This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, August 25, 2013

သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်

Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား


Faceboook ကြောင့် သင့်ဘဝတိုးတက်နိုင်လား

ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။ 

အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေအုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့ ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။ 

နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာနေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook ကို ကောင်းကောင်း အသုံးချ တတ်ရင် မိမိရဲ့  ဘဝပိုမိုတိုးတက်သွားစေနိုင်ပါတယ်။ ဒါက Pleasure အတွက် ရည်ရွယ်ပြီး သုံးနေတဲ့ Level ကိုကျော်လွန်သွားပါပြီ။ Opportunity ရှာဖွေတဲ့အဆင့်အထိ အသုံးပြုမှုပါ။ အရင်က ပြောနေကျ အတိုင်း ပဲ ပြောရမယ်ဆိုရင် Facebook Page ဖန်တီးမယ်။ စာတွေရေးမယ်၊ ပုံတွေတင်မယ်။ မိမိ ဖန်တီးချက် များ၊ Product များကို နည်းအမျိုးမျိုးနဲ့ လူသိအောင် Share မယ်၊ မျှဝေမယ် အစရှိသဖြင့် အလွယ်ကူဆုံး နည်းလမ်းနဲ့ကို အောင်မြင်လွယ်ပါတယ်။ ဒါကလည်း ကိုယ့်ဆီမှာ Product ကောင်းကောင်းတော့ ရှိဖို့လိုပါတယ်။ 

ဒီတော့ ယခုလို ရည်ရွယ်ထားသူဟာ Facebook User Level မှာတင် အမှတ်အမြင့်ဆုံး ရသူ ဖြစ်နေရ ပါမယ်။ အမှတ်အမြင့်ဆုံးဆိုလို့ စာမေးပွဲတွေလည်း မရှိပါဘူး။ Password ဘယ်လိုပြောင်းတာလဲ အခြေခံအစ page တစ်ခု ဘယ်လိုတည်ဆောက်တယ်အထိ အသေးစိတ်အချက်အလက်များကို ကိုယ်က သေချာ လေ့လာ ထားမယ်။ ပြန်လည် အသုံးချမယ်။ ပြီးတော့ ကိုယ့်ဆီမှာ ရှိတဲ့ Product ကိုလည်း ချပြနိုင်ရင် Facebook Specialist တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။ 

တကယ်လိုအပ်ပါတယ်။ Facebook Specialist ဆိုတာလည်း အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်လာနေ ပါတယ်။ ဒါက Facebook ကိုပဲမှီပြီး Opportunity ရှာမှီးမှုပါ။ အခြားနည်းလမ်းအနေနဲ့ Facebook ကိုနွယ်ပြီး၊ မှီခိုပြီး စီးပွားရေး လုပ်ချင်သူများအနေနဲ့ Facebook ကောင်းကောင်း အသုံးပြုတတ်သူကို လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ Social Media Manager, Web Based Communication Manager အစရှိသဖြင့်တို့ကို လစာ ကောင်းကောင်းနဲ့ ရှာဖွေခန့် ထားနေခြင်း ဖြစ်ပါတယ်။ 

ဒီတော့ Pleasure အတွက်တင်မဟုတ်တော့ပဲ Opportunity အထိပါ ရည်ရွယ်ထားတဲ့ သူဟာ Facebook ကို သာမန် လူတစ်ယောက် အသုံးပြုတတ်တတ်သလောက် တတ်နေလို့ မရတော့ပါဘူး။ သူ့ကို မှီပြီး Opportunity ရှာဖွေမယ်။ သို့မဟုတ် သူ့ကိုမှီပြီး မိမိရဲ့  Skill, Product တွေကို ချပြမယ် ယင်း အခြေခံ အကျဆုံး နည်းလမ်း ၂ ခုနဲ့ Faceboook မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ပါတယ်။ ဒီတော့ Facebook ကိုအခြေခံပြီး ဘဝတိုးတက် နိုင်ပါကြောင်း တိုက်တွန်း သတင်းပေး လိုက်ရပါတယ်။
.
အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/08/faceboook.html

ရထားပေါ်မှလူတစ်ဦး ပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်း နောက်စေ့ ကွဲဒဏ်ရာ၊ ၀ဲ/ယာလက်ဖ၀ါး ပြတ်ရှဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိ



၂၃.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ အောင်သုခ ဘူတာအနီး၊ မိုင်တိုင်အမှတ် (၁၄/၇-၈)ရှေ့တွင် ကားရထားပေါ်မှလူတစ်ဦး ပြုတ်ကျသေဆုံး နေကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြ၀င်း၊၄၁ နှစ် ၊မြို့ဟောင်းအရှေ့ ရပ်ကွက်၊ သန်လျင်မြို့နေသူဖြစ်ပြီး ဦးခေါင်း နောက်စေ့ ကွဲဒဏ်ရာ၊ ၀ဲ/ယာလက်ဖ၀ါး ပြတ်ရှဒဏ်ရာနှင့် လက်ဖျံရိုးကျိုးပဲ့၊ သွေးထွက်ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် သန်လျင်အုတ်ဖိုစုဘူတာမှ အောင်သုခ ဘူတာသို့ ကားရထား၏ ဒုတိယတွဲမှ လိုက်ပါစီးနင်းခဲ့ရာ အောင်သုခ ဘူတာအနီး အရောက်တွင် ရထား မရပ်မီ အောက်သို့
ခုန်ဆင်းစဉ် ခြေချော်ကျပြီး ကားရထားနှင့် တိုက်မိကာ သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း စုံစမ်းသိရှိရသဖြင့် သန်လျင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၂၁/၂၀၁၃ ဖြင့် ရေးဖွင့်ကာ စုံစမ်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိုပါသည်။

Yangon Police

Facebook ကြောင့် အလုပ် မပျက်ချင်ဘူးဆိုရင်

Facebook ကြောင့် အလုပ် မပျက်ချင်ဘူးဆိုရင်



Facebook ကြောင့် အလုပ် မပျက်ချင်ဘူးဆိုရင် 

အချို့ တွေများ Facebook ကိုအအိပ်ပျက် အစားပျက်လောက်အုံး အသုံးပြုပြီး မိမိလုပ်ငန်း ဆောင်တာ ပျက်ယွင်းနေတာတွေ ပတ်ဝန်းကျင်မှာ တွေ့မြင်နေရပါတယ်။ Facebook မသုံးလို့ အလုပ်ထုတ်မယ့် ရုံးဆိုလို့ Facebook ပဲရှိပါတယ်။ ဘယ်လုပ်ငန်းခွင်မှာမဆို Facebook အသုံးပြုမှုနဲ့ ပက်သက်ပြီး လိုလိုလားလား မရှိကြ တာကတော့ အမှန်ပါပဲ။ ဒီတော့ Self Control လုပ်ပြီး Facebook သုံးရင်း အလုပ်မပျက်ဖို့လည်း လုပ်ပါတယ်။ ဒီတော့ -


Product ထွက်ဖို့ သေချာရမယ်

Facebook ဘယ်လောက်ပဲ သုံးချင်သုံးချင် အလုပ်ကတော့ ပြီးရမယ်ဟုတ်။ အလုပ်မပြီးမြောက်ပဲ Facebook သုံးရင်တော့ ဒါ Facebook ကြောင့်အလုပ်ပျက်သူ ခေါင်းစဉ်ထဲကို ဝင်သွားပါမယ်။ ဒီတော့ အလုပ်စလုပ်ပြီဆိုတာတဲ့ Product /Project ပြီးအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ကို အရင်မွေးရပါမယ်။ 

Quality ကောင်းဖို့ သေချာရမယ်

Facebook သုံးချင်လွန်းလို့ သူခိုင်းထားတာတွေ ဒီလိုလုပ်လို့ ပြီးရင် တော်ပါပြီလေ။ Sorry. အဲဒါမျိုးမဖြစ်ရဘူး။ Quality ကောင်းကောင်း Product ထွက်ကို ဒုတိယဦးစားပေးရောမှာ ထားရပါမယ်။ Facebook ကို ရှေ့ တန်းတင်လို့ မရသေးပါဘူး။ Quality ကောင်းတဲ့ Product တွေ ထွက်ချင်တယ်။ Facebook လည်း သုံးချင် သပဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းက Facebook ကနေ Resource ရှာဖွေခြင်း ဖြစ်ပါတယ်။ ဒီတော့ Chat off လုပ်ထားဖို့လည်း လိုရင်လိုအပ်ပါမယ်။ 

Client စိတ်ကျေနပ်ရမယ် 

ဒီမှာ ကိုယ့် Client က သူဌေးလည်းဖြစ်ချင်ဖြစ်မယ်။ Customer လည်းဖြစ်ချင်မယ်။ အခြား သူလည်း ဖြစ်ချင် ဖြစ်မယ်။ ကိုယ် Facebook သုံးတာ သူတို့ တရားဝင်သိတယ်လေ။ ဒီတော့ ထွက်လာတဲ့ Product က ဘယ်လောက်ပဲ Quality ကောင်းတယ်ပြောပြော သူတို့ စိတ်တိုင်းမကျရင် အလကားပါပဲ။ ဒီတော့ သူတို့ စိတ်ကျေနပ်ဖို့အတွက် ဘယ်လို လုပ်ရမယ်ဆိုတာ ကိုယ်တိုင် လေ့လာသုံးသပ်ပေါ့လေ။ 

အိုကေပြီ။ အထက်ပါ သုံးချက်နဲ့ ကိုက်ညီပြီဆိုရင် Facebook ကို အသုံးပြုနိုင်ပါပြီ။ (အချို့ တွေများ Facebook ကို တကူးတက အသုံးပြုစေတဲ့ ရာထူးမျိုးနဲ့ အလုပ်လုပ်နေကြတာလည်း ရှိပါတယ်။) ဘယ်လိုပဲ ဖြစ်ဖြစ် FB သုံးချင်စိတ် ပေါ်တိုင်း Priority ကို အရင်စဉ်းစားရပါမယ်။ Priority သုံးခု ပြီးပြည့်စုံအောင် ဖန်တီးနိုင်တယ်လို့ ယုံကြည်ချက်ရှိမှ Facebook ဖွင့်ပါ။ အချက် သုံးချက်ပြည့်ပြီမို့ တော်ပါပြီလေ။ Facebook ပဲ သုံးတော့မယ်လို့လည်း လုပ်လို့မရပါဘူ။ မိမိ တာဝန်ယူရတဲ့ အပိုင်း ကဏ္ဍတွေဆီကနေ more and more Challenge တွေ ရင်ဆိုင်ဖို့ အသင့်ရှိရပါမယ်။ ကိုယ်တိုင်လည်း Excite ဖြစ်နေဖို့ လိုအပ်ပါတယ်။ အလုပ်ပြီးပြီဟေ့ဆိုတာနဲ့ Facebook သုံးဖို့ပဲ စိတ်ရောက်နေပြီဆိုရင်တော့ မဟုတ်တော့ ပါဘူး။ ဒါဆိုရင် Facebook စွဲနေပါပြီ။ အချိန်ကုန်၊ အလုပ်မပြီး၊ ဟေးလေးဝါးလား သာလုပ်လို့ ကောင်းပေမယ့် Facebook ကြောင့် ကိုယ့်ဘဝ Down grade ဖြစ်သွားနိုင်ပါတယ်။

လုပ်ငန်းခွင့်က မည်သူမဆို Facebook ကြောင့် အလုပ်မပျက်ဖို့ ဆန္ဒပြုလိုက်ရပါတယ်။ 
.

အောင်ခမ်း (TSJ team)
.
http://blog.techspace.com.mm/2013/08/facebook_24.html



အိုင်တီခေတ်

သေဆုံးသွားတဲ့ကလေးငယ် ဒါမှမဟုတ် သန္ဒေလောင်းတွေကို ဆေးရုံတွေကနေ ဆိုင်တွေက ယမ်း ၁၀၀၀၀ မှ ၁၂၀၀၀ လောက်ထိ ပေးပြီး ၀ယ်ယူကြ

ရုပ်ရှင်လားး တကယ့်လက်တွေ့ဘဲလား????????

ကလေးတွေကို ချစ်ရင် ဒါလေးကို ဖြန့်ဝေပေးကြပါ....

ဒါဟာ ဂျပန်နိုင်ငံမှာ နောက်ဆုံးပေါ် ခေတ်အမှီဆုံး အစားအစာပါတဲ့….၊
သေဆုံးသွားတဲ့ကလေးငယ် ဒါမှမဟုတ် သန္ဒေလောင်းတွေကို ဆေးရုံတွေကနေ ဆိုင်တွေက ယမ်း ၁၀၀၀၀ မှ ၁၂၀၀၀ လောက်ထိ ပေးပြီး ၀ယ်ယူကြပါတယ်..

ကလေးအလောင်းကို ပြင်ဆင်ခုတ်ထုတ်ပြီး ဟင်းလျာအဖြစ် ပြန်လည် ချက်ပြုတ်ပြီး ဈေးနှုန်းမြင့်မားစွာနဲ့ ပြန်လည်ရောင်းချကြပါတယ်.. ဘာလို့ ဒီလိုစားကြတာလဲ ဆိုတာမျိုးကိုတော့ မသိရှိခဲ့ပါဘူး…၊

ဒါပေမယ့် သေချာတာကတော့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ဆောင်နေတဲ့ ဆေးရုံက ၀န်ထမ်းတွေကိုကော ဆိုင်ပိုင်ရှင်တွေသာမက လာရောက်စားသုံးသူတွေပါ ဥပဒေအရ ပြင်းပြင်းထန်ထန်ကို အပြစ်ပေး အရေးယူသင့်ပါတယ်…။

အခုချိန်မှာ သူတို့ဟာ သူတို့ရဲ့ စီးပွားရေးအတွက် သေဆုံးပြီးသား ကလေးတွေရဲ့ အလောင်းတွေကို အသုံးချနေပေမယ့် နောက်တစ်ချိန်ကျရင် အတောမသတ်နိုင်တဲ့ လူ့လောဘကြောင့် လုံးဝကြားလို့ မကောင်းတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်…

ဒါကြောင့် ကျေးဇူးပြုပြီး တတ်နိုင်သမျှ ဒီမေးလ်လေးကို ဖြန့်ဝေပေးကြပါ…၊ ဒါမျိုး လူမဆန်တဲ့ ဖြစ်ရပ်မျိုးတွေ ကမ္ဘာကြီး ပေါ်ကနေ လုံးဝပျောက်ကွယ်သွားအောင် သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသင့်ပါတယ်..။

credit> အောင်ထွန်းဦး


ပလီပလာ ထွေကာလီကာ

အလန်းဇယားလေး Tunein FM Radio 8.0 Pro

အလန်းဇယားလေး Tunein FM Radio 8.0 Pro

 အားလုံးသောသူငယ်ချင်းများမင်္ဂလာပါဗျာ
ဒီတစ်ခါတော့ရေဒီယိုအလန်းဇယားတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
လက်ထဲမှာရှိနေတာတော့ကြပါပြီ...တင်ပေးရန်အချိန်လေးမရှိတာနဲ့
မတင်ပေးဖြစ်တာပါ...နောက်ပြီးဒီ apk လေးကိုဒီလောက်
စုံစုံလင်လင်အသုံးပြုလို့ရမှန်းအသိနောက်ကျတာအရမ်းနာတယ်ဗျာ
ဘော်ဘော်တို့တွေဆီမှာ myanmar e radio ရှိနေလောက်ပါပြီ
သူ့အစွမ်းကလည်းမထင်ရဘူးနာ်..ကောင်းတယ်ပေါ့
အခုကျွှန်တော်တင်ပေးမှာကတော့သူ့ထက်ပိုကောင်းမယ်လို့ထင်ပါ
တယ်..အကြီးကြီးပြောတာမဟုတ်ပါဘူးဗျာ..သုံးကြည့်ပါ.ဒါပေမဲ့
ကောင်းတယ်မကောင်းဘူးကတော့ခံယူသူရဲ့နှလုံးသားနဲ့ဘဲဆိုင်တာနော်
နဲနဲပြောပြမယ်..ဒီ apk လေးအကြောင်းပေါ့....online ရှိထားယုံနဲ့earphone သုံးစရာမလိုဘဲနားထောင်
လို့ရပါတယ်...နားထောင်ချင်တာကိုတိုက်ရိုက်တောင်းဆိုနားဆင်နိုင်ပါတယ်..
အများကြီးကလိလို့ရတာပါဘဲ...ဟုတ်ပြီနော်..
လန်းတယ်ဆိုတာ browse>>by language>>myanmar burmese>>world talk>>
BBC (OR) VOA မှမြန်မာ့သတင်းများကိုတိုက်ရိုက်နားဆင်လို့ရနိုင်တာပါဘဲ...
ပြည်တွင်း FM တွေကိုလည်းနားထောင်လို့ရမယ်လို့မျှော်လင့်ပါတယ်
လက်ရှိ samsung galaxy mega 6.3 မှာ FM Radio မပါပါဘူး..ဒီ apk လေးက
သင့်ကိုစိတ်ချမ်းသာမှု့တွေကိုအများကြီးပေးနိုင်မှာပါ




 ဟုတ်ပြီနော်..အလန်း FM Radio လေးကိုလိုချင်သူများ 
Playstore မှာ $4.99နော်...မ၀ယ်နဲ့ဈေးကြီးတယ်
free သုံးမယ်ဆိုရင်
အဆင်ပြေပါစေဗျာ
လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့အမျှကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...

Thursday, August 22, 2013

Casino မြို့တော် မှ ကွာလာလမ်ပူမြို့သို့ပြန်လည် ထွက်ခွာလာသည့် ခရီးသည်တင် Bus ကားတစ်စီး ယနေ့ 21.8.2013 နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် တောင်ဆင်လမ်းမှ အောက်ဘက် မီတာ ၆၀ ထိတိုင်အောင် ထိုးကျတိမ်းမှောက်မှု့

Genting Highland တွင်ယနေ့အဆိုးဝါးဆုံးကားမှောက်မှု့

Genting Highland တွင်ယနေ့အဆိုးဝါးဆုံးကားမှောက်မှု့ (သို့) မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံး ကားမှောက်မှု့ (37ဦးသေဆုံး)
*******************************************
မလေးရှားနိုင်ငံ၏ ကြားဖြတ်အထူးသတင်းအနေဖြင့် Genting Highland (@) Casino မြို့တော် မှ ကွာလာလမ်ပူမြို့သို့ပြန်လည် ထွက်ခွာလာသည့် ခရီးသည်တင် Bus ကားတစ်စီး ယနေ့ 21.8.2013 နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် တောင်ဆင်လမ်းမှ အောက်ဘက် မီတာ ၆၀ ထိတိုင်အောင် ထိုးကျတိမ်းမှောက်မှု့သတင်းအား မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ တင်ဆက်ပေးရပါသည် ။
မလေးရှားသမိုင်းတွင် အဆိုးဝါးဆုံးကားမှောက်မှု့ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါကားမှောက်မှုတွင် ကားမှောက်သည့် အချိန်မှ ယခု ည 8 နာရီ အထိ ကားပေါ်ပါလာသူ ၃၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြောင်း thestar သတင်းဌာနမှ တင်ပြသွားခဲ့ပါသည် ။
တောင်ပေါ်မှာ မီတာ 60 ကျော် စောက်နက်သည့် တောင်ကြောလမ်းတွင် တိမ်းမှောက်သွားခဲ့သည့် Bus ကားမှာ Titiwangsa (တီတီဝမ်ဆာ) မှာ Genting Highland သို့အသွားအပြန်ပြေးဆွဲပေးနေသော Genting Bus ဖြစ်ပြီး တိမ်းမှောက်သည့် ကားပေါ်တွင် ခရီးသည် 53 ဦး တိုင်အောင် သတ်မှတ် ဦးရေထက်ပိုမို တင်ဆောင်လာခဲ့သော ကားဖြစ်သည် ။
ထိုကားတွင်စီးနင်းလာသောခရီးသည် 53 ဦမှ 37 ဦးယခုချိန်ထိ သေဆုံးခဲ့ပြီဖြစ်ပါသည် ။ သေဆုံးသူများထဲမှ ထက်ဝက်မှ မလေးနိုင်ငံသား တရုတ် ၊ မလေး (ဒရိုင်ဘာအပါ) နှင့် အန္ဒိယ တို့ပါဝင်ပြီးကျန်ထက်ဝက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊အရှေ့အလည်ပိုင်း မှ ခရီးသည်များ နှင့် ထိုင်းလူမျိုးများပါဝင်ကြောင်း အာဏာပိုင်များမှ ထုတ်ပြန်သွားခဲ့သည် ။
မိုးရွာပြီး ချောနေသော တောင်ဆင်းလမ်းတွင် သတ်မှတ်ခရီးသည်ထက်ပိုမိုတင်ဆောင်လာသော အဆိုပါ Bus ကားမှာ မည်သည့် အတွက်ကြောင့် အဓိက တောင်အောက်ပြုတ်ကျခဲ့သည်ကို မစုံစမ်းနိုင်သေးသော်လည်း အသက်ရှင်သူများထဲမှ ပြန်လည်ပြောပြချက်အရ Bus ကားမှာ တောင်ဆင်း Chin Swee Cave ဘုရားကျောင်းအကျော်အရောက် မထိမ်းနိုင်ပဲ တောင်ပတ်လမ်း ထိန်းကွပ် ကွန်ကရစ် ဘောင်အားတိုက်ချကာမီတာ 60 ကျော်အထိ လိမ့်ကျ တိမ်းမှောက်ခဲ့ကြောင်း ၊ စတင်တိမ်းမှောက်စတွင် 33 ဦး သေဆုံးပြီး ဆက်လက် ရှာဖွေတွေ့ရှိချက်အရ ယခုချိန်ထိ 37 ဦးသေဆုံး ခဲ့ပြီးဖြစ်သည် ။
ယခုအချိန် တိုင်အောင် အာဏာပိုင်များမှာထို Bus ကားတိမ်းမှောက်မှုအတွက် ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပြီး အသက်ရှင်သူများကို Bentong ဆေးရုံတွင် ထားရှိကာ အထူးကုသလျှက်ရှိကြောင်း သိရသည် ။
Source : thestar
http://www.straitstimes.com/breaking-news/se-asia/story/bus-plunges...
http://www.straitstimes.com/breaking-news/se-asia/story/bus-plunges...
www.edinooyin.com
www.facebook.com/mmrinmy




