This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Thursday, August 8, 2013
မြန်မာနိုင်ငံမှာ အစိုးရတပ်အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၇ ခုဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုတာတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်
Thursday, August 8, 2013
ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို
မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။
အခုလို ကလေးစစ်သားတွေ ပြန်လွှတ်ပေးတာကို ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Shalini Bahuguna က ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ စစ်တပ်အတွင်းမှာရှိတဲ့ ကလေးငယ်တွေအားလုံးကို အစုလိုက် ပြန်လွှတ်ပေးဖို့ အချိန်ကျနေပြီလို့တော့ သတိပေးပါတယ်။
တပ်တွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ဖို့အတွက်၊ တပ်တွင်းမှာ စာရင်းကောက်ခံမှုတွေကို အရှိန်မြှင့် ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြုပါတယ်။
ဒါ့အပြင် အစိုးရတပ်ကမဟုတ်တဲ့ မြန်မာနိုင်ငံတွင်း အခြားလက်နက်ကိုင် တပ်တွေအတွင်းက အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေကိုလည်း ချက်ခြင်း ပြန်လွှတ်ဖို့ UNICEF ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရတပ်အပြင် အခြားလက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံး ၇ ခုဟာ ကလေးစစ်သားတွေကို စုဆောင်းအသုံးပြုတာတွေ ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
Thit Htoo Lwin - News
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်း
Thursday, August 8, 2013
Snowden ခိုလှုံခွင့်ပေးမှုကြောင့် ပူတင်နဲ့တွေ့ဆုံရေး အိုဘားမားဖျက်သိမ်း
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ဒီလို ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်းတာဟာ ရှားရှားပါးပါး သံတမန်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း St. Petersburg မှာ ပြုလုပ်မယ့် စက်မှုထိပ်သီး စီးပွားရေးနိုင်ငံ ၂၀ - G20 ထိပ်သီးစည်းဝေးပွဲကို တတ်ရောက်ဖို့ သမ္မတ အိုဘားမားအနေနဲ့ ရုရှားကို သွားရောက်ဖို့ အစီအစဉ်ရှိတုန်းပဲလို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ကြေညာပါတယ်။ ဒီအစည်းအဝေးပြီးရင် မူလ မော်စကို ကို သွားမယ့် အစီအစဉ်ဖျက်ပြီး၊ ဆွီဒင်နိုင်ငံဘက်ကို သွားဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ အစီအစဉ် အသေးစိတ်တွေကို ဖောက်ထုတ်ဖွင့်ချခဲ့တဲ့ အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဝပ် စနိုဒန် (Edward Snowden) ကို ရုရှားကနေ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ယာယီ ခုံလှုံခွင့်ပေးတဲ့အပေါ် သမ္မတ အိုဘားမားအစိုးရအတွက် ဒေါသဖြစ်စေခဲ့ပါတယ်။
စနိုဒန်ကို သူလျှိုလုပ်မှုနဲ့ အရေးယူဖို့အတွက် အမေရိကန် ပြည်ထောင်စုကို ပြန်အပ်ဖို့ သမ္မတ အိုဘားမားက ရုရှားကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်ကို မစ္စတာ ပူတင် က ပယ်ချခဲ့တာပါ။ ဒါ့အပြင် ရုရှားနဲ့ အမေရိကန်ကြား ကိစ္စရပ် အချို့မှာလည်း သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
ဒီအထဲမှာတော့ ဥရောပမှာ အမေရိကန်ဘက်က ဒုံးကာကွယ်ရေးစနစ် ထားရှိဖို့ကိစ္စ၊ လူ့အခွင့်အရေးကိစ္စ၊ ဆီးရီးယား ပြည်တွင်းစစ်မှာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ် အာဆပ် အစိုးရတပ်တွေအတွက် ရုရှားက လက်နက်တင်ပို့တဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့က ဆီးရီးယား သူပုန်တွေကို ထောက်ခံထားတာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
Thit Htoo Lwin - World News
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာ
Thursday, August 8, 2013
ဒဂုံဆိပ်ကမ်း မြေကွက်ဈေး နှစ်လအတွင်း ၃၀ ရာခိုင်နှုန်းတက်ဟုဆို
ဝင်ငွေနည်း လူတန်းစားများအတွက် ရည်ရွယ်သည့် အိမ်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ မြေကွက် ဈေးနှုန်းများမှာ မေလကုန်ပိုင်းမှ စတင်၍ တဖြည်းဖြည်း တက်လာရာ ယခုအချိန်တွင် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ရုပ်လုံးပေါ်လာခြင်းနှင့် မြို့ပြဧရိယာ တိုးချဲ့မည့် သတင်းများကြောင့် ရင်းနှီးမြှုပ်နှံသူများနှင့် ဝယ်ရောင်းသမားများက မြေကွက်များကို ဝယ်ယူကာ ဈေးမြှင့် ခေါ်ဆိုနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောဆိုသည်။
“မေလတုန်းက အဓိက လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ ပေ ၄၀ x ပေ ၆၀ မြေ တစ်ကွက်ကို ၇၀၀ (ကျပ်သိန်း) လောက်ပဲ ရှိတာ။ အခု ၁၀၀၀ (ကျပ်သိန်း) ကျော်လောက် ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။
ယင်းမြို့နယ်ရှိ အိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိသော (၆၀) ရပ်ကွက် နှင့် (၆၁) ရပ်ကွက် တို့ရှိ မြေကွက်များကို အဓိကထား၍ ဈေးနှုန်းမြှင့် ခေါ်ဆိုလျက် ရှိသော်လည်း အရောင်းအဝယ်သည် သိသိသာသာ တက်လာခြင်း မရှိဘဲ ပုံမှန်အတိုင်းသာ ရှိကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးနေဇော်အောင်က ပြောဆိုသည်။
အဆိုပါ မြို့နယ်တွင် မြေကွက် ဈေးနှုန်းများ တက်လာသော်လည်း ရန်ကုန်မြို့ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း များသည် ပုံမှန်အတိုင်းသာ ရှိပြီး အရောင်းအဝယ် အေးကာ အငှားသာ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အကျိုးဆောင်များထံမှ သိရသည်။
