This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 13, 2013

မလေးရှားနိုင်ငံတွင် ရောက်ရှိ၍ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ/ သားများအားလုံးအတွက်ကူညီပေးမည့် လေကြောင်းလိုင်းနှစ်ခု ထပ်တိုးလာ

ကူညီပေးမည့် လေကြောင်းလိုင်းနှစ်ခု ထပ်တိုးလာ

12/6/2013

မလေးရှား နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသူမျာ
းဖြစ်ကြောင်း မြန်မာသံရုံးထောက်ခံချက် ပါရှိလျှင် ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်.......

Contact Info
Phone +951-401484, +959-400448999
Email info@gmairlines.com
Website http://www.gmairlines.com/

-------------------------------------------------

မလေးရှားနိုင်ငံတွင် ရောက်ရှိ၍ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ/ သားများအားလုံးအတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ကူညီထောက်ပံ့မှုများဆာင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက် လျက်ရှိပြီး မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေနှင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်လာ၍ မိမိတို့ နေရပ်သို့ပြန်နိုင်ရန်အတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ပြေးဆွဲ လျက်ရှိသော ပြည်တွင်း ခရီးစဉ်များတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ဆောင်ရွက်လိုပါက Public Relations Department
(ဖုန်းနံပါတ် ၀၁-၅၁၅၂၅၉၊ ၅၁၅၂၆၀ လိုင်းခွဲ - ၁၀၅) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

အင်တာနတ်

မလေးရှားနိုင်ငံတွင် ရောက်ရှိ၍ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ/ သားများအားလုံးအတွက်ကူညီပေးမည့် လေကြောင်းလိုင်းနှစ်ခု ထပ်တိုးလာ

ကူညီပေးမည့် လေကြောင်းလိုင်းနှစ်ခု ထပ်တိုးလာ

12/6/2013

မလေးရှား နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်နေသူမျာ
းဖြစ်ကြောင်း မြန်မာသံရုံးထောက်ခံချက် ပါရှိလျှင် ဘန်ကောက် နှင့် စင်ကာပူမှ ပြန်မည် ဆိုပါက Golden Myanmar လေကြောင်းလိုင်းမှ အခမဲ့ စီးနင်းခွင့် ပြုမည်.......

Contact Info
Phone +951-401484, +959-400448999
Email info@gmairlines.com
Website http://www.gmairlines.com/

-------------------------------------------------

မလေးရှားနိုင်ငံတွင် ရောက်ရှိ၍ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသူ/ သားများအားလုံးအတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ကူညီထောက်ပံ့မှုများဆာင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက် လျက်ရှိပြီး မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအနေနှင့် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ သို့ ပြန်လာ၍ မိမိတို့ နေရပ်သို့ပြန်နိုင်ရန်အတွက် Asian Wings လေကြောင်းလိုင်းအနေဖြင့် ပြေးဆွဲ လျက်ရှိသော ပြည်တွင်း ခရီးစဉ်များတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ဆောင်ရွက်လိုပါက Public Relations Department
(ဖုန်းနံပါတ် ၀၁-၅၁၅၂၅၉၊ ၅၁၅၂၆၀ လိုင်းခွဲ - ၁၀၅) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

အင်တာနတ်

မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။


-----------------------------------------------------------
- မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။
ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

- မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ပွါးလိုက်ပါ။
ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ

- ကြည်လင်နေတဲ့ရေကိုကြည့်ပြီး
ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။
ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

- ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။

- မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ cE¨mudk,fဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။
အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။
အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

(ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။)

Wednesday, June 12, 2013

ကမ္ဘာ့ဒုတိယအကြီးဆုံး ငါး - Basking Fish


Photo: ကမ္ဘာ့ဒုတိယအကြီးဆုံး ငါး - Basking Fish 

Basking Fish - နေပူဆာလုံငါးလို့ ခေါ်ပါတယ်။ ရေပြင်အထက်ကိုတက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။ 

ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါတယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။ 

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်သွားလာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။ 

ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်းကာကွယ်ပေးရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar
Basking Fish - နေပူဆာလုံငါးလို့ ခေါ်ပါတယ်။ ရေပြင်အထက်ကိုတက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။

ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါတယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်သွားလာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်းကာကွယ်ပေးရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

လူပြောသူပြောများတဲ့နဂါးနိုင်ဓား


နဂါးနိုင်ဓားဇာတ်ကားဟာ Copy လားဆိုပြီးမေးမြန်း သံသယရှိသူတွေကို လည်းဒါရိုက်တာလွင်ဗိုက ” နဂါးနိုင်ဓားဇာတ်ကားကမထင် မှတ်ပဲစိတ်ဝင်စားတဲ့သူတွေများ တာတွေ့ရတာဝမ်းသာပါတယ်။

အဲဒီမှာကွန်မန့်လေးတွေလည်းအများကြီးတက်လာတော့ ကျွန်တော့ အနေနဲ့ပြောပြစရာလေးတွေရှိလာပါတယ်။ တကယ်တော့ဒီကားရဲ့ ဇာတ်လမ်းကကော်ပီလုံးဝမဟုတ်ဘူး ဆိုတာအာမခံပါတယ်ဗျာ။ နာမည်ကတော့နဂါးနိုင်ဓားဆိုတဲ့ တရုတ်သိုင်းဇာတ်လမ်းတွဲနာမည် နဲ့တူပါတယ်။ ဒါက လည်း မြန်မာလိုပြန် လိုက်စဉ် ခေါ်လို့ကောင်းမယ့် နာမည်မျိုးဖြစ်ပါလိမ့်မယ်။ နဂါးကိုနိုင်တဲ့ဓား၊နဂါးကြောက်သောဓား စသဖြင့်ပေးရင်လည်း ရပေမယ့်ခေါ်လို့ မကောင်းပြန်ဘူးဗျ။ဒီတော့ လူတွေနားယဉ်ပြီးသားနဂါးနိုင်ဓားဆိုပြီးနာမည်ပေးလိုက် ရတာခွင့်လွှတ်နားလည်ပေးကြပါဗျာ” လို့ဖေ့စ်ဘုတ်စာမျက်နှာ ထက် မှာ ရေးသား ထားပြီး သူ့ရဲ့ဇာတ်ကားဖန်တီးမှုအပေါ် ” နောက်ပြီးနဂါးဆိုတဲ့ သတ္တဝါဟာ တရုတ်မှာပဲရှိတာမဟုတ်ဘူး ။မြန်မာမှာလည်း ကိုယ့်ရိုးရာနဂါး လေးရှိနေတော့ ဒီလိုနာမည်ပေး လိုက်ခြင်းဟာ ပရိသတ်တွေအ တွက်စိတ် အနှောင့်အယှက်မဖြစ်လောက်ဘူးလို့ ယူဆမိလို့ပါ။ မြန်မာမှာလည်း နဂါးနိုင် မင်းပေါက်ကြိုင်းလို ဇာတ်တွေလည်းရှိနေတာပဲ မဟုတ်လားခင်ဗျာ။

ဇာတ်လမ်းကကိုယ်ပိုင်စဉ်းစားတာဆိုပေမယ့်တချို့ sub plot တွေ မှာ တရုတ်နဲ့ နိုင်ငံခြားကားတွေကို reference ယူရတာကိုတော့ ကျွန်တော်ဝန်ခံရပါလိမ့်မယ်။ ဓားပျံပစ်တဲ့အိုင်ဒီယာဆိုရင် ဂျက်လီ ရဲ့ Flying sword of dragon gate ထဲက စတိုင်လေးကိုအတု ယူပါတယ်။ နဂါးပေါ်လာပုံလေးဆိုရင် dragon war,နောက် ဒါပေမဲ့ ကျွန်တော်တို့မြန်မာ VFX artist တွေ ဒီကားလေးကို ဒီလောက် လေးထွက်လာဖို့ မရယ်နိုင်ခဲ့ ပါဘူး။ မြန်မာနဂါးဆိုတာ ပန်းချီတွေ၊ ဘုရားတွေမှာသာ မြင်ခဲ့ဖူးပေမယ့် ဘယ်လိုလှုပ် ရှားလဲဆိုတာ မတွေ့ဖူးကြဘူး။ ဒီလိုနဲ့နဂါး Animation ဖန်တီးတဲ့ကိုဇော်ရဲမြင့်တို့အဖွဲ့နဲ့ ခေါင်းချင်းဆိုင်ပြီး ခန့်မှန်းယူဆ ဖန်တီးခဲ့ကြရပါတယ်။

