This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, July 15, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တေးသံရှင်ဆိုတေး ဒဏ်ရာပြင်းထန်စွာရရှိ

AddThis Social Bookmark Button
7.14.16
ဇူလိုင် ၁၄ ရက်က အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အဆိုတော်ဆိုတေး လိုက်ပါလာသော ကားတိမ်းမှောက်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ-၀ဏ္ဏ(မိတ္ထီလာ)
ဇူလိုင် ၁၄ ရက်၊ နေ့လယ်ပိုင်းက မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တ လေး အမြန်လမ်းမပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် (အသက် ၂၁ နှစ်) မောင်းနှင်လာသော ၃စ/--- မော်တော်ကားမှာ ရန်ကုန်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၂၉၃ အနီးတွင် တိမ်းမှောက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူ လေးဦးအနက် ချောချော(ခ)၀င်းဂရိသူ (အသက် ၂၃ နှစ်)မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် မောင်းနှင်လာသော ၃စ/--- ကားမှာ မိုင်တိုင် ၂၉၃ အနီးတွင် ယာဘက်ရှေ့ဘီးပေါက်ပြီး လမ်းကာရံထားသော သံဇကာအား တိုက်မိကာ ပေ ၂၀ ခန့်အနက်ရှိ ချောက်အတွင်း ကျသဖြင့် ကားပေါ် လိုက်ပါလာသူ ချောချော (ခ) ၀င်းဂရိသူ (အသက် ၂၃ နှစ်) မှာ သေဆုံးသွားခဲ့ပြီး တေးသံရှင် ဆိုတေး (ခ) အောင်သက်ပိုင် (အသက် ၂၃ နှစ်)မှာ ဦးခေါင်းနောက်ဘက် ဒဏ်ရာရရှိ ပြီး ခြေထောက်နှစ်ဖက် ဒဏ်ရာရရှိကာ မစံပယ်မွန် (အသက် ၂၈ နှစ်) နှင့် သန်းဝင်လှိုင် (အသက်၂၁ နှစ်) တို့နှစ်ဦးမှာ ဒဏ်ရာအသီးသီး ရရှိပြီး မိတ္ထီလာ ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသခဲ့ရပြီး မွန်းလွဲ ၃ နာရီခန့်တွင် အဆိုတော် ဆိုတေး (ခ) အောင်သက်ပိုင်အား ဒဏ်ရာ အခြေအနေအရ မန္တလေးသို့ လွှဲပြောင်းပို့ဆောင် လိုက်ကြောင်း သိရသည်။
''နေ့ခင်းပိုင်းက အဆိုတော် ဆိုတေးနဲ့ အမျိုးသမီး နှစ်ယောက် ကားမှောက်လို့ ပြည်သူ့ ဆေးရုံကြီးကို ပို့လိုက်ရတယ်။ အမျိုးသမီးကတော့ ပြည်သူ့ဆေးရုံကြီးမှာ ဆုံးသွားတယ်။ မွန်းလွဲ ၃ နာရီ လောက်က ဆိုတေးကို မန္တလေး ဆေးရုံကို လွှဲပေးလိုက်တယ်။ ဆိုတေးက အနည်းငယ် စိုးရိမ်ရပြီး ကျန်တဲ့ နှစ်ယောက်ကတော့ စိတ်ချရလောက် ပါတယ်'' ဟု လိုက်ပါ ကူညီပေးခဲ့သူ တစ်ဦးမှ ပြောပြသည်။
7.14.17
တေးသံရှင်ဆိုတေး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာစဉ်။ ဓာတ်ပုံ-သက်ထွန်းအောင်
''အခုလောလောဆယ် ဆရာဝန်ကြီးတွေ အားလုံး ၀ိုင်းဝန်းပြီး ကြပ်မတ်ကုသ ပေးနေတယ်။ ခေါင်းမှာ တော်တော်လေး ထိထားတဲ့ အတွက် ဦးနှောက်နှင့် အာရုံကြော ဆရာဝန်က ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ လည်ပင်း အောက်ပိုင်းကတော့ အခြေအနေ ကောင်းတယ်။ ကျိုးတာပဲ့တာတွေ မရှိဘူး။ ဒဏ်ရာတွေပဲ ရှိတယ်။ အခြေအနေကတော့ အခုလက်ရှိ နည်းနည်း တိုးတက်လာတယ်။ ဆရာဝန်တွေက ငါးမိနစ်ခြား တစ်ခါ စစ်ဆေးပေးနေပါတယ်။ ကားပေါ်ပါလာတဲ့ အမျိုးသမီး တစ်ဦးကတော့ မိတ္ထီလာ ဆေးရုံမှာတင် ကွယ်လွန်သွားတယ်'' ဟု တေးသံရှင် ဆိုတေး၏ဦးလေး ဦးရာကွတ်မှ ညနေ ၅ နာရီခွဲ အချိန်က ပြောသည်။
တေးသံရှင် ဆိုတေးမှာ ယာဘက်ပေါင် ပတ်တီးစီး၊ ယာပါးပွန်းပဲ ဦးခေါင်းပတ်တီးစီး ယာပါးစုတ်ပြဲ၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်နှင့် သန်းဝင်းလှိုင် (ယာဉ်မောင်း) မှာ ၀ဲလက်ပတ်တီး၊ ယာခြေထောက် ပတ်တီးနှင့် မစံပယ်မွန်မှာ နဖူး ဖူးရောင်၊ ယာပါးပွန်းပဲ့၊ ၀ဲခြေထောက် ဒဏ်ရာများနှင့် မန္တလေး ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ဆေးရုံမှုခင်း ရဲမှတ်တမ်းများအရ သိရသည်။
တိမ်းမှောက်မှု ဖြစ်ပွားသော ကားအမျိုးအစားမှာ KIA ဖြစ်ပြီး ကားပေါ်တွင် တေးသံရှင်ဆိုတေး၊ ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လူလေးဦး စီးနင်းလိုက်ပါလာကြောင်း သိရသည်။ အမျိုးသမီး တစ်ဦးမှာ မိတ္ထီလာ ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ပြီး ဆိုတေးနှင့် ကျန်နှစ်ဦးမှာ မန္တလေး ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကားတိမ်းမှောက်မှုကို မိတ္ထီလာမြို့နယ်၊ သီးကုန်း အမြန်လမ်း ရဲတပ်ဖွဲ့နှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့တို့မှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး (ပ) ၁၃/ ၂၀၁၃ ပုဒ်မ ၃၀၄ (က) ၃၃၈ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွား

I-Phone က လူသတ်လိုက်ပြီ

တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်
ဖုန်းပြောခဲ့ပြီး ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင် ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

MMT
Source: xinhua (14-7-2013, 18:11:24)
ရွှေနိုင်ငံသစ် သတင်းစာ

Friday, July 12, 2013

အနုကြမ်းစီးမှုများကြောင့် ရန်ကုန်တွင် လုံခြုံရေး တိုးမြှင့်

နန်းဆိုင်နွမ်


ရန်ကုန်မြို့တွင်း မြို့နယ်တချို့တွင် ယခုလအတွင်း အိမ်ပေါ်တက် အနုကြမ်းစီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ပြည်သူများ လုံခြုံရေး စိုးရိမ်ပူပန်နေကြပြီး ရဲတပ်ဖွဲ့ကလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

ယခုအခါ မသမာသူများသည် အိမ်ပေါ်တက် အနုကြမ်းစီးသည့်အထိ အတင့်ရဲလာကြောင်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သည့် သူများအနေဖြင့်လည်း လုံခြုံရေး စိတ်ချစေရန် သော့များ သေချာ ခတ်ထားသင့်ကြောင်း၊ ရပ်ကွက်လူကြီးများ အနေဖြင့်လည်း တိုက်ခန်း လာရောက်ငှားရမ်းသူများကို အေးချမ်းစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုံခြုံရေးရဲများ အနေဖြင့်လည်း စနစ်တကျ ကင်းလှည့်ပေးသင့် ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်အေးမြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး အတွက် ရဲဝန်ထမ်း ၄ သောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ ခန့်ကို ထိန်းနေရကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

“နေ့ညမပြတ် ကင်းလှည့်၊ လုံခြုံရေးပိုင်းကို တာဝန် ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ၄၄ မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အား မရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့ လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့ရန်၊ ပြည်သူလူထု၏ နစ်နာမှုများ တင်ပြ တိုင်ကြားရန်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေး အတွက် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ မသမာသူများသည် အိမ်ပေါ်တက် အနုကြမ်းစီးသည့်အထိ အတင့်ရဲလာကြောင်း၊ တိုက်ခန်းများ ငှားရမ်းနေထိုင်သည့် သူများအနေဖြင့်လည်း လုံခြုံရေး စိတ်ချစေရန် သော့များ သေချာ ခတ်ထားသင့်ကြောင်း၊ ရပ်ကွက်လူကြီးများ အနေဖြင့်လည်း တိုက်ခန်း လာရောက်ငှားရမ်းသူများကို အေးချမ်းစွာ နေထိုင်နိုင်ရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ လုံခြုံရေးရဲများ အနေဖြင့်လည်း စနစ်တကျ ကင်းလှည့်ပေးသင့် ကြောင်း၊ လုံခြုံရေး ရဲကင်းများလည်း တိုးမြှင့်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်အေးမြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ လုံခြုံရေး အတွက် ရဲဝန်ထမ်း ၄ သောင်းကျော် လိုအပ်နေသေးကြောင်း၊ ရဲသားတဦးလျှင် လူ ၁၅၀၀ ခန့်ကို ထိန်းနေရကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနမှ ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတခုတွင် ပြောကြားခဲ့ဖူးသည်။

