This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, February 27, 2013

Apirl 1ရက် တွင်ဆင်း ကတ်များကို ကျပ်2သောင်း ဖြင့်ရောင်းမည်ဟုသိ ရ

၂၀၁၃ ဧပြီလ ၁ ရက်နေ့တွင် တန်ဖိုးနည်း ဖုန်းများကို ကျပ်နှစ်သောင်းဖြင့် ရောင်းမည်ဟု သမ္မတရုံးဝန်ကြီး ပြော
၂၀၁၃ ခုနှစ် အစောပိုင်းတွင် တန်ဖိုးနည်း ရောင်းချမည်ဟု နာမည်ကြီးခဲ့သော်လည်း ယနေ့တိုင် မရောင်းချနိုင် သေးသည့် ဖုန်းများအား ဧပြီလ ၁ ရက်နေ့တွင် ကျပ် နှစ်သောင်းဖြင့်ရောင်းရန် စီစဉ်ထားကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု ပြည်တွင်း ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။
သို့သော်လည်း အရစ်ကျဝယ်ထားမိသူများကို ဈေးလျှော့ပေးသွားမည် မဟုတ်ဟုလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့သော် သတင်းများအရ တန်ဖိုးနည်းဖုန်းများကို ပြည်သူလူထု အံ့သြ လောက်သည့် ဈေးနှုန်းများဖြင့် ရောင်းချမည်ဟု ပြောဆိုမှုများ ရှိခဲ့ပြီး ငွေပြန်အမ်းသွားမည် ဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့သည်။
Messenger ဂျာနယ်ပါ မြည်းကလေးရဲ့ ဖူးစာရှင် ဆောင်းပါးရေးသူ၏ တွက်ချက်မှုများအရ ပြည်တွင်းဖုန်းများ အနေဖြင့် အလကားဈေးပင် ပေးလျှင်ပင် ၂ နှစ်အတွင်း အရင်းကြေနိုင်ကြောင်း သိရသည်။
——————————————————————-
Khaing Linn ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ကမောက်ကမဈေးနဲ့ အစိုးရထီလက်မှတ်




    လောကမှာ ကိုယ်စိတ်ကူးထားတာတွေ၊ ဖြစ်ချင်သမျှတွေကို ဖန်တီးဖို့ ဆိုတာ လူတိုင်း အတွက်တော့ မလွယ်ပါဘူး၊
ဒီလို ကိုယ့်စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ရာမှာ ငွေဆိုတာကလည်း အရေးပါတယ် မဟုတ်လား….။

ရန်ကုန်မြို့မှ ထီဆိုင်ကြီးတခု
 သြော် ... ဒီငွေကလည်း အခုခေတ်ထဲမှာ အခြေခံ လူတန်းစားများအဖို့ ရှားပါး ပစ္စည်းဖြစ် နေလေ တော့ ….ကံ ပေါ့….
အဲဒီကံကိုပဲ စမ်းသပ်နည်းမျိုးစုံနဲ့ ပြောင်းပြန်လှန်ဖို့ ကြိုးစားတဲ့နည်းတွေကလည်း ရှိပါ သေး တယ်။
တချို့က လောင်းကစားတွေမှာ ရင်းနှီးကြတယ်။ ဘောလုံးပွဲလောင်းတာ …နှစ်လုံး၊ သုံးလုံး လောင်းကစားလုပ်တာ မျိုးတွေပါ …
ဒါတွေက တရားဝင်ခွင့်ပြုထားတာ မဟုတ်ပေမဲ့ နေ့စဉ်  အလုပ် ဖြစ်နေကြပါတယ်။ 

 လောင်းတဲ့လူတွေ ရဲ့ကံတရားက သိသိသာသာ ပြောင်းလဲသွားတတ်ပါတယ် - 
အဲဒါကတော့  မရှိ ရှိတာ ရောင်းပြီး အကြွေးဆပ်ရသူတွေ၊ အကြွေး မဆပ်နိုင်လို့ ထွက်ပြေးပုန်းရှောင်သူတွေအဖြစ် ပြောင်းလဲသွားကြခြင်းပါပဲ။

ငွေရဖို့အရေး ကြိုးစားကြတဲ့ နောက်တနည်းကတော့ ထီ ထိုးခြင်းပါပဲ …။ တစ်လ တစ်ကြိမ် ကံစမ်းနိုင်တဲ့ အောင်ဘာလေထီထိုး ပြီးကံစမ်းကြတာပါ။
 “လတိုင်းတော့ ထီထိုးကံစမ်းဖြစ်ပါတယ်၊  ထီဈေးတွေကမြင့်တော့  အများကြီးတော့ မထိုးနိုင်ဘူး”  လို့  ၃၈ လမ်းထိပ်မှာ ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။    

လူတွေ ညည်းတွားကြတဲ့ အကြောင်းရင်းများထဲမှာ ထီဈေးကြီးခြင်းလည်း ပါဝင်နေပါပြီ။

 ထီဈေးကြီးရခြင်းအကြောင်းရင်း


ထီတစောင် ဘယ်ဈေး ရှိပါသလဲ။
အစိုးရသက်မှတ်ဈေးကတော့ ထီတစ်စောင် ကျပ် (၂ဝဝ) ပါ တဲ့။
ဒါပေမဲ့ အပြင်မှာ တကယ်တမ်း ထီကံစမ်းရသူတွေကတော့ တစ်စောင်ကို (၃ဝဝ) ပေးနေရပါတယ်။ တချို့နေရာတွေမှာ ၃၅၀ ပါ။

လူတွေက ကံကောင်းမလားဆိုပြီး ထီထိုးကြတာပါပ။ဲ
သို့သော်လည်း ထီလက်မှတ်မှာ ရိုက်နှိပ်ထားတဲ့ဈေးထက် ၂ ဆနီးပါး ဈေးကြီး ပေးဝယ်နေရတာကြောင့် စကတည်းက ကံမကောင်းပါလား လို့ ဆိုရပါမယ်။

၂ဝဝ တန် ထီလက်မှတ် ၄ဝဝ နီးပါး ဖြစ်သွားရတဲ့အကြောင်းရင်းတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ဒီကိစ္စ မကြာခင် လွှတ်တော်ထဲ ရောက်မယ် ထင်ပါတယ်။

(၂၀၀၉ မတိုင်ခင် ထီတစောင် ၁ဝဝ ခေတ်ကတည်းက ဒီပြဿနာ ရှိနေတာပါ)

ထီလက်မှတ်တစောင်ဟာ ထီထိုးသူလက်ထဲရောက်ဖို့အတွက် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အဲဒီ အဆင့်ဆင် ဆိုကတော့
အစိုးရရဲ့ အောင်ဘာလေဌာန - ကိုယ်စားလှယ်ဆိုင်ကြီးများ - နိုင်ငံအနှံ့ ဖရန်ချိုက် ဆိုင်ခွဲများ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ အောင်ဘာလေ ဌာန
ဖရန်ချိုက် ဆိုင်ခွဲသမားတွေကို မေးမြန်းကြည့်ရင် သူတို့လည်း တွက်ချေကိုက်လှတယ်မဟုတ်ပါ ဆိုတဲ့ အသံတွေ ထွက်လာပါလိမ့်မယ်။ သူတို့က ကိုယ်စားလှယ်ဆိုင်ကြီးများရဲ့ လက်ခွဲတွေပါ။

“ကိုယ်စားလှယ်ယူလို့ ဘာမှ အလကားမရဘူး၊ ထီလက်မှတ် ထည့်တဲ့ အိတ်က အစ ဝယ်ရတယ်” လို့ ရန်ကုန်မြို့လယ် ဆိပ်ကမ်းသာလမ်းထိပ်မှာ ထီရောင်းသူတစ်ဦးက ဆိုပါတယ်။ 

ဒီလို ၀ယ်ရတာမျိုးကတော့ (ဘယ်လိုပစ္စည်းရောင်းတဲ့ဆိုင်မျိုး ဖွင့်သည် ဖြစ်စေ) ဖရန်ချိုက် ဆိုင်ခွဲသမားတွေ ကြုံရမှာပဲ မဟုတ်လား။ သူတို့ရဲ့ တခြား အခက်အခဲများကို နားထောင်ကြည့်ပါဦး ...

“ထီဆိုင်ကို တစ်ဆိုင်တည်းဖွင့်ရင်လည်း မကိုက်ဘူး၊ လကုန်ချိန် ဆိုင်ပေါ်မှာရှိတဲ့ ထီအားလုံး မကုန်ရင်လည်း မကိုက်ဘူး ၊ ဒါကြောင့် ဆိုင်ခွဲတွေ ဖွင့်ထားတယ်” လို့ ဆိပ်ကမ်းသာလမ်းထိပ် ထီရောင်းသူက ဆိုပါတယ်။ 

“ဆိုင်ခန်းခကလည်း ရှိသေးတယ်..ထီဆိုင်ဖွင့်တာက နေရာနဲ့လည်း ဆိုင် တယ်၊ ဒီတော့စည်ပင်နဲ့ မညှိအောင်လုပ်ရသေးတယ်။ တိုက်နံရံကပ်ပြီး ငှားတာတောင် တစ်လ ၃သိန်းလောက် ပေးရတယ် ဝန်ထမ်းခလည်း ရှိသေးတယ်” လို့ သူ့ရဲ့ အခက်အခဲတချို့အကြောင်း ဆက်ပြီး ညည်းပြပါတယ်။

သူက “အစိုးရချ ပေးတဲ့ ကိုယ်စားလှယ်ကြီးတွေက တစ်စောင်ကို ၁၆၅၊ ၁၇ဝ လောက်နဲ့မှ ကျွန်တော်တို့ကိုပေးတယ်။ အက္ခရာ ၃၃ လုံး ပါတဲ့
မင်္ဂလာစုံတွဲ ကို ၈,၄ဝဝ လောက်နဲ့ ကျွန်တော်တို့ကို ပေးရောင်းတယ် ၊ ကျွန်တော်တို့ ပြန်ရောင်းတော့ ၈,၆ဝဝ လောက် ပြန်ရောင်းရတယ်” လို့ပြောပါတယ်။


ထီကြောင့် ဘယ်သူတွေ အဆင်ပြေသွားသလဲ?


“ထီကိုယ်စားလှယ်ကြီးတွေကပဲ ချမ်းသာတော့မှာ။ ထီကံစမ်းတဲ့ သူတွေက သူတို့ ချမ်းသာဖို့ လုပ်ပေးနေရသလို ဖြစ်နေတယ်”
လို့  ထီထိုးလေ့ရှိသူတစ်ဦးက ဆိုပါတယ်။

လက်တွန်းလှည်းတွေနဲ့ ထီရောင်းသူတွေဆီမှာတော့ ထီဈေးနူန်း အမြင့်ဆုံးပါပဲ။

 “ဆိုင်တွေ မှာထီ(၅)စောင်တွဲကို ၁,၅ဝဝ နဲ့ရောင်းနေပေမဲ့ ကျွန်တော်တို့ က ယူဈေးမြှင့်တော့ ၁,၇ဝဝ နဲ့ ရောင်းရတယ်၊
ဒါပေမဲ့ ထီထိုးသူတွေကတော့ သွားရင်းလာရင်းနဲ့ကျွန်တော်တို့ဆီမှာ ကံစမ်းကြပါတယ်။ တွန်းလှည်းနဲ့ ဆိုတော့ အိမ်ရှေ့အထိသွားလို့ရတယ်လေ”  လို့
ထီကို တွန်းလှည်းနဲ့ရောင်းသူတစ်ဦးက ဆိုပါတယ်။

ထီလက်မှတ် ပျောက်ဆုံးခြင်း
ထီထိုးပြီးရင် စိတ်ကူးယဉ်လို့ ကောင်းပါတယ်။ ဒါကြောင့် ထီမပေါက်လည်း စိတ်ကူးယဉ်ရတာကြောင့် တန်ပါတယ်လို့ ဆိုသူလည်း ရှိမှာပါ။
အဲ... မတော်တဆ ထီပေါက်ပြီ ဆိုပါစို့၊ အဲဒီ ထီလက်မှတ် ဘယ်နားထားမိပါလိမ့် ဆိုတာမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ 

“ထီပေါက်ပြီး ထီလက်မှတ်ပျောက်သွားတဲ့လူတွေ ရှိတယ်၊ ကျွန်တော့်ဆိုင်မှာလာပြန်ပြီး ပြောပြကြတယ်” လို့ ၃၈ လမ်းထိပ်က ထီဆိုင်ရှင်တစ်ဦးကဆိုပါတယ်။

“ထီပေါက်ရင် ထီလက်မှတ်ပါမှ ပဲရမှာလေ၊ ကောက်ရတဲ့သူကတော့ ထောတာပေါ့ ….ထီ ဆိုတာက ကံစမ်းတာပဲလေ…ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သွားတာကလည်း  ကံ ပဲပေါ့ဗျာ” လို့ သူက ဆက်ပြောပါတယ်။

အစိုးရ ဘယ်လောက်အထိ လုပ်နိုင်မလဲ


ထိုင်းနိုင်ငံမှာ အစိုးရရဲ့ ဘတ် ၈ဝ တန် ထီလက်မှတ်က လမ်းဘေးဆိုင်ကြီး ဆိုင်ငယ်များမှာ ဘတ် ၁၁ဝ နဲ့ ရောင်းကြပါတယ်။ ဒီမိုကရေစီကျင့်သုံးတာ ကြာပြီဖြစ်တဲ့ ထိုင်းမှာလည်း ဒီပြဿနာ ရှိပါတယ်။

မြန်မာပြည်မှာလည်း ထီလက်မှတ်တစောင်ရဲ့ဈေး သတ်မှတ်နှုန်းထက် ၂ ဆ နီးပါး ဖြစ်နေတာကို နေပြည်တော်က ဘယ်လောက်အထိ ပြုပြင်ပြောင်းလဲပေးနိုင်မလဲ မသိပါ။

တောင်းဆို တိုက်တွန်းတာတွေ၊ ဖိအားပေးတာတွေ များလာရင်တော့ ၂ဝဝ တန်ထီကို ၄ဝဝ မကျော်အောင် မြန်မာအစိုးရက ထိန်းသိမ်းပေးမယ်လို့ ယူဆရပါတယ်။

ရွက်စိမ်း ~









.
<a href='http://ox.irrawaddy.org/openx/www/delivery/ck.php?n=a4f13bd8&cb=INSERT_RANDOM_NUMBER_HERE' target='_blank'><img alt='' border='0' src='http://ox.irrawaddy.org/openx/www/delivery/avw.php?zoneid=52&cb=INSERT_RANDOM_NUMBER_HERE&n=a4f13bd8'/></a>

Tuesday, February 26, 2013

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

Saturday, February 23, 2013

******************************
ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

Kyawthu- Facebook မှ ကူးယူဖော်ပြသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Print Friendly and PDFPrintPrint Friendly and PDFPDF

Posted by ဝီရဓမ္မ( Brave The Dhamma) at 11:03 AM
Labels: အသိပေးဆုံးမစာ .....................

"ဆရာတော်ဦးဝီရသူဟာ N.L.D.ကို ပုတ်ခတ်နေတာပါဟု ဆိုသူများအတွက်"

ဆရာတော်ဦးဝီရသူဟာ N.L.D.ကို ပုတ်ခတ်နေတာပါဟု ဆိုသူများ ဆရာတော် ကိုယ်တော်တိုင် ရေးသားထားသော အောက်ပါစာအုပ်ကိုဖတ်ရှုစေလိုပါ၏။ဆရာတော်သည် မိမိကိုယ်တိုင်အကျဉ်းစံဘ၀ဖြင့် သီတင်းသုံးတော်မူစဉ်မှာတောင် မိမိ၏ ကိုယ်၊စိတ်စိတ်ဆင်းရဲကို မငဲ့ကွက်မပူပန်ပဲ၊မြန်မာနိုင်ငံတော်နှင့် အမျိုး၊ဘာသာ၊သာသနာတော်ကို တိုးတက်ပြန့်ပွား၊စောင့်ထိန်းကာကွယ်နိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်ဟု ယုံကြည်တာကြောင့် အကျဉ်းစံဘ၀ဖြင့်ပင် အကျယ်စံဘ၀နေသူဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာဂျွန်ယက်တော အမှုရင်ဆိုင်နေရတာကြောင့် တဖက်တလမ်းက အားပေးသည့်အနေဖြင့်ဓမ္မနဲ့အညီ ဖြေသိမ်းပေးရန်ရည်ရွယ်ချက်ဖြင့် အောက်ပါ``နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ´´ဆိုတဲ့ဆောင်ပါးဖြင့် အားပေးခဲ့တာဖြစ်ပါတယ်။
ဆရာတော်ရဲ့ ကျောင်းကိုရောက်ဖူးသူတိုင်းသိပါလိပ်မည်၊ဆရာတော်ပုံထက် ဒေါ်စုကြည်ပုံက ပိုလိုပင်များသေ၏၊အမျိုးဘာသာ၊သာသနာနှင့်နိုင်ငံတော်အတွက် လွန်စွာအားထားတော်မူပါသည်။သို့သော်..ဆရာတော်သည့် အမျိုးဘာသာ၊သာသနာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးသော အာဇာနည်ပီသစွာ`ဆိုရေးရှိက၊ဆိုအပ်လှ´ဟူသောစကားအတိုင်း ပြုပြင်၊လိုက်နာစေဘို့အတွက် ကရုဏာရှေ့ရှုသြ၀ါဒပေးတာကို အမိမြန်မာပြည်ကြီးကို ချစ်မြတ်နိုးသူ မည်သူမဆို လိုက်နာရမှာဖြစ်ပါတယ်။
ဆရာတော်သည့်အမျိုး၊ဘာသာ၊သာသနာတော်အတွက် အာဏာရှိအစိုများ ၊ပါဝါရှိပါတီများပါမက သံဃာအဖွဲ့အစည်းမျာကိုပင် သတိပေးထောက်ပြလေ့ရှိပါသည်။ထိုကဲ့သို့တခြားအဖွဲ့အများကိုထောက်ပြသတိပေးသည့်အခါတိုင်း မည်သည့်အသံမှမထွက်ပါပဲ အခုမှ သာသနာတော်ကိုစော်ကာသည့်အထိအသံဆူလာခြင်းမှာ ဒီမိုကရေစီကျ၏ မကျ၏စဉ်းစားစရာပင်၊မည့်သို့ပင်ဖြစ်စေ အရေးကြီးက သွေးနီးရပါမည်။ဒါ့ကြောင့် နှလုံးသားခံစားချက်၊ပုဂ္ဂလိကခံစားချက်ကို အမျိုးသားရေးအတွက်ခ၀ါချကာဆရာ/ဒကာလက်တွဲကာဖြင့် အမျိုးဘာသာ၊သာသနာနှင့် နိုင်ငံတော်အရေးအတွက် အချိန်မီပြုပြင်သင့်လှပါပေသည်။
-------------------------------------------------------------------
အထက်ဖော်ပြပါ စာသည့် တိုက်ခိုက်လိုသောစာမဟုတ်ပါ အမှန်ကိုဖော်ပြသော ရင်းကြားစေ့စာသာဖြစ်ပါသည် မျိုးသာကီတို့။
(အမျိုးသားရေးအသိ၊ဘာသာရေးသတိ၊ကိုယ်စီရှိနိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
ကိုလံဘို၊သီရိလင်္ကာ။၏ ပိုစ့်လေးအား တဆင့်မျှဝေလိုက်ပါသည်။
စာဖတ်သူများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.com/ ဦးဇင်းဘလော့သို့ လာလည်ရန်အားလုံးကို ဖိတ်ခေါ်ပါသည်။

ရင်နင့်ဖွယ် မနှင်းမြိုင်ဆိုတဲ့ နားကြားပေမယ့် စကားမပြောတတ်တဲ့ ဆွံ့အသူမ

ဆင်ပေါင်ဝဲမြို့နယ်၊ သာယာကုန်းရွာမှ မနှင်းမြိုင်ဆိုတဲ့ နားကြားပေမယ့် စကားမပြောတတ်တဲ့ ဆွံ့အသူမ တစ်ယောက်ရှိပါတယ်။ အသက်က(၃၀)ခန့်ပါ။ မုဆိုးမ ဒေါ်အေးရဲ့ သမီးပါ။
သာယာကုန်းရွာမှာ နွားသတ်ရုံ တစ်ရုံရှိပါတယ်။ ကုလား ၇/၈-ယောက်ခန့် လုပ်ကိုင်ပြီး ပိုင်ရှင်က ဦးဇော်လင်းပါ။ ဦးဇော်လင်းရဲ့ ညီအငယ်ဆုံးက အာရှပ်ပါ။ အာရှပ်တစ်ယောက်တည်း အိမ်ထောင်မကျ သေးတာပါ။ ကျန်ကုလားများ အားလုံးက အိမ်ထောင်သည်တွေ ဖြစ်ပါတယ်။ သာမယားတွေနဲ့ အတူနေကြပါတယ်။
၂၉-၁-၂၀၁၃-ရက်နေ့က ရွာအနောက်ဘက် ပြည်/မြင်းခြံ သံလမ်း အနောက်ဘက်ဘေးမှာ ဆွံ့အသူမ မနှင်းမြိုင်ကို အာရှပ်က မုဒိမ်းကျင့်ဖို့ ကြံနေတာကို ရွာသားတစ်ယောက်က တွေ့သွားလို့ ရွာသားတွေကို သွားခေါ်ခဲ့ပါတယ်။ ရွာသားတွေ ရောက်လာတော့ မုဒိမ်းကျင့်နေတုန်း ဖမ်းမိတာပါ။ ရွာသားတွေက ထိုးကြိတ်ပြီး အာရှပ်ကို အုပ်ချုပ်ရေးမှူး ကိုခင်ကြိုင်အိမ် ခေါ်သွားပါတယ်။
နွားသတ်ရုံပိုင်ရှင် ဦးဇော်လင်းက အမှုမလုပ်ပါနဲ့ တောင်းပန်ပါတယ်။ ကိုခင်ကြိုင်က ထူးခြားဖြစ်စဉ် အဖြစ် မြို့နယ်ကို တင်ရမှာ ရဲစခန်းကို တင်ရမှာလို့ ပြောပါတယ်။
၁၂-၂-၂၀၁၃-(ခန့်မှန်း)နေ့မှာ ကိုခင်ကြိုင်အိမ်မှာ မိခင်ကြီးဒေါ်အေးအား ငွေကျပ်ငါးသိန်း ပေးပြီး ကြေအေးလိုက်ကြောင်း၊ မနှင်းမြိုင်က လက်ကာပြပြီး ငြင်းဆန်ကြောင်း သိရပါတယ်။
မုဆိုးမကြီး ဒေါ်အေးနှင့် ဆွံ့အသူမ မနှင်းမြိုင်တို့ဟာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ပါတယ်။
ကိုခင်ကြိုင်ကို နွားသတ်ရုံပိုင်ရှင် ဦးဇော်လင်းက ဆိုင်ကယ်ဝယ်ပေးထားတာ အမှုမဖြစ်ခင်ကတည်းက ဖြစ်ကြောင်း စခန်းမှူးကိုလည်း ချဉ်းကပ်ထားကြောင်း သိရပါတယ်။
သာကေတ အမှုက ၃၀-၁-၂၀၁၃ ည(၈း၀၀)နာရီ
ဆင်ပေါင်ဝဲ အမှုက ၂၉-၁-၂၀၁၃ ည(၈း၃၀)နာရီ
ကျူးလွန်ခံရသူ နှစ်ယောက်လုံးက မြန်မာအမျိုးသမီး။
ကျူးလွန်သူက နှစ်ယောက်လုံးက မူဆလင်ကုလား။
စုံစမ်းချင်ကြသူများ =09-49150662/ 09-401585624
ဒီလိုအဖြစ်တွေ မကြုံရလေအောင် အသွား အလာ အနေ အထိုင်ဆင်ခြင်းပြီး သတိတရားလက်ကိုင်ထားကာ ဘာသာခြားများနှင့် စီးပွားရေး လူမှုရေး အိမ်ထောင်ရေး မပတ်သတ်ကြပါနဲ့လို့ အထူးမေတ္တာရပ်ခံချင်ပါတယ်။
မှတ်ချက်။ ။ ဦးဝီရသူ(မစိုးရိမ်)၏ Face book မှ
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ

ခရေပန်းဟာ အနွမ်းပန်း မဟုတ်ပါ


credit : နီနီနိုင်(သထုံ)

ဒီမိုကရေစီရဲ့ ဧရိယာထဲကို ခြေတစ်လှမ်းစလိုက်တာနဲ့ NGO အဖွဲ့၊ ဘာအဖွဲ့၊ ညာအဖွဲ့တွေ ဖွဲ့ လိုက်ကြတာ။ အများအကျိုးအတွက်လုပ်တာ ဝမ်းသာစရာ၊ ချီးကျူးစရာပါ။ ဟော … ခုတစ်ခါ ကြားရပြန်ပြီ၊ ခရေကွန်ရက်တဲ့၊ Sex Worker တဲ့။ ဒီအဖွဲ့တွေကို တရားဝင်လိုင်စင်ပေးသင့်မပေး သင့်စဉ်းစားကြပြန်ပြီ။ အကယ်၍ တရားဝင ဖွဲ့စည်းခွင့်ပေးလိုက်သော် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား၊ ကြိုဆိုရမှာလား၊ ကန့်ကွက်ရမှာလားဆိုတာ စဉ်းစားလို့ပင်မရ။ အချို့ကလည်း ပြည့်တန်ဆာဆိုတာ ဘုရားရှင်လက်ထက်မှာကတည်းကရှိခဲ့သလို နိုင်ငံတိုင်းမှာလည်း တရားဝင်ခွင့်ပြုထားတဲ့အတွက် မြန်မာနိုင်ငံမှာလည်း တရားဝင်ခွင့်ပြု စေချင်တယ်လို့ ပြောသူတွေ ပြောကြတော့ အပြန်ပြန်အလှန်လှန် စဉ်းစားစရာရှိပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားလက်ထက်တော်မှာ ပြည့်တန်ဆာရှိခဲ့တာလည်း အမှန်ပါ။ အဲဒီတုန်းက ပြည့်တန်ဆာလို့မခေါ်ဘဲ ‘ပြည်တန်ဆာ’လို့ခေါ်တယ်ဆိုတာ ကလည်း အထောက်အထားနဲ့ရှိပါ တယ်။ သို့သော် အဲဒီခေတ်က ပြည်တန်ဆာအိမ် သွားခွင့်ရသူများက သူဌေး၊ သူကြွယ်၊မင်းညီမင်း သားများသာ ဖြစ်တယ်။ ပြည်တန်ဆာအဖြစ် သတ်မှတ်ခံရသူများ ကလည်း ခြောက်ပြစ်ကင်း သဲလဲစင်အချောအလှဖြစ်သူ မျိုးရိုးကောင်းသူများသာ လုပ်ခွင့်ရတယ်။ အခုခေတ်လို အကြွေပန်းများမဟုတ် ကြပါ။ အနွမ်းပန်းလည်း မဖြစ်ပါ။ ဘဝတိုက်ပွဲ စိန်ခေါ်မှုများကြောင့် စားဝတ်နေရေးကြောင့်၊ အခြေအနေကြောင့် လုပ်ကိုင်စားရသူများနှင့် နှိုင်းယှဉ်၍မရပါ။ ယခုအခါ အခြေအနေအရ လုပ်ကိုင်နေသော မိန်းကလေးများကို မေးကြည့်ရင် ဒီလို စက်ဆုပ်ဖွယ်ကောင်းသောအလုပ်ကို ခုံမင်နှစ်သက်လို့ လုပ်ချင်သူရှိမှာမဟုတ်ပါ။ ဘဝအမောတွေကြားမှာ ငွေကြေးနောက်လိုက်ရင်း လင်ကောင်းသားကောင်းမရဘဲ HIV နှင့်ညားကြလေတော့ ရင်နာ စရာကောင်းလှတယ်။