ကျွန်တော်တို့အားလုံးသိပ်စိတ်တိုင်းမကျလှပေမယ့်ရသလောက်လုပ်နိုင်သလောက်လေးတွေနဲ့ နောက်ဆိုဒီထက်ပိုကောင်းဖို့ပဲရှိပါ တယ်ကွာဆိုပြီး အချင်းချင်း အားပေးကာ ဆက် လက်ချီတက် ခဲ့ကြရပါတယ်။ ဒီအပေါ်မှာအပြစ်မြင်ကြတဲ့သူတွေကိုလည်း ကျွန်တော်အနေနဲ့ အပြစ် မမြင် ရက်ဘူး။ ကျွန်တော် သိပါတယ် ခင်ဗျားတို့ဟာ မြန်မာပြည် က မြန်မာလူမျိုးတွေလုပ်တဲ့ ဖန်တီး မှုတွေကိုခြောက်ပြစ်ကင်း သဲ လည်းစင်ဖြစ် စေချင်ကြတယ်။

ဒါမြန်မာပြည်က လုပ်တာကွ ဆိုပြီး နိုင်ငံတကာကလူတွေ ကြားမှာ ဂုဏ်ယူချင်ကြတယ်။အဲဒီ လိုဖြစ်မလာနိုင်တော့ ကရုဏာ ဒေါသနဲ့ပြောကြ ဆိုကြတယ်။ ဘယ်လိုပဲ ပြောပြော အားလုံးရဲ့ ရင်ထဲမှာ မျိုးချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်တွေအပြည့်ရှိ တယ်ဆို တာ ကျွန်တော်အကြွင်းမဲ့ ယုံ ကြည်တယ်” လိုလည်း ရင်ဖွင့်ထားပါတယ်။

Popular Journal

မျက်စိကိုလျာနဲ့ လျက်ခြင်း ဂျပန်လူငယ်များအကြားခေတ်စား


Photo: မျက်စိကိုလျာနဲ့ လျက်ခြင်း ဂျပန်လူငယ်များအကြားခေတ်စား
=================================

တုန်လှုပ်ဖွယ်ကောင်းတဲ့ အလေ့အထ တစ်ခုဂျပန် ကလေးတွေကြားမှာ ပျံ့ နှံ့ နေပါတယ်။ internet site Naver Matome မှာလဲဒီအကြောင်းကိုအရမ်းပြောနေကြပါတယ်။

အခုတင်ပြမဲ့အကြောင်းအရာကို twitter မှာပြန်ဖြန့် ကြတာ အကြိမ် ၁၀,၀၀၀ လောက်ရှိပါတယ်။ အသက်၁၂နှစ်အရွယ်နီးပါးရှိတဲ့ ခြောက်တန်း ကလေးတွေ တယောက်မျက်လုံးကို တယောက်လျာနဲ့ လျက်ကြတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ချိန်းတွေ့ ကြတဲ့ လူငယ်တွေကြားမှာထုံးစံလိုတောင်ဖြစ်နေပါတယ်။

"ဒီနှစ်အစပိုင်းကစလို့  မျက်စိတဖက်အုပ်ထားတဲ့စတိုင်(eye patch style) ဟာအခန်းထဲမှာကူးစက်ပြန့် နှံ့ နေပါတယ်။ ပထမတော့ဝန်ထမ်းတွေက သိပ်သတိမမူမိဘူး။ နောက်ပိုင်း ၅ယောက် ကနေ ၁၀ ယောက်အထိ eyepatch တွေနဲ့ ဖြစ်လာတော့ လူကြီးတွေက သတိထားမိလာတယ်။ အတန်းပိုင်ဆရာမကခေါ်ပြီး ကျောင်းသားတွေကို ခေါ်မေးတော့ သူတို့ ကမသိဘူးပဲဖြေတယ်။ အဲဒါနဲ့  အစည်းအဝေးတွေခေါ်ပြီးဆွေးနွေးကြတယ်။ အကြောင်းရင်းမြစ်ကမရှင်းလင်းလို့ ပါ"

မျက်စိကိုလျက်ကြရာမှ မျက်စိနာပြီး မျက်စိတဖက်အုပ်ရတာလား။

"တနေ့ တော့ ကျွန်တော် အားကစားရုံကို ရှင်းဖို့ စတိုခန်း ကိုသွားတော့ တံခါးပွင့်နေတာ တွေ့ တယ်။ အခန်းထဲမှယတစ်ယောက်မျက်နှာနား တယောက်ကပ်ပြီးဘာလုပ်နေကြတာလဲမသိဘူး။ အနိုင်ကျင့်တာလားပေါ့။ သေချာအောင်ကြည့်တော့မှ ကောင်လေးက ကောင်မလေးမျက်လုံး ကို လျာနဲ့ လျက်နေတာ။ အဲဒါနဲ့ ကျွန်တော်လဲ့ အံ့သြပြီး ဘာလုပ်နေကြတာလဲ၊ ရပ်လိုက်စမ်း" လို့ အော်လိုက်တော့ နှစ်ယောက်စလုံးလန့် ပြီး ကွဲသွားတယ်။ ကောင်မလေးက ငိုတယ်။ ကောင်လေးကမျက်နာကြီးနီပြီး တုန်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သန့် ရှင်းရေးပစ္စည်းခန်းထဲနှစ်ယောက်စလုံးကို ခေါ်ပြီးသူတို့ ပြောတာနားထောင်တယ်။

သူတို့ ကိုစကားနဲနဲပြောပြီး ဘယ်လိုဖြစ်တာလဲဆိုတာမေးကြည့်တော့ ထွက်လာတယ်။ နမ်းတာအပြင် ဒါမျိုးလုပ်ကြတယ်လို့ ပြောတယ်။အတန်းထဲမှာ အရမ်းထဲမှာပေါ်ပြူလာဖြစ်တာကြာပြီ။ လူတိုင်းလုပ်နေကြတာပဲလို့ ပြောပါတယ်။

မျက်စိဆရာဝန်တစ်ယောက်က ပြောတာတော့ မျက်စေ့တွေဟာ mucosal membranes တွေပါ။ ဒါကြောင်း eyeball တွေဟာလည်း လိင်စိတ်ထကြွစေတဲ့နေရာလို့ ယူဆနိုင်ပါတယ်။ ဒါကိုလျက်တယ်ဆိုတာကတော့ လိင်စိတ်ကို တိုးပွားအောင်လုပ်တဲ့ မကောင်းတဲ့အလေ့အကျင့်တစ်ခု လို့ မြင်ပါတယ်လို့ ဆိုပါတယ်။

ms
by-MMOtaku
တုန်လှုပ်ဖွယ်ကောင်းတဲ့ အလေ့အထ တစ်ခုဂျပန် ကလေးတွေကြားမှာ ပျံ့ နှံ့ နေပါတယ်။ internet site Naver Matome မှာလဲဒီအကြောင်းကိုအရမ်းပြောနေကြပါတယ်။

အခုတင်ပြမဲ့အကြောင်းအရာကို twitter မှာပြန်ဖြန့် ကြတာ အကြိမ် ၁၀,၀၀၀ လောက်ရှိပါတယ်။ အသက်၁၂နှစ်အရွယ်နီးပါးရှိတဲ့ ခြောက်တန်း ကလေးတွေ တယောက်မျက်လုံးကို တယောက်လျာနဲ့ လျက်ကြတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ချိန်းတွေ့ ကြတဲ့ လူငယ်တွေကြားမှာထုံးစံလိုတောင်ဖြစ်နေပါတယ်။

"ဒီနှစ်အစပိုင်းကစလို့  မျက်စိတဖက်အုပ်ထားတဲ့စတိုင်(eye patch style) ဟာအခန်းထဲမှာကူးစက်ပြန့် နှံ့ နေပါတယ်။ ပထမတော့ဝန်ထမ်းတွေက သိပ်သတိမမူမိဘူး။ နောက်ပိုင်း ၅ယောက် ကနေ ၁၀ ယောက်အထိ eyepatch တွေနဲ့ ဖြစ်လာတော့ လူကြီးတွေက သတိထားမိလာတယ်။ အတန်းပိုင်ဆရာမကခေါ်ပြီး ကျောင်းသားတွေကို ခေါ်မေးတော့ သူတို့ ကမသိဘူးပဲဖြေတယ်။ အဲဒါနဲ့  အစည်းအဝေးတွေခေါ်ပြီးဆွေးနွေးကြတယ်။ အကြောင်းရင်းမြစ်ကမရှင်းလင်းလို့ ပါ"