The Voice Weekly
Thit Htoo Lwin - News
မြန်မာနိုင်ငံအတွင်းရှိ နို့မှုန့်များအပေါ် သုံးစွဲသူများက စိုးရိမ်ထိတ်လန့်
Wednesday, August 7, 2013
Dumex နို့မှုန့်များ အန္တရာယ်ကင်းရှင်းကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဘက်တီးရီးယားပါဝင်မှုကြောင့် နယူးဇီလန်နိုင်ငံမှ တင်သွင်းသည့် နို့မှုန့်အားလုံးအား တရုတ်အစိုးရမှ ပိတ်ပင်လိုက်သည့် နောက်တွင် မြန်မာနိုင်ငံအတွင်းရှိ နို့မှုန့်များအပေါ် သုံးစွဲသူများက စိုးရိမ်ထိတ်လန့်သွားကြသည်။ ကလေးငယ်များ သောက်သုံးခြင်း ဖြစ်၍ မိဘများက စိတ်ပူကြခြင်းလည်း ဖြစ်သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး Dumex  နို့မှုန့်များ ဖြန့်ချိလျက်ရှိသည့် မိုအေးရှားကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အန္တရာယ်ကင်းရှင်းကြောင်း ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံမှ Dumex နို့မှုန့်များတွင်မူ နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို သုံးစွဲသော်လည်း ဘက်တီးရီးယားပါဝင်သည့် ထုတ်လုပ်မှုအမှတ်စဉ် (batch no.) နှင့် မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထုတ်လုပ်မှု အမှတ်စဉ် တူညီမှုမရှိကြောင်း၊ “production line  လည်း မတူပါဘူး”ဟု မိုအေးရှား၏ marketing executive အရာရှိ ဦးသီဟခိုင်က မဇ္ဈိမသို့ ပြောသည်။
“နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို မလေးရှားနိုင်ငံကတစ်ဆင့် တင်သွင်းပြီး Dumex ထုတ်လုပ်ထားတယ်ဆိုပေမယ့် Dumex အသုံးပြုတဲ့ ကုန်ပစ္စည်းအမျိုးအစားမှာ အန္တရာယ်မရှိကြောင်း လုံးဝအာမခံ ပါတယ်။ ယုံကြည်စိတ်ချစွာသုံးစွဲဖို့ အသိပေးလိုပါတယ်” ဟု မိုအေးရှား၏ nutrition  manager အရာရှိ ဒေါက်တာနှင်းနှင်းအေးက မီဒီယာများသို့ ရှင်းလင်းတင်ပြသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံကလည်း ထိုင်းအစားအစာ နှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ကလည်း နယူးဇီလန်ရှိ Fonterra ကုမ္ပဏီမှ ထုတ်ပြီး ထိုင်းနိုင်ငံတွင်Anmum, Anlene နှင့် Anchor^Fernleaf  အမှတ်တံဆိပ်များဖြင့် ဖြန့်ချိသည့် နို့ထွက်ကုန်နှင့် နို့မှုန့်များကို ဈေးကွက်အတွင်းမှ ချက်ချင်းပြန်လည်ရုပ်သိမ်းရန် ကြေညာချက်ထုတ်ပြန်ရာ လူအများက စိတ်ဝင်စားပြီး စိုးရိမ်စိတ်လည်း ပိုလာကြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ နယူးဇီလန်နိုင်ငံမှတင်သွင်းသည့် နို့မှုန့်များကို တရုတ်နိုင်ငံမှ ပိတ်ပင်လိုက်ခြင်းနှင့် ထိုင်းနိုင်ငံက ထုတ်ပြန်သည့် ကြေညာချက်များအပေါ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာထွန်းဇော်က “ကျွန်တော်တို့ဌာနမှာ မှတ်တမ်းတင်ထားတဲ့ နို့မှုန့်ထုတ်ကုန်တွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ အထောက်အထား မတွေ့သေးပါဘူး”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေသည်။
နို့မှုန့်များတင်သွင်းခြင်းနှင့်ပတ်သက်ပြီး နမူနာပစ္စည်းများကို စစ်ဆေးထားရာတွင်၎င်း အန္တရာယ်ဖြစ်စေသည့် အနေအထား မတွေ့ရှိကြောင်း၊ နောက်ဆုံးအတည်ပြုချက်ရယူပြီးလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနက တရားဝင်ကြေညာသွားမည်ဟု ၎င်းကရှင်းပြသည်။
နယူးဇီလန်
နယူးဇီလန်ရှိ ပင်ရင်းကုမ္ပဏီ၏ ကြေညာချက်အရ ထိုင်း၊ တရုတ်အပါအ၀င် နိုင်ငံ ခုနစ်နိုင်ငံသို့ ဖြန့်ချိခဲ့သော နို့ထွက်ကုန် တန် ၁၀၀၀ တွင် အစာအဆိပ်ဖြစ်စေသော ဘက်တီရီးယားပိုးများ ပါဝင်နေသည်ဟု ဆိုသည်။
Fonterra  အနေဖြင့် ၎င်း၏ကုန်ပစ္စည်းများမှာ သန့်ရှင်းမှုမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ကြေညာခဲ့ပြီး တရုတ် နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ နို့ထွက်ပစ္စည်း တန်ချိန်ပေါင်း ၁၀၀၀ ကျော်အား ပြန်လည်ရုပ်သိမ်း ရန် ဆော်သြထားသည်။
မသန့်ရှင်းမှုဖြစ်နိုင်ခြေရှိသည့် စားသုံးကုန်များတွင် ကလေးသူငယ်များ သောက်သုံးသည့် နို့မှုန့်များ၊ အားကစားသမားများ သောက်သုံးသော ဖျော်ရည်များ၊ ပရိုတိန်းဖျော်ရည်များနှင့် တခြားသော ယမကာ စားသောက်ကုန်များ ပါဝင်သည်။
 အေးမြင့်စန်း
Mizzima - News in Burmese
Thit Htoo Lwin - News
Facebook version 3.5 official ပါ။Official ဆိုတော့ အရင် beta တွေ ထက်တော့ ထူးခြားမှာအမှန်ပါ
Facebook apk v3.5 official
Facebook version 3.5 official ပါ။Official ဆိုတော့ အရင် beta တွေ ထက်တော့ ထူးခြားမှာအမှန်ပါ။နောက်ပြီး Facebook apk ဆိုတော့ အထူးတလည် မိတ်ဆက်ပေးစရာတော့ မလိုလောက်ဘူးထင်တယ်ဗျ
သူက မိမိ ဖုန်းကနေပြီး facebook ပေါ်အလွယ်တကူတက်ရောက်နိုင်အောင် လုပ်ပေးမယ့် Apk လေးပါ
Size ~ 17 MB
OS ~ Android OS
Version ~3.5 (official)
Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀
၁၅၀၀ တန် စီဒီအမ်အေဖုန်းများ ဖုန်းခေါ်စဉ် သီချင်းသံကြားသည့်စနစ် အသုံးပြုသူ နှစ်သောင်းခွဲကျော်ရှိ
ယုဝေ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃
ဧပြီလအတွင်းက စတင်ချထားပေးခဲ့သည့် ကျပ် ၁၅၀၀ တန် စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ် မိုဘိုင်းဖုန်းများအတွက် ဖုန်းခေါ်စဉ် စောင့်ဆိုင်းတေးသံ (caller Ring Back Tone ) စနစ်ကို အသုံးပြုသူမှာ သြဂုတ်လ ပထမပတ်အထိနှစ်သောင်းကျော်ရှိနေပြီဖြစ်သည်ဟု ယင်းဝန်ဆောင်မှုကိုပေးသည့် MTS (Myanmar Telecommunication & Technology Services) ကုမ္ပဏီမှ ဈေးကွက်နှင့် လူထုဆက်ဆံရေးမန်နေဂျာ ဦးသက်ဇင်က ပြောသည်။
