့်သိရမယ်။ ဒါသိရုံနဲ့ ပြီးသွားပြီ လားဆိုတော့ မဟုတ်သေးဘူး။
http://www.google.com/advanced_search
http://www.googleguide.com/advanced_operators_reference.html
အဲ့ဒီ Link ၂ ခုကို မှတ်ထား။ တစ်ခုက Google Advanced Search ။ တစ်ခုက Google Search Engine ကို ကောင်းကောင်းခိုင်းစားလို့ရမယ့် နည်းလမ်း။ အဲ့မှာ ဘာကိုရှာချင်ရင် ဘာ Keyword ကို သုံးရတယ်။ အစရှိသဖြင့် အကုန်ပါပြီးသား။ အဲ့ဒါတွေ တစ်ချက်ချင်းစီ လိုက်ရေးပေးနေ ရရင် ရှည်နေမှာစိုးလို့ ကိုယ်တိုင်ပဲ Self study လုပ်နိုင်အောင် Link ပေးလိုက် ပါတယ်။
၂။ ပြည်တွင်း သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း
ပြည်ပ ပြီးရင် ပြည်တွင်းအကြောင်းလာပါပြီ။ ဟိုမင်းသမီးကတော့ ဘာတဲ့။ မင်းတစ်ယောက်ကတော့ ဘာတဲ့ အစရှိသဖြင့် Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် Opinion အမျိုးမျိုးပေးနေလိုက်ကြတာ။ သတင်းအချက် အလက် မှန်ကန်မှုရှိမရှိက ကွဲကွဲပြားပြား မသိရတော့ဘူး။ ပြည်တွင်းက အရေးကြီးတယ်။ ကောလဟာလ တစ်ခုလွင့်ရင် တိုင်းပြည်နစ်နာမှာလေ။ ဒီတော့ ဘယ်လိုစစ်ထုတ်ရမလဲဆိုတာ အင်မတန် အရေးကြီးတယ်။
ယုံကြည်နိုင်သော အရင်းအမြစ်ကို စားသုံးခြင်း
ဆိုင်ကယ်တွေလိုင်စင်ထုတ်တယ်ဆိုတာ အလကားထုတ်ပေးတာ မဟုတ် ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် အဲ့ဒီ ဆိုင်ကယ်နဲ့ ပက်သက်ပြီး မှုခင်းတွေ ဘာတွေဖြစ်ရင် ကာယကံရှင်ကော၊ နစ်နာသူဘက်ကကော အလွယ်တကူ ဖြေရှင်းပေးလို့ရအောင် ဖန်တီးထားပေးတာ။ ဒီလိုပါပဲ။ သတင်းဌာနတွေ၊ မီဒီယာတွေကို လိုင်စင် ပေးတယ်ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ရေးသားဖော်ပြ တင်ပြတဲ့ သတင်း အချက်အလက် မှန်ကန်မှု ရှိလားမရှိလားဆိုတာကို အာမခံပေးဖို့ဖြစ်ပါတယ်။ ဥပမာ သတင်းဌာနတစ်ခုက သတင်းမှားဖော်ပြရင် အဲ့ဒီသတင်းဌာနကို တိုင်ကြားပြီး ဒါအရေးယူလို့ရတယ်။ အကယ်၍ အဲ့လို လိုင်စင်ရှိထားတဲ့ Source တစ်ခုက တင်ပြတဲ့ သတင်းမဟုတ်တာကို သိလျက်နဲ့၊ ဖတ်မိတယ်၊ ယုံမိတယ်။ အားကိုးမိတယ်။ အဲဒါနဲ့ ကမောက်ကမတွေ ဖြစ်မှ ဟိုတိုင် ဒီတိုင်လုပ်တော့ ဘယ်သူက ဝင်ကယ်နိုင်မှာလဲ။ rumor လွင့်တာနဲ့ ပက်သက် လို့ တရားဥပဒေနဲ့ တားမြစ်တာတွေ ရှိပေမယ့် ဥာဏပစ္စည်း မူပိုင်ခွင့် အလေးမထားကြသေးတဲ့ မြန်မာပြည် လူမှုကွန်ရက်မှာ ကလေးငိုတာကအစ ဘယ်သူက လိုက်ဖြေရှင်းပေးနိုင်မလဲ။ ဒါကြောင့် အစိုးရက သတင်းဖော်ပြချရင် လိုင်စင်တင်။ လိုင်စင်တင်ထားတဲ့ သတင်းဌာနဟာ သတင်းမှန်တွေ ပေးနေတာပါ။