နာတာရှာဟာ X-ray အမြင်မျိုးကို ရရှိထားပြီး လူတွေရဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို ထွင်းဖောက်မြင်နိုင်စွမ်းရှိကာ၊ ရောဂါတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် လူသိများလာခဲ့

X-Ray အမြင်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး !!
To: lubo601@gmail.com


Cloud Cuckoo Land shared ပုဂံအွန်လိုင်းမီဒီယာ's photo.

အသက် ၁၇ နှစ် သာရှိသေးတဲ့ ရုရှားလူမျိုး မိန်းကလေး နာတာရှာ ဒမ်ကီနာ (Natasha Demkina) ဟာ သာမာန်လူတွေထက် ထူးကဲတဲ့ အစွမ်းသတ္တိ တစ်မျိုးကို ပိုင်ဆိုင်ထားမှုကြောင့် အင်္ဂလိပ်နဲ့ ဂျပန် သိပ္ပံ ပညာရှင်တွေ တအံ့တသြ ဖြစ်ခဲ့ရပါတယ်...

နာတာရှာဟာ X-ray အမြင်မျိုးကို ရရှိထားပြီး လူတွေရဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို ထွင်းဖောက်မြင်နိုင်စွမ်းရှိကာ၊ ရောဂါတွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် လူသိများလာခဲ့ပါတယ်... သိပ္ပံပညာရှင်တွေဟာ နာတာရှာကို စိတ်ဝင်စားလာပြီး လန်ဒန်နဲ့ နယူးယောက်က သိပ္ပံစမ်းသပ်ခန်းကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်... လေ့လာမှုတွေ အပြီးမှာ အမေရိကန် သိပ္ပံပညာရှင်တွေက နာတာရှာရဲ့ X-ray အမြင်အစွမ်းသတ္တိကို အသိအမှတ်ပြုဖို့ တွေဝေနေဆဲ ဖြစ်ပေမယ့် အင်္ဂလိပ်သိပ္ပံပညာရှင်တွေကတော့ နာတာရှာရဲ့ သဘာဝလွန် အစွမ်းကို အသိအမှတ်ပြုခဲ့ပါတယ်... အမေရိကန် သိပ္ပံပညာရှင်တွေ နာတာရှာရဲ့ အစွမ်းကို အသိအမှတ်ပြုဖို့ တွေဝေစေတဲ့ အချက်ကတော့ နာတာရှာဟာ သူတို့စမ်းသပ်တဲ့ လူနာ ၇ ဦးမှာ ၄ ဦးကိုသာ မှန်ကန်အောင် ရောဂါအမည်တပ် (Diagnosis) ပေးနိုင်လို့ပါ... မကြာသေးမီကာလကတော့ နာတာရှာဟာ ဂျပန်သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြန်ပါတယ်...

"လူတွေကို ကျွန်မဘာကို မြင်ရတယ်... ဘယ်လိုတွေ့ရတယ်ဆိုတာကို ရှင်းပြရတာ အင်မတန် အချိန်ယူရပါတယ်... တခါတလေမှာ ရောဂါအစောပိုင်းအဆင့် (Early Stage) တွေကို ကျွန်မက မြင်ရပါတယ်... ဒါပေမယ့် ဒါကို လူနာကိုယ်တိုင်ရော၊ ဆရာဝန်တွေကပါ ရောဂါလို့ မယူဆကြပါဘူး... အဲဒါဟာ အမေရိကန် သိပ္ပံပညာရှင်တွေနဲ့ ကျွန်မနဲ့ ကြားက မတူညီတဲ့ ပြဿနာပါပဲ..." ဟု နာတာရှာက ရှင်းပြပါတယ်...