“နေ့ညမပြတ် ကင်းလှည့်၊ လုံခြုံရေးပိုင်းကို တာဝန် ယူနေပါတယ်။ လတ်တလောကတော့ ကိုကိုးကျွန်းကလွဲပြီး ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ၄၄ မြို့နယ်စလုံးကို ရှိသင့်တဲ့ ရဲအင်အား မရှိသေးပေမယ့် လုံခြုံရေးပိုင်း မလျော့စေဘဲ ရှိတဲ့ လူအင်အားနဲ့ ပင်ပန်းခံ တာဝန်ယူနေပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်နေ ပြည်သူတို့၏ လုံခြုံရေးအတွက် ကူညီဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်သတင်းများ ပေးပို့ရန်၊ ပြည်သူလူထု၏ နစ်နာမှုများ တင်ပြ တိုင်ကြားရန်၊ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ်များ တပ်ဆင်ထားကာ ဆောင်ရွက်နေကြောင်း၊ အရေးပေါ် လုံခြုံရေး အတွက် ရဲအင်အား ၃၀၀၀ ကျော်ဖြင့် တာဝန်ယူ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာတပ်စခန်း ၃ ခုဝန်းရံပိတ်ဆို့ခံရ - တင်းမာမှုကို ကာ/ချုပ်နှင့်သာဆွေးနွေးဖို့ ဝ ဆန္ဒရှိ


 
သျှမ်းပြည်အရှေ့ပိုင်းမိုင်
းဆတ်မြို့နယ်တွင် ၁ ပတ်ခန့်အကြာ အထပ်ထပ်ဝိုင်းရံနေကြသော မြန်မာစစ် တပ်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုမရှိသော်လည်း မြန်မာတပ်စခန်း ၃ ခု ပိတ်ဆို့ဝိုင်းရံထားခြင်းခံထားရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာရှိ လွယ်ဆမ်ဆုမ်တောင်ကြောအနီး လွယ်ပါကေတောင်တွင် မြန်မာနှင့် ဝ တခုစီခြား၍ စိုက်ထားသော စခန်းများအနက် မြန်မာတပ်စခန်း ၃ ခု ဝ တပ်ဖွဲ့၏ ဝိုင်းပိတ် ထားခြင်းခံထားရသည်ဟု ဆိုပါသည်။

အတွင်းပိုင်း ပိတ်မိနေသော မြန်မာတပ်စခန်းများထံ ပို့ပေးရန် လွယ်ဆမ်ဆုမ် မှလာသော မြန်မာရိက္ခာ တင်ကားများ ကိုလည်း ဝ တပ်ဖွဲ့ တားမြစ်ကာ တာဝန်ယူပို့ပေးမည်ဟုပြောဆိုမှုအပေါ် မြန်မာဘက်မှ သဘောမတူဘဲ လှည့်ပြန်သွားကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သည့် မိုင်းဆတ်ဒေသခံတဦးကပြောသည်။

“ မြန်မာရိက္ခာတင်စစ်ယာဉ်တန်း မနေ့က (ဂျူလိုင် ၁၀ ရက်)က လွယ်ပါကေမှာ အဝိုင်းခံထားရတဲ့ သူတို့ တပ်စခန်းဆီပို့ဖို့ ဝ တပ်စခန်းဆီမှာ လာခွင့်တောင်းတယ်။ ရိက္ခာ တာဝန်ယူပို့ပေမယ်ပြောတော့ ဗမာစစ်တပ် သဘော မတူဘူး။ ပြောကြဆိုကြ ငြင်းကြခုန်ကြနဲ့ မနေ့က တိုက်ပွဲဖြစ်တော့ မလိုလို တောင်ဖြစ် ခဲ့ရတယ်။ အင်အားဖြည့်ဖို့ ထပ်ရောက်လာကြတဲ့ ဝ တပ်ဖွဲ့ကိုလည်း လွယ်ဆမ်ဆုမ်မြန်မာ စခန်းက ဖြတ်သန်းခွင့်မပေးဘူး။ လက်နက်မပါနဲ့။ စစ်ဝတ်စုံမဝတ်နဲ့လို့ပြောတယ်။ အဲတာကြောင့်အခု လွယ်ပါကေထဲကို ဝ ဘက်ကလဲ ဝင်လို့မရ မြန်မာစစ်တပ်ကလဲဝင်လို့မရ အဲလိုအခြေ အနေဖြစ်နေ တယ်” ဟု ကုန်သည်တဦးလည်းဖြစ် သည့်အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

၎င်းကိစ္စအပါအဝင် နှစ်ဦးနှစ်ဘက်ကြား တင်းမာနေသော အခြေအနေကိုဆွေးနွေးဖြေရှင်းရန် MPC မှ ဂျူလိုင် လ ၆ ရက်နေ့ဟု ရက်သတ်မှတ်၍ ဝ တပ်ဖွဲ့ထံအကြောင်းကြားထားသော်လည်း ဝ တပ်ဖက်က အဆင်မသင့်သေးသဖြင့် ဂျူလိုင် ၁၂ ရက်သို့ပြောင်းရွှေ့ရန် လွန်ခဲ့ သော ၂ ရက်ကပင် အစိုးရထံပြန် လည် အကြောင်းကြားခဲ့သည်ဟုဆိုပါသည်။

ထို့ကြောင့် ယမန်နေ့က ဝ တပ်ဖွဲ့မှ စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံ ဦးဆောင်သည့် ပြည်ပ ဆက် သွယ်ရေး ဌာနကြီးမှူး ကျောက်ကော်အန်း၊ အမှတ် (၁၇၁) တောင်ပိုင်း စစ်ဒေသ တပ်မှူးကြီး ဝေ့ရှော်ယင် ၊ ဒုဦးစီးမှူး စိုင်းဆာမ် နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့ ကိုယ်စားလှယ် (၅) ဦး ပန်ဆန်းမြို့မှ ကျိုင်းတုံမြို့သို့ထွက်ခွါခဲ့ကြောင်း၊ မြန်မာဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဌ ၂ ဦးသိန်းဇော်မှလာရောက်ဆွေးနွေးမည်ဟုဆိုသဖြင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်သာ တွေ့ဆုံလိုကြောင်း ဝ ဘက်က ပြောဆိုနေသည်ဟုဆိုပါသည်။

ဆွေးနွေးပွဲကို ဂျူလိုင် ၁၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း အမည်မဖော်လိုသည့် ထိုပုဂ္ဂိုလ်က အတည်ပြုပြောဆိုပါသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

၁၄-နှစ် သမီး မုဒိမ်းကျင့်ခံရ၍ သေ

Friday, July 12, 2013

စစ်တွေ ၊ ၁၁ ဇူလိုင်လ ၂၀၁၃ ၊

ပြီးခဲ့သော ၂၀၁၃-ခုနှစ် ဧပြီလ (၄)ရက်နေ့က ရခိုင်ပြည်နယ် အမ်းမြို့နယ် တပ်တောင်ကျေးရွာမှ ၁၄-နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းပြုကျင့်သဖြင့် သွေးလွန်ကာ ကျူးလွန်ခံရသူသေဆုံးသွားသည့်အတွက် ထွက်ပြေးကာ တပ်ထဲဝင်သွားသည့် တရားခံ မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

တပ်တောင်ရွာ အမှတ်(၆) ရပ်ကွက်နေ ဒေါ်အေးခိုင်နု၏ သမီး မလှလှထွေးအား ဗီဒီယိုသွားကြည့်ရန် ခေါ်သွားနေကျဖြစ်သူ အိမ်နီးချင်း (ကလေးနှစ်ယောက်ဖခင်) မောင်ဝင်းနိုင် ( အဘ၊ ဦးမောင်လှသိန်း၏ သား) က အဓမ္မပြုကျင့်ကြောင်းကို အသံကျယ်လောင်စွာဖြင့် ဟစ်အော်ငိုကြွေးပြီး လှလှထွေး က အခင်းဖြစ်သည့်နေ့ ည (၈) နာရီခန့်တွင် အိမ်ဝင်းထဲသို့ ၀င်လာပြီး မိခင်ဖြစ်သူအား တိုင်တမ်းခဲ့သည်။

မိခင်ဖြစ်သူမှာ တိုက်နယ်ဆေးရုံတာဝန်ခံဖြစ်သူ ဒေါ်အေးခိုင်ထံ သမီးကို ဆေးခန်းပြရန် ခေါ်သွားသော်လည်း ဒေါ်အေးခိုင်က အမ်းပြည်သူ့ဆေးရုံသို့သာ ခေါ်သွားရန် ပြောသည့်အတွက် ကားငှားပြီးသွားခဲ့ရာ ည (၁၂)နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကြီးဝင်ပေါက်ဝသို့ ရောက်ခါနီးမှာပင် ထိုအချိန်တွင် သွေးထွက်လွန်နေခဲ့ပြီဖြစ်သော လှလှထွေးမှာ သေဆုံးသွားခဲ့သည်။

မောင်ဝင်းနိုင်သည် လက်တစ်ဖက်ဖြင့် လှလှထွေး၏ ပါးစပ်ကိုပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် သူမ၏လည်ပင်းကို ဆုပ်ကိုင်ကာ မုဒိမ်းပြုကျင့်ခဲ့သည် မလှလှထွေးက မသေခင် မိခင်အားပြောပြခဲ့သည် ဟု ဆိုသည်။