ဒီတော့ မြန်မာပြည်မှာ တရားဝင် ရပ်တည်နေတဲ့ သတင်းဌာန ဘယ်နှစ်ခု ရှိတယ်ဆိုတာ မသိချင်နေ၊ ကိုယ်သတင်း စားသုံးနေတဲ့ Source က ခိုင်မာ တဲ့ Source ဖြစ်မဖြစ် ဆန်းစစ်တာမျိုးကတော့ ကိုယ့်ဘက်က အနည်းဆုံး ကာဗာယူထားနိုင်ရ ပါမယ်။ ဒီတော့ ခု Facebook မှာ သတင်းတွေကို copy paste လုပ်ပြီး တင်နေတဲ့၊ ဖော်ပြနေတဲ့ Page တွေများလာတယ်။ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် အလွယ်တကူ စီးဆင်းစေ ဖို့ပါပဲ။ သို့ပေမယ့် Source filtering မှာ နည်းလမ်းကျကျ ဘယ်လို Process လုပ်သင့်တယ် ဆိုတာကို သေချာမသိထားဘူးဆိုရင် သူတင်ပြတဲ့ သတင်းတွေကလည်း မှန်ချင်မှမှန်မှာပါ။ ဖတ်လို့ကောင်းတာနဲ့ပဲ တင်ရ ချည်ဟဲ့ဆိုပြီး တင်လိုက်ရင် ဖတ်စရာ စာလေးတွေပဲ ဖြစ်လာမှာပါ။ တတင်းဖြစ်မလာ ပါဘူး။ သတင်းတစ်ခုမှာ မူပိုင်ခွင့်ရှိတယ်။ ဒါကြောင့် အာမခံချက်လည်း ရှိတယ်။ မှားနေရင် စားသုံးသူဘက်ကလည်း complaint တက်လို့ရတယ်။ အဆုံးစွန်ဆုံး Source ဌာနအထိ တိုက်ရိုက်ဆက်သွယ် တဲ့အထိတောင် လုပ်နိုင်တယ်။ အခုက သူများတွေ ဒီ ပေ့မှာဖတ်လို့ ငါလည်းဖတ်တယ်။ ဟိုဆိုဒ်မှာဖတ်လို့ ငါလည်းဖတ်တယ်။ သတင်းမှန်ကန်မှု ရှိလားမရှိလားကို သေချာ မကြည့်။ ဒီတော့ ကောလဟာလ ပြန့်နှံ့မှု နှုန်း က ကြောက်စရာပါပဲ။
ဒီတော့ မှန်ကန်သော Source မှ စားသုံးသည့် အလေ့အထ ပြုလုပ်ခြင်း ကို ပြုလုပ်ရပါမယ်။ မဖြစ်မနေ မြင်နေရပြီ ဖတ်နေရပြီဟေ့ဆိုရင် Source က ဘယ်ကိုညွန်းထားလည်းဆိုတာကိုကြည့်။ ပြီးရင် အဲ့ဒီ source ကိုဆက်သွားပြီးတော့ ကြည့်။ သတင်းအောက်က Reader တို့ ဘယ်လို Feedback ရှိတယ်ဆိုတာကို ကြည့် အစရှိသဖြင့်ပေါ့။
၃။ Platform ခွဲမယ်
သတင်းဖော်ပြသော Platform သုံးခု ဖြစ်တဲ့ Website, Blog နဲ့ Social Media အစရှိတဲ့ Platform လေးခုမှာ အမျိုးအစားခွဲတတ်ရအုံးမယ်။ Website မှာဆိုရင် သတင်းဆိုဒ်လား၊ ကြော်ငြာဆိုဒ်လား၊ ထုတ်ကုန်ပစ္စည်း တစ်ခုခုကို ကိုယ်စားပြုတဲ့ ဝဘ်ဆိုဒ်လား အစရှိသဖြင့်ပေါ့။ အကယ်၍ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ကိုယ်စားပြုတဲ့ ဆိုဒ်ဆိုရင် သတင်းမှန်တွေ ဘယ်ရတော့မလဲ။ သူတို့ ကုန်ပစ္စည်းကောင်းကြောာင်းချည်းလာမှာပေါ့။ လက်ရှိချိန်အထိ ဝဘ်ဆိုဒ်က ဘယ်လိုအမျိုးအစားဖြစ်တယ် ဆိုတာကို အချို့တွေ မခွဲတတ်သေးဘူး။ Home Page appearance, About, Content တို့ကို စစ်ဆေးရုံနဲ့ ဒါ ဘာဆိုဒ်လည်းဆိုတာ တော်ရုံလူခွဲတတ်ပါတယ်။
Blog ကျတော့ Website လိုမဟုတ်တော့ဘူး။ Personal Blog, News Blog, Adv Blog အစရှိသဖြင့်ပေါ့။ အမျိုးမျိုးကွဲသေးတယ်။ အထူးသဖြင့် Blog ဆိုတာကို User တွေက Personal အတွက် အသုံးပြုတာ များတယ်။ ဒီတော့ သတင်းမှန်တွေ ဘယ်ရနိုင်မလဲ။ သူ့ Feeling တွေရေးသားဖော်ပြတာလေ။ တစ်စုံတစ်ယေက်ရဲ့  Opnion ပဲရလိမ့်မယ်။ သတင်းရချင်မှရမယ်။ Blog ရဲ့  Terms and Privacy မှာ သတင်းမှားတွေ မဖော်ပြရလို့ Google က မထည့်သွင်းထားဘူး။ လူတိုင်းတင်ချင်ရာတင်တယ်။ ဒီမှာ ယုံကြည်ရဖို့ အတွက်ကတော့ Website မှာတုန်းကလိုပဲ Home Page, About, Content တို့ကို အဓိကထား စစ်ဆေးရအုံးမယ်။
နောက်ထပ် Platform တစ်ခုက Social Media. အရင်တုန်းက Forum ခေတ်။ Forum တွေလုပ်ပြီး ကိုယ်သိတာတွေရေးကြပြောကြပေါ့။ အခုတော့ Facebook ခေတ်။ Facebook မှာလည်း Personal Account Page နဲ့ Blog လို အသုံးပြုလို့ရမယ် Fan Page ဆိုပြီးတော့ ၂ မျိုးရှိတယ်။ Social Media ရည်ရွယ်ချက်က ခံစားချက်တွေ မျှဝေဖို့။ သို့ပေမယ့် Social Media ကိုအခြေပြုပြီး Website တွေ Traffic တက်အောင် Joint လုပ်လာကြတယ်။ Social Media Marketing ပေါ့။ နောက်ဆုံး အဆင့်မှာတော့ Website တောင် မကူးတော့ပဲ Facebook မှာတင် သတင်းအချက်အလက် ဖော်ပြပေး၊ တင်ဆက်ပေးတဲ့ အဆင့်အထိ ရောက်လာတယ်။ Terms and Condition မှာက Nudity, Abuse, Annoy တို့လောက်ပဲ ပြောထားတာ။ သတင်းမှားလား မှန်လားဆိုတာကို Facebook က မစစ်ပေးဘူး။ စားသုံးသူတွေ ကိုယ်တိုင်စစ်ပြီး Report လုပ်လို့ရမယ့် UI ပဲ ပေးထားတယ်။ ကဲ။ ဒီတော့ ဘယ်လိုလုပ်မလဲ။
လွယ်ပါတယ်။ အထပ်က ပြောခဲ့သလို ပဲ။ တရားဝင် မှတ်ပုံတင်ထားတဲ့ သို့တည်းမဟုတ် ယုံကြည်ရရန် အာမခံချက် ပေးထားတဲ့ သတင်းဌာ များကိုသာ မှီခိုစားသုံးစေဖို့ပါပဲ။ အဲ့လို အာမခံချက်ပေးမထားတဲ့ နေရာတွေ ကနေ သွားစားသုံးရင်တော့ ကိုယ့် Risk နဲ့ ကိုယ်ပဲ။
နောက်ထပ် Platform တစ်ခုပေါ်လာပြီ။ မိုဘိုင် App နဲ့တင်ဆက်တဲ့ သတင်းတွေ။ ဘုရား၊ဘုရား။ မလွယ်ပါလား။ Authorized ဖြစ် လားမဖြစ်လား၊ လိုင်စင်ရှိလား၊ Commitment ရှိလား၊ Terms and Privacy ထားလား။ မေးစရာမေးခွန်းတွေက အများကြီးပါပဲ။ မြန်မာပြည်မှာ ဖုန်းကနေရော၊ ကွန်ပြူတာကနေရော အင်တာနက် အသုံးပြုသူ အရေအတွက်က ဆပွားနဲ့ကို တတ်နေပါတယ်။ ဒီလိုတက်နေတဲ့ လူတွေအတွက် စားသုံးစရာ သတင်းကလည်း လိုမြဲတမ်းလိုမယ်။ တင်တဲ့သူတွေလည်းတင်မြဲတမ်းတင်မယ်။ ဒီလိုအချိန်မှ ကောလ ဟာလတွေလည်း ရောစပ်လာတယ်အခါ မြင်မကောင်း၊ ကြား မကောင်းတွေ ဖြစ်ကြရော။ ရေးရင်းနဲ့ မှာချင်တာ အတော်လေး များသွားပါတယ်။ အကြမ်းဖျဉ်းအားဖြင့် Trust ဖြစ်ဖို့ အာမခံချက်ပေးတဲ့ Source ကနေပဲ စားသုံးတဲ့ အလေ့အထကို လုပ်စေချင်ပါတယ်။ ဒါတောင် အမှားပါတတ်ပါသေးတယ။်
လူတိုင်း သတင်းအမှန် ခွဲခြား စားသုံးတတ်ဖို့ ရည်ရွယ်ချက်တဲ့ ရေး သား ဖော်ပြလိုက်ရပါတယ်။
အောင်ခမ်း ( TSJ Team )
နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေ
နန်းခင်ဇေယျာက ဘာလုပ်ဖို့ သူ့ ဖုန်းနံပတ်၊ လိပ်စာတွေပေးနေတာလဲ
Sunday, October 13, 2013
နန်းခင်ဇေယျာက သူ့ အီးမေးလ်လိပ်စာ၊ ဖုန်းနံပတ်တွေကို မျှဝေကာ ဖေ့စ်ဘုတ်စာမျက်နှာက တဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဘာအတွက် ဆိုတာ အောက်မှာ သူရေးထားတာတွေကို ဖတ်ကြည့် လိုက်ပါ။ 
 ဓာတ်ပုံ- Miss International 2012
ချစ်ပရိသတ်ကြီး မင်္ဂလာပါရှင်…။
နန်းခင် နဲ့အတူ 27th SEA Games အကြိုလှုံ့ဆော်မှု ဖျော်ဖြေပွဲကြီးမှာ ပါဝင်ဆင်နွှဲဖို့ နဲ့ ပရဟိတလုပ်ဆောင်ဖို့ Miss International (2012) မှ Miss များကို ဖိတ်ကြားထားပါတယ်။
ဖျော်ဖြေပွဲကြီးပြီးလျှင် Miss International 2012 မှ Miss များနဲ့အတူ နန်းခင် ပုဂံ ညောင်ဦးသို့သွားရောက်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်ကလေးငယ်များရဲ့ ပညာရေးကို အထောက်အကူဖြစ်စေရန်၊ ဗဟုသုတအသိဥာဏ်ပညာတိုးတက်စေရန်၊
ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များ စာဖတ်စွမ်းအားမြင့်မားပြီး ထူးချွန်ထက်မြက်စေရန် ရည်ရွယ်ပြီး ပရဟိတလုပ်ဆောင်မှုအဖြစ် စာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။
နန်းခင်နဲ့အတူ နန်းခင်ချစ်တဲ့ မိဘညီအစ်ကိုမောင်နှမများမှလည်း စာအုပ်စာပေများ လှူဒါန်းပေးစေလိုပါတယ်။ 
လှူဒါန်းလိုပါက နန်းခင်ရဲ့ Gmail (nangkhinzayyar@gmail.com)
နဲ့ Phone number (0931179779 , 095601258) ကို ဆက်သွယ်ပြီးလှူဒါန်းနိုင်ပါတယ်။ အောက်တိုဘာလ ၁၆ (၁၆.၁၀.၂၀၁၃) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်လှူဒါန်းပေးလို့ရပါတယ်ရှင်…။
ကျေးဇူးတင်ပါတယ်ရှင်…။
နန်းခင်ဇေယျာ
ဆက်သွယ်နိုင်မည့် Gmail နှင့် Phone number များကိုဖော်ပြပေးလိုက်ပါတယ်
09 31179779
09 5601258
nangkhinzayyar@gmail.com သို့ ဆက်သွယ်လှူဒါန်းလို့ရပါတယ်။
၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွား
သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်
Sunday, October 13, 2013
ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။ 
 ဓာတ်ပုံ- The Nation
ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။ 
ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။ 
ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။ 
ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။ 
၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။ 
သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။ 
မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။ 
အိမ့်သံစဉ် ~