Friday, September 28, 2012
Mobile ကွန်ယက်နည်းပညာ (မြန်မာလို)
မင်္ဂလာပါခင်ဗျာ... သန်းထိုက်(ရွှေအရိပ်) ရေးသားပြုစုထားတဲ့ Mobile ကွန်ယက်နည်းပညာ စာအုပ်ကလေးကို မျှဝေပေးလိုက်ပါတယ်... Mobile ကွန်ယက်နည်းပညာ စာအုပ်တွင် အခန်း (၆) ခန်းပါဝင်ပြီး ၄င်းကောင်းတို့မှာ အခန်း(၁)
စတင်လေ့လာ Mobile နည်းပညာ အခန်း(၂) Mobile ချိတ်ဆက်ခြင်းနည်းပညာ အခန်း(၃)
CDMA 800 နှင့်အသုံးချနည်းပညာ အခန်း(၄) GSM/ WCDMA နှင့်အသုံးချနည်းပညာ
အခန်း(၅) Internet ဆိုင်ရာအသုံးချနည်းပညာ အခန်း(၆) Mobile တို့၏ လျှို့ဝှက်
Key များ စသည်တို့ပါဝင်ပါတယ်.... ဒီစာအုပ်ကလေးကို ကျွန်တော့်မိတ်ဆွေ အမျိုးကောင်းသား မှာတင်ထားတာတွေ့လို့ ယူလာတာပါ... လေ့လာလိုတဲ့ သူငယ်ချင်းများအတွက် Mediafire မှတင်ပေးထားပါတယ် ယူသွားလိုက်ပါခင်ဗျာ....
Mobile ကွန်ယက်နည်းပညာ
Mdiafire
ဒီ Post လေးက သူငယ်ချင်းတို့အတွက် အဆင်ပြေတယ်ဆိုရင် FB Like လုပ်ပေးကြပါခင်ဗျာ...
Like လုပ်ပေးခြင်းဖြင့် မိမိရဲ့ FB ပေါ်မှာ Post လေးရောက်သွားမှာပါ....
ကျေးဇူးတင်ပါတယ်....
သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော
သမ္မတဦးသိန်းစိန်ရဲ့ ကုလအထွေထွေညီလာခံ မိန့်ခွန်း ပြုပြင်ပြောင်းလဲရေး အလေးပေးပြော
![]() |
| သမ္မတဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ် |
သမ္မတ ဦးသိန်းစိန်ရဲ့ အခု ပြောသွားတဲ့ မိန့်ခွန်းမှာ အားလုံးစောင့်မျှော် ယူဆထားတဲ့ အတိုင်းပါပဲ လက်ရှိ မြန်မာအစိုးရ အနေနဲ့ ဆောင်ရွက်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အဓိကဇောင်းပေးပြီး ပြောသွားတာပါ။ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေမှာ စိန်ခေါ်ချက်တွေရှိပြီး။ အောင်မြင်မှုတွေဟာ အခက်အခဲတွေကြားကရရှိခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အစီအစဉ်တွေကို နောက်မဆုတ်ပဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီး သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ဂတိပေး ပြောဆိုခဲ့ပါတယ်။
“အခုချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့သြသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။ ကျနော်အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းဆောင်နေရခြင်းကို များစွာ ဂုဏ်ယူမိပါတယ်။
ကျနော်တို့အစိုးရသစ်အနေနဲ့ လွန်ခဲ့သော တနှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့ချိန်ကစပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိက အားဖြင့် ပြည်သူများနှင့်အတူ တက်ညီ လက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။
ယခင်က အာဏာသုံးရပ်ကို တပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီနည်းလမ်းကျပြီး အပြန်အလှန်ထိန်းကျောင်းမှုစနစ်တွေ ပါတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ်၊ အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။”
အခုလက်ရှိလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ မတူကွဲပြားတဲ့ အုပ်စုတွေ အားလုံး နိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်လာနိုင်ဖို့ အစိုးရအနေနဲ့ စိတ်ရှည် သည်းခံပြီးဆောင်ရွက်ခဲ့တယ် လို့ ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း လွှတ်တော်ကိုယ်စားလှယ် တဦးသာမက တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော်မတီရဲ့ ဥက္ကဌတဦးအနေနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဆောင်ရွက်နေပြီဆိုပြီ့း အမည်ထည့်သွင်းပြီးတော့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။
“အရင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
ဒီရက်သတ္တပတ်အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့ မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စု မှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။
ဒီလိုမြှင့်တင်နိုင် မှုကြောင့် နိုင်ငံရေးတည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့ လူနေမှုဘဝမြှင့်တင်ရေးအတွက် အထူး လိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။”