ဂျပန်သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုမှာ နာတာရှာဟာ ဒူးအဆစ် အစားထိုးထားတဲ့(prosthetic knee) လူနာကို မှန်ကန်အောင် ပြောဆိုနိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင်အစောပိုင်းကာလ (early stages of pregnancy)မှာသာ ရှိသေးတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ကိုယ်ဝန်ဆောင်ထားတာကို သိတဲ့အပြင် သန္ဓေသားမှာရှိနေတဲ့ ရောဂါကိုတောင် မှန်ကန်အောင် ဖြေကြားနိုင်ခဲ့ပါတယ်... ဒါ့အပြင် အလွန်ရှားပါးလှတဲ့ ခါးဆစ်ရိုးပုံစံ မူမမှန်တဲ့ရောဂါ (undulating spinal curvature) တစ်ခုကိုလည်း မှန်မှန်ကန်ကန် ရောဂါအမည်တပ်ပေးနိုင်ခဲ့ပါတယ်... ဂျပန်ဆရာဝန်တွေဟာ နာတာရှာ ဆွဲပြတဲ့ ခါးဆစ်ရိုးပုံနဲ့ ရောဂါရှိသူ အမျိုးသားရဲ့ ခါးဆစ်ရိုးကို X-ray ဓါတ်မှန်ရိုက်ထားတဲ့ ပုံနှစ်ခုကို ယှဉ်ကြည့်ရာမှာ တပုံစံတည်း တူညီခဲ့တာကြောင့် လူနာ ၇ ယောက် နဲ့ စမ်းသပ်မှုအပြီးမှာတော့ ဂျပန် သိပ္ပံပညာရှင်တွေဟာ နာတာရှာကို လက်ခုပ်လက်ဝါးတီးပြီး ချီးမွှမ်းခဲ့ကြပါတယ်... ဒါပေမယ့် ဒါဟာ စမ်းသပ်မှုရဲ့ ပထမအဆင့်ပဲ ရှိပါသေးတယ်...

အဲဒီနောက် နာတာရှာကို ကြီးမားတဲ့ ခွေးအိုကြီးတစ်ကောင်ဆီကို ခေါ်သွားပါတယ်... သူမဟာ ခွေးအိုကြီးကို ကြောက်တာကြောင့် အနားမကပ်ရဲ ဖြစ်နေခဲ့ပါတယ်... ဒါပေမယ့် ဆရာဝန်က ခွေးကြီးနား ကပ်စရာမလိုဘဲ ခွေးကြီးရဲ့ ခြေဖဝါးတွေကိုသာ ကြည့်ရန်လိုကြောင်း ပြောပြီးတဲ့နောက် ၅ မိနစ်အကြာ မှာတော့ နာတာရှာဟာ ခွေးကြီးရဲ့ ညာဖက် နောက်ခြေထောက်မှာ အစားထိုးထားတဲ့ ကိရိယာ (prosthetic device) တစ်ခုမြင်ကြောင်း ပြောနိုင်ခဲ့ပါတယ်...

ဂျပန်သိပ္ပံ ပညာရှင်တွေ ဒီထက်ပို အံ့သြရတာကတော့ နာတာရှာက သူမဟာ ဓါတ်ပုံကိုကြည့်ပြီးလည်း ရောဂါကို သိနိုင်ကြောင်း ပြောတဲ့အတွက် သူမကို ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ ပြကြည့်ခဲ့တဲ့အခါ အဲဒီလူနာမှာ အသည်းကင်ဆာ ရှိကြောင်း မှန်ကန်အောင် ပြောပြနိုင်ခဲ့တာပါပဲ...

Wednesday, August 21, 2013

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အကြောင်း မှတ်တမ်းရိုက်ကူးရန် Discovery Channel မှ ကမ်းလှမ်း




အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအကြောင်း မှတ်တမ်းတင် ရိုက်ကူးပြသရန် Discovery Channel မှ လာရောက် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် အကြောင်းအရာများကို Discovery Channel တွင် ရိုက်ကူးပြသရန် အတွက် တစ်နှစ်စာချုပ် ချုပ်လိုကြောင်း ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်ပေးနေသူများ အနေဖြင့် အဆိုပါ ကမ်းလှမ်းမှုအပေါ် လက်ခံမှု ရှိမရှိကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။http://www.myanmardailynews.org/2013/08/discovery-channel.html

တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်လား၊ ***************************************


Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူ နဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခ လုပ်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသ မှ တရုတ် ကြေးနီ သတ္တုတွင်း လုပ်ငန်း အကြောင်းကို လိုက်နေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ် မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေလို့ပါ။

၂၀၁၄ မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တန် လုပ်ငန်းစ ဖို့အသင့်အနေအထားရှိနေတဲ့ အဲဒီဒေသကို French Archaeological Delegation in Afghanistan (DAFA) ရဲ့ ဒါရိုက်တာ Philippe Marquis ဦးဆောင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်များ (Archaelogists) ကတော့ အချိန်မီ ကယ်တင်နိုင်ဖို့ ရုန်းကန် နေရပါတယ်။ သူတို့ရဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းခွင်လဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အနဲဆုံးလုပ်နိုင်မဲ့ အနေအထားကတော့ ၂၀၁၄ မတိုင်မီ တတ်နိုင်သလောက် ပြောင်းရွှေ့ခြင်း နဲ့ မှတ်တမ်းပြုစုထားနိုင်ဖို့ မျော်လင့်ပါသတဲ့။

