This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 9, 2013

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်


ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့သည့် သန္ဓေ သားကို ခွဲစိတ်အပြီးတွေ့ရစဉ်  ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
        ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာ ထင် ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာ ပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်း သိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ် ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။

နန်းသီတာဝင်း ၊ အောင်သူ - Yangon Media Group
Thit Htoo Lwin
http://www.thithtoolwin.info/2013/06/blog-post_98.html#.UbIVG3K3sm8
နွေည

KakaoTalk v3.8.1 Apk 7MB

ဒါကတော့ VIBER ထက်ကောင်းတဲ့ KakaoTalk v3.8.1 Apk 7MB လို့ တော့ ပြောတာပဲ
ကျနော်ကတော့ ကောင်းကောင်းသိသေးဘူး ဒါပေမယ့် တွေ့လို့ တင်ပေးလိုက်တာပါ စမ်းတော့ ကြည့်တယ်
မဆိုးဘူးလို့တော့ပြောလို့ ရပါတယ်..
KakaoTalk  အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် June 5 ရက်နေ့ထွက် လေးတင်ပေးလိုက်ပါတယ်
Viber ထက်လန်းတဲ့ KakaoTalk ဆော့ဝဲအလန်းလေးပါ အသံထွက်ကြည်သလို လုပ်ဆောင်ချက်တွေလည်းတော်တော် စုံပါတယ် စာရိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ မျက်နှာပြောင်အရုပ်လေးတွေဟာလည်း တော်တော်ကိုလန်းပါတယ် ။ Viber လို အသံမကြည်တာတို့ ခဏခဏကျတာတို့လည်း မရှိပါဘူး အရမ်းကောင်းတဲ့ဆော့ဝဲလေးပါ Viber ထက် လူသုံးအများဆုံးနဲ့ အကြိုက်ဆုံးဆော့ဝဲလေးပါ ။ အသုံးပြုရတာ လုပ်ရတာ Viber လိုပါပဲ ကိုယ့်နိုင်ငံရွေး ပြီးရင်ဖုန်းနံပါတ်ဖြည့်လိုက်တာနဲ့ သူပို့ပေးတဲ့ကုဒ်နံပါတ်ထည့်ပေးလိုက်ပါ အဆင်ပြေသွားပါပြီ သုံးကြည့်လိုက်ပါ ကြိုက်သွားပါလိမ့်မယ် ။ အခုထွက်တဲ့ နောက်ဆုံးဗားရှင်းလေးကို တင်ပေးလိုက်ပါတယ် ဆိုဒ်က 7 MB ပဲရှိပါတယ်
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>zippyshare (or)http://d-h.st/
 
အားလုံး အဆင်ပြေကြမယ်လို့ လဲထင်ပါတယ်..
                                                             အမျိုးကောင်းသားဆိုဒ်မှ

Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း ( မြန်မာလို )

ကိုပြည့်ဖြိုး ( ပြည် ) ရေးသားတဲ့  Router ကို Setting ချပြီး WIFI ပြန်လွှင့်နည်း  မြန်မာလို စာအုပ်လေးပါခင်
မျာ..လေ့လာလိုသူများအတွက် တင်ပေးလိုက်ပါပြီ..
Download => Link 1 / Link 2
 
If u like my post,Please Visit At www.mmithelper.com 

ကွန်ပြုတာကနေ ဖုန်းတွေကို SMS ပို့နိုင်မယ့် mightytext apk


ဒီနေ့ ကျနော်မျှဝေချင်တာလေးကတော့ မိမိကွန်ပြူတာကနေ သူငယ်ချင်းတွေ ရဲ့ဖုန်းတွေကို

sms ပို့လို့ရနိုင်မယ့် ဆော့ဝဲလေးပါ နာမည်ကတော့ mightytext ဆိုတဲ့နာမည်လေးပါ

ရနိုင်တဲ့ browser တွေကတော့  internet explorer,Chrome , Firefox,Safari နဲ့ Opera 

တို့မှာရရှိနိုင်ပါတယ် maxthon 3 မှာတော့ မရပါဘူးဗျာ။

Gmail ကနေပြီးတော့လည်း sms အလကား ပို့လို့ရပါတယ် အဲ့ဒါကတော့နောက်မှပြပါမယ်

ကဲကဲ စမယ်ဗျာ... mightytext လေး ကို Google Play ကနေဝင်ဒေါင်းလိုက်ပါ 

ဒီဆော့ဝဲလေးကို မိမိဖုန်းမှာ install လုပ်ရပါမယ် ပြီးရင် gmail အကောင့်နဲ့ ဝင်ပေးရမယ်နော်

ဖုန်းမှာ ပြီးပြီဆိုရင်တော့ မိမိ အသုံးပြု့မယ် browser ကို သွားရမယ်

 အခု့ ကျနော်ပြပေးချင်တာကChrome ကနေသုံးနည်းလေးပါ

အောက်မှာ ပုံလေးတွေနဲ့ပြပေးထားတယ်နော် သေသေချာချာလေးလိုက်လုပ်ကြည့်ပါနော်
အောက်ကပုံကတော့ browser extension ကနေသွားရမှာမို့ setting ကိုသွားလိုက်ပါ

setting က ညာဘက်အပေါ်ထောင့် မှာ ဘေးတိုက် မျဉ်း ၃ကြောင်းတားထားတာလေးကိုနှိပ်လိုက်ပါ

ပြီးတာနဲ့ setting ကိုနှိပ်လိုက်ပါ
setting ထဲရောက်သွားပြီဆိုရင် ဘယ်ဘက်ဘေးအပေါ်ထောင့်မှာ extension လေးကိုနှိပ်လိုက်ပါ

ပုံထဲမှာပြထားတဲ့အတိုင်းလုပ်လိုက်ပါဗျာ



extension မှာ mightytext လို့ရိုက်ရှာလိုက်ရင်ရတယ်
ဖုန်းကို အရင် Gmail အကောင့်ဝင် ထားမှရမယ်နော်

ပြီးမှ extension ကိုဖွင့်ပါ အဲလိုမဟုတ်ဘူးဆိုရင် desktop နဲ့ ဖုန်းနဲ့ link မချိပ်မိပဲနေပါ့မယ်

ကျနော်စမ်းတာတော့ OFFLINE သုံးလို့မရဘူးဗျ ၂ခု့လုံးမှာ ကွန်နက်ရှင်ရှိမှရမယ်

မိမိ ပိုမယ့်လူရဲ့ဖုန်းမှာတော့ ရှိစရာမလိုပါဘူး

ဒါပေမဲ့ တခု့ကောင်းတာက ဖုန်းမှာ မြန်မာဖောင့်မရှိပေမယ့် 

ကွန်ပြုတာကနေ မြန်မာလို ဖတ်နိုင်တယ်
ကိုလတ်(ကျွဲဆင်း)
http://www.ledimyethar.com/2013/06/sms-mightytext-apk.html

Face book ကနေ စကားပြောမယ် Paltalk Free v4.5.0 For Pc & Apk & ipa (10MB)

ဒီဆောစ့်ဝဲလ်လေးကတော့ face book အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
ဖုန်းကနေ ဗီဒီယိုချက် စကားပြော စတာတွေ အသုံးပြုလို့ရပါတယ် 
ဗီဒီယိုချက်မှာဆိုရင် တစ်ပြိုင်တည်း ကိုယ်အပါဝင် သုံးယောက်ချက်လို့ရပါတယ် 
စကားပြောတာလည်း အသံကြည်ပါတယ် သူက 3G 4G ၀ိုင်ဖိုင်ကွန်ရက်အတွင်းမှာ အသုံးပြုလို့ရပါတယ် 
အသုံးပြုချင်တယ်ဆိုရင် ဆောစ့်ဝဲလ်ကို Install လုပ်ပါ ပြီးရင် ဖွင့်ပါ 
face book နဲ့ဝင်ပါ အကောင့်နာမည်ပေးတဲ့အခါ မြန်မာနာမည်အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက်
မြန်မာနာမည်နဲ့ပေါ်နေရင် အင်္ဂလိပ်နာမည်ပြောင်းပေးပြီးတော့ Save လိုက်ပါ 
အဲဒါပြီး ကိုယ်သူငယ်ချင်းတွေ လည်း အသုံးပြုထားတယ်ဆိုရင် တစ်ခါတည်းပေါ်ပါတယ် 
မပေါ်လည်း ကိစ္စမရှိပါဘူး face book ကနေ ဘာနာမည်နဲ့ ၀င်ထားလည်းဆိုတာ လှမ်းတောင်းလိုက်ပါ
ကိုယ်အကောင့်ဖွင့်တုန်းက Save ခဲ့တဲ့နာမည်လေးပေးလိုက်ပါ ပေးတဲ့ နာမည်ကို ဆက်သွယ်ပြီး
သူနဲ့ကိုယ် ဗီဒီယိုချက်လုပ်မလား စကားပြောမလား ကြိုက်တာလုပ်လို့ရပါပြီ ခင်ဗျာ
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
APK Download>>>>mirrorupload (or)sendspace (or)zippyshare
For Pc Dwonload>>>mirrorupload (or)zippyshare (or)sharebeast
ကိုကိုတွေ ညီညီတွေ အကြိုက်တွေ့မယ် ချက်ခန်းလည်းပါတယ်နော် 
တစ်မ္ဘာလုံးနီးပါးဘဲ နိုင်ငံ အလိုက်ရွှေးပြီး  ကြိုက်တဲ့အထဲဝင်ပြီး ချက်လို့ရတယ် (ဗီဒီယိုချက်)


ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားဖြည့်

မွေခေါဝ်

သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။

“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောပါသည်။

ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက် အင်အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။

ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူထားနေတယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။

ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်းရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ တင့်ကား များ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ၀ ခေါင်းဆောင်များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် ဆက်တိုက်တောင်းဆိုလာခဲ့သည်။

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

မလေးရှားနိုင်ငံမှာ နောက်ထပ်မြန်မာ ၃ ဦး သတ်ဖြတ်ခံရ

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။ ---

Sunday, June 9, 2013

အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။

မနေ့က သေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။

“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမ အမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အထဲမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"

နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။

"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက်၊ အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊ သေလားရှင်လားမသိဘူး”

ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

RFA Burmese

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - The Kuala Lumpur Post

ဗီယက်နမ်က လူကြိုက်အများဆုံး ဂေးတွေဘ၀ ရုပ်ရှင်

ဗီယက်နမ်နိုင်ငံမှာ မကြာခင်က ““My Best Gay Friends” – အကောင်းဆုံးဂေးမိတ်ဆွေများ” ဆိုတဲ့ ဇာတ်လမ်းတွဲသစ်ကို အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ ၁ သန်းနီးပါး ရှိသွားပါတယ်။ ဟိုချီမင်းစီတီးရဲ့ တောင်ပိုင်းရပ်ကွက်မှာရှိတဲ့ တိုက်ခန်းမှာ ပေါင်းနေကြတဲ့ လူ ၃ ယောက်အကြောင်း ကုန်ကျစရိတ် နည်းနည်းနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါ၊

ဗီယက်နမ်လူငယ်တွေရဲ့ဘ၀ကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတွဲပါ၊ ထူးခြားတာက ဇာတ်လမ်းထဲမှာ ဇာတ်ကောင်စရိုက်တွေအများစုက မိန်းကလေးချင်း စိတ်ဝင်စားသူ၊ ယောက်ျားချင်း မေတ္တာသက်ဝင်သူ၊ လိင်ပြောင်းထားသူနဲ့ လိင်စိတ်နှစ်ခွ ရှိသူတွေ ဖြစ်နေတာပါ။

ဒီဇာတ်လမ်းကို ပုံဖော်သူကတော့ ဟိုင်းငုယင်ဒင်းကို ဆိုတဲ့ အသက် ၂၂ အရွယ် လူငယ်လေး တယောက်ပါ။ ဟာသဇာတ်လမ်းမှာ သူပဲ ဒါရိုက်တာ၊ သူပဲ ထုတ်လုပ်သူ၊ သူပဲ ဇာတ်ညွန်းရေးသူ၊ သရုပ်ဆောင် ဖြစ်ပါတယ်။