သေဆုံးမှုမှာ သွေးထွက်လွန်ပြီးသေဆုံးရခြင်းဖြစ်ကြောင်းကို လှလှထွေး သေဆုံးစဉ်က တပ်တောင် ပြည်သူ့ရဲစခန်းမှူးကိုယ်တိုင် မှတ်ချက်ယူကာ တရားခံမောင်ဝင်းနိုင်ကို ဖမ်းဆီးပေးမည် ဟု ပြောခဲ့သည် ဟု ဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပြီးသောအခါ မောင်ဝင်းနိုင်၏ မိဘများက ဇနီးမယားများကို ခေါ်ယူကာ (အခြားရွာတစ်ရွာ ဖြစ်သော) တန်းတင်ရွာ သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။ မောင်ဝင်းနိုင်ကိုယ်တိုင်လည်း တန်းတင်ရွာတွင် ဖမ်းဆီးအရေးယူခံရခြင်း ဘာမှမရှိဘဲ ခပ်တည်တည်ပင် နေထိုင်သွားခဲ့သေးသည် ဟု ဆိုသည်။
ထို့နောက် မောင်ဝင်းနိုင်အား ၄င်း၏ဖခင်ဖြစ်သူက (၇၅၇) တပ်ရင်းသို့ခေါ်သွားကာ တပ်ထဲသွင်းပေးခဲ့သည် ဟု ဆိုသည်။

မောင်ဝင်းနိုင်ရှိရာ (၇၅၇) တပ်ရင်းသို့ ရဲများလိုက်လာစုံစမ်းသောအခါ တပ်ရင်းက မောင်ဝင်းနိုင်အစား တပ်သားသစ်တစ်ယောက်ပေးရမည်ဟု ၄င်း၏မိသားစုထံတောင်းဆိုသဖြင့် ဖခင်ဖြစ်သူက မောင်ဝင်းနိုင်ကိုယ်စား မောင်ဝင်းနိုင်၏ ညီဖြစ်သူကို အစားထိုးထည့်ပေးသောအခါ၊ မောင်ဝင်းနိုင်အား တပ်က လွှတ်ပေးလိုက်သည် ဟု ဆိုသည်။

အခင်းဖြစ်ပြီး သုံးလကျော်သွားပြီဖြစ်သော်လည်း မောင်ဝင်းနိုင်အား ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ကျူးလွန်ခံရပြီး သေဆုံးသူ မလှလှထွေး၏ မိခင်က “တရားခံဖြစ်သူ မောင်ဝင်းနိုင် တန်းတင်ရွာတွင် ရှိစဉ်ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဂရုမစိုက်ကြပါ။ ပြဿနာတွေ ဘယ်လောက်ဖြစ်ဖြစ် ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ဂရုမစိုက်ပါ။ ကျွန်မတို့ ကျေးလက်ပြည်သူတွေအပေါ် တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့် ဒုက္ခများစွာ တွေ့နေရပါသဖြင့် - - - ကူညီပေးပါရန် တိုင်ကြားအပ်ပါသည်” ဟု ၄င်းရေးသား ပေးပို့သော တိုင်ကြားစာတစ်စောင်တွင် ရေးသားထားသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။ )

Coral Arakan News

Thit Htoo Lwin - Crime

သံတွဲတွင် ရခိုင်အမျိုးသား တစ်ဦး လည်လှီး အသတ်ခံရ


Friday, July 12, 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် လယ်သမား တစ်ဦး ဇူလိုင်လ ၁၀ ရက်နေ့က လည်လှီး အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ သံတွဲမြို့နယ်၊ ရွှေလှေ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဦးစံဖေ၏သား ၀င်းမြင့် (ခ)ညီလေး (၃၈)နှစ် ဖြစ်သည်။

ယခု သတ်ဖြတ်မူသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရမှ ရခိုင်ပြည်နယ် အတွင်း လူမူပြဿနာများ အဆုံးသတ်ရန် ခိုင်မာသော သံန္နိဌာန်ချထားပါကြောင်း ထုတ်ဖေါ် ပြောဆိုပြီး နောက်တစ်နေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အသတ်ခံရမူနှင့် ပတ်သက်ပြီး  ရခိုင် လူမူကွန်ယက် (သံတွဲ)မှ ကိုစိန်ချစ်က အထူး လူမဆန်သော လုပ်ရပ် ဖြစ်ကြောင်း ပြောသည်။

“ အသတ်ခံရတာက ဇူလိုင်လ ၉ ရက်နေ့ ညဉ့်နဲ့ ၁၀ ရက်နေ့ နံနက်မတိုင်မီ  အသတ်ခံရတာလို့ ခန့််မှန်းရပါတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ မနက်စောစောပိုင်း ၆ နာရီလောက်မှ သူရဲ့ အဒေါ် ဒေါ်ခင်ညိုက မျိုးစပါး သွားပို့တဲ့ခါ ကျနော်တို့ အခေါ် ဒေးဗစ်ချန်း (ကိုဝင်းမြင့်)ကို လည်ပင်း အလှီးခံရပြီး  သေနေတာကို တွေ့ရတယ်လို့ သိရပါတယ်” ဟု ဆိုသည်။

ကိုဝင်းမြင့်မှာ လက်တဖက် ပြတ်နေသူ ဖြစ်ပြီး ပတ်ဝန်းကျင်တွင်လည်း တစ်စုံ တစ်ဦးနှင့်မျှ ပြဿနာ မရှိဟုသူက ဆိုသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်မှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၆ နာရီတွင် သံတွဲမြို့နယ် သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂) နှစ်မှ သူမ၏ သူတော်စပ်သူ ၀င်းမြင်း (ခ) ညီလေးရှိရာ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်သွားရောက်ခဲ့ရာ ၀င်းမြင့်မှာ လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခုအခါ မူဆလင် (၃) ဦးအား အမူနှင့် ဆက်စပ်ပြီး မသင်္ကာသဖြင့် ဖမ်းဆီးကာ စစ်ဆေးနေသည်ဟု ကိုစိန်ချစ်က ပြောသည်။ ဖုံးလိုင်း မကောင်းသဖြင့် သံတွဲ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

(ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အဆိုပါ မူခင်းနှင့် ပတ်သက်ပြီး သတင်းမှန်အား ပြည်သူအများသိရှိနိုင်ရန် ယခုလို ထုတ်ပြန်ထားသည်။ )

သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာသားတစ်ယောက် အသတ်ခံရခြင်း´နှင့် ပတ်သက်ပြီး စိစစ်ခဲ့ရာ အောက်ပါအတိုင်းသိရှိရပါသည်-

(က) ၁၀-၇-၂၀၁၃ ရက်နေ့ ၀၆၀၀ နာရီတွင် သံတွဲမြို့နယ်၊ သပြုချိုင်တောင်ပေါ် ကျေးရွာနေ ဒေါ်ခင်ခင်ညို (၅၂)နှစ် (ဘ)ဦးငညို၊ ၁၁/သတန(နိုင်)၀၈၀၇၉၂ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော်အုပ်စု၊ သံတွဲမြို့နယ်နေသူမှ သပြုချိုင်တောင်ပေါ်ကျေးရွာတောင်ဘက် ကွင်းမကြီး လယ်ပြင်ရှိ တူတော်စပ်သူ ၀င်းမြင့်(ခ)ညီလေး (၃၈)နှစ် (ဘ)ဦးစံဖေ၊ ရခိုင်/ဗုဒ္ဓ¨ဘာသာ၊ လယ်လုပ်၊ သပြုချိုင်တောင်ပေါ်ကျေးရွာ၊ အောက်နတ်မော် ကျေးရွာအုပ်စု၊ သံတွဲမြို့နယ်နေသူ၏လယ်တဲသို့ မျိုးစပါးအထုပ် ပို့ရန်ရောက်ရှိခဲ့ ကြောင်း။

(ခ) ၄င်းတဲအတွင်းကွပ်ပျစ်ပေါ်တွင် ၀င်းမြင့်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ၀င်းမြင့်အားသတ်သွားသူကို စုံစမ်းဖော်ထုတ် အရေးယူပေးရန် ဒေါ်ခင်ခင်ညိုမှ ၁၀-၇-၂၀၁၃ ရက်နေ့ ၁၉၄၅ အချိန် ရွှေလှေ ရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ကြောင်း။

(ဂ) ရွှေလှေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်မောင်လွင်မှ(ပ)၂၀/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရအမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိပြီး တရားခံအားဖမ်းဆီးနိုင်ရေးအတွက်သံတွဲ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှစုံစမ်းစစ်ဖော်ထုတ်လျက်ရှိကြောင်း ဖေါ်ပြသည်။

( ဤ ရခိုင်ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အား Coral Arakan မှ ကူးယူ ဖေါ်ပြပါသည်။)

