This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 18, 2013

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ထိခိုက်သွားသောဘ၀များ ...................



Sunday, November 17, 2013

ရေးသားသူ- အောင်သစ်လွင်၊ ဇွဲမာန်၊ အေးမြတ်သူ၊ ရှင်းရှင်း

ကမ္ဘာကျော်နယူးယောက်တိုင်း(မ်)သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာဟောင်းဂျွန်က သူ ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်တွင် အံ့အားအသင့်ဆုံးက ဘာလဲဟုမေးသောအခါ ယာဉ်ကြောပိတ်ဆို့မှုပြဿနာဟု ပြောပါသည်။

ကမ္ဘာ့နိုင်ငံများစွာသို့ လှည့်လည်နေသော သူ့အတွက် မြန်မာကဲ့သို့ စီးပွားရေးမဖွံ့ဖြိုးသောနိုင်ငံငယ်တွင် ရန်ကုန်မြို့လူထုမှာ ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုကြား မည်သို့နေ့စဉ်လုပ်ငန်းများ လုပ်ကိုင်နေကြသနည်းဟု သူအံ့သြစွာ မေးခွန်းပြန်ထုတ်သည်။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးဦးဆုံးအကြိမ် ယာဉ်အိုယာဉ်ဟောင်းများအပ်နှံပြီး အစားထိုးတင်သွင်းစနစ်နှင့် လွတ်လပ်စွာ မော်တော်ယာဉ်တင်သွင်းခွင့်ပြုလိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ၂ နှစ်အတွင်း အဆိုးရွားဆုံးဖြစ်လာသည်။ ထိုပြဿနာ၏ နောက်ဆက်တွဲအဖြစ် မြို့တွင်းခရီးသည်တင်ဘတ်စ်ကားယာဉ်မောင်းများ၊ အငှားယာဉ်မောင်းများအပြင် အိမ်စီးကားမောင်းနှင်သူများသာမက မိမိတို့ ဘ၀ရပ်တည်မှုအခြေအနေအရ ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာနေရသည့် အလွှာအသီးသီးမှ လူတန်းစားပေါင်းစုံမှာ ယင်းပြဿနာကို နိစ္စဓူဝရင်ဆိုင်နေရသည်။

“အရင်တုန်းက တစ်နေ့ကို အုံနာခပေးပြီး တစ်သောင်းလောက် သာသာယာယာရှာလို့ရတယ်။ အခုက မရတော့ဘူး။ လမ်းပေါ်မှာတင် အချိန်တွေကုန်နေတာ”ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းကိုကျော်ဦးက ပြောသည်။

လွတ်လပ်စွာ ယာဉ်တင်သွင်းခွင့်ပြုပြီးနောက်ပိုင်း တက္ကစီယာဉ်အစီးရေမှာလည်း ရန်ကုန်မြို့လမ်းမများထက်တွင် ပိုမိုများပြားလာကာ ယာဉ်မောင်းများ၏ နေ့စဉ်တစ်ဦးချင်း ၀င်ငွေကိုလည်း ထိခိုက်လာပြီး မိသားစုစားဝတ်နေရေးအပေါ် ဆိုးရွားစွာသက်ရောက်ခဲ့ကြောင်း ခရီးသည်တင်ဘတ်စ်ကား ယာဉ်မောင်းများနှင့် တက္ကစီယာဉ်မောင်းများက ပြောသည်။

“ဟိုတုန်းက တစ်နေ့ကို ပုံမှန်ငါးကြောင်းလောက်မောင်းရပြီး အုံနာအတွက် ပိုက်ဆံပိုရှာနိုင်တော့ ကားပိုင်သူဌေးက ကြည်ဖြူတယ်။ အခုနောက်ပိုင်း သုံးကြောင်းလောက်ပဲဆွဲနိုင်တော့ အုံနာကိုအပ်တဲ့ ပိုက်ဆံနည်းသွားလို့ အရင်လို မကြည်ဖြူတော့တဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေဘူး”ဟု ဒညင်းကုန်းလမ်းဆုံနှင့် ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲသည့် ၂၀၂ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုသက်ဦးကပြောသည်။

ကိုသက်ဦးသည် ယာဉ်နောက်လိုက်အတွေ့အကြုံ ရှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ သူ၏လုပ်သက်တစ်လျှောက်လုံး ကားပိုင်ရှင်သူဌေးနှင့် အပေးအယူမျှကာ မိသားစုသဖွယ် ဆက်ဆံရေးရှိခဲ့သည်။ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် နေ့စဉ်ပုံမှန်ပြေးဆွဲရသည့် အုံနာခမအပ်နိုင်သည့်အခါ သူ၏ယာဉ်နောက်လိုက်အလုပ်ကိုပင် စွန့်ခွာချင်ပြီဟု ကိုသက်ဦးကပြောသည်။ “ကားသမားအလုပ်က ထောင်နှုတ်ခမ်းကိုနင်းပြီး လုပ်နေရတာ။ ပုံမှန်ဝင်ငွေရနေပြီး ဒီအလုပ်ကို သံယောဇဉ်ဖြစ်နေပေမယ့် အုံနာကတစ်မျိုး၊ ပိုက်ဆံရတာနည်းလို့ မိန်းမက မကြည်ဖြူတာတစ်မျိုးနဲ့ နေ့တိုင်းစိတ်ညစ်ရတယ်။ လမ်းပေါ်က အခြေအနေတွေကို သူတို့သိတာမဟုတ်ဘူး”ဟု လက်ထဲမှ ယာဉ်စီးခငွေစက္ကူအရွယ်စုံကို ရေတွက်ရင်းပြောသည်။

ရန်ကုန်မြို့တွင်း အရေးကိစ္စမျိုးစုံကြောင့် နိစ္စဓူဝသွားလာနေသည့် ဘတ်စ်ကားအသုံးပြုသူ ခရီးသည်အရေအတွက်မှာ ၂ ဒသမ ၄ သန်းခန့်ရှိပြီး သွားလာရေးအတွက် နေ့စဉ်အသုံးပြုနေသည့် ဘတ်စ်ကားအရေအတွက်မှာ ၄၃၀၀ သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်းသိန်းရေးကြီးကြပ်မှု ဗဟိုကော်မတီက စာရင်းထုတ်ပြန်ထားသည်။

ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပေါ်နေသည့် ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် ယခုအခါ ကားအစီးရေ သုံးသိန်းနှစ်သောင်းကျော် နေ့စဉ်အသုံးပြုနေသည်။ အဆိုပါ ယာဉ်များအနက်မှ မြို့တွင်းသွားလာရေးအတွက် ခရီးသည်တင်ဘတ်စ်ကားအဖြစ် အသုံးပြုနေသော ယာဉ်အရေအတွက်မှာ ၄၃၀၀ ကျော်၊ တက္ကစီစီးရေ လေးသောင်းကျော်ရှိသည်။ ထိုကြောင့် အများစုမှာ အိမ်သုံးကားများနှင့် လုပ်ငန်းသုံးကားများ ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တွင် လမ်းအချိုးအစားနှင့် သွားလာနေသည့် ကားအရေအတွက်မှာ အချိုးအစားမမျှတကြောင်း မြို့ပြအင်ဂျင်နီယာ ပညာရှင်ဒေါက်တာကျော်လတ်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် လိုရာခရီးနှောင့်နှေးရသည့် အကျိုးဆက်ကို အခြေခံလူတန်းစား အလုပ်သမားများအပြင် မြို့ပြင်တွင် တည်ထားသည့် တက္ကသိုလ်များသို့ သွားလာနေရသော ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

“အိမ်ကနေ ရုံးကိုလာတာ ကားပေါ်မှာတင် တိုင်ပတ်နေတယ်။ တက္ကစီငှားစီးဖို့လည်း ပိုက်ဆံမတတ်နိုင်ဘူး။ ရုံးနောက်ကျရင်လည်း လစာက အဖြတ်ခံရဦးမယ်။ ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတော့ဘူး”ဟု ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောသည်။

“ကျောင်းကို အရင်က ၄၅ မိနစ်လောက် ကားစီးရပြီး အခု တစ်နာရီခွဲလောက်စီးမှ ရောက်တယ်။ ရုံးချိန်မီဖို့ အစောကြီးထပြီး ကားစီးရတဲ့အတွက် မိသားစုကိုတောင် အချိန်မပေးနိုင် ဖြစ်နေပြီ”ဟု ဒဂုံတောင်ပိုင်းမြို့နယ် စိတ်ကျန်းမာရေးဆေးရုံအနီးတွင် ဖွင့်လှစ်ထားသည့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ သွားရောက်ရသည့် မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကထိကဆရာမကပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မှ စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)သို့ ဖယ်ရီဖြင့် ယခင်က ၄၅ မိနစ်ခန့်စီးလျှင် ရောက်နိုင်သော်လည်း ယခုအခါ ကားပေါ်တွင် တစ်နာရီခွဲခန့် အချိန်ဖြုန်းပြီးမှသာ ရောက်တော့ကြောင်း စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မဖြိုးသော်တာကပြောသည်။

“လမ်းပန်းဆက်သွယ်ရေး၊ ဒါမှမဟုတ် ပညာရေးဆိုတာတွေကို အစိုးရတာဝန်ရှိသူတွေ ဘယ်လိုစီမံကိန်းချတယ်ဆိုတာ ကျွန်မတို့မသိဘူး။ ဒါပေမဲ့ ကျောင်းသူ၊ ကျောင်းသားတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကိုတော့ အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေချင်တယ်။ ဒါဟာ ကျွန်မတို့အတွက် အရမ်းအရေးကြီးပါတယ်”ဟု မဖြိုးသော်တာက သူ၏လိုလားချက်ကိုပြောသည်။

မြို့ပြင်တွင် တည်ဆောက်ထားသော တက္ကသိုလ်များဆီသို့ သွားရောက်ကြသည့် ကျောင်းသားအများစုမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မိမိတို့စာသင်ခန်းသို့မရောက်မီ ကားပေါ်တွင် အချိန်ကုန်လူပင်ပန်းဖြစ်ကာ မိမိသင်ကြားမည့် ဘာသာရပ်အပေါ်တွင် အာရုံစူးစိုက်နိုင်မှုနည်းပါးသွားကြောင်း ဒဂုံတက္ကသိုလ် ပထမနှစ်ကျောင်းသား ကျော်ထက်အောင်ကပြောသည်။

“အိမ်ကထွက်ပြီး ကျောင်းရောက်တဲ့အချိန် လမ်းမှာကားပိတ်တာနဲ့ အနည်းဆုံးတော့ စာသင်ချိန်နှစ်ချိန်လောက် လွတ်သွားတယ်။ အဲဒီတော့ စာသင်ချင်စိတ်မရရှိတော့ဘဲ ကျောင်းကိုရောက်ပေမယ့် အပြင်မှာပဲနေတာများတယ်”ဟု ကျော်ထက်အောင်ကပြောသည်။

ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုရှိ မြို့ကြီးများတွင် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို သက်ဆိုင်ရာနိုင်ငံအစိုးရများက မြေအောက်ရထား၊ ကောင်းကင်ရထားစနစ်နှင့် ဘီအာရ်တီကဲ့သို့သော အဆင့်မြင့်သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြု၍ ဖြေရှင်းလေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ယခုအချိန်မှသာ ဘီအာရ်တီစနစ်ကို စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

