Monday, December 16, 2013
Viber for PC (New Version) .......................
PC တွေအတွက် Viber ဗါးရှင်းအသစ်လေးပါ..။ Update အသစ်ထွက်နေတာ
တစ်ပါတ်ခန့်ရှိသွားပါပြီ..။ အရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။
လင့်တွေပျက်ကုန်ပြီဖြစ်လို့ ဒေါင်းယူလို့ မရတော့တဲ့အတွက် ဒီ Update
အသစ်လေးကို ပြန်တင်ပေးလိုက်ပါတယ်..။ အင်တာနက်ရှိတဲ့ နေရာတိုင်းမှာ
ကွန်ပျူတာနဲ့ ဖုန်းတွေကို အလွယ်တကူ ဆက်သွယ်လို့ ရစေမယ့်၊ Free Voice Call ,
Free Video Call, Free SMS တွေကို မိမိတို့ စိတ်ကြိုက် အသုံးပြုလို့
ရစေတဲ့အတွက် လူသိများ၊ လူကြိုက်များတဲ့ ဆော့ဝဲလ်လေးပါ..။ ဒီ Update
ဗါးရှင်းလေးမှာ အရင်ကထက် Sticker ရုပ်ပုံများကို ပိုမို ဒေါင်းယူ
အသုံးပြုလို့ ရသလို၊ ဝယ်ယူရတဲ့ Sticker ပုံလေးတွေလည်း
အများကြီးပါဝင်လာပါတယ်..။ အသုံးလိုတဲ့ သူများကတော့ အောက်ကလင့်ကနေ Viber
Downloader လေးကို ဒေါင်းယူပြီး Install ထည့်၊ Viber Activate ဖြစ်အောင်
မိမိတို့ ဖုန်းနံပါတ်နဲ့ လုပ်တတ် ၊ အသုံးပြုတတ်အောင်ပါ
ဒီပိုစ့်မှာ ပြန်လည်လုပ်ပြပေးထားပါတယ်..။
Install ပြီးတာနဲ့ အောက်ကပုံလေးတွေအတိုင်း
ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber သုံးတဲ့ ဖုန်းနံပါတ်ကို
ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့ ရိုးရိုးဖုန်းနံပါတ်ကို Viber
ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber Active ဖြစ်အောင်လုပ်၊ ပြီးတော့
ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို Active ပြန်လုပ်ပြီး
အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber မရှိတော့ရင်လည်း..
ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber Active ဖြစ်နေရင် ၊
ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း ကွန်ပျူတာမှာ
အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။ Viber Update
မလုပ်မချင်း ကွန်ပျူတာမှာ အသုံးပြုလို့ ရနေပါတယ်..။ တချို့က အဲ့ဒီနည်းနဲ့
ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။
မူရင်းဆိုဒ်မှာ ဒေါင်းယူလိုရင်တော့ အောက်ကလင့်ကနေ သွားလိုက်ပါ..။
http://www.viber.com/products/windows/
Viber Downloader လေးကို ၂-ချက်တောက်ပြီး Install
ထည့်လိုက်ရင် အောက်ကပုံလေးအတိုင်း အင်တာနက်ကနေ ဆော့ဝဲလ်ကို ဒေါင်းယူပြီး
တခါတည်း Install ထည့်ပေး ပါလိမ့်မယ်..။
Install ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဖုန်းနံပါတ်မေးလာရင် မိမိတို့ Viber
သုံးတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလိုက်ပါ..။ တချို့ကတော့ Viber မရှိတဲ့
ရိုးရိုးဖုန်းနံပါတ်ကို Viber ရှိတဲ့ ဖုန်းထဲမှာ ခဏထည့်ပြီး ၊ Viber
Active ဖြစ်အောင်လုပ်၊ ပြီးတော့ ကွန်ပျူတာမှာ ၎င်းဖုန်းနံပါတ်နဲ့ Viber ကို
Active ပြန်လုပ်ပြီး အသုံးပြုတာတွေလည်း ရှိပါတယ်..။ မိမိဖုန်းမှာ Viber
မရှိတော့ရင်လည်း.. ကွန်ပျူတာမှာ အဲ့ဒီ ဖုန်းနံပါတ်နဲ့ Viber
Active ဖြစ်နေရင် ၊ ဖုန်းပိတ်ထားလည်း သို့မဟုတ် ဖုန်းနံပါတ်မရှိတော့ရင်လည်း
ကွန်ပျူတာမှာ အဲ့ဒီနံပါတ်နဲ့ Viber ကို ဆက်လက်အသုံးပြုလို့ ရနေပါတယ်..။
တချို့က ဒီနည်းနဲ့ ကွန်ပျူတာမှာ Viber ကို အသုံးပြုကြပါတယ်..။
အပေါ်ကပုံအတိုင်း ဖုန်းထဲမှာ Active ဖြစ်နေတဲ့ Viber နံပါတ်အမှန်ကို
ထည့်ပေးလိုက်ရင်တော့ အင်တာနက်ကနေ မိမိတို့ဖုန်းဆီကို Viber က ကုဒ် ၄-လုံး
ပို့ပေးပါတယ်..။ အဲ့ဒီကုဒ်တွေကို မှန်အောင် အောက်ကပုံအတိုင်း
ရိုက်ထည့်ပေးပြီး Enter Viber ကို ဆက်ကလစ်ပေးလိုက်ရင် မိမိတို့
ကွန်ပျူတာမှာ Viber ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။
အပေါ်ကပုံအတိုင်း Sticker အသစ်လေးတွေကို ဒေါင်းယူပေးမှာ ဖြစ်ပြီး
.. အောက်ကပုံကတော့ ကျနော် စမ်းသုံးထားတဲ့ ပုံလေးပါ..။ Free Voice Call နဲ့
Video Call တွေအပြင် SMS နဲ့ Sticker ပုံတွေကို ကောင်းစွာ
အသုံးပြုနိုင်ပါပြီ..။
မြန်မာစာ ပေါ်ဖို့ကတော့ အရင်ပိုစ့်မှာ လုပ်ပြပေးထားတဲ့အတိုင်း Notepad
မှာ ရေးပြီးမှ copy-paste နဲ့ ထည့်အသုံးပြုရမှာပါ..။ အားလုံးပဲ
အသုံးပြုတတ်၍ ပျော်ရွှင်နိုင်ကြပါစေ..http://lwinminbo.blogspot.com/2013/12/viber-for-pc-new-version.html
Viber Version အသစ်လေးပါ စတစ်ကာတွေအစုံပါပါတယ်...................
စတစ်ကာအသစ်ကလေးတွေလည်း ထပ်ဖြည့်ပြီး အသုံးပြုနိုင်ပါတယ်.......
အရင်တုန်းက viber အသံမရတဲ့ Huawei ဖုန်းတော်တော်များများလည်းအသုံးပြုနိုင်ပါပြီ
အသုံးပြုချင်ရင်တော့ အောက်မှာ
Download ယူနိုင်ပါတယ်............