အခုအထွေထွေညီလာခံမှာပြောတဲ့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို သာမကပါဘူး။ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ တချိန်က ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်ရဲ့ စွမ်းဆောင်ရည် ကိုလည်း သမ္မတရဲ့ မိန့်ခွန်းထဲမှာ ချီးကျူးပြီးတော့ ပြောဆိုသွားပါတယ်။
နောက် တိုင်းရင်းသားတွေ နဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြိုးပမ်းမှုတွေ ကိစ္စကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။
လက်ရှိ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး ပြောလို့ရှိရင် ဒီလပိုင်း ဒီရက်ပိုင်းအတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုခံရတာကတော့ ရခိုင်ပြည်နယ်အတွင်းက လူမျိုးရေး၊ ဘာသာရေးကိစ္စရပ်တွေဖြစ်ပါတယ်။ ဒီပြသနာရပ်တွေနဲ့ ပတ်သက်လို့လည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ ဒါကို အချိန်ယူပြီး ဖြေရှင်းရမယ်လို့ ဦးသိန်းစိန်က ဆိုပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမခွဲပဲ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ လုံလုံခြုံခြုံနေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ဘက်လိုက်မှုကင်းမှု၊ အာမခံချက်ပေးထားတဲ့ လွတ်လပ်တဲ့အမျိုးသားအဆင့်၊ စုံစမ်းရေးကော်မရှင်တရပ်ကို ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒို၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီးဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း ဒီကော်မတီအနေနဲ့ ကျနော်ဆီကို တင်ပြလာမှာဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့အနေနဲ့ အလေးထား ဆောင်ရွက် နေကြောင်း သိရှိ ကြစေ ရန် အစ္စလာမ်ပူးပေါင်းရေး၊ ဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ် အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံတကာ သံတမန်များ စတဲ့ ကိုယ်စားလှယ် အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း သူတို့အနေနဲ့ အသိုင်းအဝိုင်းနှစ်ခုစလုံးကို ခွဲခြားမှုမရှိပဲ အကူအညီပေးမယ်ဆိုလို့ရှိရင် ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။”
အရင်တုန်းက မြန်မာစစ်အစိုးရဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိုင်ငံရေး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံ ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အတော်လေး မပြေမပြစ်ရှိခဲ့ပါတယ်။ အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ ဒီနှစ်ပိုင်းအတွင်းမှာပဲ ထူးထူးခြားခြားတိုးတက်လာတယ်လို့ ဆိုရမှာပါ။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားလိုတယ်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။
“ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာ ကျနော်ကောင်းစွာ သတိပြုမိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာအသိုင်းအဝိုင်းတရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံမှုနဲ့ အကူအညီများပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။
ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တခုကို ဝိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပအကူအညီများကို သပ်သပ် မှီခိုရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံတနိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်။”
မြန်မာသမ္မတဦးသိန်းစိန် အခုလို မိန့်ခွန်းပြောဆိုတာဟာ နှစ် ၅၀အတွင်း မြန်မာနိုင်ငံ ခေါင်းဆောင် တဦးအနေနဲ့ ပထမဆုံးအကြိမ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုမှုလည်းဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ သမ္မတဦးသိန်းစိန်ရဲ့ အခု မိန့်ခွန်းကို ချုပ်ကြည့်လို့ ရှိရင် နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးလိုမှု၊ နောက် ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေကို အဓိက ထားပြီးတော့ ပြောဆိုသွားတာလို့ ပြောရမှာပါ။
ကိုသားညွန့်ဦး (ဗွီအိုအေ မြန်မာဌာန)
လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည် *
Inbox
x
Inbox
9:59 AM (20 hours ago)
![]() | ![]() ![]() | |||
| ||||

Images are not displayed. Display images below - Always display images from winchitlay@gmail.com
လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်
ရန်ကုန်၊ စက်တင်ဘာ ၂၆။
မြန်မာတနိုင်ငံလုံးရှိ
ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခု
ဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင် ရွက်သွားရန်
စီစဉ်မူများပြုလုပ်ဆောင်ရွက်နြေ ပီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In
Myanmar Network အမည်ဖြင့်စတင်ဆောင်ရွက်နေသူ မနှင်းနှင်းယုကပြောကြားသည်။
ယခုလက်တလောတွင်
ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့မှ ကွန်ယက်သို့လာရောက်
ချိတ်ဆက်ဆောင်ရွက်သည့် Sex Workersဦးရေ ၈၀၀ နီးပါးမှ ရရှိပြီဖြစ်ကြောင်း၊
၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ
လျှို့ဝှက်ထိမ်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
"သူတို့က
တရားမဝင်လုပ်ကိုင်နေရလို့ ဖိနိပ်မူအမျိုးမျိုး ကြုံတွေ့နေရတဲ့
လူတန်းစားတရပ်လိုဖြစ်နေပြီ"ဟု ကိုယ်တိုင် Sex Workerအဖြစ် အသက်
မွေးဝမ်းကြောင်း ပြုခဲ့ရဘူးသူ ၎င်းက ဆိုသည်။
ပြည့်တန်ဆာအလုပ်ဖြင့်
အသက်မွေးမှု ပြုလုပ်သူများအနေနှင့် ရဲတပ်ဖွဲ့၏ မတရားငွေညှစ်
ခြိမ်းခြောက်မူများ၊ မတရားမဝင်မှုအပေါ် မူတည်၍ ပြည့်တန်ဆာပွဲစားများ၏
ခေါင်းပုံဖျက်နှိပ်စက်မူများ၊ ထောင်တွင်းခွဲခြား ဆက်ဆံခံရမူများနှင့်
ပြည့်တန်ဆာ အလုပ်အကိုင် အဆင့်အတန်းနှင့် HIV ပိုးကူး ဆက်ခံရမှုအရ
အချင်းချင်းခွဲခြား ဆက်ဆံခံရမှုများ အများဆုံး ကြုံတွေ့နေရကြောင်း
ထောင်ကျခံရဘူးသူ ၎င်းက ဆက်လက်ရှင်းပြသည်။
"အရင်လတုန်းက
ကျွန်မကို ကြည့်မြင်တိုင်မှာ ရဲကဖမ်းတယ်၊၆သောင်းနဲ့ အမူမဖွင့်ဖို့
ပေးခဲ့ရတယ်။ သူများဆီက ဆွဲပြိးတော့လေ၊ အခု အဲဒီငွေကို ပြန်ရှာနေတာ၊
အဲဒီနယ်ကိုလည်း တစ်လမလာပါဘူးလို့ ခံဝန်ထိုးခဲ့ရတယ် "ဟု Sex Worker In
Myanmar Network အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက
ဆိုသည်။
"သမီးရဲ့ဆက်ရှင်ကြေး
၁၅ရက်ရှိပြီ မရသေးဘူး၊ သမီးလဲ မတောင်းရဲဘူးလေ၊ မနေ့ကတင် အမတစ်ယောက်က
သူတို့ကို ပြန်ပြောလို့ ရိုက်ထား တာ အရှိုးရာတွေကြီးပဲ၊ မထနိုင်လို့
ဆက်ရှင်တောင် နားထားရတယ်။ "ဟု ဘုရင့်နောင်ကားကြီးဝင်းအတွင်းရှိ
မာဆက်အမည်နှင့် ပြည့်တန်ဆာ လုပ်ငန်း တစ်ခုမှ အသက် ၁၆နှစ်အရွယ်
မိန်းကလေတစ်ဦးက ပြောကြားသည်။
Sex
Worker In Myanmar Network အနေနှင့် ပြည့်တန်ဆာအလုပ်ဖြင့်
အသက်မွေးမူပြုလုပ်သူများကို ကျန်းမာရေးအသိ ဖြန့်ဖြူးခြင်း၊
မတရားဖိနှိပ်မူများဖော်ထုတ်ကာ တရားစွဲဆိုဆောင်ရွက်ခြင်း၊ HIV
ပိုးကူးဆက်ခံရသူ Sex Workerများကို ART ဆေး အခမဲ့ဖြန့်ဖြူးခြင်းများနှင့်
ဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကွန်ယက်
ဥက္ကဋ္ဌလည်းဖြစ်သူ မနှင်းနှင်းယုက ပြောကြားသည်။
အဆိုပါ Sex Worker In Myanmar Network၏ ရန်ပုံငွေအတွက် ပြည်ပအခြေစိုက် NGO တစ်ခုက ကူညီထောက်ပံမှုများ ပြုလုပ် ပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင်
Sex Worker ငါးဦးလျှင် တစ်ဦးနှုန်း HIV ကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင်
ARTဆေးရယူနေရသည့် Sex Worker ၆၀,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက
ဖော်ပြခဲ့သည်။
SWEET
ကေအိုင်အေ ကောက်ကြောင်းကို အတွင်းသိ တစ်ဦးဖောက်ချလိုက်ပြီ *
Inbox
x
Inbox
|
12:42 PM (16 hours ago)
![]() | ![]() ![]() | ||
| ||||

Images are not displayed. Display images below - Always display images from tinygugu@gmail.com
ကချင်ပြည်နယ်မှာ KIA ကြောင့်ဖြစ်နေတဲ့ လက်ရှိဒုက္ခတွေကို တစ်ကယ်တမ်း နဖူးတွေ့ဒူးတွေ့ ခံစားနေရသူ တစ်ဦးအတွက် လုံးဝသည်းမခံနိုင်တော့လို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါက ကျွန်တော့လို ခံစားနေ ရသူတွေအားလုံးနဲ့ ကချင်လူထုအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ KIA ဆိုလို့ ကချင်တိုင်းရင်းသားတွေနဲ့ ယှဉ်တွဲမမြင်မိဖို့ ကြိုပြောချင်ပါတယ်။ KIA ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ကချင်လူထုရဲ့ ကိုယ်စားပြု အဖွဲ့မဟုတ်ပါဘူး။ ရောထွေးပြီးမြင်ရင် ကချင်လူမျိုးတွေဟာ KIA လို ရက်စက်တတ်သူတွေပဲ လို့အထင် ခံရမှာ ကျွန်တော်အဖြစ်မခံနိုင်ပါဘူး။