လက်ရှိအစိုးရအဖွဲ့အစည်းအနေဖြင့် ဘီအာရ်တီစနစ်ကို မဖော်ဆောင်မီကာလတွင် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်မည်ဟုဆိုသော ခုံးကျော်တံတားစီမံကိန်းသုံးခုကို အမြန်ဆုံးတည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ခုံးတံတားသုံးစင်းအနက် နှစ်စင်းမှာ စတင်အသက်ဝင်နေပြီ ဖြစ်သည်။ သို့သော် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်မစွမ်းနိုင်သေးပေ။ ဘတ်ဂျက်အခြေအနေပေါ်မူတည်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ခုံးကျော်တံတားများ တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်ကပြောသည်။

“အစိုးရအဖွဲ့အနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကို လတ်တလောဖြေရှင်းနိုင်ဖို့ မြို့တွင်းယာဉ်မရပ်ရဇုန်တွေသတ်မှတ်ပြီး စည်းကမ်းမဲ့ရပ်ထားတဲ့ ယာဉ်တွေကို ကရိန်းတွေနဲ့ဆွဲပြီး အရေးယူတာမျိုးတွေ လုပ်နေရတယ်”ဟု ၀န်ကြီးဦးအောင်ခင်ကပြောသည်။ တက္ကစီအငှားယာဉ်များမှာလည်း ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် နေ့စဉ်သွားလာနေပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၏ နောက်ဆက်တွဲပြဿနာများကို ကြုံတွေ့နေသည်။

“အခု ဘယ်နေရာမှာပဲဖြစ်ဖြစ် လမ်းတွေကျပ်နေတယ်။ ချောင်ကြိုချောင်ကြားကအစ ကျပ်တယ်။ ကားတွေကျပ်တော့ အုံနာနဲ့ မောင်းတဲ့ယာဉ်မောင်းတွေဆိုရင် အလုပ်ချိန်တွေ ပြောင်းလာကြတယ်။ မနက်အစောကြီးထဆွဲ နေ့လယ်ပိုင်းခဏနားပြီး ညဘက်တစ်ညလုံး ပြန်ဆွဲတယ်”ဟု တက္ကစီယာဉ်မောင်းကိုဌေးလွင်ကပြောသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ပြဿနာကြီးမားရခြင်းမှာ လမ်းတံတားကဲ့သို့ အခြေခံအဆောက်အအုံများ မလုံလောက်ခြင်းအပြင် လူအများစု၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ ၂၀၂ မထသ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။

“ကားတစ်စီးကို သိန်းရာနဲ့ချီပြီးတော့ ရင်းနှီးမြှုပ်နှံထားပေမယ့် အရင်လို ပိုက်ဆံမရတော့ဘူး။ လမ်းတွေပိတ်ဆို့ပြီး ယာဉ်တိုက်မှုမကြာခဏဖြစ်လို့ ရှင်းနေရတာနဲ့တင် ကားလောကကို စိတ်ကုန်နေပြီ။ ဒါပေမဲ့ ဘ၀ကိုရပ်တည်နေရတဲ့ အလုပ်သမားတွေက ရှိနေသေးတော့ ရသလောက် ကြိုးစားပြီးတော့ လုပ်နေဦးမယ်”ဟု အဆိုပါယာဉ်ပိုင်ရှင်ကပြောသည်။

ထို့အပြင် ရုံးဆင်း၊ ရုံးတက်အချိန်များ၌ လူစည်ကားရာနေရာများတွင် ရောင်းချနေသည့် လမ်းဘေးဈေးသည်များကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ယင်းပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးစေချင်ကြောင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အချို့ကဆိုသည်။

ခရီးသည်နှင့် မော်တော်ကားအစီးရေ မမျှမတဖြစ်နေသည့်အပြင် တွေ့ကြုံနေရသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရအနေဖြင့် ဖြေရှင်းမည်ဆိုပါက ယာဉ်လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းထက် မြို့ပတ်ရထားလမ်းများ တိုးချဲ့ကာ တစ်နေရာမှတစ်နေရာသို့ မီးရထားဖြင့် လွယ်ကူစွာသွားလာနိုင်ရေးကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း ယာဉ်မောင်းသက်တမ်း နှစ်လေးဆယ်ခန့် အတွေ့အကြုံရှိသော တက္ကစီယာဉ်မောင်းတစ်ဦးက အကြံပြုသည်။

လွန်ခဲ့သောမတ်လက အမေရိကန်နိုင်ငံသို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့သော ကိုအောင်ဇော်မင်းမှာ နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုမှာ အမေရိကသို့မသွားမီ အခြေအနေနှင့် လွန်စွာကွာခြားသွားကြောင်း အံ့သြစွာပြောကြားသည်။

“လမ်းတွေပေါ်မှာ ကားတွေပိုကျပ်လာတယ်။ ကားတွေက ပိုကောင်းလာပြီး တက္ကစီတွေက ပိုများလာတယ်။ လမ်းတွေကတော့ အရင်လိုပဲ မကောင်းသေးဘူး”ဟု ခုနစ်လတာကင်းကွာခဲ့သော ရန်ကုန်မြို့၏ အခြေအနေကို ကိုအောင်ဇော်မင်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့ခြင်းပြဿနာမှာ သွယ်ဝိုက်သောနည်းလမ်းများဖြင့် မိမိတို့၏စားဝတ်နေရေးနှင့် မိသားစုဆက်ဆံရေးများအပေါ် ဆိုးရွားစွာလွှမ်းမိုးမှုများရှိနေကြောင်း ဒလမှ ရန်ကုန်သို့ နေ့စဉ်ပုံမှန် အလုပ်လုပ်ကိုင်ရန်လာသော နေ့စားအလုပ်သမားများကဆိုသည်။

“အလုပ်က ၈ နာရီဆိုရင် အရင်ကပုံမှန် ၇ နာရီလောက် အိမ်ကစောထွက်ရင်ရတယ်။ အခုအလုပ်ကို ၈ နာရီရောက်ဖို့ကို အိမ်ကနေ မနက် ၅ နာရီကျော်လောက်ကတည်းက ထရတယ်။ ပြန်ရောက်တော့လည်း ည ၁၁ နာရီလောက်မှဆိုတော့ အိမ်က ကလေးတွေက အဖေကိုတောင် မခင်တွယ်တော့ဘူး။ ဒီကြားထဲ မိသားစုများပြီး အလုပ်ကလည်းပါးတော့ ဘာမှကိုအဆင်မပြေပါဘူး”ဟု ဒလမှ နေ့စားဆောက်လုပ်ရေးအလုပ်သမား ကိုဝလုံးကပြောသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုနှင့် ပွင့်လင်းလာသည့်အခြေအနေများကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသည် အ၀င်အထွက်ပိုမိုများပြားလာသည်။

နေ့စဉ်ဝင်ငွေနည်းပါးလာသည့် အခြေအနေများကြောင့် အချို့တက္ကစီယာဉ်မောင်းများမှာ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်များအပေါ် ယာဉ်စီးခများ ပုံမှန်ထက် ပိုမိုတိုးတောင်းလာခြင်းမျိုး တွေ့ကြုံလာရကြောင်း ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုဇော်ဘုန်းလင်းကပြောသည်။

“ကားသမားတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ကားက ဆွဲမကောင်းတော့ နယ်မြေကျွမ်းကျင်မှုမရှိတဲ့ နိုင်ငံခြားသားခရီးသည်တွေအပေါ် အခုလို ပိုက်ဆံပိုတောင်းတာ။ ဒါပေမဲ့ တိုးရစ်တွေက လေယာဉ်ပေါ်ကဆင်းတာနဲ့ သူတို့နဲ့ အရင်တွေ့ရမှာ။ နိုင်ငံရဲ့ပုံရိပ်အတွက် မကောင်းဘူး”ဟု ကိုဇော်ဘုန်းလင်းကပြောသည်။

နိုင်ငံအများစုတွင် ကျင့်သုံးလာကြသည့် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ၎င်းတို့နိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ (GDP)ဖြင့် မတိုင်းတာဘဲ နိုင်ငံသားတစ်ဦးချင်းစီပျော်ရွှင်မှု (GNH)ဖြင့် တိုင်းတာလိုသည်ဟု ဘူတန်နိုင်ငံဘုရင်က ကမ္ဘာ့ကုလသမဂ္ဂသို့ ၂၀၁၃ တွင် တောင်းဆိုအသိပေး ကျင့်သုံးနေပြီဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက လက်ခံခဲ့သည့် ဘူတန်နိုင်ငံ၏ အဆိုပါတောင်းဆိုချက်အတိုင်း မြန်မာနိုင်ငံတွင် ကျင့်သုံးမည်ဆိုပါက ရန်ကုန်မြို့တွင်း နေရာပေါင်းများစွာသို့ နိစ္စဓူဝသွားလာနေကြရသည့် ပြည်သူများ ရင်ဆိုင်နေရသော ယာဉ်ကြောပိတ်ဆို့မှုကြောင့် GNH ဖြင့် တိုင်းတာလျှင် အဆင့်နောက်နားရောက်နေပါလိမ့်မည်။ ။

7Day News Journal

Thit Htoo Lwin - Feature

မေမြတ်မွန် နဲ့ ဟန်းနီးမွန်းခရီး

Sunday, November 17, 2013



 
ပြီးခဲ့တဲ့ရက်ပိုင်း Facebook မှာ မိတ်ဆွေအရဆုံးမြန်မာအမျိုးသမီးဟာ မေမြတ်မွန် ဖြစ်ဖွယ် ရှိပါတယ်။


သူ့ရဲ့ အွန်လိုင်း သီချင်းရုပ်သံတွေကြောင့် သူနဲ့မိတ်ဆွေဖြစ်လိုသူ အများအပြား ပေါ်လာသလို သူ့ကို ခပ်စပ်စပ်ဝေဖန်လိုသူလည်း အများအပြား ပေါ်ပေါက်နေပါတယ်။

သူငယ်ချင်း ငါးထောင်  (၄၉၉၉ ဦး) ပြည့်သွားသလို

မေမြတ်မွန်ချစ်သူများ လို့ အမည်ရတဲ့ ဖေ့ဘုတ်စာမျက်နှာကလည်း like လုပ်သူ ငါးထောင် ကျော်နေပါပြီ။
ဆိုခဲ့သလိုပဲ ရက်အနည်းငယ်အတွင်း သူ့ Facebook ပေါ်မှာ မိတ်ဖြစ်ဆွေဖြစ်ကြိုးပမ်းမှုအများအပြားရှိတာကိုတော့ သိသိသာသာ တွေ့ခဲ့ရတာပါ။ သူက အားလုံးကို မိတ်ဆွေအဖြစ် လက်ခံဖို့ အခက်အခဲ ရှိကြောင်း အွန်လိုင်းကနေ အခုလို ရေးထားပါတယ် -

All my friends from all over the world, Don't be upset if I can not accept your friend request anymore because of the limit of Facebook...I don't have my own facebook page as well. However, you all can send me message and you all can look at my profile without any privacy. Feel free to listen to my funny music videos and feel free to talk to me....at any time..I will be always close to all my friends. Love you all ..Really! Music is my life. Love is my choice and Hate is the one I avoid.
Peace!
May Myat Mon.