“Hello Music” ဟု နာမည်ပေးထားသည့် ယင်းဝန်ဆောင်မှုကို ပြီးခဲ့သည့်မေလအတွင်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လဆန်းအထိ အသုံးပြုသူ နှစ်သောင်းကျော်ရှိနေခြင်း ဖြစ်သည်။
ယင်းဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပတ်သက်ပြီး “အခုထိဖုန်း ring tone ထည့်တာကတော့ စီဒီအမ်အေ ၁၅၀၀ တန်ဖုန်းတွေပါပဲ။ ကြိုက်တဲ့သီချင်းကို ကျွန်တော်တို့ရဲ့ဝက်ဘ်ဆိုဒ်မှာ ရွေးချယ်နိုင်ပါတယ်။ကိုယ်ကြိုက်တဲ့သီချင်းက ၀က်ဘ်ဆိုဒ်မှာ မရှိရင်လည်း သက်ဆိုင်ရာဌာနကို ဖုန်းဆက်ပြီးပြောပြပေးလို့ ရပါတယ်” ဟု ပြောသည်။
အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဇူလိုင်လနောက်ဆုံးပတ်ခန့်က MTS ကုမ္ပဏီက မိတ်ဆက်ပေးခဲ့ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုလိုပါက ဖုန်းနံပါတ်-၁၂၁၂ သို့ ခေါ်ကာ ၀န်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။ ယင်းအပြင် ၃၃၃ သို့ “register” ဟု ရိုက်၍ စာတိုပို့စနစ်ပေးပို့ခြင်းဖြင့်လည်း ဆောင်ရွက်နိုင်သည်။
အဆိုပါ Hello Music ၀န်ဆောင်မှု အသုံးပြုခအတွက် လစဉ်ကြေးတစ်လလျှင် ကျပ် ၂၀၀၀ နှင့် သီချင်းတစ်ပုဒ်အတွက် ငွေကျပ် ၃၀၀ ပေးဆောင်ရမည်ဖြစ်သည်။
Hello Music ၀န်ဆောင်မှုမှာ ဖုန်းခေါ်ဆိုရာတွင် ပုံမှန်အသံအစား မိမိနှစ်သက်သော Music Clip များနှင့် အစားထိုးခြင်းဖြစ်ပြီး ယခုအသစ်ထပ်မံထွက်ရှိလာသော ၁၅၀၀ တန် စီဒီအမ်အေ ၀၉၃ ... နှင့် စသောဖုန်းများအတွက် Myanmar Telecommunication & Technology Services Co., Ltd. (MTS) မှ ၀န်ဆောင်မှုပေးခြင်းဖြစ်သည်။
ယင်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများထံသို့ Music Clip များ လက်ဆောင်ပေးနိုင်ခြင်း၊ မိတ်ဆွေတစ်ဦးချင်းအလိုက် နှစ်သက်ရာ Music Clip အား ခွဲခြားသတ်မှတ်နိုင်ခြင်းနှင့် ဖုန်းအတွင်း သတ်မှတ်ထားသောအုပ်စုများအား မိမိနှစ်သက်ရာ Music Clip များ သတ်မှတ်နိုင်ခြင်း စသည့် ၀န်ဆောင်မှုများကို ရယူနိုင်ကြောင်းသိရသည်။
ယင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အခြားမိုဘိုင်းဖုန်းများတွင်လည်း ဆောင်ရွက်နိုင်ပြီး ၁၅၀၀ တန်ဖုန်းများအတွက်မူ ပြီးခဲ့သည့် မေလကမှ စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ၁၅၀၀ တန်မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများမှတစ်ဆင့် ချထားပေးခြင်းဖြစ်သည်။
ငွေသိန်း ၂၅၀နှင့် အမျိုးသမီး အငှားကားပေါ်တွင် သတိလစ်ပြီး ငွေများပျောက်နေ
ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၇ မိနစ်
ငွေကျပ်သိန်း ၂၅၀ သယ်ဆောင်လာသဖြင့် အငှားကားငှားစီးခဲ့သူ အမျိုးသမီးတစ်ဦး ကားပေါ်တွင် သတိလစ်သွားခဲ့ပြီး ငွေများလည်း ပျောက်ဆုံးနေမှုတစ်ခု မြောက်ဥက္ကလာပ ရဲစခန်းတွင် သြဂုတ် ၅ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
ငွေများ ပျောက်ဆုံးသွားသည့် အမျိုးသမီးသည် အသက် ၂၅ နှစ်အရွယ် လက်ကိုင်ဖုန်း ၀ယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားသည်။
သူမသည် လွန်ခဲ့သော သုံးလခန့်ကတည်းက သိကျွမ်းပြီး လက်ကိုင်ဖုန်း အရောင်းအ၀ယ် ပူးတွဲလုပ်ကိုင်သူ တရုတ်လူမျိုး သူဌေးတစ်ဦးက တယ်လီဖုန်းရောင်းရငွေများ ပြန်ပေးမည်ဖြစ်သဖြင့် တာမွေမြို့နယ် သီတာလမ်းထိပ်သို့ ဇူလိုင် ၃၀ ရက် မွန်းလွဲတွင် လာရောက်ရန် ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း ရဲကို ထွက်ဆိုထားသည်။
သို့သော် ထိုသူရောက်မလာသဖြင့် ဆက်သွယ်လိုက်ရာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီးရှိ စားသောက်ဆိုင် တစ်ခုသို့ ထပ်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုဆိုင်သို့ ရောက်သောအခါ တရုတ်သူဌေး၏ တပည့်ဆိုသူ ပေးသည့် ငွေကျပ်သိန်း ၂၅၀ ကို ရေတွက်ယူပြီး ထိုသူကပင် ငှားပေးသည့် ကားနှင့်
ပြန်လာခဲ့သည်ဟု သူမက ရဲကို တိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့နောက် ကားပေါ်တွင် လိုက်ပါလာရင်း ဖုန်းပြောနေစဉ် သတိလစ်သွားခဲ့ပြီး ညသန်းခေါင်အချိန်တွင် ပြန်နိုးလာသဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကားလမ်းဘေး တစ်နေရာတွင် ရောက်ရှိနေကြောင်း သိခဲ့ရသည်ဟုလည်း ကာယကံရှင်က ရဲကို တိုင်တန်းထားသေးသည်။
ထို့ပြင် သူမနှင့်အတူပါလာသော ငွေ ကျပ်သိန်း ၂၅၀ သည်လည်း ပျောက်ဆုံးနေသလို ဘောင်းဘီအိတ်ထဲတွင် ပါလာသော ငွေကျပ် တစ်သိန်းငါးသောင်းနှင့် သူ့ဖုန်းပါ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း ရဲကို ပြောကြားထားသည်။
၎င်းအမျိုးသမီးသည် သူနှင့်အတူလက်တွဲ အလုပ်လုပ်ကိုင်ခဲ့သည်ဆိုသော တရုတ်သူဌေး၏ အမည်နှင့် သူ့ထံ ငွေများလာပေးသည့် ထိုသူဌေး၏ တပည့်အမည်တို့ကို မသိရှိကြောင်းလည်း ရဲများကို ထွက်ဆို ထားသည်။
သူမသည် ညသန်းခေါင်အချိန် ပြန်နိုးလာချိန် ရောက်ရှိနေသည်မှာလည်း ဆင်ခြေဖုံးမြို့နယ်ဖြစ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာအနီး ကားလမ်းဘေးတွင် ဖြစ်ကြောင်းလည်း ရဲက အတည်ပြုထားသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ငွေများကို ခိုးယူသွားသူကို စုံစမ်းပေးပါရန် ၎င်းအမျိုးသမီးက မြောက်ဥက္ကလာပ ရဲစခန်း၌ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းက အမှုအမှတ်(ပ)၆၂၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲဆိုမည်ဟု သတင်းထုတ်ပြန် ထားသည်။
Mizzima - News in Burmese
ကြက်ဥပြုတ်သယ်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ
Wednesday, August 07, 2013
အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲ တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။
ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီး တစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာ ကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။
ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့ တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့ လာ ချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့ လာ ရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။
အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။
ဒီအတွက် Quezon City က Informatics College မှာ သွားတက်
ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။
အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီး သွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။
Ref: dyknow
International news for myanmar
ဒု ၀န်ကြီး ၂ ဦးကို နောက်ထပ် ပူးတွဲ ဒုဝန်ကြီး တာဝန်ပေး
ဧရာဝတီ Thursday, August 8, 2013
ပြုပြင်ပြောင်းလဲရေး သင်္ကေတလို့ အမေရိကန် သတင်းဌာနတခုက သမ္မတ ဦးသိန်းစိန်ကို အမည်ကင်ပွန်း တပ်ခေါ်ဝေါ် သုံးနှုန်းခဲ့သလို အခုလည်း နောက်ထပ် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတရပ်အနေနဲ့ ဒု ၀န်ကြီး ၂ ဦးကို ပြောင်းလဲတာဝန်ပေးအပ်လိုက်ပြန်ပါတယ်။
အဆိုပါ ဦးဇင်ယော်( နိုင်ငံခြားရေး ဒု ၀န်ကြီး) ကို ပို့ဆောင်ရေး ဒု ၀န်ကြီး အဖြစ်နဲ့ ဦးမြင့်ဇော် ( လျှပ်စစ်စွမ်းအား ဒု ၀န်ကြီး ) ကို စွမ်းအင် ဒု ၀န်ကြီးတွေအဖြစ် ၀န်ကြီးဌာန ၂ ခုအတွက် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ အတွက် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။
မကြာသေးမီကလည်း ထူးခြားမှုမရှိတဲ့ ဒုဝန်ကြီး အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။
သေးငယ်ပေမယ့် အစွမ်းပကားက ကြီးမားလှတဲ့ Android Assistant
ကျွန်တော်တို့ Android Internal storage တွေအနည်းဆုံး 1GB လောက်ပါတဲ့ ဖုန်းတွေမှာ တခါတခါ ဘာမှ မထည့်ပဲ ရပဲ Storage full ဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလို တခြား အသုံးတဲ့မယ့် tools တွေအများကြီးပါတဲ့ apk ဖိုင်လေး တခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ နံမယ်ကတော့ Android Assistant ဆိုတဲ့ app လေး တခုဖြစ်ပါတယ်။ အဲ့မှာဘာတွေပါလည်း ဆိုတော့
အပေါ်က screen shot လေးကို အရင်ပြောချင်ပါတယ် အဲ့ထဲက System clean ဆိုတာကို ၀င်လိုက်မယ်ဆိုရင်
ဒီ screen လေးပေါ်လာပါ့မယ် အဲ့မှာ Full Scan လေးကို နှိပ်လိုက်မယ်ဆို အခု ဖော်ပြပါ Scree Short
လေးမှာပါတဲ့အတိုင်း အနီရောင်လေးနဲ့ ပြထားတဲ့  ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ files
တွေဖြစ်ပါတယ်။ ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာ
file size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကို
ကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်
Android Assistant for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Android Assistant အားရယူရန် (Link 1)
Android Assistant အားရယူရန် (Link 2)
Google Drive မှ ဒေါင်းရန်
ပို့စ်ရေးသားသူ- ကိုကျတ်ကလေး (Myanmar Mobile Users Group)
From: Myanmar Mobile App
Wednesday, August 7, 2013
Galaxy Grand GT-I9082 v4.1.2 Customer များ သတင်းကောင်းလေးပါးလိုက်ပါတယ်
 Galaxy Grand GT-I9082 Version 4.1.2 Customer သတင်းကောင်းလေးပါးလိုက်ပါတယ်.................
 မြန်မာစာစနစ်ပါပြီးသားကို SAMSUNG မှ Update ပေးလိုက်ပါတယ်...........အဲတော့ ဝိုင်ဖိုင် ရှိတဲ့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်များ ကိုယ့်ဖုန်းကို Update လုပ်နိုင်ပါတယ်......
စိတ်တော့ရှည်ရပါတယ်...(4) ခါလောက်လုပ်မှအဆင်ပြေနိုင်ပါတယ်..................:)
Ref : https://www.facebook.com/itgardenmr
Credit : IT Garden
ပြည်တွင်းတွင် WiMax အင်တာနက် ကို တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်
 ပြည်တွင်းတွင် WiMax အင်တာနက် ၀န်ဆောင်မှုပေးသည့် Red Link Communications Company Ltd. မှ အင်တာနက် တပ်ဆင်ခ ကနဦးပေးသွင်းငွေပေးရန်မလိုဘဲ တပ်ဆင်နိုင်မည်ဖြစ်သည်ဟု ယင်း ကုမ္ပဏီမှ သိရသည်။
ယင်းသို့ရောင်းချရာတွင် ကနဦးတပ် ဆင်ခအခမဲ့ဖြစ်ပြီး တပ်ဆင်ရမည့်ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်ကာ သုံးစွဲမည့် အင်တာနက်လိုင်း Plan အလိုက် ဈေးနှုန်းကွာခြားချက်များရှိမည်ဖြစ်သည်။
ပရိုမိုးရှင်းကာလအဖြစ် သြဂုတ် ၂ ရက် မှ ၈ ရက်အထိ Red Link ၏ Sales Office များဖြစ်သော Pearl Condo, BAK IT Mall, Junction Square၊ ချော်တွင်းကုန်းအရောင်းဆိုင်၊ Junction Mawtin အရောင်းဆိုင်နှင့် ဈေးကွက်အတွင်းရှိ Red Link အရောင်း ကိုယ်စားလှယ်ကြီးများထံတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