Sunday, December 15, 2013
“အမျိုးသမီးများအတွက် အန္တာရယ်ကြီးသော ကိုယ်ပျောက်လူသတ်သမား”..........................
သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီ ဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။
”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတေ
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတ
ရောက်နေတတ်သည်ဟု မီးယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမ
HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက
ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင
လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သားအိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေနိ
အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူ
”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့်
သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။
”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။
မြတ်စုငြိမ်း
..........................
လူတွေအသိများတာက သားအိမ်ကင်ဆာလို့ ခေါ်ကြတယ်။ အမှန်တကယ်တော့ သားအိမ်လည်တံကင်ဆာ (သို့) သားအိမ် ခေါင်း ကင်ဆာလို့ခေါ်ပါတယ်။ အပေါ်ပိုင်းမှာရှိတဲ့ သားအိမ်ရဲ့ ကိုယ်ထည်မဟုတ်ပါဘူး။ သားအိမ်ကိုယ်ထည်ကလည်း သူ့ဟာသူ သီးခြားကင်ဆာဖြစ်နိုင်ပါတယ်
၁။ ရောဂါဖြစ်နိုင်ချေရှိသူတွေက
ရောဂါဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုတွေကတော့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့ အမျိုးသမီးများ၊ အိမ်ထောင် တစ်ဆက်ထက် ပို၍များတဲ့အမျိုးသမီးများ၊
၂။ ရောဂါဖြစ်မှန်း ဘယ်လိုလုပ်သိမလဲ။
ကင်ဆာတွေအားလုံးဟာ အဆင့်စောတဲ့အခြေအနေမှာ နာကျင်ခြင်းစတဲ့ လက္ခဏာတွေမပြသလို့ ဒုက္ခရောက်နေကြရတာပါ။ သားအိမ်လည်တံ ကင်ဆာကလည်း ရောဂါဖြစ်မှန်း သိပ်မသိလွယ်ပါဘူး။ စောတုန်း အဆင့်မှာ အစားအသောက်လည်း မပျက်ပါဘူး ရောဂါရင့်တဲ့ အဆင့်ရောက်မှ ၀မ်းဗိုက်အောက်ပိုင်းနာတာတိ
၃။ ခေတ်မီရောဂါကုထုံး ဘာတွေရှိသလဲ။
ယခင်တုန်းကတည်းက သုံးလာတဲ့ စံကုထုံးတွေရှိပါတယ်။ ခေတ်မီရောဂါကုထုံး (၃)ခုရှိပါတယ်။ ပထမတစ်ခုက ခွဲစိတ်ကု သတဲ့နည်း။ စောသေးရင် သားအိမ်လည်တံလောက်ပဲဖြစ်တယ်
၎။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေမှန်းသိပြီးရင် ဘာတွေလုပ်မလဲ။
ဒါက သိပ်အရေးကြီးပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြ
၅။ အများပြည်သူအား မှာကြားချင်သော အကြံပေးချက်။
သားအိမ်ခေါင်း ကင်ဆာဟာရောဂါ လက္ခဏာတွေမပေါ်ခင် အစောဆုံး သိနိုင်တဲ့နည်းရှိပါတယ်။ အဲဒါကတော့ အသက် (၃၅) နှစ်ကျော်တဲ့ အိမ်ထောင် သားမွေးပြုဖူးသူတိုင်း တစ်နှစ်တစ်ခါ Pap-Smear ကို သတိထားပြီး စမ်းသပ်သင့်ပါတယ်၊ ငွေကုန်ကြေးကျ လည်း မများပါဘူး။
Health Digest
Friday, December 13, 2013
မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်နိုင်လို့ IRIN ပြော ........................
Thursday, December 12, 2013
မြန်မာနိုင်ငံမှာ မြွေအန္တရာယ်ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ အောင်မြင်ပေမဲ့၊
ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့်
သေဆုံးနှုန်း သိသိသာသာလျော့ကျမလာဘဲ ဖြစ်နေတယ်လို့ IRIN ကုလသမဂ္ဂ သတင်းဌာနက
ပြောပါတယ်။
မြွေကိုက်ခံရတဲ့နှုန်း မြင့်မားတဲ့ မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်ကစပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မြွေကိုက်မှု ထိန်းချုပ်ရေးအဖွဲ့ဖွဲ့ပြီး ပညာပေးနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ပညာပေးလုပ်ငန်းတွေကြောင့် အခုအခါ မြန်မာနိုင်ငံမှာ မြွေကိုက်ခံရသူတွေကို အရင်ကလို ရှေးရိုးနည်းတွေနဲ့ ကုသတာတွေ မလုပ်ကြတော့ဘဲ ဆေးရုံတွေကို သွားရောက်ကုသခံယူကြတာတွေ တိုးတက်များပြားလာနေပါတယ်။ ဒါပေမဲ့ ဆေးရုံ ဆေးခန်းတွေမှာ မြွေဆိပ်ဖြေဆေးတွေ အလုံအလောက်မရှိတာကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေတယ်လို့ IRIN သတင်းက ဖေါ်ပြပါတယ်။
ပြည်တွင်းမှာ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာမှာ မြင်းတွေကတဆင့် ထုတ်လုပ်ရပါတယ်။ ဒါပေမဲ့ အခုအခါ မြင်းဈေးကြီးမြင့်တဲ့အတွက် ဈေးသက်သာတဲ့သိုးတွေကို အသုံးပြုထုတ်လုပ်နေရပါတယ်။ ဒါပေမဲ့ သိုးတွေဆီက မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရရှိနှုန်းဟာ မြင်းနဲ့နှိုင်းစာရင် ၂၀ ရာနှုန်းပဲ ရရှိတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် ထိုင်းနဲ့ အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးတွေ အသုံးပြုနေရပေမယ့်၊ ပြည်တွင်းထုတ်လောက်မကောင်းဘဲ အာနိသင်နိမ့်နေကြောင်း၊ နိုင်ငံအလိုက် မြွေအမျိုးအစားချင်း မတူတာကြောင့်လည်း ဖြစ်နိုင်ကြောင်း၊ လာမယ့်နှစ် ကျန်းမာရေးအသုံးစရိတ် တိုးတက်ရရှိမယ်ဆိုရင်တော့ ပြည်တွင်းမြွေဆိပ်ဖြေဆေးပမာဏ တိုးတက်ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း ဆရာဝန်တွေက ပြောပါတယ်။
ထိုင်းနဲ့ မြန်မာနိုင်ငံမှာ နှစ်စဉ်မြွေကိုက်ခံသူပေါင်း တစ်သောင်းနှစ်ထောင်လောက်ရှိပါတယ်။ ဒါပေမဲ့ ထိုင်းမှာ သေဆုံးသူ ၁၀ ယောက်လောက်ပဲရှိပြီး၊ မြန်မာမှာ သေဆုံးသူ တစ်ထောင်အထိရှိနေတယ်လို့ သိရပါတယ်။
RFA Burmese

Thit Htoo Lwin - News
လွတ်မြောက် နိုင်ကျဉ်းနှစ်ဦး ချက်ချင်း ပြန်အဖမ်းခံရ ..........................
Thursday, December 12, 2013
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား များထဲမှ နှစ်ဦးသည် အခြားသောအမှုများ ရင်ဆိုင်ရန် ကျန်ရှိနေသေးသဖြင့် ချက်ချင်း ပြန်လည် အဖမ်းခံ ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
ပြန်လည်ဖမ်းဆီးခံခဲ့ရသူများမှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခဲ့မှု (ပုဒ်မ ၁၈)ဖြင့် အင်းစိန်အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃၃ လ ကျခံနေရသူ ဦးထင်ကျော်နှင့် နိုင်ငံတော် အကြည်ညိုပျက်စေရန် လှုံ့ ဆော်မှု (ပုဒ်မ- ၅၀၅/ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တစ်နှစ်သုံးလကျခံနေ ရသူ ဦးအေးသိန်းတို့ ဖြစ်သည်။
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ဝင် ဦးသိန်းစံက “ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ထဲမှာ ပါတယ်သာပြောတယ်။ တကယ်တမ်းတော့ မလွတ်ဘူး”ဟုဆိုကာ ဦးထင်ကျော် မလွတ်မြောက် သေးခြင်းကို မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။
ထို့အတူ “ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကိုအေးသိန်းက လွတ်မြောက်သွားပေမယ့် နောက်ထပ် အမှု တစ်ခုရှိသေးတဲ့အတွက် ထောင်ကျခံနေရတုန်းပါပဲ”ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန် ရက်၊ မန္တလေးတာဝန်ခံ ဦးကိုလေးက အတည်ပြု ပြောဆိုသည်။
ဦးထင်ကျော်သည် ၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စီတန်းလှည့်လည်ရာတွင် ခွင့်ပြု ချက်မယူဘဲ ဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေရန် လှုံ့ဆော်မှုတို့ဖြင့် ထပ်မံ အမှုရင်ဆိုင် ရန်ရှိနေခြင်းဖြစ်သည်။ အိုးဘိုထောင်မှ ကိုအေးသိန်းမှာမူ မန္တလေးမြို့၊ မြရည်နန္ဒာ ကျူးကျော် မြေယာ ကိစ္စဖြင့် စည်ပင်သာယာရေး ဥပဒေပုဒ်မများဖြင့် အမှုထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အဆိုပါအမှုများအတွက် အာမခံရရှိရန် ကြိုးပမ်းနေကြပြီး ယခုလအတွင်း သက်ဆိုင် ရာ တရားရုံးများက ဆုံးဖြတ်ပေးရန် ရှိနေသည်။
“ကျွန်တော်တို့ နားမလည်တာက အရင်ကတည်းက အာမခံလျှောက်တယ် မပေးဘူး။ မြို့နယ်ပြီးတော့ ခရိုင်မှာလည်း ပယ်တယ်”ဟု ဦးသိန်းစံက ပြောသည်။
ဦးထင်ကျော်သည် ထပ်မံရင်ဆိုင်ရမည့် အမှုအတွက် ဒီဇင်ဘာ ၁၇ ရက်တွင် တရားရုံးသို့ အာမခံ ပြန် လည် လျှောက်ထားရမည်ဖြစ်သည်။
ဦးအေးသိန်းမှာမူ ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေးရှိ ချမ်းမြသာစည်တရားရုံးတွင် အာမခံလျှောက်ထား ရန် ရှိနေသည်။
“မြရည်နန္ဒာမှာဖြစ်ခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းတဲ့ကိစ္စပါ။ အဲဒီအမှုအတွက် အာမခံရမှာသာ ထောင်က လွတ်မှာဖြစ်ပါတယ်”ဟု ဦးကိုလေးက ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သုံးနှစ်တာဝန်းကျင်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ်မြောက်အဖြစ် ယနေ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ အစိုးရသက်တမ်းကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုများသည် ယခင် စစ်အစိုးရလက် ထက် ဆောင်ရွက်ခဲ့ပုံများနှင့် အလားသဏ္ဍာန်တူသကဲ့သို့ပင် ရှိနေသေးသည်ဟု ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ဝေဖန်သည်။
ယနေ့သည် ၄၄ နှစ်ကြာမြင့်ပြီးမှ မြန်မာ့မြေပေါ်တွင် ပြန်လည် ကျင်းပခွင့်ရခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေ့ဖြစ်ပြီး အာဆီယံ နိုင်ငံခေါင်း ဆောင်များ ရောက်ရှိနေချိန်လည်းဖြစ်သည်။
“နိုင်ငံတကာခေါင်းဆောင်တွေ လာတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဆိုတာ အရင်စစ် အစိုးရလက်ထက်ကလိုမျိုးပဲ လုပ်နေတယ်ဆိုတာ အခုအချိန်ထိတော့ တိုက်ဆိုင်မှုလို့ပဲပြောပြော ခုချိန် ထိ အဲဒီလို လုပ်သလိုဖြစ်နေတယ်”ဟု ကိုဂျင်မီက ဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေထွက်ရှိခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အဆိုပါဥပဒေပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ အကျဉ်းချခံထားရသူ ၈၇ ဦးရှိသည်ဟု နိုဝင် ဘာလအတွင်း ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ စာ ရင်းတွင် ဖော်ပြထားသည်။
ဖြိုး၊ ဟိန်းကိုစိုး|
Mizzima - News in Burmese

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရန် ရာခိုင်နှုန်း ၉၀ မကျိန်းသေ ..........................