မျက်စိကိုလျက်ကြရာမှ မျက်စိနာပြီး မျက်စိတဖက်အုပ်ရတာလား။

"တနေ့ တော့ ကျွန်တော် အားကစားရုံကို ရှင်းဖို့ စတိုခန်း ကိုသွားတော့ တံခါးပွင့်နေတာ တွေ့ တယ်။ အခန်းထဲမှယတစ်ယောက်မျက်နှာနား တယောက်ကပ်ပြီးဘာလုပ်နေကြတာလဲမသိဘူး။ အနိုင်ကျင့်တာလားပေါ့။ သေချာအောင်ကြည့်တော့မှ ကောင်လေးက ကောင်မလေးမျက်လုံး ကို လျာနဲ့ လျက်နေတာ။ အဲဒါနဲ့ ကျွန်တော်လဲ့ အံ့သြပြီး ဘာလုပ်နေကြတာလဲ၊ ရပ်လိုက်စမ်း" လို့ အော်လိုက်တော့ နှစ်ယောက်စလုံးလန့် ပြီး ကွဲသွားတယ်။ ကောင်မလေးက ငိုတယ်။ ကောင်လေးကမျက်နာကြီးနီပြီး တုန်နေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း သန့် ရှင်းရေးပစ္စည်းခန်းထဲနှစ်ယောက်စလုံးကို ခေါ်ပြီးသူတို့ ပြောတာနားထောင်တယ်။

သူတို့ ကိုစကားနဲနဲပြောပြီး ဘယ်လိုဖြစ်တာလဲဆိုတာမေးကြည့်တော့ ထွက်လာတယ်။ နမ်းတာအပြင် ဒါမျိုးလုပ်ကြတယ်လို့ ပြောတယ်။အတန်းထဲမှာ အရမ်းထဲမှာပေါ်ပြူလာဖြစ်တာကြာပြီ။ လူတိုင်းလုပ်နေကြတာပဲလို့ ပြောပါတယ်။

မျက်စိဆရာဝန်တစ်ယောက်က ပြောတာတော့ မျက်စေ့တွေဟာ mucosal membranes တွေပါ။ ဒါကြောင်း eyeball တွေဟာလည်း လိင်စိတ်ထကြွစေတဲ့နေရာလို့ ယူဆနိုင်ပါတယ်။ ဒါကိုလျက်တယ်ဆိုတာကတော့ လိင်စိတ်ကို တိုးပွားအောင်လုပ်တဲ့ မကောင်းတဲ့အလေ့အကျင့်တစ်ခု လို့ မြင်ပါတယ်လို့ ဆိုပါတယ်။

ms
by-MMOtaku

တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်


Photo: တစ်နာရီ မိုင် ၃၁၀ ပြေးမည့် ရှပ်ပြေးရထား ဂျပန်တို့ စမ်းသပ် အောင်မြင်
Tuesday, June 11, 2013

တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။

လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့ နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်
သွားပါပြီ။ ရိုးရိုးသွားတဲ့ ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေ
အထားရှိပြီး Air Resistance ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်
လာမှာပါ။

လုံခြုံရေးအတွက်လည်းအပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလော
ဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆိုပါတယ်။

တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထားလို့ဆို
ပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့အသုံပြုမှုကျတော့
နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal
တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။

လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့ နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင်
သွားပါပြီ။ ရိုးရိုးသွားတဲ့ ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေ
အထားရှိပြီး Air Resistance ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်
လာမှာပါ။

လုံခြုံရေးအတွက်လည်းအပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလော
ဆယ် ၁၅ မီတာ အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့် အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆိုပါတယ်။

တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထားလို့ဆို
ပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။ ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့အသုံပြုမှုကျတော့
နောက်ထပ် ၇ နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
TechSpace Journal

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး


Tuesday, June 11, 2013

ရန်ကုန်၊ဇွန်၁၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကိုထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျနေသူ ဖြစ်ပြီး မိမိ၏ သဘောဆန္ဒဖြင့် တာဝန်ချထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

ကေအေတီရဲ့ အကြောင်းကို ဇနီးသည်နှင့် မိခင်ဖြစ်သူတို့မှ ရင်ဖွင့်လာ


ရန်ကုန်မြို. ၊ ကန်တော်လေး ၈၇ လမ်းမှာ နေထိုင်တဲ့ မုံရွာမြို.ဇာတိ ၊ တေးရေးဆရာ ကေအေတီဟာ ဇွန်လ ၁ ရက်နေ့က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဇွန်လ ၅ ရက်နေ့ ရေဝေး သုသာန်မှာ သင်္ဂြိုလ်ခဲ့ပြီး ဖြစ်ပါတယ် ။

နာမည်ကြီး တေးရေး ဆရာဖြစ်တဲ့ ကေအေတီ သီချင်းပေါင်း များစွာ ရေးသားခဲ့ရာ ၊ သီချင်းပုဒ်ရေ ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဇနီး "ချမ်းအိမွန်" ကပြောပါတယ် ။ ကိုကေအေတီ နဲ့ ချမ်းအိမွန်တို့က လွန်ခဲ့တဲ့ ၆ လ ၊ (၃-၁၂-၂၀၁၂) ကမှ လက်မှတ်ထိုးပြီး လက်ထပ်ခဲ့ကြတာပါ ။ မင်္ဂလာဦး ဆွမ်းကျွေးကိုလည်း ၂၁-၁၂-၂၀၁၂ ၊ ၈၇လမ်း နေအိမ်မှာပဲ ကျင်းပခဲ့ပါတယ် ။

ချမ်းအိမွန်က တေးရေးဆရာ ကေအေတီဆိုတာထက် ကျော်ကျော်အောင် ဆိုတဲ့ လူကိုချစ်ပြ...ီး လက်ထပ်ခဲ့တာပါလို့ ဆိုပါတယ် ။ ဒါကြောင့် ကေအေတီရဲ့ သီချင်းများကိုကြိုက်သည် ၊ မကြိုက်သည် လည်း မရှိပါဘူးလို့ ပြောပါတယ် ။

ကေအေတီရဲ့ မိခင်ဖြစ်သူကလည်း ယခုလို ဆက်လက်ပြောပါတယ် ။ သားမှာ Heart Attack နှစ်ကြိမ်ရခဲ့ပြီး SSC ဆေးရုံမှာ တက်ရောက် ကုသခဲ့ကြောင်း ၊ ယခုတတိယအကြိမ်တွင် ဆေးရုံမမှီဘဲ အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း ပြောပြပါတယ် ။ ကျွန်မမှာ သားသမီး၎ ယောက်ရှိပါတယ် ။ သူက သားအကြီးဆုံးပါ ။ သူ ပညာလည်း အရမ်းတော်ပါတယ် ။ ငယ်ငယ်ကတည်းက ဆုတွေလည်း ရတယ် ။ ရန်ကုန်မှာ သူ့ညီမကလည်း စောင့်ရှောက်ပေးတယ်လေ ။ အရင်က ကျွန်မလည်း သားနဲ့ အတူနေပါတယ် ။ သားမဆုံးခင်ညမှာ ဖုန်းနဲ့ စကားပြောဖြစ်သေးတယ် ။

ကန်တော်ကလေး ၈၇ လမ်းနေအိမ်ရဲ့ နံရံမှာ ကေအေတီ လတ်တလော ရေးထားတဲ့ သီချင်း List ကိုလည်း ကော်ပီ ၊ ကိုယ်ပိုင်သံစဉ် ခွဲခြားပြီး ရေးမှတ်ထားတာ တွေ.ရပါတယ် ။ မြန်မာပြည်ရဲ့ နာမည်ကြီး အဆိုတော်များစွာကို မွေးထုတ်ပေးခဲ့ပါတယ် ။

Burmese Classic

မြန်မာမှာ တစ်လအတွင်း လေယာဉ်နှစ်စီး မတော်တဆဖြစ်

ABC

ခရီးသည် ​၆၀ ​နီးပါးသယ်ဆောင်လာတဲ့ ​မြန်မာ့လေကြောင်းလိုင်းရဲ့ ​လေယာဉ်တစင်းဟာ ​မနေ့(တနင်္လာနေ့) ​က ​ပြေးလမ်းချော်သွားတယ်လို့သိရပါတယ်။ ​ဒါဟာ ​တစ်လအတွင်း ​ဒုတိယအကြိမ် ​ဖြစ်ပွားခဲ့တာပါ။