ယခင် ကျပ် ၄၅၀၀၀၀ နဲ့ရောင်းချရာ မည်သည့် Plan ဖြင့် ၀ယ်ယူသည်ဖြစ်စေ ယင်းဈေးနှုန်းတွင် ကနဦး တပ်ဆင်ခ၊ CPE (Router) တန်ဖိုးနှင့် နှစ်စဉ်ကြေးများ ပါဝင်သည်။ ယခုလျှော့ချပေးသောဈေးနှုန်းများတွင် ကနဦးတပ်ဆင်ခလျှော့ချပေးပြီး Gold Plus Plan အသုံးပြုလိုသူများအတွက် Router တန်ဖိုး ၅၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ်၂၃၀၀၀၀ ဖြစ်သည်။ Prepaid Plan အသုံးပြုသူများအတွက် Router တန်ဖိုး ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး နှစ်စဉ်ကြေးအပါအ၀င် ကျပ် ၃၀၀၀၀၀ နှင့် အခြား Plan အသုံးပြုသူများမှာ ကျပ် ၄၀၅၀၀၀ ကျသင့်မည်ဖြစ်သည်။
ယင်းအပြင် Prepaid Plan အသုံးပြုသူများအတွက် 3 GB ငွေဖြည့်ကတ် ၁၀ ကတ် ၀ယ်ယူပါက 1 GB ငွေဖြည့်ကတ် ၁၀ ကတ် ထပ်ဆောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နန်းမြင့်
Mizzima - News in Burmese 
Ref :  http://www.thithtoolwin.info
Tuesday, August 6, 2013
လက်ပံတောင်းမှာ ရွာတရွာကို လုံထိန်းတွေ ၀င်ရောက်စီးနင်း
Tuesday, August 6, 2013
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက ပုဒ်မ ၁၄၄ အထုတ်ခံထားရတဲ့ ဇီးတောကျေးရွာကို ယနေ့ နံနက် ၁ နာရီခွဲလောက်က လုံထိန်းအင်အား ၃၀၀ ၀န်းကျင်လောက်နဲ့ ၀င်ရောက် စီနင်းခဲ့တယ် လို့ ဒေသခံ တဦး က ပြောပါတယ်။ 
 ယမန်နှစ် နိုဝင်ဘာ ၂၉ မနက် ၃ နာရီက လက်ပံတောင်း သပိတ်စခန်း စီးနင်းဖြိုခွဲခံရစဉ်မြင်ကွင်း၊ 
ဓာတ်ပုံ- ဧရာဝတီ
အဲဒီလို စီးနင်းရာမှာ လုံထိန်း တပ်ဖွဲ့ဝင်တွေဟာ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းကိုလည်း ရိုက်ချိုးဖျက်ဆီးခဲ့ ကြသလို ရွာသားတွေကိုလည်း ရိုက်နှက်ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ သိရပြီး ရွာသား ၂ ဦးကတော့ လက်ထိပ် တန်းလန်းနဲ့ ထွက်ပြေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
ရွာထဲ ၀င်ရောက်စီးနင်းချိန်မှာ ဒေသခံတွေကို ကူညီနေတဲ့ ကျောင်းသားတွေကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေ လုပ်ကြောင်းလည်း အဆိုပါ ဒေသခံက ပြောပါတယ်။ 
ဒါကြောင့် အနီးရှိ ဆည်တည်း၊ မိုးကြိုပြင်၊ တုံရွာတို့ကလည်း လုံထိန်းတွေ ၀င်ရောက်စီးနင်းတာ မခံရစေဖို့ ရရာ လက်နက် စွဲကိုင်ပြီး ကာကွယ်ဖို့ အဆင်သင့် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 
 ဒေါ်အောင်ဆန်းစုကြည် မုံရွာကို လာမယ့်နေ့ ယမန်နှစ် နိုဝင်ဘာလ ၂၉ ရက် မနက် ၃ နာရီကလည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး သပိတ်ကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွဲ ခဲ့လို့ သံဃာတော်တွေနဲ့ ဒေသခံတချို့ မီးလောင် ဒဏ်ရာတွေသင့်ခဲ့ကြပါသေးတယ်။ 
ဒီနေ့လည်း ရှစ်လေးလုံး ငွေရတု အခမ်းအနား စတင်ကျင်းပမယ့် နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ 
ဝင်ရောက်စီးနင်းခံခဲ့ရတဲ့ ဇီးတောရွာ ဘုန်းတော်ကြီးကျောင်းလည်း နောက်ပိုင်းမှာ ရွာသားတွေက သာသနာ့မြေကို ပြန်လည် ပေးအပ်နိုင်ခဲ့တယ်လို့ လက်ပံတောင်း အရေး ကူညီပေးနေသူ ပြည်သူ့ အကျိုး ဆောင် ကွန်ယက်က ကိုဝေဠုက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း အသိပေးထားပါတယ်။ 
လက်ပံတောင်းဆိုတာ ဖိရင် ကြွမယ် ဆိုတဲ့ သခင်စိတ်နဲ့ အစီးနင်းခံရတဲ့ ဇီးတော ဘုန်းတော်ကြီးကျောင်းကို ပြန်သိမ်းလိုက်နိင်ပါပြီ ။ ဒီင်္လို ညကြီး သန်းခေါင် မီးမှောင်မှောင်မှာ ရွာသား အင်အား (၅၀၀) ခန့်က သာသနာ့မြေကို သံဃာတွေအတွက် ပြန်ပေးလိုက်နိင်ပြီ ။
ဘာတွေ ဆက်ဖြစ်လာအုန်းမည်နည်း . . . မည်သူတွေ ထိန်းညှိုနိင်ကြမည်နည်း . . .
လေးစားလျှက်
ရန်ကုန် ပြည်သူ့အကျိုးဆောင် ကွန်ရက်
အိမ့်သံစဉ် ~
Fashion ဆိုင်အရောင်း ဝန်ထမ်းများ၏ လှည့်စားခြင်းကို ဝယ်ယူသူများ အထူး ဂရုပြုသင့်ပြီ
အချို့သော Fashion ဆိုင်အရောင်း ဝန်ထမ်းများသည် အင်္ကျီ၊ ဘောင်းဘီများ၏ သတ်မှတ် ဈေးနှုန်းများထက် ပိုမိုဈေးတင်၍ ရောင်းချခြင်းကို ဝယ်ယူသူများ အနေဖြင့် အထူးဂရုပြု သင့် နေပြီ ဖြစ်သည်။
Shopping Centre များရှိ Fashion ဆိုင်များတွင် အင်္ကျီ၊ ဘောင်းဘီ၊ ခါးပတ်၊ ဖိနပ်နှင့် အနွေးထည် စသည့် Fashion ပစ္စည်းများကို ရောင်းချရာတွင် ဈေးနှုန်းကပ်၍ ရောင်းချသည့် ပစ္စည်းများ ရှိသကဲ့သို့ ဈေးနှုန်း မကပ်ဘဲ ရောင်းချသည့် ပစ္စည်းများလည်း ရှိသည်။
Fashion ဆိုင်များတွင် အရောင်းဝန်ထမ်း ပြုလုပ်သူ တစ်ဦးက ''ဆိုင်တွေမှာက သူဌေးနေ့တိုင်း လာတဲ့ ဆိုင်တွေ ရှိသလို တစ်ပတ်ကို သူဌေးနှစ်ရက်လောက်ပဲ လာတဲ့ဆိုင်တွေလည်း ရှိတယ်။ သူဌေး မရှိရင်လည်း ဆိုင်မှာ အုပ်ချုပ်သူ တစ်ဦးဦးတော့ ရှိတာပေါ့။ ဒါပေမဲ့ အကုန် လုံးက နေ့လယ် ထမင်းစားချိန်၊ ညနေမုန့်စားတဲ့ အချိန်ရှိတယ်။ အဲဒီအချိန်တွေမှာ ဝန်ထမ်း တွေအတွက်က အခွင့်အရေးပဲ။ ဝယ်ယူသူတွေ လာရင် ပစ္စည်းတွေကို ဈေးတင်တယ်။ အဲဒီ အချိန်မှာ အခြားဝန်ထမ်း နှစ်ဦးက အပေါက်ဝကနေ ဆိုင်ရဲ့ အုပ်ချုပ်သူ လာ၊ မလာကို စောင့် ကြည့်ကြတယ်။ ဆိုင်ထဲမှာ ဝယ်တဲ့သူကို ဂွင်ရိုက်နေချိန် ဆိုင်ရဲ့အကြီးအကဲ ပြန်လာရင် သင်္ကေတ တစ်ခုခုနဲ့ အချက်ပြတယ်။ ဥပမာ- လက်ဖျောက် တီးတာတို့၊ လေချွန်တာ တို့ပေါ့ဗျာ။ အဲဒီ အချိန်အထဲမှာ ဝယ်သူကို ဈေးတင်ပြီးသား ဖြစ်နေရင်လည်း အခြား တစ်ယောက်က ရုပ်ရှင် ရိုက်ရတာပေါ့။ စာရွက်တစ်ခုကို ကြည့်ပြီး ဈေးမှားနေတယ်လို့ ပြောရ တာပေါ့'' ဟု
Read More >> http://www.myawady.com.mm/allnews/local/item/21577-2013-08-06-09-51-23
ပရိတ်တရားတော် Payate v1.0
Name : Payate
Version :1.0
Size : 17.2 MB
Format : apk
O/S : Android
ပရိတ်တရားတော် ကို Android ဖုန်းပေါ်မှာ နားထောင်ရင်း ပရိတ်တရားတော်များကို ဖတ်ရှုနိုင်တဲ့ application ပါ။ နားထောင်ရင်း စာပါဖတ်လို့ရတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ ထွက်ထားတာတော့ နဲနဲကြာပါပြီ။ လိုရမယ်ရ ပြန်လည် တင်ပေးလိုက်ပါတယ်ဗျာ။ အားလုံးအဆင်ပြေပါစေ။