အကျဉ်းချုပ် ဘာသာပြန်ရရင်... အားလုံးကို Facebook မှာ မိတ်ဆွေလက်ခံဖို့  မဖြစ်နိုင်ဘူး၊  လက်မခံနိုင်တဲ့အတွက် စိတ်မပျက်ကြပါနဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေများ လို့ ဆိုပါတယ်။

သူ့ဆီကို စာရေးနိုင်ပါတယ်၊  သူ့ Facebook ထဲက အချက်အလက်တွေကို ဖွင့်ကြည့်နိုင်တယ်၊  သူ့ရဲ့ အူကြောင်ကြောင်သီချင်းရုပ်သံများ (funny music videos) ကို နားထောင်ခွင့်ပြုပါတယ် တဲ့။

ပြီးတော့ Music is my life. Love is my choice and Hate is the one I avoid. လို့ ကာရန်နဘေတွေ  ဘာတွေနဲ့ ရေးထားတာ တွေ့ရမှာပါ။
ဂီတက ကျမဘဝဖြစ်သည်
အချစ်ကိုပဲ ကျမရွေးလိုက်ပြီ
အမုန်းကိုတော့ ရှောင်လိုက်ပါမည် တဲ့။

မင်္ဂလာဆောင်အသွားလမ်းမှာ စက္ကန့်သုံးဆယ်လောက် ရုပ်သံရိုက်ပြီး အွန်လိုင်း တင်လိုက်ပါသေးတယ်။ ရုပ်သံထဲမှာ သူ့ရဲ့မောင်၊  ယောင်းမတို့နဲ့ မိတ်ဆက်ပေးထားတာပါ။

ဒီကနေ့တော့ ဟန်းနီးမွန်းထွက်တယ် ဆိုပြီး My honeymoon....at Manly Beach လို့ ရေးပြန်ပါတယ်။ သူ့အမျိုးသားလား ... အင်း.... သူ့ facebook မှာ သူ့အမျိုးသားပုံ တွေ့ရမှာပါ။

လက်ထပ်အပြီးဟန်းနီးမွန်းခရီးဟာ လေထန်မှုနဲ့ ကြုံရတဲ့အတွက် ကမ်းခြေမှာ ရေကူးလို့ မဖြစ်နိုင်ဘူး တဲ့။

ရက်ပိုင်းအတွင်း အွန်လိုင်းမှာ အထင်ကရဖြစ်နေတဲ့၊ အများစိတ်ဝင်စားတဲ့သူက သူတယောက်ပဲ ရှိဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့လည်း စိတ်ဝင်စားနေကြမယ်၊ သူကလည်း သူ့အလုပ်တွေ သူ ဆက်လုပ်သွားဖွယ်ရှိမယ်လို့ ယူဆရပါတယ်။



မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွင်း တိုက်ပွဲဝင်ခဲ့သော အဘိုး သခင်းလေးသောင်ကို တွေ့ပါပြီ

88 Generation & New Generation Society-Malaysia's photo.

ကျွန်ုပ်တို့  တိုင်းပြည်ရဲ့ သခင်တွေ အသက်က ၉၀ ကျော် လမ်းမ ပေါ်မှာ
ပိုက်ဆံတောင်းစားနေရကြရှာတယ်။
ပြောတော့ စစ်မှု့ ထမ်းဟောင်းတွေအတွက် ဘယ်လောက် ရာခိုင် နှုန်း
အစိုးရက ထောက်ပံ့ပေးနေတယ်ဆိုတာ ဘယ်ခွေးသူတောင်းစားတွေ
ပြောနေကြသလဲ။



အသက်တွေ မ သေလို့ ကျန်ခဲ့တဲ့သခင် တွေကျတော့ လက် ရှိဗိုလ်ချူပ်
တွေ အိမ်က အိမ်ဖော် တစ်ယောက်လောက်တောင် ခံစားခွင့် မရှိကြဘူး
အိမ်ဖော်နှင့်သခင် ခိုင်းနှိုင်းခြင်းမဟုတ်ပါ။
အိမ်စောင့် အစိုးရ တက်လာချိန်မှာ အစ ပထမ တော့ အနည်းအကျဉ်း
ထောက်ပံ့တယ်။ နောက်တော့ လိုက်လံဖမ်းဆီးတယ်။
သခင် လေးသောင် ဆို တောခိုသွားရရှာတယ်။
မထင် မရှား ဇာတ်မြှပ် နေခဲ့ကြတာ သူတို့ မိသားစု စားဝတ် နေ ရေးအတွက်
ဘယ်သူကို မှ အပူမကပ်ပဲ အသက် ၉၄ နှစ် တန်ပေမယ့်
လမ်းမ ပေါ်ပိုက်ဆံ ထွက်တောင်းနေရရှာတယ်။
အခုလို ပဲခူးက သခင် လှမြိုင် အ ကြောင်း ကြားသိလိုက် ရလို့ 
သခင် တွေကို သခင်လိုပဲ မြင်ချင်တဲ့ ကျွန်တော် ဆန္ဒ တစ်ခု ပြည့်ဝ လို့ 
အရမ်းဝမ်းသာရပါတယ်ဗျာ။
ကျွန်တော်ကြိုးစားပေးနေတာ တစ်နှစ်ကျော်ခဲ့ပါပြီ။ အဘ သခင် လေးသောင် ကိုလည်း
သခင် လို့ အသိမှတ်ပြုပေးကြပါအုံးလို့ မေတ္တာ ရပ် ခံ တင် ပြရင်း
ဓာတ်ပုံ များကို တင်ပြ လိုက် ရပါတယ်။
သခင် လှကြိုင် နဲ့ ကွဲကွာသွားကြတာ နှစ် ပေါင်းများစွာ ရှိခဲ့ပြီမို့ သခင် လှကြိုင်
အသက် ရှင် လျက် ရှိနေ သေးကြောင်းကြားသိရသည့် အတွက် အရမ်းဝမ်းသာ
၍ တွေ့ဆုံလိုပါ ကြောင်း ပြောလာပါသည်။

Sunday, November 17, 2013

ကာဗာကို ပိတ်လိုက်တာနဲ့ Screen ကို Auto Off လုပ်ပေးပါတယ်.... (စက်ရုပ်အတွက်ပါ..)

Auto Screen On-Off Apk
မိမိဖုန်းကို ဖုန်း ကာဗာ အဖုန်းလေးနဲ့ သုံးတဲ့ User တွေ အတွက် အလွန်အသုံး ၀င်ပါတယ်.. ဖုန်း ကာဗာကို ဖွင့်လိုက်တာနဲ့ Screen ကို Auto On ပေးပါတယ်.. ဖုန်း ကာဗာကို ပိတ်လိုက်တာနဲ့ Screen ကို Auto Off လုပ်ပေးပါတယ်.... (စက်ရုပ်အတွက်ပါ..)
Upload By Happy Mobile Centre မုံရွာမြို့

https://www.dropbox.com/s/fdb3uf9ijyvj4q9/Smart%20Cover.apk
 
https://www.dropbox.com/s/fdb3uf9ijyvj4q9/Smart%20Cover.apk

Friday, November 15, 2013

(ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေ

ဒီနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆောင်းပါး ရှင် သင့်နော် ရဲ့ (ပထဝီမရှိ သမိုင်းမသိ ငုံးတိတိ တိုင်းပြည်)ဆိုတဲ့ ဆောင်းပါးထဲက နှစ်သက် ရာ လေးတွေကိုမျှဝေတာပါ။
ဆောင်းပါးရှင် က တော့ ခပ်ကြမ်းကြမ်းရေးထား တာပါပဲ။ ဒါပေမယ့် သူ့ရဲ့ စေတနာနဲ့ ဂရုဏာဒေါသ ကိုမြင် ရလို့ အပြစ်မတင် ချင် ပါဘူး။
(ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ် လောက် ကစပြီး ပညာ ရေးလောကမှာ သမိုင်းနဲ့ပထဝီဟာအလယ် တန်း အဆင့်မှာ တင် စခန်းသိမ်းခဲ့တယ်။ကိုးတန်း ဆယ် တန်းမှာပထဝီနဲ့သမိုင်းသင် မယ့်ဆရာမရှိသ လောက် သင် မယ့်ကျောင်းသားမရှိသ လောက် ဖြစ်လာတာကို နေစိမ့်တယ် ဘာသိဘာသာပဲ အနာဂါတ်အတွက် ရလဒ် မ ကောင်းကို ဘာမှမ ဖြစ်သလိုငြိမ်နေခဲ့ကြတယ်။)
(သမိုင်းနဲ့ပါတ်သတ်လာရင် နလပိန်းတုံးအဆင့်နဲ့ ကမ္ဘာကိုဘယ် လိုရင် ဆိုင် မလဲ ပထဝီမသိပဲနဲ့ ကိုယ့်ရေ မြေ တောတောင် သဘာဝကို ဘယ်လို တန်ဘိုးထာတတ်မလဲ ဘယ် လိုထိန်းသိမ်း စောင့် ရှောက်ကြမလဲ။
သမိုင်းကိုနားမလည်တော့ ဂျူဗလီဟောကြီးကို ဖြိုခဲ့တယ်။မင်းတုန်းမင်းရဲ့ ကျုံးကူးတံတားတစ် စင်းကို လူမသိသူမသိ လက်စ ဖျောက်ခဲ့တယ်။ မန္တလေးရွာဟိုင်းသုသာန်က သခင် ဗဟိန်းအုတ် ဂူကိုအမြစ်ကလှန်ပလိုက်တယ်။ Guardian သတင်း စာတိုက်မှာစိုက်ထူးထားတဲ့ ရာဘင်ဒြာ နတ်တဂိုးဗမာပြည် လာစဉ်က ရေးထိုးစိုက်ထူ ထားတဲ့ ကျောက်စာ ဖြုတ်ထုတ်သတ်ထဲ ပါသွား တယ်။)
ကျန်တာတွေက တော့ နိုင် ငံရေးကိစ္စတွေပါ။

ကျွန်တော်ပြောချင် တာက သမိုင်းပါ ကျွန့်တော့် ညီအရွယ် က လေးတွေနဲ့ အခုနောက်ပိုင်း အလုပ် တွဲလုပ်ကြတဲ့အခါ စကားစမြည် ပြောကြတဲ့အခါ ဆယ်တန်းအောင် ဘွဲ့ရက လေးတွေဟာ တကယ် ကို သမိုင်းမှာအားနည်းပါတယ်။
ဒါကလည်းသူတို့အပြစ်မဟုတ်ပါဘူး သိပ္ပံဘွဲ့နဲ့ ဝိဇ္ဇာဘွဲ့ ယှဉ်ရင် ဦးစားပေးခံရတဲ့ လိုင်းကိုယူမှာ ပဲလေ။ ဆယ်တန်းမှာ အမှတ်မ ကောင်းလို့ သာမန်ဘွဲ့တစ်ခုယူရုံဆိုတော့မှ BAလုပ်ကြတာပါ ဒါတောင် လွယ်လွယ်ကူကူ မြန်မာစာပဲယူကြ ပါတယ်။
အဲ့ဒီက လေးတွေက ကျောင်းဆရာလည်းဖြစ် ရော သူတို့တပည့်က လေးတွေက ပိုဆိုးတော့တာ ပေါ့။ဟုတ်ပါတယ် ဆရာကြီးDr သန်းထွန်းပြော ဖူးပါတယ် မအ အောင် လို့သမိုင်းသင် တာပါတဲ့
ကိုယ့်နိုင် ငံရဲ့သမိုင်း ကိုယ့်လူမျိုးရဲ့သမိုင်း မသိ တော့ မကြားဝံ့မနာသာ အမှားကြီးတွေ မှားတော့ တာပါပဲ။
မီဒီယာက နေ ယုံကြည် လောက်ဖွယ် ရှိသူက ပြော ရင် လက်ခံလိုက်တာပဲ။ သမိုင်းအမှန်က ဘာလဲ မရှာတော့ဘူး။မစဉ်းစားတော့ပါဘူး။