*KIA ဆိုတာ စစ်သွေးကြွအဖွဲ့တစ်ခု*ပဲလို့ ခင်ဗျားတို့ နားလည်လိုက်ပါ။
ရှင်းရှင်းပြောရရင် KIA ဆိုတာ လိုင်ဇာမှာနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မျှသြာ
*ငြိမ်းချမ်းရေးလုပ်ထားတဲ့ကာလ* ...
ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေ ရာတွေ၊ လူနေမှု အဆင့်အတန်းနိမ့်ပါးတဲ့နေရာတွေ အများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ကချင်လူမျိုးတွေအပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ပေးခဲ့သင့်ပါတယ်။ KIA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက ဆက်ကြေးကောက်ပြီး တရုတ်ဘက်မှာ ဟိုတယ်ဆောက်ဖို့ပဲသိကြတယ်။ ဖားကန့်ကကျောက်တွင်းတွေကို ချယ်လှယ်ပြီး တန်ဖိုးကြီး ကျောက်တွေ ထုတ်ယူကြတယ်။ သစ်တွေခိုးရောင်းခဲ့ကြတယ်။ သုံးမကုန်တဲ့ငွေတွေနဲ့ ဆွေစဉ်မျိုးဆက်အတွက် စုဆောင်းနေခဲ့ကြတယ်။ ဘယ်မှာလဲ KIA ဆောက်ပေးတဲ့တံတား။ ဘယ်မှာလဲ KIA ဖောက်ပေးတဲ့လမ်း။ ဘယ်မှာလဲ ကချင်တိုင်းရင်းသားတွေအတွက်။ ရတဲ့ပိုက်ဆံကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက အိတ်ထဲပဲထည့်နေခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်နဲ့ KIA ကို သီးခြားစီမြင်တတ်ဖို့ ကျွန်တော်ပြောတာဖြစ်ပါတယ်။
*KIA အခုဘာတွေလုပ်နေလဲ ...*
အခုလုပ်နေတာက လူသစ်စုတယ်၊ ဖမ်းတယ်၊ သတ် တယ်၊ ငွေတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ဗုံးခွဲတယ်၊ မိုင်းထောင်တယ်၊ ကချင်ပြည်နယ် ကို စေ့စေ့ညက်ညက် ကြေအောင်လုပ်နေတယ်။ တံတားတွေလည်းကုန်ပြီ၊ အဆောက်အဦတွေလဲပြောင်ပြီ။ လမ်းတွေလဲ အပိုင်းပိုင်း ဖြစ်ကုန်ပြီ။ ကချင်လူထုအတွက် ငါတို့ KIA က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတာပါဆိုရင် အရူးနဲ့ကလေးတောင် မယုံဘူး။ KIA ကောင်းစားဖို့ KIA လုပ်နေတယ်။ KIO အာဏာရှိဖို့ KIO လုပ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကချင်တွေ မြေစာပင်ဖြစ်နေရတယ်။
အသက် ၆၀ ကျော်နေတဲ့ကျွန်တော့လိုလူကို KIA ထဲဝင်ဖို့ ဖမ်းသွားတယ်။ ကျွန်တော်မွေးရင် ကျွန်တော့သားအရွယ်တွေက “*အဖိုးကြီး ... ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် ခင်ဗျားတိုက်ပွဲဝင်ရမယ်။ သေနတ် ကိုင်ရမယ်*”လို့ပြောတယ်။ ကျွန်တော်အဲဒီ KIA စစ်သားကို ပြန်မေးလိုက်တယ်။ “*ဘယ်သူ့ဆီက လွတ်လပ်ရေးရဖို့လဲ KIA ဆီကလား၊ KIO ဆီကလား”*ဆိုတော*့ *အဲ့ဒီ အသက် ၂၀ မပြည့်သေးတဲ့ KIA ကောင်က သေနတ်ဒင်နဲ့ထုလို့ ကျွန်တော်နဖူးကွဲခဲ့ရတယ်။ နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့ကျွန်တော့
“*ခင်ဗျား KIA စစ်သားမလုပ်နဲ့ ပြည်သူ့စစ်လုပ*်” လို့ပြောတယ်။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့စဉ်းစားသာကြည့်ပါတော
*KIA နောင်ဘာလုပ်မလဲ ... *ဒီမေးခွန်းကို ကျွန်တော်မဖြေတော့ပါဘူး။ ခင်ဗျားတို့ပဲ တွေးကြည့် ရင်မြင်နိုင် ပါလိမ့်မယ်။ KIA ရယ်လို့ ပေါ်လာကတည်းက ဘာကောင်းကျိုးမှ မလုပ်ခဲ့တဲ့အဖွဲ့ ဟာ နောင်ကော ဘာကောင်းကျိုး လုပ်မှာလဲ။ *ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ*...*
*ဒီနေရာမှာ စစ်တပ်ကို တစ်ခုပြောချင်တယ်၊ ခုခံစစ်ဆင်တယ် ဆိုတာ ဘောလုံးကစားတဲ့နေရာမှာတောင်ကြာ
KIA ထဲမှာလည်း မတရားဖမ်းထားလို့ မလုပ်ချင်ဘဲလုပ်နေရသူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့လုပ်ငန်းစရင် သူတို့တွေပါလာလိမ့်မယ်။ ကျွန်တော်တို့ကချင်တွေ စုစုစည်းစည်းနဲ့ KIA ဆီက တကယ့် လွတ်လပ်ရေးကို တိုက်ယူရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ အစ်မ၊ ညီမတွေပါ KIA ထဲ ရောက်ကုန်မယ်...သေနတ်ကိုင်ခိုင်
ခပ်သိမ်းသောအရာတို့တွင် ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင် ယေရှုခရစ် နာမတော်အမှီပြု၍ အခြားမလပ် ဆုတောင်းပဌနာပြုကြလော့ ... အာမင် ။
ဘရန်နူး(မြစ်ကြီးနား)
------------------------------
--
----------------------
နတ်မိမယ် (SSH)
Thursday, September 27, 2012
သွယ်လျ လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက
Wednesday, September 26, 2012
Sithu Linn
ဒေါက်တာခင်လက်ျာ ~
photo: http://www.shanghaiexpat.com
အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းတွေနား ထောင်ကြလို့ သမီးတို့က ဘာကြောင့် ဒီ Hip Hop သီချင်းတွေကြိုက်တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆိုတာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။
သူခေတ်နဲ့ သူလိုက်ပြီး သီချင်း နဲ့ အဆိုတော်တွေကတာ၊ ခုန်တာ၊ လှုပ်ရှားတာတွေကို ကြိုက်စမြဲပါ။ ကျွန်မတို့ခေတ်က Rock and Roll ဘုရင်လို့ တင်စားခေါ်ခဲ့ကြတဲ့ Elvis Presley ကို ကြိုက်ခဲ့ကြတာကို မှတ်မိနေပါသေးတယ်။
သူ့ခေတ်ပြီးသွားတော့ Pop King ဆိုပြီး ထင်ရှားတဲ့ Michael Jackson က ပေါ်လာခဲ့ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအများက သီချင်းနဲ့ လှုပ်ရှားမှုကို ကြိုက်စမြဲပါ။
သီချင်းနဲ့ အကအကြောင်းတွေးမိရင်း ကျွန်မအလုပ်တာဝန်နဲ့ ဗီယက် နမ်၊ ဟိုင်နွမ်းမြို့မှာ ရှိစဉ်က ပြန်လည် ဆုံတွေ့ခဲ့ရတဲ့ ဂျပန်အမျိုးသမီး သူငယ် ချင်း Juniကို မျက်စိထဲမြင်မိသွားပါတယ်။
တစ်နေ့ ဟိုင်နွမ်းမြို့ထဲမှာ Juni ကို ကျွန်မတွေ့လိုက်တော့ သူ့ကို ဖြုန်းခနဲ မမှတ်မိပါဘူး၊ လှမ်းလှမ်းက စမြင်ကတည်းက ကျွန်မစိတ်ထဲမှာ ဇဝေဇဝါဖြစ်နေတာပါ။ သူ့ကိုအရင် ကျွန်မသိခဲ့စဉ်က Juni က ဝဝကစ်ကစ် လုံးလုံးလေးနဲ့ အင်မတန်သွက်လက်ပြီး ချစ်စရာကောင်းသူပါ။ အခုတော့ သူက ဒီလို မဟုတ်တော့ပါဘူး။ ပိန်ပိန် သွယ်သွယ် ဖြစ်နေပါတယ်။ အနားရောက်တော့ Juni ကစပြီး ''ခင် တို့ကို မမှတ်မိဘူးလား၊ အရင် လာအိုမှာတုန်းက သိခဲ့ကြတာ လေ'' လို့ နှုတ်ဆက်ပါတယ်။ သူ့အသံ ကြားလိုက်မှ ကျွန်မ Juni ကို မှတ်မိသွားပါတော့တယ်။
ကျွန်မက အားရက်မို့ အတော် ဖြစ်သွားပြီး Juni ကလဲ အားကြောင်း ပြောတာနဲ့ ကျွန်မတို့နှစ်ယောက် အနီးအနားရှိ ကော်ဖီဆိုင်ကို သွား လိုက်ကြပါတယ်။
ကျွန်မတို့ ကြာကြာစကားပြောချင်တာကြောင့် အေးအေးဆေးဆေး စကားပြောကောင်းမယ့်နေရာကို ရွေးပြီး၊ နှစ်ယောက်သား ထိုင်လိုက်ကြတယ်။ ဆိုင်က ကော်ဖီအပြင် မုန့်တွေကပါ နာမည်ကြီးဆိုတော့ ကျွန်မတို့ မုန့်နှစ်မျိုး၊ သုံးမျိုးမှာဖြစ်သွားတယ်။
သူက ငယ်ငယ်ကတည်းက ငြိမ်ငြိမ်မနေဘဲ အမြဲလှုပ်ရှားနေတတ် သူဆိုတော့ ဘဲလေး-Ballet အကကို လေးငါးနှစ်လောက် သင်ခဲ့တယ်။ နောက် အပျိုဖြစ်လာတော့ ခေတ်စား နေတဲ့ Rock and Roll တို့ Cha Cha Cha တို့ကို ကပြန်သတဲ့။ တက္ကသိုလ်ရောက်တော့ စာများပြီး သိပ်မကဖြစ်တော့ဘူးလို့ ပြောပါတယ်။
အလုပ်ထဲဝင်တော့ အများလုပ်ကြတဲ့ အဲဒီခေတ်က သိပ်ခေတ်စား ခဲ့တဲ့ Aerobic ကိုယ်လက်လှုပ်ရှား မှုကို မနက် Video တိတ်ခွေဖွင့်ပြီး TV ရှေ့မှာ ကြည့်ပြီး လုပ်ခဲ့ရသေး တယ်တဲ့။
ရုံးအားရက်တွေမှာ ပန်းခြံထဲသွားပြီး အများနဲ့အတူ စင်မြင့်ပေါ်က လုပ်ပြနေတဲ့သူကိုကြည့်ပြီး လိုက်လုပ်ရသေးတာလဲရှိသေး။
အဲဒီဟာမျိုး ရိုးသွားတော့တစ်ခါ တရုတ်ရိုးရာ ဖြည်းဖြည်း နှေးနှေး လှုပ်ရှားရတဲ့ Tai Chi ကို ခေတ်နဲ့ အမီတို့ ဆက်လုပ်သေးတယ်။ အဲဒီနောက်တော့ တရားအားထုတ်တဲ့ ကျင့်စဉ်တစ်မျိုးဖြစ်တဲ့ yoga ကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်း အဖြစ် လုပ်လာတော့လဲ ထုံးစံအတိုင်း တို့ဝင်နွှဲလိုက်တာပေါ့။ အဲဒါကျတော့ ဆရာဝန်က အဆင်မသင့်ရင် အရိုးတွေ အကြောတွေ ဒဏ်ဖြစ်နိုင်တယ် ဆိုလို့ ကြောက်ပြီး ဆက်မလုပ်ဘဲ ဖြတ်လိုက်တယ်လေ။
နောက် ယူနီဆက်မှာ အလုပ် ဝင်လုပ်တော့ မကြာခဏ ခရီးထွက် ခဲ့ရတယ်။ ဟိုတိုင်းပြည်ပြောင်း၊ ဒီ တိုင်းပြည်ပြောင်းနဲ့ အလုပ်တွေက များလာပြီး ကိုယ်လက်လှုပ်ရှားမှုနည်း လာတော့တာပေါ့။ ဒါကြောင့် ခင့်ကို သိခါစ လာအိုမှာတုန်းက ဝနေတာပေါ့ သူငယ်ချင်းလို့ ရှင်းပြပါတယ်။
အသက်လေးကလဲ ရလာတော့ ကျန်းမာရေးကို ပိုဂရုစိုက်ခဲ့ရတယ်။ ဒါကြောင့် ရောက်တဲ့နိုင်ငံတွေမှာ Health Club ဝင်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်ရတယ်။ Thread mill ပြေးလိုက်၊ စက်ဘီးစီးလိုက်ပေါ့လို့ ပြောပါတယ်။
ဒါပေမယ့် သူ့ခမြာ အချိန်နဲ့ ငွေသာကုန်သွားတယ်။ ကိုယ်အလေး ချိန်က မကျတဲ့အပြင် တက်တောင်လာသေးတာဆိုပဲ။ ကြာတော့ စိတ် ပျက်ပြီး ဆက်မလုပ်ချင်တာနဲ့ ရပ်လိုက်သတဲ့။