MMZ | Dropbox
(Dropbox နှင့် MMZ (MyanmarMobileZone) တို့သည် Direct Link များဖြစ်ပါတယ်)
(နှိပ်လိုက်တာနှင့် Download တန်းကျလာပါလိမ့်မယ်)
Sunday, August 4, 2013
ငွစက္ကူရဲ့  ရောဂါပိုး သယ်ဆောင် နိုင်မှုက ကြောက်ဖို့ ကောင်း
YTalk
အများဆုံးရယ်လို့ မဟုတ်ပါဘူး။ သို့ပေမယ့် ငွေစက္ကူရဲ့  ရောဂါပိုး သယ်ဆောင် နိုင်မှုက ကြောက်ဖို့ ကောင်းပါတယ်။
Flu လို့ခေါ်တဲ့ တုပ်ကွေး ဗိုင်းရက်စ် တစ်မျိုးဟာ လူ့ခန္ဓာကိုယ် အပြင်ဘက် မှာ အချိန် အကြာဆုံးအားဖြင့် ၄၈ နာရီသာ အသက်ရှင် နိုင်ပါတယ်။ သို့ပေမယ့် သူဟာ ငွေစက္ကူပေါ်မှာ ကပ်နေရင်တော့ ၁၀ ရက်အထိလည်း အသက်ရှင်နိုင်ပါတယ်။
၁၀ ရက်ကြော်သွားတဲ့အခါ မရှင်တော့ပေမယ့် ယင်းနေရာအစား အခြား ဗိုင်းရက်စ်က အစားနေရာ ပြန်ယူပါတယ်။ နေ့စဉ် လူတွေ ကိုင်တွယ် အသုံးပြုတဲ့ ငွေစက္ကူဟာ ရောဂါပိုးသယ်ဆောင်မှု အများဆုံး အရာဝတ္ထု ပစ္စည်းစာရင်းထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် ငွေစက္ကူအများဆုံး ကိုင်တွယ် လုပ်ကိုင်ရသူများ အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အဆုတ် ကင်ဆာ ရောဂါ အစရှိသဖြင့် ရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ငွေစက္ကူများကို အများအားဖြင့် ကိုင်တွယ်နေရသူများဟာ လက် သန့် ရှင်းရေး ကို အထူးသတိထားရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
medic-facts
နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါ
နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး
ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။
တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။
နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။
ref:(Discoveries Myanmar)
ရောဂါကြောင့် မရပ်မနား ရယ်မောနေရရှာ သည့် Xu Pinghui
တရုတ်ပြည် အနောက်ပိုင်း ချောင်ကျင်းတွင် နေထိုင်သည့် Xu Pinghui သည် အသက် ရှစ်လက အရွယ်က ဖျားခဲ့ပြီးနောက် မရပ်မနား စတင် ရယ်မောခဲ့သည်။ လှိျု့ဝှက်ဆန်းကြယ်သည့် သူမ၏ ကျန်းမာရေး အခြေအနေကြောင့် အသက် နှစ်နှစ်အရွယ်တွင် စကားပြောနိုင်စွမ်း ဆုံးရှုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်အထိ ရယ်သံများနှင့်သာ ဆက်သွယ်နိုင်သည်။ စကားပြောရန် ကြိုးစားတိုင်း ရယ်သံများ ချည်းထွက်နေရာ ငယ်စဉ်က အဖျားရောဂါ ဖြစ်ပြီး ဦးနှောက်ရှိ Frontal Lobe အစိတ်အပိုင်း ထိခိုက်မှုကြောင့် ဖြစ်ရသည့် အကြောင်းရင်းကို ဆေးပညာရှင်တို့က ရှာဖွေလေ့လာလျက် ရှိကြောင်း သိရသည်။Ref:ပြည်မြန်မာ
မှတ်ဖွယ်စုံရာ
မှတ်ဖွယ်စုံရာ သုတပဒေသာ(၄)
      ပေါက်ကြပါတယ်။
 ၂။ ကမ္ဘာကျော်သိပ္ပံပညာရှင် အဲဗက်အိုင်းစတိုင်း (Albert Einstein)ဟာ
      သူအသက် ၄ နှစ်သားမတိုင်ခင်အထိ စကားမပြောခဲ့ပါဘူး။
 ၃။ ကမ္ဘာပေါ်တွင်တွေ့ရှိခဲ့ပြီးသော အကြီးဆုံးစိန်ရိုင်းတုံးကြီးမှာ (၃၁၀၆)မက်ထရစ်
      ကာရက်(၁ ၁/၄ ပေါင်)ရှိ ကူလီနန်စိန်ကြီး ဖြစ်ပါတယ်။
 ၄။ မိုးရေမှာ ဗီတာမင် B12 ပါဝင်ပါတယ်။
 ၅။ ခြင်္သေ့ထီးတွေဟာ တစ်နေ့ မှာအကြိမ် ၅၀ လောက် မိတ်လိုက်နိုင်ပါတယ်။
 ၆။ အစ္စရေးနိုင်ငံမှာရှိတဲ့ ပင်လယ်သေ (Dead sea)ဟာ ပင်လယ်ရေမျက်နှာပြင်
      အောက် ၁၃၁၂ ပေ နိမ့်ပါတယ်။
      ဖြစ်ပါတယ်။
 ၈။ ချင်ပန်ဇီ(Chimpanzee) တွေဟာ မှန်ထဲမှာသူတို့ ပုံကို သူတို့ သိနိုင်ပါတယ်။
      ဒါပေမယ့် မျောက်တွေကတော့ မသိကြပါဘူး။
 ၉။ မျောနေတဲ့ ရေခဲတောင် (Ice berg) တွေရဲ့ ပျမ်းမျှအလေးချိန်ဟာ ၂၀ ၀၀၀ ၀၀၀တန်
      လေးပါတယ်။
       နိုင်ငံ ယောခ့်ရှိုင်းယားနယ် တွင်စတင်သုံးခဲ့ပါတယ်။ ဒီရထားဟာ ၁၅၅၀
       မတိုင်ခင်ကကျောက်မီးသွေးတွင်းများမှာအသုံးပြုခဲ့တဲ့ ရေနွေးငွေ့သုံးမီးရထား
       ဖြစ်ပါတယ်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ပါစေ.............နေခရမ်း
ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရ
ခန္ဓာကိုယ်မှ အလိုအလျောက်မီးထတောက်လောင်ကျွမ်းမှုများ (၃)
ဒီလိုသဘာဝလွန်အဖြစ်မျိုးတွေက ယုံကြည်ဖို့ ခက်ပါတယ်။အမှန်တရားတစ်ခု
အနေနဲ့တင်ပြခြင်းမဟုတ်ပါဘူး။ နိုင်ငံတကာမှာဖြစ်ပျက်နေတာတွေ မှတ်တမ်း
တင်ထားတာတွေကို ပြန်လည်တင်ပြပေးခြင်းပါ။ ဒီတစ်ခါတင်ပြမဲ့အကြောင်း
လောင်တဲ့ အဖြစ်တစ်ခုကိုပါ။
၁၉၆၄ ခုနှစ်က အမေရိကန်ပြည်နယ် တက္ကဆတ်ပြည်နယ် ဒါးလက်မြို့ မှာပါ။
အသက် ၇၅ နှစ်ရှိတဲ့ အိုလ်ဂါစတီဖင် ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့ ကားပေါ်မှာ
ထိုင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်မီးထတောက်လောင်ကျွမ်းခြင်းကို ခံရပါတယ်။
မီးအရှိန်ဘယ်လောက်ပြင်းသလဲဆို စက္ကန့် ပိုင်းအတွင်းပြာကျသေဆုံးခဲ့ရပါတယ်။
အချိန်ခဏအတွင်းလောင်ကျွမ်းပြီးမီးငြိမ်းသွားသဖြင့် ကားထဲက ပစ္စည်းတွေက
တော့အကောင်းအတိုင်း ကျန်ရှိနေပါတယ်။ ဒီအဖြစ်အပျက်ဖြစ်ပွားနေစဉ်မှာ
အနီးမှာ မျက်မြင်သက်သေတွေရှိခဲ့ကြပါတယ်။
တစ်စုံတစ်ခုသော ပယောဂကြောင့်ဆိုရင် ပြာကျလောက်အောင်ပြင်းထန်စွာ
လောင်သောမီးဟာ ခဏအတွင်းမှာ မငြိမ်းနိုင်ပါဘူး။အနည်းဆုံးတော့ ကားကတော့
ရစရာမရှိအောင် ဖြစ်သွားမှာပါ။ ဥပမာ ဗုံးခွဲခြင်းမျိုးပေါ့။ လူကိုသာမီးရှို့ သာဆိုရင်
တော်တော်နဲ့မသေနိုင်ပါဘူး။စဉ်းစားစရာကောင်းတဲ့ အဖြစ်မျိုးပါ။
ဒီလိုအဖြစ်မျိုးတွေကို မှတ်တမ်းတင်ထားရာမှာ
