Friday, April 5, 2013

အလုံဓာတ်အားပေးစက်ရုံအတွင်း မီးလောင်မှုဖြစ်ပွား (4 photos)

အလုံဓာတ်အားပေးစက်ရုံအတွင်း ၀ါယာရှော့ဟု ယူဆရသည့် မီးလောင်မှုတစ်ခု ဧပြီလ ၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် ၀န်းကျင်တွင် ဖြစ်ပွားခဲ့သည်။ မီးလောင်မှုမှာ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်းရှိ ဓာတ်အားပေးစက်အသစ်များ ထားရှိရာ အခန်းအတွင်း ဖြစ်ပွာခဲ့ပြီး ၀ါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်အတွင်း ရောက်ရှိနေသော အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးဖြစ်သူ ဦးမျိုးအောင်က ''အခုလောလောဆယ်တော့ ဘယ်ကစလောင်တယ်ဆိုတာ စစ်ဆေးဆဲပါပဲ''ဟု Eleven Media Group ၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။ မီးလောင်မှုဖြစ်စဉ်မှာ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး မီးသတ်ကားအစီးရေး ၁၅ စီးထက်မနည်း ငြိမ်းသတ်ခဲ့ရကြောင်း တွေ့ရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း မီဒီယာသမားများ သတင်းရယူခြင်းကို စက်ရုံ ၀န်ထမ်းနှင့် တာဝန်ရှိသူဟု ဆိုသူများက ကြမ်းတမ်းစွာ တားဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment