Genting Highland တွင်ယနေ့အဆိုးဝါးဆုံးကားမှောက်မှု့
Genting Highland တွင်ယနေ့အဆိုးဝါးဆုံးကားမှောက်မှု့ (သို့) မလေးရှားနိုင်ငံ၏ အဆိုးဝါးဆုံး ကားမှောက်မှု့ (37ဦးသေဆုံး)
*******************************************
*******************************************

မလေးရှားသမိုင်းတွင်
အဆိုးဝါးဆုံးကားမှောက်မှု့ ဟု ခေါင်းစဉ်တပ်ထားသော အဆိုပါကားမှောက်မှုတွင်
ကားမှောက်သည့် အချိန်မှ ယခု ည 8 နာရီ အထိ ကားပေါ်ပါလာသူ ၃၇ ဦး သေဆုံးခဲ့ပြီး
အများစုမှာ မလေးရှားနိုင်ငံသားများ ဖြစ်ကြောင်း thestar သတင်းဌာနမှ
တင်ပြသွားခဲ့ပါသည် ။
တောင်ပေါ်မှာ မီတာ 60
ကျော် စောက်နက်သည့် တောင်ကြောလမ်းတွင် တိမ်းမှောက်သွားခဲ့သည့် Bus ကားမှာ
Titiwangsa (တီတီဝမ်ဆာ) မှာ Genting Highland
သို့အသွားအပြန်ပြေးဆွဲပေးနေသော Genting Bus ဖြစ်ပြီး တိမ်းမှောက်သည့်
ကားပေါ်တွင် ခရီးသည် 53 ဦး တိုင်အောင် သတ်မှတ် ဦးရေထက်ပိုမို
တင်ဆောင်လာခဲ့သော ကားဖြစ်သည် ။
ထိုကားတွင်စီးနင်းလာသောခရီးသည်
53 ဦမှ 37 ဦးယခုချိန်ထိ သေဆုံးခဲ့ပြီဖြစ်ပါသည် ။ သေဆုံးသူများထဲမှ
ထက်ဝက်မှ မလေးနိုင်ငံသား တရုတ် ၊ မလေး (ဒရိုင်ဘာအပါ) နှင့် အန္ဒိယ
တို့ပါဝင်ပြီးကျန်ထက်ဝက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၊အရှေ့အလည်ပိုင်း မှ
ခရီးသည်များ နှင့် ထိုင်းလူမျိုးများပါဝင်ကြောင်း အာဏာပိုင်များမှ
ထုတ်ပြန်သွားခဲ့သည် ။

ယခုအချိန် တိုင်အောင်
အာဏာပိုင်များမှာထို Bus ကားတိမ်းမှောက်မှုအတွက်
ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ပြီး အသက်ရှင်သူများကို Bentong ဆေးရုံတွင်
ထားရှိကာ အထူးကုသလျှက်ရှိကြောင်း သိရသည် ။
Source : thestarhttp://www.straitstimes.com/breaking-news/se-asia/story/bus-plunges...
http://www.straitstimes.com/breaking-news/se-asia/story/bus-plunges...
www.edinooyin.com
www.facebook.com/mmrinmy



0 ကွန်မန့်ရေးရန်:
Post a Comment