China Metallurgical Group Corporation (MCC) ရဲ့ ညွန်ကြားရေးမှူးချုပ် Zhenguo Liu ကတော့ သူတို့ အနေနဲ့ အဲဒီဒေသမှာ ရှေးဟောင်းသုတေသနလုပ်ငန်းခွင် ရှိမှန်းလည်း မသိပါဘူး၊ လို့ ခတ်တည်တည် ပြောသွားပါတယ်။ နောက်ပြီး၊ သိပ်မကြာခင် ပြဿနာ တွေ ပြေလည်သွားမှာပါ၊ ဆိုပြီး ခတ်ပေါ့ပေါ့လည်း ပြောထားပါတယ်။ လုပ်ငန်းရပ်ဖို့တော့ တစ်ခွန်းမှ မဟပါ။

တာလီဘန် တွေရဲ့ ခြေကုတ်ယူထားတဲ့ အဲဒီ ဒေသမှာ နှစ်ပေါင်း ၅၀၀ လောက် သက်တမ်းရှိတဲ့ ဒေသခံရွာတွေ အများအပြားလဲ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဒေသခံများကိုတော့ လျှော်ကြေး မဖြစ်စလောက်လေး ပေးပြီး မောင်းထုတ်ဖို့ လုပ်နေတာပါ။ ဒေသခံများ မကျေနပ်လို့ အစိုးရကို တိုင်လဲ ပြန် အရိုက်ခံရ တတ်ပါသတဲ့။ ဒေသခံ တဦးပြောတာက၊ ကျနော်တို့ ဘိုးဘွား၊ ဘေဘင် လက်ထက်ကတည်းက နှစ်ပေါင်းရာချီပြီး အေးအေးဆေးဆေး နေလာတဲ့ အိမ်ပိုင်၊ ယာပိုင် ဘ၀ကနေ လမ်းဘေးတောင်းစားရတဲ့ ဘ၀ကို ရောက်ရတော့မယ်၊ လို့ ပြောပါတယ်။

မူရင်း သတင်းများ ဖတ်ချင်ရင် >>>>http://goo.gl/zoMqk

ကွန်ပြူတာကနေ ဖုန်း ကို LINE အချင်းချင်း စကားပြောနိုင်ပါပြီ.................


 

                                                                                                ကွန်ပြူတာကနေပြီးတော့

voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ

LINE လေးကို     ဒေါင်းဖို့ ဒီလင့်ကို      သွားပြီးယူလိုက်ပါ

အသေးစိတ်ကိုတော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်

ကြည့်ပြီးတော့ လုပ်သွားလိုက်ပါ
အပေါ်ကပုံအတိုင်း ဒေါင်းဖို့သွားလိုက်ပါ မိမိ က ဘာ OS သုံးတာလဲ ဆိုတာ သိရမယ်နော်

window 8 အတွက် သီးသန့်ပေးထားပါတယ် မိမိအသုံးပြု့ချင်တာကိုဒေါင်းလိုက်ပါ

window 7 နဲ့  ပြသွားမှာပါ အောက်မှာ ဆက်လေ့လာလိုက်ပါ
ဒေါင်းပီးပီ ဆိုရင်တော့ ကလစ် ချက်ခေါက်ပြီးတော့ ဖွင့်ပေးလိုက်ပါ

အရင်ဆုံး ဘာသာ စကားကိုရွေးခိုင်း ပါတယ်

အင်္ဂလိပ် စကားကို OK ပေးပြီးဆက်သွားလိုက်ပါ
NEXT ကိုနှိပ်ပြီးဆက်သွားပါ
lincense   ကိုသဘောတူပေးရမှာပါ    I Agree    ကိုနှိပ်ပြီးဆက်သွားပါ

install လုပ်တာပြီးသွားပါပြီ Close နှိပ်လိုက်ပါ
 
အောက်မှာကြည့်လိုက်ပါ LINE လေးဟာ Desktop မှာ shotcuts လေး ပေါ်လာပါပြီ

Desktop ကပုံလေးကို ကလစ် ချက်ခေါက်ပြီးဖွင့်လိုက်ပါ

ဖွင့်လိုက်ရင် အောက်က ပုံအတိုင်း Mail နဲ့ Password တောင်းမှာပါ

အဲ့ဒီမေးလ် နဲ့ password က ဘယ်က ရမလဲ ဆိုရင်
မိမိ တယ်လီဖုန်းကနေရပါမယ် ဘာဖြစ်လို့လဲ ဆိုတော့ 
ဒီ ဆော့ဝဲ ကို မိမိ ရဲ့ ဖုန်းမှာလဲ အသုံးပြု့နေတာဖြစ်ရမယ်နော် အဲ့ဒါမှ ကွန်ပြူတာမှာ
ပြန်ဝင်လို့ရပါမယ် တကယ်လို့ ဖုန်းမှာ မရှိသေးဘူးဆိုရင် ဖုန်းမှာ install လုပ်ပါဖုန်းမှာလည်း မေးလ် တွေ
password တွေပေးရပါမယ် အဲ့ဒီအတိုင်း ကွန်ပြူတာက LINE မှာပြန်ထည့်ပေးရမယ်
ဖုန်းမှာထည့်တာမှန်တယ် ဆိုရင် ကွန်ပြူတာမှာလဲ အလိုအလျောက် ရရှိသွားမှာဖြစ်ပါတယ်
Verification Code ဟာ ကွန်ပြူတာမှာ ပြန်ထည့်စရာ မလိုပါဘူး ခင်ဗျာ
တကယ်လို့ မိမိ mail နဲ့ password ကမှန်တယ် ဆိုရင် အောက်ကအတိုင်းပေါ်လာမှာပါ

ဒါကတော့ setting ဘယ်မှာရှိတယ် ဆိုတာကိုပြထားတာပါ
၁။ မှာပြထားတာကို နှိပ်လိုက်ရင် explorer အသစ်ကျလာမှာပါ
၂။ ကတော့ setting ပါ အထဲမှာ မိမိပြောင်းချင်တာတွေပြန်ပြောင်းလို့ရပါတယ်
profile ပုံတွေ ID တွေကို ပြောင်းလို့ရပါတယ်
၃ ။ ကတော့ မိမိစကားပြောချင်တဲ့လူကို ရွေးရမှာပါ Group လိုက်လဲ ပြောလို့ရပါတယ်


setting ထဲကိုဝင်လိုက်မယ်ဆိုရင် မြန်မာဖောင့်ပြောင်းတဲ့နေရာလေးပါ Font ဆိုတဲ့ နေရာလေးမှာ

Zawgyi One လို့ပြောင်းပေးပေါ့

ဒီပုံကတော့ မိမိ စကားပြောချင်တဲ့ လူကိုရွေးတဲ့ အခါ Start Chat ကို
နှိပ်လိုက်တဲ့ အခါ ဒီလို ပေါ်လာမှာပါ အောက်က အနီရောင်လေးကတော့ စကားပြောဖို့ရွေးလိုက်တဲ့
အခါမှာ အစိမ်းရောင်လေးလင်းလာမှာပါ
ဒီမှာ စာပို့လို့ရတယ်နော်

ဒီပုံကတော့ ကွန်ပြူတာကနေ ခေါ်ထားတာလေးပါ Free Call ကိုနှိပ်ပေါ့
စာပို့ချင်တာဆိုရင်တော့ Chat ကိုနှိပ်လိုက်ပါ ခင်ဗျာ


ခေါ်နေပြီဆိုရင်တော့ ဒီအတိုင်းပါပဲ ခင်ဗျာ video call တော့ မရသေးပါဘူး ခင်ဗျာ
ဒီအထိအောင်ဖတ်လာတဲ့ အတွက် ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ
အဆင်ပြေပါစေ....
ငှက်ငယ်

ကွန်ပျူတာ ဖုန်း နှင့်ဆိုင်ရာ နည်းပညာ စာအုပ်များ မြန်မာလို စာအုပ်များ ကျွမ်းကျွမ်းကျင်ကျင် လေ့လာချင်သူမျာအတွက်................................

ကောင်းမွန်စွာ ကလိနိုင်ကြပါစေ

စာစီစာရိုက်နည်းပညာ စာအုပ်များ

ဒီမှာဒေါင်းပါ
AdobeAcrobat4.0.pdf
View Download
ကကကွန်  5306k

BasicWindows&MicrosoftWord.pdf
View Download

1065k

Excel 2010.pdf
View Download
အောင်မြင့်  12421k

HowToUsedOneNote.pdf
View Download

1041k

MicorsoftFrontpage2002.pdf
View Download
ကကကွန်  1750k

MicrosoftAccess2002.pdf
View Download
ကကကွန်  7007k

MicrosoftPowerPoint2007.pdf
View Download
ကကကွန်  2253k

MICROSOFTWORD2002.pdf
View Download
ကွန်ပျူတာလက်စွဲ  3250k

MicrosoftWord2010.pdf
View Download
အောင်မြင့်   11966k

PageMaker7.0.pdf
View Download
ကကကွန် 
အောက်တွင်လေး မြန်မာလို့ ရေးသားထားတဲ့ စာအုပ်တွေ အများကြီးရှိပါသေတယ်

 
Peer network ( or ) workgroup ချိတ်ဆက်ခြင်း
  ဒီမှာဒေါင်းပါ
ဒီကောင်းလေးကတော့ အကုန်ညီလိုသူများကို အကုန်ပေးခြင်း
 
ဒီကောင်းလေးကတော့ ကျွန်တော်တို့  အတိုကောက် ခေါ်ကြတဲ့  ram ဆိုတာ randorn access  mernory ဆိုတာတော့  ကွန်ပျူတာနဲ့  ရင်းနီးထိစပ်နေသူ  တော်တော် များများ  သိကြမှာပါ  အတိုကောက့် ပြေားကြရင်တော့ mernory ပေါ့ သူက ကွန်ပျူတာ တစ်လုံးကို ဘယ်လို  ကူညီသလဲ   အသဲစိတ်ကို  ဒီမှာဒေါင်းလိုက်ပါ
Google cheat sheet 2
ဒီကောင်းလေးကတော့
Networkhacking testing  ဒီမှာဒေါင်းပါ
                                                        ဒီမှာဒေါင်းပါ

                                                                  turbo c program ကိုလော့လာသူများအတွက်(  ဒီမှာဒေါင်းပါ )


 



လွယ်ကူလေ့လာ ကွန်ပျူတာ အဆင့်တိုးမြင့်ခြင်းနဲ့ ပြုပြင်ခြင်းပညာ စာအုပ်...

                                                   
   ဘယ်အရာမဆို ကောင်းမွန်စွာ ကလိနိုင်ကြပါစေ

နွေည