လိင်တူစိတ်ဝင်စားသူတွေရဲ့ ဘ၀ဟာ သာမန်လူတွေရဲ့ ဘ၀တွေလိုပဲ ဆိုတာကို မီးမောင်းထိုးပြချင်တာလို့ ဆိုပါတယ်။

“ဒီဇာတ်လမ်းကို ကြိုက်တဲ့ လူတွေထဲမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေလည်း အများကြီး ပါနေပါတယ်။ အရင်တုန်းက ဂေးတွေကို အမြင်ကပ်ခဲ့ပေမယ့် ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာတော့ အမြင်တွေ ပြောင်းသွားတယ်။ ဂေးတွေကို မမုန်းတော့ဘူးလို့ ပြောကြတယ်။”

ဗီယက်နမ်မှာ ဒီလို ဇာတ်ကောင်စရိုက်တွေနဲ့ ဇာတ်လမ်းတွဲက  ပွဲဦးထွက်လို့ ဆိုနိုင်ပါတယ်။ လူကြိုက်များတာကို ကြည့်ခြင်းအားဖြင့်လည်း လိင်တူနှစ်သက်တဲ့ အုပ်စုတွေအပေါ် အမြင်ပြောင်းလဲလာတဲ့ လက္ခဏာပါ။ လိင်တူချင်း ထိမ်းမြားခွင့်ဥပဒေမူကြမ်းကို အတည်ပြုဖို့ အစိုးရ စဉ်းစားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဇာတ်လမ်းကို ဟာသအခန်းတွေနဲ့ ဖွင့်ထားပြီးနောက် အိမ်က ထွက်ပြီးနောက် အပြင်မှာ နေစရာရှာလေ့ရှိတဲ့ လူငယ်တွေရဲ့ ပုံမှန်ဘ၀တွေနဲ့ ဇာတ်အိမ်ဖွဲ့ ထားပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ဇာတ်မြူးကနေ လေးနက်တဲ့ အပိုင်းကို ပြောင်းလာပါတယ်။ မိဘတွေ ရောက်လာပြီး ဂေးဖြစ်နေတဲ့ သားကို စည်းကမ်းတွေ ထုတ်တာတဲ့ ဇာတ်ကွက်မျိုးတွေ ပါဝင်ပါတယ်။ တကယ်တော့ ဒီအဖြစ်က ဒါရိုက်တာ ငုယင်ဒင်ကိုရဲ့ ဖြစ်ရပ်မှန်ပါ။

“မိဘတွေက ကျနော်ကို ဂေးမဖြစ်အောင် စည်းရုံးကြတာပေါ့။ နည်းလမ်းရှာကြတာပေါ့။ ကျနော်ဘ၀ကို ထိန်းချုပ်ဖို့ ကြိုးစားကြတာပေါ့။ ဒါပေမယ့် ၆ နှစ်ကြာတော့ သူတို့လည်း လက်ခံလိုက်ကြတယ်။”

ဗီယက်နမ်မှာ လိင်တူချင်းမေတ္တာမျှတာ တရားမ၀င်ပါဘူး။ ရှေးရိုးစွဲ ဗီယက်နမ်လူ့အဖွဲ့အစည်းက လက်မခံဘဲ ခွဲခြားဆက်ဆံတာနဲ့ ကြုံရလေ့ ရှိပါတယ်။

“တော်တော်များများက ဂေးဖြစ်နေတယ်ဆိုတာကို မိဘတွေကို ၀န်ခံဖို့ ကြောက်နေကြတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ရုပ်ရှင်လည်း ကြည့်ပြီးရော  မိဘတွေကို အမှန်အတိုင်း ၀န်ခံဖို့ သတ္တိရှိလာကြတယ်။”

ဗီယက်နမ်မှာ အရင်တုန်းက ဂေးဇာတ်ကောင်ကို အခြေခံတဲ့ ရုပ်ရှင်တွေ ရှိခဲ့ဖူးပါတယ်။ ဥပမာ လိင်အလုပ်သမားတွေအကြောင်း ရိုက်ကူးထားတဲ့ “Lost in Paradise” ရုပ်ရှင်မျိုးပါ။

ဒါပေမယ့် “My Best Gay Friends” ရုပ်ရှင်က ထူးခြားတယ်လို့  ဗီယက်နမ် LGBT  အသိုင်းအ၀ိုင်းက စည်းရုံးရေးနဲ့ ၀ါဒဖြန့်ချိရေး ညွန်ကြားရေးမှူး Tran Khac Tung က ဆိုပါတယ်။

“အရင်တုန်းကလည်း LGBT ဇာတ်ကောင်တွေပါတဲ့ ရုပ်ရှင်တချို့ကို ကြည့်ဖူးပါတယ်။ စိတ်ထိခိုက်စရာနဲ့ ခက်ခဲတဲ့ ဘ၀အကြောင်းတွေပေါ့၊ ဒါပေမယ့် ဒီဇာတ်ကားကို ကြည့်ရတာကတော့ စိတ်သက်သာရာရတယ်၊ ရယ်စရာ ပျော်စရာတွေနဲ့ ဆိုတော့။”

ဒီရုပ်ရှင်ဖြစ်လာပုံကလည်း ထူးခြားပါတယ်။ ဒါရိုက်တာ ငုယင်ဒင်းကိုက သူ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး အပျော်သဘောနဲ့ ရိုက်ကူးခဲ့တာပါ။ ဇာတ်လမ်းထဲမှာ ငွေရောင်ဆံပင်နဲ့ ထရန်းငုယင်ကင်ဟန်းက ဒေါသကြီးတဲ့ မြေပိုင်ရှင်ကြီးအဖြစ် သရုပ်ဆောင်ပါတယ်။ သရုပ်ဆောင် အတွေ့အကြုံ မရှိပေမယ့်၊ ရုပ်ရှင်ထွက်လာတာနဲ့ သူလည်း နာမည်ကျော် ဖြစ်သွားတဲ့ အကြောင်း သူက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။

“ဒီနှစ်ဦးပိုင်းမှာ ကျနော် ပရိသတ်တွေက ကျနော် အလုပ်လုပ်တဲ့နေရာကို လာပြီးတော့ လက်ဆောင်တွေ ပေးတယ်၊ မုန့်တွေ၊ သကြားလုံးတွေ၊ ပန်းတွေ လာပေးကြတယ်။ လမ်းသွားရင်းနဲ့လည်း ပရိသတ်တွေနဲ့ ဆုံတတ်တယ်၊ သူတို့က မှတ်မိတယ်လေ၊ အော်ပြီးတော့ နှုတ်ဆက်ကြတယ်။”

ဒါရိုက်တာ ငုယင်ဒင်းကတော့ ဇာတ်လမ်းထဲမှာ ၇၀ ရာခိုင်နှုန်းက ဖြစ်ရပ်မှန်တွေလို့ ပြောပါတယ်။ ဒါပေမယ့် ဇာတ်လမ်းထဲမှာ အပိုချဲ့ကားတာတွေ အိုဗာအိုက်တင်တွေ များနေတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဇာတ်ကောင်တယောက်ဖြစ်တဲ့ ငုယင်မင်းထန်က သဘာဝကျကျပဲ သရုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

“အရင်ဆုံးတော့ အံ့ဩတယ်။ ရည်ရွယ်ချက်တွေ အားလုံးက ကောင်းပါလျက်နဲ့ အဆိုးမြင်ပြီး ဝေဖန်မယ်လို့ မထင်ဘူးလေ၊ ဒါကြောင့် အံ့ဩတာပေါ့။”

ဇာတ်လမ်းတွဲကို အပိုင်း ၁၅ ပိုင်းနဲ့ ရိုက်ကူးဖို့ ရှိပြီး ၁ တွဲနဲ့ပဲ အပြီး တင်ဆက်ဖို့ ရှိပါတယ်။

ဒါရိုက်တာကတော့ သူ့ဇာတ်လမ်းကို ဂီတမြိုင်မြိုင်နဲ့ အပေါင်းလက္ခဏာ ဇာတ်လမ်းနဲ့ပဲ တင်ဆက် သွားမယ်လို့ ပြောပါတယ်။

“တခြား ရုပ်ရှင်တွေနဲ့ မယှဉ်ရဲပါဘူး။ ဒါပေမယ့် အများအားဖြင့် ဂေးတွေအကြောင်းကို ရိုက်လိုက်ရင် ဒုက္ခတွေအကြောင်းပဲ ရိုက်ကြတာများတယ်။ တကယ့်လက်တွေ့ဘ၀မှာ ဒီလိုမဟုတ်ပါဘူး။”

“သူတို့လည်း တခြားလူတွေနဲ့ အတူတူပါပဲ၊ ပျော်ပျော်နေကြပါတယ်၊ ဂေးတွေကျမှ ဘာဖြစ်လို့ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရမှာလဲ။”
( With First Gay Sitcom, Vietnam Takes Another Step Forward by Lien Hoang, Ho Chi Minh, Vietnam)

by ဒီဗွီဘီ

အင်တာနက် ဘယ်လို အလုပ်လုပ်လဲ

Kyaw Ko Kyaw shared သတင်းလေးများဆုံဆည်းရာ's photo.


အင်တာနက် ဘယ်လို အလုပ်တယ်ဆိုတာကို အကြမ်းဖျင်း ရှင်းပြနိုင်တဲ့ ပုံလေးပေါ့။

Moderm

အင်တာနက်လိုင်း အသွားအပြန် ရဖို့ အတွက် Moderm က End user (ကွန်ပြူတာ)နဲ့ အနီးဆုံး ရှိနေတာ မြင်တွေ့ ရပါမယ်။

Firewall

ပုံထဲမှာတေည့ မပါပါဘူး။ သူက ဝင်လာတဲ့ Data တွေကို စစ်ဆေး ပေးတဲ့ အဆင့်တစ်ခုပါ။ Router တွေမှာလည်း Buit in ပါတတ်တဲ့ Device မို့လို့ ဖြစ်ပါတယ်။ Firewall Device ဆိုပြီးလည်း သီးသန့် ရှိပါတယ်။

Router

မတူညီတဲ့ Network တွေကို ချိတ်ဆက်ပေးမယ့် ပစ္စည်းလေးပါ။

Domain Name System

ကွန်ပြူတာက ပို့လိုက်တဲ့ သတင်းအချက်အလက် ထဲမှာ ဘယ်လိပ်စာကို သွားချင်တာလည်း ဆိုတာကို စာနဲ့ ရိုက်ပေမယ့် DNS က Binary သင်္ချာ IP address အဖြစ်သို့ ပြန်လည်ပြောင်းလဲ ရှာဖွေ ပေးပါတယ်။ ပြီးတော့ လိပ်စာ အမှန်ကို Web Server ဆီပို့ပေးပါတယ်။

Web Server

Website လိပ်စာ ၊ အချက်အလက် (Web content) များကို သိမ်းဆည်းထားပေးတဲ့ နေရာ ဖြစ်ပါတယ်။

ISP

Internet Service Provider ပါ။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် MPT, Red Link, Sky Net အစရှိသဖြင့် ကွဲပြား သလိုပေါ့။ ISP မှာ ရှိနေတဲ့ DNS ကို ကျနော်တို့ နေ့စဉ် အသုံးပြု Request တောင်းနေတဲ့ လိပ်စာများ၊ ပို့နေတဲ့ အချက်အလက်များ နေ့စဉ်ပျက်စီးဆင်း နေပါတယ်။

အကြမ်းဖျဉ်း အလုပ်လုပ်ပုံ

အချက်အလက် Packet ကို Computer က ပို့ပြီး Local Router ကိုရောက်ပါမယ်။ ပြီးတော့ နီးစပ်ရာ ISP က Rtouer ကိုရောက်ပြီး ကမ္ဘာ့ ကွန်ရက် DNS သို့ပို့ပေးပါတယ်။ ယင်း DNS က Web Server ကို တစ်ဆင့်ထပ်ပို့ပါတယ်။ ယင်း ကနေမှ အချက်အလက်မှန် ကို ပြောင်းပြန် ပြန်လည် စီးဆင်း စေပြီး Local က User ဆီ မရောက်ခင် Firewall ကတစ်ဆင့် စစ်ဆေးပြီးမှ user computer ဆီပြန်ပို့ပေးပါတယ်။ ဝဘ်ဆိုဒ်တွေ Ban တယ်၊ ပိတ်တယ်ဆိုတာ Local ISP (ပြည်တွင်းက Internet Service Provider) များက ပိတ်ချင်တဲ့ ဆိုဒ်များကို ရိုက်ထည့်ထားခြင်း ဖြစ်ပါတယ်။ ကိုယ့် Local Network မှာလည်း ပိတ်ချင်ရင် Customize လုပ်လို့ ရပါသေးတယ်။

ဒီလောက်ဆို အင်တာနက် အလုပ်လုပ်ပုံ အကြမ်းဖျင်းကို သိရှိပြီမို့ မျှော်လင့် ပါတယ်။

အောင်ခမ်း (TSJ team)

TechSpace Journal

မြတ်ဗုဒ္ဓ၏ သမီးတော်(သို့) သီလရှင်ဝတ်ပြီး ပရိယတ္တိသင်ကြားနေသော ပထမငယ်တန်းဖြေဆိုထားသူသရုပ်ဆောင

Kyaw Ko Kyaw shared ဗဟုသုတ ဟင်းပေါင်းအိုးကြီး's photo.

်တင့်တင့်ထွန်း
*************************************

တစ်ခေတ်တစ်ခါက သရုပ်ဆောင်အနုပညာလောကတွင် အချစ်၊ အကြမ်း၊ အလွမ်းနှင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး ဂီတနယ်ပယ်တွင်လည်း အောင်မြင်သောနေရာတစ်ခု ရယူနိုင်ခဲ့သလို ရုပ်မြင်သံကြား ကြော်ငြာများတွင်လည်း မကြာခဏတွေ့ရလေ့ရှိသည့် အမျိုးသမီးအနုပညာရှင်တစ်ဦး ရှိခဲ့ဖူးပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရုပ်ရှင်လောကတွင် သရုပ်ဆောင်လုပ်နေစဉ်ကလည်း မင်းသားကျော်သူနှင့်အတူ အတွဲညီစွာ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်လမ်းများကို တွဲဖက်သရုပ်ဆောင်ခဲ့ဖူးသည်။ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ဦးကျော်သူ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အနုပညာလောကနှင့် ဝေးကွာ သွားပြီးနောက်ပိုင်း မတွေ့ဆုံဖြစ်တော့ပေ။

ယခုတော့ဖြင့် ထိုအနုပညာသည် မောင်နှမနှစ်ဦး တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့လေပြီ။ သို့သော် ထိုမောင်နှမနှစ်ဦးသည် အနုပညာသည်များ မဟုတ်ကြတော့ပေ။ တစ်ဦးကား ရှင်တော်မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ကျင့်သုံးကာ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပေးဆပ်နေသော ပရဟိတ သမားတစ်ဦးဖြစ်ပြီး နောက်တစ်ဦးသည်ကား မြတ်ဗုဒ္ဓ၏ ပဋိယတ္တိစာပေများကို လေ့လာသင်ယူနေသလို တစ်ဖက်မှလည်း တရားဓမ္မများကို ကြိုးစားအားထုတ်နေသော ဗုဒ္ဓ၏သမီးတော် (သီလရှင်တစ်ပါး) အဖြစ် ရောက်ရှိနေပြီ ဖြစ်တော့သည်။ သူမသည်ကား အခြားသူမဟုတ် တစ်ချိန်က ရုပ်ရှင်နှင့် ဗွီဒီယို သရုပ် ဆောင်/အဆိုတော် တင့်တင့်ထွန်း (ခ) ဒေါ်နန္ဒမာလာ ပင်ဖြစ်ပါသည်။

၆.၆.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ အမှတ် (၁၃/က) ဗိုလ်မှူးဗ ထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သီလရှင် ဒေါ်နန္ဒမာလာ နှင့်အတူ မိသားစုဝင်များ ရောက်ရှိ လာခဲ့ပါသည်။ ဒေါ်နန္ဒမာလာသည် ပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး နှင့် လူမှုရေးလုပ်ငန်းများကို ကူညီပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု အကျိုးပြုလုပ်ငန်း များကို ပိုမိုပေးဆပ်နိုင်ရန်အတွက် မိဘနှစ်ပါးအားရည်စူး၍ အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပြီး သီလရှင် ဒေါ်နန္ဒမာလာမှ လှူဒါန်းမှုအစုစုတို့အား ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ “ဆရာလေးအနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင်လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်း သီလရှင် ပဋိယတ္တိစာပေများ သင်ဆည်းပူးနေခြင်းအား မေးမြန်းကြည့်ရာ “ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု ပကတိ တည်ငြိမ် အေးချမ်းစွာဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ကျွန်တော်တို့သည် ရုပ်ရှင်သရုပ်ဆောင်များ ဇာတ်လမ်း၊ ဇာတ်ကားများထဲတွင် ထိုကဲ့သို့သော သီလရှင်ဝတ်သည့် ဇာတ်ဝင်ခန်းများကို ကြည့်ခဲ့ကြဖူးသော်လည်း ဒေါ်တင့်တင့်ထွန်းအား မြတ်ဗုဒ္ဒ၏ သမီးတော် ဒေါ်နန္ဒမာလာအဖြစ် မြင်တွေ့ရသည်ကား များစွာကွာခြားလှပါသည်။ စကားပြောခြင်း၊ လမ်း လျှောက်ခြင်းမှစ၍ အရာရာအား သတိကပ်ကာ ဗုဒ္ဓအလိုတော်ကျ ကျင့်ကြံနေထိုင်သွားနိုင်ပြီကို သတိထား မိပါတော့သည်။ ထို့ကြောင့် ယခင်အချိန်က အနုပညာလောကတွင် ပြည်သူတို့အား ပျော်ရွှင်စေရန် အနု ပညာဖြင့် ဖျော်ဖြေပေးခဲ့သော ဒေါ်တင့်တင့်ထွန်းသည် ယခုအခါ ဒေါ်နန္ဒမာလာအဖြစ် မြတ်ဗုဒ္ဓ၏ သမီး တော်ဘဝနှင့် ပဋိပတ္တိစာပေများ လေ့လာလိုက်စားကာ တရားဘာဝနာများ စီးဖြန်းအားထုတ်နေသလို တစ်ဖက်မှလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူအတွက် ကူညီပေးဆပ်နိုင်ရန် ဝတ္ထု ငွေကြေးများဖြင့် လှူဒါန်းခဲ့သော အလှူဒါနအား မိဘနှစ်ပါးနှင့်တကွ သံသရာတွင် ကျင်လည်ကြကုန်သာ (၃၁) ဘုံသား ဝေနေယျ သုခိတာ၊ ဒုက္ခိတာအပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏။ အားလုံးသော (၃၁) ဘုံသားအပေါင်းတို့ သာဓု .. သာဓု .. သာဓု ခေါ်ဆိုနိုင်ကြပါစေသား။