ဒီလိုအကြောင်းတရားနဲ့ တိုက်ဆိုင်မှုရဲ့ နောက်ကွယ်ကအဖြစ် အပျက်တချို့ကို ပြောပြချင်ပါ တယ်။ ကျေးဇူးတော်ရှင် မြတ်စွာ ဘုရားလက်ထက်တော် သာဝတ္ထိ ပြည်၊ မြို့ငယ်လေးတစ်မြို့မှာ အလွန်ချော အလွန်လှတဲ့ ပြည်တန်ဆာမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီခေတ်က ပြည်တန်ဆာဆိုတာ လုပ်ချင်လိုင်းလုပ်ခွင့်ရတာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်က ရွေးချယ်တဲ့လူမှ လုပ်ကိုင်ခွင့်ရတာ။ ပြည်တန်ဆာမလေးအိမ်ကို မင်းညီမင်းသားများနဲ့ သူဌေးသူကြွယ် တို့ လာကြတယ်။ ပြည်တန်ဆာမလေးရဲ့ အလှမှာယစ်မူးစွဲလန်းပြီး အိမ်ကိုလူအဝင်များလာတော့ ပြည်တန်ဆာမလေးက စိတ်ကူး တယ်။ လူဝင်လူထွက်များတဲ့အတွက် အိမ်နီးချင်းနဲ့မိဘများပါ အနှောင့်အယှက် ဖြစ်တော့မယ်။ ဒါကြောင့် လူသူမနီးတဲ့ မြို့စွန်တစ် နေရာမှာ အိမ်တစ်ဆောင်ဆောက် ပြီး အစေအပါးတစ်ယောက်နဲ့ သွားနေတယ်။ ပြည်တန်ဆာမလေး နဲ့မနီးမဝေးမှာ ရသေ့ကြီးတစ်ပါးရဲ့ကျောင်းသင်္ခမ်းရှိတယ်။ နည်းနည်းအလှမ်းဝေးပေမယ့် ရသေ့ ကြီးက ပြည်တန်ဆာမလေး ကျောင်းသင်္ခမ်းရဲ့အနီးအနား ရောက်လာကတည်းက အကုသိုလ် စိတ်တွေကိုမနှစ်မြို့တော့ဘူး။ လူတွေကိုကြောက်လို့ တစ်ပါးထဲ တရားအားထုတ်ဖို့လာခါမှ အခုလို ပြည်တန်ဆာမလေးရောက်လာတာကို ဘယ်လိုမှမခံစားနိုင်ဘူး။ တစ်နေ့တစ်နေ့ သစ်ပင်တွေ ကြားက ပြည်တန်ဆာမလေးရဲ့ အိမ်ကိုပဲလှမ်းကြည့်ပြီး လူတစ်ယောက်ဝင်လာလိုက် တုတ်ချောင်း တစ်ချောင်း နဲ့တာလီမှတ်သလိုမှတ်နေခဲ့ရာ တရားအားထုတ်ဖို့ အချိန်တောင် လျော့သွားတော့တယ်။ ရသေ့ကြီး ရဲ့စိတ်ထဲမှာလည်း ဧည့်သည်တွေ နဲ့အလုပ်ရှုပ်နေတဲ့ ပြည်တန်ဆာမလေးကို မုန်းတီးပြီး အကုသိုလ် စေတသိက်တွေပွားပြီးရင်းပွားနေ တော့တယ်။

ရသေ့ကြီးဒီလိုစိတ်ခံစားနေရတာကို ပြည်တန်ဆာမလေးက လုံးဝမသိဘဲ ဧည့်သည်တစ်ယောက် နဲ့ ပျော်ပါးပြီးရရှိတဲ့အသပြာငွေကြေးကို သုံးပုံခွဲတယ်။ တစ်ပုံက ဘုရားအမှူးရှိသော ရဟန်းသံဃာများကို လှူဒါန်းဖို့အတွက် ဦးစွာဖယ်ထားတယ်။ ဒုတိယတစ်ပုံကိုတော့ မိဘနှစ်ပါးအတွက် ဖယ်ထားတယ်။ တတိယတစ်ပုံကို ပြည်တန်ဆာမလေးက မနက်ဘက်ထမင်းဟင်းချက်ပြီး ရသေ့ကြီးကိုဆွမ်းအုပ်နဲ့ လှူဒါန်းပြီးကျန်တာကို လိုရာသုံးရန် ခွဲထားတယ်။ ဒါတင်မကသေးဘူး။ တစ်နေ့တာ ဖျော်ဖြေပေးရတဲ့ လူဦးရေကိုတွက်ပြီးကျောက်စရစ်ခဲလေးတွေ ပုံပြီးလှူဒါန်းမှု အစုစုအတွက်မေတ္တာပို့ပြီး မေတ္တာရေစင် လောင်းပေးတယ်။ မင်းညီမင်းသား လူကုံထံသူဌေးများ ဤကဲ့သို့ ဘုရား၊ တရား၊ သံဃာ၊ မိဘ များကိုလှူဒါန်းနိုင်အောင် အသပြာများပေးတဲ့အတွက် မောင်မင်းကြီးသားများ ကျန်းမာစေကြောင်း ဘုရားဝတ်ပြုပြီးတိုင်းလည်း မေတ္တာပို့တယ်။

တစ်နေ့မှာ ကျေးဇူးတော်ရှင်မြတ်စွာဘုရား အမှူးရှိတဲ့ သံဃာတော်အပါး ၅ဝဝ ကို ဆွမ်းလောင်းလှူတယ်။ အနီးမှာရှိတဲ့ ရသေ့ကြီးကိုလည်း ဆွမ်းပို့တယ်။ ရသေ့ကြီးက ပြည်တန်ဆာမလေး လှူဒါန်း တဲ့ ဆွမ်းဒါနများကို ဘယ်သော အခါမှဘုန်းပေးတော်မမူဘဲအမြဲ သွန်ပစ်လေ့ရှိတယ်။ ပြည်တန်ဆာမလေးကတော့ ယနေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးနဲ့ သံဃာတော်များကို လှူဒါန်းရတဲ့ ကုသိုလ်ဒါန အစုစုကို အမျှပေးဝေပြီး တစ်ရပ်စာမြင့်မားနေတဲ့ခဲပုံပေါ်ကိုပေးကမ်းသွားတဲ့ မင်းညီမင်းသား လူကုံထံများကို ရည်စူး ပြီးမေတ္တာရေနဲ့ လောင်းချလိုက်တာနဲ့ ခဲပုံကြီးဟာ ရွှေတုံးရွှေခဲများ ဖြစ်သွားတော့တယ်။ ပြည်တန်ဆာမလေးဟာ အရမ်းအံ့သြပြီး အဲဒီရွှေတုံးများကို ရောင်းချပြီး မြတ်စွာဘုရားနှင့် သံဃာတော်များကို ကျောင်းဆောက် လှူဒါန်းလိုက်တယ်။ အဲဒီအကျိုးကြောင့် ကွယ်လွန်သွားတဲ့အခါ အထက်ဘုံရောက်ပြီး အကုသိုလ် စိတ်မွေးမြူမိတဲ့ ရသေ့ကြီးကအပါယ်ငရဲကျသွားတယ်လို့ မှတ်သားဖူးတယ်။ (ပြည်တန်ဆာမလေးသေတော့ ဘာရောဂါနဲ့သေတယ်ဆိုတာ အထောက်အထားမ တွေ့ရပါ။)

အခုခေတ် ပြည့်တန်ဆာမ လေးတွေသေဆုံးသော် ဘယ်ဘုံသို့ရောက်မည် မသိသော်လည်း မသေခင်ရောဂါဆိုးကြီးနဲ့ သူနိုင်ကိုယ်နိုင်အသေအလဲ လွန်ဆွဲရမှာမလွဲဘူးလို့ ထင်ပါတယ်။ ခုတစ်ခါ ပြည့်တန်ဆာအခန်းများ နိုင်ငံတကာမှာ ဖွင့်ခွင့်ပြုလို့ မြန်မာပြည်မှာ လည်းလိုင်စင်ချပေးဖို့ တောင်းဆို နေကြပြီ။ သူများနိုင်ငံမှာ လုပ်ကိုင်ခွင့်ပြုတိုင်း မြန်မာပြည်မှာရော လုပ်ကိုင်ခွင့်ပြုရတော့မှာလား။ အကယ်၍ ခွင့်ပြုခဲ့သော် ကောင်းကျိုးထက် ဆိုးကျိုးသာများတော့မယ်ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင် နားလည်နိုင်ကြမှာပါ။

သမင်လည်ပြန်ကြည့်ရင် ကျေးဇူးတော်ရှင်မြတ်စွာဘုရား လက်ထက်တော်က ဝေသာလီမြို့အနီးတွင် အမ္ဗပါလီအမည်ရှိတဲ့ ပြည်တန်ဆာရဲ့ အမ္ဗဝနရှိ တယ်။ အမ္ဗဝနဆိုတာ သရက်တောဖြစ်၍ အမ္ဗပါလီလည်း သရက်တောပိုင်ရှင် ဖြစ်တယ်။ ဝေသာလီမြို့ဟာ အမ္ဗ ပါလီရဲ့စွဲမက်ဖွယ်ရာ အာရုံငါးဖြာကြောင့် ပိုပြီးထင်ရှားလာခဲ့တယ်။ အမ္ဗပါလီဟာ အလှကြွယ်သူဖြစ်လို့ တိုင်းပြည်ရဲ့ ဂုဏ်အင်္ဂါ၊ တိုင်းပြည်ရဲ့ ရတနာ တန်ဆာဖြစ်ခြင်းကြောင့် ‘ပြည်တန်ဆာ’လို့ ဂုဏ်ပြုခံရသူ ဖြစ်တယ်။ အမ္ဗပါလီဟာ သူမရဲ့အလှအကကိုလာရောက် ကြည့်ရှုအားပေးသူထံမှ တစ်ဦးလျှင် အသပြာ ကျပ်ငါးဆယ်ကောက်ခံ ရရှိသူဖြစ်တယ်။ ဒါ့အပြင် ငွေသုံးဖြုန်းနိုင်တဲ့ မင်းညီမင်းသား လူကုံထံ များကခဏတာမျှ ပေါင်းသင်းအပ်သော ဖျော်ဖြေ သမမယားအလှကို အလိုရှိ ရင် အမ္ဗပါလီအိမ်သို့ သွားကြတယ်။ ဝေသာလီမြို့ရဲ့အိမ်နီးချင်းနိုင်ငံက မဂဓတိုင်းဘုရင် ဗိမ္ဗိသာရမင်းဟာ အမ္ဗပါလီအား ရာဇဂြိုဟ်မြို့သို့ လာရောက်ဖျော်ဖြေရင် အခကြေးငွေနှစ်ဆတိုးပေးပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်ပေးရန် အလိုရှိခဲ့တယ်။ သို့ရာတွင် ရာဇ ဂြိုဟ်မြို့မှ ကုန်သည်သူဌေးတို့ ဘုရင့်အစီအမံကိုလက်မခံဘဲ ရာဇ ဂြိုဟ်မြို့သူ သာလာဝတီအမည်ရှိတဲ့ အလှကြွယ်သူအမျိုးသမီးကို”ပြည် တန်ဆာ” ဘွဲ့ပေးကာ လုပ်ကိုင်စေ တယ်။ အဗြဟ္မစရိယ သီလအကျင့် ကျင့်ကုန်သော ပုဏ္ဏားတို့က ဘုရင့် အမိန့်အရ ဖွင့်လှစ်တဲ့ထိုပြည်တန် ဆာလုပ်ငန်းကို ဘုရင်အား ပိတ်ပင်ခိုင်းခဲ့တယ်။

အမ္ဗပါလီဟာ သိခီမြတ်စွာဘုရားလက်ထက်တွင် ရဟန်းမတစ်ယောက်ကို ပြည်တန်ဆာ အကျင့်ရှိသူဟု စွပ်စွဲပြောဆိုခဲ့တဲ့အတွက် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ ပြည်တန်ဆာဖြစ်လာ ရတယ်လို့ဆိုတယ်။ တစ်နေ့မှာ အမ္ဗပါလီဟာမှန်ထဲမှာ မိမိမျက်နှာ အသားအရေတွန့်လာတာကိုမြင်ပြီး ဘိက္ခုနီ သံဃာဘောင်ဝင်ရောက် ရဟန်းပြုရာ မိမိရဲ့သားဝိမလကော ဏ္ဍညထေရ်ထံမှ တရားနာယူပြီးနောက် အရဟတ္တဖိုလ်သို့ရောက် ကာ ”ရဟန္တာမ”ဖြစ်သွားတယ်လို့ သာဝတ္ထိမြန်မာကျောင်းဆရာတော် ဦးသြဘာသ၏ မဇ္ဈိမမြို့ကျေးရွာများမှ သမိုင်းရုပ်ကြွင်းပုံရိပ်လွှာများ စာအုပ်တွင်ဖော်ပြထားတယ်။

သမိုင်းပုံရိပ်မှာ ပြည့်တန်ဆာများကို တရားဝင်ခွင့်ပြုသလို ကန့်ကွက်သူများလည်း ရှိခဲ့တယ်။ သို့ သော် ကျွန်မတို့မြန်မာနိုင်ငံဟာ ထေရဝါဒကြောင့် တရားဝင်ခွင့်ပြု ရင်ဘယ်လိုအဖြေရှာမလဲ။ ခုချိန် မှာတောင် တရားဝင်ခွင့်ပြုချက်မရှိ ဘဲ ရောဂါသည်တွေ တော်တော်များနေပြီ။ မြန်မာလူမျိုးအများစုကလည်း ပြည့်တန်ဆာအလုပ်ကို မနှစ်မြို့ကြပါ။ ပြည့်တန်ဆာဘဝ HIV နှင့် AIDS ခွဲမရဘူးလို့ မြင်သူကလည်းရှိသေးတယ်။ အကြွေ ပန်းလို့ပဲခေါ်ခေါ်၊ အနွမ်းပန်းလို့ပဲ တင်စားပါစေ အကောင်းမြင်သူနည်းပါသေးတယ်။ တစ်ခါက မရမ်းကုန်းမြို့နယ်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အင်္ဂလိပ်စာအထူးတန်းကို တက်ရောက်သင်ကြားနေတဲ့ အိမ်ကကလေးတွေကိုသွားကြိုတော့ သင်တန်းကျောင်း နဲ့မနီးမဝေးမှာ ပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်နေတာ တွေ့ရတယ်။ ကျွန်မစိတ်ဝင်စားသွားပြီးအကြောင်းရင်းမေးကြည့်တော့ NGO အဖွဲ့က HIV ဝေဒနာရှိသူတွေကို နှစ်သိမ့် ဆွေးနွေးပညာပေးရင်း ဆေးနဲ့ဆန် အခမဲ့ဝေငှတယ်လို့ပြောပါတယ်။ ကျွန်မစိတ်ဝင်စားသွားပါပြီ။ မသိ မသာထိုလူများကို ကြည့်လိုက်တော့ အသက်လေးဆယ်အောက်အမျိုး သား၊ အမျိုးသမီးများသာ တစ်ဦး ချင်းလည်းပါသလို လင်မယားစုံတွဲ တွေလည်းပါတယ်။ မကြာပါဘူး ဆန်ထုပ်ကိုယ်စီထမ်းပြီး ထွက်သွား ကြတော့တယ်။

ကျွန်မတစ်ဦးတစ်ယောက်ကို မေးချင်ပေမယ့် အခွင့်မသာခဲ့ပါ ဘူး။ မကြာပါဘူး နှစ်ပတ်ကျော်လောက်မှာ အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ အဲဒီနေ့က ကျူရှင်ကြို ပြီး ဘုရင့်နောင်ပွဲရုံမှာ ဆန်ဝယ်ဖို့ အတွက်ဆန်နီပစ်ကပ်လေး ယူလာ တယ်။ တစ်ပတ်တစ်ကြိမ်လား။ နှစ်ပတ်တစ်ကြိမ်လား။ နှစ်သိမ့်ဆွေးနွေးပွဲ၊ ဆန်၊ ဆေးထောက်ပံ့တဲ့ အခမ်းအနားလည်းပြီးလို့ ဆန်ထုပ် ကိုယ်စီထမ်းပြီး ပြန်ကြပြီ။ ဒီနေ့မှ ကလေးတွေကြိုဖို့ နောက်ကျနေ တာ။ ကျွန်မတို့လမ်းသွယ်ထဲက ပြန်ထွက်တော့ လမ်းကြားထဲက အရိပ်လေးတစ်နေရာမှာ အသက်နှစ်ဆယ်ကျော် အရွယ်အမျိုးသမီး တစ်ယောက်၊ ဆန်ထုပ်လေးချပြီး ချွေးသုတ်နေတယ်။ တော်တော်လည်းပိန်ချုံးပြီး နဂိုရုပ်ရည်က မစိုပြည်တော့ပါဘူး။ ကျွန်မက နောက်ခန်းက စီးလာတာမို့ ကားမောင်း တဲ့တူလေးကို ကားရပ်ခိုင်းလိုက် ပါတယ်။ ကျွန်မနဲ့သူနဲ့စကား ပြောခဲ့ပုံ အမေးအဖြေကိုမခြွင်းမချန် ရေးပြပါရစေ။

”ဟဲ့ … သမီး ဘယ်သွား မလို့လဲ။ လိုက်ပို့ပေးမယ်လေ”
အမျိုးသမီးလေးက အံ့သြသွား ဟန် နဲ့ဝမ်းသာသွားပုံရတယ်။
”ကားဂိတ်ကိုပို့ပေးရင် ရပါတယ်အန်တီ။ ကျေးဇူးပါပဲရှင်”
ပြောပြောဆိုဆိုမနိုင့်တနိုင်ဆန်အိတ်ကိုကားပေါ်တင်ရင်း လိုက်လာခဲ့တယ်။ ပြည်လမ်းမပေါ်ရောက်တော့ ကျွန်မကသူ့ကိုစပ်စုမိပြန်တယ်။
”သမီး .. ဘယ်ကိုပြန်ရမှာ လဲ”
”လှိုင်သာယာကိုပါ အန်တီ။ ဒီနေ့အမျိုးသားက ဖျားနေတော့ သမီးတစ်ယောက်တည်း လာရတာ။ သမီးလည်း ကောင်းကောင်းနေမကောင်းဘူး”
”ဒါဆို အတော်ပဲ အန်တီတို့ လည်း ဘုရင်နောင်သွားမလို့ အိမ်အထိလိုက်ပို့ပေးမယ်”
”အားနာစရာ အန်တီရယ်”
”အားမနာပါနဲ့၊ ဟဲ့ … အောင်အောင်ရေ၊ လှိုင်သာယာကို မောင်းဟေ့”
ကျွန်မက သူမကိုအင်တာဗျူး လုပ်ချင်တာနဲ့ ရေငတ်တုန်းရေတွင်း ထဲကျသွားပါတော့တယ်။
”အားနာနာနဲ့ပဲ မေးရဦးမယ်။ သမီးက ဝေဒနာရှင်လား။ယောက်ျားရှိတယ်ဆို ကလေးရောရှိလား”
”ကလေးမယူပါဘူး အန်တီ၊ လက်ထပ်ကတည်းက ပညာပေးဆွေးနွေးပွဲလာကြရင်း ဘဝတူချင်း ချစ်ကြိုက်ပြီးလက်ထပ်တာပါ။ သမီးကလည်း မိဘမရှိတော့အဖော်လိုတယ်လေ”
ကျွန်မရင်ထဲမှာ နင့်ခနဲဖြစ် သွားတော့တယ်။ ဒီလင်မယားဟာ မကြာခင် လူ့လောကထဲက ထွက်ခွာသွားကြတော့မှာလားလို့တွေးရင်း သိချင်တာတချို့ကို ဆက်မေးမိပြန်တယ်။
”သမီး အရင်က ဘာအလုပ် …”
”အော် … အန်တီရယ် သမီးအရင်တုန်းက ပြည့်တန်ဆာပေါ့။ ဒီဘဝကို သမီးမြတ်နိုးခုံမင်လို့ လုပ်ခဲ့တာမဟုတ်ဘူး။ သမီးတို့ ဆင်းရဲသူတွေရဲ့ အဓိကရန်သူဟာရုပ်လှခြင်းပဲ အန်တီ၊