သူခွင့်နဲ့ ဂျပန်ပြန်တော့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ တွေ့ပြီး သူတို့ Belly dance အက သင်တန်း တက်နေတာကို သိပြီး လိုက်သွား လိုက်တယ်။ Belly အကက ဂျပန်မှာ ခေတ်စားလာတာဆိုပဲ။
Juniက ကျွန်မလိုပဲ ဒီအကက အရှေ့ အလယ်ပိုင်းနိုင်ငံတွေမှာသာ ခေတ်စားတယ် ထင်မိကြတယ်။ ဘယ်ဟုတ်ပါ့မလဲ။ ၁၉၇ဝ ခုနှစ် လောက်ကတည်းက အမျိုးသမီးများရဲ့ သဘာဝအလှကို ဖော်ထုတ်တဲ့ အကဆိုပြီး အမေရိကန်နိုင်ငံမှာ ကခဲ့ကြတာတဲ့လေ။
photo: http://propercourse.blogspot.com
Juniအပြောအရ ဒီအကက အီဂျစ်ကတစ်ဆင့် တူရကီရောက်သွားပြီး ဖင်လန်၊ သြစတေးလျ၊ ဘရာဇီး၊ ကနေဒါတို့မှာတောင် ဒီအကသင် တန်းတွေရှိပြီး ကနေကြတယ်။ ဂျပန်မှာလဲ အကသင်တန်းတွေ ဖွင့်ထားတာကြောင့် သူ့သူငယ်ချင်းတွေ သင်နေတာကို သိခဲ့ရတယ်။
သူပြောတာ နားထောင်ရင်း ကျွန်မအရင်သိထားတဲ့ Arabian Nights ရုပ်ရှင်တွေမှာ ကကြတဲ့ အာရပ် အမျိုးသမီးလေးတွေအစား ဂျပန်မလေးတွေ၊ အမေရိကန်မလေးတွေကို အစားထိုးကြည့်တာ အမြင်ဆန်းသလိုလို ဖြစ်နေပါတော့တယ်။
ကျွန်မတို့ ကြည့်နေကျ ကုလားကားထဲက ဆာရီနဲ့ ကုလားမလေးတွေ ဗိုက်ကလေး၊ ချက်ကလေး ဖော်ပြီး ကကြတဲ့ စတိုင်နဲ့တော့ သိပ် မကွာလှပါဘူး။
သူငယ်ချင်းတွေကလဲ ဆွယ်တဲ့ အပြင် သူကိုယ်တိုင် လိုက်သွားရင်း စိတ်ဝင်စားတာကြောင့် အခြေခံ သင်တန်းတက်ဖို့ စာရင်းသွင်းပြီး ဂျပန်ရောက်တုန်း Juni က ဘယ်လီအက သင်ဖြစ်သွားတယ်။
သူက ငယ်ငယ်က ဘဲလေး အကကို ကြာကြာလေး သင်ခဲ့တာ ဆိုတော့ ဘဲလေးအကနဲ့ ဘယ်လီ အက ကွာခြားတာကို ချက်ချင်းနား လည်လိုက်တယ်လို့ ပြောပြပါတယ်။ ဘဲလေးအကက ဇာတ်ကွက်တစ်ခုမှာ ကိုယ်က ကကွက်တစ်ခု ပါဝင်လှုပ်ရှားပြီး ကရတယ်။ ဘယ်လီအကကျတော့ တစ်ယောက်ချင်း ကိုယ့်ကိုကိုယ် ပေါ်လွင်အောင် ကသွားကြရတာတဲ့။
နောက်တစ်ခု သူသတိထားမိတာက ဘဲလေးကစဉ်က ခြေဖျားထောက်ထောက်ပြီး ကရတာကြောင့် ခြေထိပ်လေးတွေတောင် ကွေးပြီး ပုံပျက်သွားခဲ့တယ်။ ဒီဘယ်လီကရဲ့ လှုပ်ရှားမှုက အမျိုးသမီးများ သဘာဝ လှုပ်ရှားမှုကို လိုက်ပြီး ကရတာ တဲ့။ ခန္ဓာကိုယ်ရှိ ကြွက်သားစုများကို လှုပ်ရှားပြီး ကရတာကြောင့် ကျန်းမာရေးအတွက် သိပ်အထောက်အကူ ပြုတာဆိုပဲ။
Juni က ဘယ်လီကတဲ့အခါ ဗိုက်ရှိကြွက်သားတွေ၊ တင်ပါး၊ ရင်ပတ်၊ ခါးရိုး၊ လည်ပင်းရှိကြွက် သားများကို အတင်းအလျှော့လုပ်ပြီး ကကြရတယ်။ ဒီအခါမှာ အဆစ်တွေ အရွတ်တွေကလဲ တဖြည်းဖြည်း လှုပ်ရှားကြရပြန်တယ် တဲ့။
ဒါကိုကြားတော့ ကျွန်မခါးနာတာကို ဆရာဝန်များ လုပ်ခိုင်းတဲ့ ကြွက်သား၊ အဆစ်လေ့ကျင့်ခန်းများ ကို မြင်မိသွားတယ်။ ကျွန်မက ကတာမဟုတ်ပေမယ့် ကြွက်သား များသန်မာလာအောင်လုပ်ရတဲ့ လေ့ကျင့်ခန်းများပါ။ Juni ပြောသလို ဒီလှုပ်ရှားမှုတွေက ကျန်းမာရေးအတွက် အထောက်အကူပြုတာကို ကျွန်မသိပြီးသားပါ။
ဒီအက ကဖို့ တီးလုံးတို့ သီချင်း တို့ကလဲ ဆွဲဆောင်မှု အပြည့်ရှိတာလို့ သူက ဆက်ပြောပါတယ်။ သီချင်း သံကြားလိုက်ရင်ပဲ အလိုလိုကလာချင်တာဆိုပဲ။ သီချင်းတင်ဆွဲဆောင်မှုရှိတာလားလို့ မေးတော့ မဟုတ်ကြောင်း၊ အဝတ်အစားတွေ ဆင်ယင်ထုံးဖွဲ့မှုကလဲ အသားပါနေပြန်သတဲ့။
ဒီအကက တစ်ကိုယ်လုံး နွဲ့နွဲ့ နှောင်းနှောင်း လှုပ်ရှားကရတာကြောင့် ကတဲ့အခါ ကချက်နဲ့အတူ အသံစုံ လေးတွေ ထွက်လာအောင် ဝတ်တဲ့ အင်္ကျီတို့ ဘောင်းဘီတို့မှာ ခြူလေးတွေ၊ ခေါင်းလောင်း၊ ဒင်္ဂါးပြား၊ ပုတီး စေ့တွေ နှစ်သက်သလို ထည့်ချုပ်ထားကြတယ်။ ဒီတော့ ကလိုက်တိုင်း အသံတွေကမြည်ပြီး နားထောင်လို့ တစ်မျိုးကောင်း ပြန်တာပေါ့။ အသံသာမက သူ့ထက် သူလှအောင် ဒီဇိုင်းလုပ်ကြတယ်လို့ ပြောပါသေးတယ်။
သူပြောတာနားထောင်ရင်း ဘယ်လူမျိုးပဲဖြစ်ဖြစ်အက ကကြတဲ့ အခါမှာ လှသထက်လှအောင် တီထွင်ကြတာပါ။ ဒါက လူ့သဘာဝပေကိုး၊ ကျွန်မတို့ မြန်မာအကမှာလဲ ခါးထောင်အင်္ကျီ၊ ရင်ခံ၊ ထိုင်မသိမ်းဆိုရင်လဲ ရွှေခြည်ငွေခြည်၊ ပုတီးစေ့၊ ပုလဲလုံး၊ Health Club အရောင်တွေ အမျိုးမျိုးနဲ့ လှအောင်ချုပ်ကြသေး တာပဲ။ အမျိုးသမီးသဘာဝအတိုင်း လှချင်ကြတာမဆန်းပါဘူး။
photo: http://shes-got-hips.com
သူက ဒီဘယ်လီအကကို စသင်ပြီးနောက်မှာ ကိုယ်အလေးချိန်က တဖြည်းဖြည်း ကျသွားခဲ့တာဆိုပဲ။ အရင်က လေ့ကျင့်ခန်းလုပ်ဖို့ Sequin တွေ အစုံဝင်ခဲ့ဖူးတယ်။ ဘာမှ မထူးခြားဘူး။ နေ့စဉ် ကိုယ်လက်လှုပ် ရှားလေ့ကျင့်ခန်းတွေချည်း လုပ်ရတာ ငြီးငွေ့လာခဲ့တယ်။ အခု ဘယ်လီအကက သူတို့အခေါ် Raks Sharki က သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုလို သဘော ထားလာခဲ့တယ်။ အလုပ်တွေများပြီး စိတ်ရှုပ်လာတဲ့အခါ အိမ်ပြန်ရောက်ရင် သီချင်းဖွင့်ပြီး ကလိုက်တယ်ဆိုရင် စိတ်ပေါ့ပါးသွားတာဆိုပဲ။