၁၉၅၀ တွင် ၁၁ မှု။
၁၉၆၀ တွင် ၇ မှု။
၁၉၇၀ တွင် ၁၃ မှုရှိခဲ့ပါတယ်။ ဒါ ၃ နှစ်ထဲစာရင်းပါ။ နှစ်တိုင်းနီးပါးဖြစ်ပျက်မှတ်တမ်း
တင်ထားကြပါတယ်။ လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကတောင် ဒါမျိုးအဖြစ်အပျက်ကို
ဖြစ်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။
နောင်လာမဲ့ အပိုင်းမှာ ဒီလိုပဲ ထူးဆန်းစွာဖြစ်ခဲ့သူများကို ဆက်လက်တင်ပြပေး
ပါမယ်။            
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ………… နေခရမ်း
နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိ
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းရှိ ကန္တာရတစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၂ သန်းကျော် ၀န်းကျင်ခန့်က ဒိုင်နိုဆောကြီး တစ်ကောင်၏ အမြီးပိုင်း ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ထုတ်ဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သော အမြီးပိုင်းရုပ်ကြွင်းမှာ ၁၅ ပေခန့် ရှည်လျားပြီး ပုံသဏ္ဍာန် ပျက်စီးယိုယွင်းခြင်း မရှိဘဲ အရိုးအဆစ်များမှာ နဂိုမူလ အမြီးအတိုင်း ကျန်ရှိနေခြင်း ဖြစ်ကြောင်း အမျိုးသား မနုဿဗေဒနှင့် သမိုင်းတက္ကသိုလ် ညွှန်ကြားရေးမှူး ဖရန်စစ္စကိုအဂွီလာက ပြောကြားခဲ့သည်။
အမြီးရုပ်ကြွင်းကို မက္ကဆီကိုနိုင်ငံ နယ်စပ်ဒေသရှိ ကိုဟီလာပြည်နယ် အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆစ်ပေါင်း ၅၀ကျော် ပါဝင်သည့် အမြီး ရုပ်ကြွင်းကြီးမှာ ကန္တာရအတွင်း ရက် ၂၀ ကျော်ကြာ သဲများ ကြားမှ ခက်ခက်ခဲခဲဖြင့် တူးဖော်ခဲ့ပြီးနောက် ရုပ်လုံးကြွလာပြီ ဖြစ်ကြောင်း အဂွီလာက ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတူးဖော်မှုကို မက္ကဆီကိုနိုင်ငံ အမျိုးသားတက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင်များက ဦးဆောင် လုပ်ကိုင်ခဲ့ပြီး ဒိုင်နိုဆောများ ကမ္ဘာပေါ်မှ မျိုးသုဉ်း ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ရှာဖွေတွေ့ရှိ နိုင်မည့် သဲလွန်စ တစ်ခု ဖြစ်ကြောင်း ဖရန့်စစ္စကိုအဂွီလာက သုံးသပ် ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန် လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
မျက်လှည့်ဆရာ၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့် ပြကွက်ကို လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်တွင် မျက်လှည့်ဆရာ အန်ဒီဂရော့စ်၏ ကိုယ်တစ်ပိုင်းပြတ် မျက်လှည့်ပြကွက်ကို ခရီးသွားဟန် လွှဲပြသခဲ့ရာ လမ်းသွားလမ်းလာများ အထိတ်တလန့် ဖြစ်ခဲ့ရသည်။ အန်ဒီဂရော့စ်သည် မီချီဂန်ပြည်နယ် အတွင်းရှိ ဥယျာဉ် တစ်ခုတွင်းသို့ ၀င်ရောက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ကာ ခါးပိုင်းကို လက်ဖြင့်ကိုင်ပြီး လမ်းလျှောက်ပြခဲ့သည်။
ထိုမျက်လှည်ပြကွက်ကို ရုတ်တရက် ပြသခဲ့ချိန်တွင် အခိျု့အမျိုးသမီးများသည် အထိတ်တလန့် ထွက်ပြေးခဲ့သဖြင့် အလဲလဲ အပြိုပြို ဖြစ်ခဲ့ရသည်။ ထိုမျက်လှည့်ပြကွက်ကို စိတ်ဝင်စားသော လူငယ်လူရွယ်အခိျု့က မှတ်တမ်းတင် ဓာတ်ပုံများ၊ ဗီဒီယိုများ ရိုက်ကူး မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ အန်ဒီဂရော့စ် မျက်လှည့် ပြသခဲ့ချိန်တွင် ရုတ်တစ်ရက် အထိတ်တလန့် ဖြစ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် စိတ်ဝင်စားမူက လွှမ်းမိုးခဲ့ပြီး ထွက်ပြေးရန်ပင် သတိရမိခဲ့ခြင်း မရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသမီးတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
Saturday, August 3, 2013
ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့
ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ကျည်ဆံခိုးပို့သူ ကျည်ဆံများနှင့် အတူ ပလက်ဝမြို့နယ်တွင် ဖမ်းဆီးခံရ
 ရခိုင်ပြည်နယ် ကျောက်တော်တပ်နယ်မှ ကျည်ဆံများကို ဘင်္ဂလာနယ်စပ် လက်နက်ကိုင် အဖွဲ့တစ်ခုသို့ တရားမ၀င် ပို့ဆောင် ရောင်းချနေသူ တစ်ဦးကို ပလက်ဝမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ ဦးအောင်သာဖြူ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
“ လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကပါ။ ပလက်ဝမြို့နယ် သရော်အိုင်မှာ ဦးကျော်သိန်းညွှန့် စက်လှေ ပေါ်က ဖမ်းမိတာပါ။ ကျည်ဆံက ၃၀၀ တောင့်ပါ။ ပိုင်ရှင်က ဦးအောင်သာဖြူ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ကျည်ဆံများကို ဘင်္ဂလာဒေခ်ျ့နယ်စပ်သို့ ခိုးထုတ်စဉ် စက်လှေပေါ်တွင် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
အလားတူ တပ်ထဲမှာ ကျည်ဆံများကို ခိုးထုတ်ပြီး အပြင်တွင် ရောင်းချရန် စီစဉ်နေသည့် ကျောက်တော်မြို့နယ် လမ်းမတော်ရွာမှ ဒေါ် မအေးကြည်ကို ဇူလိုင်လ ၇ ရက်နေ့က ကျဉ်ဆန် ၃၀၀ နှင့် အတူ ဖမ်းဆီးမိခဲ့သည်။
အဆိုပါကျည်ဆံများသည် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ ၃၇၄ တပ်ရင်းမှ သူမ၏ ခဲအိုတော်စပ်သူ တပ်ကြပ်ကျော်ဝေမှ ခိုးထုတ်ထားသော ကျည်ဆံများ ဖြစ်ကြောင်း သိရသည်။ နောက်ပိုင်းတွင် တပ်ကြပ်ကျော်ဝေကို ရဲက ဖမ်းဆီးခဲ့သည်။
နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေ
Thursday, 1 August 2013
ပန်းဘဲတန်းမြို့နယ်ရှိ လောင်းကစား ဒိုင်ကြီးအား ဖမ်းဆီး အရေးယူ
ပန်းဘဲတန်းမြို့နယ်ရှိ နှစ်လုံး/သုံးလုံး လောင်းကစား ဒိုင်ကြီးအား အဖွဲ့များခွဲ၍ ၀င်ရောက်ဖမ်းဆီး အရေးယူ ရန်ကုန်၊ သြဂုတ် ၁
၁.၈.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂) နှင့် အုပ်ချုပ်မှု တပ်ခွဲ၊ မှုခင်း အကူဌာနမှ တပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်း မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ အဖွဲ့များခွဲကာ လောင်းကစား သတင်းအရ သက်သေများနှင့် အတူ ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်၊ (၂၉)လမ်း၊ (၃)လွှာရှိ အမှတ်(၁၀၀)နေအိမ် သို့ ၀င်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ ၀ဲဘက်ခြမ်းတွင် နေမျိုးလွင်၊ (ဘ)ဦးသန်းလွင်၊ ပန်းဘဲတန်းမြို့နယ် နေသူနှင့် ထွန်းရွှေ၊ (ဘ)ဦးကြည်အေး၊ လသာမြို့နယ်နေသူတို့ (၂)ဦးအား နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ် ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေကျပ်(၁၃၈၁၀၀) တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/ ၁၆(က) ဖြင့် အရေးယူထားရှိပါသည်။
ဆက်လက်၍ အဆိုပါနေအိမ်၏ ယာဘက်ခြမ်းတွင် ထွန်းသိန်း (ခ)ကစ္စနား (ဘ)ဦးမာရီပါး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စိုးဝင်း(ခ)ရှဖီး (ဘ)ဦးသန်းမြင့်၊ ပန်းဘဲတန်းမြို့နယ်၊ အီစမိုင်အင် (ဘ)ဦးရာကွပ်၊ ပန်းဘဲတန်းမြို့နယ်၊ အောင်ဝင်း (ဘ)ဦးလှမောင်၊ ပုဇွန်တောင်မြို့နယ်၊ ဗာလု (ဘ) ဦးရေနေမလယ်၊ မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ အောင်မြင့် (ဘ)ဦးဘစိန်၊ဒဂုံမြောက်မြို့နယ်၊ တမီးလ် (ဘ)ဦးဆာမိ၊ ဒလမြို့နယ်၊ ကျော်ကျော်လွင် (ဘ)ဦးသိန်းလွင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင်ကြည် (ဘ)ဦးမောင်ပါ၊ ပန်းဘဲတန်းမြို့နယ်၊ ရာအိမ် (ဘ)ဦးအဒူရမန် သင်္ဃန်းကျွန်းမြို့နယ်၊ မောင်သန်း (ဘ)ဦးမြသိန်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မောင်တင် (ဘ)ဦးအဇူး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဥာဏ်ထွန်း (ဘ)ဦးချစ်လွန်း၊ လမ်းမတော် မြို့နယ်၊ သန်းအေး (ဘ)ဦးစိန်လှအောင်၊ ဒလမြို့နယ်၊ ဖာဂွန် (ခ)သန်းထွန်း (ဘ)ဦးနူမော်မက်၊ ပန်းဘဲတန်းမြို့နယ်၊ မတင်လှ (ဘ)ဦးရှိန်ဒါဝင်၊ ဒလမြို့နယ်၊ မဥမ္မာ (ဘ)ဦးကျော်၊သာကေတမြို့နယ်၊ စိုးရာဇာဝင်း (ဘ)ဦးမြင့်သန်း၊ မရမ်းကုန်းမြို့နယ်၊ ဇော်ဝင်း (ဘ)ဦးလှရွှေ၊ ပန်းဘဲတန်းမြို့နယ်၊ ခင်ဇော် (ဘ)ဦးတင်လှိုင်၊ သာကေတမြို့နယ်၊ တင်ငွေ (ဘ)ဦးခင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ လှဝင်း (ဘ)ဦးလှမောင်၊ ပန်းဘဲတန်းမြို့နယ်၊ မောင်အေး (ဘ)ဦးမြင့်သိန်း၊ ပန်းဘဲတန်းမြို့နယ်နှင့် ဒိုင်ချုပ်ဖြစ်သူ ကျော်ကိုကို (ခ)အငယ်လေး (ဘ)ဦးမောင်စိန်၊ ပန်းဘဲတန်းမြို့နယ် နေသူတို့ (၂၄)ဦးတို့အား နှစ်လုံးထီ၊ သုံးလုံးထီလောင်း ကစားစာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၃၃၁၁၉၅၀)နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ သဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၄၄/ ၂၀၁၃၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီ
Snowden ရုရှားမှာ ယာယီခိုလှုံခွင့်ရရှိ
စနိုဒမ်အတွက် ရုရှနိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီ အထောက်အထား (သြဂုတ်လ ၁၊ ၂၀၁၃) အမေရိကန်ထောက်လှမ်းရေးဌာနမှာ ၀န်ထမ်းခဲ့တဲ့ ၀ရမ်းပြေး Edward Snowden ကို ရုရှားနိုင်ငံက ခိုလှုံခွင့် ပေးလိုက်ပြီဖြစ်တဲ့အတွက် သူရောက်နေတဲ့ မော်စကိုမြို့လေဆိပ် ဖြတ်သန်းရာ နားနေဇုံကနေ ရုရှားနိုင်ငံထဲကို တရားဝင် ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုဒန်ကို ရုရှားအာဏာပိုင်တွေက ၁ နှစ် ခိုလှုံခွင့်ပြုလိုက်တဲ့အကြောင်း စနိုဒန်ရဲ့ရှေ့နေ Anatoly Kuchenrena က ကြာသပတေးနေ့မှာ ပြောပါတယ်။ သူ့ကို ထွက်ခွာခွင့်ပြုတဲ့ စာရွက် သူ့လက်ထဲ ထဲ့ပေးပြီး နာရီအနည်းငယ်အကြာမှာပဲ လေဆိပ်ကနေ သူထွက်ခွာသွားတယ်လို့ ဆိုပါတယ်။ စနိုဒန်ဟာ လျှို့ဝှက် လုံခြုံတဲ့နေရာကို ဦးတည်သွားနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။
သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို အမေရိကန်အစိုးရက ဖျက်သိမ်းလိုက်တဲ့အတွက် စနိုဒန်ဟာ ဘယ်ကိုမှ ထွက်ခွာခွင့်မရှိပဲ မော်စကိုမြို့ Sheremetyevo လေဆိပ်က ဖြတ်သန်းရာ နားနေဇုံမှာ တလကျော်ကြာ ပိတ်မိနေခဲ့တာပါ။ သူ့ကို သူလျှိုမှုနဲ့ စွဲချက်တင်နိုင်ရေးအတွက် သူ့ကို ပြန်ပို့ပေးဖို့ အမေရိကန်အစိုးရက လိုလားနေတာ ဖြစ်ပါတယ်။
စနိုဒန်ကို ရုရှားနိုင်ငံက အခုလို ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အမေရိကန်နဲ့ ရုရှားနိုင်ငံအကြား ဆက်ဆံရေးတွေ ပိုတင်းမာလာနိုင်ပါတယ်။ စနိုဒန်ကို အမေရိကန် ပြန်ပို့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို အမေရိကန်သမ္မတ Barack Obama က တောင်းဆိုခဲ့ပေမယ့် မစ္စတာ ပူတင်က ငြင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ အဲဒီ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
Voice Mail ဆိုတာ
မြန်မာနိုင်ငံတွင် Voice Mail စတင်အသုံးပြုနိုင်ပြီဆိုပဲ...
Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။
GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမသိပါဘူး။
အသုံးပြုပုံကတော့ ...
မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။
Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း
Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Teleport မှဖြေကြားချက်အရသိရှိရပါကြောင်း။
Ref : Thit Htoo Lwin
Credit to : Alex in WinKabarKyaw.net