(၃၁) ဘုံသား ဝေနေယျသတ္တဝါများ အားလုံးအေးချမ်းသာယာ ရှိနိုင်ကြပါစေ။

နာရေးကူညီမှုအသင်း(ရန်ကုန်)

Saturday, June 8, 2013

၈.၆.၂၀၁၃ စနေနေ့ညနေ၃နာရီတွင်ရန်ကုန်နေပြည်တော်လမ်းမပေါ်၌နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာသောprado ကားက ရှေ့မှမောင်းနှင်လာသော nissanADvanကိုကျော်တက်စဉ်ချိတ်မိ

၈.၆.၂၀၁၃ စနေနေ့ညနေ၃နာရီတွင်ရန်ကုန်နေပြည်တော်လမ်းမပေါ်၌နေပြည်တော်မှရန်ကုန်သို့မောင်းနှင်လာသောprado ကားက ရှေ့မှမောင်းနှင်လာသော nissanADvanကိုကျော်တက်စဉ်ချိတ်မိပြီးနှစ်စီးလုံးတိမ်းမှောက်သွားရာ.ပရာဒိုပေါ်မှအသက်70အရွယ်ဆွစ်ဇာလန်နိုင်ငံသားတဦးအေဒီဗင်ပေါ်မှအမျိုးသမီးနှစ်ဦးစုစုပေါင်းသုံးဦးပွဲချင်းပြီးသေဆုံးသွားကြောင်းသိရပါသည်။

Thursday, June 6, 2013

Facebook ပေါ်ကို ဓါတ်ပုံတွေ Video တွေ အမြန်တင်ချင်ရင် (For Android)


 
 Kyaung Thar:  ညီလေးဖုန်းက ဓါတ်ပုံတွေတင်မရလို့ ဓါတ်ပုံ နဲ့ Video တင်လို့ရတဲ့ဆော့ဖ်ဝဲ လေးတင်ပေးပါ့လား...အကို....
ဘယ်နေရာကို Upload တင်ဖို့လဲတော့ မသိပါဘူး (ပြည့်စုံအောင်ရေးမထားတဲ့အတွက်) ပြီးတော့ လူသုံးများတဲ့ Android ဖုန်းအတွက်ထင်ပြီး ဒီ Speedy Uploader လေးကိုပဲ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်.... ဖုန်းထဲကို Install ပြီးရင် မိမိ Facebook ကို Login ဝင်ပါ ... ဓါတ်ပုံတွေ Video တွေကို စိတ်ကြိုက် Upload တင်နိုင်ပါပြီ...:)

Speedy Uploader for Facebook APK v1.5.2

 BATCH Upload PHOTOS
BATCH Upload VIDEOS
MULTIPLE Photos Selection
ADD captions to Photos/Videos
UPLOAD High Res or Optimized Photos
UPLOAD Photos to Pages that you Manage
BACKGROUND Uploading with Retries
TAG Friends, Objects in Photos
SHARE photos via Twitter, Email
CREATE New Photo Albums
ROTATE Photo before upload
TAG Existing Photos
VIEW Existing Albums
VIEW Friend's Albums
VIEW Uploaded Photos
VIEW & COMMENT posts
UPDATE your Status



Click Here to Download
 
 

ဒေသန္တာရ အမိန့်ကိုထောက်ခံသည့် စစ်တွေ ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်

မောင်ရမ္မာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ပြုလုပ်ခဲ့သော လူထု ဆန္ဒ ဖေါ်ထုတ်ပွဲသို့ အဖွဲ့အစည်း (၂၅) ဖွဲ့နှင့် လူပေါင်း ၂၀၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့သည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ အတွင်း မူဆလင် မိသားစု တစ်အိမ်ထောင် ကလေးနှစ်ဦး ထက်ပို မယူရဟု ရခိုင်ပြည်နယ် အစိုးရ၏ ဒေသန္တာရအမိန့်ထုတ်ပြီး ကန့်သတ်မူကို ထောက်ခံသည့် အနေဖြင့် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး အနီးရှိ ၀င်္ကပါကွင်းမှ စတင်ပြီး ယနေ့ နေ့လည် (၁) နာရီက ဆန္ဒ ဖေါ်ထုတ်ခဲ့ကြသည်။

ဆန္ဒဖေါ်ထုတ်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးသုမနက နိရဉ္စရာသို့ ပြောသည်။

“ ဦးဇင်းတို့ ၀င်္ကဘာကွင်းက တနစ်ရီမှာ စထွက်ပါတယ်။ ၀င်္ကဘာကွင်းက မင်းဘာကြီးလမ်းကို ၀င်ပြီး မင်းဘာ ကြီး လမ်းကနေမြောက်ဘက်ကိုသွားပြီး လမ်းမကြီးကနေပြီးတော့ ၀င်္ကဘာကွင်းကို ၂နာရီ ၂၀ လောက်မှာ ပြန်ဝင်ပါမယ်။”


ဆန္ဒပြတောင်းဆိုရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဦးသုမနက ယခုကဲ့သို့ မိန့်ကြားသည်။

“အဓိက က ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဘင်္ဂလီမူဆလင် လူဦးရေ ကြောက်ခမန်းလိလိ တိုးပွားနေတယ်။ အနာဂတ်မှာ တိုင်းပြည် အတွက် အန္တရာယ် ဖြစ်လာနိုင်တဲ့ အတွက် လူဦးရေ ထိန်းချုပ်ဖို့ ချမှတ်ထားတဲ့ တအိမ်ထောင် ကလေးနှစ်ယောက် မွေးဖွားခွင့်နဲ့ အမျိုးသားတစ်ဦးကို မိန်းမ တယောက်သာ ယူရမယ်ဆိုတဲ့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်သူတရပ်လုံးက ထောက်ခံတယ်ဆိုတာကို ပြသလိုက်တဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲတွင် ၎င်းကဲ့သို့ ဒေသန္တရ အမိန့်ကို ရခိုင်ပြည်နယ်တခုလုံးတွင် ထုတ်ပြန်ပေးရန်နှင့် မောင်တောမြို့နယ်အတွင်း ဆွဲ-တင်-စစ် လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင် ပေးရန် အပါအ၀င် အချက်ပေါင်း ၁၃ ချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဆန္ဒ ဖေါ်ထုတ်ရာတွင် ပါဝင်သူ ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ တောင်းဆိုခဲ့တာက လူ့အခွင့်အရေးကို ရှေ့တန်းတင်သူတွေအနေနဲ့ လူ့အခွင့်အရေးကို အညီ အမျှပေးဖို့၊ ဥပဒေကို လေးစားဖို့၊ ကျွန်တော်တို့ ရခိုင်သားတွေကို သနားဖို့၊ နယ်စပ်လူဦးရေ ကန့်သတ်ပေးဖို့၊ တရားဥပဒေစိုမိုးဖို့၊ အမျိုးဘာသာ သာသနာကို ကာကွယ်ပေးတွေအပါအ၀င် ၁၃ ချက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။”

ဆန္ဒဖေါ်ထုတ်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်များက တစုံတရာ ၀င်ရောက်ဟန့်တာခြင်းမရှိဘဲ နေ့လည် ၂နာရီ ကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို စစ်တွေမြို့ပေါ်ရှိ ရဟန်းသံဃာတော အပါး ၃၀၀ ကျော်ခန့်နှင့် အဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ မြို့သူမြို့သား စုစုပေါင်းအင်အား ၂၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဘူသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီလူဦးရေမှာ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်း ရှိနေသဖြင့် ဘင်္ဂါလီမိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေးနှစ်ဦးသာ မွေးဖွား ခွင့်ပြုရန် ဒေသန္တရအမိန့်ကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြော်ငြာ


 video by - Philosophermg Myathar
Wednesday, June 05, 2013
ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေ ထိမ်းသိမ်းနိုင်ခဲ့ကြောင်
း မလေးရှားနိုင်ငံ နာမည်ကြီး သတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှ
ာ တရားဝင် ကြော်ငြာသွားခဲ့ပါတယ်။

ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့များစွာဖွဲ့ကာ စတင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း။

ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ
Wednesday, June 05, 2013

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံး
ပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များ
တည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များတွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား
(ပြည်သူ့စစ်)များပါဝင်သည့် အထူးစီမံချက်တစ်ရပ်ပြုလုပ်ကာ မည်သူ့ကို
မဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက်
Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်
ုမြန်မာနိုင်ငံသားများနေထိုင်မှုများသောနေရာဒေသများတွင် အထူးစီမံချက်
ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။

သို့ပါသောကြောင့် ယနေ့ 5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်း
သည်အထိ အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူ
မြို့သို့ သွားလာမှုဆင်ခြင်ရန် သတိပေးရပါတယ် ။ ယခု ချိန်အထိ Mydin
ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့်
မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်းစီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာ တို့အား အချိန်မှီ သတိပေးရပါသည် ။

မလေးရှားရောက် မြန်မာများ
ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

 ထိုသို့ ဖမ်းဆီးရသည့် အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာ ကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။

မြန်မာနိုင်ငံသား 2 ဦးေ သဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက် ကုသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ် တိတိဖြစ်ပွားခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ။

မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင် နေထိုင်သူများအား မြန်မာပြည်သို့ပြန်ပို့ပြီး ကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။

နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသား တင်ဆက်ထားတာကို တွေ့ရပါတယ် ။ ထိုသတင်းတွင်ပဲ အောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအား သုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီး ဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။

မည်၍ မည်မျှ အထိ ဆက်လက် ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟု သုံးစွဲထားပြီး ယနေ့ အများဆုံး ဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံး ဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်။

မလေးရှားရောက် မြန်မာများ Facebook

Android Device ကနေ Printer နဲ့ချိတ်ဆက်ပြီး Print ထုတ်ပေးမယ့် PrintHand Mobile Print Premium 4.1.2