သမီးငယ်ငယ်ကတည်းက မိဘတွေ ဆုံးသွားတော့ အဒေါ်နဲ့နေခဲ့ရတယ်။ သမီး ၁၄ နှစ်အရွယ်လောက်မှာ အဒေါ်ယောက်ျားအမူးသမားရဲ့ ဖျက်ဆီးခြင်းခံရတယ်။ အဒေါ်ကလည်း ယောက်ျားကြောက်ရသူဆိုတော့ မပြောရဲဘူး။ တစ်နေ့အဒေါ် ညအိပ်ခရီးသွားတုန်း အပေါင်းအသင်းတွေနဲ့ အရက်ဝိုင်းဖွဲ့သောက်စားပြီး လူသုံးယောက်နဲ့ လွှတ်ပေးတယ်။ နောက်တစ်နေ့မှာတော့ ကိုညိုကြီး ဆိုတဲ့လူနဲ့ထည့်ပေးလိုက်တယ်။ ကို ညိုကြီးက ”ခေါင်း”ပေါ့ အန်တီ ရယ်။ သမီးလည်းပြေးစရာ မြေမရှိတော့ အဲဒီဘဝထဲမှာပဲ ကျင်လည်ခဲ့ရတော့တယ်” ကြားရတဲ့စကားကြောင့် ကျွန်မရင်ထဲမှာ နင့်နင့်စူးစူးခံစား လိုက်ရတော့တယ်။
”သမီး အဖမ်းခံရဖူးလား”
”ခံရဖူးတာပေါ့ အန်တီရယ်။ လွတ်လာတော့လည်း သွားစရာမရှိတော့ ဒီနွံထဲပဲ ပြန်ရောက်တာပေါ့”
”သမီးရောဂါမရအောင် အကာအကွယ်ပစ္စည်း ကွန်ဒုံးလိုဟာမျိုးမဆောင်ဘူးလား”
ကျွန်မ အလောတကြီးမေးမိ တယ်။
”သမီး ဒီလောကထဲရောက်တော့ သမီးကို အစစအရာရာသင်ပေးတဲ့အစ်မ မရီဝေကပညာ ပေးနှိုးဆော်ချက်တွေကို သိထားပြီးသမီးကို ကွန်ဒုံးဆောင်ခိုင်းတယ်။ အမျိုးသားအချို့က ကွန်ဒုံးမပါရင် သမီးကပေးတယ်။ ဒါပေမဲ့ အန်တီရယ် အချို့အမျိုးသားတွေက သမီးကွန်ဒုံးပေးရင် မကြိုက်ဘူး။ ခံစားမှုမဲ့တယ်ပေါ့။ အဲဒီလိုလူမျိုးလည်းရှိတယ်။ အပြန်အလှန်ရောဂါ ပေးနေသလိုပေါ့။ အစ်မ မရီဝေက သမီးတို့ကို ခြောက်လတစ်ခါ ဆေးစစ်ခိုင်းတယ်။ သမီးလုပ်သက်ငါးနှစ်ကျော်အထိ ဒီရောဂါ မရသေးဘူး။ နောက်သမီး အသက်နှစ် ဆယ်ကျော်မှ ကျန်းမာရေးမကောင်း ချင်တော့ဘူး။ ဆေးစစ်လိုက်တော့ သမီးမှာ HIV ပိုးတွေ့နေပြီ။ အစ်မ ရီဝေက မထူးဇာတ်ခင်းဖို့ပြောပြီး ဒီအလုပ်ဆက်လုပ်ခိုင်းတယ်။ သမီး ကကိုယ့်ကြောင့် သူတစ်ပါးပိုးကူးမှာစိုးလို့ လုံးဝမလုပ်တော့ဘူး။ စားဝတ်နေေ၇းခက်ခဲသွားတာပေါ့။ အဲဒီမှာအခုလာတဲ့ပညာပေး နှစ်သိမ့်ဆွေးနွေးတဲ့အဖွဲ့နဲ့ ချိတ်ဆက်မိ သွားတာပေါ့။ ဆေးလည်းပေးတယ်။ ဆန်လည်းပေးတယ်။ သမီး လက်ထပ်ပြီးတော့ လှိုင်သာယာမှာအဆောင်ငှားနေတယ်။ ပလတ်စတစ်ပစ္စည်းလေးတွေ ရောင်း တယ်။ တစ်နေ့သုံးလေးထောင် မြတ်တယ်။ သေနေ့ကိုစောင့်ရင်း စားဝတ်နေရေးကို ရုန်းကန်နေရ တာပေါ့ … အဲ … အန်တီ ဟိုရှေ့က ဆိုက်ကားဂိတ်မှာ ရပ်ပေးပါ။ သမီး ဒီကပဲ ဆိုက်ကားငှားစီးသွားမယ်။ လိုက်ပို့ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်နော်”ကားရပ်ပေးတော့ သူလေးက ဆန်ထုပ်ကို မနိုင်မနင်းဆွဲချပြီး ဆိုက်ကားနဲ့ထွက်သွားတော့တယ်။ ကျွန်မစိတ်မကောင်းစွာနဲ့ လိုရာခရီးနှင်ရပြန်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သူလိုကလေးမျိုး ဘယ်လောက်များနေပြီလဲ။ လက်မှုပညာသင်ပြီး စက်ချုပ်အလှပြင်လုပ်ငန်း နောက်ဆုံးလမ်းဘေးမှာ ဈေးရောင်းရင်တောင် ရနိုင်ပါလျက် နဲ့ ”အခြေအနေအရ”ဆိုတဲ့ စကား နဲ့ ဘဝကိုရေစုန်မမြောစေချင်ပါ။

ခရေပန်းဟာ တော်ဝင်ပန်းမဟုတ်ဘူးလို့ ပြောကြတယ်။ တကယ်တော့ ခရေပန်းဟာ အဖူးကစပြီး ခြောက်သွေ့တဲ့အထိမွှေးနေတုန်းပါ။ ဘုရား၊ ကျောင်းကန်တိုင်းမှာခရေပင်မရှိမဖြစ် စိုက်ပျိုးထားပါ တယ်။ ခရေရိပ်ဟာအမြဲအေးမြ ပါတယ်။ အမြဲစိမ်းလန်းတဲ့အပင်မျိုးပါ။ တစ်နှစ်ပတ်လုံးစိမ်းလန်းနေတာ ပါ။ ကြွေလည်း တစ်ရွက်စနှစ်ရွက် စကြွေပါတယ်။ ဆရာတော်တစ်ပါး က မိန့်ကြားဖူးပါတယ်။ ပင်လုံး ကျွတ်မကြွေတဲ့အပင်ဆိုလို့ ခရေပင် နဲ့အုန်းနှဲပင်သာရှိတယ်။ ဒီလိုအပင်မျိုးကိုစိုက်သင့်တယ်လို့ ပြောပါတယ်။ အကြွေပန်းပေမယ့် ခရေပန်းကို လူတိုင်းနှစ်သက်ကြ ပါတယ်။ သီကုံးပြီးပန်ရင်တောင် ဆံကေသာမှာ အနံ့စွဲပြီး မွှေးပျံ့သင်းကြိုင်ပါတယ်။ ဒါကြောင့် ခရေပန်းကိုတော့ Sex Worker များအနေနဲ့ မကောင်းတဲ့ပန်းလို့ မယူဆစေချင်ပါ။ အပွင့်သေးပြီး သဘာဝအလျောက်ကြွေကျပေမယ့် ရနံ့သင်းတဲ့ခရေပွင့်များကို မက်မောကြပါတယ်။ အကယ်၍များ လိုင်စင်တစ်ခုချပေးပြီး တရားဝင်ခွင့်ပြုခဲ့ရင်ဖြင့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံအနေဖြင့် ရင်လေးရပါလိမ့်မယ်။ အဖွဲ့အစည်းတစ်ခုဖွဲ့လိုက်ရင် အဖွဲ့ဝင်သောင်းဂဏန်းမှ သိန်းဂဏန်းဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုဖြစ်ရင် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြောသလို ကျွန်မတို့နိုင်ငံ ” ” နိုင်ငံဖြစ်သွားပါလိမ့်မယ်။

နီနီနိုင်(သထုံ)



ref:ကို ထက်
http://www.myanmardailynews.org/2013/02/blog-post_9034.html#.UR6sKJ...

ကျောက်ချဉ်အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး




အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။ 


ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။ 

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ 


ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။ 

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။ 

ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။ 

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။ 

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။ 

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ 
ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။ 

လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။ 

နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။ 

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။ 




                                    ဧရာဝတီ Facebook / Twitter စာမျက်နှာ

မြန်မာပြည်ရှိ ပေါ်တူဂီဒင်္ဂါး (တန်ဖိုး - ကန်ဒေါ်လာ ၄.၂ သန်း)


 
 Ads.com.mm မှ တွေ့လိုက်လို့ပါ။ ပေါ်တူဂီတို့ မြန်မာပြည်ကို ကျူးကျော်ဝင်ရောက်စဉ် နှစ်မြှုပ်ခဲ့တဲ့ ပေါ်တူဂီ သင်္ဘောမှ ရရှိခဲ့ ဒင်္ဂါးလို့ ဆိုပါတယ်။ ဒီတော့ ခေတ်ကာလက ၁၆ ရာစု (၁၈၆၈ ခုနှစ် ဝန်းကျင်) ဖြစ်ပါတယ်။

လက်ရှိ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၄.၂ သန်းနဲ့ ဝယ်ယူလိုသူ များ ရှိနေပြီး ကမ္ဘာ့ရှားပါး ဒင်္ဂါးလို့ဆိုပါတယ်။ ဒင်္ဂါးဆိုလို့ သေးသေးလေး မဟုတ်ပါဘူး။ လက်တစ်ဖဝါးစာ မကကြီးပါတယ်။ ထုတ်လုပ်တဲ့
ခုနှစ်ကိုလည်း ၁၈၆၈ ခုနှစ်ဆိုပြီး ထည့်သွင်းရိုက်နှိပ်ထားပါတယ်။

ယခင် ကမ္ဘာကိုလွမ်းမိုးဖို့ နယ်ချဲ့ တဲ့ နိုင်ငံတွေထဲမှာလည်း ပေါ်တူဂီဟာ ဆရာ တစ်ဆူ ဖြစ်ပြီး အာရှမှာ နယ်မြေတော်တော်များများ ရရှိခဲ့ဖူးပါတယ်။ လက်ရှိ အာရှတိုက်တွင်းမှာတော့ ပေါ်တူဂီရဲ့  လက်ကျန် ရှေးဟောင်း အမွေ အနှစ်များ ရှားပါးနေပြီမို့ တန်ဖိုးကြီးပစ္စည်းများ အဖြစ် သတ်မှတ် ထားကြကြောင်း သိရပါတယ်။

Copy from - innewsmyanmar.com
အသေးစိတ်သိရှိရန် - http://www.ads.com.mm/for-sale/art-antiques-collectibles/for-sale-29675.html#

အိန္ဒိယ မူး​ယစ်​ဆေး​ဝါး​မိမှု စစ်တပ်အရာရှိကြီး​ပါ ဖမ်း​မိ


(Photo_Indiatimes)
 
မြန်မာပြည်ကို ​ရောင်း​ချမယ့်​ အိန္ဒိယရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိ မူး​ယစ်​ဆေး​ဝါး​တွေ ဖမ်း​ဆီး ​ခံရမှုမှာ အိန္ဒိယ စစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေပါတယ်။
 
အိန္ဒိယ-မြန်မာနယ်စပ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​ နံနက်ပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မှုး​ယစ်​ဆေး​ဝါး​ ဖမ်း​ဆီး​မှုမှာ အိန္ဒိယ စစ်တပ်က ဒုတိယဗိုလ်မှူး​ကြီး​တဦး​ ပါဝင်​နေမှုကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် ရုပ်မြင်သံကြား​နဲ့​ သတင်း​စာ​တွေမှာ တုန်လှုပ်ဖွယ်ရာ သတင်း​အ​နေနဲ့​ သတင်း​ခေါင်း​ကြီး​ပိုင်း​တွေမှာ ​ဖော်ပြခဲ့​ကြပါတယ်။
 
အိန္ဒိယ - မြန်မာနယ်စပ်က မို​ရေး​မြို့​ကို ​မောင်း​နှင်လာတဲ့​ ကား​ ၃ စီး​ကို မဏိပူရပြည်နယ် ​ထောင်ဘား​ခရိုင်က ပါလဲမြို့​ စစ်​ဆေး​ရေး​ဂိတ်ကို ဖြတ်အပြီး​မှာ မဏိပူရပြည်နယ် ကွန်မန်ဒို ရဲအဖွဲ့​က လိုက်လံ ဖမ်း​ဆီး​ရရှိလိုက်တာ ဖြစ်ပါတယ်။
 
ကား​ ၃ စီး​ထဲမှာ အိန္ဒိယ ရူပီး​ငွေ သန်း​ ၁၅၀ တန်ဖိုး​ရှိတဲ့​ အိန္ဒိယနိုင်ငံထုတ် စီဒို အက်ဖီဒမင်း​ ဟိုက်ဒိုကလိုရိုက် မူး​ယစ်​ဆေး​တွေကို ဖမ်း​ဆီး​ ရရှိခဲ့​တာပါ။ အိန္ဒိယ​ငွေ ၁ ရူပီး​ဟာ မြန်မာ​ငွေ ၁၆ ကျပ်နီး​ပါး​နဲ့​ ညီမ်ွပါတယ်။ ဒုတိယဗိုလ်မှူး​ကြီး​ အာ​ဂျေး​ကျောင်သရီး​ စီး​နင်း​လာတဲ့​ ​ဘော်လီယို ကား​အဖြူ​ပေါ်မှာ Govern of India Ministry of Defense ဆိုတဲ့​ စာတမ်း​နဲ့​အတူ အချက်ပြ မီး​နီကို တင်​ဆောင်​မောင်း​နှင်လာတဲ့ ​အတွက် အင်ဖား​မြို့​နဲ့​ ပါလဲမြို့​ အကြား​မှာရှိတဲ့​ စစ်​ဆေး​ရေး​ဂိတ်​တွေကို ​ကျော်ဖြတ်နိုင်ခဲ့​တာလို့​သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။
 
ဒုတိယဗိုလ်မှူး​ကြီး​ အာ​ဂျေး​ ​ကျောင်သရီး​နဲ့​အတူ ဖမ်း​ဆီး​ခံရတဲ့​ လူ ၅ ဦး​ထဲမှာ အိန္ဒိယနိုင်ငံ အင်ဒီဂို​လေ​ကြောင်း​လိုင်း​က လက်​ထောက် မန်​နေဂျာ တဦး​လည်း​ ပါဝင်​ နေတယ်လို့​ သိရပါတယ်။ ဗိုလ်မှူး​ကြီး​ အာ​ဂျေး​ကျောင်သရီး​က​တော့​ ကား​ထဲမှာ မူး​ယစ်​ဆေး​ဝါး​တွေ ပါလာတာ သူ့​အ​နေနဲ့​ လုံး​ဝ မသိရပါဘူး​လို့​ ငြင်း​ဆို ထား​ပါတယ်။
 
မဏိပူရပြည်နယ်က​နေ မြန်မာပြည်ကို တင်ပို့​မယ့်​ မူး​ယစ်​ဆေး​ဝါး​တွေအနက် အခု ဖမ်း​ဆီး​ရမိတဲ့​ မူး​ယစ်​ဆေး​ဝါး​ အ​ရေအတွက်ဟာ ဒီနှစ်အတွင်း​ အကြီး​မား​ဆုံး​ ဖြစ်​ကြောင်း​ သတင်း​တွေမှာ ​ဖော်ပြထား​ပါတယ်။
 
သတင်းရင်းမြစ် - ဒီဗွီဘီ

ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ


Photo: ရွှေလီမှာ မြန်မာနိုင်ငံက မြွေအကောင်ရေ တန်ချိန် ၄ တန်နီးပါး ဖမ်းမိ 

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၁၃

မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။ 

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူတစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။

RFA
မြန်မာနိုင်ငံနဲ့ နယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တိရိစ္ဆာန်တွေ မှောင်ခိုကူးသူတွေထံက မြွေ အကောင်ရေ ၄၈၀၀ ကျော် ဖမ်းဆီးမိလိုက်တယ်လို့ ယူနန် အာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက် လင်းအားကြီး ၄ နာရီလောက်မှာ မြန်မာနိုင်ငံဖက်ကနေ ဝင်ရောက်လာတဲ့ ကားတစ်စီးကို တရုတ် ရွှေလီရဲတပ်ဖွဲ့က စစ်ဆေးရာမှာ အဲဒီကားထဲမှာ ပါလာတဲ့ သေတ္တာတွေထဲမှာ မြွေအကောင်ရေ ၄၈၀၀ ကျော်ကို ဖမ်းဆီးမိခဲ့တာပါ။