World Innovation Summit for Health တွင် မိန့်ခွန်းပြောကြားနေစဉ်။ Photo - EPA
ရန်ကုန် ၊ ဒီဇင်ဘာ ၁၀
ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရန် ရာ ခိုင်နှုန်း ၉ဝ မကျိန်းသေဟု ဝါရင့် နိုင်ငံရေးလေ့လာသုံးသပ်သူ
ဦးဘ တင့်ဆွေက သုံးသပ်ပြောသည်။
အခြေခံဥပဒေပြင်ဆင်ရာ တွင် တပ်မတော်၏ပါဝင်မှုအခန်း ကဏ္ဍကိုလျှော့ချရေးမှာထိပ်တန်းမှ ပြင်ဆင်
သင့်သည့် အရာ တစ်ခု ဖြစ်သော်လည်း သမ္မတ ဖြစ်ရေး ကို ပြင်ဆင်ရမည့် အချက်မှာ ပိုမို ခက်ခဲသော
ကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန်မှာ ရာခိုင်နှုန်း၉၀ မကျိန်းသေခြင်း ဖြစ် သည်ဟု ယင်းက
သုံးသပ်သည်။
ဦးဘတင့်ဆွေက ''အများစု အမြင်မှားနေတာတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ သမ္မတဖြစ်ရေးဥပဒေ ဟာ ဒေါ်
စုတစ်ဦးတည်းကို ရည် ရွယ်ရေး ဆွဲထားတာလို့ ထင်နေ ကြတယ်။ တကယ်တော့ မဟုတ် ပါဘူး။ ဖွဲ့စည်း
ပုံတစ်ခုက တိုင်း ပြည်ရဲ့ ရေမြေသဘာဝနဲ့ ကိုက်ညီအောင် လုပ်ရတာပါ။ ဒီဖွဲ့စည်းပုံကလဲ စစ်အစိုးရလက်
ထက် မှာ ရေးဆွဲထားတာဆိုတော့ သူတို့ရဲ့ အကျိုးစီးပွားကို လုံခြုံဖို့ အဓိက ထားတဲ့ အချက်ပါ။
ဖွဲ့စည်းပုံမှာ သမ္မတတစ်ယောက်ဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ကန့်သတ်ချက် တွေပါတယ်။ ဒါပေမဲ့ ဒီ
အချက် တွေကိုပြင်ဖို့က တပ်မတော်ပါဝင် မှုကိုပြင်ဖို့ထက်ခက်တယ်။ ဒီတော့ ဒေါ်စုသမ္မတဖြစ်ဖို့ ၂၀၁၅
မှာမဖြစ် နိုင်ဘူး။ ဒေါ်စုမဟုတ်တဲ့ တခြား ပြည်သူတစ်ဦးဆိုရင်လဲ မဖြစ်နိုင် ပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံ
ရေး ဇာတ်ခုံ အခင်းအကျင်းအရရော ဖွဲ့စည်းပုံအရ ဒေါ်စု သမ္မတဖြစ်ဖို့ ရာခိုင်နှုန်း၉၀ မကျိန်းသေပါဘူး''
ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦး ဝင်းမြင့်က
''အစိုးရအနေနဲ့ ဒီမို ကရေစီတည်ဆောက်ချင်ရင် လွှတ် တော်အနေနဲ့ ဒီမိုကရေစီတည် ဆောက်ချင်ရင်
တပ်မတော်အနေ နဲ့ ဒီမိုကရေစီ တည်ဆောက် ချင် တယ်ဆိုရင် သမ္မတရွေးချယ်ခွင့်ရအောင် လုပ်ပေး
သင့်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ် ဖို့ ကန့်သတ်ထားတဲ့ ကန့်သတ် ချက်တွေက ၄ရအ
ခြေခံဥပဒေနဲ့ ၇၄အခြေခံဥပဒေထဲမှာလဲ မပါ ပါဘူး။ နိုင်ငံတကာမှာလဲ ဒါမျိုးမရှိဘူး။ နိုင်ငံသူ နိုင်ငံသား
တွေ ရဲ့အကျိုးစီးပွားအတွက် လုပ်ပေး နိုင်တဲ့သူ၊ ပြည်တွင်းပြည်ပက လက်ခံတဲ့သူကို ပိတ်ပင်ထားရင်
ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ဘူး''ဟု ပြောသည်။
၂၀၁၅တွင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေးနှင့်ပတ် သက်၍ အဓိကကန့်သတ်ချက်မှာ ၂၀၀၈
ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ
မှ ပုဒ်မ-၅၉(စ) ဖြစ် သည်။ အဆိုပါ ပုဒ်မ-၅၉(စ)နှင့် ပတ်သက်၍ ကရင်ပြည်နယ် ကြာ အင်းဆိပ်ကြီး
မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမန်း အောင်တင်မြင့်က ''တကယ်တော့ ပုဒ်မ-၅၉(စ)က
ဘောင်ခတ်ထား သလိုဖြစ်နေပါတယ်။ ဒါပေမဲ့လဲ ကျွန်တော် တို့ပါတီ အနေနဲ့ ကတော့ ဘယ်သူဘယ်
ဝါ သမ္မတဖြစ်ပါဆို တာထက် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရှေးရှုမယ့်သူမျိုးကိုမျှော်လင့်တယ်။ ဆုံးဖြတ်
ရမှာကတော့ ပြည်သူတွေပါပဲ''ဟု ပြောသည်။
ဒီခေတ်နေ - Yangon Media Group
စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်
စင်ကာပူ အမျိုးသား တဦးကို အရွယ်မရောက်သေးသူကို ကွန်ဒုံမပါဘဲ လိင်ဆက်ဆံမှု ပြုခဲ့တာကို ပြစ်မှု
ထင်ရှားရှိလို့ မနေ့က ထောင်သွင်း အကျဉ်းချ ပြစ်ဒဏ်ပေးလိုက်ပါတယ်။
ခရိုင်တရားသူကြိး မက်သရူး ဂျိုးဆက်ပြောတာကတော့ ဒီ အခင်းဖြစ်မှုဟာ သာမန် သမရိုးကျမဟုတ်ပဲ
ထူးဆန်း တယ်လို့ ပြောတာကို စင်ကာပူ အခြေစိုက် The Straits Times သတင်းတပုဒ် က ဖော်ပြပါ
တယ်။
အကျဉ်းချခံလိုက်ရတဲ့ စင်ကာပူ အမျိုးသားရဲ့ ကာမ ကျူးလွန်တာ ခဲ့လိုက်ရသူ အသက်မပြည့်သေးတဲ့
မိန်းကလေးက တော့ အခု အဲဒီ စင်ကာပူ အမျိုးသားရဲ့ တရားဝင် ဇနီးဖြစ်သွားခဲ့ပါပြီ။
တရားသူကြီးက ပြောတာမှာတော့ အသက်မပြည့်သေးသူကို ကာမကျူးလွန်ပြီး အဲဒီမိန်းကလေးနဲ့ ကျူး
လွန်သူ တို့ဟာ တရားဝင် ဇနီးမယားဖြစ်သွားတဲ့ ဖြစ်စဉ်မျိုးကတော့ သူကြားဖူးတဲ့အထဲ ပထမဆုံး ပါ
ဘဲ လို့ လည်း ပြောထားပါတယ်။
အိမ့်သံစဉ် ~
The Irrawaddy's Blog by အိမ့်သံစဉ်

ယခင်အပတ်ထက် ဆန်တစ်အိတ် ကျပ်တစ်ထောင်ခန့် မြင့်တက် .............................

Thursday, December 12, 2013
ရန်ကုန်၊ ဒီဇင်ဘာ ၁၂။
ယခုအပတ် ဆန်ကုန်စည်ဒိုင်အဖွင့်တွင် ခြောက်သွေ့၍ အထားခံသော ဧရာဝတီပေါ်ဆန်း ဆန်သစ်များ ၀င်ရောက် လာသဖြင့် ယခင်အပတ်ထက် ဆန်ချော၊ ဆန်ကြမ်းတစ်အိတ် ကျပ်တစ်ထောင်ခန့်မြင့်တက် လာကြောင်း ၀ါတန်းလမ်း ဆန် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ကုန်သည်များ ထံမှ စုံစမ်းသိရသည်။
ကုန်စည်ဒိုင်အတွင်း၌ ၀ယ်လက်များကြိုက်သည့် ဆန်သစ်များ ၀င်ရောက်နေသဖြင့် အရောင်းအ၀ယ်ကောင်းနေပြီး နယ်မှ ကုန်သည်များက လည်း တိုက်ရိုက်ရောင်းချမှုများရှိနေကြောင်း လပွတ္တာမြို့နယ်အတွင်းရှိ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးဝင်းနိုင်က ပြောကြားသည်။
“ဈေးက ပစ္စည်းပြတ်လို့ မဟုတ်ဘူး။ ၀ယ်သူအကြိုက်ဆန် ဖြစ်လို့ပဲ ကုန်စည်ဒိုင်ကို ဆန်ရောက်တာနဲ့ ကုန်ဖြစ်နေတာ”ဟု ၎င်းက ပြောကြား သည်။
ယခုနှစ် ဆန်ဈေးမြင့်တက်ခြင်းသည် ယခင်နှစ်ထက် ဆန်ချော တစ်အိတ်ကျပ် ၃၀၀၀နှင့် ဆန်ကြမ်းတစ်အိတ် ကျပ် ၁၀၀၀ခန့် ဈေးပိုမြင့် ကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ ၀ါရင့်ဆန်ကုန် သည်ကြီးတစ်ဦးက ပြောကြားသည်။
“ယခင်နှစ်က မြောင်းမြပေါ်ဆန်းတစ်အိတ် ကျပ် ၁၉၀၀၀ ဒီနှစ်မှာက ၂၂၀၀၀က အနိမ့်ဆုံးပဲ၊ အကြမ်းဆိုရင် မြောင်းမြ ရွှေပြည့်စုံတစ်အိတ် ကျပ် ၁၈၅၀၀ပဲရှိတယ်၊ ဒီနှစ်ကတော့ တစ်အိတ်ကျပ် ၂၂၀၀၀အနိမ့်ဆုံးပဲ”ဟု ၎င်းက ပြောကြားသည်။
ယခုအပတ်အတွင်း ရွှေဘိုဆန်ဟောင်းတစ်အိတ် ၃၄၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းဟောင်း တစ်အိတ်ကျပ် ၂၇၀၀၀မှ ၃၂၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းသစ်တစ်အိတ် ၂၁၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ တောင်ပျံဟောင်းတစ်အိတ် ၂၅၀၀၀ကျပ်မှ ၃၀၀ ၀၀ကျပ်၊ တောင်ပျံသစ် တစ်အိတ် ၂၀၀၀၀ကျပ်မှ ၂၄၀၀၀ကျပ်၊ ပေါ်ကျွဲတစ်အိတ် ၂၄၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်နှင့် အကြမ်းဟောင်း တစ်အိတ် ၁၉၀၀၀ကျပ်မှ ၁၅၅၀၀ ကျပ်တို့ဖြင့် ရောင်းဝယ်လျက် ရှိကြောင်း ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရသည်။
ရေးသားသူ- မျိုးပပစန်း၊
တည်းဖြတ်- နီတိုး
People power

လူမှုဖူလုံရေး အာမခံ ထားသော အမျိုးသမီးများ မီးဖွားခွင့် သုံးလခွဲ အတွက် ခံစားခွင့် ရရှိတော့မည် ..............
လူမှုဖူလုံရေး အာမခံထား ရှိသူအမျိုးသမီးများသည် လာမည့်နှစ်မှစ၍ ကိုယ်ဝန်ဆောင်မှုနှင့်မီး ဖွားမှုများ
အတွက် ထည့်ဝင်ကြေး ၏ရာခိုင်နှုန်းရ၀ အကျိုးခံစားခွင့် နှင့် မီးဖွားခွင့်သုံးလခွဲအကျိုးခံစား ခွင့်ရရှိတော့
မည်ဖြစ် ကြောင်း သိ ရသည်။ လက်ရှိတွင် လူမှုဖူလုံရေး အာမခံအကျိုးခံစားခွင့်အနေဖြင့် မီးဖွားခွင့်စုစု
ပေါင်း သုံးလ ၁၂ပတ်နှင့် ထည့်ဝင်ကြေး၏ ၆၆ဒသမ ၆ရရာခိုင်နှုန်းရရှိကြပြီး ၂၀၁၄ခုနှစ် ဧပြီလမှစကာ
ယင်းသို့အကျိုးခံစား ခွင့်များ တိုးမြှင့်ရ ရှိ မည်ဖြစ် ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး
ဒေါက်တာလွင်လွင်ဦးလှိုင် (ဆေးဌာန)က ပြောသည်။
''၂၀၁၄ခုနှစ် ဧပြီလလောက် မှာ စနစ်သစ်ပြောင်းရင်တော့ မမွေးခင် ခြောက်ပတ်၊ မွေးပြီးရှစ် ပတ်ပေး
တော့မှာမို့ စုစုပေါင်းမီး ဖွားခွင့် ၁၄ပတ်ရမှာပါ။ ထည့်ဝင် ကြေးကိုလဲ အမှန်တကယ်ဝင်ငွေ ရဲ့ ငါးရာခိုင်
နှုန်းကောက်ခံပြီးခံ စားခွင့်ပေးတဲ့အခါ အဲဒီဝင်ငွေ ရဲ့ ရာခိုင်နှုန်း ရဝရမှာပါ။ လစာတစ် သိန်းဆိုရင် တစ်
လ၅ဝဝဝကျပ် ထည့်ဝင်ပြီး မီးဖွားခွင့် ၁၄ပတ် (သုံးလခွဲ)အတွက် တစ်လခုနစ် သောင်းကျော်ပြန်ရမှာပါ''
ဟု ယင်း က ထပ်မံပြောသည်။
ယင်းအပြင် အာမခံထားရှိ သူအလုပ်သမားများအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ်နှင့် မီးဖွား သည့်အခါ
ခွင့်ပြုသည့်ဆေးရုံ၊ ဆေး ခန်း၌ အခမဲ့ဆေးကုသခြင်း၊ မီးဖွား ပြီး တစ်နှစ်တိတိအထိ ကလေးကို ဆေး
ကုသမှု ခံယူနိုင်သည့်အပြင် အမြွှာ ကလေးမွေး ပါက မီးဖွားခွင့် ခံစားပြီးနောက် ဆက်လက်၍ ကလေး
စောင့်ရှောက်မှုအတွက် ခွင့်လေးပတ် ထပ်မံခံစားခွင့်ရရှိ မည်ဖြစ်ကြောင်း သိရှိရသည်။
ကိုယ်ဝန်ပျက်ကျခြင်းကိစ္စ များကြောင့် ခံစားခွင့်ရှိသောမီး ဖွားခွင့်ကာလအတွင်း ပျမ်းမျှလုပ် ခ၏ ရာခိုင်
နှုန်း ရဝကိုခံစားခွင့်ရှိ မည်ဖြစ်ကြောင်း၊ ယင်းအကျိုးခံ စားခွင့်များနှင့်ပတ်သက်၍ ငွေ ကြေးအကျိုးခံစား
ခွင့်ကို ခွင့်စတင် ခံစားသည့် နေ့မတိုင် မီ သက်ဆိုင် ရာအလုပ်ဌာနတွင် အနည်းဆုံး တစ်နှစ်လုပ်ကိုင်
ပြီး အဆိုပါကာလ အတွင်း အနည်းဆုံးခြောက်လ အတွက် ထည့်ဝင်ကြေးငွေပေး သွင်းပြီးသူဖြစ်မှသာ
လျှင် အကျိုး ခံစားခွင့်ရှိမည်ဖြစ်သည်။
ခင်သက်မွန်
Yangon Media Group
Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: လူမှုဖူလုံရေး အာမခံ ထားသော အမျိုးသမီးများ မီးဖွားခွင့် သုံးလခွဲ အတွက် ခံစားခွင့် ရရှိတော့မည် http://www.simon-vlog.com/2013/12/blog-post_2719.html#ixzz2nI6XUaAb
Under Creative Commons License: Attribution
Follow us: @SimonRau on Twitter | OnlineReading on Facebook
KIA တပ်ဖွဲ့က တပ်သားသစ်များ စုဆောင်းနေ .......................
သန်းထိုက်ဦး
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက တပ်သားသစ်များ စုဆောင်းရန် ယခုလဆန်းပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ဗန်မော်ခရိုင်၊ မံစီမြို့နယ်ရှိ ကျေးရွာ ဒေသခံများကို ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေကြောင်း သိရသည်။
မံစီမြို့နယ် အတွင်းရှိ မံဖွ ကျေးရွာနှင့် အနီးအနားရွာများမှ ဒေသခံများကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်မှကာ ဒီဇင်ဘာ ၉ ရက်အထိ KIA တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရွာသာဦးရေမှာ ၆၃ ဦး ရှိပြီး ယင်းတို့အားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ဧရာဝတီသို့ ပြောသည်။
ဒေသခံများ တောင်ယာထဲတွင် အလုပ်လုပ်ကိုင်နေစဉ် KIA တပ်ဖွဲ့ဝင်များက လာရောက် ခေါ်ဆောင်သွားပြီး မံစီမြို့နယ်ရှိ KIA တပ်စခန်းတွင် ထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။
“သူတို့က ဆက်ပြီးတော့ ဆွဲနေတုန်း၊ အခုလည်း မန်ဝိန်းကြီးဘက်မှာ တပ်သားသစ် စုဆောင်းနေတယ်၊ တရွာကို ၁၅ ယောက်ပေး ရမယ်ဆိုပြီးတော့ ဆင့်စာတွေ ပို့ထားတယ်” ဟု ရှမ်းနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ပြောသည်။
ယင်းစာများကို ယခုလ ၄၊ ၇၊ ၉ ရက် ရက်စွဲများဖြင့် ရှမ်းတိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၁၇ ရွာခန့်ကို ပေးပို့ထားသောကြောင့် လတ်တလောတွင် ဒေသခံ လူငယ်များ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
“အစိုးရဘက်ကိုလည်း အကူအညီ တောင်းလို့မရဘူး၊ အခု မံဖွမှာဆိုရင် အစိုးရစစ်တပ်နဲ့ တလှမ်းကျော်ပဲ ဝေးတယ်၊ သွားပြောတဲ့ အခါကျတော့ အထက် အမိန့်မရတော့ ကျနော်တို့ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောလာတယ်” ဟု ဦးစိုင်းဌေးအောင်က ရှင်းပြ သည်။
ဖမ်းဆီးခံရသူ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ကချင် တိုင်းရင်းသား ၁၀ ဦးခန့် ပါဝင်ကြောင်း၊အသက် အရွယ်မှာ ၁၇ နှစ်မှ ၅၅ နှစ် အရွယ်များ ဖြစ်ကြောင်း သိရသည်။ ဒေသခံများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရနှင့် KIA ခေါင်းဆောင်များထံ စာပေးပို့ထားကြောင်း ဦးစိုင်းဌေးအောင်၏ ပြောဆိုချက် အရ သိရသည်။
ဒေသခံများ ပြန်လည် လွတ်မြောက်လာခြင်း မရှိပါက ဒေသခံပြည်သူများ အနေနှင့် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
“လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်၊ ကျနော်တို့မှာ လက်နက်လည်း မရှိဘူး ၊ ဘာမှလည်း မရှိတဲ့ အခါကျတော့ အစိုးရကို အားကိုးလို့ မရရင် လူထုနည်းနဲ့ပဲ ဖြေရှင်းသွားမယ်” ဟု ဦးစိုင်းဌေးအောင်က ပြောသည်။
အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက KIA ခေါင်းဆောင်များကို ဆက်သွယ် မေးမြန်း အတည်ပြုရန် ကြိုးစားရာ အဆက်အသွယ် မရရှိပေ။
KIA မဟာဗျူဟာ လေ့လာရေး ဌာနမှ ဦးဒေါင်ခါးက တိုက်ပွဲများ ဆက်လက် ဖြစ်နေသည့် အတွက် တပ်သားသစ် စုဆောင်းသွားရမည်ဟု ပြောကြားသည်ကို ဘီဘီစီ မြန်မာပိုင်း သတင်း ဖော်ပြချက်အရ သိရသည်။
မြန်မာ အစိုးရနှင့် KIA အကြား ငြိမ်းချမ်းရေး ပြည်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ယခုအချိန် အထိ ဆက်လက် ဆွေးနွေးလျက် ရှိသော်လည်း နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲငယ်များ ယနေ့အချိန် အထိ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများကြောင့် အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ ထွက်ပြေး နေရသည့် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများနှင့် စစ်ဖြစ်ပွားရာ ဒေသအနီးရှိ မြို့ပေါ်များတွင် ယနေ့အချိန်အထိ ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း သိရှိရသည်။ ဒုက္ခသည်များတွင် ကျောင်းသူ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များ၊ ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်ပြီး ၂ ရက် ဆက်တိုက် ဖြစ်ပွားခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း၊ အစိုးရ စစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက်လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်းက ဧရာဝတီသို့ ပြောသည်။
Posted by
Koko Zaw

နေပြည်တော် ဆီးဂိမ်း တရုတ် အဓိက ထောက်ပံ့မှုဖြင့် ဖွင့်လှစ် ....................