နိရဉ္စရာ သတင်းဌာန

Thit Htoo Lwin - News

ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံသဖြင့် သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၃ ရက်နေ့ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမနှင့် အနော်ရထားလမ်းဆုံ၊ မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၈/၁၆ အနီးတွင် လူတစ်ဦး ရထားကြိတ်၍
သေဆုံးနေကြောင်း သတင်းအရ ဒဂုံ(အရှေ့) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်အေး၊ (၃၅)နှစ်၊ (ဘ)ဦးအောင်ကြီး၊ ၁၅ ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူဖြစ်ပြီး ၎င်းမှာ ၁၅၃၀ အချိန်ခန့်တွင် အခင်းဖြစ်နေရာ၌ ရန်ကုန်- မန္တလေး အမှတ်(၅) အဆန်အမြန် ရထားမှ မောင်းနှင်လာစဉ် လက်ပြပြီး ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံခဲ့၍ ဦးခေါင်းကြေမွဒဏ်ရာ၊ ယာလက်မောင်းပြတ်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဒဂုံ(အရှေ့)မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၈/၂၀၁၃) ဖွင့်လှစ်စစ်ဆေးလျက်
ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါသည်။

မြန်မာက ဘင်္ဂလီ ၇၅ ဦးကို သူတို့ နိုင်ငံသို့လွဲပြောင်း

Friday, July 12, 2013

မလေးရှားသို့ လှေစီးပြီး တရားမ၀င်သွားရာမှ မြန်မာနိုင်ငံထဲတွင် ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘင်္ဂလီ  အမျိုးသား ၇၅ ဦးကို  မြန်မာဘက်မှ ဘင်္ဂလာဒေခ်ျ့သို့ တရားဝင် လွဲပြောင်း ပေးလိုက်သည်။

ယနေ့ (ဇူလိုင်လ ၁၁) ရက်နေ့ မောင်တောမြို့တွင် ပြုလုပ်သော  မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစကနှင့် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့တို့၏  အစည်းအဝေး အပြီးတွင် လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သူတို့ ၇၅ ဦးသည် လွန်ခဲ့သောနှစ်က ဘင်္ဂလာ-မြန်မာနယ်စပ်မှ တဆင့် တရားမ၀င် မလေးရှားသို့ စက်လှေ တစ်စီးနှင့် သွားရောက်စဉ် လမ်းမှားပြီး မြန်မာရေပိုင်နက်ထဲ ရောက်သွားရာမှ ဖမ်းဆီး ခံခဲ့ကြရသူများ ဖြစ်သည်။

ယခု လွှဲပြောင်းခံရသူ ဘင်္ဂလီများမှာ အနယ် အရပ်ရပ်မှ ဖြစ်ကြပြီး ထိုအထဲတွင် မြန်မာနှင့် နယ်စပ်ချင်း ကပ်နေသော ကောစ်ဘာဇား ခရိုင်မှ ၅၇ ဦး ပါဝင်သည်။

နှစ်နိုင်ငံ နစကနှင့် ဘီဂျီဘီ အစည်းအဝေးကို ယနေ့ နံနက်က မောင်တောမြို့ လူဝင်မှုကြီးကြပ်ရေး ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ  တက်ကနက်အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီတပ်ရင်းမှ အရာရှိ ဇာဟီရ်ဟာဆန် ဦးဆောင်သည့် အဖွဲ့ဝင် ၈ ဦးတက်ရောက်ပြီး မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိတစ်ဦး ဖြစ်သူ ဦးစိုးနိုင်ဦးဆောင်သည့် အဖွဲ့ဝင် ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


( နိရဉ္စရာ- ၁၁ ဇူလိုင် ၂၀၁၃) / မောင်အေး

Thit Htoo Lwin - News

ဂီတ၀ါသနာ ရှင် များအတွက် music player လေးကို phone . tablat တို့ ပေါ်တွင် တီးခက်နိုင်

ဂီတ ၀ါသနာရှင် များအတွက် Music Player

 ဒီဆော့ဝဲ လေးတွေကို တင်ထားပြီးဖြစ် ပါ တယ် ဒါပေမယ့် ဒီတစ်ခါ တော့ တီးဝိုင်းတစ်ဝိုင်းစာကို စုပြီးတင်ပေးထားတာဖြစ်ပါတယ်
ဂီတ၀ါသနာ ရှင် များအတွက် music player လေးကို phone . tablat တို့ ပေါ်တွင် တီးခက်နိုင်မှာဖြစ်ပါတယ်

   download. music player


MmYear100.apk ( မြန်မာပြက္ခဒိန် - နှစ် ၁၀၀ )


မင်္ဂလာပါ.....
မြန်မာလို ဒီနေ့ဘယ်နှစ်ရက်နေ့ပါလိမ့်....။ အင်း....၀ါတောင်ဝင်တော့မှာပဲ....ယူစရာရှိ မြန်မြန်ယူထားကြနော်။ နှစ်တစ်ရာမြန်မာပြက္ခဒိန်ကိုပြောတာပါ။
ဝါတွင်းမှာ တောဖိတ်၊ မြို့ဖိတ်၊ ဥပုသ်နေ့ ကြည့်ရမယ်လေ....။ လ ပြည့်၊ လ ကွယ်၊ ဥပုသ်နေ့ ဈေးပိတ်တဲ့
ဈေးသူဈေးသားတွေအတွက်လည်း အသုံးဝင်မှာပါ။ ပြက္ခဒိန်တိုက်တာကတော့ အထူးအထွေ မဟုတ်ပါဘူး၊ ဖုန်းရဲ့ Date and Time မှန်အောင်တိုက်လိုက်ရင် ပြက္ခဒိန်လည်းမှန်ပြီးသားပါ။ အဆင်ပြေပါတယ်....

Dropbox CyberLocker  :  4shared

(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်

MRTV 4 Apk
=============
(MRTV 4)မြန်မာ့အသံအစီအစဉ်ကို အွန်လိုင်းမှာ ကြည့်ရှုနိုင်တော့မယ်ဆိုတော့ တော်တော်များများသိမှာပါ

(လောလောဆယ် ကြည့်မရသေး) သူအွန်လိုင်းမှာလွင့်တဲ့အခါမှ ကြည့်လို့ရမယ် 15 ရက်ကျရင် လွင့်မယ်လို့တော့ ပြောတယ်

သူအတွက် Apk လေးရှိတယ် ဆရာမ ‪#‎HtarHtarLwin‬ တင်ပေးထားတာပါ
ကျွန်တော်မှ ပြန်လည်မျှဝေချင်းဖြစ်ပါတယ် ဆောင်ထားချင်တယ်ဆိုရင်
အောက်မှာရယူနိုင်ပါတယ်

http://www.zwmnna.com/2013/07/mrtv-3-apk.html

မှားသွားတာ ခွင့်လွှတ်ပါ (MRTV 4)ပါ (MRTV 3) မဟုတ်ပါဘူး

Thursday, July 11, 2013

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရ


ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ လူဦးရေနေ့ ဆောင်ပုဒ်က မြီးကောင်ပေါက် ကိုယ်ဝန် ပြဿနာ ဖြစ်ပါတယ်။

ကမ္ဘာမှာ တနှစ်ကို အသက် ၁၈ နှစ် အောက် မိန်းကလေး ၁၆ သန်းလောက် ကလေးမွေး နေရပြီး နောက် ၃ သန်းကျော်က အန္တာရာယ် ကြီးတဲ့ နည်းတွေနဲ့ ကိုယ်ဝန်ဖျက်ချ နေရတယ်လို့ ကုလ သမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန် ပါတယ်။

မိန်းကလေး တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ချပေးတာ၊ ကျူးလွန် စော်ကား ခံရတာ၊ ပညာသင်ခွင့် ဆုံးရှုံးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု တွေနဲ့ သေဆုံး ချည့်နဲ့ တဲ့ထိ ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ဒီပြဿနာကို ကုလသမဂ္ဂ က မီးမောင်း ထိုးပြတာ ဖြစ်ပါတယ်။

အိုင်ယာလန် နိုင်ငံ မှာတော့ ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ ဥပဒေ ကို လွှတ်တော်မှာ အခြေအတင် ငြင်းခုံ နေကြပါတယ်။

အရေးပေါ် ကျန်းမာရေး အခြေအနေမှာ အမျိုးသမီးတွေကို သန္ဓေ ဖျက်ခွင့် ပေးတဲ့ ပြင်ဆင်ချက် ၁၆ဝ ကျော် ပါတဲ့ ဥပဒေကို လွှတ်တော်မှာ အများစု ထောက်ခံမဲနဲ့ တင်သွင်း ခဲ့ပေမယ့် အစိုးရက ပယ်ချ ခဲ့ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်က ဒီဥပဒေ အရေး ကြာသပတေးနေ့ လွှတ်တော်မှာ ဆက်လက် ဆွေးနွေးခွင့် ပြုခဲ့ပါတယ်။

ပဋိသန္ဓေ မလိုချင်ဘဲ လွယ်ရ တာတွေ အဆုံးသတ်ဖို့၊ ဘေးကင်း စိတ်ချ ရတဲ့ မီးဖွားမှု တွေ ဖြစ်ဖို့နဲ့ လူငယ် ဘဝ အညွန့်တလူလူ တက်နေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘာ့ လူဦးရေ နေ့မှာ ကုလ သမဂ္ဂက ထုတ်ပြန် လိုက်ပါတယ်။

မြန်မာ နိုင်ငံ အနေနဲ့ လူဦးရေ တိုးပွားမှု ထိန်းချုပ်ဖို့ လိုအပ်ပြီလို့ မပြောနိုင်သေး ပေမယ့် ကျန်းမာရေး လူမှုရေး ရှုထောင့် အရ မိသားစု သားဆက်ခြား စီမံကိန်းတော့ ရှိဖို့ လိုအပ်တယ်လို့ ပညာပေးရေး လုပ်ဆောင် နေသူတွေက ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)http://www.thithtoolwin.info/2013/07/blog-post_6297.html

