Friday, April 5, 2013

ဟောဒီမှာ ဟန်းဖုန်းတွေအားဖြည့်တယ်



တကယ်အားဖြည့်ပေးပါတယ်။ အာဖရိကတိုက်က ဆင်းရဲသား နိုင်ငံ ယူဂန်ဒါမှာ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ရွာတွေထဲမှာ ဆိုပေမယ့် ဟန်းဆက် တွေ ချပေးထားပါတယ်။

အနောက်တိုင်းလူချမ်းသာနိုင်ငံများမှ တယ်လီဖုန်းတာဝါတိုင်များ လာဆောက်ပေးဖို့ တစ်ရွာလုံးနီးပါး ဟန်းဆက်တွေကိုင်ပြီး သတင်းအချက် အလက် နဲ့ ဆက်သွယ်ရေး မှာ ကောင်းကောင်း အသုံးချ ပါတယ်။ ခက်တာက ရွာမှာ လျှပ်စစ်ဓာတ်အား မရပါဘူး။ အားသွင်းဖို့ ဆိုရင် မီးစက်နှိုးတဲ့ အိမ်ကိုရှာပြီး ဖုန်းအား သွားပြေးသွင်းရပါတယ်။

ယင်း ပြဿနာကို ဖြေရှင်းလို့ ရအောင် လန်ဒန်အခြေဆိုက် Telecommunication ကုမ္မဏီတစ်ခုက ဖန်တီးပေးလိုက်တာကတော့ Text Message Activated Power Charging စနစ်ပဲ ဖြစ်ပါတယ်။ ပါဝါ အားသွင်းကို ကြိုးနဲ့တောင်ချိတ်စရာမလိုပဲ ရေဒီယို အီလက်ထရောနစ် Signal နဲ့ သွင်းပေးသွားမှာ ဖြစ်ပါတယ်။

အားလိုချင်သူများအနေနဲ့ ပထမဦးဆုံး Text Message တော့ ရိုက်ပေးရမှာပါ။ ယင်း Message ရိုက်ပြီး Point ဆီပို့လိုက်ရင် အားက အလိုအလျောက်စီးဆင်းပြီး ပြည့်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် တစ်ရက်ကို ပါဝါ စတေရှင်အသေးစား ၁၀ လုံးလောက် စက်ဘီးနဲ့ သယ်ပြီး ရွာမှာ လှည့်ရောင်းပါတယ်။ တစ်ခါ အားသွင်းရင် ဖုန်း ၂ နာရီနီးပါး ပြောနိုင်မှာ ဖြစ်ပါတယ်။

ပင်မဌာနချုပ်ကနေ ပါဝါအားသွင်းစတေရှင်အသေး ပါတဲ့ စက်ဘီးများကို လွတ်ပြီး ရွာကိုပို့မယ်။ ရွာကလူများအနေနဲ့ text message ရိုက်ပြီး နီးရာ စတေရှင်ကနေ အားတွေဖြည့်ဆိုတော့ အဆင်ပြေနေတာပါပဲ။ ဘာလို့ ရွာအတွက် မီးရမယ့်နည်းလမ်း မဖန်တီးပါလိမ့်လို့တော့ စဉ်းစားမိပါသေးတယ်။ ယခု ပြုလုပ်နေတဲ့ စက်ဘီးအားဖြည့် စတေရှင်ဟာ အကုန်အကျ အင်မတန်သက်သာကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

TechSpace Journal

0 ကွန်မန့်ရေးရန်:

Post a Comment