မှန်နန်းရာဇဝင် (1991)ခုနှစ် ထုတ်တွင် မိမိတို့ ၏ သမိုင်းကြောင်းကို သိရှိနားလည်ခြင်းမရှိသော လူမျိုးသည် မိမိကိုယ်ကိုမိမိ ဘာကောင် မှန်းမသိ တတ်သော အဖြစ်သို့ရောက် ရှိနေသည့် သူတစ် ယောက်ဖြစ်နေပြီဟု ဖွင့်ဆိုထားပါသည်။

ရည် ရွယ်ချက်ရှိသည်ဖြစ်စေ ရည် ရွယ်ချက် မရှိ ဘဲနဲ့ဖြစ်စေ လူငယ် လူရွယ် တွေ သမိုင်းကို စိတ် ဝင် စားမှုနည်းပါးအောင် (တနည်းအာ့းဖြင့် အ အောင်)လုပ် ထားမှုအ ပေါ် တပ်လှန့်နှိုးဆော် လိုက် တဲ့ ဆောင်းပါးအားကြိုဆိုပါတယ်ခင် ဗျာ။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတဲ့ (နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY) ဧ။် လုပ်၇ပ်

ဗျို့ဆရာတို့ ဗျို့ဆရာတို့
သတင်းသမားပီပီသသ လုပ်ကြစမ်းပါ
လေဖမ်းဒန်းစီးမ နေပါနဲ့ဗျ
လပွတ္တာမြို့နယ်မှရပ်ကွက် အုပ်ချုပ်ရေးမှူးတစ် ဦးက ဖုန်းခွဲတမ်းရောင်းစားပြီး ထွက်ပြေးနေတယ် လို့ရေးထားတယ်။ ဒီဖြစ်စဉ် ကို တချို့ဂျာနယ်တွေ ထဲမှာပါပြီးပါပြီ။ပြန်ဖတ်ကြပါဦး
လပွတ္တာမှာ ရပ်ကွက်(၁၀)ခုပဲရှိတာ အုပ်ချုပ်ရေး မှူး (၁၀)ယောက်စလုံးကျန်းမာပကတိ ချမ်းသာစွာရှိပါဗျာ။
ဖြစစဉ်အမှန်က ဗိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအ ထောက်အကူပြု ကော်မတီဥက္ကဌ(ရွာက ရွေးထားတာနော်) ဦးကျော်စွာထွန်းက စက်တင် ဘာလအတွက် ဖုန်းခွဲတမ်းကို မြို့မှာလာထုတ်တယ်။ညကျတော့ တည်းခိုခန်းတစ်ခုတည်းမှာအတူတည်းရင်း ရင်း နှီးသွားတဲ့ ရန်ကုန်က ဆိုသူနှစ်ယောက်နဲ့ အရက် အတူသောက် ရင်းမူးသွားတော့ ဟိုလူနှစ်ယောက် ကဖုန်းကတ်တွေသွားရောင်းပြီး သုံးကြတာပေါ့။
အမူးပြေ လို့ပြန်တောင်းတဲ့အခါ ရန်ကုန် လိုက်ယူ ဆိုပြီးခေါ်လို့ လိုက်သွားတာဗျ။ ရွာအတွက် ဖုန်း ကဒ် ရောက်မလာလို့ရွာသားတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးက လိုက်လာပြီး အမှုဖွင့် လို့အခု အထဲမှာခင် ဗျ။
ရောင်းစားလိုက်တဲ့ ဖုန်းကဒ်တွေကိုလည်း ဆက် သွယ်ရေးကို ညှိနှိုင်းပြီး လိုင်းပိတ်လိုက်တယ်။ပြီး မှ ကဒ်သစ်ပြန်လျှောက် ပြီးရွာကို ပြန်ဝေပြီးပါပြီ ဗျီု့

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး အခေါ်မတူတဲ့အတွက် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး(၁၀)ယောက် ခင် ဗျာ သူ့လိုလို ငါ့လိုလိုနဲ့ သိက္ခာကျရတာပေါ့ဗျာ။
(နိုဝင် ဘာ၁၃ ။၂၀၁၃ထုတ် 7DAY DAILY)

Thursday, November 14, 2013

အိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ/စုငွေ တွေကို အလွယ်တကူမှတ်တမ်းတင်နိုင်တဲ့ Personal Finances Pro v5.5 Full...................



Personal Finances နဲ့ ကိုယ့်အိမ်ရဲ့ ဝင်ငွေဘယ်လောက်ရှိတယ်၊ ဒီနေ့ ဘာတွေဝယ်လိုက်ပြီ. ဒီနေ့ ဘယ်လောက်စုထားလိုက်မယ် စသည်ဖြင့် ငွေစာရင်းရှင်းတမ်းတစ်ခုကို Database အနေနဲ့ မှတ်ထားထားနိုင်ပါတယ်.. လကုန်ရှင်းတမ်း၊ နှစ်ကုန်ရှင်းတမ်း စသည်ဖြင့်လည်း လွယ်ကူစွာ ရှင်းတမ်းထုတ်နိုင်ပါတယ်.. Database တည်ဆောက်ဖို့ ကျွမ်းကျင်နေစရာမလိုဘဲ လွယ်လွယ်ကူကူပဲ လုပ်နိုင်တဲ့အပြင် အချက်အလက်တွေ စုံလင်အောင်လုပ်ဆောင်နိုင်တာကြောင့် အိမ်သုံးသာမက ဈေးဆိုင်ရောင်သူတွေပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်..

Patch ချိုးနည်း
**********
1. Setup နဲ့ Install လုပ်လို့ ပြီးခါနီးမှာ Lunch ဘေးက အမှန်ခြစ်ကို ဖြုတ်ပြီး Finish လုပ်ပါ
2. Desktop ပေါ်က Personal Finances ရဲ့ shortcut Icon ကို ညာကလစ်ထောက်ပြီး Properties>Find Target ( Windows 7 တွင် Open File Location ) ကိုနှိပ်ပါ..
3. ဒေါင်းထားတဲ့ Patch ဖိုင်ကို ကူးပြီး ဒီထဲကိုထည့်လိုက်ပါ.. ပြီးရင် Patch.exe ကို Run ပြီး အလယ်က စာသားကို တစ်ချက်နှိပ်လိုက်ပါ.. ၃ စက္ကန့်ကြာရင် Patch ကိုပိတ်လိုက်ပါ..
သုံးဆောင်နိုင်ပါပြီ.. အဲ. အသုံးပြုနိုင်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

ယောက်ျား ၂ ယောက်နဲ့ အတူနေ မာရီယာရဲ့ မိသားစု .............................

Thursday, November 14, 2013
.စိတ်ဝင်စားစရာမို့ ပြန် လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း 
ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာတို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 

 ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror
ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။ 

မာရီယာရဲ့ ခင်ပွန်းသည် ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ ငါးဖမ်း အတူထွက်ကြစဉ်
နောက်ထပ်ထူးဆန်းတာက မာရီယာရဲ့ ခင်ပွန်း ပေါလ်နဲ့ မာရီယာရဲ့ ချစ်သူ ပီတာတို့ကလည်း အရမ်းကို ရင်းနှီးကြတဲ့ သူ တွေဖြစ်လေတော့ နောက်ဆုံးသူလည်း ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ကြီးချလိုက်ပါ တယ်။ 

နောက်ဆုံးတော့ ပီတာဟာ သူတို့ မိသားစု ရှိတဲ့ အရှေ့ လန်ဒန်၊ ဘတ်ကင်းက အိမ်ကြီးကို ပြောင်းရွှေ့ လာခဲ့တယ်လို့ The Mirror သတင်းတခုက ဆိုပါတယ်။ အခုဆို မာရီယာက အသက် ၃၃ နှစ်၊ ခင်ပွန်း သည် ပေါလ် က အသက်၃၇ နှစ်နဲ့ သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ လော်ရာ ၁၆ နှစ်၊ အေမီ ၁၂ တို့နဲ့ အတူ မာရီယာရဲ့ ချစ်သူ အသက် ၃၆ နှစ်ရှိ ပီတာတို့ ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မာရီယာတို့ ရဲ့ အိမ် ကြီး မှာ နေကြပါတယ်။ 

မာရီယာ၊ ခင်ပွန်းဖြစ်သူ ပေါလ်နဲ့တကွ သားသမီး ၂  ဦး၊ မာရီယာရဲ့ချစ်သူ ပီတာတို့ ကို အခုလိုပျော်ပျော်ရွင်ရွင်တွေ့ရစဉ်
“လူတွေကတော့ ဒါကို ရူးကြောင်ကြောင်လို့ ထင်ချင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် ကျမက ဒီလူ ၂ ယောက် လုံးကို ချစ်တယ်။ သူတို့ ၂ ယောက်ထဲက တယောက်ယောက်ကို ရွေးပါဆိုရင် ကျမ မရွေးနိုင်ပါဘူး” လို့ အိုးအိမ် ဆက်သွယ်ရေး အရာရှိ တဦးလည်းဖြစ်တဲ့ မာရီယာက ဆိုပါတယ်။ 

“ပေါလ် ထွက်သွားတဲ့အချိန်ဆို ကျမဘ၀က ဟာတာတာကြီးဖြစ်တယ်။ တခါ ပီတာကို မမြင်ရပြန်တော့လ ည်း ကျမ အသဲ ကွဲရပြန်တယ်။ ဒါကြောင့် သူတို့ ၂ ယောက်လုံးနဲ့ အတူတူနေတဲ့ လမ်းပဲ ရှိတယ်လေ” လို့ မာရီယာက ပြောပါတယ်။ 

ဒါကို ခင်ပွန်းသည် ပေါလ်နဲ့ ချစ်သူ ပီတာတို့က လက်ခံသဘောတူခဲ့ကြတာပါတဲ့။ သူတို့ကလည်း မာရီယာ ရဲ့ အချစ်ကို ခွဲဝေပေးတယ်လို့လည်း မခံစားရသလို တယောက်ကိုတယောက်လည်း မနာလို မရှုစိမ့် မဖြစ် ကြ ပါဘူးလို့ သူတို့က ပြောပါ တယ်။ 

အိပ်ချိန်တွေမှာလည်း တလှည့်စီ အဆင်ပြေသလို အိပ်ကြပါတယ်တဲ့။ 

မာရီယာနဲ့ ပေါလ် တို့ လက်ထပ်ကြချိန်က မြင်ကွင်း

မာရီယာ အသက် ၁၅ သမီး ဘ၀က ပေါလ်နဲ့ ကျောင်းမှာ တွေ့ကြပြီး နောက် ၂ နှစ်လောက်အကြာ ချိန်းတွေ့ကြတယ်တဲ့။ 

ဒီနောက်ပိုင်း မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး ပေါလ်က လက်ထပ်ခွင့်တောင်းလို့ လက်ထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီမှာ လော်ရာလေး မွေးပါတယ်။ လော်ရာမွေးပြီး နောက် ၄ နှစ်လောက်မှာ အေမီလေး ထပ်မွေးခဲ့ပါတယ်။ 

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က သူတို့ အိမ်ထောင်ရေးလည်း အတော်အဆင်မပြေဖြစ် လာခဲ့ တယ်။ ပေါလ်က လည်း အလုပ် မရှိ ဖြစ်တာက ၆ လလောက်ကြာတယ်။ 

ဒီမှာ ပေါလ်နဲ့ မာရီယာတို့က လင်မယားပုံစံထက် မောင်နှမ ပုံစံ ဆက်ဆံရေးမျိုးဖြစ်လာတယ်လို့ ဆိုတယ်။ 

ဒီနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ မာရီယာကိုလည်း အပြုံးလှတဲ့ ပီတာနဲ့ မိတ်ဆက်ပေးရာက သိကျွမ်းလာပြီး တိတ်တဆိတ် ငြိစွန်းလာကြရင်း အရမ်းချစ်သွားကြတာတဲ့။ 

အစပိုင်းတော့ မာရီယာအနေနဲ့ တယောက်ယောက်ကို လမ်းခွဲဖို့ ခင်ပွန်းသည်နဲ့ ချစ်သူတို့ရဲ့ တိုက်တွန်းမှု ရှိခဲ့ပါတယ်တဲ့။ ဒါပေမယ့်နောက်ပိုင်းကျ မိသားစု တကွဲတပြားဖြစ်ရတဲ့ ခံစားမှု၊ ချစ်သူနဲ့ ဝေးရတဲ့ ခံစားမှု
တွေ ဆင့်ဆင့် ရောက်လာတော့ အခုလို အကောင်းဆုံး ဖြစ်တဲ့ ခင်ပွန်းနဲ့ရော ချစ်သူနဲ့ရော အတူနေဖြစ် သွားဖို့ အားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေး နွေးကြရင်း ဒီလို ထူးခြားတဲ့ မိသားစုမျိုးဖြစ်လာရတာလို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

အွန်လိုင်း အဆိုတော် မေမြတ်မွန်ရဲ့ နာမည်ကြီး မှုံရွှေရည် သီချင်းကို သီဆိုဖျော်ဖြေထား

အခုတလော နာမည်ကြီးနေတဲ့ အွန်လိုင်း အဆိုတော် မေမြတ်မွန်ရဲ့ နာမည်ကြီး မှုံရွှေရည် သီချင်းကို သီဆိုဖျော်ဖြေထားတာပါ။ 


အွန်လိုင်း အဆိုတော် မေမြတ်မွန်၊ ဓာတ်ပုံ- မေမြတ်မွန် ဖေ့စ်ဘုတ်
မေမြတ်မွန်ဟာ ခေတ်ပေါ် သီချင်းတွေနဲ့ အင်္ဂလိပ် သီချင်းတွေပဲ ဆိုတတ်တယ် ထင်နေသူတွေအတွက် မှုံရွှေရည် လို သီချင်းကို အခုလို ပိုင်ပိုင်နိုင်နိုင် ဆိုထားတာကို ပြန်လည် ဖော်ထုတ်ပေးလိုက်ပါတယ်။ 

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လူငယ်ရံပုံငွေပွဲ တခုအတွက် မှုံရွှေရည် သီချင်းကို အွန်လိုင်း နာမည်ကြီး အဆိုတော် မေမြတ်မွန်က သီဆိုပြီး မြန်မာအကနဲ့ ယှဉ်တွဲ ကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?v=XJD7I9-OuIE#t=128


ကားလေလံ ဆွဲမယ်ဆို ဂျပန်ယန်းငွေ ပေါက်ဈေးသိ မှ အပြီးအစီးဘယ်လောက်ကျသင့်မယ်ဆိုတာ ကုမ္ပဏီကိုတွက်ခိုင်းသင့်....................


ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး

သူငယ်ချင်းတစ်ယောက်ခံလိုက်ရတဲ့ တကယ့်အဖြစ်အပျက်ပါ။ ကျွန်တော့်
သူငယ်ချင်းက အရင်တပ်မတော်လေလံပစ်တဲ့ခေတ်ကတည်းက ကားတွေ
အရောင်းအ၀ယ်လုပ်ခဲ့တဲ့ ၀ယ်ရောင်းတစ်ယောက်ပါပဲ။ ၀ယ်ရောင်းဆိုပေ
မယ့်လည်း ကျွန်တော်တို့လို တစ်နေကုန်ဝိုင်းထဲမှာမထိုင်ပဲ တစ်ခါတစ်လေ
မှသာဝိုင်းထဲလာတတ်တဲ့ ၀ယ်စီးဝယ်ရောင်းသမားတစ်ယောက်ပါ။ ကားနဲ့
ပတ်သတ်လို့လည်း တော်တော်လေးတီးမိခေါက်မိရှိပါတယ်။ အစိုးရက
၂၀၀၇ အထက်ကားလေးတွေကို Free Permit နဲ့တင်သွင်းခွင့်ပြုလိုက်ပြီ
ဆိုတဲ့ကြေငြာချက်လည်းထွက်လာရော သူကအရင်ဆုံး Honda Fit လေး
တစ်စီးကိုယ်တိုင်လေလံဆွဲပြီး သွင်းဖို့လုပ်ပါတယ်။ သူကကားအကြောင်း
နားလည်ပေမယ့်ကားတင်သွင်းတဲ့အပိုင်းကိုတော့ ကိုယ်တိုင်တိတိကျကျ
မသိပါဘူး။ ဒါကြောင့်ပဲ သူနဲ့ရော ကျွန်တော်နဲ့ရောခင်နေတဲ့ ကားတင်သွင်း
ပေးတဲ့ကုမ္ပဏီတစ်ခုကနေလေလံဆွဲဖို့လုပ်ပါတယ်။ လေလံစာရင်းထဲက
ကားတွေထဲက သူအကြိုက်ဆုံးကားတစ်စီးကို လေလံဆွဲလိုက်တာ သူလို
ချင်တဲ့ဈေးနဲ့ပဲလေလံအောင်သွားပါတယ်။ ဒါကြောင့်အဲဒီကားကိုရန်ကုန်
အရောက်ဝန်ဆောင်ခတွေရော၊ အခွန်တွေရော၊ ကညန နံပါတ်ရတဲ့အထိ
အပြီးအစီးဘယ်လောက်ကျသင့်မယ်ဆိုတာ ကုမ္ပဏီကိုတွက်ခိုင်းပြီး စရံ
ငွေပါတခါတည်းပေးချေခဲ့ပါတယ်။ သူလေလံအောင်တဲ့ Honda Fit GE6
2009 G Grade အနက်ရောင်လေးကို အပြီးအစီး ၁၃၈ သိန်းကျမယ်ဆိုပြီး
ကုမ္ပဏီကပြောပါတယ်။ အဲဒီတုန်းက ကျွန်တော်ရောသူရော ဂျပန်လေလံ
ဆွဲဖူးတဲ့အတွေ့အကြုံမရှိသေးတော့ ကုမ္ပဏီကတွက်ပေးတဲ့စရိတ်စကတွေ
ကိုပဲယုံခဲ့မိပါတယ်။ ကုမ္ပဏီပိုင်ရှင်ကလည်း ကိုယ်တွေနဲ့အရင်ထဲကခင်နေ
တဲ့လူဆိုတော့လည်း သူ့အနေအထားနဲ့ကိုယ်တွေကို မဟုတ်တာမလုပ်
လောက်ဘူးလို့ထင်ခဲ့တာလည်းပါတာပေါ့။ အဲဒီကားရန်ကုန်ဆိပ်ကမ်းကပ်
ဖို့တစ်ပတ်လောက်ပဲလိုတော့တဲ့အချိန်မှာ သူနဲ့ကျွန်တော်အတူတူအပြင်
သွားကြတုန်းမမျှော်လင့်ပဲ လမ်းမှာကားတင်သွင်းတဲ့အလုပ်လုပ်နေတဲ့
နောက်ထပ်အသိတစ်ယောက်နဲ့ဆုံမိကြပါတယ်။ အဲဒီမှာစကားစပ်ရင်း
ကျွန်တော့်သူငယ်ချင်းက သူကားသွင်းထားတာ မကြာခင်ရောက်တော့မယ်
ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။ သူ့အသိကလည်း ကားကဘာကားလဲ
အပြီးအစီးဘယ်လောက်ကျလဲ စတဲ့ကားနဲ့ပတ်သတ်တာတွေမေးကြည့်
တော့သူကလည်းသူသွင်းထားတဲ့အတိုင်းပြန်ပြောလိုက်ပါတယ်။ အဲဒီမှာပဲ
ပြသနာကစပါတယ်။ ကားကိုဒီအရောက်ဝန်ဆောင်မှုပေးတဲ့အခါ ပေးရတဲ့
ဝန်ဆောင်မှုစရိတ်တွေအကုန်လုံးက တွက်တာမှန်ပါတယ်၊ ဒါပေမယ့်ကွာ
နေတာကဂျပန်ကိုငွေလှမ်းချေရတဲ့စရိတ်တွေမှာ တွက်ထားတဲ့ဂျပန်ယန်း
ငွေတန်ဖိုးတွေအများကြီးကွာနေတာပါ။ ဒီလိုဗျာ၊ ပေါက်ဈေးအမှန်က ဂျပန်
ယန်းငွေ ၁ = မြန်မာကျပ်ငွေ ၁၀ ဆိုရင်သူ့ကိုကားမှာပေးတဲ့လူက မြန်မာ
ကျပ်ငွေ ၁၃ လောက်နဲ့ တင်ပြီးတွက်ယူလိုက်တာပါ။ အဲဒီတော့ ကားမှာတဲ့
ကိစ္စမှာဂျပန်ယန်းငွေတွေကအများကြီးတွက်ပေးရတာဆိုတော့ သူက
ပေါက်ဈေးထက်ကို သိန်း ၂၀ကျော်လောက်တင်ပြီးအမြတ်စားလိုက်တာပါ။
ကျွန်တော်တို့လိုသာမန်လူတွေက ဒေါ်လာဈေးလောက်ပဲအထိအတွေ့ရှိပြီး
ဂျပန်ငွေဈေးကိုမသိတော့ ဈေးသိတဲ့လူကပြောပြမှပဲ ကျွန်တော့်သူငယ်ချင်း
ခံလိုက်ရပြီဆိုတာသိရပါတော့တယ်။ အချင်းချင်း အဲဒီလိုမလုပ်လောက်ဘူး
ထင်လို့ တခြားနေရာတွေကနေကားမမှာပဲ သူ့ဆီကနေမှာမှပဲ သူကသူများ
တွေထက်အများကြီးပိုဆိုးနေတာပါ။ အဲဒီလိုလက်တစ်လုံးခြားလုပ်ပြီး လိမ်
နေတဲ့အဲဒီကားမှာပေးတဲ့ကုမ္ပဏီက အခု Facebook ပေါ်မှာရှိပါတယ်။ သူ
များကိုနာမည်မဖျက်ချင်လို့ ကျွန်တော်တို့နာမည်တပ်ပြီးရေးမနေတော့ပါ
ဘူးဗျာ။ သူ့စေတနာသူ့ကိုအကျိုးပြန်ပေးပါလိမ့်မယ်။

ဦးဆောင် သူက ဘယ်လိုအဆင့်အတန်း ဘယ်လိုအရည်အချင်းဆိုတာ စိစစ် ရ ကောင်း မှန်းမသိကြ........................

https://fbcdn-profile-a.akamaihd.net/hprofile-ak-prn1/s160x160/993334_226482830839521_1482780306_a.jpgကျွန်တော်နေတဲ့ရပ်ကွက်ထဲကလူတစ်ယောက်ပါ
သူက ဆိုက္ကားနင်းပါတယ်။အိမ်သာကျင်းတူးတယ် အ ခြေအ နေ ပေးရင် သားသတ်တယ်။အလုပ်စုံ တော့ ည နေဆို အရက်က လေးတစ်မြမြနဲ့ပေါ့

အခုလို လမျိုးဆိုရင် အလုပ်တစ်ခုထပ်တိုးပါတယ် ဆွမ်းတင် တယ် ဘုရားကိုးဆူကပ်ပါတယ်။

ပိတ်ဖြူဝတ်ပြီး အိမ်ရှေ့မှာ ကိုးမြို့ရှင် ပင့်နေ တော့ ပညာတတ်သူတွေ ပိုက်ဆံရှိသူတွေက သူ့နောက် မှာလက်အုပ်က လေးတွေချီလို့ပေါဗျာ။

ကိုးကွယ်ယုံကြည်မှုကိုပြောချင် တာမဟုတ်ဘူး နော်။အရက်နံတ ထောင်းထောင်းနဲ့ မှန်သလား မှားသလားမသိတဲ့နတ်ပင့်စာတွေရွတ်လို့။ တခါ တ လေများကျက်ထားတဲ့စာမေ့သွားရင် နတ်ကို သူက ဟောက် သေးတယ်ဗျာ ။ ဘယ်နေ့သားသမီး က တော့ အခုဆွမ်းကပ် ပြီး တာဝန်ကျေတယ်နော် အရှင် ကြီးတို့ကလည်း ကိုယ့်တာဝန်ကို ကျေအောင် မ နော် တို့ဘာတို့ လုပ်တာ။

ခပ်တည်တည်ဘဲ ရှေ့ကလုပ်ချင် တာလုပ် ပြော ချင် တာပြောပြီး နတ်ကိုပြန်ပို့လိုက် တာပဲ။ သုံးထောင် ခိုင် သွားလို့နောက် တစ်အိမ်ရွှေ့ ပြီလေ။

ကျွန်တော်တို့ တ တွေဟာ နောက် လိုက် လုပ်တဲ့ နေရာမှာ တော်တော်အသားကျနေကြပါတယ်။
ရှေ့က ဦးဆောင် သူက ဘယ်လိုအဆင့်အတန်း ဘယ်လိုအရည်အချင်းဆိုတာ စိစစ် ရ ကောင်း မှန်းမသိကြပါဘူး။ရှေ့ထွက် လုပ် ရဲတာတစ်ခု တည်းနဲ့ဘဲ ဦးဆောင် သူအဖြစ် အသိအမှတ်ပြု တတ်ကြပါတယ်။

အဲ့ဒီသူက မလုပ်တတ်လို့ဘဲဖြစ်ဖြစ် လုပ်ချင် ရာ လုပ်သွားလို့ပဲဖြစ်ဖြစ် ရရှိတဲ့ဆိုးကျိုးဟာ ခုနက ပညာတတ် ငွေရှိတဲ့ အိမ် ရှင် တွေလိုပဲ ခံရပြီး တလွဲဦးဆောင် သူက တော သုံးထောင် ရသွား တာကို မြင် တတ်ဖို့ လိုနေပါပြီ ခင် ဗျာ။

အသက် ၃၀ မှာပြောင်းလဲလာတဲ့ အမျိုးသမီးများ ရင်သားအကြောင်း သိကောင်းစရာ ................................

Posted by drmyochit Tuesday, August 20, 2013, under

အပျိုဖော်ဝင်စကနေ သွေးမဆုံးခင်အချိန် အတွင်းမှာ ကင်ဆာမဟုတ်တဲ့ ရင်သား အဖုအကျိတ်ဖြစ်တာ က တွေ့ရများလေ့ ရှိပါတယ်။ မြန်မာအမျိုးသမီး အများစုက ရင်သားစမ်းသပ်မှုကို ခံယူရမှာ ရှက်ရွံ့တတ် တာကြောင့် ဆရာဝန်ကို ပြသဖို့ အချိန်ဆွဲနေတတ်ကြပါတယ်။ သင်က အသက် ၃၀ အရွယ် ဖြစ်နေခဲ့ရင် ဒီအသက်အရွယ်မှာ ပြောင်းလဲဖြစ်ပေါ်နိုင်တဲ့ ရင်သားအကြောင်းကို သိထားဖို့လိုပါတယ်။


ရင်သား အဖုအကျိတ်

မဟော်မုန်း အီစထရိုဂျင်က ရင်သားတင်းရင်းအောင် ထောက်ပံ့ပေးပါတယ်။ ရင်သားမှာ ကြွက်သားတွေ ပါဝင်မှုမရှိဘဲ အမျှင်တွယ်ဆက် တစ်သျူး၊ အဆီတစ်သျူး၊နို့ရည်ထုတ်နိုင်တဲ့ ဂလင်းတစ်သျူး စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အသက် ၃၀ အရွယ်မှာ အမျိုးသမီးတွေရဲ့ ရင်သားမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်အဖုတွေ ဖြစ်နိုင်ပါတယ်။ ဒီထက် ငယ်ရွယ်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်လေးတွေ ဖြစ်တဲ့အခါ နာကျင်ပြီး အဖုအကျိတ်လေးကို လက်နဲ့ စမ်းကြည့်ရင် ဟိုဘက်ဒီဘက် ပြေးနေတတ်ပါတယ်။ နာကျင်မှုက ရာသီလာခါနီး အချိန်တွေမှာ နာတတ်ပြီး တချို့လည်း ရာသီလာပြီး နောက်ပိုင်းမှာလည်း နာကျင်တာကို ဆက်လက် ခံစားရနိုင်လို့ အရီဇီုးနားသိပ္ပံပညာရပ် စင်တာမှ ပါမောက္ခ လီရိုနာဒွန်းနေက ပြောပါတယ်။

ရင်သားကင်ဆာ ဖြစ်မှာ မစိုးရိမ်ပါနှင့်

ဒီအသက်အရွယ်မှာ အမျိုးသမီး အများစုက အိမ်ထောင်တစ်ခုရဲ့ မိခင်ကောင်းတွေ အဖြစ် သားသမီးတွေကို နို့ချိုတိုက်ကျွေးတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေးကို အသက်ငယ်ငယ်နဲ့ နို့ဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အမျိုးသမီးတချို့က ကလေးကို နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားတွေ လျော့ရိလျော့ရဲ ဖြစ်ပြီး တွဲကျလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျွေးတာက ရင်သားတစ်သျူးတွေ လျော့ရဲမသွားစေပါဘူး။ နို့ချိုတိုက်ကျွေးချိန်မှာတော့ ရင်သားတွေ ကြီးလာတာကြောင့် အရေပြားပေါ်မှာ အကြောပြတ်ရာမျိုးတွေ ထင်နိုင်ပေမယ့် ကလေး နို့ဖြတ်လိုက်တဲ့အခါ ပုံမှန် အနေအထားကို ပြန်ရောက်သွားပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန် အစားထိုးခွဲစိတ်ကု ဆရာဝန်ညီလာခံမှာ နို့ချိုတိုက်ကျွေးတာကြောင့် ရင်သားလျော့ရဲမှု မရှိနိုင်ပါ။ ရင်သားကို ကောင်းကောင်း ထောက်ပံ့မပေးနိုင်တဲ့ ပွပွချောင်ချောင် ဘရာစီရာ ၀တ်တာ၊ ကလေးများများ ယူတာ၊ ဆေးလိပ် သောက်သုံးတာ၊ အသက်ကြီးတာတွေကသာ ရင်သား လျော့ရဲပြီး တွဲကျစေတယ်လို့ ဆိုပါတယ်။ အသက်ကြီးလာတဲ့အခါ ရင်သားမှာ နို့ရည်ထုတ်ဂလင်းတွေ နည်းပြီး အဆီတွေ များလာကာ တင်းရင်းမှုလည်း လျော့နည်းလာပါတယ်။

ရင်သား လျော့ရဲမှုမှ ကာကွယ်ရန်

ရင်သားမှာ ကြွက်သားတွေ မရှိတာကြောင့် တင်းရင်းဖို့ လေ့ကျင့်ခန်း လုပ်တာက ထိရောက်မှု မရှိဘူးလို့ ပညာရှင်တွေက ပြောပါတယ်။ တခိျု့ ဆရာဝန်တွေက လေ့ကျင့်ခန်းလုပ်ရာမှာ အမျိုးသမီး အားကစားသမားတွေ ၀တ်ဆင်တဲ့ ဘရာစီရာမျိုးကို ၀တ်ဆင်ပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ပြေးလွှားခုန်ပေါက် လုပ်ရတဲ့ လေ့ကျင့်နည်းတွေက ရင်သားမှာရှိတဲ့ အရွတ်တွေကို ဆွဲဆန့်သလို ဖြစ်ပြီး ရင်သားတင်းရင်းမှုကို လျော့နည်းစေတာ ကြောင့်ပါ။

ရင်သားကင်ဆာ ဖြစ်နိုင်ခြေ

အသက် ၃၀ ကနေ ၃၉ နှစ် အတွင်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ အမျိုးသမီး ၂၂၉ ယောက်မှာ တစ်ယောက်နှုန်းသာ ဖြစ်နိုင်ခြေ ရှိတယ်လို့ လေ့လာမှုတွေမှာ တွေ့ရပါတယ်။ မိဘမျိုးရိုးမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိရင်တောင် အသက်၃၀ မှာ ရင်သားဓာတ်မှန် ရိုက်ဖို့ မလိုသေးပါဘူး။ အသက်ငယ်တဲ့ မိန်းကလေးတွေရဲ့ ရင်သားမှာ တစ်သျှူးတွေနဲ့ တင်းတင်းရင်းရင်း ရှိတာကြောင့် ရင်သားဓာတ်မှန် ရိုက်ပြီး စစ်ဆေးလည်း ရင်သားမှာ ကင်ဆာရှိ၊ မရှိကို မသိရှိနိုင်ပါဘူး။ ဒါပေမဲ့ လစဉ် ရာသီလာခါနီး ရက်တွေမှာ လက်ချောင်းတွေနဲ့ ကိုယ်တိုင် စမ်းသပ်မှုကိုတော့ လုပ်သင့်ပါတယ်။ ရင်သားမှာ မသင်္ကာစရာ စမ်းသပ် တွေ့ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

sex knowledge
http://mmforward.blogspot.com/2013/08/for-girl.html မှ ....

Wednesday, November 13, 2013

အရံရွှေ ၇ တန်ကျော်နဲ့ နိုင်ငံခြားငွေ ဒေါ်လာ ၈ ဘီလီယံကျော် ရှိ ..................


Tuesday, November 12, 2013

အောက်တိုဘာ ၂၉ ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ အရံရွှေ ပမာဏ ၇ ဒဿမ ၁၅၃၉ တန်နဲ့ နိုင်ငံခြားအရံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒဿမ ၁၃ ဘီလီယံ ရှိတယ်လို့ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုပါတယ်။

ရွှေစင်တွေကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ သိမ်းဆည်းထားပြီး နိုင်ငံခြားငွေတွေ ကိုတော့ ဗဟိုဘဏ်နဲ့ ပြည်တွင်းဘဏ်တွေမှာ ငွေသားအနေနဲ့ သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေမှာ ဘဏ်အကောင့်တွေအနေနဲ့ လည်းကောင်း ထားရှိတယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ တခေါက် လွှတ်တော်မှာ ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌ လာရောက် ရှင်းလင်းစဉ် နိုင်ငံခြား အရံငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော်ပဲ ရှိတယ်ဆိုပေမယ့် အဲဒါဟာ စက်တင်ဘာ ၁၀ ရက်နေ့ စာရင်းဖြစ်ကြောင်း၊ နိုင်ငံခြား အရံငွေဆိုတာ အမြဲတန်း ပြောင်းလဲနေကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ ဘတ်ဂျက်ကိစ္စ ဆွေးနွေးစဉ် မြန်မာနိုင်ငံရဲ့ ရွှေ စာရင်းနဲ့ နိုင်ငံခြား အရံငွေ စာရင်းကို လွှတ်တော်မှာ လာရောက် ထွက်ဆိုဖို့ သူရဦးရွှေမန်းက ညွှန်ကြားခဲ့တာကြောင့် ခုလို လာရောက်ထွက်ဆိုရတာ ဖြစ်ကြောင်း သိရပါတယ်။

by ဒီဗွီဘီ

Thit Htoo Lwin - News

720p HD ၊ 1080i HD ၊ 1080p Full HD နှင့် 4K Ultra HD တို့၏ ကွာခြားချက်များ

ူလပထမ HD နည်းပညာတွင် မျက်နှာပြင်၏ ပုံထွက်သိပ်သည်းဆမှာ
အလျားလိုက် လိုင်းပေါင်း 720 ရှိပြီး Progressive Scanning
နည်းပညာကို အသုံးပြုပါတယ်။ ဒါကြောင့်လည်း 720p HD ဆိုပြီး
ဖြစ်လာတာပါ။
နောက်တဆင့ေ်ကတာ့ 720p ထက် ပုံထွက် အနည်းငယ်
ပိုမိုကောင်းမွန်တဲ့ 1080i HD ပဲဖြစ်ပါတယ်။ ဒီမှာတော့ Interlaced
Scanning နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြရင်ဲ့
ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080 ရှိပါတယ်။

အဲဒီနောက်မှာတော့ ပိုမိုကောင်းမွန်တဲ့ Progressive Scanning ကို
အသုံးပြုပြီး မျက်နှာပြရင်ဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက်
လိုင်းပေါင်း 1080 ရှိတဲ့ မျက်နှာပြင်တွေကို ဖန်တီးနိုခင်ဲ့ပြီး 1080p
Full HD ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။

အေခြခံအားဖြင့်တော့ ပုံထွက်သိပ်သည်းဆဟာ မိမိအသုံးပြုတဲ့
မျက်နှာပြင် အရွယ်အစားပေါ် မူတည်ပြီး ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် 720p HD ပုံထွက်ကို လက်မ ၆၀ တီဗီပေါ်မှာကြည့်ရင်
ပုံထွက် ကြည်လင်ပြတ်သားမှု အပိုင်းမှာ အတန်အသင့် ဝေဝါးမှု
ရှိနိုင်ပေမယ့် ၃၂ လက်မ တီဗီမှာ ပြောင်းကြည့်လိုရကင် ပုံထွက်ပိုမို
ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် သေးသွားတာနဲ့အမျှ
သိပ်သည်းဆ ပိုများလာပြီး ပုံထွက်လည်း ပိုမိုကြည်လင်
ပြတ်သားလာမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ေကတာ့ Progressive Scanning နဲ့ Interlaced
Scanning နည်းပညာ ၂ ခုရဲ့ ကွာခြားချက်ပါပဲ။ Progressive
Scanning နည်းပညာဟာ Interlaced Scanning နည်းပညာနှင့်
နှိုင်းယှဉ်လျှင် လှုရပှားနေတဲ့ ရုပ်ပုံတွေကို ချိန်ထိုးပြသရာမှာ
များစွာပိုမို တည်ငြိမ်မှုရှိပြီး ဝေဝါးမှု မရှိအောင် ဆောရင်ွက်ပေးနိုလငို့
ပုံထွက်ဟာ ပိုမိုကြည်လင် ပြတ်သားပါတယ်။ အထူးသဖြင့် ဒေါင့်ဖြတ်
(သို့) ထောလငိုက် အေနအထား လှုရပှားနေတဲ့ ရုပ်ပုံတွေမှာ
သိသာပါတယ်။

လတ်ေတလာ ကာလအတွင်းမှာ တစ်ဟုန်ထိုး တိုးတက်လာတဲ့
နည်းပညာအသစ်ေကတာ့ 4K Ultra HD ပဲ ဖြစ်ပါတယ်။ 4K Ultra
HD ရဲ့ ပုံထွက်သိပ်သည်းဆဟာ 1080p Full HD ထက် ၄ ဆ
သာလွန် ကောင်းမွန်တဲ့အတွက် အရွယ်အစား အဆမတန် ကြီးမားတဲ့
လက်မ ၇၀ အထက် မျက်နှာပြင်တွေကို ဖန်တီးနိုင်တော့မှာ
ဖြစ်ပါတယ်။

ဒါပေမယ့် လ်ရကှိအချိန်မှာ 4K နည်းပညာသုံး ပစ္စည်းတွေဟာ
ဈေးအဆမတန် ကြီးမြင့်နေသးပါတယ်။ Sony နဲ့ Samsung တို့လို
နာမည်ကြီး ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ၈၄ လက်မ 4K တီဗီ
တစ်လုံးဟာ ဒေါ်လာ သောင်းဂဏာန်းအထိ ဈေးရှိနေပါတယ်။

ပုံထွက်သိပ်သည်းဆနှင့် အေခ်ါအေဝါ်

720p - HD
1080i - HD
1080p Full HD
4K - Ultra HD

From.www.friendzone75.blogspot.com

ရှည်တာ ရှည်တာ (အထာကျတဲ့ အာဂ ဟာသများ)



ထောင် ထဲ သို့  ရောက်နေသော မာဖီးယား ခေါင်းဆောင်ထံ သူ၏ ရှေ့ နေ လာတွေ့ သည် ။ မာဖီးယား ခေါင်းဆောင်က ပြောသည် ။

” ရော့  ဟောဒီ အတာချီကေ့စ် ကို ယူသွား ၊ အထဲ မှာ ဒေါ်လာ တစ်သန်း ပါတယ် ၊ ကျုပ် ကို ထောင်ဒဏ် တစ်နှစ် ပဲ ချဖို့ တရားသူကြီး ကို စည်းရုံးပါ ။ ”


” ကျွန်တော် စဉ်းစား ပါရစေ ”
” ဘာမှ စဉ်းစား မနေနဲ့ ၊ ခင်ဗျား စဉ်းစားတာ ကျုပ် စိတ်မ၀င်စားဘူး ၊ ပိုက်ဆံ ယူပြီး ကျုပ် ခိုင်းတာလုပ် ၊ ဒါပဲ ”


အိတ်ကို ဆွဲပြီး ရှေ့ နေ ထွက်သွားသည် ။ စီရင်ချက် ချမည့် နေ့ ရောက်လာသည် ။ တရားရုံး မှာ ပရိသတ်တွေ အတော် များများ ရောက်နေကြသည် ။ တရားသူကြီး က စီရင်ချက် ကို ဖတ်ကြားသည် ။

” ထောင်ဒဏ် တစ်နှစ် ကျ ခံ စေ ”

ရှေ့ နေ ကို မာဖီးယား ခေါင်းဆောင် ၀မ်းသာအားရ ပခုံးဖက်ပြီး မေးသည် ။

” မှန်မှန် ပြောစမ်းပါ ။ ထောင်ဒဏ် တစ်နှစ် ပဲ ပေးဖို့ တရားသူကြီး ကို သိမ်းသွင်း ရတာ အတော် ခက်သလား ”

” ခက်တာတော့ မပြောနဲ့ တော့ ။ သူက ခင်ဗျားကို ကွင်းလုံးကျွတ် လွှတ်မလို့ စဉ်းစားထားတာ.....

ဦးမောင်ကြီး

Tuesday, November 12, 2013

ဓားများ သာ ကိုင်ဆောင်လာကြပြီး သတို့ သမီး ခေါ်လာခွင့် မရှိသည့် သတို့သာ ၂၀၀၀ ကျော် ၏ ထူးထူးခြားခြား စုပေါင်း မင်္ဂလာပွဲ .............


ယီမင် နိုင်ငံ ဆာနာ မြို့၌ သတို့သား စုစုပေါင်း နှစ်ထောင် အတွက် စုပေါင်း မင်္ဂလာပွဲ ကျင်းပခဲ့ရာ သတို့သားများက ဓားရှည်များကို သာ




ref:ပြည်မြန်မာ

ဝိညာဉ် ရှာဖွေသူက ၁၉၂၀ ခန့် ၌ ကျော်ကြားခဲ့သည့် ဟူဒီနီ ၏ ၀ိညာဉ် နှင့် တွေ့ဆုံ ခဲ့ ..............


တိုက်တန်းနစ် သင်္ဘော နစ်မြုပ်မှု တွင် သေဆုံးခဲ့သော ၀ိညာဉ်များ အပါအ၀င် ကမ္ဘာတလွှား ၌ မတော်တဆ မှုများ ဖြစ်ပွား ၍ သေဆုံးခဲ့သူ များ ၏ ၀ိညဉ်များကို ခေါ်ယူ မေးမြန်းမှုများ ....





ref:ပြည်မြန်မာ

သမင် မျက်နှာဖုံးစွပ်ကို လေးနှစ်ခန့် အမြဲတမ်း ၀တ်ဆင်ထားသူ.............


တရုတ်နိုင်ငံ ချုံကင်း မြို့ မှ ပန်းချီ ဆရာ ဒီဇီုင်နာ လျိုဒန်သည် ၂၀၀၉ ခုနှစ်မှ စတင်၍ လေးနှစ်ခန့် သမင်မျက်နှာ ဖုံး စွပ်ကို အမြဲတမ်း ၀တ်ဆင်ခဲ့သည်





ref:ပြည်မြန်မာ

Sunday, November 10, 2013

MissUniverse2013 သရဖူကိုMiss Venezuela ကဆွတ်ခူး...........................

ရုရှနိုင်ငံမော်စကိုမြို့ Crocus City Hall မှာယနေ့ ညကျင်းပ
သောMiss Universe 2013နောက်ဆုံးအဆင့်ပွဲစဉ်မှာပြိုင်
ပွဲ တွင်Miss Ecuador,Miss Brazil, Miss Spain,Miss Philippines
နှင့် Miss Venezuela တို့ ကနောက်ဆုံးဆန်ကာတင်အလှမယ်၅ဦး အဆင့်ကိုရောက်ရှိတက်လှမ်းနိုင်ခဲ့ကြရာ ယင်း၅ဦးအနက်မှ2nd
Runner Up ဆုကို Miss Ecuadorက ရရှိကာ1st Runner Up ဆု
ကိုMiss Spainကရရှိပြီး MissUniverse2013သရဖူကိုMiss
Venezuela ကဆွတ်ခူးရရှိသွားခဲ့ပါသည်။

credit- missosology.org
— MissUniverse2013 သရဖူကိုMiss Venezuela ကဆွတ်ခူး (4 photos)

Saturday, November 9, 2013

ဖြစ်နေဆဲ တိုက်ပွဲ များသည် အကြောင်း အမျိုးမျိုး ပြသော နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးဟု KIA ဆို ......................

ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် အစိုးရ တပ်ဖွဲ့ တို့သည် အောက်တိုဘာလ (၇) ရက်နေ့ တွင် (၃) နေရာ၌ တောက်လျှောက် ယခု သတင်း မေးမြန်းချိန် ထိုင်းစံတော်ချိန် ည (၇) နာရီ အထိ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“အေး မနက် ကတည်း ကနေ အခုထိပဲ ၊ တောက်လျှောက်ပဲ၊ (၉) နာရီခွဲ လောက် ကတည်း ကနေ စပြီး ညနေ အခုထိကို သုံးနေ ရာမှာ တိုက်ပွဲ တောက်လျှောက် ဖြစ်နေတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသည်။

အောက်တိုဘာလ (၇) ရက်နေ့ မနက် ၉း ၃၀ မိနစ်တွင် ကောင်လွန် ရွာအနီးတွင် ရှိသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ များကို အစိုးရ ဗျူဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

ကောင်လွန်၌ ဖြစ်ပွား နေသော တိုက်ပွဲအား ကေအိုင်အေ တပ်ရင်း (၁၂) မှ ဗိုလ်ကြီး အင်ခွန်တန် ဦးဆောင်သော တပ်များနှင့် အစိုးရ ဗျူဟာ (၃) တပ်ဖွဲ့မှ တပ်များ တို့အကြား ဖြစ်ပွား နေခြင်း ဖြစ်သည်။

“ဗျူဟာ (၃) က နဖာ လမ်းဘက်က စစ်ကြောင်း တစ်ကြောင်း၊ ခတ်ကြီး ဘက်က စစ်ကြောင်း တစ်ကြောင်းနဲ့ နှစ်ဖက်လှ ညှပ်ပြီး ကျနော်တို့ကို လာတိုက်တာ” ဟု တပ်ရင်း (၁၂) တပ်ရင်းမှုး ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

အစိုးရ၏ ဗျူဟာ (၃) စစ်ကြောင်း အဖွဲ့သည် အိမ်ခြေ (၁၀၀) ခန့်ရှိသည့် ကောင်လွန်ရွာကို သိမ်းပိုက်နိုင်ရန် အတွက် လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေကြောင်း ဗိုလ်မှူး ဂျွှမ်းအောင် က ဆိုပါသည်။

ထို အစိုးရတပ် ဗျူဟာ (၃) မှ KIA တပ်အား ကောင်လွန်ရွာ အနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် အစိုးရ တပ်မှ (၂) ဦး ခြေထောက်၌ လက်နက်ငယ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဆိုပါသည်။

ထို့အတူ မနက် ၁၀း ၄၅ မိနစ်တွင် မုန်းဒိန်ပါ၊ မခေါ်ရန်ရွာ အနီးတွင် လှုပ်ရှား နေသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့အား ဗျူဟာ (၁) လက်အောက်ခံ တပ်တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပြန်သည်။

ထို့ပြင် ညနေ ၄း ၁၀ မိနစ်ခန့်မှ စ၍ ကောင်ဂျာရွာ အနီးတွင် အစိုးရ၏ ဗျူဟာ (၁) လက်အောက်ခံ တပ်များက KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

၎င်း ဗျူဟာ (၁) လက်အောက်ခံ စစ်ကြောင်း များမှ မုန်းဒိန်ပါ၊ မခေါ်ရန် ရွာအနီးနှင့် ကောင်ဂျာ ရွာအနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် KIA မှ ထောင်ထားသည့် မိုင်းကြောင်း အစိုးရ တပ်မှ အနည်းဆုံး (၄) ဦး ဒဏ်ရာ ရခဲ့ကြောင်း KIA မှ ပြောသည်။

ထို (၃) နေရာ စလုံးတွင် ယနေ့ မနက်က စ၍ လက်နက်ငယ် များဖြင့် အပြင်းအထန် တိုက်ခိုက် ခဲ့ကြပြီးနောက် ညနေပိုင်းတွင်မူ နှစ်ဖက် လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ် နေလျက် ရှိပြီး လက်နက်ငယ် တိုက်ပွဲများ အနည်းငယ် ရပ်တန့် နေခဲ့ပါသည်။

KIA တပ်ရင်း (၁၂) မှ ရင်ဆိုင် နေရသော အစိုးရ စစ်ဗျူဟာ (၃) ခု အနက် စစ်ဗျူဟာ (၁) တွင် ခမရ (၃၈၇) ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များဖြင့် စုဖွဲ့ ထားပါသည်။ ထို့ပြင် စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါကာ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် ပါဝင် စုဖွဲ့ ထားပါသည်။

ထို တပ်ရင်း (၁၂) နယ်မြေတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂) ရက်နေ့မှ စ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေခဲ့ ပါသည်။ ၄င်းကိစ္စအား ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့ တွင်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်အား ခေါ်ယူ တွေ့ဆုံ သဖြင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ သွားရောက် တွေ့ဆုံ ခဲ့ပြီး ဒုက္ခသည် အခြေအနေ များကို တင်ပြ ခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွား ရခြင်းနှင်း ပတ်သက်၍မူ တိုင်းမှူးမှ သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲ ဖြစ်ပွား နေရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း သွားရောက် တွေ့ဆုံ ခဲ့သည့် ဦးလမိုင်ခွန်ဂျာက အစောပိုင်း ရက်များတွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားပါသည်။

အစိုးရ နည်းဗျူဟာ တပ်များသည် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နယ်မြေအား နည်းဗျူဟာ (၃) ခုဖြင့် စစ်ဆင် နေပြီး အရန် ဗျူဟာ အဖြစ် နည်းဗျူဟာ (၂) ခု ရန်ထား သေးကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

ထိုနည်းဗျူဟာ တပ်များသည် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ဦးစီး ကွပ်ကဲသည့် တပ်များ ဖြစ်ကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသော်လည်း ၄င်းကို မြန်မာ့ငြိမ်းချမ်ရေး စင်တာမှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးကမူ လုံးဝ မဟုတ် မှန်ကြောင်း ငြင်းဆို ထားပါသည်။

ဗိုလ်ချုပ် ထွန်းထွန်းနောင်ကမူ အကြောင်း ပြချက် (၃) ချက် ဖြစ်သည့် သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲများ ဖြစ်ပွား ရသည်ဟု ဆိုသော်လည်း ၄င်းအား ဗိုလ်မှူး ဂျွှမ်းအောင်မှ ငြင်းဆိုကာ နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသာ ဖြစ်ကြောင်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ပါသည်။

လက်ပံတောင်းမှာ လယ်တီသိမ်တော် ၀င်ရောက်ခွင့်ပြဿနာ ပြေလည်................


2013-11-08

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းမှာရှိတဲ့ လယ်တီဆရာတော်ရဲ့ သိမ်နဲ့သာသနိက အဆောက်အဦး ကိုတွေ့ရစဉ်
photo: Internet

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသမှာရှိတဲ့ လယ်တီဆရာတော် ရဲ့ သိမ်တော်ကို မနက်ဖြန်မှာ ၀င်ရောက်ဖူးမြော်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေကို စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုဝင်ရောက်ဖူးမြော်ခွင့်ကို မနက်ဖြန်တစ်ရက်တည်း အတွက် ခွင့်ပြုတာဖြစ်ပြီး တခြားရက်တွေမှာ ၀င်ရောက် ဖူးမြော်မယ်ဆိုရင်တော့ သက်ဆိုင်ရာအသီးသီးကို ခွင့်ပြုချက်တောင်းယူရမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒေသခံတွေ နဲ့ ကြေးနီစီမံကိန်းအနီး မိုင်းမြို့ဦးကျောင်းတိုက်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့တယ်လို့ အလယ်တောရွာသူမစန္ဒာက ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက လယ်တီသိမ်တော်ကို အာဏာပိုင်တွေက ဒေသခံတွေကို ၀င်ရောက်ခွင့်ပိတ်ထားတယ်လို့သိရသလို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ရဟန်းသံဃာတချို့နဲ့ ဒေသခံတချို့ဟာ အခုလ၂ရက်နေ့ကစပြီိး ထိုင်သပိတ် ဆန္ဒပြနေကြနေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့မှာ ဒေသခံတွေနဲ့ လာရောက်ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်ဓါတ်အားခ နှုန်းထားများ ပြန်လည်လျော့ချပေးရန် အရေးအကြီးအဆို အတည်ဖြစ်၊ လျှပ်စစ်ဓါတ်အားခ နှုန်းထားများကို ပြန်လည်သုံးသပ်၍ အနီးစပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြန်လည်တင်ပြမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီဌာန ဒုဝန်ကြီးဆို.............



လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းတိုးမြှင့်ကောက်ခံမှုအပေါ် လျှပ်စစ်ဓါတ်အားခ နှုန်းထားများ ပြန်လည်လျော့ချပေးရန် အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ၄င်းအဆိုအား အတည်ပြုခဲ့ကြောင်းသိရသည်။

မလှိုင်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓါတ်အားခ တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူ့ဆန္ဒအရ ပြန်လည် လျော့ချပေးရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်က တင်သွင်းရာတွင် အများပြည်သူသို့လည်း အသိမပေး၊ ချပြရှင်းလင်းခြင်းမရှိ၊ လွှတ်တော်သို့လည်း တင်ပြခြင်းမရှိဘဲ လျှပ်စစ်ဓါတ်အားခများတိုးမြှင့်သည့်အပေါ် ပြန်လည်လျော့ချပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်၏ အရေးကြီးအဆိုအပေါ် ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး လျှပ်စစ်ဓါတ်အားခနှုန်းထားများ တစ်ပြေးညီဖြစ်ရေး၊ အရှုံးခံပေးနေသည့် အပေါ် ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးပုံနှင့် ဓါတ်အားခများအား နှိုင်းယှဉ်တွက်ချက်ပြကာ မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာကာ လက်ရှိတိုးမြှင့်ထားသည့် လျှပ်စစ်ဓါတ်အားခများကို ပြန်လည် တွက်ချက်သင့်ကြောင်း ထောက်ပြကာ ဦးအေးမောက်၏ အဆိုအပေါ် ထောက်ခံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း လွှတ်တော်အနေဖြင့်လည်း ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိဆန္ဒပြခြင်း၊ ဆန္ဒပြသူများအပေါ် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် အရေးယူမှု၊ ဆက်လက်၍လည်း ဆန္ဒပြမည်အစီအစဉ်များ ရှိနေခြင်းမှာလည်း မသင့်တော်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြီးပြတ်သည်အထိ ဆွေးနွေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အရေးကြီးအဆို နှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးမှ လက်ရှိတိုးမြှင့်ထားသည့် နှုန်းထားများကို ပြန်လည်သုံးသပ်၍ နီးစပ်ရာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

Friday, November 8, 2013

** လူတွေ မသိတဲ့ စုဘုရားလတ်ရဲ့  အတွင်းရေးအကြောင်း ** .......................


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.. လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား... ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။

♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...

ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။
 
.........
 
အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား...

ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...

ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော.....

ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...

၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...

အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။

ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။

မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။

အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...

ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။

မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း...

နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။

ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်... အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်...

မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။ အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ...

ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်...

ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...

သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့် နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့..... လေးစားတယ်ဗျာ...။
 

ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း ရေးသားသူး မောင်ကွန်ပျူတာ အမျိုးအစားး pdf အရွယ်အစားး 100MB

ညီနေမင်း


Posted: 06 Nov 2013 02:04 AM PST

စာအုပ်အမည်း ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း
ရေးသားသူး မောင်ကွန်ပျူတာ
အမျိုးအစားး pdf
အရွယ်အစားး 100MB

ယခု တင်ပေးလိုက်တဲ့ ပီစီအဆင့်မြှင့်တပ်ဆင်ခြင်း စာအုပ်လေးတွင် လက်ရှိ PC တွင်ပါရှိသော အစိတ်အပိုင်းများကို upgrade လုပ်သင့်သည့်အချိန်နှင့် PC အသစ်တစ်လုံးကို ဝယ်သင့်သည့် အချိန်တို့ကို လေ့လာသိရှိနိုင်ပါသည်။ PC ကိုအသုံးပြုသူများအတွက် မရှိမဖြစ် လိုအပ်သောစာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။ လေ့လာချင်တဲ့ မိတ်ဆွေများ အောက်မှာ Downland ယူသွားပါ။

This posting includes an audio/video/photo media file: Download Now