မြန်မာ့လေကြောင်းရဲ့ ​တရုတ်နိုင်ငံထုတ် ​MA60 ​လေယာဉ်ဟာ ​တနင်္သာရီတိုင်း ​ကော့သောင်းလေဆိပ်ကို ​ဆင်းသက်စဉ်မှာ ​လမ်းချော်သွားခဲ့တာ ​ဖြစ်ပြီး ​လေယာဉ်ရဲ့ ​ပန်ကာ ​နှစ်ဘက်စလုံး ​ပျက်ဆီးမှုတွေ ​ရှိခဲ့ပေမယ့် ​ဘယ်သူမှ ​ထိခိုက်ဒဏ်ရာ ​ရမှု ​မရှိခဲ့ဘူးလို့ ​မြန်မာနိုင်ငံရဲတပ်ဖွဲ့ ​တာဝန်ရှိသူ ​တဦးက ​AFP ​သတင်းဌာနကို ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​မေလ ​တုန်းကလည်း ​မြန်မာ့လေကြောင်းရဲ့ ​MA ​60 ​လေယာဉ် ​တစင်းဟာ ​ဘရိတ်ချို့ယွင်းပြီး ​မတော်တဆဖြစ်ပွားမှု ​ကြောင့် ​လူ ​၂ ​ဦး ​ဒဏ်ရာ ​ရခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​အခုနောက်ပိုင်း ​တိုးတက် ​ပြောင်းလဲလာမှုကြောင့် ​နိုင်ငံခြားသား ​လည်ပတ်မှု ​တဟုတ်တိုး ​များပြားလာမှုကို ​မြန်မာ့လေကြောင်း ​နဲ့ခရီးသွားလာရေး ​လုပ်ငန်းတွေ ​ဟာ ​ အလျင်မှီနိုင်အောင် ​ရုန်းကန်ကြိုးစားနေကြရပါတယ်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်အတွင်း Sing Tel ဝင်လာပြီ

မေစစ်ပိုင်


စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းကာ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မည်ဟု Sing Tel ၏ International Group Consumer CEO Mr. Mark Chong က ပြောသည်။

စင်ကာပူ အခြေစိုက် Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီက ကမ္ဘောဇဘဏ် လီမိတက်၊ မြန်မာ တယ်လီဖုန်း ကုမ္ပဏီ (M Tel) တို့နှင့် ပူးပေါင်း၍ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ယနေ့ ရန်ကုန်မြို့ Strand Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Mr. Mark Chong က ပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မလုံလောက်တဲ့ ပြဿနာ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ကုန်ကြမ်း ဝယ်ယူရ ခက်ခဲတဲ့ ပြဿနာ စတဲ့ စိန်ခေါ်မှုတွေ ရှိပေမယ့် ကျနော်တို့ဘက်က ရအောင် လုပ်သွားမှာပါ။ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ နောက်ကျ ကျန်နေခဲ့တာကြောင့် နိုင်ငံတကာနဲ့ ချိတ်ဆက်ဖို့ လိုအပ်လိမ့်မယ်” ဟု သူက ဆိုသည်။

၃ နှစ်အတွင်း မြို့ပြနှင့် ကျေးလက်လူဦးရေ ၉၇ ရာခိုင်နှုန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်နေပြီး နိုင်ငံတကာနှင့် ချိတ်ဆက် ပြောဆိုနိုင်သည့် Sim Card များ ထုတ်လုပ်ခြင်း၊ ရေအောက် ဆက်သွယ်ရေး ကေဘယ်စနစ်များ ချိတ်ဆက်ပေးခြင်း၊ ဂြိုဟ်တု ဆက်သွယ်ရေးစနစ် တည်ထောင်နိုင်ပြီး မြန်မာအစိုးရ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး အတွက် ဖြစ်နိုင်ချေ ရှိမရှိ လေ့လာရေးများတွင် ထည့်သွင်း ပါဝင်စေခြင်းတို့ကိုလည်း ဆက်လက် အကောင်အထည်ဖော် မည်ဟု သိရသည်။

ထို့အပြင် အာမခံ လုပ်ငန်း၊ ငွေစုငွေချေး လုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေး စသည့် ကိစ္စများတွင်လည်း ဆက်သွယ်ရေးစနစ် အသုံးပြုကာ ဆောင်ရွက်ရန်ရှိသည်ဟု Mr. Mark Chong က ရှင်းပြသည်။

Sing Tel ဆက်သွယ်ရေး ဝန်ဆောင်မှုကုမ္ပဏီသည် အာရှနှင့် အာဖရိကတွင် ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် နေသည့် လုပ်ငန်းစု တခုဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီများကို ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် တင်ဒါ ခေါ်ယူရာ၌ ကမ္ဘောဇဘဏ်နှင့် မြန်မာတယ်လီဖုန်း (M Tel) ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ မြန်မာ့ ဆက်သွယ်ရေး ဈေးကွက် ဘက်သို့ စတင်အခြေချခွင့် ရရှိလာခဲ့ခြင်း ဖြစ်သည်။

“Sing Tel ကုမ္ပဏီက အခက်အခဲ ဖြစ်နေတဲ့အချိန်တွေမှာ တွဲခေါ်ခဲ့တာတွေ ရှိတယ်။ ပြီးတော့ တောင်သူလယ်သမားတွေနဲ့ အခြေခံ လူတန်းစားတွေအတွက် ဦးစားပေးပြီး လုပ်ချင်တဲ့အတွက်ကြောင့် လက်တွဲဖြစ်တာ။ အစိုးရကလည်း ဆက်သွယ်ရေး လိုင်စင်ကို ၄ ခုအထိ ချပေးဖို့ရှိတယ်လို့ ပြောထားတာတွေရှိတယ်လေ” ဟု M Tel မှ CEO ကိုဂျွန်နသန် မျိုးကျော်သောင်းက ပြောသည်။

Sing Tel ကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏကို ထုတ်ပြန်ရန် ပြည်တွင်းကုမ္ပဏီများက ငြင်းဆို ခဲ့ကြသည်။

ထို့အပြင် ဆက်သွယ်ရေးတင်ဒါ ဆန်ခါတင်စာရင်းတွင် ပါဝင်လျှက်ရှိသည့် Digicel ကုမ္ပဏီ ကလည်း မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင်း ဝင်ရောက်နိုင်ရန် ခြေလှမ်းသွက်လျှက်ရှိသည်။

မလေးပြန် မြန်မာများ အတွက် Air Bagan အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့်

Tuesday, June 11, 2013



ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်း ခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင် ပါစီစဉ်ပေးမည်
June 11, 2013

သူဌေးကြီး ဦးတေဇပိုင် Air Bagan လေကြောင်းလိုင်းမှ မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် ပြည်တွင်း ခရီးစဉ်များအတွင် အခမဲ့လိုက်ပါ စီးနင်းခွင့်ပေးမည့် အပြင် အလုပ်အကိုင်ပါ စီစဉ်ပေးမည်ဖြစ်ကြောင်း Air Bagan Facebook စာမျက်နာတွင် အောက်ပါအတိုင်း ကြေငြာထားသည်။

 မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။ 

မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များအတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ လစ်လပ်နေရာများတွင် လာရောက်လျှောက်ထားပါက ဦးစားပေး ရွေးချယ်ခန့်ထားသွားရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ 

ဆက်သွယ်ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်း နိုင်ပါသည်။

ထို့ပြင် ဦးတေဇ ထူထောင်ထားသော Htoo Fundation မှလည်း မလေးရှားမှ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ လှူတန်း သွားမည်ဖြစ်ကြောင်း Hott Fundation Facebook တွင်ကြေငြာထားသည်။

ref
https://www.facebook.com/AirBagan
https://www.facebook.com/HtooFoundation
Copy from - satekuupuyar

ပရိသတ်ကြီးကို သဉ္စာနွယ်ဝင်း တောင်းပန်


ဒီကားရိုက်ဖြစ်ပြီးတဲ့ အချိန်ကစပြီး ကြိုပြီး တောင်းပန်ထား ခဲ့ပါတယ်... အခုလည်း ပရိသတ်ကြီးက နားလည်ပေး ပါဆိုတဲ့ သဉ္စာနွယ်ဝင်း

သဉ္စာနွယ်ဝင်းက အခုလောလောဆယ် လူပြော သူပြော များနေတဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး ဝေဖန်မှုတွေ ခံရတော့မယ်ဆိုတာ အစကတည်းက သိလို့ ရင်တထိတ်ထိတ်လည်း ဖြစ်ခဲ့ရတယ်.. လို့ပြောပါတယ်...သူမအနေနဲ့ လက်ခံပြီးသား အလုပ်ကိစ္စကို ငြင်းဆန်လို့လဲမဖြစ်ဘဲ အကျပ်ရိုက်ရတဲ့ အချိန်တွေ ဖြစ်ခဲ့တယ်လို့ပြောပါတယ်.....

အလုပ်တစ်ခုကို လက်ခံပြီးလို့ ရူတင်ပေါ်ရောက်ရင် ကိုထင်တဲ့ အတိုင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုလက်ခံထားတဲ့ ဇာတ်ကောင်ဟုတ်တယ်ဆိုရင် ပြီးတဲ့ အထိလုပ်ပေးရမှာ တာဝန်ပဲ မဟုတ်လား
နောက်ဆို မရိုက်ဖြစ်အောင် ကြိုးစားပါ့မယ်၊

ဒီကားက လူတွေအများကြီးရှေ့မှာ ရိုက်ထားတဲ့ ကားပါ ပရိသတ်အတွက် အမြင်ရိုင်းသွားရင် တောင်းပန်ပါတယ်၊

ဒီကားကို ရိုက်ကူးခဲ့တဲ့ လူတွေအားလုံးက ပရိသတ်ကို အနုပညာပြချင်တဲ့ စိတ်ကလွဲရင်ဘာမှ မရှိပါဘူး၊ အဲဒီကားရိုက်ပြီးကတည်းက ကားရိုက်ကို ဘယ်လိုပုံစံမျိုးနဲ့ ရိုက်မှာလဲလို့ မေးပြီးငြင်းခဲ့တဲ့ကားတွေလဲ အများကြီးပါ၊  ဒီကားရိုက်ပြီးတဲ့ အချိန်ကစပြီး Interview တွေမှာ ကြိုပြီးတော့လည်း အခုအချိန်အထိ တောင်းပန်ထားပါတယ်၊

လုပ်ခဲ့တဲ့အလုပ်တွေထဲမှာ အမှားအနဲနဲ့အများ ပါခဲ့မယ်ဆိုရင် အဲဒီအမှားကို ဆက်မလုပ်ပဲ ပရိသတ်အတွက်ပြင်ပေးမှာ ဖြစ်လို့ သဉ္ဇာ့ကို နားလည်ပေးပါ၊

အားပေးတဲ့ ပရိသတ်နဲ့ နားလည်ပေးတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ် လို့ပြောပါတယ်... ဒီဇာတ်ကား ရိုက်ကူးပြီးခဲ့တာ တစ်နှစ်ကျော်လောက်ရှိခဲ့ပြီး ကြော်ငြာကတော့ လွန်ခဲ့တဲ့ လေးငါးလလောက်ကတည်းက ပါဝင်နေခဲ့ပါတယ်လို့ သိရပါတယ်... နယ်မှာစတင် ဖြန့်ချိခဲ့တာ ဖြစ်ပြီး အခုလိုလူသိရှင်ကြား အင်တာနက်စာမျက်နှာပေါ်က တောင်းပန်ဖြစ်တာကလည်း ပရိသတ်ကြီးကို လေးစားတန်ဖိုးထားလို့ပါလို့ .. ဆိုပါတယ်..

Sunday Journal

ထူးထူးခြားခြား စကပ်ဝတ်ကြသည့် ဆွီဒင်နိုင်ငံမှ မီးရထား စက်ခေါင်းမောင်း အမျိုးသားများ


စတော့ဟုမ်း ဇွန် ၉
ဆွီဒင်နိုင်ငံမှ ရထားစက်ခေါင်းမောင်း အမျိုးသားများသည် အလုပ်ခွင်တွင် ဘောင်းဘီတို မဝတ်ရဟူသော တားမြစ်ချက်အပေါ် ဆန္ဒပြခဲ့ကြပြီး ပူနွေးသည့် ရာသီဥတုဒဏ် ခံနိုင်စေရန် အတွက် စကပ်များကို ဝတ်ဆင်လျက်ရှိကြောင်း သိရသည်။
စတော့ဟုမ်းမြို့ မြောက်ပိုင်း Roslags-banan မီးရထားလိုင်းတွင် ယာဉ်မောင်းအဖြစ် ဆောင်ရွက်နေသည့် မီးရထား ယာဉ်မောင်းများသည် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်ခန့်က စတင်၍ စကပ်များကို ဝတ်ဆင်ပြီး အလုပ်လုပ် ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အမျိုးသား ယာဉ်မောင်းများအား ဘောင်းဘီတို မဝတ်ဆင်ရဟူသော အမိန့်ကို Employer Arriva ဆက်သွယ်ရေး ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရထား ကုမ္ပဏီသစ်က ဆောင်းရာသီတွင် ဝတ်ဆင်ရမည့် ဝတ်စုံများကို သတ်မှတ် ပေးသောအခါ ယခုကဲ့သို့ စကပ်ဝတ်ဆင်၍ ဆန္ဒပြရန် စိတ်ကူး ရရှိခဲ့ကြောင်း မီးရထား ယာဉ်မောင်းတစ်ဦး ဖြစ်သူ မာတင်အေကာ စတန်းက ဘီဘီစီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ နွေရာသီတွင် အလွန်ပူပြင်းသည့် အတွက် ပေါ့ပါးသည့် ဝတ်စုံများကိုဝတ်ဆင်လိုကြောင်း၊ မီးရထားမောင်းများသည် အလွန်အေးသော ရာသီ တွင် ဘောင်းဘီများကို ဝတ်ဆင်လိုကြ သော်လည်း ပူအိုက်သော ရာသီတွင် စကပ်များကိုသာ   ဝတ်ဆင်လိုကြကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။     

ကမ္ဘာပေါ်ရှိ ငါးမန်းများ အနက် အကြီးဆုံးဟု ယူဆရသော ငါးမန်းတစ်ကောင် ဖမ်းဆီးရမိ


လော့စ်အိန်ဂျလိစ် ဇွန် ၆
အမေရိကန် ပြည်ထောင်စု ကာလီဖိုး နီးယား ပြည်နယ် ကမ်းလွန် ပင်လယ်ပြင်တွင် ဖမ်းဆီး ရမိခဲ့သော ငါးမန်းကြီး တစ်ကောင်သည် ကမ္ဘာပေါ်ရှိ ဖမ်းဆီးရ မိသမျှ ငါးမန်းများအနက် အကြီးဆုံး ဖြစ်နိုင်
ဖွယ်ရှိသည်ဟု ယူဆ ရကြောင်း သိရသည်။
အဆိုပါ ငါးမန်းကြီးသည် ၁၃၂၃ ပေါင် အလေးချိန်ရှိပြီး ၎င်းငါးမန်းကြီးကို ဂျက်ဆန် ဂျွန်စတွန်ဆိုသူ အမျိုးသား တစ်ဦးက ယခု သီတင်းပတ် အစောပိုင်းတွင် နှစ်နာရီခွဲကြာ အချိန်ယူ၍ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးမန်းကြီးအား ဖမ်းဆီးရ မိမှုနှင့် ပတ်သက်၍ အတည်ပြုချက်များ ရရှိခဲ့မည်ဆိုပါက မက်ဆာချူးဆက် ပြည်နယ် ကမ်းလွန်တွင် ၂ဝဝ၁ ခုနှစ်က ဖမ်းဆီး ရမိခဲ့သော ငါးမန်းကြီး၏ စံချိန်ကို ကျော် လွန် သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ တစ်ဝန်း ဖမ်းဆီးရမိခဲ့သော ငါးမန်းများ၏  အလေးချိန်ကို International Game Fish အဖွဲ့အစည်းက မှတ်တမ်းတင် ထားခဲ့ပြီး ၎င်းမှတ်တမ်းများအရ အလေးချိန်ပေါင် ၁၃ဝဝရှိသည့် ငါးမန်းများကို ဖမ်းဆီးရမိ ခဲ့သည်ကို တွေ့ရကြောင်း ၎င်းအဖွဲ့မှ စံချိန် စံညွှန်းတိုင်းတာသူ ဂျက်ခ်ဗီ တက်ခ်က ပြောကြားခဲ့သည်။
ယခုအခါတွင် ၎င်းငါးမန်းကြီးကို ရေခဲကန်ထဲတွင် ဆက်လက် ထားရှိလျက်ရှိပြီး သုတေသန ပြုလုပ်ရန်အတွက် National Oceanic and Atmospheric Associationသို့ လှူဒါန်းမည် ဖြစ်သည်ဟု သိရ သည်။

Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ

သိပြီးသားသူငယ်ချင်းတွေလည်း ရှိကြမှာပါ မသိရသေးတဲ.သူငယ်ချင်းတွေအတွကိ ကူးယူဖော်ပြပေးလိုက်ပါတယ်နော် (ဆရာလုပ်ခြင်း လုံးဝမဟုက်ပါ )

Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။

1. Testsလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* – Bluetooth test

*#*#232337#*# – Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* – GPS test

*#*#1575#*#* – အခြား GPS test

2. Obtaining Firmware information

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate

3. Backup လုပ်ရန် ကုဒ်များ

*#*#273283*255*663282*#*#* – ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။

4. Service mode

*#*#197328640#*#* – you can change settings or run tests in service mode

5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*

6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc

*#*#7780#*#* – Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics

သစ်ကပ်ပန်း

ဂိုးတစ်ဂိုးသွင်းဖို့ ၁၇နှစ် စောင့်ခဲ့ရသူ


===================

မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျနဲ့ ဂျော်ဒန်တို့ ပွဲစဉ်မှာ ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ သြစတြေးလျအတွက်ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့
ခြေတစ်လှမ်းနီးစပ်လာခဲ့ပါတယ်။ ဒီပွဲမှာ ထူးခြားတာတစ်ခုကတော့ အသင်းခေါင်းဆောင် လူးကပ်စ်နေးလ်ရဲ့ပွဲသိမ်းဂိုးပါပဲ။ ၃ဂိုးပြတ် အနိုင်ရနေချိန်မှာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့တာက သိပ်ပြီးထူးခြားလှတယ် မဟုတ်ပေမယ့် သူ့အတွက် ဒီဂိုးသွင်းဖို့ ၁၇နှစ်ကြာအောင် စောင့်ဆိုင်းခဲ့ရတာပါ။

လူးကပ်စ်နေးလ်ဟာ သြစတြေးလျ လက်ရွေးစင် ကစားသမားအဖြစ် ပွဲ ၉၀ ပါဝင်ကစားခဲ့ပေမယ့် ဂိုးတစ်ဂိုးတောင် သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၉၁ပွဲမြောက်အဖြစ် ကစားခဲ့တဲ့ ဂျော်ဒန်နဲ့ပွဲမှာ ပွဲပြီးဖို့ ၆မိနစ်လိုချိန် သွင်းခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ သူ့အတွက် ပထမဆုံး နိုင်ငံလက်ရွေးစင် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့အတွက် အမှတ်တရ အခိုက်အတန့်ဖြစ်ခဲ့သလို သြစတြေးလျအနေနဲ့လည်း အုပ်စုနောက်ဆုံးပွဲမှာ အီရတ်ကို အနိုင်ရမယ်ဆိုရင် သုံးကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။


credits: Zin yaw

by:ဘီဂျေ

Tuesday, June 11, 2013

Bobby Soxer ရဲ့ သီချင်းတွေကို အကြံဥာဏ်ပေးတဲ့သူ

ဓာတ်ပုံ - Bobby Soxer ( ထက်ထက် )ဖေ့ဘုစ်မှ

Bobby Soxer (ထက်ထက်)က ဆီး ဂိမ်း အားကစားပြိုင်ပွဲအကြို လှုံ့ ဆော်မှုဖျော်ဖြေပွဲမှာပါဝင်ဖို့ ပြင်ဦး လွင်မြို့ကို ရောက်ရှိနေပါတယ်။ သူ့အနေ နဲ့ဖျော်ဖြေပွဲတွေကို မြန်မာနိုင်ငံအနှံ့သွား ဖြစ်နေပြီး မြို့ကြီးတွေမှာတင် ဖျော်ဖြေဖြစ် တာမဟုတ်ဘဲ မြို့ကြီးတွေကနေ ဆက်သွားရ တဲ့ နယ်မြို့ လေးတွေပါ ဖျော်ဖြေဖြစ်တယ် လို့ပြောပါတယ်။ နယ်ပရိသတ်တွေကတော့ အမြဲတွေ့နေကျမဟုတ်တာကြောင့် သူတို့ ဖျော်ဖြေတဲ့အခါမှာ တအားကို အားပေးကြ တယ်လို့ပြောပြီး မဖျော်ဖြေခင်ကတည်းက ပရိသတ်က ခဏခဏလာကြည့်နေတော့ ပရိသတ်ရဲ့ ချစ်ခင်နွေးထွေးမှုရ လို့ ပျော် တယ်လို့ ထက်ထက်ကပြောပါတယ်။ ထက်ထက် တစ်ကိုယ်တော်အခွေအတွက် ရော ပြင်ဆင်ထားတာရှိလားဆိုတော့..

 ”ထက်ထက်တို့ ဒုံးပျံထွက်ပြီးတာနဲ့  ထက်ထက် တစ်ကိုယ်တော်ခွေအတွက် ပြင် ဆင်ပါမယ်။ ထက်ထက်က သီချင်းတွေကို သူ များတွေကို လည်းမ အပ်ဖြစ်တော့ကိုယ်တိုင်ရေးဖို့အကြောင်းအရာတွေကို သေချာစဉ်းစားပြီး လုပ်တယ်။ ပရိသတ်ကိုယ့်ကိုစိတ်ဝင်စားတုန်းမှာ တစ် ကိုယ်တော်ခွေ ကိစ္စကို ပြီးချင်တယ်။ အဲဒါ ကြောင့် အခုသီချင်းရေးတဲ့ဘက်ကို ပြန်Run  နေတယ်” လို့ပြောပါတယ်။ ထက်ထက် စတိတ် ပေါ်မတက်ခင် မေးေ နတာဖြစ်ပါတယ်။ သူ့ အနေနဲ့ စတိတ်ပေါ်မတက်ခင် တချို့ အဆို တော်တွေလို စိုးရိမ်နေတာမျိုး မတွေ့ရတာနဲ့ ပတ်သက်ပြီး.

“ထက်ထက်က စတိတ်တွေ၊ ပရိ သတ် တွေကို မကြောက် တတ်ပါဘူး။ စင်ပေါ်ရောက် သွားရင်၊ ပရိသတ် နဲ့တွေ့ရင် ပို အားရှိပြီးပျော် ပါတယ်။ စင် ပေါ် မတက် ခင် ဘာမှသိပ် မစဉ်းစားဘဲ စင်ပေါ်မှာ ပရိသတ်နဲ့ အပေး အယူတည့်အောင် လုပ်ဖို့ပဲတွေးပြီး ပြင်ဆင်ပါတယ်” လို့ပြောပါတယ်။ ထက်ထက်ကို ဂီတနဲ့ပတ်သက်ပြီး ဘယ်သူက အကြံဥာဏ် ပေးလဲဆိုတော့… “ဒုံးပျံခွေကတော့ ကိုလွှမ်းပိုင်း နဲ့ သမီး နဲ့တိုင်ပင်ပြီး လုပ်တာပေါ့နော်။ အမ်တီဗီ ကတော့ ကိုလွှမ်းပိုင်တို့ စတိုရီတွေ၊ ဘာတွေ ဆွဲပြီး ဒါရိုက်တာနဲ့လုပ်တာပါ။ ပြီးတော့ ထက်ထက်အစ်ကိုက အကြံဥာဏ်ပေးပါ တယ်။ သူက သင်္ဘောတက်နေတော့ ရန်ကုန် မှာအမြဲမရှိဘဲ ထက်ထက်ရေး ထားတဲ့သီချင်း တွေ သူ့ကိုပြတယ်။ ကွန်မန့်တောင်းပြီး အစ်ကို့ရဲ့ အတည်ပြုချက် ကိုယူပါတယ်။ သီချင်းတစ်ပုဒ်အောင်မြင်ရင် ပရိသတ် အသံ နားထောင်ပြီး နောက်သီချင်းဖန်တီး တဲ့အခါ မှာ ဘာဖြည့်ရမလဲဆိုတာကို တွေးပြီးပြင်
ဆင်ပါတယ်” လို့ ပြောပါတယ်။ ထက်ထက်ကို ပြင်ဦးလွင်မြို့ကအမှတ် တရအကြောင်း မေးတော့ “ပြင်ဦးလွင်မြို့ပရိသတ်ကတော့ ထက်ထက်နဲ့ မစိမ်း ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထက်ထက် အဆိုတော် ပေါက်စ ဘဝအတွဲခွေတစ်ခွေ၊ နှစ်ခွေထဲ မှာ ပါကတည်းက ပြင်ဦးလွင်မှာ ဆိုဖူးတာပါ။ ဒီမြို့ကိုကြိုက် တယ်။ ရာသီဥတုကလည်း မိုက်တော့ ထက်ထက်တို့ ဆိုရ တာနဲ့ ဝတ်ရတဲ့ ဖက်ရှင်နဲ့ လိုက်တော့ ကြိုက်တယ်” လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်

by Popular Journal

လေယာဉ် ချုံထဲတိုးဝင်သွားသည့် မှတ်တမ်း ဓါတ်ပုံများ


မြန်မာ့လေကြောင်း မှ လေယာဉ် ကော့သောင်း လေဆိပ်တွင် ပြေးလမ်းချော် သည့်ဖြစ်စဉ် မှတ်တမ်း ဓါတ်ပုံများ ။ ဓါတ်ပုံ - ရဲဇာနည် (မြန်မာနိုင်ငံရဲတပ်ဖွဲ့ )





မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

ခင်ဦးသာ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်၊ တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိကြောင်း၊ သို့သော် အလောင်းများးကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်တွေ့ထားတဲ့ အလောင်းက ၆ လောင်း ရှိပါပြီ၊ တခြား အသတ်ခံရသူ တချို့လည်း ရှိတယ်လို့ သတင်းပို့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အလောင်းတွေကိုတော့ စုံစမ်းရှာဖွေနေဆဲပါ” ဟု ၎င်းက ဆိုသည်။

ထို လူသေ အလောင်းများသည်လည်း သီတင်း တပတ်ကျော်နေသည့်တိုင် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို မြန်မာသံရုံးက ထောက်ခံချက် မပေး၍ ယနေ့အထိ သင်္ဂြိုဟ်ခြင်း မပြုရသေးကြောင်း သိရသည်။

ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း ကလည်း “ဒီလူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်နေတယ်။ ဒီတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့မှာ ပတ်စ်ပို့ မရှိဘူး။ တချို့ အလောင်းတွေက ပုပ်နေပြီ၊ မြန်မာတွေ အသတ်ခံနေရတာနဲ့ ပတ်သက်ပြီးလည်း သံရုံးက ထိထိရောက်ရောက် ကူညီပေးနေတာ ဘာမှ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၌ တရားဝင် ပတ်စ်ပို့ မရှိသော်လည်း ၎င်းတို့၏ မိသားစုများထံမှ သန်းခေါင်စာရင်းနှင့် အထောက်အထားများ ပေးပို့ထားကြောင်း၊ သို့သော် သံရုံးမှ ကူညီပေးမှု မရှိသေးကြောင်း၊ လူသေ အလောင်းများကို ဆေးရုံ၌ ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ သင်္ဂြိုလ်ခွင့် မရသေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သေဆုံးသူ၏ မိသားစု သန်းခေါင်စာရင်း၊ နိုင်ငံသားလက်မှတ် စသည့် အထောက်အထားများ ခိုင်လုံစွာဖြင့် မလေးရှားနိုင်ငံတွင် သင်္ဂြိုလ်လိုသည်ဟု သေဆုံးသူ မိသားစုဝင်များ ကိုယ်တိုင် ဥပဒေအရ လျှောက်ထားရကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

“အရင်က အလုပ်သမားတချို့ သေဆုံးတော့ မလေးမှာပဲ သင်္ဂြိုလ်လိုက်တော့ သက်ဆိုင်ရာ မိသားစုတွေက ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ အထူးသဖြင့် အလုပ်ခွင်အတွင်း သေဆုံးတဲ့အခါ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့တယ်” ဟု ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

သက်ဆိုင်ရာ မိသားစုများ အနေဖြင့် အိမ်ထောင်စုဇယား၊ ရပ်ကွက် ထောက်ခံချက်၊ နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် နိုင်ငံသား စိစစ်ရေး လက်မှတ် မိတ္တူ၊ အလုပ် လုပ်ကိုင်နေသည့် ကုမ္ပဏီ လိပ်စာများဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနထံ လျှောက်ထားပါက မြန်မာသံရုံးမှ တဆင့် မလေးရှားအစိုးရကို လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ဆက်ပြောသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍လည်း အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တခု အမြန်ဆုံး စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများ က ညှိနိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ရှိ စက်ရုံ၊ အလုပ်ရုံအများစု တည်ရှိရာ ရှမ်းလမ်းရှိ မြန်မာအမျိုးသမီး ၂ ဦးနှင့် ပီနန်အရပ်မှ အမျိုးသားတဦး တို့သည်လည်း ယမန်နေ့တွင် အသတ်ခံရကြောင်း၊ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့မှ ယနေ့အထိ သေဆုံးသူ ၁၀ ဦး ကျော်ပြီ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများက ပြောသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် မြန်မာများ ဆေးရုံများသို့ သီးခြားစီ ရောက်ရှိလာသော်လည်း အရေအတွက် အတိအကျကို မခန့်မှန်းနိုင်ကြောင်း၊ တခါတရံ ဆရာဝန် အကြောင်းကြားသလောက်သာ သိရှိရကြောင်းနှင့် ဒဏ်ရာသူ ၁၀ ဦးထက် မနည်း ရှိနိုင်ကြောင်းလည်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံနေရခြင်း၊ မလေးရှား ရဲများ၏ ဖမ်းဆီးမှု ဆက်တိုက် ခံနေရခြင်းတို့ကြောင့် မိမိတို့နိုင်ငံကို ပြန်လိုကြသော်လည်း အခက်အခဲ အမျိုးအမျိုးကြောင်း မပြန်နိုင်ကြသေးကြောင်း မလေးရောက် မြန်မာများက ပြောသည်။

ဖမ်းဆီးခံထားရသူ တရားဝင် အထောက်အထား ရှိသူရော၊ တရားမဝင် မြန်မာ ဦးရေပါ ယနေ့အထိ ၄၀၀၀ နှင့် ၅၀၀၀ အကြား ရှိကြောင်း သိရသည်ဟု ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မျက်မြင် မြန်မာအများစုက ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ မတိုင်ခင်တွင်ပင် မလေးရှား ရဲက တရားဝင်၊ မဝင် မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယခုကဲ့သို့ မြန်မာများကို တိုက်ခိုက် သတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၏ ဂယက်ကြောင့် ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကွာလာလမ်ပူနှင့် ဆီလန်ဂေါအရပ်ဒေသ တချို့တွင် မြန်မာနိုင်ငံသားများကို အကြမ်းဖက် တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ခဲ့သည်ဟု မလေးရှား အာဏာပိုင်များကို ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူလည်း ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။

မလေးရှားရောက် မြန်မာအရေးများနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်စဉ်များကို မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။

မလေးရှားရောက် မြန်မာများ ဆက်လက် အကြမ်းဖက်ခံနေရဆဲဟုဆို

မလေးရှားရောက် မြန်မာများ ဆက်လက် အကြမ်းဖက်ခံနေရဆဲဟုဆို

မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ ဆက်လက် အကြမ်းဖက် ခံနေရဆဲ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။ “ကလန်းမှာ မိန်းကလေး နှစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်သွားတယ်။ နောက် ညပိုင်းမှာ ဂျိုကိုး ပါတူး မှာ ယောက်ကျားလေး နှစ်ဦး အသတ်ခံရတယ်။ မနက်မိုးလင်းမှ အလောင်း ရတယ်။ နောက်တော့ မာလကာ ပတ်စတန်း ဝင်းထဲမှာ ယောက်ကျားလေး ၃ ယောက် အသတ်ခံလိုက်ရပါတယ်” ဟု ပြောသည်။

Monday, June 10, 2013

မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ ဆက်လက် အကြမ်းဖက် ခံနေရဆဲ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများက ပြောသည်။

အကြမ်းဖက်မှုကြောင့် အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် ၇ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း အထွေထွေ သပိတ် ကော်မီတီ (၈၈)မှ ကိုအောင်ကြီးက မဇ္ဈိမကို ပြောသည်။

“ကလန်းမှာ မိန်းကလေး နှစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်သွားတယ်။ နောက် ညပိုင်းမှာ ဂျိုကိုး ပါတူး မှာ ယောက်ကျားလေး နှစ်ဦး အသတ်ခံရတယ်။ မနက်မိုးလင်းမှ အလောင်း ရတယ်။ နောက်တော့ မာလကာ ပတ်စတန်း ဝင်းထဲမှာ ယောက်ကျားလေး ၃ ယောက် အသတ်ခံလိုက်ရပါတယ်” ဟု ပြောသည်။