''ခင်လဲ ဒီအက ကကြည့်ပါလား။ တို့သင်ပေးမယ်၊ သိပ်မခက်ပါ ဘူး'' လို့ ပြောလိုက်တာနဲ့ ကျွန်မ အာမာန်မြို့ ယူနီဆက်မှာ တာဝန်ကျစဉ်က သိကျွမ်းခဲ့တဲ့ စာရေးမလေး မိသားစုကို သွားသတိရမိသွားတယ်။ သူ့သားငယ်က ''အန်တီ ဒီအကက သိပ်လွယ်ပါတယ်'' လို့ ပြောပြီး သင် ပေးခဲ့ပေမယ့် ကျွန်မ မတတ်ခဲ့ပါဘူး။
အဲဒီကတည်းက ဒီအကကဖို့ စိတ်လျော့ခဲ့တာကြောင့် Juni ကို ''သူငယ်ချင်း တို့အရွယ်နဲ့ သင်လို့မဖြစ်တော့ဘူး၊ သင်ပေးမယ်ဆိုတာ ကျေးဇူးတင်ပါတယ်။ တခြားကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပဲ လုပ်တော့မယ်'' လို့ ဖြေလိုက်ရတယ်။
ကျွန်မ အရှေ့အလယ်ပိုင်းတစ်ခွင်မှာ တာဝန်ကျတုန်းက သဲကန္တာရထဲ ကားကျွမ်းသုံးပတ်လည်ပြီး မှောက်သွားပြီးကတည်းက ရထားခဲ့တဲ့ဒဏ်ရာဟောင်းတွေကြောင့် အရိုးတွေ၊ အကြောတွေက သိပ်မကောင်း တော့လို့ ကျန်းမာရေး လေ့ကျင့်ခန်း တွေတောင် နေ့စဉ်မနည်း ကြိုးစားပြီး လုပ်နေရတာပါ။
ဒီဘယ်လီကကိုများ ကလိုက်လို့ကတော့ အမလေးနော် တွေးတောင် မတွေးရဲပါဘူး။ တစ်ခုခုများဖြစ်သွားလို့ကတော့ လူကြားမကောင်း သူ ကြားမကောင်း ဆရာဝန်ဖြစ်လျက်နဲ့ ဒီအသက်အရွယ်ကျမှ ဘယ်လီက ကရတယ်လို့ဆိုပြီး မသနားဘဲ မေးငေါ့ကြမှာ မြင်ယောင်ပါသေးတယ်။
ဈေးကွက်ဂျာနယ် အွန်လိုင်းတွင် ဖော်ပြထားသောဆောင်းပါးဖြစ်သည်။
http://www.zaygwet.com/diary.php?id=43
ပွဲလယ်တင့်ပေမယ့် ကရင်နီလူမျိုးများ၏ အသက်ကို ချမ်းသာမပေးသည့် အရက်ဖြူ
အနံ့ကခပ်စူးစူး၊ သောက်လိုက်ရင် ပူရှိန်းရှိန်းဖြစ်စေတဲ့ ကယား (ကရင်နီ) အရက်ဖြူဟာ လူ့စိတ်ကို ပျော်ရွှင်အောင်၊ စိတ်ကျေနပ်အောင် ထွက် ပေါက်ပေးတဲ့အတွက် ကြိုက်ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။
“အမှတ်ရဆုံးအချိန်က အားလုံးမူးနေကြပြီမဟုတ်လား အတူတူ ဇတ်စင်ရှေ့မှာ ကတာရယ်၊ ရန်ဖြစ်ကြတာ ရယ်၊ မတော်တဆ ဖြစ်ကြတာ တွေပေါ့”
ကရင်နီရိုးရာ နတ်ပူဇော်ပွဲတခုဖြစ်တဲ့ အောင်ပွဲခံ ဒီးကူပွဲကျင်းပတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲ့ပြီးတော့ ခေါင်ရည်၊ အရက်သောက် ဖြစ် ကြတယ်လို့ ခူးလျားရယ်က ပြောပါတယ်။
“၀ယ်သောက်တာမလောက်ရင် ရိုးရာအိမ်ကဟာလေ ကျနော်တို့ ကရင်နီမှာဆို သိတဲ့အတိုင်းပဲလေ။ ပွဲလမ်း သဘင်ရှိပြီဆိုလို့ရှိရင် မိတ်ဆွေ တွေလာကြရင် သူတို့တိုက်ကြတယ်။ ဥပမာ အရက်တို့၊ ခေါင်တို့တွေပေါ့”
ရိုးရာအိမ်ဆိုတာ ကရင်နီလူမျိုးတွေထဲက ဖိုးဖွားစဉ်ဆက် ရိုးရာနတ်ကို အယုံအကြည်ရှိပြီး ပူဇော်ပသတဲ့ အိမ်ကို ရိုးရာအိမ်လို့ ခေါ်ပါတယ်။
ကရင်နီလူမျိုးတွေဟာ အရင်က ခေါင်ရည်ကို ရိုးရာဓလေ့တခုအဖြစ် သောက်သုံးလာကြပြီး အခုနောက်ပိုင်းမှာတော့ အရက်ကို ထည့် သွင်း အ သုံးပြုလာကြတာပါလို့ နယ်စပ်မှာ အခြေစိုက်နေတဲ့ ကရင်နီသာသနာရေးနှင့် ယဉ်ကျေးမှုဒု-၀န်ကြီး ဦးစိုးရယ်က ပြောပါတယ်။
“ကယားတွေက ခေါင်ရည်က မိတ်ဆွေတွေကို မနိုင်တော့ဘူး ဆိုပြီးတော့ အရက်ကိုပါ ထည့်ထား လိုက်တယ်။ အကုန်ပိုသက်သာတယ် ဆိုပြီး တော့ အရက်ကိုထည့်ကြတယ်။ အခုက ကယားတွေက တအားသောက်နိုင်တဲ့အခါကြတော့ အရက်ကိုပါ ထည့်လာရခြင်းဖြစ်ပါတယ်”
ခူးလျားရယ်တို့ လူငယ်တစ်စုတင်မကပါဘူး ကရင်နီလူမျိုးတွေက ရိုးရာခေါင်ရည်ကို ရေသဖွယ်သတ်မှတ်ပြီးသောက်လေ့ရှိသလိုကလေး ငယ် တွေ ရေသောက်တတ်ပြီဆိုရင် ခေါင်ရည် စတိုက်တဲ့ အလေ့အထ ရှိပါတယ်။
တချို့ကလေးငယ်တွေဆို မိခင်နို့ချိုတိုက်ကျွေးဖို့ မအားလပ်တာက တကြောင်း၊ တချို့ကတော့ နို့ရည် မထွက်တဲ့အတွက် ကလေးငယ် တွေ ကို ခေါင်ရည်ကိုပဲ အစားထိုး တိုက်ကြလို့ ခေါင်ရည်သောက်ပြီး ကြီးလာတဲ့လူတွေလည်း အများကြီးပဲလို့ အသက် ၄၆ နှစ်အရွယ် ခူးဖဲရယ်က ပြောပါတယ်။
“ရွာမှာနေတုန်းကဆိုရင် မနက်အစောကြီး ခေါင်ရည်ကို ပထမဦးဆုံး ငှဲ့သောက်တယ်။ ရေသောက် ချင်လို့ ရေကျက်အေးသောက်သလို ပထ မဦးဆုံး သောက်တယ်လေ။ သောက်ပြီးမှ ထမင်းနောက်မှစားတယ်”
အရက်၊ ခေါင်ရည် သောက်ခြင်းဆိုတာဟာ ကရင်နီရိုးရာဓလေ့ တစ်ခုဖြစ်ပေမယ့် ကရင်နီလူမျိုး တွေရဲ့ အသက်ကိုတော့ ချမ်းသာမပေး ပါဘူး။
