Saturday, November 9, 2013

ဖြစ်နေဆဲ တိုက်ပွဲ များသည် အကြောင်း အမျိုးမျိုး ပြသော နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးဟု KIA ဆို ......................

ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် အစိုးရ တပ်ဖွဲ့ တို့သည် အောက်တိုဘာလ (၇) ရက်နေ့ တွင် (၃) နေရာ၌ တောက်လျှောက် ယခု သတင်း မေးမြန်းချိန် ထိုင်းစံတော်ချိန် ည (၇) နာရီ အထိ တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေကြောင်း KIA တပ်ရင်း (၁၂) တပ်ရင်းမှူးမှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

“အေး မနက် ကတည်း ကနေ အခုထိပဲ ၊ တောက်လျှောက်ပဲ၊ (၉) နာရီခွဲ လောက် ကတည်း ကနေ စပြီး ညနေ အခုထိကို သုံးနေ ရာမှာ တိုက်ပွဲ တောက်လျှောက် ဖြစ်နေတယ်” ဟု KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသည်။

အောက်တိုဘာလ (၇) ရက်နေ့ မနက် ၉း ၃၀ မိနစ်တွင် ကောင်လွန် ရွာအနီးတွင် ရှိသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ များကို အစိုးရ ဗျူဟာ (၃) လက်အောက်ခံ တပ်ဖွဲ့ တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

ကောင်လွန်၌ ဖြစ်ပွား နေသော တိုက်ပွဲအား ကေအိုင်အေ တပ်ရင်း (၁၂) မှ ဗိုလ်ကြီး အင်ခွန်တန် ဦးဆောင်သော တပ်များနှင့် အစိုးရ ဗျူဟာ (၃) တပ်ဖွဲ့မှ တပ်များ တို့အကြား ဖြစ်ပွား နေခြင်း ဖြစ်သည်။

“ဗျူဟာ (၃) က နဖာ လမ်းဘက်က စစ်ကြောင်း တစ်ကြောင်း၊ ခတ်ကြီး ဘက်က စစ်ကြောင်း တစ်ကြောင်းနဲ့ နှစ်ဖက်လှ ညှပ်ပြီး ကျနော်တို့ကို လာတိုက်တာ” ဟု တပ်ရင်း (၁၂) တပ်ရင်းမှုး ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

အစိုးရ၏ ဗျူဟာ (၃) စစ်ကြောင်း အဖွဲ့သည် အိမ်ခြေ (၁၀၀) ခန့်ရှိသည့် ကောင်လွန်ရွာကို သိမ်းပိုက်နိုင်ရန် အတွက် လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေကြောင်း ဗိုလ်မှူး ဂျွှမ်းအောင် က ဆိုပါသည်။

ထို အစိုးရတပ် ဗျူဟာ (၃) မှ KIA တပ်အား ကောင်လွန်ရွာ အနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် အစိုးရ တပ်မှ (၂) ဦး ခြေထောက်၌ လက်နက်ငယ် ဒဏ်ရာ ရရှိ ခဲ့ကြောင်း ဆိုပါသည်။

ထို့အတူ မနက် ၁၀း ၄၅ မိနစ်တွင် မုန်းဒိန်ပါ၊ မခေါ်ရန်ရွာ အနီးတွင် လှုပ်ရှား နေသည့် KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့အား ဗျူဟာ (၁) လက်အောက်ခံ တပ်တို့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ပြန်သည်။

ထို့ပြင် ညနေ ၄း ၁၀ မိနစ်ခန့်မှ စ၍ ကောင်ဂျာရွာ အနီးတွင် အစိုးရ၏ ဗျူဟာ (၁) လက်အောက်ခံ တပ်များက KIA တပ်ရင်း ၁၂ လက်အောက်ခံ တပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။