ထို သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

သောကြာနေ့ကလည်း မလေးရှားနိုင်ငံ ကပုန်းရှိ ဆူပန်း၌ ထီးစက်ရုံ၌ အလုပ်လုပ်နေသည့် ရခိုင် လူမျိုး လေးဦးနှင့် မြန်မာလူမျိုး တဦး ထပ်မံ အကြမ်းဖက်ခံရကာ ရခိုင် လူမျိုး ကိုခင်မောင်ဝင်းမှာ ခုတ်လာသည့် ဒါးအား ကာကွယ် လိုက်ရာ လက်ဝါး၌ ဒဏ်ရာ ကြီးစွာရခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု မြန်မာ့ လူမှုကူညီမှု အသင်း မလေးရှား၏ တာဝန်ခံတဦးက ပြောသည်။

“အဲဒီနေ့ မနက် (၃) နာရီခွဲပေါ့ အိပ်နေတဲ့ အချိန်ကြီး သူတို့ သစ်သား အိမ်က အပေါက်လေးကို အနံ့ပြင်းတဲ့ Sprayတွေ ဖြန်းတာ။ အဲဒီ အနံ့ကို မခံနိုင်လို့ အိမ်တံခါး မကြီးကို အလုအယက် ဖွင့်တာ အဲဒီမှာ ဓါးနဲ့ခုတ်တာ။ အဲဒါ ကိုခင်မောင်ဝင်းက လက်ဝါးမှာ အကြော ပြတ်ပြီး အပြင်းအထန် ဒဏ်ရာ ရသွားတယ်။ ကွာလလမ်ပူ ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက် ကုသမှူ ခံယူနေတယ်” ဟု ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ကွာလာလမ်ပူရှိ မြန်မာ သံရုံးမှ ကူညီ လုပ်ဆောင်ပေး မှုများကို မမြင်တွေ့ရသေးကြောင်း ၎င်းက ဆိုသည်။

“မြန်မာ သံရုံးက ဘာမှ မလုပ်ပေးဘူး။ ရေငုံ နှုတ်ပိတ် နေတာပဲ ရှိတယ်။ သံရုံး ပြောသလို မူးရှူးလို့ ဖြစ်ကြတာမှ မဟုတ်တာ။ သွားတဲ့ လူတိုင်း အခုတ်ခံ နေရတာ။ မလေးရှား ဒေသ တော်တော်များများ ဖြစ်နေတယ်။ ပျံ့နေပြီ။ မြန်မာ နိုင်ငံသားတွေ အတွက်တော့ မလေးရှားက လုံခြုံမှု အနေအထား သိပ်မကောင်းတော့ဘူး” ဟု ပြောသည်။

ဇွန် ၆ ရက်နေ့တွင် ကွာလာလမ်ပူရှိ မြန်မာ သံရုံးရှေ့၌ မလေး အစိုးရ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခဲ့သူ ငါးဦးမှာလည်း လုံခြုံရေး အခြေအနေ စိုးရိမ်နေရကာ ပုန်းလျိုးနေထိုင် နေကြရလျက် ရှိသည်ဟု ဆိုသည်။

မြန်မာ အများစု နေထိုင်ရာ ကွာလာလမ်ပူ၊ အန်ဘန်း၊ ဂျရတ်၊ ဆာလာရန်း ဒေသများ၌ မလေးရှား အာဏာပိုင် များမှ အော်ပရာစီခေါ် ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေလျက်ရှိပြီး မြန်မာ နိုင်ငံသား ၉၀၀ ကျော်အား ဖမ်းဆီးပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

ထိုဖမ်းဆီးမှုများအတွင်း နိုင်ငံကူး လက်မှတ်နှင့် အခြား တရားဝင် အထောက်အထား ရှိသည့် မြန်မာနိုင်ငံသား များကို ပြန်လည် လွှတ်ပေးမည်ဟုလည်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်မှ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် တယ်လီဖုန်း အင်တာဗျူး၌ ပြောကြားခဲ့သည်။

“ဇွန် ၅ ရက်နေ့မှာ ကျတော့ မလေးရှား နိုင်ငံခြားရေး ဌာန ဝန်ကြီးက နေပြီးတော့ ကျနော် အပါအဝင် သံအမတ် ၆ ယောက် ညနေပိုင်း ၃ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။ လိုအပ်တဲ့ ဟာတွေကို တင်ပြဆွေးနွေးပါ ပြောတဲ့အပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အပိုင်းကို ကျနော် ဝန်ကြီးကို တင်ပြခဲ့တယ်။ မြန်မာနိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက် ပေးဖို့။ တရားမျှတစွာ ဆောင်ရွက် လုပ်ဆောင် ပေးဖို့ တင်ပြခဲ့ပါတယ်” ဟု သံအမတ်ကြီး ဦးတင်လတ် က ဖြေကြားခဲ့သည်။

မဇ္ဈိမ သတင်း ဌာနမှ ဖြစ်စဉ် အကြောင်းအရာများနှင့် မြန်မာ နိုင်ငံသားများအား သံရုံးမှ ကူညီ လုပ်ဆောင် ပေးနေမှု အနေအထားများနှင့် ပတ်သက်၍ သီးခြား ဆက်သွယ်ရန် ကြိုးစား ခဲ့သော်လည်း သံရုံးမှ တယ်လီဖုန်းများအား လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မလေးရှား နိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်မှာ ဖြစ်ကြောင်း နှင့် ခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်ဘက် ညှိနှိုင်းဆဲဖြစ်သည် ဟု သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ် က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

အကြမ်းဖက် သတ်ဖြတ်မှု ဖြစ်စဉ် များကြောင့် ဒဏ်ရာရသူများ ဆေးရုံ တက်ရောက် ကုသမှုကို ထောက်ပံ့ပေးနိုင်ရန် မြန်မာ လူမှု ကူညီရေး အသင်း မလေးရှားမှ စေတနာရှင်များထံမှ အလှူငွေများ လိုက်လံ ကောက်ခံလျက် ရှိပြီး မလေးရှား ရင်းဂစ် ၃,၀၀၀ ကျော် ကောက်ယူ ရရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက် လှူဒါန်း ကြမည့် အလှူရှင်များ လည်း ရှိနေကြောင်း အသင်း တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ မလေးရှားရောက် မြန်မာနိုင်ငံသား အများစုမှာ အမိနိုင်ငံသို့ပြန်ကြရန် ဆန္ဒရှိနေကြကြောင်း သိရှိရသည်။

ဟင်္သာနီ (မွန်မြေ) စံခလပူရီ (မဇ္ဈိမ)
by Mizzima - News in Burmese

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အသားအရောင်နှင့် လူမျိုး၊ ဘာသာမတူတိုင်း ရန်သူဟု မသတ်မှတ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


===================
ပြင်ဦးလွင်၊ ဇွန် ၉
The Voice Weekly

အသားအရောင် မတူသူများ၊ ဘာသာ မတူများ၊ လူမျိုးမတူသူများကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉ ရက် က ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြင်ဦးလွင် ခရီးစဉ်အတွင်း ဒေသခံ လူထုနှင့်တွေ့ဆုံပြီးအမေး အဖြေပြုလုပ်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ ဘာသာမတူတာကို အပြစ်လို့ မယူဆဘူး။ အချင်းချင်းနားလည်မှု တည်ဆောက်ထားရင် ပြဿနာ အားလုံး ပြေလည်နိုင်ပါတယ်” ဟု ၎င်းက အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခများသည် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အစိုးရ၏ ဆောင်ရွက်ပုံ အားနည်းခြင်းကြောင့် ပိုမိုကြီးထွား လာရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

ပဋိပက္ခဖြေရှင်းအတွက်ကို လူ့အဖွဲ့အစည်း နှစ်ဖက်စလုံး သည်းခံရန် လိုအပ်ပြီး နိုင်ငံသားအချင်းချင်းနားလည်မှု ရှိသင့်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများအတွင်း ထုတ်ပြန်ထားသော အရေးပေါ်ကြေညာချက်များ လိုအပ်မှု ရှိ မရှိ ပြန်လည် သုံးသပ်ရန် လွှတ်တော်တွင် အစိုးရကို တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၉ ရက်နေ့ ပြင်ဦးလွင်ခရီးစဉ်တွင် မန္တလေး အောင်ပင်လယ်ရှိ မြရည်နန္ဒာ ကျူးကျော်ရပ်ကွက်တွင်နေထိုင်သူ များ နေအိမ် ပြန်လည်ရရှိရန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်တွင် ပြင်ဦးလွင် မြို့ခံများကို မိန့်ခွန်း ပြောကြားခဲ့ပြီး ဒေသခံများ မေးမြန်းသည့် မေးခွန်းငါးခု ကို ပြန်လည်ဖြေကြားခဲ့သည်။

https://www.facebook.com/photo.php?fbid=587107661309497&set=a.164790403541227.32157.158797964140471&type=1&theater