ဧရာဝတီ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံ၏ အကူအညီ၊ အထောက်အပံ့များဖြင့် ယနေ့ ညပိုင်းတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရေးအတွက် တရုတ် အကူအညီ များစွာ ရယူခဲ့ပြီး မြန်မာက ရယူထားသော အကူအညီများတွင် ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမား ၂၀၀ ခန့် အတွက် တရုတ်နည်းပြများဖြင့် လေ့ကျင့်ခြင်း၊ ပြိုင်ပွဲများတွင် လိုအပ်မည့် လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းများ ရယူခြင်း၊ ဖွင့်ပွဲပိတ်ပွဲတွင် အသံစနစ် အပါအ၀င် ဆလိုက်မီးများ၊ အပြင်အဆင်များ၊ နည်းပညာများနှင့် အကူအညီများ ရယူခြင်း၊ ဆီးဂိမ်းပြိုင်ပွဲရလဒ်များကို အချိန်မီသတင်း ထုတ်ပြန်ပေးသည့် နည်းစနစ်များ ရယူခြင်း များ ပါဝင်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် အစိုးရတာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာမှ ပြန်လည်ကျင်းပခွင့် ရရှိခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃၆ သန်း ကျော်တန်ဖိုးရှိ အကူအညီများ ထောက်ပံ့ခဲ့ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Yang Houlan က ပြောဆိုခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ အကူအညီနှင့် အထောက်အပံ့များ အဓိက ရယူခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု မည်မျှကြီးမားသည်ကို သိသာစေပြီး မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ခွဲမထွက် နိုင်သေးသည်ကို မြင်သာ ထင်သာရှိစေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “ဘေဂျင်းအိုလံပစ်ကို ဖွင့်ခဲ့တဲ့ အတိုင်းပဲ တရုတ်က ဒီမှာလာလုပ်နေတယ်။ ဖွင့်ပွဲလုပ်မဲ့ အားကစားရုံကြီးကလည်း တရုတ် ဗိသုကာ ပညာရှင်တွေရဲ့ လက်ရာပဲ။ ပြည်တွင်း ကုမ္ပဏီကတာဝန်ယူ ဆောက်တယ်ဆိုပေမယ့် တရုတ်အင်ဂျင်နီယာတွေရဲ့ အကြံဥာဏ်နဲ့ ဆောက်ထားတာ။ ဖွင့်ပွဲပိတ်ပွဲ ကိုလည်း တရုတ်ရဲ့ ကူညီပံပိုးမှုနဲ့ပဲ လုပ်ရတယ်။ အဲလိုလုပ်နိုင်ဖို့ တရုတ်ပညာရှင်တွေ လွန်ခဲ့တဲ့ ၂ လ လောက် ကတည်းက နေပြည်တော်ကို ရောက်နေတာ။ ဒါတွေကို ကြည့်ရင် မြန်မာဟာ တရုတ်သြဇာကနေ မလွတ်သေးဘူးဆိုတာ တွေ့ရတယ်´´ ဟု ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဆိုးရွားစွာကျဆင်းလျက်ရှိသော တရုတ်နိုင်ငံ၏ ပုံရိပ်ကို ပြန်လည်မြင့်တင်ရန် ကြိုးစားသည့်အနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ရွှေးကောက်ပွဲအပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန်နှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် မြန်မာပြည်သူများ လက်ခံလာစေရန် နည်းဗျူဟာပြောင်း၍ အပေးအယူလုပ်နေခြင်းဟု ယုံကြည်ကြောင်း ပြည်တွင်းဂျာနယ်များတွင် နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ စာရေးဆရာ ဇာနည်စိုးထွဋ်က ပြောသည်။
“တရုတ်အလံတောင် မီးရှို့ခံနေရတဲ့အတွက် ပြည်တွင်းမှာ တရုတ်ရဲ့ ပုံရိပ်က လုံးဝမကောင်းဘူး။ မြန်မာကို စီးပွားရေးအရ နယ်ချဲ့ဖို့က အရင်အစိုးရလို ပေါ်တင်လုပ်လို့ မရတော့ဘူး။ Hard Power (အမာပုံစံ) ၀င်လို့ မရတော့တဲ့အတွက် လူမှုရေးလုပ်ငန်းတွေနဲ့ ပြန်ဝင်လာတယ်။ ဆေးရုံဆောက်ပေးမယ်။ ကန်ထရိုက်ကို တရုတ်ကယူမယ်။ပြီးရင် တရုတ်ဆေး ပဲသွင်းမယ်ဆိုရင်တော့ သူတို့ဗျူဟာက အောင်မြင်မှာ မဟုတ်ဘူး”ဟု ဇာနည်စိုးထွဋ်က ဆိုသည်။
စစ်အစိုးရလက်ထက်တွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသည် တရုတ်ရင်ခွင်ထဲသို့ ရောက်ရှိသွားခဲ့ပြီး ယနေ့အချိန်ထိ ရုန်းမထွက်နိုင်သေးသေးကြောင်း၊ ဦးသိန်းစိန်အစိုးရအနေဖြင့် တရုတ်အားထားနေရမှုကို ပြန်လည်သုံးသပ်သင့်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်အမတ် ဦးသိန်းဆွေက ဧရာဝတီသို့ ပြောသည်။
“ တရုတ်က သူ့အကျိုးစီးပွားအတွက် နိုင်ငံတိုင်းကို အကူအညီပေးနေတာ။ ဘယ်နိုင်ငံမှ သူ့အကျိုးစီးပွားမပါဘဲ တခြားနိုင်ငံတွေကို အလကား မကူညီဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ရေရှည်အတွက် အမြင်ကျယ်ကျယ်နဲ့ လေ့လာ ဆန်းစစ်ဖို့ လိုပြီ”ဟု ဦးသိန်းဆွေက ဆိုသည်။
တိုင်းပြည်ဂုဏ်သိက္ခာ မြင့်တင်နိုင်ရန် တရုတ်နိုင်ငံ၏ အကူအညီများစွာ ရယူနေသော်လည်း ဆီးဂိမ်းဖွင့်ပွဲတွင် ပြည်သူများ ပါဝင်ဆင်နွှဲခွင့် နည်းပါးကြောင်း ဝေဖန်မှုများ ရှိနေသည်။

နိုင်ငံရေး အကျဉ်းသား ၄၀ ကျော် လွှတ်ပေး ..................
လင်းသန့်၊ သူဇာ
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်းမှ နိုင်ငံရေး အကျဉ်သား ၄၁ ဦး နှင့် အသက်မပြည့်သေးသည့် ကလေး စစ်သား ၃ ဦးတို့သည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
“ကျနော်တို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောတူထားတဲ့ ၄၁ ယောက် ဒီကနေ့ ပြန်လွတ်လာတာပါ။ ကျန်တဲ့ ၃ ဦးက ကလေးစစ်သားဟောင်းတွေလို့ သိရတယ်” ဟု နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီဝင် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
သူက ဆက်လက်ပြီး “ဒါပေမယ့် အခြား ၃ ယောက်ကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုမထားပါဘူး။ ကျနော်တို့ ကော်မတီနဲ့ အဲဒီ ၃ ဦးကိစ္စ ကြိုတိုင်ပင်ထားတာလည်း မရှိပါ” ဟု ပြောသည်။
ဒီဇင်ဘာ ၇ ရက်နေ့က နောက်ဆုံးကျင်းပခဲ့သော သမ္မတရုံး ၀န်ကြီး ဦးစိုးသိမ်း ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ၏ အစည်းအဝေးတွင် အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံရေး အကျဉ်းသားများအား ကူညီပေးနေသည့် အဖွဲ့များက ကိုယ်စားလှယ် ကော်မတီဝင်များက အပြန်အလှန် ညှိနှိုင်းပြီး ၄၁ ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးရန် သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ လွတ်မြောက်လာသူများမှာ အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ဒီငြိမ်းလင်း အပါအ၀င် ၁၁ ဦး၊ ပဲခူး အကျဉ်းထောင်မှ ဦးဝင်းချို အပါအ၀င် ၆ ဦး၊ ကော့သောင်း အကျဉ်းထောင်မှ ၄ ဦး၊ ပုသိမ် အကျဉ်းထောင်မှ ၂ ဦး၊ သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး၊ ဘာအံ အကျဉ်းထောင်မှ ၁ ဦး၊ တောင်ငူ အကျဉ်းထောင်မှ ၁ ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ၁ ဦး၊ မန္တလေး အကျဉ်းထောင်မှ ၁ ဦး၊ တောင်ကြီး အကျဉ်းထောင်မှ ၁ ဦး၊ ဘူးသီးတောင် အကျဉ်း ထောင်မှ ၁ ဦး၊ သထုံ အကျဉ်းထောင်မှ ၁၀ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့က တင်ပြလိုက်သည့် စာရင်းထဲတွင် ထည့်ထားသော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြမှုဖြင့် တရားရင်ဆိုင်နေရသည့် ကိုအောင်မင်းနိုင်နှင့် ကိုရန်နိုင်ထွန်းတို့ မပါဝင်သေးကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို ယနေ့ ထပ်မံ လွှတ်ပေးလိုက်သော်လည်း အကျဉ်းထောင်များတွင် လက်ကျန် ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၄၄ ဦးကျန်ရှိနေသေးပြီး ပုဒ်မ ၁၈ ကဲ့သို့ တရားစွဲဆိုမှုများဖြင့် အမှုရင်ဆိုင်နေရဆဲ ၂၀၀ ခန့် ရှိနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။
လွတ်မြောက်လာသူများ အထဲတွင် ပါဝင်သည့် လယ်သမားအရေး လိုက်ပါကူညီပေးနေသူ ဦးဝင်းချိုက “ဒီနေ့ ဆီးဂိမ်းကြောင့်ပဲ လွှတ်လွှတ်၊ ဘာကြောင့်ပဲ လွှတ်လွှတ် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်တယ်လို့ မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သမ္မတက လွှတ်ပေးလိုက်၊ သမ္မတ တပည့်တွေက ပြန်ဖမ်းလိုက်နဲ့ သံသရာလည်နေလို့ပါ အခုလည်း ကျနော် ပြောပြချင်တာက သမ္မတကိုလည်း ကျေးဇူး မတင်ချင်တော့ပါဘူး။ ပြည်ထဲရေးက သူတွေရော၊ ရဲတွေကိုရော မမုန်းချင်တော့ပါဘူး။ သမ္မတကလည်း လွှတ်မြဲအတိုင်း လွှတ်၊ ပြည်ထဲရေးကလည်း ဖမ်းမြဲအတိုင်း ဖမ်း၊ ကျနော်တို့ကလည်း လုပ်မြဲအတိုင်း လုပ်နေမှာပါလို့ပဲ ပြောပြချင်ပါတယ်” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ၆၉ ဦး လွှတ်ပေးခဲ့ပြီး ယခုနှစ်ကုန် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု အနောက်နိုင်ငံ ခရီးစဉ်များအတွင်း ကတိပေး ပြောဆိုခဲ့သည်။
“ကျနော့်အနေနဲ့ ကျနော် ကတိပေးထားတဲ့အတိုင်း ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ မကျန်ရှိစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း မိဘပြည်သူများကို အသိပေး ပြောကြားလိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ယခုနှစ် သြဂုတ်လ ၁ ရက်နေ့ ရေဒီယိုမိန့်ခွန်းတွင် လူသိရှင်ကြား ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ ထိုကဲ့သို့ ကတိပေးစကား ပြောဆိုခဲ့သေးသော်လည်း ယခု နှစ်ကုန်တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိစေရဟူသည်မှာ ခက်ခဲနေသေးကြောင်း ဦးဘိုကြည်က ဆိုသည်။
“ဖြစ်နိုင်ဖို့ ခက်ပါတယ်။ နိုင်/ကျဉ်း ကုန်စေချင်ရင်တော့ အမူရင်ဆိုင်ဆဲ သူတွေကိုပါ လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသား စိစစ်ရေး ကော်မတီ အစည်းအဝေးများတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရင်ဆိုင်နေရသည့် ပုဒ်မ ၁၈ စသည့် ကိစ္စများကိုလည်း ဆွေးနွေးပြောဆိုမှုများ ရှိကြောင်း၊ တရားရင်ဆိုင် နေရဆဲသူများကိုလည်း ပြန်လွှတ်ပေးရန် ဆွေးနွေးမှုများ ရှိသည်ဟုလည်း သိရသည်။
ထို့အပြင် ရှမ်းပြည် တပ်မတော် RCSS/SSA ၏ တပ်မဟာ (၂၄၁) တပ်မှူး ဒု ဗိုလ်မှူးကြီး ခွန်ကျော် ခေါ် သံချောင်းအား နိုင်ငံရေးအကျဉ်းသား အဖြစ် သတ်မှတ်ရေး ကော်မတီအဖွဲ့အတွင်း သဘောထား ကွဲလွဲနေကြောင်းလည်း စုံစမ်းသိရှိရသည်။
၎င်းသည် တချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) ၌ ဖြစ်ပွားခဲ့သော ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားများ သတ်ဖြတ်မှု ကိစ္စတွင် အဓိက တာဝန်ရှိသူတဦးအဖြစ် မြောက်ပိုင်းပြန် ကျောင်းသား တပ်မတော်သားဟောင်းများက ပြောဆိုထားကြသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီး ညီလာခံ (World Innovation Summit for Health) သို့ တက်ရောက်နေသည့် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရန် လိုအပ်နေကြောင်း ယမန်နေ့က ပြောဆိုသည်။