Wednesday, June 12, 2013

ထူးထူးခြားခြား စကပ်ဝတ်ကြသည့် ဆွီဒင်နိုင်ငံမှ မီးရထား စက်ခေါင်းမောင်း အမျိုးသားများ


စတော့ဟုမ်း ဇွန် ၉
ဆွီဒင်နိုင်ငံမှ ရထားစက်ခေါင်းမောင်း အမျိုးသားများသည် အလုပ်ခွင်တွင် ဘောင်းဘီတို မဝတ်ရဟူသော တားမြစ်ချက်အပေါ် ဆန္ဒပြခဲ့ကြပြီး ပူနွေးသည့် ရာသီဥတုဒဏ် ခံနိုင်စေရန် အတွက် စကပ်များကို ဝတ်ဆင်လျက်ရှိကြောင်း သိရသည်။
စတော့ဟုမ်းမြို့ မြောက်ပိုင်း Roslags-banan မီးရထားလိုင်းတွင် ယာဉ်မောင်းအဖြစ် ဆောင်ရွက်နေသည့် မီးရထား ယာဉ်မောင်းများသည် ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်ခန့်က စတင်၍ စကပ်များကို ဝတ်ဆင်ပြီး အလုပ်လုပ် ခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက အမျိုးသား ယာဉ်မောင်းများအား ဘောင်းဘီတို မဝတ်ဆင်ရဟူသော အမိန့်ကို Employer Arriva ဆက်သွယ်ရေး ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရထား ကုမ္ပဏီသစ်က ဆောင်းရာသီတွင် ဝတ်ဆင်ရမည့် ဝတ်စုံများကို သတ်မှတ် ပေးသောအခါ ယခုကဲ့သို့ စကပ်ဝတ်ဆင်၍ ဆန္ဒပြရန် စိတ်ကူး ရရှိခဲ့ကြောင်း မီးရထား ယာဉ်မောင်းတစ်ဦး ဖြစ်သူ မာတင်အေကာ စတန်းက ဘီဘီစီသတင်း ဌာနသို့ ပြောကြားခဲ့သည်။ နွေရာသီတွင် အလွန်ပူပြင်းသည့် အတွက် ပေါ့ပါးသည့် ဝတ်စုံများကိုဝတ်ဆင်လိုကြောင်း၊ မီးရထားမောင်းများသည် အလွန်အေးသော ရာသီ တွင် ဘောင်းဘီများကို ဝတ်ဆင်လိုကြ သော်လည်း ပူအိုက်သော ရာသီတွင် စကပ်များကိုသာ   ဝတ်ဆင်လိုကြကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။     

0 ကွန်မန့်ရေးရန်:

Post a Comment