ကိုယ့်ရဲ့ Android Device ဆီကနေ Print ထုတ်ဖို့အတွက် ကွန်ပျူတာနဲ့ ချိတ်ဆက်နေစရာ မလိုပါဘူး.. Bluetooth, Wifi စနစ်ပါတဲ့ Printer သာရှိမယ်ဆိုရင် PrintHand Mobile Print Premium 4.1.2 ကို Android Device မှာ Install လုပ်ပြီး တိုက်ရိုက်ချိတ်ဆက်ကာ Print ထုတ်နိုင်ပါတယ်.. ကိုယ့်ထဲမှာရှိတဲ့ Data တွေသာမက Cloud Server က Data တွေ၊ Facebook Album, Web page, Box, DropBox ဆီက Data တွေကိုပါ Print ထုတ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ.. Premium ဖြစ်တာကြောင့် ဖရီးဗားရှင်းထက် ပိုမိုကောင်းမွန်မှာပါ.. Google Play မှာတော့ 12.95 ဒေါ်လာနဲ့ ဝယ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်..
Print from your device directly via WiFi or Bluetooth without a computer.
You can print:
- Office documents (DOC, XLS, PPT, PDF, TXT)
- Images and photos
- Emails and attachments
- Web pages
- Calendar, call log, text messages
- Google Drive files
- Facebook albums
- Files from Dropbox
- Files from Box
- Files from SugarSync
- Content from many other apps, by clicking on Share button
Print to Mac or Windows shared printers, Workgroup, Domain and Active Directory. Print directly via USB cable from Android 4.0 and above. Print to Google Cloud. Share the printer with our free software for Mac and PC from printhand.com, and print to any printer as long as you can print from the computer.
Our Printer Setup Wizard will detect your printers automatically, and guide through the configuration process if needed. In a few clicks you’ll be able to print.
You can try to print test page in our free app, but for unlimited printing you have to purchase premium app or make in-app purchase in free app.
Have a good print!

Solidfiles ကနေ တင်ထားပေးပါတယ် တစ်ခါတစ်ရံ 505 Error တက်တတ်ပါတယ်.ဒါဆိုလိုရင်နောက်နေ့မှပြန်ဒေါင်းပါ..မဟုတ်ရင်လည်း အခြားကွန်နက်ရှင်နဲ့ဒေါင်းပါခင်မျာ...အဆင်ပြေပါစေ....


Click Here to Download

မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း

လင်းသန့်

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ ၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့် မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီက ရခိုင်တွေ၊ မြန်မာတွေ ဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာ သံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်း ရှိကြောင်း သိရသည်။

gtalk ထဲမှာလူရှိန်အောင် location လိမ်ပြောတဲ့သူတွေကိုဖမ်းကြရအောင်



Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊ Uk မှာအလုပ်လုပ်နေတာ၊အော်ဇီ မှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊မမတွေကိုခြေရာခံလို့ရပါပြီ။နောက်ပြီးကိုယ်ပို့လိုက်တဲ့ မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။
(သိရှိပြီးသူများအား အားနာပါတယ်။မသိသေးသူတွေအတွက်ရည်ရွယ်ပါတယ်)

အဆင့် ၁- browser တစ်ခုကနေ http://www.spypig.com ဆိုပြီးဖွင့်လိုက်ပါ။အောက်ကပုံပါတဲ့မျက်နှာပြင်တခုကျလာမှာပါ

အပေါ်ကပုံမှာပြထားတဲ့အတိုင်း

အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။

အဆင့် ၃- your message title မှာရေးခြင်တာတစ်ခုရေးလိုက်ပါ။(ဥပမာ- hi)။

အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ပုံတွေထဲကနှစ်သက်ရာတစ်ပုံရွေးလိုက်ပါ။

အဆင့် ၅- Click to Create my SpyPig ဆိုတာကို click လိုက်ပါ။


အဆင့် ၆ -လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။

အဆင့် ၇ -ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီးGmailဖွင့်ထားတဲ့ tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail ပေါ်လာရင်
mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။ဒီလိုမလုပ်တတ်လို့
မရှင်းဘူးဆိုရင်လည်း ကျနော် ပုံမှာပြထားတဲ့ အတိုင်း ကိုယ်ရွေးထားပေးတဲ့ပုံလေးကို မောက်နဲ့ ဒရက်(ဂ်)ဆွဲ
hilight ဖြစ်သွားရင် Copy (Ctrl+C) လုပ် Gmail Compose mail က mail body မှာ Ctrl+V နှိပ်ပေးလိုက် ရင်လဲရပါတယ်

အဆင့် ၈ -ပြီးရင်ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကိုယ် spy လုပ်ချင်တဲ့သူဆီပို့လိုက်ပါ။

(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့အကြောင်း
ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။ IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာထောက်လှမ်းလို့ရပါပြီ။)

 အပေါ်ကပုံလို  SpyPig  က မေး(လ်) နှစ် စောင် ပို့လာပါမယ်
ဒုတိယအစောင်ကိုဖောက်လိုက်ရင် အောက်ကပုံအတိုင်းတွေ့ရမှာပါ

အဆင့် ၉-http://www.ip2location.com/free.asp ဆိုတာကိုဖွင့်လိုက်ပါ။

အဆင့် ၁၀-စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es):နေရာမှာရိုက်ထည့်လိုက်ပါ။(သေချာရိုက်ပါလွဲလို့မရပါ။)

အဆင့် ၁၁-Find location ကို click လိုက်ပါ။

(အဲအဆင့်တွေပြီးပြီ ဆိုရင် တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )

ဖတ်ရှုမှုအတွက်ကျေးဇူးတင်ပါတယ်။ online ပေါ်မှလိမ်လည်မှုတွေကင်းဝေးကြပါစေ။
ကိုဆရာကြီးရေးသောပို့(စ်)ကို ကျနော်ပြန်ပြီးဖြည့်စွက်ထားတာ ဖြစ်ပါတယ် 
 
http://www.itguidemyanmar.blogspot.com/2012/09/gtalk-location.html

“ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”

Wednesday, June 5, 2013
 


ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
 UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

"ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး" ဟု  UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ" ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး  အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence  www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။) 



.

ဖုန်းလာရင် မီးလေး တဖျက်ဖျက်လင်းပေးမယ့် Flashlight call pro 2.2



အတော်များများသိကြပါတယ်ဖုန်းလာရင် မီးလေးလင်းတာလေ
ညဘက်ဆို ပိုအဆင်ပြေတာပေါ့ တောင်းဆိုထားလို့ ကျွန်တော့်ဆိုဒ်မှာလည်း
မရှိတာနဲ့ တင်ပေးလိုက်တာပါ အခု version က Pro 
နော်...