၎င်း ဗျူဟာ (၁) လက်အောက်ခံ စစ်ကြောင်း များမှ မုန်းဒိန်ပါ၊ မခေါ်ရန် ရွာအနီးနှင့် ကောင်ဂျာ ရွာအနီးတွင် ဝင်ရောက် တိုက်ခိုက် ခဲ့သည့် တိုက်ပွဲတွင် KIA မှ ထောင်ထားသည့် မိုင်းကြောင်း အစိုးရ တပ်မှ အနည်းဆုံး (၄) ဦး ဒဏ်ရာ ရခဲ့ကြောင်း KIA မှ ပြောသည်။

ထို (၃) နေရာ စလုံးတွင် ယနေ့ မနက်က စ၍ လက်နက်ငယ် များဖြင့် အပြင်းအထန် တိုက်ခိုက် ခဲ့ကြပြီးနောက် ညနေပိုင်းတွင်မူ နှစ်ဖက် လက်နက်ကြီးဖြင့် ဆက်လက် ပစ်ခတ် နေလျက် ရှိပြီး လက်နက်ငယ် တိုက်ပွဲများ အနည်းငယ် ရပ်တန့် နေခဲ့ပါသည်။

KIA တပ်ရင်း (၁၂) မှ ရင်ဆိုင် နေရသော အစိုးရ စစ်ဗျူဟာ (၃) ခု အနက် စစ်ဗျူဟာ (၁) တွင် ခမရ (၃၈၇) ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များဖြင့် စုဖွဲ့ ထားပါသည်။ ထို့ပြင် စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါကာ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် ပါဝင် စုဖွဲ့ ထားပါသည်။

ထို တပ်ရင်း (၁၂) နယ်မြေတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၂၂) ရက်နေ့မှ စ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား နေခဲ့ ပါသည်။ ၄င်းကိစ္စအား ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့ တွင်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်အား ခေါ်ယူ တွေ့ဆုံ သဖြင့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ သွားရောက် တွေ့ဆုံ ခဲ့ပြီး ဒုက္ခသည် အခြေအနေ များကို တင်ပြ ခဲ့ပြီး ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွား ရခြင်းနှင်း ပတ်သက်၍မူ တိုင်းမှူးမှ သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲ ဖြစ်ပွား နေရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း သွားရောက် တွေ့ဆုံ ခဲ့သည့် ဦးလမိုင်ခွန်ဂျာက အစောပိုင်း ရက်များတွင် ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ထားပါသည်။

အစိုးရ နည်းဗျူဟာ တပ်များသည် KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) နယ်မြေအား နည်းဗျူဟာ (၃) ခုဖြင့် စစ်ဆင် နေပြီး အရန် ဗျူဟာ အဖြစ် နည်းဗျူဟာ (၂) ခု ရန်ထား သေးကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ဆိုပါသည်။

ထိုနည်းဗျူဟာ တပ်များသည် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ဦးစီး ကွပ်ကဲသည့် တပ်များ ဖြစ်ကြောင်း ဗိုလ်မှူး ဂျွှမ်းအောင်က ပြောသော်လည်း ၄င်းကို မြန်မာ့ငြိမ်းချမ်ရေး စင်တာမှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးကမူ လုံးဝ မဟုတ် မှန်ကြောင်း ငြင်းဆို ထားပါသည်။

ဗိုလ်ချုပ် ထွန်းထွန်းနောင်ကမူ အကြောင်း ပြချက် (၃) ချက် ဖြစ်သည့် သစ်ခိုးထုတ်သည့် အဖွဲ့များအား သွားရောက် ရှင်းလင်းခြင်း၊ လူထုနှင့် ထိတွေ့ ဆက်ဆံ လိုသည့် သဘောထား ရှိခြင်းနှင့် လေ့ကျင့်ရေး တပ်များကြောင့် တိုက်ပွဲများ ဖြစ်ပွား ရသည်ဟု ဆိုသော်လည်း ၄င်းအား ဗိုလ်မှူး ဂျွှမ်းအောင်မှ ငြင်းဆိုကာ နယ်မြေ စိုးမိုးရေး စစ်ဆင်ရေးသာ ဖြစ်ကြောင်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment