This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 19, 2013

ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ရောက်သွားပြီ

From : မိုးမခ


တနေ့တ၌ ဒုက္ခသီရိမြို့နယ်ရှိ လွှတ်တော်အဆောက်အအုံကြီးသည် ယခင့်ယခင်နေ့များနှင့်မတူဘဲ ထူးခြားသော ဆွေးနွေးချက်များဖြင့် ပွက်လောရိုက်လျက်ရှိ၏။
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား အမည်ခံထားသူကို အင်းစိန်ထောင်သို့ ပို့ရေး မပို့ရေးကို ငြင်းခုံနေသောကြောင့် ဖြစ်လေ၏။
အများစုသော ကိုယ်စားလှယ်များနည်းတူ လွှတ်တော်တွင် ငိုက်မျဉ်းလေ့ရှိသည့် သတင်းထောက်ကြီး ရန်လိုကျွဲလည်း အတွေ့အကြုံများအရ ဤဆွေးနွေးချက်သည် အင်မတန့်အင်မတန် အရေးပါကြောင်း သဘောပေါက်လေ၏။
ရန်လိုကျွဲ မှန်ပေသည်။ ဒေါက်တာဆိတ်ဖွားကို အသေရရ အရှင်ရရ ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် အမှုဆင်ရေးအဆိုကို မဲခွဲကြရသည်အထိ ငြင်းခုံချက်က ပြင်းထန်သည်ကို တွေ့ရ၏။
မည်သူမည်ဝါမှန်းမသိရသူ၊ မည်သည့်ဒေသတွင် နေထိုင်မှန်း မသိရသူကို မည်သို့ စုံစမ်း အရေးယူမည်နည်း ဟု ယူဆသော အမတ်မင်းတစ်ချို့က ပြန်လည် ငိုက်မျဉ်းစ ပြုလာကြ၏။
မည်သို့ပင် ဆိုစေကာမူ လွှတ်တော်ကြီးကား စိုစိုပြေပြေ ရှိလာလေသည်။ အမတ်မင်းတချို့က ပြုံးစိစိ။ တချို့က ငုံးတိတိမုတ်ဆိတ်ကျင်စွယ်ကို ပွတ်သပ်ပြီး ဒေါသကို ထိန်းချုပ်ထားကြသည်၊ ငါတို့လွှတ်တော်ကို မထိနဲ့ မီးပွင့်သွားမယ်ဟု ကြိမ်းဝါးသူလည်း ရှိပေ၏။
ဗိုလ်ချုပ်လေးခင်ညွန့်တို့ကွန်ရက်ကို တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည့်အ၀ ပြန်လည်ပေးအပ်ပြီး ဒေါက်တာဆိတ်ဖွား အမြန်ဆုံး ဖမ်းမိရေးဆောင်ရွက်ရန် အဆိုပြုသင့်ကြောင်း တိုင်ပင်သူတို့က တိုင်ပင်ကြ၏။
ရန်လိုကျွဲလည်း လွှတ်တော်တွင်း နိုင်ငံ့အရေး အထူးကြိုးပမ်းချက်များအကြောင်း အွန်လိုင်းမှ တဆင့် ချက်ချင်းပင် လက်တို့လိုက်ရာ အွန်လိုင်းမိတ်ဆွေတို့က ချက်ချင်းပင် တုံ့ပြန်လေသည်။
ပထမဆုံး ရောက်လာသည့် တုံ့ပြန်ချက်မှာ ထိုင်းနိုင်ငံရောက် ခန့်ခန့်ငြားငြားရှိသော မြန်မာသတင်းသမား တစ်ဦးထံမှ ဖြစ်လေ၏။ သူရရှိသော သတင်းသည်ကား ဒေါက်တာဆိတ်ဖွား လွတ်မြောက်ရာသို့ ထွက်ပြေးပြီ ဟူသော သတင်းဦးပင် ဖြစ်တော့၏။
လွှတ်တော်အမတ်တို့ ၀ိုင်းဝန်း အရေးယူရန် ကြုံးဝါးနေသဖြင့် အကောင်းဆုံးလုပ်ဆောင်သင့်သည့်အရာမှာ ထိုသို့ ထွက်ပြေးခြင်းပင် မဟုတ်လော။ ဒေါက်တာဆိတ်ဖွားကား နှယ်နှယ်ရရ မဟုတ်ချေ။
သတင်းအချက်အလက်မှာ ခိုင်လုံ၏။  ဒေါက်တာဆိတ်ဖွား ထိုင်းမြန်မာနယ်စပ် ရောက်လာသောကြောင့် ဆိုင်ကယ်ဖြင့် သွားကြိုခဲ့ကြောင်း၊ လေယာဉ်ကွင်းသို့ ပို့လိုက်ရကြောင်း၊ မယုံလျင် ဓာတ်ပုံကိုကြည့်ပါ ဟု ဆိုလာ၏။ ထိုဓာတ်ပုံကို ယခုစာစု၏ ထိပ်ဆုံးတွင် တွေ့နိုင်၏။
အမေရိကန်ရောက် ညီလေး မောင်ရစ်ထံမှလည်း
ဒေါက်တာဆိတ်ဖွား သတင်းကို ဓာတ်ပုံနှင့်တကွ အမြန်ဆုံး ပို့မည်ဟု ဆိုသော မက်ဆိတ်ခ်ျ ရောက်လာ၏။
မောင်ရစ်မှာ အမည်နှင့်လိုက်အောင် ရစ်တတ်သော်လည်း ကတိတည်သူဖြစ်လေရာ ဒေါက်တာဆိတ်ဖွား၏ အပ်ဒိတ်သတင်း ဓာတ်ပုံနှင့်တကွ ရောက်လာသည်။
မောင်ရစ်၏ ဓာတ်ပုံရိုက်ကျွမ်းကျင်မှု အားနည်းခြင်းကို သူပို့လာသော ပုံတွင် အထင်းသား တွေ့ရသည်။ ဒေါက်တာဆိတ်ဖွား၏ မျက်နှာကို ရိုက်ယူနိုင်ခြင်း မရှိချေ။ သို့သော်ငြား – လူမည်းရပ်ကွက်အတွင်း ဒေါက်တာဆိတ်ဖွား ရောက်သွားကြောင်း၊ ရုပ်ပြောင်းရုပ်လွဲ လုပ်ထားကြောင်း စသဖြင့် သူ၏ ဂျီတော့ မက်ဆေ့ခ်ျတွင် အတွင်းကျကျ ရေးထား၏။
မောင်ရစ်၏ သတင်းပို့ချက်ကို အတည်ယူရန် ခက်ခဲကြောင်း တွေးနေစဉ်မှာပင် ဒေါက်တာဆိတ်ဖွားက ဖေ့စ်ဘုတ်တွင် ဘွားခနဲ ထွက်ပေါ်လာသည်။ သူ ရုပ်ပြောင်းရုပ်လွဲ တနာရီတမျိုး လုပ်နေကြောင်း၊ လွှတ်တော်အမတ်များ သူ့ခြေရာကို တွေ့ဖို့ ဆယ်နှစ်၊ ဆယ်နှစ် ကြိုးစားဖို့ လိုမည်ဖြစ်ကြောင်း ခပ်ကြွားကြွား ရေးထားရုံတင်မက ရုပ်ပြောင်းထားသည့် ဓာတ်ပုံကိုပင် တင်လိုက်သေး၏။

သို့သော်လည်း သူ၏ လုံခြုံရေးအတွက် သေနတ် ၂ လက်ကို သူကျက်စားသည့် လူမည်းရပ်ကွက် မှောင်ခိုဈေးမှ ၀ယ်ထားသည်ဟု ဆို၏။ သေနတ် တကားကားဖြင့် ကိုယ့်ကိုယ်ကိုယ် လုံခြုံရေးယူနေသည့် ပုံတစ်ပုံကိုလည်း ဖေ့ဘုတ်တွင် တင်လိုက်သေး၏။
ဒေါက်တာဆိတ်ဖွားကား အမတ်မင်းများရန်မှ အမှန်တကယ်ပင် လွတ်မြောက်သွားချေပြီဟု ထင်စရာ ရှိသည်။ သို့သော် ….
အမေရိကန်ရဲတစ်ကောင်က သေနတ်တကားကား ဒေါက်တာဆိတ်ဖွားကို ထိန်းသိမ်းလိုက်လေသည်။ အမှုကား … လိုင်စင်မရှိဘဲ သေနတ် ကိုင်သောအမှု ဟူ၏။
အဆိုပါ ပုလိပ်က ဒေါက်တာဆိတ်ဖွားကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းမှာ နိုင်ငံတကာ ရုပ်သံတို့က ထုတ်လွှင့်ကြသော ထိပ်တန်းသတင်းကြီး ဖြစ်၏။
ဒုက္ခသီရိမြို့ရောက် အမတ်မင်းတချို့လည်း ထိုအခါတွင်မှ လက်ခမောင်း ခတ်လေသည်။
အမေရိကန်နဲ့ ငါတို့ ဘယ်လို အချိတ်အဆက်ရှိလဲ မသိဘဲ အဲဒီကို ထွက်ပြေးတာ ဆိတ်ဖွားအမှားပဲ။ အိုဘားမားကိုယ်တိုင်တောင် ဒီကိုလာပြီး မိတ်ဖွဲ့ရတဲ့အထိ နှစ်နိုင်ငံဆက်ဆံရေးအခင်းအကျင်း သိပ်ကောင်းနေပြီ။ ဒေါက်တာဆိတ်ဖွားကို မြန်မာပြည်ပြန်ပို့မှာ အသေအချာပဲ။ ဒီကောင်ရောက်လာရင် အရေခွံခွာပစ်မယ်။ အသားကို စင်းကောချက်ပြီး သောကြာည ပါတီပေးတဲ့အခါ အရက်နဲ့မြည်းမယ်၊ အရေခွံကိုတော့ လွှတ်တော်လှေကားမှာ ခင်းရမယ်ဟု ကြုံးဝါးသူက ကြုံးဝါး၏။
သို့သော်လည်း အမေရိကန်အစိုးရက ဒေါက်တာဆိတ်ဖွားကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရသည်။
သူ့လွတ်မြောက်ရေးကို ဘလော်ဂါများ၊ ဖေ့ဘုတ်သုံးသူများမှအစ ခြံစည်းရိုးမရှိသတင်းစာဆရာများအဖွဲ့အထိ တောင်းဆိုကြသဖြင့် အိုဘားမားတို့က လွှတ်ပေးရခြင်းဖြစ်၏။
ထို့ပြင်တ၀ အမေရိကန်အစိုးရက အရှည်ကို မျှော်တွေးပြီး ဒေါက်တာဆိတ်ဖွားကို စီအိုင်အေ အထူးအရာရှိအဖြစ် ခန့်အပ်လိုက်သေးသည်။ အထက်ပါပုံမှာ စီအိုင်အေအရာရှိ သင်တန်းဆင်းပွဲမှဓာတ်ပုံ ဖြစ်ကြောင်း သိရ၏။
ဒေါက်တာဆိတ်ဖွား ကိုယ်တိုင်သည်ကား  ရန်ကုန်မြို့ အင်းလျားကန်ဘေးရှိ အမေရိကန်သံရုံးတွင် ရုံးထိုင်ရမည်လော၊ သို့တည်းမဟုတ် သူ၏ မိခင်အဖွဲ့အစည်းတွင်ပင် ဆက်လက် တာဝန်ယူပြီး ဆောင်းပါးများ ဆက်လက် ရေးသားရမည်လော ဆိုသည်များကို ဝေခွဲမရ ဖြစ်နေလေတော့သတည်း။

 www.MyanmarExpress.net
 

လွှတ်တော်ထဲက အရေးမပါတဲ့ အရေးကြီးအဆို..တင်သွင်းမှု (သို့မဟုတ်) ဒေါက်တာဆိတ်ဖွား

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း(Eleven Media)

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအဆိုအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကာ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ပါသည်။

ဒေါက်တာဆိတ်ဖွား ဘလော့ဂ်သည် ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သော ၀ါဒဖြန့်ချိရေး ဘလော့ဂ်တစ်ခု ဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါး အချို့အား ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ဝေသော Smart News ဂျာနယ်တွင် ဖော်ပြခဲ့ဖူးကာ အဆိုပါ ဂျာနယ်၏ အယ်ဒီတာချုပ်မှာ ဦးခင်မောင်ညို(ဘောဂဗေဒ) ဖြစ်ပါသည်။

ထို့အပြင် ဒေါက်တာ ဆိတ်ဖွား၏ Voice of Myanmar ဘလော့ဂ်တွင် ဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများကို ၀ါဒ ဖြန့်ချိရေး ၀က်ဘ်ဆိုက် တစ်ခု ဖြစ်သည့် Myanmar Express တွင် တစ်ဆင့် ပြန်လည် ကူးယူ ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းများကို ပြုလုပ်လေ့ရှိပါသည်။  ဒေါက်တာ ဆိတ်ဖွား ဘလော့ဂ်နှင့်  Myanmar Express ၀က်ဆိုက်တို့သည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်နှင့်လည်း ဆက်နွှယ်ရှိကာ အဆိုပါ ၀က်ဘ်ဆိုက်များသည်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာများကို  အပုပ်ချ တိုက်ခိုက်လေ့ရှိပြီး ယင်းတို့၏ ရေးသားချက်များသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေသော ရေးသားမှုများ ဖြစ်သည်ဆိုသော သုံးသပ်မှုများ ရှိနေခဲ့ပါသည်။

ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား အမည်ရှိသူ ရေးသားသော post များသည် ပြန်ကြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ Facebook ရှိ status အချို့နှင့် တူညီမှုရှိသလို ရံဖန်ရံခါတွင် sit aung အမည်ရှိ Facebook ပိုင်ရှင် တစ်ဦး၏ status များနှင့်လည်း တူညီကာ ရေးသားပုံ style မှာလည်း တူညီမှုရှိကြောင်း Eleven Media Group မှ လေ့လာတွေ့ရှိရပါသည်။ sit aung အမည်ရှိသူသည် ဖျက်သိမ်းခဲ့ပြီး ဖြစ်သော ပိတောက်မြေ ဘလော့ဂ်တွင် ဆောင်းပါးများ မကြာခဏ ရေးသားလေ့ ရှိသူ ဖြစ်ပါသည်။
အထက်ပါ သတင်းကတော့ ဒီကဖော်ပြထားတာဖြစ်ပါတယ်..။
http://www.first-11.com/index.php?option=com_content&view=artic...

နောက်ထပ် နောက်ဆက်တွဲ ပြောချင်တာကတော့ ဒီလိုပါ..။

နိုင်ငံရေးအကြောင်း သိပ်မပြောချင်ပါဘူး။ အခုကိစ္စကတော့ ရယ်စရာကောင်းသလို စိတ်ပျက်စရာလဲ ကောင်းနေလို့ နည်းနည်းတော့ ပြောလိုက်ပါ့မယ်။

Facebook  ကို ဖွင့်ကြည့်တော့ ဒေါက်တာဆိတ်ဖွား ဆိုတာက တော်တော်နေရာယူနေတာ တွေ့ရပါလား။ ဘာများလဲ လို့ လိုက်ဖတ်ကြည့်တော့မှ လွှတ်တော်ကြီးက ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့အရေးယူဖို့ အဆိုတင်သွင်းပါသတဲ့။ အဆိုတင်တာမှ ရိုးရိုးတောင်မဟုတ်ဘူး။ အရေးကြီးအဆိုတဲ့။ ဒါကို ထောက်ခံမဲ ၃၄၇၊ ကန့်ကွက်မဲ ၁၅၇၊ ကြားနေမဲ ၄၂ နဲ့ အတည်ပြုပါသတဲ့။
ခက်တော့နေပြီ။ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးဆုံးဖြတ်ရမယ့် အချိန်မှာ ခရု ခါးတောင်းကြိုက်ဖမ်းသလို ဖြစ်နေပါပေါ့လား။


မြန်မာနိုင်ငံမှာ အင်တာနက်သုံးသူအရေအတွက်က တစ်နိုင်ငံလုံးလူဦးရေရဲ့ ဘယ်လောက်များ ရှိလို့လဲ။ ဒီထဲမှာ ချက်တင်ထိုင်၊ ဂိမ်းကစားနေတဲ့ သူတွေကို နှုတ်လိုက်ရင် ဘလော့တွေ ၀က်ဆိုက်တွေ ၀င်ကြည့်တဲ့ အရေအတွက်က ဘယ်လောက်များ ရှိမှာမို့လို့လဲ။ ကိုယ်တောင် ဒေါက်တာဆိတ်ဖွားဘလော့ ရှိမှန်း ခုမှ သိတာပါ။ ဒေါက်တာဆိတ်ဖွား ကတော့ သူ့ဘလော့ ကျေညာပေးတဲ့အတွက် လွှတ်တော်ကြီးကို ကျေးဇူးတင်နေလောက်ပြီ ထင်တယ်။


ပြောချင်တာက ဒီလို သေးသေးမွှားမွှားကိစ္စလေးအတွက် အဖိုးတန်အချိန်တွေကို လွှတ်တော်ကြီးအနေနဲ့ မဖြုန်းတီးသင့်ဘူးဆိုတာပါ။
(ဒီလို ရေးလိုက်လို့ ဒေါက်တာဆိတ်ဖွားကို ထောက်ခံတယ် လို့ မထင်လိုက်ပါနဲ့။ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးပြီ၊ အသေအချာလဲ လေ့လာခဲ့ပြီးပြီ။ လက်မခံနိုင်ပါ။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘုရားမုခပါဋ္ဌ် လို သဘောထားပြီး ပြောဆိုဆွေးနွေးနေခြင်းများကို စိတ်မ၀င်စားပါ။)

စာဖတ်သူများလည်း ဆွေးနွေးနိုင်ပါတယ်...။
ကိုကိုနန်းညွန့်ဦး

Friday, January 18, 2013

မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ


မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ကျပ်သိန်းပေါင်း နှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၆ လမ်းရှိ နေအိမ်(ဂိုဒေါင်) တစ်ခုအတွင်း၊ ကျပ်သိန်းပေါင်း ၂၄၀၀၀ ကျော်တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း အလုံးရေ ငါးသိန်းနီးပါးခန့်အား လက်ဝယ်ထားရှိသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖမ်းဆီးရမိမှုမှာ ပတ် ၀န်းကျင်နေ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ပြီး ဇန်န၀ါရီလ ၁၁ ရက်နေ့ ည ၈နာရီဝန်းကျင်ခန့်တွင် မူးယစ်(အထူး)အဖွဲ့နှင့် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတို့မှာ ၀ရမ်းအမိန့်နှင့် ၀င်ရောက်စစ်ဆေးခဲ့ပြီး လျှပ်စစ်ပစ္စည်းနှင့် စက္ကူဂျပ်ဖာများတွင် အထပ်ထပ် ထုတ်ပိုးထားသော စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုကျော်ဇင်ဦးမှ ဆိုသည်။
''ကျွန်တော်တို့ အနေနဲ့ ဒီလောက်များတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိနိုင်ခဲ့တာ ပတ်ဝန်းကျင်နေ ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ ရလာတဲ့သတင်းကို မူးယစ်အထူးတပ်ဖွဲ့ကို အကြောင်းကြားတယ်။အဲဒီကနေပြီးတော့မှ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု ကိုကျော်ဇင်ဦးမှ ပြောသည်။
အသေးစိတ် အချက်အလက်များနှင့် အမှုဖွင့်လှစ်ထားမှုများအား သိရှိနိုင်ရန် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းရှိ တာဝန်မှူးအား မေးမြန်းခဲ့သော် လည်း ယင်းကိစ္စအနေဖြင့် မိမိတို့တွင် လိုက်နာရန် အမိန့်စာများရှိနေသည့်အတွက် ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မူးယစ်စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ကိုမောင်မောင်စိုးမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၃ လမ်းတွင် လွန်ခဲ့သော ငါးနှစ်ခန့်မှစ၍ နေထိုင်သူဖြစ်ပြီး မင်္ဂလာဈေးအတွင်း လျှပ်စစ်နှင့် ပတ်သတ်သော ကုန်ပစ္စည်းကို ရောင်းဝယ်နေသူဖြစ်ကြောင်း သိရသည်။
လက်ရှိဖမ်းဆီးရမိခဲ့သော မူး ယစ်ဆေးဝါး အမှုအပါအ၀င် နှစ်နှစ်တာကာလအတွင်း သပြေကုန်းရပ်ကွက်၌ မူးယစ်ဆေးဝါးအမှု ၁၀ မှုကျော်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်

Nyi Nyi Zaw shared သက်တန့်ချို's photo.
ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပါ ။ ဘာကြောင်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိချက်ကြီးဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ ဘီလျှံနာတစ်ဦးဖြစ်နေလောက်ပါပြီ ဒါပေမယ့် သူ့တီထွင်မှုကနေ သန်းပေါင်းများစွာသော ဆင်းရဲတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။ 

ကမ္ဘာမြေကြီးက ဘီဂိတ်အတွက် စတိဂျော့အတွက် အစရှိသဖြင့် celebrate လုပ်ပေးခဲ့တယ် သူတို့တီထွင်ခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် ဒါပေမယ့် အခု လူပေါင်းများစွာကို ပိုလီယို ရောဂါဆိုးကြီးကနေ ကာကွယ်ပေးတဲ့ဗက်ဆင်းကို တီထွင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုဖြင့် သိကြတဲ့သူအလွန်နည်းပါတယ် ။ ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းသလဲ ?

အခုတော့ သင်သိသွားပြီလေ ဒီတော့ သင့်သူငယ်ချင်းတွေပါသိရအောင် ဒီလူသားတစ်ယောက်ကို အမြဲမမှတ်မိတောင် ဂုဏ်ပြုထိုက်တဲ့သူတစ်ယောက်မို့ သူငယ်ချင်းတို့ FB wall ပေါ်မှာ Share လုပ်ပေးသွားကြပါ ။ 

သက်တန့်ချို
Ref : Heart Touching Stories
ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပ
ါ ။ ဘာကြောင်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိချက်ကြီးဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ ဘီလျှံနာတစ်ဦးဖြစ်နေလောက်ပါပြီ ဒါပေမယ့် သူ့တီထွင်မှုကနေ သန်းပေါင်းများစွာသော ဆင်းရဲတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။

ကမ္ဘာမြေကြီးက ဘီဂိတ်အတွက် စတိဂျော့အတွက် အစရှိသဖြင့် celebrate လုပ်ပေးခဲ့တယ် သူတို့တီထွင်ခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် ဒါပေမယ့် အခု လူပေါင်းများစွာကို ပိုလီယို ရောဂါဆိုးကြီးကနေ ကာကွယ်ပေးတဲ့ဗက်ဆင်းကို တီထွင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုဖြင့် သိကြတဲ့သူအလွန်နည်းပါတယ် ။ ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းသလဲ ?

အခုတော့ သင်သိသွားပြီလေ ဒီတော့ သင့်သူငယ်ချင်းတွေပါသိရအောင် ဒီလူသားတစ်ယောက်ကို အမြဲမမှတ်မိတောင် ဂုဏ်ပြုထိုက်တဲ့သူတစ်ယောက်မို့ သူငယ်ချင်းတို့ FB wall ပေါ်မှာ Share လုပ်ပေးသွားကြပါ ။

သက်တန့်ချို
Ref : Heart Touching Stories

Thursday, January 17, 2013

ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ လွှတ်တော်မှာ မဲခွဲ ~



January 17, 2013



ဘလော့တခုမှာ ဒေါက်တာဆိတ်ဖွား ဆိုသူက လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဝေဖန်ထားတဲ့အတွက် သူ့ကို စုံစမ်း အရေးယူမယ့် အထူးကော်မရှင် တခု လွှတ်တော်မှာ မကြာမီ ပေါ်ပေါက်လာဖွယ် ရှိနေပါပြီ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာစိုးရင်က - အင်တာနက်တွင် ဖော်ပြထားသော “Above the Law” ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဝေဖန်ချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးဆောင်ရွက်ပေးဖို့ အရေးကြီး အဆိုတရပ်ကို လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
 
ဒေါက်တာဆိတ်ဖွား ကလောင် ပိုင်ဆိုင်သူ မည်သူမည်ဝါ ဆိုတာ အများက မသိကြသေးပါ။
လောလောဆယ်တော့ အင်တာနက်မှာ ကလောင်စွမ်းထက်တဲ့ ဒေါက်တာဆိတ်ဖွားနာမည်က လွှတ်တော်ထဲ ရောက်လာပါပြီ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံးရုံး၊ စာရင်းစစ်ချုပ် ဥပဒေ စတဲ့ ကိစ္စတွေကို ဒေါက်တာဆိတ်ဖွားက ဝေဖန်ထားတယ်၊ ဥပဒေ၏ အထက်မှာ လွှတ်တော်ရှိသလား ဆိုတာရယ်၊ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့အပေါင်းပါတွေ ဆိုတဲ့ စကားလုံးတွေဟာ လွှတ်တော်နဲ့ အမတ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်စေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာ ဆိတ်ဖွား ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမယ့် စုံစမ်းရင် သိမှာပါ၊ ဒီလိုစည်း မဲ့ ကမ်းမဲ့ရေးချင်တိုင်း ရေးလို့မရပါဘူး” လို့ ဆိုပါတယ်။
အဲဒီအဆိုကို မဲခွဲ ဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်မှာ ကြားနေမဲ ထောက်ခံမဲ ၃၄၀ ကျော်၊ ကန့်ကွက်မဲ ၁၅၀ ကျော်နဲ့ ကြားနေ ၄၀ ကျော်နဲ့ အဆိုက အောင်မြင်ခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မဲ ပေးကြတယ်လို့ သိရတယ်။
လွှတ်တော်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးအယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့ စစ်ဆေးပြီးရင်တော့ ဒေါက်တာဆိတ်ဖွား ဘယ်သူ၊ ဘယ်ဝါဆိုတာ ပေါ်လာမည်လား၊ တကယ်အရေးယူခံရမှာလား ဆိုတာတော့ စောင့်ကြည့်ကြရတော့မည် ဖြစ်ကြောင်း…….
ခင်ဦးသာ ~
သတင်းရင်းမြစ် - ဧရာဝတီ

အစိုးရကိုဝေဖန်သူ ဖမ်းတဲ့ ဥပဒေ မြန်မာအစိုးရဖျက်သိမ်း


ABC

မြန်မာနိုင်ငံမှာ ​စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်ကာလတွေအတွင်း ​ကျင့်သုံးခဲ့တဲ့ ​အစိုးရကို ​ဝေဖန်တိုက်ခိုက် သူတွေကို ​ဖမ်းဆီးအကျဉ်းချတဲ့ဥပဒေ တွေ ကို ​ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အကြောင်း ​အစိုးရပိုင် ​မြန်မာ့အလင်းသတင်းစာက ​မနေ့က ​ကြေ ငြာခဲ့ပါတယ်။

တည်ငြိမ် ​ငြိမ်းချမ်းစွာ ​နိုင်ငံအာဏာ ​လွှဲပြောင်းရေးကို ​ဆန့်ကျင်ကန့်ကွက်မှုတွေကို ​တားဆီးကန့်သတ်တဲ့ ​ဥပဒေတွေကို ​ပယ်ဖျက်ဖို့အတွက် ​ဥပဒေရုပ်သိမ်းရေး ​ဥပဒေပြဌန်းလိုက်ပြီဖြစ်တယ်လို့ ​သမ္မတ ​ဦးသိန်းစိန်က ​ထုတ်ပြန်လိုက်ပါတယ်။

၁၉၉၆ ​ခုနှစ်မှာ ​စပြီးအသက်ဝင်ခဲ့တဲ့ ​ဥပဒေကန့်သတ်ချက်အရ ​အမျိုးသားညီလာခံကျင်းပရေးကို ​ကန့်ကွက်မှုတွေကိုလည်း ​တားဆီး ထား ခဲ့ ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ​ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကတော့ ​အခုလို ​ဥပဒေဖျက်သိန်းမှုကို ​ကြိုဆိုတဲ့အကြောင်း ​ဒါပေမယ့် ​တရားမျှတမှု မရှိ တဲ့ ​ဥပဒေတွေ ​ဆက်ပြီးကျန်နေသေးတဲ့အကြောင်း ​ထုတ်ဖေါ်ပြောဆိုထားကြတယ်လို့ ​သိရပါတယ်။

ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ


သာလွန်ဇောင်းထက်

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတပုဒ်ကြေညာ သွား ပါတယ်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ၀န်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆ န္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန်က နုတ်ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမိန့်စာမှာတော့ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ ရေးသားထားပေမယ့် သတင်း ထွက်ပေါ်လာချိန်မှာတော့ အွန် လိုင်း စာမျက်နှာတွေ၊ အစိုးရ၀န်ကြီးတွေနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းမှာတော့ ၀န်ကြီးနှစ်ဦး အဖြုတ်ခံလိုက်ရတာလို့ ပြောဆိုကြ ပါတယ်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အမိန့်မနာခံမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သမ္မတရုံးနဲ့ အလွန်နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀ိုင်းကတော့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းမှာ ပြစ်ချက်၊ အနာအဆာများပြီး အဓိ က အားဖြင့် ဆက်သွယ်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့နေရာမှာ သမ္မတဆီ တင်ပြမှုမရှိဘဲ လုပ်ဆောင်တာတွေ အပါအ၀င် ခြစားမှု တွေကြောင့် ဦးသိန်းထွန်းကို ၀န်ကြီးအဖြစ်ကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင်က တော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မှုမရှိခဲ့တာတွေ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်ထပ် ၀န်ကြီး ၃ ဦးလောက် အပြောင်းအရွေ့ ထပ်လုပ်ဖို့ရှိတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သတင်းတွေ ထွက် ပေါ် နေပါတယ်။

ဆက်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်သွားပြီဆိုတဲ့သတင်း ထွက်ပေါ်လာတာနဲ့ တပြိုင်နက် ဖေ့စ် ဘုတ် စာမျက်နှာတွေပေါ်မှာ ကမ္ဘာဇ ဘဏ်ကနေတဆင့် ဦးသိန်းထွန်းအမည် တပ်ထားတဲ့သူဆီကို ဦးသိန်းဝင်းဆိုသူက ငွေကျပ်သိန်း ၂၅၀၀ တိတိ ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့စွဲနဲ့ ငွေလွှဲစာရွက် ဓာတ်ပုံတပုံကလည်း တွင်တွင်ကျယ်ကျယ် ပျံ့နှံ့နေပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အစိုးရ အရာရှိကြီးတဦးကတော့ သဘောထား ပျော့ပျောင်းတဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ၀န်ကြီးတွေ အ ပြောင်းအလဲလုပ်တဲ့အခါမှာ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်စေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုပဲ သုံးစွဲလေ့ရှိတယ်လို့ ဆိုပါ တယ်။

၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၊ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်၊ ပြည်ထောင်စုစာ ရင်း စစ်ချုပ်ဦးလွန်းမောင်တို့ကို ရာထူးက ဖယ်ရှားချိန်တုန်းကလည်း မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုသည်ဆိုတဲ့ အသုံးအ နှုန်းကိုသာ သုံးစွဲခဲ့တာမို့ ဦးသိန်းထွန်းနဲ့ သူရဦးမြင့်မောင်ကိုလည်း သမ္မတ ဦးသိန်းစိန်က ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထင် ရှားစေတယ်လို့ သူက ဆက်ပြောပါတယ်။


သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်ကတော့ ၀န်ကြီးနှစ်ပါး နုတ် ထွက်မှုအပေါ်မှာ မှတ်ချက် မပေးလိုတဲ့အကြောင်း၊ ၀န်ကြီးအပြောင်းအလဲတွေ ထပ်လုပ်၊ မလုပ်ဆိုတာ မသိတဲ့အကြောင်း ပြောပါ တယ်။

“ဒါတော့ ကျနော်လည်း မသိပါဘူး။ သူတို့ကတော့ သူတို့ဆန္ဒအလျောက် နုတ်ထွက်တာဖြစ်လို့ သူတို့အပေါ်မှာ ကျနော်တို့က မှတ်ချက်လည်း ပေးလို့မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်လို့လေ။ နောက်ထပ် ၀န်ကြီးတွေ လဲဖို့ရှိတယ် ဆိုတာလည်း ကျနော်တို့ဘာမှ မကြားပါ ဘူး” လို့ ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုပါတယ်။

နိုင်ငံတော်သမ္မတ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးအကြံပေး ကောင်စီက ဦးလှမောင်ရွှေကတော့ သူ့အနေနဲ့ ၀န်ကြီးနှစ်ပါး နုတ်ထွက်ခွင့် ပြု သွားတာကိုတောင် နိုင်ငံပိုင်မီဒီယာက ကြေညာမှ သိရတဲ့အကြောင်း၊ နောက်ထပ် ၀န်ကြီးအပြောင်းအရွေ့ ရှိ၊ မရှိဆိုတာလည်း မသိ ကြောင်း ပြောပါတယ်။

“ကျနော်က မနေ့ညက သတင်းလာမှ သိတာ။ သိပ်တော့ မသိဘူး။ သတင်းတွေကတော့ ထွက်နေမှာပဲ။ ကျနော်တို့ကတော့ အဲဒီလောက်ကြီး တော့ အလှမ်းမမီဘူး။ နောက်ထပ် ၀န်ကြီးတွေ ထပ်လဲမယ်ဆိုတာလည်း မကြားမိဘူး။ သတင်းတွေ ကတော့ ထွက်နေမှာပဲ။ မှန်တာလည်း ရှိမယ်၊ မှားတာလည်းရှိမယ်။ တခါတလေလည်း မှန်တာတွေလည်း ဖြစ်နိုင်ပါတယ်” လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲ ဖြစ်မယ်ဆိုတဲ့သတင်း သိုးသိုးသန့်သန့်က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လပိုင်းလောက်မှာ သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲကနေ ထွက်ခဲ့တာပါ။

လက်ပံတောင်းသပိတ်စခန်းတွေမှာ သံဃာတော်တွေ အကြမ်းဖက် နှိမ်နင်းခံရပြီးတဲ့နောက် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ရာထူးကနေ နုတ် ထွက်ဖို့၊ အနားယူဖို့ သမ္မတဆီက တရားဝင် ခွင့်ပြုချက် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ချိန်ကတည်းကစပြီး သမ္မတ ဦးသိန်း စိန်အနေ နဲ့ ၀န်ကြီးတွေ အပြောင်းအလဲ ထပ်လုပ်ဖို့ သမ္မတရုံးအတွင်းမှာ ဆွေးနွေးမှုတွေ စတင်လာတာဖြစ်တယ်လို့ သတင်းရင်းမြစ် တွေက ဆိုပါ တယ်။

သမ္မတ ဦးသိန်းစိန်က ၀န်ကြီးတွေ အပြောင်းအလဲလုပ်ဖို့ ကိစ္စတွေကို အဓိကအားဖြင့် ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ နှစ်ဦးနဲ့သာ တိုင်ပင် လေ့ရှိ ပြီး ၀န်ကြီးတွေ အများစုကလည်း ဦးစိုးသိန်းနဲ့ ဦးအောင်မင်းကို “အဘကြီး” တွေလို့ ခေါ်ဆိုကာ ကြောက်ရွံ့ ရိုသေလေးစားကြရ တယ် လို့ သိရပါတယ်။

ဧရာဝတီသတင်းဌာနနဲ့ ယမန်နှစ်က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စု ၀န်ကြီးတဦးကတော့ သူ့အနေနဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေ လုပ်ဆောင် တဲ့နေ ရာမှာ ဦးစိုးသိန်းနဲ့ တိုင်ပင်လေ့ရှိပြီး အမှားအယွင်းမရှိစေဖို့ သတိထား လုပ်ဆောင်နေရကြောင်း ပြောပါတယ်။

“ကျနော်ကတော့ အဘ နာယကကြီး (ဦးစိုးသိန်း) နဲ့ အမြဲတိုင်ပင်ပြီးမှ လုပ်တယ်။ အဘ နာယကကြီး ကလည်း သမ္မတကြီးက မှာထားတယ်၊ မင်းတို့ ကောင်းအောင်လုပ်ကြ။ မှားရင်တော့ မှားတဲ့သူခံရမယ်ဆိုပြီး ကျနော့်ကို အမြဲသတိပေး ပါတယ်” လို့ အဲဒီဝန်ကြီးက ဆိုပါတယ်။

ဒါကိုကြည့်ရင် ပြည်ထောင်စု ၀န်ကြီးတွေအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဆင်ပြေဖို့တင်မက သမ္မတရုံး ၀န်ကြီးတွေနဲ့ပါ အဆင်ပြေဖို့ပါ လုပ် ဆောင် နေရတယ်ဆိုတာ ထင်ရှားပါတယ်။

လက်ရှိအချိန်မှာတော့ နောက်ထပ် ၀န်ကြီး ၃ ဦးလောက် ထပ်ပြီး အပြောင်းအလဲ ဖြစ်ဦးမယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်နေတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဘယ်ဝန်ကြီးတွေကို မိမိသဘောဆန္ဒ အလျောက်ဆိုပြီး နုတ်ထွက်ခိုင်းဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့်အ ပြင် ဘယ်သူ တွေကို လစ်လပ်ဝန်ကြီးတွေနေရာ ပေးမလဲဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ဝေဖန်နေကြပါတယ်။

သုံးနိုင်ငံမှအပ တစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ


နိုင်ငံသုံးနိုင်ငံမှအပတစ်ကမ္ဘာလုံးမှ မြန်မာသို့ ငွေလွှဲပြောင်းပေးပို့ နိုင်ပြီဖြစ်ကြောင်း ကမ္ဘာ့ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ Western Union နှင့် ချိတ်ဆက်ထားသော CB ဘဏ်မှ သိရသည်။

''ဆိုမာလီ၊ အီရန်နဲ့မြောက် ကိုရီးယားနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံကလူတွေ အားလုံး မြန်မာ နိုင်ငံကို ငွေလွှဲပေးပို့လို့ရပြီ''ဟု CB ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက် တာ ဦးဖေမြင့်က ပြောသည်။

Western Union ကုမ္ပဏီ သည် ပြည်တွင်း ပုဂ္ဂလိကဘဏ် ခြောက်ခုနှင့် ချိတ်ဆက်လုပ်ကိုင် လျက်ရှိပြီး အဆိုပါဘဏ်ခြောက် ခု၏ ဘဏ်ခွဲများ အသီးသီးတွင် လွှဲငွေများကို ထုတ်ယူနိုင်ပြီဖြစ် ကြောင်းသိရသည်။ အကျိုးအ မြတ်ခွဲဝေမှုအနေဖြင့် ပြည်တွင်း ဘဏ်များသည် လွှဲခ၏ ၂၅ ရာ ခိုင်နှုန်းကိုရရှိမည်ဖြစ်ကြောင်း သိရ သည်။

Western Union မှ လွှဲခကို နိုင်ငံအသီးသီးအလိုက်ကောက်ခံပြီး နိုင်ငံ အလိုက်ငွေကြေးများကို ဒေါ် လာအဖြစ်သာ ပြည်တွင်းသို့ လွှဲ ပြောင်းပေးမည်ဖြစ်ကြောင်း သိရ သည်။

''ဒီကို ဒေါ်လာနဲ့လွှဲပေးတာကို ဘဏ်တွေက နေ့စဉ်ပေါက်ဈေးအ တိုင်း ကျပ်ငွေနဲ့ ပြန်ထုတ်ပေးမှာပါ'' ဟု ဦးဖေမြင့်က ပြောသည်။
လက်ရှိတွင်ပြည်ပမှ ပြည်တွင်း သို့ငွေလွှဲပေးပို့မှုကို စင်ကာပူ၊ ထိုင်း နှင့် မလေးရှားနိုင်ငံတို့နှင့် ချိတ် ဆက်ဆောင်ရွက်နေပြီး နောက်ပိုင်း တွင် ဗဟိုဘဏ်၏ခွင့်ပြုချက်အလိုက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း လုပ်ကိုင်ခွင့်ရဘဏ်များမှ သိရသည်။

အမေရိကန်အခြေစိုက် Western Union ကုမ္ပဏီသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂ဝဝ ကျော်တွင် အေ ဂျင်စီပေါင်း ၅၂ဝဝဝဝ ကျော်ရှိပြီဖြစ် ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှလွှဲငွေများကိုသာ ပြည် တွင်း၌ လက်ခံနိုင်ပြီး နောက်ပိုင်း တွင် အဆိုပါနိုင်ငံများသို့ မြန်မာ နိုင်ငံမှ လွှဲပြောင်းပေးပို့နိုင်ပြီဆိုပါကWestern Union မှတစ်ဆင့် လွှဲပို့ နိုင်မည်ဖြစ်ကြောင်းသိရသည်။

လွှဲပြောင်းပေးပို့မှုကို မြန် မာနိုင်ငံနှင့်ပေးပို့သောနိုင်ငံ အ ချိန်ကွာခြားမှုအလိုက် တစ်ရက် အတွင်းထုတ်ယူနိုင်ရန် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ပြည် တွင်းဘဏ် ၆ ခု ဖြစ်သော ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ ယူ နိုက်တက်အမရဘဏ်၊ မြန်မာအ ရှေ့တိုင်း ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန် မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂ လိကဘဏ်တို့တွင် လွှဲပြောင်း ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။

PN-029၊ခိုင်နွယ်ဦး
Popular Myanmar News ournal

မိမိသုံးနေတဲ့ Internet Connection ကို အခြား Devices တွေမှာ Share သုံးရအောင် (Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ)




Connectify pro ထက်ကောင်းပါတယ် Freeware လေးပါ ... ပြုလုပ်ပေးရမဲ့ အဆင့်ကလည်း  ၄ ဆင့်ပါပဲ ... Connectify pro က သုံးရတာ စက်လေးပါတယ် ပြီးတော့ Key,Crack  အတွက်ခေါင်းစားရတယ်...  ဒါလေးက ပေါ့ပါးတဲ့ အပြင် ဖိုင်လ်ဆိုက်ဒ်လေးကလည်း 1.6MB ပဲရှိပါတယ်.... ဒီ Software လေးကို Run နိုင်ဖို့ကိုတော့ .Net farmwork v.4  လိုပါမယ်ခင်မျာ....

Click Here to Download .Net Farmwork 4 Offline Installer

Would you like to share your internet connection over to your room and use the same connection for Laptop, Mobile Phones or other devices without any kind of cable connectivity, but you don’t have any expensive wireless router! if so, don’t worry. Now you can use your internet connected desktop or laptop as a WiFi hotspot easily. Yes, many people use Connectify software for this. But some people have trouble with this software. Another thing, its provably costs you some money to use the full version...so, whatever Connectify is!

I am talking about ‘WiFi Hotspot Creator’ . its an alternative of Connectify pro. Download this software from   
Here  Download
(1.55MB).
Now go for using instructions:
Step  1: Install WiFi Hotspot Creator and restart your PC.
 Step  2: Open the program and set your hotspot information as seen bellow. then press Start to start using your newly created WiFi hotspot.
Note: Installation should take 5-10 Min to complete. And you must have .net farmwork v.4 installed on your PC to run this program.

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ



မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

အင်္ဂါနေ့၊ ဇန်နဝါရီလ 15 ရက် 2013 ခုနှစ်  မွန်အေဂျင်စီ  သတင်း  -
မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။

မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။


၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

အေးချမ်းမွန်မှ   လွတ်လပ်သော မွန်သတင်းအေဂျင်စီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia  ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)


မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိ
ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း 
သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည်
 မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။


မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကို
လည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်း

ူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချအလင်း

ဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့သက်သေတွေကျနော်တို့လက်ခံရရှိထားတယ်၊အစိုးရကလည်း လက်
နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်ခွင့်ပြုထားတာ တွေ့နေရတယ်ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌လူငယ် (၁၅) ဦးရာဘမူး ယစ်

စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိ
ခဲ့သည်။

၂၀၁၂ ခုနှစ်တွင်မွန်ပြည်နယ်ရှိလူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်း

ရင်းသားလွှတ်တော်အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။



လွတ်လပ်သော မွန်သတင်းအေဂျင်စီ

Wednesday, January 16, 2013

ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံ.. China's call Myanmar to peace talks in Kachin State



ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်း ထုတ်ပြန်ချက်၊ လိုင်ဇာက အပြစ်မဲ့ ဒုက္ခသည်ပြည်သူတွေရဲ့ မြင်ကွင်းရုပ်သံဖိုင်နှင့်ယူနန်သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံဖိုင်။
ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်တာတွေ ရပ်ကြဖို့ အပြစ်မဲ့ ပြည်သူတွေ ကိုယ်စား တောင်းဆိုအပ်ပါသည်။

ယနေ့မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက (ယနေ့ ၁၅ရက်နေ့ သတင်းမှာ) ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ပြောဆိုလိုက်တဲ့ သတင်းရုပ်သံပါ..။

ကြားထဲက မြေဇာပင်ဖြစ်ရတဲ့ ယနေ့လိုင်ဇာမြို့အတွင်းမှ စစ်ပြေးဒုက္ခသည်တွေရဲ့ မြင်ကွင်းပါ။ နှစ်ဘက်ခေါင်းဆောင် လူကြီးတွေရဲ့ အမိန့်တွေကြားမှာ ကြားထဲက ပြည်သူတွေ မြေဇာပင်ဖြစ်ရ၊ အိုးပစ်အိမ်ပစ် ကျီးလန့်စာစားနေရပြီး။ တိုင်းတပါးနယ်မြေထဲမှာ မျက်နှာငယ်ရ၊ နှစ်ဘက်စလုံးက အရွယ်ကောင်းလူငယ်တွေ အသက်တွေ စတေးရ၊ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံနေကြရတာပါ.။ ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်ဆိုပြီး ကလေးကစားသလို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတာ မဟုတ်ပါ..။

အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားညှာတာကြပါ..။ စစ်ပွဲတွေ ရပ်ကြပါ တိုက်ပွဲတွေရပ်ကြပါ..။ ငြိမ်းချမ်းရေးတွေ အမြန် ဖော်ဆောင်ကြဖို့ အပြစ်မဲ့ ပြည်သူတွေကိုယ်စား တိုက်တွန်းအပ်ပါတယ်...။

ဒီမိုဝေယံ

ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာTuesday, January 15, 2013


ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာ
Tuesday, January 15, 2013  

လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုး
အစားက ရောင်းအားကောင်းပါတယ်။လိုင်းဆွဲအား ကောင်းတာ၊ တခြား
နာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့ 
T5900 အမျိုးအစားတွေ ဖြစ်ပါတယ်။
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEI ဖုန်းဝယ်မယ်ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေးဝယ်ပါ။

ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊  ဒီ ဖုန်းကိုအသုံးရင် 3G အပြည့်မရပါဘူး၊
C8950 မှာ C ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။

မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။ 
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။

စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေဆိုရင် ဖုန်းအတွင်း
စာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်”လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့  Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။

သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။ ဈေးနှုန်းကပ်ထားတဲ့အတွက် အရောင်းအ၀ယ် ပိုပြီး အဆင်ပြေစေပါတယ်
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀  နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိ
ပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။ 

irrawaddy
ရန်ကုန်ကြိုက် Huawei ဖုန်း အကြောင်း သိကောင်းစရာ
Tuesday, January 15, 2013

လက်ကိုင်ဖုန်း hand set အမျိုးအစားတွေထဲမှာ HUAWEI ဖုန်းအမျိုး
အစားက ရောင်းအားကောင်းပါတယ်။လိုင်းဆွဲအား ကောင်းတာ၊ တခြား
နာမည်ကြီး ဖုန်းအမျိုးအစားတွေမှာ ထည့်တဲ့ appalication တွေကိုလည်း ထည့်သွင်း အသုံးပြုလို့ ရတာတွေကြောင့် လူကြိုက်များနေတာပါ။

ဒါပေမဲ့ HUAWEI ဖုန်း အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။အဖြူနဲ့ ပန်းရောင် နှစ်လုံးက ဘယ်ထရီ အပိုပါတဲ့ C8812 နဲ့
T5900 အမျိုးအစားတွေ ဖြစ်ပါတယ်။
T, C, U ဆိုတာ ဘာတွေလဲ ~
HUAWEI ဖုန်းဝယ်မယ်ဆိုရင် မော်ဒယ်နံပတ်ရှေ့မှာပါတဲ့ အင်္ဂလိပ်အက္ခ ရာတွေ ကိုသတိထားပြီးရွေးဝယ်ပါ။

ဥပမာ - T8950 မှာ T ဆိုတာ တရုတ်ပြည်မှာသုံးတဲ့ TDMA Network ပါ ၊ ဒီ ဖုန်းကိုအသုံးရင် 3G အပြည့်မရပါဘူး၊
C8950 မှာ C ဆိုတာ CDMA 800 ကို ရည်ညွန်းတာပါ၊
U8950 မှာ ပါတဲ့ U က GSMA နဲ့ WCDMA နှစ်မျိုးသုံး လို့ရတဲ့ Dual sim card ကို ဆိုလိုတာပါ။

မော်ဒယ်နံပတ်တွေရှေ့မှာပါတဲ့ ဒီ အင်္ဂလိပ်အက္ခရာတွေမှာ T နဲ့ စတဲ့ TDMA ဖုန်းတွေက ကျန်တဲ့ U တို့ C တို့နဲ့ စတဲ့ဖုန်းတွေထက် ဈေးသက်သာပါတယ်။
ဒါကြောင့် ဖုန်းဝယ်မဲ့သူတွေ မော်ဒယ်နံ ပတ်ရှေ့က အင်္ဂလိပ်အက္ခရာတွေကို ကြည့်ပြီး ၀ယ်ဖို့လိုပါတယ်။

စင်ကာပူက အ၀င်နည်းတယ် ~
“HUAWEI ဖုန်းတွေ မြန်မာပြည်ထဲကို တရုတ်ပြည်က ၀င်သလို စင်ကာပူက ပတ်ဝင်လာတာ ရှိပါတယ်။ စင်ကာပူက ၀င်တဲ့အလုံးတွေဆိုရင် ဖုန်းအတွင်း
စာတွေ အကုန်လုံးက အင်္ဂလိပ်စာနဲ့ဖြစ်ပြီး Gmail ၊ gtalk တပါတည်း ပါတယ်”လို့ ရန်ကုန်မြို့ အမှတ် ၁၆၃၊ လသာလမ်းမှာ ရှိတဲ့ Easy One Mobile ဆိုင်က ကိုအောင်ကျော်ကျော်က ပြောပါတယ်။

သို့သော်လည်း စင်ကာပူက အ၀င် အင်မတန်နည်းတယ်လို့ ဆိုပါတယ်။

“HUAWEI အလုံး ၁၀၀ မှာ ၉၉ လုံးလောက်က တရုတ်ပြည်က၀င်တာ” လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

HUAWEI ဖုန်းတွေမှာ C8812 နဲ့ T5900 အမျိုးအစားတွေမှာ ဘက်ထရီ ၂ ခု ပါတယ်။ ဒါကြောင့် ဒီအမျိုးအစားတွေ ၀ယ်တဲ့အခါ ဘယ်ထရီအပို ပါမပါ စစ်ဖို့လိုပါတယ်။ ဈေးနှုန်းကပ်ထားတဲ့အတွက် အရောင်းအ၀ယ် ပိုပြီး အဆင်ပြေစေပါတယ်
C 8812 ရဲ့ အားနည်းချက် ~
“Touch Screen အပျက်အများဆုံး မော်ဒယ်ကတော့ C 8812 ပါ၊ Screen အသစ် လဲမယ် ဆိုရင်တော့ အမည်းရောင်က ၁၀,၀၀၀ နဲ့ အဖြူရောင်က ၁၂,၀၀၀ ပါ၊ ဒါ ပုံသေတော့ မဟုတ်ဘူး ဈေးနူန်း အတက်အကျတော့ရှိ
ပါတယ်၊ လက်ခက ၅,၀၀၀ ပါ” လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။

credit to irrawaddy
ကိုလတ်(ကျွဲဆင်း)

အသံလေးနဲ့ဖုန်းခေါ်မယ် ဆော့ဝဲလ်တွေဖွင့်မယ်


Android phone များအတွက် အသံလေးနဲ့ ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ပါတယ်ခင်ဗျာ မိမိခေါ်လိုတဲ့ဖုန်းနံပါတ်ကို အသံလေးနဲ့ record ပြုလုပ်ထားလိုက်ပြီး ဆော့ဝဲလ်ဖွင့်ပြီး အသံလေးနဲ့အမိန့်ပေးလိုက်ရုံပါပဲ ဖုန်းက သူ့ဘာသာခေါ်သွားမှာပါ။ 
ဖုန်းနံပါတ် နှိပ်ရတာ ငြီးငွေ့နေတဲ့သူငယ်ချင်းများအတွက်ပါ ဆော့ဝဲလ်တွေကိုလေး အသံလေးနဲ့အမိန့်ပေးပြီး ဖွင့်နိုင်ပါတယ်ခင်ဗျာ။ Dropbox ကနေတင်ပေးထားပါတယ်ခင်ဗျာ။




>> Download <<


Monday, January 14, 2013

HTC ရဲ့တရားဝင် Website ကို မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်ပြီ...


         Smartphone တွေထုတ်လုပ်နေတဲ့ ကမ္ဘာ့ထိပ်တန်း ဖုန်း company တစ်ခုဖြစ်တဲ့ HTC ဟာ သူတို့ရဲ့ တရားဝင် website ကို မြန်မာဘာသာဖြင့်ဖတ်ရှုနိုင်အောင်ပြုလုပ်ပေးခဲ့ပါပြီ။ ဒီလိုပြုလုပ်ပေးမှုကြောင့် နောက်ဆုံးထွက် smartphone တွေနဲ့ပါတ်သက်တဲ့အကြောင်းအရာများကို ကျွန်တော်တို့ မြန်မာဘာသာနဲ့ဖတ်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။ သွားရောက်ဖတ်ရှုချင်တယ်ဆိုရင်တော့... http://www.htc.com/mm/ ပါဗျာ ၀င်ေ၇ာက်လေ့လာနိုင်ပါတယ်ဗျာ...........

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှု နှင့် 3G Internet Speed 768KB အထိ နိမ့်ကျ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနှင့်လက်ရှိတွင်GSM Mobile Phone များအား ဈေးနှုန်းများချပြီး ပြည်သူများအားရောင်းချပေးမည်ဆိုသော်ငြားလည်း ၀န်ဆောင်မှုအပိုင်းတွင်တိုးတက်လာခြင်းမရှိသေးပေ။ဖုန်းပျောက်အပျက်များအား ပြန်လည်လျေက်ထားရာတွင်လည်း ကောင်း၊ Mobile Phone Internet Access များလျောက်ထားခြင်း တို့တွင် ယခုအချိန်ထိလာဘ်ပေးလာဘ်ယူမှုများနှင့် အချိန်ကြံ့ကြာပြီး လျင်မြန်စွာဆောင်ရွက်နိုင်ခြင်းတို့ပင်ဖြစ်ပါသည်။
မည်သို့ပင် GSM တာဝါတိုင်များ အသစ်တိုးချဲ့စေကာမူ လိုင်းဆွဲအားများမှာလည်း ပိုမိုထူးခြားကောင်းမွန်လာခြင်း မရှိးသေးသလို လက်ရှိပြည်သူတို့အသုံးပြုလျက်ရှိ Internet Speed  တို့အား ယခင်Bandwidth 2 MB speed မှ1 MB သို့ ဆက်သွယ်ရေးဌာန ၀န်ကြီး နှင် CE တို့မှလျို့ဝှက်အစီအစဉ်တို့ဖြင့် လျော့ချခဲပြီး ပြီးခဲ့သော ၃၁ ဒီဇင်ဘာ ၂၀၁၂ တွင်မူပြည်သူတို့ နှေးတိနှေးကွေး ဖြင့်အသုံးပြုနေသော 3G စနစ် Internet အား ၄င်း 1 MB speed မှထပ်မံပြီး 768 KB speed သို့ CE အမိန့်ဖြင့် လျို့ဝှက်လျော့ချခဲ့ပြီးဖြစ်ကြောင်း တိတိကျကျသိရှိထားပါသည်။
ယခုကဲသိုInternet Speed များ လျော့ချရသည့်အကြောင်းကိုမသိရှိရပေ။ဆက်စပ်တွေးတောကြည်ပါက ၄င်တို့အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော Internet အသုံးပြုခ Volume Base စနစ်မှာ မအောင်မြင်ခြင်းကြောင့်လေလားဟုတွေးမိပါသည်။ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာလည်း အချိန်ဆွဲရေးဆွဲနေပြီး ပြည်သူတို့ထံမှ ရနိုင်သလောက်ရအောင်ယူပါဦးမည် ဖြစ်ပါသည်။မြန်မာ့ဆက်သွယ်ရေး မှ ပြည်သူတို့အတွက်ပေးမယ့်ကောင်မွန်တဲ့ ၀န်ဆောင်မှုဟာ ဘယ်မှာလဲ၊ ဘယ်တော့များလဲ ဟု ဆက်သွယ်ရေးကို ပြည်သူများက တိုက်ရိုက်မေးခွန်းထုတ်ကြဖို့ လိုပါသည်။
ကြေးစေတမန်တဦး
(မိုးမခမှ သတင်းယူပါသည်)
ကိုကိုနန်းညွန့်ဦး
Email : nnophoto@gmail.com

အတု၊အစစ်သိပ်မကွာ၍ ဟန်းဆက်ဝယ်ယူရာ၌ သတိပြုရန် အရေးကြီးလာ





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလလယ်ပိုင်းအတွင်း တန်ဖိုးနည်းမိုဘိုင်းဆင်ကဒ်များ အရေအတွက် အကန့်သတ်ချက်မရှိ ချထားပေးမည့် သတင်းကြောင့် မိုဘိုင်းဖုန်းဈေးကွက်အတွင်း၌ မိုဘိုင်းဟန်းဆက်အရောင်းဆိုင်လုပ်ငန်းများ ပိုမိုများပြားလာကြောင်းနှင့် ဟန်းဆက်ဈေးနှုန်းများမှာ လည်း သိသိသာသာကျဆင်းလာကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

“ အခုမိုဘိုင်းဖုန်းက အရမ်းခေတ်စားလာတဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူတွေအတွက် အခွင့်ကောင်း တစ်ခုဖြစ်ပြီးတော့ ဈေးနှုန်းတွေ အပြိုင်လျော့ချလာပြီး ဟန်းဆက်ဈေးကွက်က ပို အလုပ်ဖြစ်လာကြတာ၊  ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း ၃ဝ လောက်ကနေ သိန်းရာနဲ့ချီပြီး ရင်းနှီးလာကြတယ်”ဟု ဈေးကွက်စောင့်ကြည့်သုတေသနမှ ဦးနေလင်းရှိန်က ပြောသည်။

ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက်ပိုင်း လူတန်းစားမျိုးစုံ အသုံးများလာသည့် မိုဘိုင်းဖုန်းများမှာ ၂ဝ၁ဝ ပြည့်နှစ်မှ စတင် ခေတ်စားလာကာ နာမည်ကြီးကုန်အမှတ်တံဆိပ်များနှင့် အကြမ်းခံ တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်များအား မိုဘိုင်းဟမ်းဆက်ဈေးတွက်အတွင်း၌  မော်ဒယ် အလိုက် ပြည်ပမှထုတ်လုပ်ဈေးနှုန်းများနှင့် သိပ်မကွာသည့်နှုန်းထားများ အတိုင်း မြန်မာနိုင်ငံ၌ ရောင်းဝယ်လာနိုင်ကြောင်း နာမည်ကြီးဖုန်းအရောင်ဆိုင် များမှ ဆိုသည်။

''ဆင်းကဒ်ဈေး ကျလာတော့ ဟန်းဆက်အမြင့်ပိုင်းတွေ ပိုပြီးရောင်း လာရတယ်။ အဓိကကတော့ Android အမျိုးအစားတွေပေါ့။ အမြင့်ပိုင်းကြိုက်တဲ့သူတွေက နာမည်ကျော် တံဆိပ်တွေဖြစ်တဲ့ အိပ်ခ်ျတီစီ၊ နိုကီရာ၊ ဟွာဝေးနဲ့ ဆိုနီအဲရစ်ဆင်၊ ဆမ်ဆောင်း စတာတွေ သုံးကြတယ်။ တစ်ခု သတိ ထားရမှာက ထုတ်လုပ်တဲ့နိုင်ငံပေါ့။ နောက်တစ်ခုက အာမခံပေးချက်တွေပါ၊ ပုံတူဟန်းဆက် အတု   တွေ ဈေးကွက်မှာ အရမ်းများတယ်။ ပေါ်သမျှ အတုထွက်တယ်။ အခုနောက်ပိုင်း အတုတွေရဲ့ အဆင့် အတန်းကလည်း နည်းပညာပိုင်းမှာ ကောင်းမွန်လာတဲ့အတွက် ပြည်တွင်းက ဟန်းဆက်ဝယ်သူတွေ အတွက် အန္တရာယ်များတယ်။” ဟု မင်္ဂလာဈေးမှ မိုဘိုင်းဟန်းဆက် ပြုပြင်သူ ကိုမင်းက ပြောသည်။

နိုင်ငံတကာလူကြိုက်များလှသည့် အိုင်ဖုန်းအမျိုးအစားများကို ယခင်က ပြည်တွင်းတွင် အသစ်မှာ ယူရန် ခက်ခဲသော်လည်း ယခုနောက်ပိုင်းတွင် ဆိုင်အများစု၌ မှာယူ သုံးစွဲနိုင်ပြီဖြစ်ကာ ဆင်းကတ် ဖြတ်ခြင်းများကိုလည်း ဆိုင်အများစုက  လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အင်တာနက် ကောင်းကောင်းသုံးလို့ရမယ်၊ ဂိမ့်ဆော့လို့ရမယ်၊ လိုင်းကြည်မယ်၊ သီချင်းအသံထွက်စနစ် ကောင်း မယ် ဆိုရင်ရပါပြီ '' ဟု မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးကပြောသည်။

အင်တာနက်အသုံးပြုနိုင်ပြီး တပ်ခ်ျစနစ်သုံး အန်းသရွိုက်(Android)ဟန်းဆက်အများစုသည် ကျပ် လေးသောင်းမှ ကျပ်နှစ်သိန်းအထိ အစားစားရှိပြီး အသစ်ထွက် နောက်ဆုံးပေါ် နာမည်ကြီး တံဆိပ် အချို့နှင့် အိုင်ဖုန်းများမှာ ကျပ်ဆယ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရသည်။

ဇန်န၀ါရီလ**င်ထွက်ရှိမည့် တန်းဖိုးနည်း GSMနှင့် WCDMA ရောင်းချနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို   နေပြည်တော်၌ ဇန်န၀ါရီလ(၉)ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်တွင် ဇန်န၀ါရီလလယ်ပိုင်း၌ တွေ့ဆုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြစ်မခ မီဒီယာဂရု 

ဆည်းဆာဧကရီ (သို့) အမေရိကန် အမျိုးသမီး ရေတပ်ဗိုလ်မှူးကြီး Holly Graf



၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲအကြိုကာလ။
အမေရိကန်စစ်ရေယာဉ်မှူး Holly Graf ဦးစီးမောင်းနှင်သော စစ်ရေယာဉ် U.S.S. Wiston S. Churchill သည် Sicilian ဆိပ်ကမ်းမှ မောင်းနှင်ထွက်ခွာချိန်… ရုတ်တရက်ဆိုသလို မက်တရစ်တန်ချိန် ၈၂၀၀ လေးသော စစ်ရေယာဉ်ကြီးတစ်ခုလုံး သွက်သွက်ခါလှုပ်ရမ်းသွားလေသည်။

ပြီးတော့ အင်ဂျင်စက်ရပ်သွားကာ ၁၅၆ မီတာ ရှည်လျားသော သင်္ဘောကြီး ရေမှာမျောနေတော့၏။

“ဘာဖြစ်ရတာတုန်း” ပဲ့စင်မှာ ကွပ်ကဲနေသော စစ်ရေယာဉ်မှူးက မေးလိုက်သည်။ ပြီးနောက် သူက ရေကြောင်း လမ်းညွှန်အရာရှိ၏ လည်ဂုတ်ကို ဆွဲညှစ်ကာ ပဲ့စင်အပြင်ဘက်ဆီသို့ ခေါ်ထုတ်လာပြီး “ အယုတ်တမာကောင် .. ငါ့သင်္ဘော ဒီလိုဖြစ်အောင် နင်တမင်လုပ်လိုက်တာမို့လား”… ဟု အော်ဟစ်ကြိမ်းမောင်း လိုက်လေသည်။ သင်္ဘောခုလိုဖြစ်ရတာက ရေကြောင်း မတော်တဆမှုကြောင့် ဖြစ်နိုင်သလို တစ်စုံတစ်ဦး၏ အကွက်ဆင်မှုကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်ကို သူတွက်ထားပြီးသား။ ဘာကြောင့်ဆို ရေကြောင်းလမ်းညွှန်အရာရှိက ဗြိတိသျှ ရေတပ်မတော်မှဖြစ်ပြီး စစ်ရေယာဉ် Churchill ၌ တွဲဘက်တာဝန်ထမ်းဆောင်နေသူ မဟုတ်ပါလား။

သည်လောက် ဆူဆူညံညံ ၀ရုန်းသုန်းကားတွေကြားထဲမှာ နောက်ထပ် ကြားလိုက်ရတဲ့အသံက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာ။ မိမိတို့ရေယာဉ် တစ်စုံတစ်ခုနှင့် တိုက်မိသွားပြီလား.. သည်လိုဖြစ်ခဲ့ရင် စစ်ရေယာဉ်မှူး တော့ မလွယ်ကျောဆိုက်ပြီဟု ဇဝေဇ၀ါ သံသယအတွေးကိုယ်စီဖြစ်ပေါ်နေသော ရေယာဉ်ပဲ့မြီးပိုင်းရှိ ရေတပ်သား တစ်စုထံမှ ပေါက်ကွဲထွက်လာသော အူမြူးဟစ်ကြွေး ဇာတ်ပို့တေးသံ။ “ခေါင်းလောင်းလေးတော့ မြည်နေပြီ… အလွမ်းဇာတ်သိမ်းစနေပြီ..”

မကြာသေးမီကမှ ရေယာဉ်ကိုရောက်ရှိလာသော ဓမ္မဆရာ Maurice Kaprow ကတော့ မြင်ရကြားရ ဖြစ်ပျက်မှုမှန်သမျှကို လုံးဝနားမလည်နိုင်ရှာ။ သူက “ရေတပ်သားတစ်ဦး ကျနော့နားရောက်လာပြီး …… ကျုပ်တို့သင်္ဘောတော့ တစ်ခုခုနဲ့ ဝင်အောင်းမိသွားပြီထင်တယ်။ စစ်ရေယာဉ်မှူးတော့ ဒုက္ခပဲ..တဲ့။ ပြီးတော့ သူတို့တွေ ရေယာဉ်ပဲ့မြီးပိုင်းမှာ ပျော်ပျော်ပါးပါး သီချင်းဆိုနေကြတာမြင်ရတော့ ကျနော် ကြက်သီးဖြန်းဖြန်း ထမိတယ်” လက်စသတ်တော့.. သင်္ဘောပန်ကာ တစ်လက်ကျိုးသွားတာကိုး..။ ခုလို စစ်ရေယာဉ်မှူးကို ပြောင်ပြောင်တင်းတင်း အံတုနေကြတာ ကောင်းသလား၊ စစ်ရေယာဉ်မှူးကိုယ်တိုင်ကရော အဲဒီလိုအလုပ်ခံ ရလောက်အောင် ဆိုးသွမ်းနေသူလား..။ နောက် ၇ နှစ်ကြာသည့်တိုင် Kaprow တစ်ယောက် အသေအချာ အဖြေထုတ်လို့မရနိုင်။

Graf စစ်ရေယာဉ်မှူး အဖြစ် တာဝန်ထမ်းဆောင်ရတဲ့ နောက်သင်္ဘောက ဒုံးပျံတင် ခရူဇာအမျိုးအစား စစ်ရေယာဉ်- U.S.S. Cowpens ဖြစ်ပြီး အဲဒီရေယာဉ်မှာပဲ သူ့ရဲ့စစ်ရေယာဉ်မှူးတာဝန် အဆုံးသတ်ခဲ့ရလေသည်။ စစ်ရေယာဉ်- Cowpens မှာ ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၀ ဇန်န၀ါရီလမှာ သူ့ကိုတာဝန်မှ ရပ်နားလိုက်လေသည်။ ရေယာဉ်ဝန်ထမ်းများအပေါ်သူ၏ ရိုင်းစိုင်း လူမဆန်သော လုပ်ရပ်များကြောင့် အနားပေးလိုက်ခြင်းဖြစ်ကြောင်း ရေတပ်စစ်ဆေးရေး အရာရှိချုပ် ၏ အစီရင်ခံချက်၌ ဖော်ပြထားပေသည်။ ထိုအစီရင်ခံစာကြောင့် အမေရိကန်ရေတပ် အတွင်း စစ်ရေယာဉ်မှူး ရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ တာဝန်ထမ်းဆောင်မှု အခြေအနေ စောင့်ကြပ်ခြင်း အပိုင်းများတွင် အားနည်းချက်များ ရှိနေကြောင်း ပေါ်လွင်သဖြင့် ရေတပ်အုပ်ချုပ်ရေးဌာနတစ်ခုလုံး လှုပ်ခါသွားခဲ့ရသည်။ ရေတပ်အုပ်ချုပ်ရေးဌာနက စစ်ရေယာဉ်မှူးများ၏ အုပ်ချုပ်မှုအရည်အသွေးကို ကြပ်မတ်ရာတွင် ကာလကြာရှည်စွာပင် အားနည်းလျော့ရဲခဲ့ကြောင်း Graf ၏ အုပ်ချုပ်မှုဖြစ်စဉ်က အထင်အရှား ပြသနေသည်။ Graf ၏ မယုံကြည်နိုင်ဖွယ် ကျဆုံးခန်းကြောင့် အမေရိကန် ရေတပ်အုပ်ချုပ်ရေးတွင် ကျား/မ ခွဲခြားဆက်ဆံမှု ရှိလေသလား…ဟု သံသယ ဖြစ်စရာ ရှိသော်လည်း ယင်းကဲ့သို့ မဖြစ်နိုင်ကြောင်း ရေတပ်ဌာနမှ Graf ကို ယောက်ျားများနှင့် ရင်ဘောင်တန်း တာဝန် ထမ်းရွက်ရသော တိုက်ခိုက်ရေး စစ်ရေယာဉ်အုပ်စုတွင် အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းက သက်သေပြနေ ပြန်သည်။

စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာရန်မှာ Graf ၏ ငယ်အိပ်မက်ဖြစ်သည်။ အထက်တန်းကျောင်းသူ ဘ၀ကတည်းကပင် သူစိတ်ကူးယဉ်ခဲ့သည်။ သူ့ဖခင်ကလည်း ရေတပ်ဗိုလ်မှူးကြီးတစ်ဦး ဖြစ်သည်ကြောင့် သူရော သူ့ညီမ Robin ပါ ရေတပ်၌ အမှုထမ်းရန် စိတ်ထက်သန်ခဲ့ကြသည်။ နောင်အခါ သူ့ညီမက ရေတပ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာကာ အိမ်ထောင်သည်တစ်ဦးလည်းဖြစ်၍ Graf ကတော့ တစ်ကိုယ်တည်း အပျိုးကြီးဘ၀နှင့်ပင်။ ၁၉၈၅ ခုနှစ် ရေတပ်အကယ်ဒမီမှ ကျောင်းဆင်းပြီးနောက် လုပ်ဖော်ကိုင်ဖက်များအကြား၌ Graf ကရာထူးလမ်းကြောင်း ကောင်းသူတစ်ဦး ဖြစ်ခဲ့သည်။ ပင်တဂွန် စစ်ဌာနချုပ်အောက်ရှိ ဖျက်သင်္ဘော တစ်စီးနှင့် ဖရီဂိတ်တစ်စီးတွင် တစ်လှည့်စီ တွဲဘက်တာဝန် ထမ်းဆောင်ပြီးနောက် ဖီလာဒဲဖီးယားမြို့ပြင်ရှိ Villanova University ၌ ROTC ဘာသာရပ် နည်းပြအဖြစ် တာဝန်ထမ်းခဲ့သည်။

အီရတ်စစ်ပွဲအတွင်း စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခံခဲ့ရသည်။တက္ကသိုလ်အသီးသီးတွင် ပညာရပ်ဆိုင်ရာ သင်တန်းအချို့ ဆက်လက် တက်ရောက်ပြီးနောက် မာစတာဒီဂရီသုံးခု ဆက်တိုက်ရရှိခဲ့သည်။(၁) အမျိုးသား လုံခြုံရေးဆိုင်ရာ မဟာဘွဲ့( Naval War College)၊(၂) မြို့ပြအင်ဂျင်နီယာ မဟာဘွဲ့ ( Villanova) (၃) ခွဲခြမ်းစိတ်ဖြာရေးနည်းစနစ်များ မဟာဘွဲ့( ရေတပ်ဘွဲ့လွန်ကျောင်း) ။ Graf ၏စစ်မှုထမ်းကာလ အစောပိုင်းတွင် ရင့်သီးကြမ်းတမ်းသော စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာနိုင်သည့် လက္ခဏာ သိပ်မပေါ်လွင်ခဲ့။ ရေတပ်ဘလော့ တစ်ခုတွင် ရေးသားထားသော Graf ၏ ပုံရိပ်နှင့်ပတ်သက်၍ သူနှင့် ရင်းနှီးသူတစ်ဦးက ပြောကြားရာမှာ…“ ကျမ Grafကို ဟိုးအရင်ထဲက သိခဲ့တာ။ ကျမမှတ်မိသလောက်ဆိုရင် ဒီဘလော့မှာ ဖော်ပြထားတဲ့ ပုံရိပ်လက္ခဏာမျိုး သူ့မှာမတွေ့ခဲ့ရပါဘူး”… ဟူ၍။

၁၉၉၇ ခုနှစ်မှာ ဖျက်သင်္ဘော Curtis Wilbur ၌ စီမံခန့်ခွဲရေးအရာရှိ (XO) အဖြစ် တာဝန်ထမ်းဆောင်ချိန်ကစပြီး သူ့ဘ၀ အမှောင်ရိပ်သန်းလာခဲ့သည်။ လုပ်သက်အနှစ်၂၀ ရှိသော စစ်ရေယာဉ်မှူးဟောင်း Kirk Benson က Curtis Wilbur ပေါ်တွင် Graf နှင့်အတူ အမှုထမ်းခဲ့ရသည့် အတွေ့အကြုံကို ပြန်လည်ဖောက်သည် ချရာတွင်… “ကျနော့ စစ်သက်တစ်လျှောက် သူနဲ့အတူရှိနေချိန်တွေဟာ တကယ့်ငရဲပါဗျာ.. သူက လက်အောက်ခံရေယာဉ် အမှုထမ်းတွေကို အဆက်မပြတ် မြည်တွန်တောက်တီးနေတော့ ကျနော့ကိုလာလာ တိုင်ကြတယ်။ အရေးယူတဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ သူ့အကြောင်း နောက် ၁၂ နှစ်ကြာမှ ပြန်တွေးမိတာတောင် မျက်ခုံးလှုပ်လှုပ်ပဲ။ ဘယ့်နှယ်ဗျာ XO တစ်ယောက် အနေနဲ့တောင် အဆင်ပြေအောင် တာဝန်မထမ်းဆောင်နိုင်သူက စစ်ရေယာဉ်ကြီး ၂ စီးရဲ့ စစ်ရေယာဉ်မှူးတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိဘူး…။”
စစ်ရေယာဉ် Curtis Wilbur မှာ တာဝန်ထမ်းစဉ်အတွင်း Graf ရဲ့ လုပ်ပုံကိုင်ပုံတွေကို အထက်က သတိပေးခဲ့တယ် ဆိုတောင်မှ သိပ်ပြီးအရာရောက်မည့် သဘောမရှိပါ။ ၂၀၀၃ မှာတော့ Graf ဟာ အမေရိကန်ရေတပ် သမိုင်းမှာ စံချိန်ချိုးပြီး ဖျက်သင်္ဘော Churchill ၌ ပထမဆုံး အမျိုးသမီး စစ်ရေယာဉ်မှူး ဖြစ်လာသည်။ ဂျူးလူမျိုး ဓမ္မဆရာ Kaprow ပြောပြချက်အရ Churchill ပေါ်မှာကြုံတွေ့ခဲ့ရသည့် Graf နှင့် ဆက်ဆံရေး အခြေအနေက အားမရစရာ။….“ကျနော် ရောက်ဖူးခဲ့တဲ့ ရေယာဉ်တွေထဲမှာ ဒီရေယာဉ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆိုးဆုံးပဲ။ ရေယာဉ်ကိုရောက်ပြီး ၁၀ ရက် ကြာတော့ ကျနော်သူ့ကို စကားစကြည့်တယ်။…. ခင်ဗျားဟာ တကယ်တော်တဲ့ အမျိုးသမီး တစ်ဦးပဲ၊ ခက်ခဲတဲ့အလုပ်ကိုလုပ်နေရတာ။ ဒါပေမယ့် အရာရှိငယ် တချို့က ခင်ဗျားနဲ့ပတ်သက်ပြီး စိုးရိမ် သောကတွေရှိနေတယ်။ စိတ်ဓာတ်လည်း ကျနေကြတယ်... လို့ပြောတော့ သူ ကမူးရှူးထိုးဖြစ်လာပြီး ကျနော့ကို စကားစဖြတ် လိုက်တယ်။ သူအဲဒီအကြောင်း မပြောချင်ဘူးတဲ့။ နောက်ရက်တွေမှာတော့ ကျနော်သူနဲ့ စကားပြောခွင့်မကြုံအောင် တမင်ရှောင်ကိုနေတော့တာဗျ…တဲ့”

Kaprow အဲဒီရေယာဉ်က ပြောင်းသွားတဲ့အခါ Graf နဲ့ပတ်သက်သည့် အစီရင်ခံစာ အထက်လူကြီးထံ တင်ပြသည်။ သို့သော်လည်း Benson နှင့် အခြားသူများတင်သည့် အစီရင်ခံစာများကဲ့သို့ပင် ထူးထူးခြားခြား ပြောင်းလဲမလာ။ အဲဒီအချိန်မှာ Graf တစ်ယောက်က ရာထူးတွေ တက်နေမြဲ။ စစ်ရေယာဉ်-Churchill တွင် ၂၂ လ တာဝန်ထမ်းပြီး ၂၀၀၄ အစောပိုင်း၌ Graf ၏ စစ်ရေယာဉ်မှူးတာဝန်ကို Todd Leavitt ထံသို့ လွှဲပြောင်းပေးလိုက်ရသည်။ သည်အကြောင်းနှင့်ပတ်သက်၍ ၂၀၀၂ စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး Churchill မှာ လက်နက်အရာရှိ တာဝန်ယူခဲ့ရသော Paul Coco က အမှတ်တရ ပြန်ပြောရာတွင်…“ပုံမှန်တာဝန် လွှဲပြောင်း/လက်ခံမှုပါပဲ။ စစ်ရေယာဉ်မှူး Todd က စစ်ရေယာဉ်မှူးတာဝန်ကို စတင်လက်ခံလိုက်ပြီလို့ ကြေညာလိုက်ချိန်မှာ ရေယာဉ် တစ်စီးလုံး သြဘာသံတွေ ဟိန်းထွက်သွားတယ်…”

Annapolis စစ်တက္ကသိုလ် ကျောင်းဆင်းပြီး ၂၂နှစ်အကြာ ၂၀၀၇ ဇွန်လမှာ Graf ရေတပ်ဗိုလ်မှူးကြီးအဆင့် တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ၂၀၀၈ မတ်လမှာ စစ်ရေယာဉ် Cowpens ၏ စစ်ရေယာဉ်မှူးတာဝန်ကို လက်ခံဆောင်ရွက်ချိန်ဟာ သူ့အတွက် ဒုတိယမ္ပိ မင်္ဂလာအပေါင်း ခညောင်းချိန်ဖြစ်လေသည်။ ၁၇၃ မီတာရှည်လျားပြီး ၉၁၀၀ မက်ထရစ်တန် အလေးချိန်ရှိသည့် အဆိုပါစစ်ရယာဉ်သည် အမေရိကန်ရေတပ်၏ အကြီးမားဆုံး တိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး Graf အနေဖြင့် ပထမဆုံးအမျိုးသမီး စစ်ရေယာဉ်မှူးအဖြစ် အရာရှိ/စစ်သည် အင်အား ၄၀၀ ကို ကွပ်ကဲအုပ်ချုပ်ရခြင်း ဖြစ်သည်။ အဆိုပါစစ်ရေယာဉ်မျိုးကို ဦးစီးကွပ်ကဲရန် အခြားဖရီဂိတ် စစ်ရေယာဉ်မှူးများထက် စွမ်းရည်ပိုမိုပြည့်ဝရန် လိုအပ်လေသည်။ သို့တိုင်အောင် ရေယာဉ်အမှုထမ်းများ၏ စိမ်ခေါ်အကဲစမ်းမှုများကို ခံရနိုင်ဖွယ်လည်းရှိပေသည်။

အမှုကိစ္စကို ၆ လတာ စုံစမ်းလေ့လာမှုပြုလုပ်ပြီးနောက် Graf သည် လက်အောက်ခံဝန်ထမ်းများအပေါ် ထိပါးစော်ကားမှုရှိခဲ့ခြင်းနှင့် အရာရှိငယ်များကို သူ့အား လိုသည်ထက်ပို၍ အလေးပေးဆက်ဆံရန် ဖိအားပေး မှုများရှိသည်ကို တွေ့ရှိရလေသည်။ ၄င်းပြင် ဆွေးနွေးပွဲများ၌ အတင်းအကျပ်အာရုံစိုက်စေခြင်း၊ သူ၏ သီးသန့် တကိုယ်တော်ခရစ်စမတ်ညတွင် စန္ဒားတီးဖျော်ဖြေစေခြင်း၊ သူ၏ ခွေးများကို ထိန်းကျောင်းပေးစေခြင်း တို့ကို ပြုလုပ်စေခိုင်းလေ့ရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် ရေယာဉ်အမှုထမ်းများကို လုံလောက်သည့်လေ့ကျင့်မှုပေးရန် သူလစ်ဟာ ပျက်ကွက်ခဲ့သည်။ သည်လို အနိုင်ကျင့်စော်ကားမှုများကြောင့် အရာရှိငယ်များ ဒေါသဖြစ်ကြရသည်။ သူတို့အနေဖြင့် ပင်လယ်ပြင်တွင် အကောင်းဆုံး လေ့ကျင့်ချိန်အား အလဟသ ဖြုန်းတီးပစ်သလို ခံစားကြရသည်။ Graf ကတော့ “အရာရှိငယ်တွေကို လေ့ကျင့်ပေးဖို့ ငါ့မှာအချိန်မရှိဘူး”…ဟုသာ တွင်တွင်ငြင်းလျက် အခြေအမြစ်မဲ့သော အပြစ်တင်ဆူပူ ကြိမ်းမောင်းမှုများ ဆက်လက်ပြုလုပ်နေမြဲ။ ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်ကာ ဆရာကြီးလုပ်ရတာကို ပိုနှစ်ခြိုက်သည်။ သူ့ကိုယ်သူ လူရိုသေ ရှင်ရိုသေ ဂုရုကြီးဂိုက်ဖမ်းကာ ဘာမျှမယ်မယ်ရရမလုပ်ဘဲ Control ခန်းထဲ၌ အဆင့်အတန်းအားလုံးရှေ့ ဟန်ရေးပြင်ရင်း ခြေယောင်များ ပြနေတတ်သည်။

အဆိုးဆုံးလှိုက်စားမှုမှာ Graf ၏နူတ်ကြမ်းလျှာကြမ်း ပြောဆိုမှုများပင်။ စစ်ရေယာဉ်မှူးများ၏ ထုံးစံက စကားကို တိုတိုပြတ်ပြတ်နှင့် လိုရင်းကို တည့်တည့် ပြောတတ်သည်။ လိုရင်းတိုရှင်း အမိန့်ပေးပြောဆိုခြင်းက လုပ်ဆောင်ဖွယ်ကိစ္စများကို အမှားအယွင်း နည်းစေသည်။ သို့သော် ရေတပ်စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့သော ရေယာဉ်အမှုထမ်းများ၏ ထွက်ဆိုချက်အရ Graf ၏ အမိန့်ပေးသံအများစုတွင် ဖရုဿဝါစာများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

အထူးသဖြင့် သူ၏ဆက်ဆံရေး ကြမ်းတမ်းရိုင်းပြမှုကြောင့် အမျိုးသမီးအရာရှိများ မခံချိမခံသာ ဖြစ်ရတတ်လေ သည်။ မိမိတို့ဆုံးဖြတ်ရန် ခက်ခဲသော ပြဿနာအခက်အခဲကို သွားရောက်တင်ပြရာတွင် Graf က…“သွား.. သောက်သုံးမကျတဲ့ တာဝန်ခံ.. ငါ့ဆီကိုပြဿနာသယ်မလာနဲ့ ငါ့ကိုခေါင်းရှုပ်အောင် ဒေါသထွက်အောင် လာမလုပ်နဲ့…” ဆိုပြီး ငေါက်ငမ်းပစ်လေ့ရှိကြောင်း အမျိုးသမီး အရာရှိငယ်တစ်ဦးက ပြန်လည်ပြောပြသည်။ “ရေတပ်အမျိုးသမီး စစ်မှုထမ်းတွေထဲမှာ Graf ကတော့ တကယ့်ကို အောချစရာကောင်းတဲ့မိန်းမပဲ၊ ကျမတို့နှစ်ယောက်ကိုများ ပြောလိုက်တာ… ဘာမှသုံးမရတဲ့ဟာတွေ ငါ့မှာ အခွင့်အာဏာရှိရင် နင်တို့နှစ်ယောက်လုံးကို ဖြုတ်ပစ်မယ်.. လို့ကြိမ်းဝါးတယ်…” ဟု နောက်တစ်ဦးက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပြောပြခဲ့သည်။

ဂျပန်အခြေချ စစ်ရေယာဉ်-Cowpens ၌ သူ၏အုပ်ချုပ်ကိုင်တွယ်မှုများနှင့် ပတ်သက်ပြီး ရေယာဉ်အမှုထမ်းသုံးဦး၏ သီးသန့်ထွက်ဆိုချက်များအပေါ် ခုခံချေပရာတွင် Graf က…“မရေရာတဲ့ ဒီစွပ်စွဲချက်တွေကို ရိုးမယ်ဖွဲ့ မနေပါနဲ့.. ကျမကို မကျေနပ်တဲ့အုပ်စုလေးက ကျန်တဲ့သူတွေကို ကျမမကောင်းကြောင်း သွားပုတ်လေလွင့် လျှောက်ပြောနေတာ…” ဟု တုန့်ပြန်ခဲ့သည်။ သို့သော်လည်း စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပေးပို့သော အီးမေးလ် တစ်စောင်၌မူ သူက…“ ကျမ အပြောအဆိုခက်ထန်တယ်ဆိုတာက သူတို့ပြောတဲ့ချိန်မှ မဟုတ်ပါဘူး၊ တခြား အချိန်တွေမှာလည်း ဖိအားပေးပြောတန်ပြောရတာပဲ…” ဟုရေးသားခဲ့သည်။

ပြစ်မှုစုံစမ်းစစ်ဆေးစဉ်ကာလအတွင်း Graf ကို အချုပ်အနှောင် ချထားခြင်းမရှိ။ စစ်ရေယာဉ်-Cowpens ၌ စစ်ရေယာဉ်မှူးတာဝန် ထမ်းဆောင်စဉ် သူ့အနေနှင့် ရေတပ်ဆိုင်ရာ စည်းမျဉ်းဥပဒေများကို ဂုဏ်သိက္ခာမဲ့စွာ ချိုးဖောက်ခြင်း၊ လက်အောက်ငယ်သားများကို အရှက်မဲ့စွာ ပြုမူခြင်း၊ အထင်သေးအမြင်သေး ဆက်ဆံခြင်းများဖြင့် ကျူးလွန်ဖောက်ဖျက်ခဲ့ကြောင်း စုံစမ်းလေ့လာချက်များအရ တွေ့ရှိရသည်။ လိုအပ်တာထက်ပိုပြီး တင်းကျပ်တဲ့နည်းလမ်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးတွေ သူပြောဆိုလုပ်ဆောင်ခဲ့တာက ညွှန်ကြားချက်နှင့် မကိုက်ညီခဲ့ပါ။ သူက အရာရှိများအား အခြားအဆင့်စစ်သည်များရှေ့မှောက်တွင် အပြစ်တင်ဝေဖန်လေ့ရှိရာ ယင်းလုပ်ရပ်က ရေတပ်ထုံးတမ်းစဉ်လာနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်။

Graf ၏ဖြစ်စဉ်ကြောင့် အမေရိကန်ရေတပ်အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ၀ိရောဓိဖြစ်စရာ မေးခွန်းနှစ်ခုကို ရင်ဆိုင် ခဲ့ရသည်။ အလားတူပြစ်မှုမျိုးကို အမျိုးသားစစ်ရေယာဉ်မှူးတစ်ဦးက ကျူးလွန်မိခဲ့သော် ယခုလိုပဲရာထူး ဖယ်ရှားခံရမှာလား။ Graf ၏အုပ်ချုပ်မှုပုံစံက ရေတပ်အစဉ်အလာနှင့်မကိုက်ညီဟုဆိုပါက ယင်းကို လစ်လျူရှု၍ သူ့အား ရေတပ်ပထမတန်းရာထူးထိတိုးမြှင့်ပေးခဲ့သည့် လုပ်ရပ်ကရော အပြစ်မဆိုထိုက်ဘူးလား။

တချို့သောအရာရှိများဟာ သူတပါး၏ခြေထိုးမှုတွေရှိသည့်တိုင် ရာထူးအတက်ကြမ်းကြသည်။ Graf ရာထူး တက်ပုံကိုစောင့်ကြည့်သူတချို့က သူ့မှာအရေးပါသော အမှီတစ်နေရာတော့ရှိရမည်ဟု ယူဆကြသည်။ သုံးသပ်ချက်တွေချင်း ဆက်စပ်မှုရှိနိုင်သော်လည်း ကျိန်းသေအမှန်ဖြစ်မည်ဟု ကောက်ချက်ဆွဲ၍တော့မရနိုင်ပါ။ သူသည် ရေတပ်မျိုးရိုးကဆင်းသက်လာသူဖြစ်သော်လည်း အမှုထမ်းသက်တစ်လျှောက် ကြုံတွေ့လာသမျှသော အတားအဆီးမှန်သမျှကို သူစွမ်းသူစဖြင့်သာ ဖြေရှင်းကျော်လွှားခဲ့သည်။ ပြောရလျှင် အုပ်ချုပ်သူထိပ်ပိုင်း ခေါင်းဆောင်ဆိုသည်မှာလည်း ဖြစ်ပြီးသားကိစ္စတစ်ရပ်အပေါ် နောက်ကြောင်းပြန် အရေးတယူအာရုံစိုက် လေ့မရှိတတ်ကြ။

“ကျမမရှင်းတာက Graf ဟာအမျိုးသမီးတစ်ဦးမို့ ဒီလိုအရေးယူခံရတာလား။ သူ့တာဝန်အရ ယောက်ျား တစ်ယောက်လို လုပ်ခဲ့ရတာပဲ.. ခုတော့ ဒီအတွက်ကိုပဲ အရေးယူခံလိုက်ရပြီ…” ၁၉၉၀ တွင် အမေရိကန် ကယ်ဆယ်ရေး စစ်ရေယာဉ်- Opportune ၌ ပထမဆုံးအမျိုးသမီး စစ်ရေယာဉ်မှူးဖြစ်ခဲ့သူ Darlene Iskra က ဘ၀င်ကျဟန်မတူ။ သို့ရာတွင် Darlene ၏ပြောဆိုချက်က Graf ၏ပုံမှန်ရာထူးတိုးမြှင့်ခံရခြင်း၊ အမျိုးသမီး အရာရှိငယ်များမက်မောလောက်သော စစ်ရေယာဉ်ကြီးနှစ်စီးတွင် စစ်ရေယာဉ်မှူးတာဝန်အပ်နှင်းခံခဲ့ရခြင်း စသည့် လက်တွေ့ဖြစ်စဉ်များနှင့် အချိုးမညီ ဖြစ်နေခဲ့လေသည်။ တကယ်တော့ သူ့အား ထိပ်ပိုင်းရာထူး တိုးမြှင့်ပေးရန် အထက်ကရည်မှန်းထားချိန်တွင် အမှုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ ပေါ်ထွက်လာခြင်းကြောင့် သာ အဆိုပါလျာထားချက်ပျက်ပြယ် သွားခဲ့ရခြင်းဖြစ်သည်။ ပိုပြီးအရေးပါသည့်အချက်က တာဝန်ထမ်းဆောင် ဆဲရော အငြိမ်းစားရေတပ်အရာရှိများအကြားမှာပါ “…Graf အနေဖြင့် အမျိုးသားတစ်ဦးဖြစ်သည့်တိုင် ယခုလိုကံကြမ္မာမျိုးမှ ရှောင်ကွင်းရုန်းထွက် နိုင်မည်မဟုတ်…” ဆိုသည်ကို တစိတ်တ၀မ်းတည်း သဘောတူ လက်ခံထားကြခြင်းဖြစ်လေသည်။

ရေတပ်တာဝန်ရှိသူတွေက Graf ဟာမိန်းမသားဖြစ်သည်ကြောင့် သူ့ကိုရာထူးက စောစောအနားပေးခြင်း မပြုခဲ့ပါဆိုသော်လည်း နောက်ဆုံးတွင် ဤအချက်ကြောင့်ပင်ဖြစ်သည်ဟုဆိုရပါတော့မည်။ အမေရိကန် ရေတပ်အတွင်း၌ အမျိုးသမီးများအပေါ် ထိပါးစော်ကားမှုရှိသည်၊ တန်းတူမဆက်ဆံဟု အပုပ်နဲ့ထွက်ခဲ့သော ၁၉၉၁ Taihook ကွန်ဖရင့်နောက်ပိုင်း အမျိုးသမီးစစ်မှုထမ်းများကို ပင်လယ်ပြင်သို့စေလွှတ်ကာ ယောက်ျား များနှင့်ရင်ဘောင်တန်း တာဝန်ထမ်းဆောင်စေခဲ့သည်။ ဤသို့လုပ်ဆောင်ရာ၌ ရေတပ်ဌာနအနေဖြင့် နိုင်ငံရေး အရ ဖိအားပေးမှုများကို ရင်ဆိုင်ခဲ့ရလေသည်။ သည်လိုနှင့် Graf တစ်ယောက် ပထမဆုံး နှစ်စီးရှင် စစ်ရေယာဉ်မှူးတစ်ဦးဖြစ်လာခဲ့သည်။ Graf အနေဖြင့် အဆိုပါစစ်ရေယာဉ်အမျိုးအစားများကို ဦးစီးပဲ့ကိုင်ရန် ယခုထက်ပို၍အတွေ့အကြုံများရန်လိုသည်ဟု အချို့သောအငြိမ်းစားစစ်ရေယာဉ်မှူးများက ယုံကြည်ကြသည်။ “ကျမတော့ Graf ကို ကိုယ်ချင်းစာမိတယ်။ အမျိုးသမီးတစ်ဦးကို စစ်ဗျူဟာကွင်းမှာ ယောက်ျားတွေနဲ့ပုခုံးချင်း ယှဉ်ပြီးလေ့ကျင့်ပေးရေး၊ တာဝန်ချထားရေး ဆောင်ရွက်ရာမှာ ရေတပ်ဌာနအတွက် အခက်ကြုံရတာတွေ ရှိပါတယ်။ Graf မှာ အဲဒီအတွေ့အကြုံသိပ်မရပါဘူး။ သင်တန်းသားအချို့သာ စမ်းသပ်ချက်တွေကို ကျော်လွှား နိုင်ပေမယ့် အဲဒီအထဲမှာ Graf မပါပါဘူး။ သူဟာ အတော်ချာတဲ့ စစ်ရေယာဉ်မှူး ဖြစ်ခဲ့ပါတယ်…” ဟု စစ်ရေယာဉ် Wilbur Curtis ၌ Graf နှင့်အတူ တာဝန်ထမ်းဆောင်ဖူးသူ Nicole Waybright ကဆိုသည်။

Graf ၏ဖြစ်စဉ်ကြောင့် ရေတပ်လူသစ်စုဆောင်းသူများ အခက်တွေ့ကြရသည်။ Shawn Smith တို့ ဇနီးမောင်နှံနှစ်ဦးလုံး အငြိမ်းစားရေတပ်ဗိုလ်မှူးကြီးများ ဖြစ်သည်။ သူတို့၏ သမီးငယ် Erin Smith သည် Notre Dame တက္ကသိုလ်မှ ရေတပ်ဆိုင်ရာ ROTC ဘာသာရပ်အထူးပြုဖြင့် ဘွဲ့ရပြီးနောက် ၂၀၀၇ ခုနှစ်တွင် ရေတပ်၌ အမှုထမ်းရန် ဆုံးဖြတ်ခြင်းကို လင်မယားနှစ်ယောက်လုံး အားပေးထောပနာ ပြုခဲ့သည်။ Erin Smith ကလည်း မိဘများနည်းတူ ရေတပ်တွင် ထူးချွန်ပေါက်မြောက်မှုရှိစေရန် စိတ်အားထက်သန်သူ။ သည်လိုနှင့် Graf ဦးစီးပဲ့ကိုင်သော စစ်ရေယာဉ် Cowpens သို့ပြောင်းရွှေ့ ရောက်ရှိလာတော့သည်။ သည်မှာပင် Erin ၏ မူလရည်မှန်းချက် ဂငယ်ကွေ့ ကွေ့သွားခဲ့ရတော့သည်။… “စစ်ရေယာဉ်မှူး Graf ရဲ့သင်္ဘောမှာ တာဝန်ထမ်းမှပဲ ကျမသမီးလည်း အလုပ်ထွက်တဲ့အဖြစ်ကို ရောက်တော့တယ်။ သမီးက ကျမတို့လင်မယားကို အားကျပြီး ရေတပ်ထဲကိုဝင်ခဲ့တာ၊ ခုတော့ သူ့ကို တိုက်တွန်းခဲ့မိတာပဲ ကိုယ့်အပြစ်လို ခံစားရတယ်။ ဒီလိုခေါင်းဆောင်မှုမျိုးနဲ့ ကလေးတွေတော့ ဒုက္ခပါပဲ…” Shawn Smith က ဂရုဏာဒေါသောဖြင့် စကားဆိုသည်။

ယခုရေးခဲ့သော ဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းမှုကို Graf က ဖြေဆိုရန် ငြင်းဆန်ခဲ့လေသည်။ ခုချိန်မှာတော့ သူဟာ Dahlgren ရှိ ရေတပ်လက်နက် စမ်းသပ်ရေးအလုပ်ရုံ၌ အကြီးအမှူးတစ်ဦး ဖြစ်နေပြန်ပြီ။ အဲဒီမှာလည်း သူ့အနေဖြင့် ပြဿနာတစ်စုံတစ်ရာမပေါ်မီ နူတ်ထွက်ခွင့်တင်နိုင်လျင် ဂုဏ်သိက္ခာရှိစွာ အငြိမ်းစား ယူနိုင်ပေလိမ့်မည်။ နို့မဟုတ်ပါသော် အလုပ်ခွင်က လွင့်စင်သွားစေမယ့် ကြားနားစစ်ဆေးမှုကို ခံယူရဦးမည့် အခြေအနေ အလားအလာများက သူ့ကို စောင့်ကြိုကမ်းလင့်နေမည်မှာ သေချာသလောက်ပင်။ ။

(အကြောင်းအရာလေးကို စိတ်ဝင်စားလွန်းသဖြင့် မိမိဥာဏ်မီသမျှ ကြိုးစားဘာသာပြန်ကြည့်ခြင်းမျှသာ)

မူရင်း- The Sea Witch (Time, March, 2010)

အားလုံးကိုလေးစားလျက်ပါ

နေမင်းသူ
၁၁ ဇူလိုင် ၂၀၁၁

တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

Beach in the volcano !!!!!!
တောင်ထဲမှ လျှို့ ဝှက်ကမ်းခြေ

မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။ 

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_6735.html

--


မက္ကဆီကိုနိုင်ငံ၊ အနောက်မြောက်ပိုင်း Puerto Vallarata ပြည်နယ်နဲ့ မနီးမဝေးမှာ တည်ရှိနေတဲ့ Marieta ကျွန်းမှာ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ တောင်ဖုံးနေတဲ့ ကမ်းခြေကို မြင်တွေ့ ရပါတယ်။ ယင်း Hidden beach ဟာ မီးတောင်ပေါက်ကွဲမှု ဖြစ် စဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကမ်းခြေဖြစ်တယ်လို့လည်း ဆိုပါတယ်။ Marieta ကျွန်းဟာ လူအရောက်နည်းတာမို့ မက္ကဆီကိုအစိုးရဟာ အရင်တုန်းက စစ်လက်နက်ကြီးများ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ယင်း ကဲ့သို့ ဗုံးဖောက်ခွဲ စမ်းသပ်မှုကြောင့်လည်း ကမ်းခြေမှု မမြင်ဖူးတဲ့ ဖွဲ့စည်းတည်ဆောက်ပုံ များ ပေါ်လာပြီး ထူးခြား လှပနေတတ်ပါတယ်။

ယခုတော့ ယင်းကမ်းခြေကို သဘာဝထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်လိုက်ပါပြီ။ ငါးဖမ်းခွင့်၊ အမဲလိုက်ခွင့် လုံးဝ မရှိပဲ ကမ္ဘာလှည့်ခရီး သည်များကိုတောင် အကန့်အသတ်နဲ့ သာ ပေးလည်ပတ် တဲ့ နေရာ ဖြစ် ပါတယ်။ သန္တာကျောက်တန်းများ၊ ရေသတ္တဝါမျိုးစိတ် ၁၀၀ ကျော် အပြင် လှပတဲ့ ပတ်ဝန်းကျင်ကြောင့် Marieta ကျွန်းဟာ အင်မတန်လှပတဲ့ ကျွန်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အပေါ်မှာ သစ်တောနဲ့တောင် ဖုံးနေပြီး အထဲမှာကျတော့ ပင်လယ်ရေနဲ့ ဆက်စပ်နေတဲ့ ကမ်းခြေလေး တစ်ခု လည်း တည်ရှိနေပါတယ်။

ယင်း ကမ်းခြေကို The Hidden Beach in the Marieta Islands လို့ လူသိများပြီး လစဉ် ကမ္ဘာလှည့်ခရီးသည်ပေါင်း မြောက်များစွာ လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_6735.html

Saturday, January 12, 2013

ကချင်စစ်ပွဲမှာ ရရှိသော ယခုနှင် အနာဂတ် အကျိုးအမြတ်များ

Wai Hlaing shared Opposite Eye's photo.
ကချင်စစ်ပွဲမှာ ရရှိသော ယခုနှင် အနာဂတ် အကျိုးအမြတ်များ
===================================

ပြည်သူများအတွက်
---------------------
၁။ ကေအိုင်အေမှ လက်နက်ချ (သို့မဟုတ်) ငြိမ်းချမ်းရေး ဆွေးနွေးသည် ဖြစ်စေ၊ မဆွေးနွေးသည် ဖြစ်စေ မိုင်းတစ်ခါခွဲ၊ လူသစ် တစ်ယောက်စု၊ ဆက်ကြေးတစ်ခါကောက် လိုင်ဇာသို့ အမြောက်တစ်ချက် ပစ်နိုင်သည့် အနေအထားမို့ ကချင်ပြည်နယ် အတွင်းရှိ ပြည်သူများ ကောင်းမွန်စွာ သွားလာ နေထိုင် နိုင်ကြတော့မည်။

၂။ ကချင်လူမျိုး ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးများကို အေးချမ်း တည်ငြိမ်စွာဖြင့် ဆောင်ရွက်နိုင်မည်။

၃။ ကချင်ပြည်နယ် နေရာအနှံ့အပြားမှ ပြည်သူများ မြန်မာနိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာ လည်ပတ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများလည်း ကချင်ပြည်နယ် အနှံ့သွားလာနိုင်တော့မည် ဖြစ်သည်။

၎။ ဒုက္ခသည် ဖြစ်ခဲ့ရသည့် ကချင်တိုင်းရင်းသားများကို အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အလှူရှင်များ ပူးပေါင်း ကူညီမှုများဖြင့် ပြန်လည် နေရာချထားပေးသည့်အခါ နာဂစ်ဖြစ်ပြီးနောက် သိပ်မိုး၊ပျဉ်ကာ၊ ယင်လုံ အိမ်သာ ပါသည့် အိမ်များဖြစ်လာသကဲ့သို့ တောတောင်များကြားတွင် လူမှုဘ၀ ပြည့်စုံစွာ နေရမည်။

၅။ကေအိုင်အေမှ တပ်သားသစ် အဖြစ် စုဆောင်းခြင်း မရှိနိုင်တော့သည့်အတွက် ကျန်းမာ ငယ်ရွယ်သည့် လူငယ်များ ပြည်နယ်ကောင်းကျိုးကို ဆောင်ရွက်ရင်းဖြင့် မိသားစုနှင့် ပျော်ရွှင်နိုင်တော့မည်။

တပ်မတော်အတွက်
---------------------
၁။ အကျအဆုံးများ ရှိခဲ့သော်လည်း စိတ်ဓာတ်ခိုင်မာမှုနှင့် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသက်စွန့် အမိန့် နာခံတတ်မှု သမိုင်းကောင်း အဖြစ် ရေးထိုးနိုင်ခဲ့သည်။

၂။ အမြောက်၊ လေကြောင်း၊ ခြေလျင် ပူးပေါင်း စစ်ဆင်မှု သင်ခန်းစာ ရရှိသည်။

၃။ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက်၊ တပ်မ အလိုက် စစ်ဆင်ရေးသုံး လက်နက်များ၏ စွမ်းပကားကို တောင်ပေါ် မြေပြန့် တိကျမှု တွက်ဆနိုင်သည့် သင်ခန်းစာ ရရှိခဲ့သည်။

၎။ အမြောက် တပ်ဖွဲ့များ အနေဖြင့် နိုင်ငံတကာမှ လေ့ကျင့်ရင်း ဖျက်ဆီးရန် ပေးပို့ထားသည့် ခဲယမ်းများအား အသုံးချခဲ့သည့်အတွက် လုပ်ငန်း တစ်ခု ပြီးမြောက်ခဲ့သည်။ သက်တမ်းလွန်နှင့် သက်တမ်းလွန်ခါနီးများကို ထုတ်ပစ်လိုက်သဖြင့် ထိန်းသိမ်းထားရသည့် ဒုက္ခ လွတ်ကင်းပြီး ထိုနေရာများတွင် ကာကွယ်ရေး ပစ္စည်း စက်ရုံမှ ထုတ်သည့် ခဲယမ်း အသစ်များအတွက် နေရာ ရရှိသွားပြီ ဖြစ်သည်။

၅။ နိုင်ငံတကာတွင် လေ့ကျင့်ရေးအတွက် ခဲယမ်းများ ဗုံးပေါလအော ပစ်ခတ် လေ့ကျင့်ချိန်တွင် တိုင်းရင်း သားနှင့် တပ်မတော်အကြား မလိုအပ်ဘဲ သံသယ မဖြစ်စေရန် မပစ်ခတ်ခဲ့သဖြင့် မှိုတက်ကျည်၊ သက်တမ်းလွန် ကျည်၊ သက်တမ်းကုန်ခါနီး ကျည်များ အလိုအလျောက် ဖျက်ဆီးပြီး ဖြစ်သည်။

၆။ အမောင်းသင် လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပျံသန်းလေ့ကျင့်မှု ပြုလုပ်လျှင် နိုင်ငံ ဘဏ္ဍာ ကုန်သဖြင့် မပျံသန်းဘဲ ထိန်းသိမ်းထားရခြင်းမှ လက်တွေ့ပျံသန်းရသဖြင့် လေတပ်၏ လေယာဉ်များအား ပြန်လည် စမ်းသပ်ပြီး ဖြစ်ခဲ့သည်။ လေယာဉ် နှင့် လက်နက် တွဲဖက် အသုံးပြု ပစ်ခတ်ခြင်းကို အလိုအလျောက် စမ်းသပ်ပြီး ဖြစ်ခဲ့သည်။

၇။ လက်နက်ကြီး ပစ်ခတ်စဉ်များအတွင် ရူးကြောင်ကြောင် ကေအိုင်အေတို့၏ ပစ်ခတ်မှု ပုံစံများကြောင့် တပ်မတော် သင်တန်းများတွင် အမှားသရုပ်ပြများအတွက် ဓာတ်ပုံအသစ်များ ရရှိခြင်း

အထွေထွေ အကျိုးကျေးဇူးများ
------------------------------
၁။ အနောက်နိုင်ငံများ အီရတ်၊ အာဖဂန်တို့တွင် အလဟသ တိုင်းပြည်မှ ပေးသည့် ငွေများအား ကျည်ဆံလုပ်၍ ဖြုန်းတီးခဲ့သည်၏ ၁၀၀၀၀၀ ပုံ ၁ ပုံ မရှိသည့် ကုန်ကျစရိတ်ဖြင့် နိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု အား ထိန်းချုပ်နိုင်ခဲ့ခြင်း။

၂။ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် တောင်အာရှိ နိုင်ငံတို့၏ တပ်ဖွဲ့များ စစ်ရေး လေ့ကျင့်သည့်အခါ  ကုန်ကျငွေ၏ ၁၀၀၀ ပုံ ၁ ပုံ မရှိသော ငွေကြေးဖြင့် လက်တွေ့ တိုက်ပွဲအား ဆင်နွှဲနိုင်ခဲ့ခြင်း။

၃။ သီရိလင်္ကာမှ တမီးလ်ကျား သူပုန်ကို နှိမ်နှင်းချိန်တွင် ကမ္ဘာအနှံ့မှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ တပ်မတော်အနေဖြင့် ကချင်စစ်ပွဲအတွင်း အမေရိကန်နှင့် ကာကွယ်ရေး နည်းပညာ ဖလှယ်ရေး၊ ဂျပန်နှင့် စစ်ရေးမပါ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး၊ အခြားနိုင်ငံများနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု များ သဘောတူမှုများ ရရှိခဲ့သည်။

၎။ ကချင်စစ်ပွဲ အတွင်း နိုင်ငံ၏ သမ္မတကြီးသည်လည်း အနောက်နိုင်ငံများအကြား ကောင်းသတင်းဖြင့် ထင်ရှား သော ပုဂ္ဂိုလ်ကြီး အဖြစ် နိုဘယ်ဆု ရလုနီးပါး စာရင်းဝင်ခဲ့သလို မြန်မာနိုင်ငံသို့လည်း ခရီးသွားဝင်ရောက်မှုများ မြင့်တက်ခဲ့ သည်။ ရန်ကုန်တွင် နှစ်သစ် ကြိုဆိုပွဲ ခမ်းခမ်းနားနား ပြုလုပ်နိုင်ခဲ့သည်။ 

၅။ လိုင်ဇာကို ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဂျပန်တွင် ဆွေးနွေးချင်သည့်  သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ထိုင်းနိုင်ငံတွင် ဆွေးနွေးလိုသည်ဟု နေရာ ရွေးချယ်မှု ပိုမိုနီးကပ်လာသည်။ 

မှတ်ချက်။
ကုန်ကျစရိတ် အများဆုံး ဖြစ်တယ်၊ ဓာတုလက်နက် အသေးစား သုံးပါတယ် ဆိုတဲ့ တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇော ဗဟုသုတ ရစေရန်အတွက် Opposite Eye က စစ်ကားများ ၃ ည ဆက်တိုက်ကြည့်ပြီး အကဲခတ်ပေးလိုက်သည်။

==============================
=====

ပြည်သူများအတွက်
---------------------
၁။ ကေအိုင်အေမှ လက်နက်ချ (သို့မဟုတ်) ငြိမ်းချမ်းရေး ဆွေးနွေးသည် ဖြစ်စေ၊ မဆွေးနွေးသည် ဖြစ်စေ မိုင်းတစ်ခါခွဲ၊ လူသစ် တစ်ယောက်စု၊ ဆက်ကြေးတစ်ခါကောက် လိုင်ဇာသို့ အမြောက်တစ်ချက် ပစ်နိုင်သည့် အနေအထားမို့ ကချင်ပြည်နယ် အတွင်းရှိ ပြည်သူများ ကောင်းမွန်စွာ သွားလာ နေထိုင် နိုင်ကြတော့မည်။

၂။ ကချင်လူမျိုး ကချင်ပြည်နယ် ၀န်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးများကို အေးချမ်း တည်ငြိမ်စွာဖြင့် ဆောင်ရွက်နိုင်မည်။

၃။ ကချင်ပြည်နယ် နေရာအနှံ့အပြားမှ ပြည်သူများ မြန်မာနိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာ လည်ပတ်နိုင်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများလည်း ကချင်ပြည်နယ် အနှံ့သွားလာနိုင်တော့မည် ဖြစ်သည်။

၎။ ဒုက္ခသည် ဖြစ်ခဲ့ရသည့် ကချင်တိုင်းရင်းသားများကို အစိုးရ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ အလှူရှင်များ ပူးပေါင်း ကူညီမှုများဖြင့် ပြန်လည် နေရာချထားပေးသည့်အခါ နာဂစ်ဖြစ်ပြီးနောက် သိပ်မိုး၊ပျဉ်ကာ၊ ယင်လုံ အိမ်သာ ပါသည့် အိမ်များဖြစ်လာသကဲ့သို့ တောတောင်များကြားတွင် လူမှုဘ၀ ပြည့်စုံစွာ နေရမည်။

၅။ကေအိုင်အေမှ တပ်သားသစ် အဖြစ် စုဆောင်းခြင်း မရှိနိုင်တော့သည့်အတွက် ကျန်းမာ ငယ်ရွယ်သည့် လူငယ်များ ပြည်နယ်ကောင်းကျိုးကို ဆောင်ရွက်ရင်းဖြင့် မိသားစုနှင့် ပျော်ရွှင်နိုင်တော့မည်။

တပ်မတော်အတွက်
---------------------
၁။ အကျအဆုံးများ ရှိခဲ့သော်လည်း စိတ်ဓာတ်ခိုင်မာမှုနှင့် တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသက်စွန့် အမိန့် နာခံတတ်မှု သမိုင်းကောင်း အဖြစ် ရေးထိုးနိုင်ခဲ့သည်။

၂။ အမြောက်၊ လေကြောင်း၊ ခြေလျင် ပူးပေါင်း စစ်ဆင်မှု သင်ခန်းစာ ရရှိသည်။

၃။ တပ်ခွဲအလိုက်၊ တပ်ရင်းအလိုက်၊ တပ်မ အလိုက် စစ်ဆင်ရေးသုံး လက်နက်များ၏ စွမ်းပကားကို တောင်ပေါ် မြေပြန့် တိကျမှု တွက်ဆနိုင်သည့် သင်ခန်းစာ ရရှိခဲ့သည်။

၎။ အမြောက် တပ်ဖွဲ့များ အနေဖြင့် နိုင်ငံတကာမှ လေ့ကျင့်ရင်း ဖျက်ဆီးရန် ပေးပို့ထားသည့် ခဲယမ်းများအား အသုံးချခဲ့သည့်အတွက် လုပ်ငန်း တစ်ခု ပြီးမြောက်ခဲ့သည်။ သက်တမ်းလွန်နှင့် သက်တမ်းလွန်ခါနီးများကို ထုတ်ပစ်လိုက်သဖြင့် ထိန်းသိမ်းထားရသည့် ဒုက္ခ လွတ်ကင်းပြီး ထိုနေရာများတွင် ကာကွယ်ရေး ပစ္စည်း စက်ရုံမှ ထုတ်သည့် ခဲယမ်း အသစ်များအတွက် နေရာ ရရှိသွားပြီ ဖြစ်သည်။

၅။ နိုင်ငံတကာတွင် လေ့ကျင့်ရေးအတွက် ခဲယမ်းများ ဗုံးပေါလအော ပစ်ခတ် လေ့ကျင့်ချိန်တွင် တိုင်းရင်း သားနှင့် တပ်မတော်အကြား မလိုအပ်ဘဲ သံသယ မဖြစ်စေရန် မပစ်ခတ်ခဲ့သဖြင့် မှိုတက်ကျည်၊ သက်တမ်းလွန် ကျည်၊ သက်တမ်းကုန်ခါနီး ကျည်များ အလိုအလျောက် ဖျက်ဆီးပြီး ဖြစ်သည်။

၆။ အမောင်းသင် လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပျံသန်းလေ့ကျင့်မှု ပြုလုပ်လျှင် နိုင်ငံ ဘဏ္ဍာ ကုန်သဖြင့် မပျံသန်းဘဲ ထိန်းသိမ်းထားရခြင်းမှ လက်တွေ့ပျံသန်းရသဖြင့် လေတပ်၏ လေယာဉ်များအား ပြန်လည် စမ်းသပ်ပြီး ဖြစ်ခဲ့သည်။ လေယာဉ် နှင့် လက်နက် တွဲဖက် အသုံးပြု ပစ်ခတ်ခြင်းကို အလိုအလျောက် စမ်းသပ်ပြီး ဖြစ်ခဲ့သည်။

၇။ လက်နက်ကြီး ပစ်ခတ်စဉ်များအတွင် ရူးကြောင်ကြောင် ကေအိုင်အေတို့၏ ပစ်ခတ်မှု ပုံစံများကြောင့် တပ်မတော် သင်တန်းများတွင် အမှားသရုပ်ပြများအတွက် ဓာတ်ပုံအသစ်များ ရရှိခြင်း

အထွေထွေ အကျိုးကျေးဇူးများ
------------------------------
၁။ အနောက်နိုင်ငံများ အီရတ်၊ အာဖဂန်တို့တွင် အလဟသ တိုင်းပြည်မှ ပေးသည့် ငွေများအား ကျည်ဆံလုပ်၍ ဖြုန်းတီးခဲ့သည်၏ ၁၀၀၀၀၀ ပုံ ၁ ပုံ မရှိသည့် ကုန်ကျစရိတ်ဖြင့် နိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု အား ထိန်းချုပ်နိုင်ခဲ့ခြင်း။

၂။ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် တောင်အာရှိ နိုင်ငံတို့၏ တပ်ဖွဲ့များ စစ်ရေး လေ့ကျင့်သည့်အခါ ကုန်ကျငွေ၏ ၁၀၀၀ ပုံ ၁ ပုံ မရှိသော ငွေကြေးဖြင့် လက်တွေ့ တိုက်ပွဲအား ဆင်နွှဲနိုင်ခဲ့ခြင်း။

၃။ သီရိလင်္ကာမှ တမီးလ်ကျား သူပုန်ကို နှိမ်နှင်းချိန်တွင် ကမ္ဘာအနှံ့မှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့ တပ်မတော်အနေဖြင့် ကချင်စစ်ပွဲအတွင်း အမေရိကန်နှင့် ကာကွယ်ရေး နည်းပညာ ဖလှယ်ရေး၊ ဂျပန်နှင့် စစ်ရေးမပါ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး၊ အခြားနိုင်ငံများနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု များ သဘောတူမှုများ ရရှိခဲ့သည်။

၎။ ကချင်စစ်ပွဲ အတွင်း နိုင်ငံ၏ သမ္မတကြီးသည်လည်း အနောက်နိုင်ငံများအကြား ကောင်းသတင်းဖြင့် ထင်ရှား သော ပုဂ္ဂိုလ်ကြီး အဖြစ် နိုဘယ်ဆု ရလုနီးပါး စာရင်းဝင်ခဲ့သလို မြန်မာနိုင်ငံသို့လည်း ခရီးသွားဝင်ရောက်မှုများ မြင့်တက်ခဲ့ သည်။ ရန်ကုန်တွင် နှစ်သစ် ကြိုဆိုပွဲ ခမ်းခမ်းနားနား ပြုလုပ်နိုင်ခဲ့သည်။

၅။ လိုင်ဇာကို ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဂျပန်တွင် ဆွေးနွေးချင်သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ထိုင်းနိုင်ငံတွင် ဆွေးနွေးလိုသည်ဟု နေရာ ရွေးချယ်မှု ပိုမိုနီးကပ်လာသည်။

မှတ်ချက်။
ကုန်ကျစရိတ် အများဆုံး ဖြစ်တယ်၊ ဓာတုလက်နက် အသေးစား သုံးပါတယ် ဆိုတဲ့ တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇော ဗဟုသုတ ရစေရန်အတွက် Opposite Eye က စစ်ကားများ ၃ ည ဆက်တိုက်ကြည့်ပြီး အကဲခတ်ပေးလိုက်သည်။