"ကီလိုမလျှော့ရန်မှုဝါဒကြောင့်ဂျပန်မှကားသွင်းထားသူများ စိတ်ညစ်ရ"

Photo
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ကားမှုဝါဒအသစ်ထုတ်မယ်ဆိုရင်အနည်းဆုံး ၃လလောက်အများပြည်သူကိုအသိပေးသင့်ပါတယ်။အခုဟာက ဆိုင်းမဆင့်ဗုံမဆင့် ဘာမှမရေမရာ၊မသဲမကွဲနဲ့ လုပ်ရကိုင်ရခက်ပါတယ်။

အဝယ်တွေက အပျိုပေါက်ဆိုဒီဈေး ဘဲနာဆိုဒီဈေး စီးဗစ်ဆိုဒီဈေး Fitဆိုဒီဈေး
ကီလိုကလည်းနည်းချင် ဈေးလည်းသက်သာချင် အဲ့တော့နံပါတ်အဟောင်းဘဲဝယ်တယ်။ ကီလိုအင်ထု ကားဘောဒီဂျင်းထည့်ပတ်တီးရိုက်ထားတာမသိဘူးလေ ဂျပန်ကားကန်ဆယ်လေးရှင်းဆိုမြင်ဘူးမှာမဟုတ်ဘူး

ဒီလောက်ကားဈေးကွက်ပျက်ပြီးကီလိုလျှော့ထားတဲ့နံပါတ်အနိမ့်ကားတွေများတဲ့ပွဲစားတန်းတွေကို နောက်ပိုင်းကားကီလိုမလျှော့ရဘူးဆိုတော့ ကားသွင်းရောင်းတွေဘာလိုဆက်ပြီးစီးပွားရှာရမလဲ?

ရန်ကုန်ဆိပ်ကမ်းမှာ သူခိုးအရမ်းများပါတယ် ကားရဲ့အရှေ့ရှဲကတံဆိပ်Logo ကားအနောက်တံဆိပ်စာတန်း ကားထဲမှာအပိုပါတဲ့ပစ္စည် ဂီယာဘုသီး ဈေးကြီးတဲ့အော်ရဂျင်နယ်အလွိုင်းတွေ ဟိုဟာလဲဒီဟာခိုးဘဲ။ အဲ့တာကိုဆိပ်ကမ်းကအရာရှိတွေကတကယ်မသိတာလား မသိယောင်ဆောင်တာလား? လုံခြုံရေးတွေညညမူးနေသလား မသိယောင်ဆောင်တာလား?

မပြောတာဘဲကောင်းပါတယ်ကိုယ်ပစ္စည်းကိုတာမွေအခွန်လွတ်ဈေးမှာ
သွားရှာဝယ်ရတာပေါ့!!!!

သီရိမင်္ဂလာဈေး ကားပွဲစားတန်း

Reposted by Phyo
www.facebook.com/MMcities
By: MMcities

ရေကြောင်းတက္ကသိုလ် ဝင်ခွင့် အမှတ် ၄၅၀ နှင့် အထက် သတ်မှတ်

 ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၏ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ်အတွက် ဝင်ခွင့်ရမှတ်ကို ၄၅၀ နှင့် အထက် သတ်မှတ်ထားကြောင်း ရေကြောင်း ပညာတက္ကသိုလ်က တရားဝင်ထုတ်ပြန် ထားကြောင်း သိရသည်။

လျှောက်ထားသူများသည် ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၅၀ နှင့် အထက်ရရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ (သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင် ဘာသာရပ်များဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ခေါ်ယူမည့် ကျောင်းသားဦးရေကို ၃၂၀ သတ်မှတ်ထားပြီး ၂၀ ရာခိုင်နှုန်းကို ကျောင်းသူများကို ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ အထူးပြုဘာသာရပ် (ရေယာဉ်တည်ဆောက်ခြင်း) NA အတွက် ၄၀ ဦး၊ (ရေကြောင်းပညာရပ်) MM အတွက် ၄၀ ဦး၊ (ရေကြောင်းအင်ဂျင်နီယာ) ME အတွက် ၈၀ ဦး၊ (ဆိပ်ကမ်းအင်ဂျင်နီယာ) PH အတွက် ၂၅ ဦး၊ (မြစ်ကြောင်းထိန်း သိမ်းရေး) RC အတွက် ၁၅ ဦး၊ (ရေကြောင်း လျှပ်စစ်နှင့် အီလက်ထရွန်နစ်) MEAE အတွက် ၄၀ ဦး၊ (ရေကြောင်းသိပ္ပံ) NS အတွက် ၈၀ ဦးခေါ်ယူသွားမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။

ယခင်နှစ်ကလည်း ထိုကဲ့သို့ ကျောင်းသား ၃၂၀ ခေါ်ယူခဲ့ပြီး ဝင်ခွင့် အမှတ် ၄၅၀ သတ်မှတ်ခဲ့သော်လည်း လာရောက် လျှောက်ထားသည့် အနိမ့်ဆုံး အမှတ်မှာ ၄၈၇ မှတ် ဖြစ်သောကြောင့် ဝင်ခွင့်အမှတ်မှာ ၄၈၇ မှတ်ဖြစ်သွားကြောင်း ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ပြောကြားသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ ခုနှစ်က စတင် တည်ထောင်ခဲ့ရာ ၂၀၀၃-၂၀၀၄ တွင် ဆင်မလိုက် ရေကြောင်းပညာသိပ္ပံတွင် စတင်ပညာသင် ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် သီလဝါဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများအရ သိရသည်။

Y- talk မိုဘိုင်းစနစ်ဖြင့် ၁ လတိတိ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပေးမည်


ပြည်တွင်းမှ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုမှု တွေကို Y talk  မိုဘိုင်း စနစ်မှ တစ်ဆင့် စတင်ပြုလုပ် ပေးနေပြီ ဖြစ်တယ်လို့  ဇူလိုင်လ ၉ ရက်နေ့က
တော်ဝင် နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အစီစဉ်နဲ့ ပတ်သက်ပြီး  မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ၁ လတိတိ ဆောင်ရွက် ပေးမှာဖြစ်ပြီး  ဖုန်းခေါ်ဆိုမှု အတွက်ကိုတော့ Y talk မှ တာဝန်ရှိ သူတွေက ရွေ့လျားမိုဘိုင်းစနစ်နဲ့ သတ်မှတ်ရက် အတိုင်း မြို့နယ်များသို့ လှည့်လည်ကာ အခမဲ့ ၀န်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ ဇူလိုင်လ ၉ ရက်နေ့မှ ကမ္ဘာအေးဘုရားလမ်း တစ်လျောက် နေရာများ၊ ဇူလိုင် ၁၀ ရက်နေ့ မှာတော့ ယုဇန ပလာဇာ အနီးနေရာများ၊ ဇူလိုင်လ ၁၁ ရက်နေ့ မှာတော့ သာကေတ မြို့နယ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မှာတော့ လှိုင်မြို့နယ် အစရှိတဲ့ မြို့နယ်တွေကို စတင် သွားရောက်မှာ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား မြို့နယ် များသို့ နေ့စဉ် လှည့်လည်ကာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ Y talk အနေနဲ့ ယခင်က မလေးရှားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဆက်အသွယ် ပြတ်နေတဲ့ ပြည်သူများကို အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်နိုင်ဖို့ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
   

ရန်ကုန်မှာ BRT အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲမည်


ကိုလံဘီယာတွင် အသုံးပြုနေသည့် BRT ယာဉ်ကြောမြင်ကွင်း
July 10, 2013
ယာဉ်ကြော ကျပ်တည်းလာပြီး ပြည်သူတွေ သွားလာရေး ခက်ခဲလာတဲ့ ရန်ကုန်မြို့တော် အတွက် BRT (Bus Rapid Transit) စနစ် စမ်းသပ်ပြေးဆွဲတော့မယ်လို့ ဇူလိုင် ၉ ရက်နေ့ ရန်ကုန်စည်ပင်ကော်မတီရုံးမှာ ကျင်းပတဲ့ ပို့ဆောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
 
အစည်းအဝေးမှာ BRT စမ်းသပ်ပြေးဆွဲဖို့ ဂျပန် ဂျိုက်ကာအဖွဲ့က လေ့လာ ဆန်းစစ်ထားတဲ့ အချက်တွေတင်ပြခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး သူရ ဦးသောင်းလွင် အပါအ၀င် ရန်ကုန်စည်ပင်နဲ့ မထသ တာဝန်ရှိသူတွေက သဘောတူကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။
 
BRT စနစ်ဆိုတာဟာ အဆင့်မြင့် ဘတ်စ်ကား ပြေးဆွဲဖို့ အခြားယာဉ်တွေ အသုံးပြုခွင့် ပေးမထားတဲ့ သီးသန့်ယာဉ်ကြော သတ်မှတ်ပေးထားပြီး ဘူတာရုံသဖွယ် သတ်မှတ်ပြီး ဘတ်စ်ကားဂိတ်တွေ ထားရှိ ပြေးဆွဲတဲ့စနစ် ဖြစ်ပါတယ်။
 
လက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့တဲ့ ဘတ်စ်ကား ပြေးဆွဲမှု စနစ်လည်း ဖြစ်ပါတယ်။
 
သတင်းရင်းမြစ် - ဒီဗွီဘီ

အုပ်စုလိုက် အဓမ္မကျင့်မှုဖြစ်ပွား


လူသုံးဦးက ၀ိုင်းဝန်းအဓမ္မပြုကျင့်မှုတစ်ခု သမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၉ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့သဖြင့် ဘုရင့်နောင်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