လူလတ်ပိုင်းအရွယ်က စတင်ပြီး အရက်ကို စတင်သောက်ခဲ့တဲ့ ဦးကျော်စိန်ဟာ အသက် ၃၀ ကျော်မှာတော့ အရက်ကြောင့် ဆုံးသွား တယ် လို့ တူလေးဖြစ်တဲ့ ခူးကူးရယ်က ပြန်လည်ပြီး ပြောပြပါတယ်။
“ကုလို့မရတော့ဘူး သူ့အသည်းက ခြောက်ကုန်တယ်လို့ ဆရာဝန်တွေက ပြောတယ်။ နောက် သူ သိပ်အစာမစားနိုင်တော့ သူဖောလာပြီး သေ သွားတယ်”
အိမ်ထောင်ဦးစီး အနေနဲ့ သားသမီး ၃ ယောက်နဲ့ ဇနီးသည်ကို ရှာမကျွေးနိုင်တဲ့အပြင် ဇနီးနဲ့ သားသမီးတွေက အရက်အကြွေးတွေကို ဆပ် ပေး နေရတယ်လို့လည်း ပြောပါတယ်။
အရက်သောက်နေခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ကိုယ်ပိုင်အချိန်တွေ တခါတလေမှာ အသုံးမ၀င်ပဲ ကုန်ဆုံးသွားတဲ့အပြင် သွေးတိုးရောဂါ ဖြစ် လာ တဲ့အတွက် အရက်ဖြတ်ထားရတဲ့ ဦးငြိမ်းအောင်က ပြောပါတယ်။
“အရက်တအားသောက်ရင် ကျောက်ကပ်တို့၊ အသဲတို့ကို သွားထိတယ်။ နောက်ရေဓါတ်တွေ ခမ်း ခြောက် မယ်။ သွေးလည်ပတ်မှုက ပုံမှန် မ ဖြစ်တော့ဘူး အဲဒီမှာ သွေးတိုးစဖြစ်တာပဲ”
အရက်နဲ့ ခေါင်ရည်ဟာ ကရင်နီ လူမျိုးတွေ အတွက် ရိုးရာ ဓလေ့ဖြစ်ပေမယ့် ကျန်းမာရေးနဲ့လူမှုရေးတွေ ထိခိုက်လောက်အောင် သောက် သင့် မသင့်ဆိုတာကိုတော့ မျိုးဆက်သစ်လူငယ်တွေ ချင့်ချိန်သင့်တယ်လို့ ကရင်နီ သာသနာရေးနဲ့ ယဉ်ကျေးမှု ဒု-၀န်ကြီး ခူးစိုးရယ်က ပြော သွားပါတယ်။
ခလေးစွတ်ပြုတ်တဲ့
တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကိုစွပ်ပြုတ် လုပ်သောက်ကြပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ။
...
ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်...။
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....။
ဝယ်သူစားသုံးနေကျဖောက်သည်တစ
အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....။
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး
အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်။
ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက
ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေး
ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို
ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ
နောက်တခုက...စားသောက်ဖွယ်ရာ
ဘယ်နည်းမဆိုပါ.....နီဂုံးချ
NL (TP)
ထိုင်ဝမ် နှင့် ဂျပန် အပြန်လှန် ပစ်ခတ်
အငြင်းပွား
မှုများ ဖြစ်ပေါ် နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့်
ဝင်ရောက် လာပြီးနောက် ဂျပန် ကမ်းခြေ စောင့် တပ်ဖွဲ့နှင့် အပြန်အလှန်
ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။
အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့်
ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ
ကျွန်းများအနီး ဝင်ရောက်လာပြီး ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး
ခုတ်မောင်းကာ အခြေအနေ စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော
အမည်ကို ဂျပန်က မှည့်ခေါ်ပြီး တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။
ဂျပန်အစိုးရက ဆန်ကာကူ ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ
အစောပိုင်းက အတည်ပြု ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့်
ရေပြင်ကို ထိုင်ဝမ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည်
ယင်းကိစ္စအတွက် တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။
ဧဒင်အချစ်ပုံပြင်
မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ
မန္တလေးတွင် ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ဖမ်းမိ
မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်မှာ ကျပ် ၁ သောင်းတန် ငွေစက္ကူတွေနဲ့
ငွေစက္ကူ အတု ပြုလုပ်သုံးစွဲသူတွေကို ဖမ်းဆီး စစ်ဆေးနေ တယ်လို့ မြို့နယ်
ရဲစခန်းက ပြောပါတယ်။
ပြည်ကြီး တံခွန် ရဲစခန်း တာဝန်ကျ အရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ် ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

ပြည်ကြီး တံခွန် ရဲစခန်း တာဝန်ကျ အရာရှိတဦးက ဒီအမှုကို စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့) က ကိုင်တွယ် ဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။
သစ်ထူးလွင်





















