Sunday, April 7, 2013
မြန်မာတပ်မတော်သား ( ၁၃ )ဦး သေဆုံးမှု ထိုင်းစစ်သားများအား မြန်မာအစိုးရ စွပ်စွဲ
ကော့သောင်း aဒသတွင် မြန်မာ -ထိုင်းနယ်စပ်အနီး မြန်မာ့ တပ်မတော်သား ၁၃ ဦးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံ Chumphon ဒေသရှိ ဆေးရုံတွင် ဆေးကုသမှုခံယူ နေရသော ထိုင်းစစ်သား ၆ ဦးအား စစ်ဆေးမေးမြန်း ပေးရန် မြန်မာ အာဏာပိုင်များက ထိုင်းအစိုးရအား တောင်းဆို ထားကြောင်းသိရသည်။ ---
၉၉ ဒေါ်လာတန် Facebook ဖုန်း
HTC နဲ့ Face book ပေါင်းပြီး Facebook ဖုန်းထုတ်မယ်လို့ သတင်းတွေကြီးနေခဲ့ တာကြာပါပြီ။ တကယ် တမ်းဖုန်းထုတ်ဖြစ်လာတော့ 
Facebook ရဲ့ ရသ အနည်းငယ်လောက်ပဲလွှမ်းမိုး တဲ့ Android
စမတ်ဖုန်း တစ်လုံးကို ထုတ်ဖြစ်လာခဲ့ ပါတယ်။ Facebook ရသတွေဆိုတော့  အဓိက
အကျဆုံး Lock Screen မှာဖုန်း ပိုင်ရှင်ရဲ့ Facebook Profile ဓါတ်ပုံကို
Lock Button အဖြစ်အသုံးပြုရမှာဖြစ်ပြီး Facebook Notification ကိုလည်း
ဖုန်းရဲ့ Lock Screen ကတိုက်ရိုက်ဖော်ပြပေး နေမှာပါ။ HTC ရဲ့  CEO Peter
Chou ကတော့  စမတ်ဖုန်း အသုံးပြု သူတွေအတွက်အတွေ့ အကြုံ သစ်ဖြစ်တဲ
့အပြင် အကောင်းဆုံး နဲ့ အထိရောက်ဆုံး Social ဖုန်းလို့ လည်းဆို ခဲ့ ပါတယ်။
HTC Firstဖုန်းမှာ မျက်နှာပြင် ၄.၃ လက်မကျယ်ပြီးQualcomm ရဲ့  Dual Core
Snapdragon 400 Chipset ကို အသုံးပြုပေးထားပါတယ်။ Android 4.1 (Jelly Bean)
ကို ထည့်သွင်းပေးထားပြီး User Interface ကတော့ တခြားHTC တွေကလို Sense
User Interface မျိုး မဟုတ်ပဲ Face book ရဲ့ 
အသွင်အပြင်လွှမ်းမိုးတဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

ဖုန်းက မျက်နှာပြင်ကြီး
မားတဲ့ အပြင်ကင်မရာလည်း ရှေ့ နောက်ပါဝင်ပါတယ်။ ရောင်းချမယ့်နေ့ ကတော့ 
ဧပြီလ ၁၂ ရက်နေ့ လို့  AT&T နဲ့ စာချုပ်ချုပ်ဆိုတဲ့ ပွဲမှာပြောဆို
ခဲ့ ပြီးဈေးနှုန်းကတော့ ၉၉ ဒေါ်လာနဲ့ 
့ရောင်းချပေးမှာဖြစ်ပါတယ်။အသေးစိတ်ဖော်ပြချက် အတိအကျ မထွက်သေးပေမယ့်
ဖုန်းရဲ့ အရွယ်အ စား နဲ့ ဒီဇိုင်းကတော့  အလယ်အလတ်တန်းစား
စမတ်ဖုန်းတစ်လုံးလောက်ရှိမယ့် ဖုန်းတစ်လုံးလို့ ခန့် မှန်းကြ ပါတယ်။
နောက်ဆုံးပေါ် ကွန်ရက်စနစ် 4G LTE ကိုလည်း ထည့်သွင်းပေးထားပြီး အရောင်
ကတော့ အမဲ အဖြူ အနီ အပြာ အရောင်လေး မျိုးနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။
HTC First ရဲ့ ဆိုလိုရင်းကတော့  First ဆိုတဲ့  ဟာFacebook
နဲ့ ပေါင်းထုတ်ရခြင်း Trade Mark လည်း ဖြစ်ပါတယ်။ Facebook
အသုံးပြုသူတွေကို ချိန်ရွယ်ပစ်ခတ်သော HTC ရဲ့ ကျဉ်ဆံဖြစ်သလို Facebookရဲ
့ မိုဘိုင်းလ် လောကထဲကိုပထမ
ဦးဆုံးဝင်ရောက်တဲ့ ဖုန်းတစ်လုံးဖြစ်လို့ ရောင်းအားကို စောင့်ကြည့် ရမယ့်
ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

Credit to -- HTC
Shan HTET (DL Tech Club)
---
Ref: http://myanmardigitallife.blogspot.com/2013/04/facebook.html
ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး
ကွန်းချမ်း | စနေနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၂၁ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ တောင်နှင့်မြောက် ကိုးရီးယား အကြား
တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ
လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့်
အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ
စိုးရိမ်မှု ရှိတဲ့ အနေအထားတွေ တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး
မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို
စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး
လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။
မတ်လကုန်ပိုင်းတွင်
မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍
တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍
စိုးရိမ်မှုများ ဖြစ်ပွားကြခြင်း ဖြစ်သည်။
သို့သော်လည်း
တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့် တောင်ကိုးရီးယား
နိုင်ငံသားများတွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ
မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း
တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ
ကိုဇော်မိုးအောင် က ပြောသည်။
“မြောက်ကိုးရီးယားက
ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း
အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား
တနိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့
စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက
မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန်များနှင့် အလုပ်သမားများကို တစုံတရာ
ပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရသည့်
အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည်
ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။
ကိုးရီးယားတွင်
မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀
ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က
ပြောသည်။
မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ
မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ်လုပ်ကိုင်ကြပြီး မြောက်ကိုရှးယား
နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။
လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့်
နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို မြောက်ကိုးရီးယားဘက်က လေးရက်တိုင်
ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြသော်လည်း အန္တရာယ် ဖြစ်နိုင်သည့်
အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက
ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။
ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီးယား
နိုင်ငံသား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့
ပိုင်းဖြတ်ပြီးကြောင်း ပြောဆိုထားသလို အမေရိကန် ဘက်မှလည်း
ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး
ကာကွယ်ရေးဝန်ကြီးကလည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်း
ပြောဆိုထားသည်။
ကွန်းချမ်း | စနေနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၂၁ မိနစ်
စံခလပူရီ (မဇ္ဈိမ)။ ။ တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
“အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေအထားတွေ တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ” ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။
မတ်လကုန်ပိုင်းတွင် မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ စိုးရိမ်မှုများ ဖြစ်ပွားကြခြင်း ဖြစ်သည်။
သို့သော်လည်း တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့် တောင်ကိုးရီးယား နိုင်ငံသားများတွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ ကိုဇော်မိုးအောင် က ပြောသည်။
“မြောက်ကိုးရီးယားက ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား တနိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန်များနှင့် အလုပ်သမားများကို တစုံတရာ ပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရသည့် အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။
ကိုးရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က ပြောသည်။
မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ်လုပ်ကိုင်ကြပြီး မြောက်ကိုရှးယား နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။
လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့် နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို မြောက်ကိုးရီးယားဘက်က လေးရက်တိုင် ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြသော်လည်း အန္တရာယ် ဖြစ်နိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။
ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီးယား နိုင်ငံသား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီးကြောင်း ပြောဆိုထားသလို အမေရိကန် ဘက်မှလည်း ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးကလည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။
လက်ဖက်ရည်ကြမ်းက ဦးနှောက်ဆဲလ် ထုတ်လုပ်မှုကို မြင့်မားစေနိုင်
****************************** **
လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မှတ်ဉာဏ်၊ နေရာဒေသနဲ့
သက်ဆိုင်တဲ့ သင်ကြားမှုတွေမှာ အကျိုးရှိနိုင်တဲ့ ဦးနှောက်ဆဲလ် ထုတ်လုပ်မှု
မြင့်မားနိုင်ကြောင်း မကြာခင်က ပြုလုပ်တဲ့ မော်လီကျူလာ အာဟာရနဲ့
အစားအသောက်ဆိုင်ရာ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
လက်ဖက်ရည်ကြမ်းကို
နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လေ့လာမှုတွေ အများအပြား
ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အခုလေ့လာမှုမှာ လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့
ဓာတုပစ္စည်း (Epigallocatechin- 3 gallate, EGCG) ရဲ့ ဂုဏ်သတ္တိဟာ
ဦးနှောက်ဆဲလ်တွေအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။ EGCG ဟာ
ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အသက်ကြီးခြင်းနဲ့ သက်ဆိုင်တဲ့
ပျက်စီးယိုယွင်းတဲ့ ရောဂါတွေပေါ်မှာ အလွန်အကျိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
EGCG ဟာ ဦးနှောက် အာရုံခံဆဲလ်တွေ ထုတ်လုပ်မှု မြင့်မားစေတာကြောင့်
သင်ကြားရေးမှာ အထောက်အကူဖြစ်စေပြီး အရာဝတ္ထုတွေ၊ အမည်နာမတွေနဲ့
နေရာဒေသတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
______________________________ ______
Lamin Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
******************************
လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ မှတ်ဉာဏ်၊ နေရာဒေသနဲ့ သက်ဆိုင်တဲ့ သင်ကြားမှုတွေမှာ အကျိုးရှိနိုင်တဲ့ ဦးနှောက်ဆဲလ် ထုတ်လုပ်မှု မြင့်မားနိုင်ကြောင်း မကြာခင်က ပြုလုပ်တဲ့ မော်လီကျူလာ အာဟာရနဲ့ အစားအသောက်ဆိုင်ရာ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
လက်ဖက်ရည်ကြမ်းကို နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ လေ့လာမှုတွေ အများအပြား ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ အခုလေ့လာမှုမှာ လက်ဖက်ရည်ကြမ်းမှာ ပါဝင်တဲ့ ဓာတုပစ္စည်း (Epigallocatechin- 3 gallate, EGCG) ရဲ့ ဂုဏ်သတ္တိဟာ ဦးနှောက်ဆဲလ်တွေအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခဲ့ပါတယ်။ EGCG ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပြီး အသက်ကြီးခြင်းနဲ့ သက်ဆိုင်တဲ့ ပျက်စီးယိုယွင်းတဲ့ ရောဂါတွေပေါ်မှာ အလွန်အကျိုးရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
EGCG ဟာ ဦးနှောက် အာရုံခံဆဲလ်တွေ ထုတ်လုပ်မှု မြင့်မားစေတာကြောင့် သင်ကြားရေးမှာ အထောက်အကူဖြစ်စေပြီး အရာဝတ္ထုတွေ၊ အမည်နာမတွေနဲ့ နေရာဒေသတွေကို မှတ်မိနိုင်စွမ်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
______________________________
Lamin Maung ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
Saturday, April 6, 2013
ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား
Win Nay Chi Tun shared Myawady News's photo.
အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတ
ရိုလေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်
အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်ပါတယ
ဒါပေမဲ့ မသန်းသန်းနိုင်ရဲ့ အခက်အခဲအရဆိုရင်တော့ နေ့ ၁၂-နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေး ရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့်လုပ်ပြီ
စာရေးသူ- ဦးကောဝိဒ(မြိတ်)
မြတ်ဗုဒ္ဓ၏ အဆုံးအမများ နှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုင်ရာစာပေနှင့်ဗဟုသုတ
မြောက်ကိုရီးယား နယ်စပ်တစ်လျှောက် တရုတ်တပ်အင်အား တိုးချ
HOT NEWS, April 5, 2013
တင်းမာမှု အရှိန်မြင့်မားလာသည့် ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍
ရတက်မအေးဖြစ်နေသည့် တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ တပ်အင်အားအချို့ကို
မြောက်ကိုရီးယား နယ်စပ်အနီး ဖြန့်ကျက်ချထား လိုက်သည်။
ဖြန့်ကျက်ချထားသည့် တပ်အင်အားတွင် တိုက်လေယာသမားများအား အသင့်ပြင်ထားခြင်း၊ အမြောက်နှင့် သံချပ်ကာ တပ်များလည်း ပါဝင်သည်။
တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ နှစ်နိုင်ငံ
ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး
ထားသည်။
ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း ဖြစ်ပွား
လာဖွယ် ရှိသည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်တပ်မတော်က
အဆိုးဆုံးအခြေအနေကို မျှော်မှန်း၍ လိုအပ်သည့် စစ်ပြင်ဆင်မှုများနှင့်၂၄နာရီ
တပ်အသင့်ဖြစ်ရေး သတိပေး အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အကယ်၍
ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားလာပါက မြောက်ကိုရီးယား
စစ်ဘေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း အလုံးအရင်းဖြင့် ၀င်ရောက်မည့်
အရေးကိုလည်း တရုတ်က စိုးရိမ်မကင်းဖြစ်နေသည်။
ကျော်စိန်
HOT NEWS, April 5, 2013
တင်းမာမှု အရှိန်မြင့်မားလာသည့် ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ ရတက်မအေးဖြစ်နေသည့် တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ တပ်အင်အားအချို့ကို မြောက်ကိုရီးယား နယ်စပ်အနီး ဖြန့်ကျက်ချထား လိုက်သည်။
ဖြန့်ကျက်ချထားသည့် တပ်အင်အားတွင် တိုက်လေယာသမားများအား အသင့်ပြင်ထားခြင်း၊ အမြောက်နှင့် သံချပ်ကာ တပ်များလည်း ပါဝင်သည်။
တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည်။
ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း ဖြစ်ပွား လာဖွယ် ရှိသည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်တပ်မတော်က အဆိုးဆုံးအခြေအနေကို မျှော်မှန်း၍ လိုအပ်သည့် စစ်ပြင်ဆင်မှုများနှင့်၂၄နာရီ တပ်အသင့်ဖြစ်ရေး သတိပေး အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အကယ်၍ ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားလာပါက မြောက်ကိုရီးယား စစ်ဘေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း အလုံးအရင်းဖြင့် ၀င်ရောက်မည့် အရေးကိုလည်း တရုတ်က စိုးရိမ်မကင်းဖြစ်နေသည်။
ကျော်စိန်
အာဏာပိုင်ဆိုသူတွေရဲ့ မတရားအနိုင်ကျင့် ခံရတဲ့ အခါ
ရဲတွေ မမှန်မကန်လုပ်တာ တွေ့ရင် ..
ခေတ်နောက်ပြန်ဆွဲချင်တဲ့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေ ပညာ ပြလွန်း ရင် ..
မမှန်မကန် လုပ်တဲ့ ရဲတွေ တွေ့ရင် ..ခေတ်နောက်ပြန်ဆွဲချင်တဲ့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေ ပညာ ပြလွန်း ရင် ..
အသုံးပြုဖို့ သိမ်းထားရမဲ့ ဖုန်းနံပါတ်တွေ ..
{ ဘယ်လိုဘဲ ပြောပြော .. မမှန်ကန်တဲ့ ညွန်ချုပ် ၅ ယောက် နဲ့ ပါချုပ် ၁ ယောက် ကို ..
အနားပေး လိုက်နိုင်တာ ဟာ တာဝန်သိသိ တိုင်ကြားရဲတဲ့ သူတွေ ရှိလို့ဘဲ }
------------------------------
(((မမှန်မကန် ဆောင်ရွက်တဲ့ ရဲတွေ တွေ့ရင် .. ဒီဖုန်းနံပါတ် တွေကို အားပေးကြပါအုံး)))
ရဲတပ်ဖွဲ့ဝင်များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ထုတ်ပြန် ထားသော ဖုန်းနံပါတ်များသို့ တိုင်ကြားမှု ဒုတိယလတွင် လျော့နည်းလာ...
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ မမှန်မကန် ဆောင်ရွက်ပါက တိုင်ကြားရန် ဖုန်းနံပါတ်များသို့ တိုင်ကြားမှုများ ဒုတိယ လတွင် လျော့နည်းသွားကြောင်း၊ ယင်း ဖုန်းလက်ခံ ဖြေကြားသူ တစ်ဦးက မြန်မာအင်ဒီပဲန်ဒင့်သို့ မတ်လ ၃၁ ရက်တွင် ပြောကြားသည်။
ယင်းက “ဒီဖုန်းတွေကို ဖေဖော် ဝါရီ ၁၁ ရက်က စဖွင့်ပြီး တိုင်ကြား တာတွေ လက်ခံခဲ့တာပါ။ အဲဒီလ တုန်းက တိုင်ကြားမှု ၁၁၆ ကြိမ်ရှိ ပါတယ်။ အခု မတ်လမှာတော့ ၃၇ ကြိမ်ပဲ တိုင်ကြားထားတာ ရှိပါတယ်။ အဓိက က တော့ ချဲ၊ နှစ်လုံးနဲ့ ဘောလုံးပွဲ လောင်းကစားမှုတွေ အများ ဆုံးတိုင်ပါတယ်။ တချို့က ဥပဒေကို နားမလည်လို့ တိုင်တယ်။ ရဲကလည်း ရဲလုပ်ငန်းနဲ့ လုပ်တာပဲ။ အမှုတိုင်တဲ့လူက အားမရလို့ နှေးနေတယ် ထင်လို့ တိုင်တာတွေ လည်း ရှိတယ်။ ရဲတပ်ဖွဲ့တချို့ရဲ့ မှားယွင်းတဲ့လုပ်ရပ် တွေ၊ တိုင်တာတွေလည်း ရှိတယ်။ တချို့က လည်း တမင်တကာကို မမှန်မကန် တိုင်ကြားမှုတွေ ရှိတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
ယင်းက ဆက်လက်ပြောကြား ရာတွင် “ပထမလတုန်းကတော့ တိုင်တာများတယ်။ အခုလနည်းသွား တယ်။ အားတိုင်းလျှောက်တိုင်နေ တာမျိုး မဟုတ်တော့ဘဲ တကယ်နစ် နာတဲ့သူတွေပဲ တိုင်တာများတယ်။ ကျွန်တော် တို့က ဖြေရှင်းဆောင်ရွက် ပေးနေတာပါပဲ။ တချို့ကိစ္စတွေက ရှုတ်ထွေးတော့ အဖွဲ့လေးတွေဖွဲ့ပြီး ဆောင်ရွက်ရ တာမျိုး ရှိတယ်။ စိတ်မရှည်တဲ့ ပြည်သူတွေက အရေးမယူသေးဘူးလား ဆိုပြီး ပြန်မေးတာတွေတောင် ရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မမှန်မကန် ဆောင်ရွက်ပါက နေပြည်တော် ဝ၆၇၅၅ဝ၃၃၃၊ ရန်ကုန် ဝ၁၂၃ဝ၂၁၉၉၊ မန္တလေး ဝ၂၆၁၄၄၄၄၊ မကွေး ဝ၆၃၂၈ဝ၉၉၊ မွန် ဝ၅၇၂၄၉၈၇၊ ပဲခူး ဝ၅၂၂၃၉၉၉၊ စစ်ကိုင်း ဝ၇၁၂၄၉၉၆၊ ရခိုင် ဝ၄၃၂၂၈၃၃၊ ရှမ်း ဝ၈၁၂၁၂၅၄၅၅၊ ဧရာဝတီ ဝ၄၂၂၃၈၄၄၊ ကရင် ဝ၅၈၂၃၅၅၅ နှင့် ကချင် ဝ၇၄၂၁၄၄၄ သို့ ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရသည်။
(Myanmar Independent News journal)
------------------------------
((( အာဏာပိုင်ဆိုသူတွေရဲ့ မတရားအနိုင်ကျင့် ခံရတဲ့ အခါ )))
အောက်ခြေမှာ တိုင်လို့ ..
ပုလင်းတူဗူးစို့တွေ နှာစေးနေရင် ..
အကောင်ကြီးကြီး အမြီးရှည်ရှည် တွေ ပါတ်သက်နေရင် ..
သမ္မတဆီ အွန်လိုင်းမှ တိုင်ကြားနိုင်ဖို့ ..
(သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာလိပ်စာ http://
မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်(၈)ဦးအား အင်ဒိုနီးရှားထောင်အတွင်း ဘင်္ဂလီအစ္စလာမ် တွေ ဝိုင်းရိုက်၍သေဆုံး 2013-04-05
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်ထဲမှာ
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာအုပ်စုက
ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက်တာကြောင့် ၈ ဦး သေဆုံးခဲ့တယ်လို့
အေအက်ဖ်ပီသတင်းမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဖေါ်ပြပါတယ်။
မိတ္တီလာမြို့က အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှု ဓါတ်ပုံတွေကို
ထောင်တွင်းမှာရှိတဲ့ မူဆလင် ရိုဟင်ဂျာတွေက ကြည့်ရှုရပြီး၊ ဗုဒ္ဓဘာသာဝင်
မြန်မာနိုင်ငံသားတွေကို အုပ်စုနဲ့ တိုက်ခိုက်တာလို့ အင်ဒိုနီးရှား
ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ရေးသားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဖက်ကို မြန်မာနဲ့
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်က မူဆလင် ရိုဟင်ဂျာတွေ လှေတွေနဲ့ရောက်ရှိရာမှာ
အင်ဒိုနီးရှားအစိုးရကဖမ်းဆီးပြီး
ဘီလာဝမ်ဆိပ်ကမ်းက လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာပါ။
အလားတူ အင်ဒိုနီးရှားရေပိုင်နက်ထဲ ငါးခိုးဖမ်းမှုနဲ့ ဖမ်းဆီးခံရတဲ့
မြန်မာနိုင်ငံသားတွေကိုလည်း အဲဒီလဝက အကျဉ်းထောင်ထဲမှာ
ထိမ်းသိန်းထားတာရှိတယ်လို့ဆိုပါ တယ်။
အဲဒီ ငါးခိုးဖမ်းမှုနဲ့ ထိမ်းသိန်းခံရသူ မြန်မာနိုင်ငံသားတွေကိုတော့
လာမယ့်မေလအတွင်း မြန်မာနိုင်ငံကိုပြန်ပို့ဖို့ စီစဉ်ထားတာလို့လည်းသိရပါတယ်။
မူဆလင်ရိုဟင်ဂျာတွေက ထောင်တွင်းကုတင်တိုင်တွေကို လက်နက်သဖွယ်အသုံးပြုပြီး
အုပ်စုနဲ့ရိုက်နှက်ရာမှာ ၈ ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းရောက်ရှိရာမှာ သေဆုံးနေပြီးဖြစ်တယ်လို့ဆိုပါတယ်။
အခင်းဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မူဆလင် ရိုဟင်ဂျာ တစ်ရာကျော်ကို
အင်ဒိုနီးရှားရဲတပ်ဖွဲ့က စစ်ဆေးနေသလို မျက်မြင်သက်သေ ၃ဝ ကိုလည်း
စစ်ဆေးနေကြောင်းသိရပါတယ်။
http://www.youtube.com/ watch?v=GHMP4RCV8QA&feature=you tu.be
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်ထဲမှာ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို မူဆလင် ရိုဟင်ဂျာအုပ်စုက ထောင်တွင်းအုပ်စုဖွဲ့ ရိုက်နှက်တာကြောင့် ၈ ဦး သေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ဖေါ်ပြပါတယ်။
မိတ္တီလာမြို့က အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှု ဓါတ်ပုံတွေကို ထောင်တွင်းမှာရှိတဲ့ မူဆလင် ရိုဟင်ဂျာတွေက ကြည့်ရှုရပြီး၊ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေကို အုပ်စုနဲ့ တိုက်ခိုက်တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ရေးသားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဖက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်က မူဆလင် ရိုဟင်ဂျာတွေ လှေတွေနဲ့ရောက်ရှိရာမှာ အင်ဒိုနီးရှားအစိုးရကဖမ်းဆီးပြီ
မူဆလင်ရိုဟင်ဂျာတွေက ထောင်တွင်းကုတင်တိုင်တွေကို လက်နက်သဖွယ်အသုံးပြုပြီး အုပ်စုနဲ့ရိုက်နှက်ရာမှာ ၈ ဦးသေဆုံးခဲ့တာလို့ဆိုပါတယ်။ အင်ဒိုနီးရှားရဲတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းရောက်ရှိရာမ
http://www.youtube.com/
တောင်ကိုးရီးယားနိုင်ငံမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တသောင်းကျော် အတွက် မြန်မာ သံ ရုံးက အစွမ်းကုန်ကာကွယ်
အနေတွေ တင်းမာနေတာကြောင့် တောင်ကိုးရီးယားနိုင်ငံမှာ အလုပ်
လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တသောင်းကျော် အတွက် မြန်မာ သံ
ရုံးက အစွမ်းကုန်ကာကွယ်သွားမယ်လို့  ဧပြီလ ၅ ရက် ဒီဗွီဘီက သံရုံးကိုဆက်သွယ်စဉ်မှာပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် လွတ်မြောက်နယ်မြေ (တောင်ကိုရီးယား)
ရဲ့ ဒုဥက္ကဌ ဦးရန်နိင်ထွန်းက တော့ မြန်မာသံရုံးက သူတို့ ကို သတိပေးဆက်
သွယ်အကြောင်းကြားတာမျိုးတွေ မရှိဘူး လို့  ပြောပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင်က သူရဲ့ တပ်တွေကိုအမေရီကန်
ကို တိုက်ခိုက်နိုင်ဖို့ အသင့်အနေအထားမှာ ရှိဖို့ ညွှန်ကြားထားပြီး လိုအပ်ရင် နျူးကလီးယား လက်နက်တွေပါသုံးဖို့ အမိန့်ပေးထားပြီး
ဖြစ်တယ်လို့ မြောက်ကိုရီးယားက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြောက်ကိုးရီးယားရဲ့ ဒုံးလက်နက် တစင်းကိုလည်း အရှေ့ ဘက်
ကမ်းကို ပြောင်းရွေးချထားတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတယ်ပါတယ်။ အမေရိကန် စစ်အခြေစိုက် စခန်းရှိရာ ဂူအမ် ကျွန်းမှာလည်း မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်ကို ကာကွယ်ဖို့ အဆင့်မြင့် ကာကွယ်ရေးစနစ်တွေကို ပြင်ဆင်နေပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကတော့ အခြေအနေတွေဆိုး
မသွားအောင် မြောက်ကိုရီးယားအနေနဲ့ စကားကို အလွန်အကျွံ မပြော
ဘဲ ထိမ်းထိမ်းသိမ်းသိမ်းပြောဖို့  သတိပေးပြောဆိုပါတယ်။
DVB
မိတ္ထီလာဒုက္ခသည်များကို ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်ပေးမည်
Browse › Home ›
မြန်မာ့သတင်း
» မိတ္ထီလာဒုက္ခသည်များကို ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်ပေးမည်
မိတ္ထီလာခရိုင် အခြေအနေဟာ အေးချမ်းတည်ငြိမ်စပြုနေပြီး အစိုးရက ဒုက္ခသည်တွေကို
ကျပ်ငွေ ၃၅ သိန်းခွဲတန် အိမ်တလုံးစီ ဆောက်လုပ်ပေးဖို့
ဆုံးဖြတ်ခဲ့ပြီးပြီလို့ မိတ္ထီလာမြို့နယ် အမတ် ဦးဝင်းထိန်က ပြောပါတယ်။
“မိတ္ထီလာ အခြေအနေကတော့ တိုးတက်နေပါပြီ။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကား ရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
Browse › Home ›
မြန်မာ့သတင်း
» ဘူးသီးတောင်မှ သံဃာတော်အား ကိုယ်ထိလက်ရောက် စော်ကား ရာတွင် ပြစ်မှုကျူးလွန်သူ နှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
မတ်လ (၂၈) ရက်နေ့က ဘူးသီးတောင်မြို့ ၊ ဓမ္မမဏ္ဍိုင်ကျောင်းမှ ဦးပညာသီရိအား
မူဆလင်ဘာသာဝင် ဘင်္ဂလီသုံးဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်ကာ စော်ကားရာတွင်
ပြစ်မှု ကျူးလွန်သူ နှစ်ဦးအား ယနေ့ တွင် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၀)
နှစ်စီ ချမှတ်လိုက်ကြောင်း ဘူးသီးတောင် တရားရုံးက ဆိုသည်။ ---သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
![]() |
| ဘူးသီးတောင် အကျဉ်းထောင် |
သူတောင်းစားတဦးက ဘုရားကို နောက်ထပ် ဘတ် ၁ သန်း လှူဒါန်း
ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ၀ပ်ရိုင်းခင်း ဗုဒ္ဓ ဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန်အဲဒီ အလှူကြီးကို ပေးခဲ့တာ လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်း စာမှာ ဖော်ပြထားပါတယ်။ မစ္စတာ အိုင်ယမ်ဟာ ဒီ ဘုရားကျောင်းရှေ့မှာ တောင်းရမ်း နေခဲ့တာ ၃၄ နှစ်တောင်ရှိပါပြီ။
သူ့ကို ဘယ် ဆွေမျိုးကမှလည်း မစောင့်ရှောက်ကြပါဘူး။ ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့ တန်းဖို့ ပြောလေ့မရှိပါဘူး။ သူ့ဟာသူ ထိုင်နေလေ့ရှိပြိး သူ ထိုင်နေတဲ့ ဘေးနားမှာ သံမဏိ သေတ္တာလေးချထားမယ်၊ သူတောင်း ရမ်းလို့ရတဲ့ ပိုက်ဆံတွေကို အဲဒီ သေတ္တာလေးထဲ ထည့်သိမ်းမယ်။
အဲဒီမှာတော့ သူ့ကို လှူဒါန်းစွန့်ကြဲကြတဲ့ ဓာတ်ပုံလေးတွေ၊ အဲဒီဘုရား ကျောင်း ကို သူလှူခဲ့တဲ့ အလှူငွေ ဖြတ်ပိုင်းတွေ နဲ့ မှတ်တမ်းစာရွက်တွေ၊ သူ့ပိုက်ဆံတွေထည့်တဲ့ ပလပ်စတစ်အိပ်ကြီးတလုံးရယ်၊ ဒါတွေကို ခင်းကျင်းပြ သထားမယ်။ အသက် ၄၂ နှစ်ရှိ ဘုရားလူကြီး မစ္စတာ ပွန်တက်ပ် ပတ်ထ၀ီက ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ဟာ သူ့မှာ မသန် စွမ်းပေမယ့် ရိုကျိုးမှုတွေက သူနဲ့တွေ့ဖူးတဲ့ လူတွေကို သနားဂရုဏာသက် စေတာ အမှန်ပါ ဘဲတဲ့။
လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီး ၀ယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော် ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းခန့်) ကို အဲဒီဘုရားကို ထပ် လှူ လိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။
အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်း မှာ ပြန် လည် ထူထောင်ရေးအလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော်နေပါပြီ။ ၀ပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခွန်ပထုန်မှာ အကျော်ကြားဆုံး တွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက်လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်း ထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်း ဖြစ်ပါတယ်။ ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။
ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကို ရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ပါတယ်။ ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီး ကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။ အရပ်ထဲက လုံခြုံရေးလုပ်ပေးကြတဲ့ စေတနာရှင်တွေကလည်း ဘုန်းကြီးကျောင်းထဲ ညတိုင်းလာပြီး သူ့ကို စောင့် ရှောက်တာတွေ လုပ်ပါတယ်လို့ ဘုရားလူကြီး ပွန်ထက်ပ်က ဆိုပါတယ်။
မစ္စတာ အိုင်ယမ်က ပြောတာကတော့ နှစ်စဉ် ဘုရားကိုသူလှူတဲ့ငွေတွေဟာ သူတောင်းရမ်းလို့ ရ တဲ့ ငွေအားလုံးနီးပါးပါ ဘဲတဲ့။ သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီ ခရိုင်ထဲမှာ ရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းက နေ ၂ သိန်း လောက်ကိုလည်း လှူဒါန်း ပါသေးတယ်လို့ သူက ပြောပါတယ်။
ဧရာဝတီ
ယုံကြည်မြတ်နိုး ၉၆၉ နှင့် ၎င်း၏ဂယက်များ
အသက် ၃၀ အရွယ် မဝေဝေက သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ ပတ်ခန့်ကစပြီး တက္ကစီငှားရမ်းသည့် အခါ ၉၆၉ အမှတ်တံဆိပ်ပါတဲ့ တက္ကစီကိုသာ ငှားရမ်းစီးနင်းတဲ့အကြောင်း ပြောသည်။
သူ့အနေနဲ့ ဘာကြောင့် ၉၆၉ အမှတ်တံဆိပ်ပါသည့် ကားကိုရွေးချယ်ရသလဲဆိုသည်နှင့် ပတ်သက်၍တော့ “ဘာလို့အဲ့ဒီတံဆိပ်ပါတဲ့ကားကို စီးရတာလဲဆိုတော့ ကိုယ့်လူမျိုးဆိုတော့ ပိုလုံခြုံမယ်ထင်လို့ပါ။ ဗုဒ္ဓဘာသာ ဆိုတဲ့ ယုံကြည်ချက်ကြောင့်လည်း ပါတာပေါ့” ဟု ပြောသည်။
သူမသည် နိုက်ကလပ် တခုမှာ ကိုယ်ခန္ဒာကိုရင်းပြီး စီးပွားရှာနေတဲ့ မိသားစုတာဝန်အား တစ်ဦးတည်း ထမ်းဆောင်နေရသူလည်းဖြစ်သည်။
၎င်းသည် အမျိုးသားနှင့်  လင်မယားအဖြစ်မှ ပြတ်စဲသည်မှာ ၃ နှစ် ရှိပြီဖြစ်ပြီး ကလေး ငယ် ၃ ဦးနှင့်  အိမ်စရိတ်များအတွက် ညစဉ် အလုပ်တာဝန်မှာ ရပ်နား၍ မရကြောင်းသူမက ဆက်လက်ပြောသည်။
၉၆၉ အမှတ်တံဆိပ်၏ အဓိပ္ပါယ်မှာ ဘုရားဂုဏ်တော်(၉)ပါး၊ တရားဂုဏ်တော်(၆)ပါး၊ သံဃာဂုဏ်တော် (၉) ပါးတို့ စုပေါင်းထားသည့်အတွက် ထိုအမှတ်တံဆိပ်အား ဆောင်ထားပါက ဘေးအန္တရာယ်ကင်းခြင်း၊ လာဘ်လာဘပေါများခြင်းစသော ကောင်းကျိုးတရားများ ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်း အမှတ်တံဆိပ်
ဆောင်ထားသူ မဝေေ၀ ၏ မိတ်ဆွေတက္ကစီသမားက ဆိုသည်။
၎င်းက “ကျွန်တော့် ကားမှာ ၉၆၉ အမှတ်တံဆိပ် တပ်ထားတယ်ဆိုတာ ဗုဒ္ဓဘာသာကားဆိုတာ သိပြီး လူတွေများများ တင်ရအောင်လို့ ပါ။ဒါပေမဲ့  မွတ်စလင်တွေ ငှားတာ၊ မွတ်စလင်တွေ စုပြီးနေတဲ့
နေရာတွေတော့ မသွားရဲဘူး”ပာု ပြောသည်။
၉၆၉ အမှတ်တံဆိပ် ပေါ်ထွက်လာပြီး နောက်ပိုင်းတွင် အခြေခံ လူတန်းစားအများစုမှာ မိမိတို့၏နေအိမ်များ၊ ကားများ၊ ဆိုင်ကယ်များနှင့် ဈေးဆိုင်များတွင် ၎င်းအမှတ်တံဆိပ်ကို ဆောင်ထားလာကြခြင်းဖြစ်သည်။
“လမ်းထဲကလူတွေ အိမ်ရှေ့တံခါးတွေမှာ ကပ်ထားတာတွေ့လို့ မေးကြည့်လိုက်တယ်။ အဲ့ဒီတံဆိပ်ကပ်ထားရင် ဘေးအန္တရာယ်ကင်းတယ်၊ဈေးရောင်းကောင်းတယ်။ လာဘ်ရွှင်တယ်။ ဗုဒ္ဓဘာသာ အိမ်မှန်းသိသာတယ်ဆိုလို့ ကပ်ထားတာ။ ကိုယ့်ဆန္ဒနဲ့ကိုယ်ကပ်ထားတာပါ။” မြောက်ဥက္ကလာပ မြို့ နယ်နေ ပန်းရောင်းသူ မခင်မေက ပြောသည်။
ထို့ပြင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော အုတ်ဖို၊ မင်းလှ၊ မိတ္တီလာ စသည့်မြို့များအပြင် အခြားမြို့အသီးသီး၌လည်း ဗုဒ္ဓဘာသာအိမ် အဖြစ် သိသာစေရန်အတွက် ၉၆၉ အမှတ်တံဆိပ်အား ဗုဒ္ဓဘာသာဝင် အများအပြား ကိုင်ဆောင်ထားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။
မိထ္ထီလာအပါအ၀င် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သော ဒေသများတွင် ပဋိပက္ခ မဖြစ်ပွားမီ အချိန်နှင့်ဖြစ်ပွား ချိန်များ တွင် ၉၆၉ တံဆိပ် များ ၊တရားခွေများအား လိုက်လံဖြန့်ချီမှုများ ရှိခဲ့သည်ပာု အဆိုပါမြို့များမှ
ဒေသခံများက ဆိုသည်။
“အဓိကရုဏ်းတွေ စဖြစ်တဲ့နေ့မှာပဲ ၉၆၉ တံဆိပ်တွေ တရားခွေတွေ လူစည်ကားတဲ့နေရာမှာ လိုက်ဖြန့်တာတွေ ရှိပါတယ်။ မြို့လည်ခေါင်က ဆိုင်ကြီးတွေမှာ အဲ့ဒီတံဆိပ်တွေ ကပ်ထားတယ်” ဟု အုတ်ဖိုမြို့နယ်မှ ကိုကျော်ဇေယျက ပြောသည်။
၎င်းအမှတ်တံဆိပ်သည် ၁၉၉၈ ခုနှစ်က သာဿနာပြန့်ပွားရေး ဌာနမှ ညွှန်ကြားရေးမှုးချုပ်အဖြစ် တာဝန်ထမ်း
ဆောင်ခဲ့သော နှစ်ဖက်လှ ဦးကျော်လွှင်က ဖန်တီးခဲ့ကြောင်း သာသနာ့အသိုင်းအ၀ိုင်းနှင့် အင်တာနက် စာမျက်နှာများ၌ ဖော်ပြထားသည်။
၉၆၉ သည် မြန်မာနိုင်ငံ၌ အခြေတည်ခြင်းမှာ ဆယ်စုနှစ် နှစ်ခု နီးပါး ရှိပြီ ဖြစ်ကြောင်း ပြောစကားများအရ သိရသော်လည်း တွေရှိထားသော သတင်းအချက်အလက်များအရ ယခုနောက်ပိုင်းတွင် အတိအလင်း ထွက်ပေါ်လာချိန်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဂဏ၀ါစကသံဃကွန်ရက်မှ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကွန်ရက်မှ ဆိုသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲမှု ပြဿနာသည် ထိပ်သီးအခြေခံ ပြဿနာတစ်ခု အဖြစ် နှစ်စဉ် နှစ်တိုင်း ပြည်သူများ ကြုံတွေ့ လျက်ရှိပြီး ပြည်သူများထဲတွင် ဗုဒ္ဓဘာသာဦးရေမှာ အများဆုံးဖြစ်ကာ လူတန်းစား အလွှာ အစုံ၌ရှိကြသည်။
၉၆၉ သည် ယခု ရက်သတ္တပတ်များအတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းဒေသများနှင့်  ပတ်သတ် ဆက်နွယ်နိုင်ကြောင်း သတင်းမီဒီယာ အချို့ တွင်လည်း ဖော်ပြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်အချို့ကလည်း ထင်မြင်ပြောဆိုလျက်ရှိသည်။
၉၆၉လှုပ်ရှားမှုများကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများ အပေါ်အကျိုး သက်ရောက်မှု မရှိသော်လည်း နယ်မြို့များတွင်မူ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု အစ္စလာမ်ဘာဘာသာဝင်အချို့က ဆိုသည်။
အဆိုပါ အမှတ်တံဆိပ်အား စီးပွာရေးအရအသုံးပြုမှုများရှိခြင်းကြောင့်  အခြားဘာသာဝင်များ၏ စီပွားရေးမှာ ထိခိုက်မှုများရှိကြောင်း မော်လမြိုင်မြို့မှ အစ္စလာမ်ဘာသာဝင် ဦးကျော်စိုးကပြောသည်။
“ဗမာစိုက်တဲ့ဆန် ကုလားစားတယ် ကုလားထုတ်တဲ့ရေ ဗမာသောက်တယ်။ ဒီလိုမှ မစားသောက်ရင် သတ္တ၀ါတွေ သေကြေပျက်စီးကုန်ကြမှာပေါ့” ဟု အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ဦးရွှေကြည်က ဆိုသည်။
၉၆၉ ဘာသာရေးတရားပွဲ အချို့တွင် ဘာသာရေး ခွဲခြားကာ ဗုဒ္ဓဘာသာများအနေဖြင့်  မိမိဘာသာဝင်များ၏ အကျိုးစီးပွားသာ ရှေးရှု၍ စီပွားရေး တိုးတက်စေရန်ဖော်ဆောင်သင့်ကြောင်း သို့ မှသာ ဘာသာသာဿနာ
ပြန့်ပွားမည် လမ်းညွှန်ပြသနေသည်ကို ၉၆၉ တရားခွေများမှ သိရသည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မီ အချိန်က မြန်မာနိုင်ငံ၌ မော်လ၀ီဆရာတစ်ဦး ၏ စာအုပ်တစ်အုပ်ကြောင် ဘာသာရေး အဓိကရုဏ်း တစ်ခုအပါအဝင် ကိုလိုနီခေတ်တွင် ဘာသာရေး အဓိကရုဏ်း (၃) ခု ဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာ့သမိုင်းသုတေသီ ဆရာတစ်ဦးကဆိုသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၉-၅၀ ၀န်းကျင်တွင် ဘူးသီးတောင်-မောင်တော၌လည်းကောင်း၊ ၁၉၈၂ ခုနှစ်တွင် မော်လမြိုင်-ကျူံဒိုး ၌လည်းကောင်း၊ ၁၉၈၈ ခုနှစ်မတိုင်ခင် တောင်ကြီးနှင့် ပြည်မြို့တို့၌ လည်းကောင်း ဘာသာရေးနှင့် ဆက်နွယ်သော ဒေသတွင်း အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။
၉၆၉ သည် အခြားဘာသာ အမှတ်တံဆိပ်များကို တုပသည့် အနေဖြင့်  ထုတ်ဝေ ခြင်းဖြစ်ပြီး ၇၈၆ လမ်းစဉ်အတိုင်းသာ သွားနေခြင်းဖြစ်ကြောင်း THE VOICE နေ့ စဉ်ထုတ် သတင်းစာ၌ ဆရာတော် ဦးဝီရသူက မိန့်ကြားထားသည်။
ယခုဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် ၉၆၉ကြောင့် မဟုတ်ကြောင်း ၊၉၆၉ကြောင့် အဓိကရုဏ်း ဖြစ်ပွားသည်ဟု အထောက်အထား ပြနိုင်ပါက ၉၆၉ လှုပ်ရှားမှုအား ရပ်တန့်ပေးမည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ တစ်စောင်၌ မိန့်ကြားခဲ့သည်။
ဂဏဝါစကသံဃကွန်ရက် ၏ ၉၆၉ အမှတ်တံဆိပ် ထုတ်ဝေခဲ့ခြင်းမှာ အခြားဘာသာများအား တိုက်ခိုက်ချင် သော ရည်ရွယ်ချက်မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင်များ စည်းကမ်းရှိစွာ ဘာသာရေး ထွန်းကားလာစေရန်
ဖြစ်ကြောင်း အရှင်ဝိမလာဘိဝံသ (ဟိစာဓရဆရာတော်၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်မြို့) က မိန့်ကြားသည်။
“ဒီ ၉၆၉ ကိုထုတ်ရတာက အခြားရည်ရွယ်ချက်မရှိပါဘူး။ အခုက မျှော်မှန်းထားတာထက်ကို ပိုပြီး အောင်မြင်လာတယ်။ ဒီတော့ အသုံးချချင်တဲ့သူတွေ ပေါ်လာတယ်။ ၉၆၉ ရဲ့နာမည်ကို အသုံးချပြီး စီးပွားရေး လုပ်နေတဲ့ သူတွေလည်း တွေ့နေရတယ်” အရှင်ဝိမလာဘိဝံသက ပြောသည်။
အဆိုပါ ကွန်ရက်အနေဖြင့် ထိုသို့  ၉၆၉ တံဆိပ်တော်အား နည်းလမ်းအမျိုးမျိုးဖြင့် အသုံးချနေခြင်းအား လက်မခံကြောင်းနှင့် ၉၆၉ နာမည်သုံး၍ ကိုယ်ကျိုးစီးပွားရှာနေသူများအား အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက် မှသိရသည်။
နိုင်ငံတော်သမ္မတ ၏ မတ်လ (၂၉) ရက်နေ့က ပြောကြားခဲ့သော မိန့် ခွန်းအပြီးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် အနေဖြင့်  ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားရန် ကြိုးပမ်းမှုအား အရေးယူသွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်ထံက သိရသည်။
၎င်း အဓိကရုဏ်းများကြောင့် ပင် ဦးသိန်းကျော်အောင်က “ဒီ အဓိကရုဏ်းကြောင့် အလုပ်ရှင်တွေက အစ အလုပ်သမားတွေအဆုံး စီးပွားရေးကို အနည်းနဲ့အများထိခိုက်စေပါတယ်။” ပာု ပြောသည်။
အထက်ပါ လှုပ်ရှားမှုအနေဖြင့် မည်သည့်အတိုင်းအတာအထိ ရှိလာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က သုံးသပ်သည်။
အဓိကရုဏ်းများနှင့် ၉၆၉ လှုပ်ရှားမှုသည် အားကောင်းလာသည့်  အတွက် ညဥ့်ငှက် တစ်ဦး အနေဖြင့် အန္တရာယ်အား ကြောက်ရွံ့သော်လည်း လုပ်ငန်းခွင်၌ ဘာသာစုံ လူမျိုးစုံအား ကြည်နှုး ပာန်ဆောင်ကာ ဆက်ဆံနေရကြောင်း မဝေေ၀ကဆိုသည်။
“ဘယ်လောက်ဘဲ ယုံကြည်မှုတွေရှိနေပေမဲ့ ည အလုပ်လုပ်ရင်တော့ လူမည်းကိုလဲ အဖော်ပြုရတယ်။ လူဖြူကိုလဲ အဖော်ပြုရတယ်။ ဒါမှမပာုတ်ရင် မနက်ဖြန် အိမ်စရိတ်အတွက် အခက်အခဲရှိတယ်” ပာု ၎င်း၏ ဘဝအခက်အခဲအား ပြောသည်။
မဇ္ဈိမသတင်းဌာန
Friday, April 5, 2013
မြောက်ကိုရီးယားကျွန်းဆွယ်နောက်ဆုံးအခြေအနေ
U Aye Ko and Kayin Thannaing shared Burma-Newselite's photo.
*******
မြောက်ကိုရိယားက သူရဲ့ အဏုမြုဒုံးကျည်တွေကို အမေရိကန်ပြည်ထောင်စုက အခြေပြုထားတဲ့ ပစိဖိတ်အခြေစိုက်ဒေသဘက်ကို ချိန်ရွယ်ဖို့ 
သူရဲ့ အရှေ့ ကမ်း၇ိုးတန်းကို သယ်ယူလာနေပါတယ်။
ဒါကြောင့် ပြုံယမ်းမြို့ တော်မှာရှိတဲ့ ဗြိတိန်နဲ့ ရုရှသံရုံးတွေကို ဘေးလွတ်ရာကို ရွေ့ ပြောင်းကြဖို့ သတိပေးလိုက်ပါပြီ။
မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုပ်နိုင်ငံကတော့မြောက်ကိုရီယ
မြောက်ကိုရိယားခေါင်းဆောင်Kim Jong-un ကတော့
စစ်တပ်က အာဏာတက်သိမ်းမှာစိုးရိမ်ပြီး သူရဲ့ လုံခြု့ရေးကို အထူးတိုးမြှင့်ထားတယ်လို့ တောင်ကိုရီးယားဘက်က ထောက်လှမ်းရေးသတင်းတွေက ဆိုပါတယ်။
ဒီနေ့ထုတ် Telegraph သတင်းစာထဲက သတင်းတွေကို
ထားထားမြင့်( Burma Newselite) စုစည်းတင်ပြထားတာပါ
ရှယ်ယာနိုင်ပါတယ် သတင်းလင့်များမှ စာသားများပြန်ကူးချဖော်ပြခြင်းသ
အလုံဓာတ်အားပေးစက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား (4 photos)
အလုံဓာတ်အားပေးစက်ရုံအတွင်း
ဝါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်
ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ
အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း ရှိ
ဓာတ်အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး
ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း အလုံမြို့နယ်
ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်အတွင်း ရောက်ရှိနေသော
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးမျိုးအောင်က ''အခုလောလောဆယ်တော့
ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေးဆဲပါပဲ''ဟု Eleven Media Group ၏
မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ နာရီဝက်ခန့်
ဖြစ်ပွားခဲ့ပြီး မီးသတ်ကားအစီးရေး ၁၅ စီးထက်မနည်း ငြိမ်းသတ်ခဲ့ရကြောင်း
တွေ့ရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ
သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက
ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ —
နေပြည်တော်အနီးတစ်ဝိုက်ကို ဗဟိုပြု၍ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိ ငလျင်သုံးကြိမ်လှုပ်ခတ်
http://news-eleven.com/local/mandalay-news-and-local/18871
- Created on Friday, 05 April 2013 00:30
ဧပြီလ (၄)ရက်ည ၉နာရီ ၄၅မိနစ်ဝန်းကျင်က နေပြည်တော်၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့်အကွာ၊ မန္တလေးမြေငလျင် စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၁၈၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းမြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ ပေါင်းတည်မြို့နယ် ဒေသခံတစ်ဦးက “ ငလျင်လှုပ်တယ်ဆိုတာကိုတော့ ခံစားရပါတယ်။ခဏလေးပါ။ ငလျင်ကြောင့် အပျက်အစီးမရှိပါဘူး”ဟု Eleven Media Group သို့ ပြောကြားခဲ့သည်။
ဧပြီလ ၃ ရက်၊မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅ မိနစ် ၄၈ စက္ကန့် အချိန်ကလည်း မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၄၉ မိုင်ခန့် အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ငလျင်လှုပ်ခတ်မှုကို ပြည်၊အောင်လံ၊သရက်၊နေပြည်တော်၊ ပျဉ်မနားနှင့် အနီးတဝိုက်ဒေသများတွင် သိသိသာသာ ခံစားခဲ့ရကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု၊ဒဏ်ရာရသေဆုံးမှု မရှိကြောင်း သိရသည်။
ဧပြီလ (၄)ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၈၅ မိုင်ခန့်အကွာကို ဗဟိုပြု- အင်အားရစ်ခ်ျတာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ ဗြိတိန်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိ
မြောက်လက်ထဲ အုန်းသီးရသကဲ့သို့
ဗြိတိန်ကလည်းအသင့်ပြင်ပြီ***********************
ဗြိတိန်ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်က
မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ခြိမ်းခြောက်မှုကိ
အလွနိစိုးရိမ်မိပြီး မြောက်ကိုရီးယားဟာ
အမေရိကန်နဲ့ ဗြိတိန်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့
့ယနေ့ သတိပေးလိုက်ပါတယ်။
စကော့ တလန်က အလုပ်သမားတွေကို ဒီကနေ
့မိန့် ခွန်းပြောကြားရာမှာ မြောက်ကိုရီးယားရဲ ခြိမ်းခြောက်မှူကြောင့်
ဗြိတိန်နိုင်ငံရဲ့ အဏုမြူ ရွေ့ လျားဒုံးကျည်ပစ်ရေငုပ်သဘောင်္တွေ ကို စောင့်ကြည့် အသင့်ပြင်ထားဖို့ လိုနေပြီလို့ ဒေးဗစ်ကင်မရွန်က ဆိုပါတယ်
အခုဖြစ်ရပ်ဟာ အဏုမြူလက်နက်တွေပါဝင်ပြီး အလွန်အန္တရာယ်ကြီးတဲ့ နည်းပညာတွေဖြစ်တဲ့အတွက် အလွန်စိုးရိမ်တယ်လို
့ဗြိတိန်ဝန်ကြီးချုပိကပြောကြား လိုက်ပါတယ်။
နောက်ဆုံးသတင်းများအရ မြောက်ကိုရိးယားဟာ
အဏုမြုဒုံးကျည်တွေကို အရှေ့ ဖက်ကမ်းရိုးတန်းကို
သယ်လာပြီလို့ သိရပါတယ်။
H
ကိုးကား http://www.telegraph.co.uk/ news/uknews/defence/9972193/ Cameron-It-is-a-fact-that-North -Korea-could-launch-a-nuclear- strike-against-the-UK.html
ရှယ်ယာနိုင်ပါတယ် သတင်းလင့်မျာှး စာသားများကုးချပြန်ဖော်ပြခြင်း သည်းခံပါ။
အခုဖြစ်ရပ်ဟာ အဏုမြူလက်နက်တွေပါဝင်ပြီး အလွန်အန္တရာယ်ကြီးတဲ့ နည်းပညာတွေဖြစ်တဲ့အတွက် အလွန်စိုးရိမ်တယ်လို
့ဗြိတိန်ဝန်ကြီးချုပိကပြောကြား
နောက်ဆုံးသတင်းများအရ မြောက်ကိုရိးယားဟာ
အဏုမြုဒုံးကျည်တွေကို အရှေ့ ဖက်ကမ်းရိုးတန်းကို
သယ်လာပြီလို့ သိရပါတယ်။
H
ကိုးကား http://www.telegraph.co.uk/
ရှယ်ယာနိုင်ပါတယ် သတင်းလင့်မျာှး စာသားများကုးချပြန်ဖော်ပြခြင်း
ဧပြီလ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က စတင်၍ အလုံမြို့နယ် လျှပ်စစ်ဓါတ်အားပေး စက်ရုံအနီးရှိ ၀န်ထမ်းလိုင်းခန်းတွင် ၀ါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု
ဧပြီလ
၎ ရက် ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က စတင်၍ အလုံမြို့နယ် လျှပ်စစ်ဓါတ်အားပေး
စက်ရုံအနီးရှိ ၀န်ထမ်းလိုင်းခန်းတွင် ၀ါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်တွင်
မီးသတ် တပ်ဖွဲ့ဝင်များမှ
မီးငြှိမ်းသတ်လျက်ရှိကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ Eleven Media
Group သို့ အတည်ပြုပြောကြားခဲ့သည်။
အပြည့်အစုံကို ဆက်လက် တင်ပြပါမည်။
မီးသတ် တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်လျက်ရှိကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ Eleven Media Group သို့ အတည်ပြုပြောကြားခဲ့သည်။
အပြည့်အစုံကို ဆက်လက် တင်ပြပါမည်။
"အမျိုး၊ ဘာသာ၊သာသနာအတွက်" လို့ အော်လိုက်တဲ့ ရဲမင်းဦးအသံ
Kyaw Ko Kyaw shared Marn Htan Myo's photo.
မြန်မာနိုင်ငံက လူ့အခွင့်အရေးဆိုတာ မြန်မာတွေအတွက်တော့မရှိကြပါလား .. ရဲမင်းဦး ရဲ့ ရုံးထုတ်မှာ လက်ထိပ်ခတ်နဲ့ရဲမင်းဦး ကိုမြင်ရတာ ရင်နင့်မိတယ်၊ခံပြင်းမိတယ် .. အသက် ၂၆ နှစ်
ကျော်ကျော်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ရဲ့ အမျိုး၊ဘာသာ၊သာသနာချစ်တဲ့စိတ်ကိ
သတ်ဖြတ်လိုက်ကြပြီ .. အကြမ်းမဖက်ပဲ ဘာသာ၊သာသနာစောင့်ရှောက်ကာကွယ်ခြ
နာမည်ဆိုးကြီးတပ်ပြီး စွပ်စွဲဖမ်းဆီးလိုက်ကြပြီ .. တစ်မျိုးသားလုံးရဲ့မျိုးချစ်စိတ
သနာချစ်စိတ်ကို ရဲမင်းဦး ကို စံနမူနာအဖြစ် နှိပ်ကွပ်ပြခြင်းဖြင့် ချိုးနှိမ်ဖို့ ကြိုးစားလိုက်ကြပြီ ..
ရုံးထုတ်လာစောင့်နေတဲ့ မီဒီယာတွေ၊သံဃာတွေ မသိအောင် တက္ကစီတစ်စီးနဲ့ တိတ်တဆိတ်
ခေါ်လာပြီး ကားဝင်လို့ရသလောက်ရုံးထဲထိုး ကားပေါ်ကဆင်းလာတဲ့ ရဲမင်းဦးကို ဘယ်သူမှ
သတိမထားမိပါဘူး .. ကားပေါ်ကအဆင်းမှာ လက်ထိပ်ခတ်ထားတဲ့လက်ကိုမြှောက်ြ
ဘာသာ၊သာသနာအတွက်" လို့ အော်လိုက်တဲ့ ရဲမင်းဦးအသံကြားမှပဲ အားလုံးက ရဲမင်းဦးကို
ခေါ်လာမှန်းသိပါတော့တယ် ..
"၂၄ နာရီလုံးလုံး မအိပ်ရပဲ စစ်ကြတယ်" တဲ့ .. ဒါက ရဲမင်းဦးပြောသွားတာပါ .. ဘာတွေစစ်လဲ
တော့မသိဘူး ..
လက်ထိပ်တန်းလန်းနဲ့ အင်းစိန်ထောင်ထဲပြန်သွားရမှာကို
ရိမ်ပူပန်စိတ်မရှိပဲ အမျိုး၊ဘာသာ၊သာသနာကိုစောင့်ရှော
စိုးရိမ်တကြီးနဲ့ ရဲမင်းဦးကသတိပေးသွားပါသေးတယ် ..
"ဆရာတော်ဦးဝီရသူ၊မကွေးကျောင်းဆ
တော်တွေ သတိထားကြပါ" တဲ့ .. ဆိုလိုချင်တာကတော့ "ဆရာတော်တို့ကိုချောင်းနေတယ်၊
ဆရာတော်တို့ကိုလဲဖမ်းတော့မယ်" လို့ ဆိုလိုသွားခြင်းပါပဲ ..
"ရဲမင်းဦး" ဆိုတဲ့ မျိုးချစ်လူငယ်တစ်ယောက်အတွက် လေးစားဂုဏ်ယူနေပါတယ် ..
ဓါတ်ပုံ - The Voice Weekly
ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက် တိုက်နေတာ...

ကချင်တွေနဲ့ဖြစ်တဲ့ တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေးအတွက်
တိုက်နေတာပဲ။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချုပ်အခြာအာဏာကို
မတရားသိမ်းပိုက်ထားရင်၊ ကြီးနိုင်ငယ်ညှင်းလုပ်ထားကြ ရင် ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး ရမှာလဲ။ ပြည်ထောင်စုကြီး ကြီးပွားစေချင်ရင် စိတ်စေတနာကောင်း ထားပေးကြပါ။
ဗမာတွေ ကျွန်ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားရသလဲ။ ကိုယ်ချင်းစာစိတ် ရှိကြပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့
ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို မတရား ဖျောက်ဖျက်ချင်လို့ မရဘူး။ ဒါမျိုးကို
ကမ္ဘာက လက်မခံဘူး။ ကျွန်တော်တို့ ရှမ်းလူမျိုးတွေ ဗိုလ်ချုပ်အောင်ဆန်းကို
ယုံတယ်။ သူ့ကို ယုံလို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးတာ။ ဗမာလူမျိုးတွေနဲ့
အတူတူ လွတ်လပ်ရေးယူဖို့ ဆုံးဖြတ်ခဲ့တာ။ ကယားပြည်ဆိုရင် အရင်တုန်းက
ဗမာပြည်ထဲမှာ မပါဘူး။ သီးသန့် တိုင်းပြည်တစ်ပြည်။ ကယားခေါင်းဆောင်တွေက
ဗိုလ်ချုပ်အောင်ဆန်းကို ယုံတော့
ကယားပြည်ကို ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချ ထည့်လိုက်ကြတယ်။ အခုတော့ ကယားပြည်ကြီးနဲ့ ကယားလူမျိုး ငါးပါးမှောက်သွားပြီ။ ပင်လုံစာချုပ်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ကိုကွက်ပြီး အပ်ခဲ့လိုက်တာ။
ခင်ဗျားတို့ ရခိုင်တွေလည်း ဘာထူးလဲ။ ကျွန်တော်ကြားဖူးတယ်။ ဖတ်ဖူးတယ်။ ရခိုင်ခေါင်းဆောင် ဦးအောင်ဇံဝေက ရခိုင်ပြည်အရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်က "ဦးအောင်ဇံဝေ၊ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းရေးပြည်ရာကို ဘယ်တော့ရှင်းရှင်း ၊ ဘယ်လိုရှင်းရှင်း ရတယ်။ လောလောဆယ်မှာ ဒီရှမ်း၊ ကချင်၊ ချင်း ကိစ္စတွေကို ရှင်းရမယ်။ ဦးလေးတို့ ရခိုင်ပညာတတ်တွေ တိုင်းပြည်ကို အုပ်ချုပ်စီမံရမှာပဲ"လို့ ပြောတဲ့အပြောကို ယုံပြီးတော့ ပင်လုံကိုတောင် ရောက်မလာဘူး မဟုတ်လား။ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုများလွန်းခဲ့ကြပါ တယ်။ သူမရှိတဲ့အချိန်မှာ ဘာဖြစ်လာမလဲဆိုတာ မတွေးခဲ့ကြဘူး။
SNLD ဥက္ကဌ ဦးခွန်ထွန်းဦး
Myo Morn Tun(FB) သတင်းစာမျက်နှာမှ
ဗမာတွေ ကျွန်ဖြစ်ခဲ့တုန်းက ဘယ်လိုခံစားရသလဲ။ ကိုယ်ချင်းစာစိတ် ရှိကြပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဆင်းရဲတွင်းနက်ပြီး တိုင်းရင်းသားလူမျိုးတွေရဲ့
ကယားပြည်ကို ပြည်ထောင်စု မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချ ထည့်လိုက်ကြတယ်။ အခုတော့ ကယားပြည်ကြီးနဲ့ ကယားလူမျိုး ငါးပါးမှောက်သွားပြီ။ ပင်လုံစာချုပ်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ဘ၀ကိုကွက်ပြီး အပ်ခဲ့လိုက်တာ။
ခင်ဗျားတို့ ရခိုင်တွေလည်း ဘာထူးလဲ။ ကျွန်တော်ကြားဖူးတယ်။ ဖတ်ဖူးတယ်။ ရခိုင်ခေါင်းဆောင် ဦးအောင်ဇံဝေက ရခိုင်ပြည်အရေးကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ချုပ်က "ဦးအောင်ဇံဝေ၊ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းရေးပြည်ရာကို ဘယ်တော့ရှင်းရှင်း ၊ ဘယ်လိုရှင်းရှင်း ရတယ်။ လောလောဆယ်မှာ ဒီရှမ်း၊ ကချင်၊ ချင်း ကိစ္စတွေကို ရှင်းရမယ်။ ဦးလေးတို့ ရခိုင်ပညာတတ်တွေ တိုင်းပြည်ကို အုပ်ချုပ်စီမံရမှာပဲ"လို့ ပြောတဲ့အပြောကို ယုံပြီးတော့ ပင်လုံကိုတောင် ရောက်မလာဘူး မဟုတ်လား။ လူတစ်ယောက်အပေါ်မှာ ယုံကြည်မှုများလွန်းခဲ့ကြပါ
SNLD ဥက္ကဌ ဦးခွန်ထွန်းဦး
Myo Morn Tun(FB) သတင်းစာမျက်နှာမှ







