ပြုကျင့်ခံရသည့်အမျိုးသမီးသည်အသက် ၃၃ နှစ်အရွယ်ရှိပြီး မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရဲဌာနက အတည်ပြုထားပြီး သူမသည်အလှူတစ်ခုတွင် သွားရောက်ကူညီလုပ်ကိုင်ပြီး အပြန်လမ်းတွင် ယခုလိုအဓမ္မကျင့်ခံရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။

ထိုသို့ပြန်လာချိန်တွင် အတူပြန်လာသည့် အမျိုးသားကသမိုင်းဘူတာရုံလမ်းရှိ တည်းခိုခန်းသို့ခေါ်ဆောင်ရာ သူမကလိုက်သွားခဲ့ကြောင်း၊ ထို့နောက်သူမကို ခေါ်ဆောင်လာသော အမျိုးသားကတစ်ဦးတည် အပြင်သို့
ပြန်ထွက်သွားခဲ့ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

အဆိုပါအမျိုးသားက ပြန်လာသောအခါ အရက်များသောက်စားလာသည့်အပြင် သူနှင့်အတူ အခြား အမျိုးသားနှစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့ပြီးအမျိုးသမီးကို အဓမ္မကျင့်ခဲ့သည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရဲမှတ်တမ်းတွင်တွေ့ရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သူများအဖြစ် စွပ်စွဲခံရသူများမှာ ကိုနေလင်းအောင်၊ ကိုကျော်နိုင် နှင့် ကိုအောင်အောင် တို့ဖြစ်ကြသည်။
Copy from - mizzimaburmesehttp://www.pnsjapan.org/2013/07/blog-post_11.html

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့ Camera360 ရဲ့ update

Camera360 Ultimate 4.5.5

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့

Camera360 ရဲ့ update လေးပါ အားလုံးပဲ အသုံးပြု့နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
MEDIAFIRE     |  SHAREBEAST   | ZIPPYSHARE   | BOX
ကိုလတ်(ကျွဲဆင်း)

Camera360 Ultimate 4.5.5

မြန်မာပြည် လူငယ်ထု့ကြားမှာ ရေပန်းစား နာမည်ကြီးနေတဲ့

Camera360 ရဲ့ update လေးပါ အားလုံးပဲ အသုံးပြု့နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ
MEDIAFIRE     |  SHAREBEAST   | ZIPPYSHARE   | BOX
ကိုလတ်(ကျွဲဆင်း)

messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံး

WhatsApp Messenger 2.10.766 For Android

WhatsApp Messenger အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 7လပိုင်း 10 ရက်နေ့ထွက်Update တင်ပေးလိုက်ပါတယ်
messages တွေ video နဲ့ အသံ တွေ Free ပို့မယ် WhatsApp Messenger အကောင်းဆုံးလို့ပြောရပါတယ် 
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ်
Download>>>mirrorcreator (or)zippyshare(or) solidfiles


ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလ သတ်မှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်

AddThis Social Bookmark Button
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်လေးခုအား အရေးကြီးကာလအဖြစ် သတ်မှတ်ကာ လုံခြုံရေးအင်အားများ တိုးမြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ လုံခြုံရေးအင်အား တိုးမြှင့်ခြင်းနှင့် အရေးကြီးကာလအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယရဲမှူးကြီး မြင့်အေးက "အခုလောလောဆယ်တော့ ခရိုင်အလိုက် အရေးကြီးကာလအဖြစ် သတ်မှတ်ပြီး လုံခြုံရေးတွေကို ဆတိုးဆောင်ရွက် နေတယ်။ အရေးပေါ်ကာလ အနေအထား မဟုတ်သေးပေမယ့် အရေးကြီးကာလအဖြစ် သတ်မှတ်ဆောင်ရွက် နေပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် အားလုံးက သတ်မှတ်နေရာများမှာ အသင့်ရှိနေပြီး တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အလျင်မြန်ဆုံး ရောက်ရှိသွားမှာပါ" ဟု ၎င်းက ပြောကြားသည်။
ယခု လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို သင်တန်းများပေးထားပြီး ဖြစ်ပေါ်လာသော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး အလျင်မြန်ဆုံး လုပ်ဆောင်နိုင်ရန် ညွှန်ကြားထားကြောင်းလည်း ဒုတိယရဲမှူးကြီး မြင့်အေးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ်နှင့် တိုင်းများရှိ နယ်စပ်ဂိတ်ပေါက်များ၌ အ၀င်အထွက် စစ်ဆေးမှုများကို ပုံမှန်ထက် ပိုမိုစစ်ဆေးနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာဖြစ်သည့် ဗုဒ္ခဂယာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၁၀ ရက်တွင် ထိုင်းနိုင်ငံ လေကြောင်းလိုင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး သံဃာတော် အယောင်ဆောင်၍ ရောက်ရှိလာခဲ့သဖြင့် ယခုကဲ့သို့ လုံခြုံရေးအင်အားတိုးကာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်လေဆိပ်မှတစ်ဆင့် သံဃာတော် အယောင်ဆောင်၍ ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးအား သာသနာ ညှိုးနွမ်းစေသည့် အမှုဖြင့် သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိပြီး ၎င်းတို့အား လေဆိပ်မှ စောင့်ကြို၍ တည်းခိုရန် နေရာသို့ ခေါ်ဆောင်ခဲ့သည့် မွတ်စလင် ဇနီးမောင်နှံ နှစ်ဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တရားဝင် ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်

AddThis Social Bookmark Button
တရားဝင်ခွင့်ပြုချက် မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြားလာပါက အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဇူလိုင် ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦသိန်းညွန့် မေးမြန်းသည့် "ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း၊ ဒေါပုံ၊ ဒလ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ သုံးခွအပါအ၀င် မြို့နယ်များနှင့် မြန်မာနိုင်ငံရှိ မြို့အတော်များများ၌ အတိုးနှုန်း မြင့်မားစွာဖြင့် ငွေတိုးပေးစားသူများက အဆင်းရဲဆုံး သူများအပေါ် စာချုပ်အလွတ်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းခြင်း၊ ပေးဆပ်နေရသည့် အတိုးကို လက်ခံရရှိကြောင်း အထောက်အထား မပေးခြင်း၊ အကြောင်းအမျိုးမျိုးပြပြီး ပြစ်မှုကြောင်း စွဲဆို၍ ထောင်ဒဏ်ကျခံစေခြင်း၊ အိမ်မြေများ သိမ်းယူခြင်းနှင့် ပတ်သက်၍  ယင်းကဲ့သို့ ခွင့်ပြုချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေးစား သူများအပေါ် တိုင်ကြားခြင်းနှင့် တိုင်ကြားလာပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက မည်ကဲ့သို့ အရေးယူမည့် အစီအစဉ် ရှိပါသလဲ" ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းညွန့်က "ရန်ကုန်မှာတင် အတော်ခံနေရတယ်။ နေ့ပြန်တိုးတောင် မဟုတ်ဘူး။ မတ်တိုးဆိုတာပါ ပေါ်လာတယ်။ သိန်း ၃၀ ချေးတာကို သိန်း ၄၀ အထိ ဆပ်ပြီးသွားပြီ။ ဒါပေမဲ့ နောက်ထပ် မဆပ်နိုင်တဲ့ အခါကျတော့ သိန်း ၁၀၀ အထိ လိုချင်လို့ တရားစွဲတာတွေ ရှိတယ်။ စွဲတဲ့အခါမှာလည်း တချို့မြို့နယ်တွေမှာ တရားသူကြီးတွေနဲ့ ပေါင်းထားကြတာပေါ့။ အဲဒါကြောင့် ဆင်းရဲသူတွေဟာ အိမ်ပေါင်၊ ယာပေါင်တွေတင် မကဘဲ ထောင်ထဲရောက်တဲ့သူတွေပါ ရှိနေပါတယ်" ဟု ပြောကြားသည်။
ရဲချုပ်က "နစ်နာသူများနဲ့ သိရှိသူ မည်သူမဆို တရားဝင် ခွင့်ပြုချက်မရှိဘဲ ငွေတိုးချေးစားသူများကို ဖော်ထုတ်တိုင်ကြား လာပါက အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေအရ အရေးယူနိုင်သဖြင့် အဆိုပါဥပဒေနှင့် ပြည်သူလူထုအား အကာအကွယ်ပေးထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း တိုးတက်ပြောင်းလဲနေတဲ့ ခေတ်နဲ့လိုက်လျောညီထွေမှု ရှိစေဖို့ လိုင်စင်မဲ့ ငွေတိုးချေးစားသူများကို အရေးယူနိုင်သော တည်ဆဲဖြစ်တဲ့ 1945 The Money Lenders Acts နဲ့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းဥပဒေများကို ကျယ်ပြန့်စွာ သုံးသပ်ပြီးနောက် ပြင်ဆင်သင့်ကြောင်း တွေ့ရှိပါက ယင်းဥပဒေများကို စီမံခန့်ခွဲတဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၀ ပုဒ်မခွဲ (က)နဲ့အညီ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်နိုင်ပါတယ်" ဟု ပြောကြားသည်။

မြန်မာ့ Sexy မင်းသားချောလေး ရိုတ

အနုပညာ

ဘယ်လိုများ ထပ်ကြမ်းချင်သေးသလဲ … ရိုတ

Hits:18,136
ရိုတရဲ့ အဝေဖန်ခံနေရတဲ့ facebook ပေါ်က ဓာတ်ပုံနဲ့ အိုအေစစ် ဂျာနယ်ပေါ်က Sexy ပို့စ် ကဏ္ဍက ရိုတရဲ့ စာမျက်နှာ (ဓာတ်ပုံ – ရိုတ facebook နဲ့ အိုအေစစ် facebook၊ ခွင့်ပြုချက်များ တောင်းထားပြီး)
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a93c11c3&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=59&cb=INSERT_RANDOM_NUMBER_HERE&n=a93c11c3' border='0' alt='' /></a>
မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ၀တ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ တော်တော်လေး များပြားလာတာကို မစပ်စုနဲ့ အတူ အားလုံးလည်း သတိထား မိကြမယ်လို့ ထင်ပါတယ်။
ဟိုးအရင်ကတော့ အခုလို အင်တာနက် facebook စာမျက်နှာတွေ တွင်တွင်ကျယ်ကျယ် မရှိသေးလို့လား၊ ဒီဘက်ခေတ်မှာလို မပွင့်လင်း မထင်သာ မမြင်သာ သေးလို့လားတော့မပြောတတ်၊ မစပ်စု သတိထားမိသလောက် နာမည်ကြီး သရုပ်ဆောင် အဆိုတော်တွေရဲ့ မပေါ့်တပေါ် ပုံတွေဟာ နာမည်မကျော်ခင် တိတ်တဆိတ် ရိုက်ထားခဲ့ပြီးမှ သူတို့ နာမည်ကြီးလာတော့ သူတို့ရဲ့ ပုံပါ ဆိုပြီး ထွက်ပေါ်လာတတ်ကြတယ်လို့ ယူဆမိပါတယ်။
အခု ဒီဘက်ခေတ် ရောက်လာတော့ အနုပညာလောကရဲ့ ပြောင်းလဲလာမှုလို့ပဲ ပြောရမလား၊ ဒီလို ပွင့်ပွင့်လင်းလင်း ဓာတ်ပုံ မပွင့်မလင်း ၀ိုးတိုးဝါးတား ဓာတ်ပုံတွေ ရိုက်မှ ပရိသတ် သတိထားမိလာမယ် ဆိုတဲ့ နာမည်ကြီးလမ်းကြောင်း တခုလို ဖြစ်လာပါတယ်။ facebook စာမျက်နှာထက်မှာ ပရိသတ် များများ အဆဲအဆို၊ အထုအထောင်း ခံရပြီဆိုရင် အောင်မြင်ပြီလို့သာ မှတ်လိုက်တော့လို့ ပြောရမလိုဖြစ်နေပါပြီ။
ဒါကတော့ အနုပညာရှင် မိန်းကလေးတွေရဲ့ ပွင့်လင်းမှုပါ။ ဒီလိုပွင့်လင်းမှုထဲမှာ ယောက်ျားလေး အနုပညာရှင်လည်း ပါဝင် လာပါပြီ။
အဲဒါကတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့ facebook စာမျက်နှာထက် Sexy ကျတဲ့ ဓာတ်ပုံတပုံပါ။ မြန်မာအမြင်နဲ့ဆို အတော်လေး ကိုးယိုးကားယား နိုင်တဲ့ ဓာတ်ပုံတပုံ တင်ထားတာကို မစပ်စုနဲ့အတူ facebook ပရိသတ် အတော်များများလည်း သတိထားမိကြမှာပါ။ ဒီလိုပုံမျိုးကို ပရိသတ်က ၀ိုင်းပြီး ဆဲဆို ထောပနာပြုမှာကို သိလို့လားတော့ မပြောတတ်ပါဘူး ဒီဓာတ်ပုံမှာ ကြိုတင်ပြီးတော့ ရိုတက “အိုအေစစ် ဂျာနယ်အတွက် သဘာဝပုံပါ။ ကြိုက်တာရေးလို့ ရပါသည်။ ကြိုက်တာ ပြောလို့ရပါသည်” လို့ ဆိုထားလေတော့ မစပ်စုရဲ့ စပ်စုချင်စိတ်လည်း တဖွားဖွား ပေါ်လာတာတော့ အမှန်ပါပဲ။
ဒီလို အနေအထား၊ ဒီလို ပို့စ်မျိုးဟာ နိုင်ငံတကာက သရုပ်ဆောင် မင်းသား အဆိုတော်တွေ အနေနဲ့ကတော့ ဘာမှ မထူးဆန်း ပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကျတော့ အထူးအဆန်းဖြစ်နေတာ အသေအချာပါပဲ။
ဒီတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့  ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ သမိုင်းကြောင်းကို ခြေရာခံဖို့ မစပ်စုကြိုးစား ပါတော့တယ်။
“အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်တာပါ။ ပထမကတော့ ကျနော် အဲဒီလိုရိုက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ Sexy နဲ့ပတ်သက်ပြီး ရှေ့မှာလည်း တချို့ Celebrity တွေ အဲဒီလို ရိုက်ထားတာတွေ့တော့ ရိုက်မယ့်ရိုက် နည်းနည်း ခပ်ကြမ်းကြမ်း လေးတော့ ရိုက်ပေးလိုက်မယ်ဆိုပြီးတော့ ရိုက်ပေးလိုက် တာပါ။ ဒီထက်ကြမ်းဖို့ရှိတယ်။ ဒါပေမယ့် ရိုက်တဲ့နေ့မှာ မိန်းကလေးတွေက အလုပ်ရုံမှာ တော်တော် များတယ်။ အဲဒါကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်တာ။ နို့မို့ဆိုရင် ဒီထက် ပိုဆိုးမယ်။ ရိုက်မှတော့ စိတ်ပါလက်ပါနဲ့ ရိုက်ပေးလိုက်တာ။ ကျနော်က အလုပ်အပေါ် တန်ဖိုးထားတယ်။ နယ်ကနေပြီး ရုန်းကန် ကြိုးစား ရတယ်ဆိုတော့ အလုပ်ကို သူတို့ စိတ်ကျေနပ်အောင် အထိ လုပ်ပေးဖို့က ကျနော့် အပိုင်းပေါ့နော်။ အဲဒီမှာ ကျနော့် ဘက်က အားနည်းချက် ဘာရှိသွားလဲ ဆိုတော့ ပထမက အဲဒီလို Sexy အရမ်းဆန်ဆန် ရိုက်မယ်လို့ ဆုံးဖြတ်ထားတာ မရှိတော့ ဘောင်းဘီတို့၊ ၀တ်စားဆင်ယင်မှုပိုင်းမှာ နည်းနည်း အားနည်းသွားတာ ရှိတယ်။ အဲဒီအတွက်ကို ပရိသတ်တွေကို တောင်းပန်တယ်” လို့ သရုပ်ဆောင် အဆိုတော် ရိုတက ဧရာဝတီကို ပြောပါတယ်။
ဒါမျိုးဟာ အခုခေတ်မှာ မဆန်းတော့ဘူးလို့ ထင်မြင်မိကြောင်းနဲ့ သူ့အနေနဲ့ မိန်းကလေး မဟုတ်တဲ့အတွက် ဒါမျိုးကို ကြိုက်မယ့်သူ နည်းလိမ့်လို့ ထင်မြင်မိကြောင်း သူက ဆက်ပြောပါတယ်။
သရုပ်ဆောင် အဆိုတော် ရိုတ ဟာ ၂၀၀၆ ခုနှစ်က စလို့ အနုပညာ လောကထဲကို ၀င်ရောက် လာသူဖြစ်ကာ လက်ရှိမှာ “စပွန်ဆာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး အတွဲခွေ ၄ ခွေ မှာလည်း ပါဝင်သီဆိုထားပါတယ်။ လက်ရှိမှာ ပြန်ဆိုတေး စီးရီးခွေ ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို၊ ဗီစီဒီ တော်တော်များများ မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဒါထက် သူ့ကို ခေါင်းဆောင် တင်ရိုက်ဖို့ စာချုပ်ချုပ်မယ့် ဘယ် ကုမ္ပဏီကိုမဆို ပထမ ဆယ်ကားစာ အခမဲ့ ရိုက်ကူး ပေးမယ်လို့ ပြည်တွင်း ဂျာနယ်တွေမှာ ပြောကြား ထားပါသေးတယ်။
သရုပ်ဆောင် ရိုတအနေနဲ့ ဒီလို ဓာတ်ပုံမျိုးကို ရိုက်ကူးတာဟာ နာမည်ကြီးချင်လို့ သက်သက် ရိုက်ကူးခြင်း ဖြစ်တယ်လို့ ပရိသတ်ရဲ့ ဝေဖန်မှုကို တခဲနက် ရရှိလိုက်တာတော့ အမှန်ပါပဲ။
“တချို့က နာမည်ကြီးချင်လို့ လုပ်တာလည်း ရှိတာပေါ့။ နာမည်ကြီးချင်လို့ လုပ်မှတော့ အများကြီး လုပ်လို့ရပါတယ်။ ရှင်းရှင်း ပြောရရင် ကမ္ဘာမှာလည်း အရမ်း ခေတ်စားနေတာပဲ။ ယောကျာ်းလေး အချင်းချင်း၊ မိန်းကလေး အချင်းချင်း အများကြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်၊ အများကြီး ခေတ်မီတဲ့ အနေအထားတွေရှိတယ်။  အခုလည်း အင်တာနက်ပေါ်မှာ Movie file တွေ အများကြီး တက်လာတဲ့ သူတွေလည်းရှိတယ်။ အနုပညာရှင် တွေထဲမှာလည်း အများကြီးပဲ။ ကျနော်လုပ်လိုက်တဲ့ အရာတခုကို ကျနော် မှန်တယ်ထင်ရင် ရှေ့ဆက်တိုးတယ်၊ နောက်မဆုတ်ဘူး။ အဲဒါကြောင့် ဘယ်သူပဲပြောပြော ကြိုက်တာ ရေးနိုင်သည်၊ ကြိုက်တာ ပြောနိုင်သည်။ ကျနော့်ကို စိတ်ဝင်စားလို့ ရေးတယ်၊ ပြောတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကို ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်ကတော့ အကုန်လုံးကို ကြိုဆိုပါတယ်” လို့  ရိုတက ဆိုပါတယ်။
သူ့အနေနဲ့ အနုပညာအလုပ်ကို ၀ါသနာ ပါသူဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ ပတ်သက်ရင် ဘာပဲလုပ်လုပ် ဘယ်ဟာပဲ ကမ်းလှမ်း ကမ်းလှမ်း လုပ်ပေးဖို့ အဆင်သင့်ပါပဲလို့  ပြောပါတယ်။
ဒီဓာတ်ပုံကို အိုအေစစ် ဂျာနယ်အတွက် ရိုက်ကူးပေးထားတာလို့ ဆိုလေတော့ ဒီလို Sexy ဆန်တဲ့ပုံ အနေအထားမျိုးကို အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။
ဒီဓာတ်ပုံဟာ အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်ထားတဲ့ ဓာတ်ပုံဆိုပေမယ့် တကယ်တမ်း အိုအေစစ် ဂျာနယ်မှာ မဖော်ပြခဲ့ဘဲ အယဉ်ဆုံး ပုံကိုသာ ရွေးချယ်ဖော်ပြခဲ့တယ်လို့ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုးက ဧရာဝတီကို ပြောပါတယ်။
“ရိုတကျတော့ သူနဲ့လည်း ခင်နေတော့ သူက အဲဒီကဏ္ဍလေးမှာ သူလည်း ပါချင်တယ်လို့ ဆိုတော့ ဓာတ်ပုံသွားရိုက်ထား၊ ပြီးသွားရင် ကျမကိုပြော၊ ဓာတ်ပုံလာပေးလို့ ဆိုပြီး သူ့ကို အဲဒီလိုပဲ ပြောလိုက်တော့ သူက အစ်မရယ် ကျနော့်ကို ဓာတ်ပုံဆရာ စီစဉ်ပေးပါလို့ပြောတယ်။ ကျမလည်းဓာတ်ပုံ စပွန်ဆာပေးတဲ့ ကောင်လေး ကိုလှမ်းပြီးတော့ ချိတ်ပေးလိုက်တယ်။ နင်တို့ ယောကျာ်းလေး အချင်းချင်းပဲ၊ နင်တို့ဘာသာ နင်တို့ ရိုက်ထားလိုက်ကြ၊ ပြီးရင် ငါဓာတ်ပုံ သွားယူထားလိုက်မယ် ဆိုပြီး ပြောလိုက်တယ်။ နောက်နေ့ကျတော့ ကျမကို ဓာတ်ပုံဆရာက ဓာတ်ပုံလာပေးတယ်။ အဲဒီမှာ ကျမ ကြည့်လိုက်တော့ ပုံလေးတွေက သူတို့က ယောက်ျားလေးလည်း ဖြစ်တယ်၊ လူငယ်လည်း ဖြစ်တယ်ဆိုတော့ တော်တော်တော့ Sexy ကျနေတာပေါ့နော်။ ဒါပေမယ့် ကျမက ကျမရဲ့ ဂုဏ်သိက္ခာအရရော၊ ကျမဂျာနယ်ရဲ့ ဂုဏ်သိက္ခာအရရော အင်မတန်မှ အယဉ်ကျေးဆုံးပုံ၊ မျက်စိ မရိုင်းဆုံးသော ပုံကိုရွေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ပုံကိုလည်း ကျမ အွန်လိုင်းမှာ တင်ထား ပါတယ်။ ဒီကဏ္ဍလေး ကျတော့လည်း ခေါင်းစဉ်ကိုက Sexy ပို့စ် ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ Sexy ကျတဲ့ ပုံလေးတွေကို ကျမ ရွေးချယ်ဖြစ်ပါတယ်” လို့ ဒေါ်ဂျူလိုင်မိုးက ပြောပါတယ်။
ဒါ့အပြင် ရိုတရဲ့ facebook ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “အဲဒါတွေက သူအကုန်ရိုက်ခဲ့တဲ့ ပုံတွေပါ။ ဒီပုံတွေ အကုန်လုံးက ကျမတို့ ပိုင်တယ်ဆိုပေမယ့်၊ ကျမသူ့ကို အကုန် ပေးလိုက်တယ်လေ။ မင်းဘာသာမင်း သုံးချင်သလို သုံးလို့၊ ကျမက အရမ်းရိုင်းတဲ့ ပုံတွေတော့ သုံးလို့မှမရတော့တာ။ အဲဒါကြောင့် မင်း ယူသွားတော့လို့၊  သုံးချင်တဲ့နေရာ သုံးလို့ ပြောလိုက် တော့ သူလည်း facebook တင်ထားတယ်နဲ့ တူပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ကဏ္ဍဟာ ပရိသတ် စိတ်ဝင်စားအောင် နာမည် ပေးထားတာဖြစ်ပေမယ့် ဒါဟာ ပညာပေး ကဏ္ဍတခု ဖြစ်ပြီး  ဒီကဏ္ဍမှာ ပါဝင်လာတဲ့ အနုပညာရှင်တွေက ၀တ်စားဆင်ယင်မှု ပိုင်းမှာ အရမ်း မလျှပ်ပေါ် မလော်လီကြဖို့နဲ့  သူ့နေရာနဲ့သူ ၀တ်စားသင့်တယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ တိုက်တွန်း ပြောစကားတွေနဲ့ အတူ တင်ဆက်ထားတဲ့ ကဏ္ဍတခု ဖြစ်တယ်လို့လည်း ဒေါ်ဂျူလိုင်မိုးက ဆိုပါတယ်။
အိုအေစစ် ဂျာနယ်ဟာ အပတ်စဉ် တနလာင်္နေ့တိုင်း ထုတ်ဝေပြီး သရုပ်ဆောင်အဆိုတော် ရိုတ ရဲ့ Sexy ပို့စ် ကဏ္ဍဟာ အမှတ်စဉ် ၆၉ ဇွန်လ ၁၀ ရက်နေ့ထုတ် စာမျက်နှာ ၂၄ မှာ ပါရှိခဲ့တာပါ။
အခုလို သရုပ်ဆောင်၊ အဆိုတော် ရိုတရဲ့ facebook က ဓာတ်ပုံတွေကို ပရိသတ် ဝေဖန်မှုနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “ကျမကတော့ သူရိုက်သမျှ ပုံတွေအားလုံး ဆိုရင်တော့ ပရိသတ်က အရမ်း ဝေဖန်ကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျမဆီမှာ တင်ထားတဲ့ ပုံလည်း ကြည့်လိုက်ပါ။ သူ အဲဒီနေ့မှာ ရိုက်တဲ့ ပုံတွေ အားလုံးထဲမှာမှ အယဉ်ဆုံး ပုံကို ကျမ ရွေးထား တာပါ။ သူကတောင် ပြောပါသေးတယ်။ အစ်မ ဒီထက် Sexy ကျတဲ့ ပုံတွေ ရှိတယ်လေဆိုတော့ ဒီပုံလေးက ချစ်စရာ ကောင်းလို့ပါ ဆိုပြီး ကျမ ချော့ပြီး ပြောလိုက်တယ်။ ဒါပေမယ့် ကျမ ရိုတကို လေးစားတာ၊ ကျေးဇူးတင်တာ တခုက သူဖြေထားတဲ့ စကားလုံး တွေက အရမ်း ကောင်းတယ်။ ကိုယ့်ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းရမယ်၊ မိန်းကလေးတွေက အရမ်းကြီး Sexy မကျပါနဲ့ဆိုတာမျိုး ပြောသွားတယ်။ ဒါပေမယ့် ပုံနဲ့တော့ ကျမတို့ ဆွဲဆောင်မှု ယူလိုက်ရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်သူလည်း သိတယ်၊ သူသည် နံပါတ်တစ် စူပါမင်းသား မဟုတ်ဘူး။ အဲဒါကြောင့် ဘာပဲပြောပြော ပရိသတ်ကို ဆွဲဆောင်ဖို့ဆိုတာ တခုခု လုပ်ပြမှ ရမှာပေါ့နော်။  အဲဒါကြောင့် သူလုပ်လိုက်တယ် လို့ပဲ ကျမက တွက်ပါတယ်။ သူ့မှာရှိတဲ့ အနုပညာလေး၊ စွမ်းအားလေးကို ပြတယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။
ဓာတ်ပုံကြောင့် အဝေဖန်ခံနေရတဲ့ ရိုတရဲ့ facebook က ပုံနဲ့အတူ သူ့  facebook link၊ အိုအေစစ်ဂျာနယ်က ရိုတရဲ့ Sexy ပို့စ် စာမျက်နှာတို့ကို ဧရာဝတီပရိသတ် ယှဉ်ကြည့်နိုင်ဖို့ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။
http://burma.irrawaddy.org/archives/44101