ဖမ်းမိတဲ့ မြွေအမျိုးအစားတွေကတော့ မြွေဟောက် အကောင်ရေ ၂၀၀၀ ကျော်၊ မြွေပွေး ၂၃၀ အပါအဝင် တခြားမြွေ အမျိုးအစား ၂၀၀၀ ကျော် ဖမ်းမိတာဖြစ်ပြီး အလေးချိန် ၄ တန်နီးပါး ရှိတယ်လို့ ရွှေလီ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က မြန်မာနိုင်ငံက တောရိုင်းတိရိစ္ဆာန်တွေ တင်လာတဲ့ကား ရွှေလီဖက်ကို ရောက်မယ်လို့ သတင်းပေးချက်ရတာကြောင့် အခုလို ဖမ်းဆီးလိုက်နိုင်တာဖြစ်ပြီး သံသယရှိသူတစ်ဦးကိုပါ ရွှေလီ ရဲတပ်ဖွဲ့က ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ မြွေသားကို အမြတ်တနိုးစားသုံးကြသူ များသလို မြွေ မွေးမြူရေးဟာလည်း အရေးပါတဲ့ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်လာနေတယ်လို့ ဆင်ဟွာသတင်းဌာနက ရေးသားပါတယ်။
by-RFA

အဓမ္မ ပြုကျင့်ခံရသည့် ကလေးကို ခိုးမှုဖြင့် ပြန်ဖမ်းဆီး


နန်းဆိုင်နွမ်


အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် အမျိုးသား၏ဇနီးသည် က ၎င်း မိန်းကလေးကို ခိုးမှုဖြင့် ပြန်လည် အမှုဖွင့် ဖမ်းဆီးထား သည်ဟု သိရသည်။

အဆိုပါ မိန်းကလေးသည် အတန်းပညာကို မသင်ဘူးခဲ့ကြောင်း၊ ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြု ကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မ အိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာ တွင် မလုံခြုံဟု ဆိုကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားကွင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်ခဲ့ရကြောင်း၊ယင်း နေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက် သွယ်ရန် ဖုန်းနံပါတ်ကို ရှာ တွေ့ ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။

“သမီးကို အဓမ္မကျင့်ပြီးတော့ အဖြူရောင် ဆေးတလုံး တိုက်တယ်။ ဘယ်သူ့ကိုမှ မပြောနဲ့၊ နင်ပြောရင် နင့်ကိုသတ်မယ်လို့လည်းခြိမ်းခြောက် တယ်” ဟု သူက ပြောဆိုခဲ့သည်။

အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းက လေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြား ခဲ့သောကြောင့် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီးကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့လိုက်သည်ဟု စခန်းမှူး ဦးညီညီလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“ကလေးမကိုတော့ ခိုးမှုနဲ့ ဖမ်းထားပါတယ်။ (ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ နဲ့ စွဲထားတယ်။ သူ့ကိုတော့ အမျိုးသမီး ကျောင်းမှာ နောက်လ ၈ ရက်နေ့ အထိ ထားသွားမှာ ပါ။ ဒီကြားထဲ တရားရုံးက ခေါ်မှ သွားထုတ်ပေးမယ်” ဟု စခန်းမှူးကဆိုသည်။

မိန်းကလေး၏ မိဘများ ရဲစခန်းတွင် အမှုသွားဖွင့်စဉ် ကတည်းက ဆိုင်ရှင်၏ ဇနီးဖြစ်သူသည် ၎င်းနေအိမ်မှ ပစ္စည်းများ ပျောက်သွားခဲ့ သော ကြောင့် မိန်းကလေးကို ခိုးမှုဖြင့် အမှုဖွင့်တိုင်ကြားမည်ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

မိန်းကလေးအား စားသောက်ဆိုင်ပိုင်ရှင်များက တခြားအရပ်သို့ ပို့ဆောင်ခဲ့ချိန်တွင် အ၀တ် ၁၀ ထည်ခန့်သာ ယူသွားပြီး မည်သည့် ပစ္စည်းမှ ခိုးယူခဲ့ခြင်း မရှိကြောင်း အဆိုပါ မိန်းကလေးက အဖမ်းမခံရမီ ဧရာဝတီသို့ ပြောပြခဲ့သည်။

“သမီးကို သူတို့ အိမ်ကနေ တခြားနေရာ ပြောင်းခိုင်းတုန်းက ၀တ်စရာကလွဲပြီး ဘာမှ မယူဘူး။ သူတို့ရဲ့ တန်ဖိုးကြီးတဲ့ နာရီ တွေ၊ ပိုက်ဆံ တွေလည်း မခိုးပါဘူး။ ပြောင်းဖို့ ခေါ်သွားတဲ့နေရာ သွားတဲ့ အချိန်တောင် ပိုက်ဆံ တပြားမှမရှိဘူး” ဟု သူက ဆိုသည်။

ဤအမှုကို မိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများကွန်ယက်မှ ရှေ့နေ တဦးက မိန်းကလေးငယ်၏ လက်ထဲတွင် ခိုးရာပါ ပစ္စည်း မတွေ့ရဖြင့် ခိုးမှုမမြောက်ကြောင်း၊ လည်ဆည်တိုင်ကြား ခြင်းသာ ဖြစ်နိုင်ကြောင်း၊ တရားရုံးတွင် ရုံးတင်စစ်ဆေးသည့် အခါ အဆိုပါ အမှုကို တရားမျှတမှု ရှိမရှိ စောင့်ကြည့်ကာ လိုအပ်သည်များကို ကူညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းပြသည်။

မိန်းကလေးကို ပစ္စည်းခိုးသည်ဟု တိုင်ကြားခြင်းမှာ လုပ်ဇာတ်သာဖြစ်ပြီး မိန်းကလေးကို တခြားနေရာသို့ ပို့သည့် အချိန်တွင် ဇာတ်လမ်း စဉ် ထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းသည် အလွန်ပင် ရုပ်ဆိုး သည့် ဖြစ်ရပ်ဖြစ်ကြောင်း မိန်းကလေးကို လိုက်လံ ကူညီပေးနေသည့် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေး အဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

အသက်မပြည့်ဘဲ အဓမ္မပြုကျင့် ခံရသူ၊ ချုပ်နှောင်ခံခဲ့ရသူ မိန်းကလေး၏ အမှုတွင် ကျူးလွန်သူကို ချုပ်နှောင် ထားသော်လည်း အမှုငယ်စေရန် ကြံစည်မှုများ ရှိနေကြောင်း၊ မိန်းကလေးဘက်မှ အပြီးတိုင် ဆောင်ရွက် ကူညီ ပေးသွားမည် ဖြစ်ကြောင်း၊ သူက ဆိုသည်။

ဆိုင်ရှင် အမျိုးသား ဦးမြင့်အောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ် မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ နှင့် အမှုဖွင့်ထားပြီး တိုင်ကြားစွဲဆိုခဲ့သည့် တခြား အမှုတမှု ဖြစ်သော လူကုန်ကူးမှုကိုမူ အမှုမမြောက်သဖြင့် သက် ဆိုင်ရာက လက်မခံကြောင်း စခန်းမှူး ဦးညီညီလွင်က အတည်ပြု ပြောဆိုသည်။

၎င်းက “ဒီလ ၂၇ ရက်နေ့မှာ ဦးမြင့်အောင်ကို အမှုစစ်ဖို့ ရုံးချိန်း ခေါ်ထားပါတယ်” ဟု ဆိုသည်။

ချယ်ရီ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရပေ။

“သမီးကတော့ အဲဒီပိုင်ရှင် နှစ်ဦးစလုံး ထောင်ကျစေချင်တယ်။ ပြီးတော့ နောက်ထပ် ညအိပ်ပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း မလုပ်ရဲတော့ ဘူး။ သမီးလို အရွယ်ရှိတဲ့ သူ တွေအားလုံးလည်း ညအိပ်ပြီး အိမ်ဖော်လုပ်ရမယ်ဆိုရင် မလုပ်ဖို့ ပြောချင်ပါတယ်” ဟု မထက် ထက်က ပြော သည်။

မိန်းကလေးငယ် အဓမ္မ ပြုကျင့်ခံရသည်နှင့် ပတ်သက်၍ ကူညီချင်သော်လည်း ရဲမှုခင်းဖြစ်သောကြောင့် ရဲဌာနကိုသာ လွှဲပြောင်းပေးခဲ့ ရ ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) မှ တာဝန်ရှိသူ တဦးက ဆိုသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုး ချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာ လျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင် ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေး ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင် ရွက်ရ မည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိ သာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူ ငယ်ဟု သတ်မှတ်ထားသည်။

(ထူးခြားဖြစ်စဉ်)

‎(ထူးခြားဖြစ်စဉ်)

မင်္ဂလာပါရှင်
ကျန်းမာတော် မူကြပါစရှင်
ယနေ့ -မြန်မာ သက္ကရာဇ် ၁၃၇၃ခုနှစ် တော်သလင်းလဆန်း ၃ ရက်
သတင်းများကို ကျွန်မ မမမမှန်မှ
အစီရင်ခံငြာပါတော့မယ်ရှင်

"ငါးကြင်းခေါင်းဖင်".........
ဘာညာ သယကာ ရေအားလေထွားး လျှပ်စစ်စက်ရုံကြီးအား
ယခင်ယခင့်များကလိုပဲ ဆောက်လုပ်လျှက်ရှိရာ
ထို ဘာညာသာရကာ ရေအားလေထွား
ဓာတ်အားပေးစက်ရုံကြီးပြီးဆုံးသွားလျှင်
ယခင့်ယခင်များကလိုပဲ
တိုင်းပြည်၏ လိုအပ်ချက် လျှပ်စစ်ဓာတ်အားထက် မဂ္ဂါ`၀ပ်ထက် ပိုးဆိုးပတ်ဆက် ပိုလျှံပြီး
ရေကို24နာရီ ပုံမှန်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်
ပိုလျှံသည့် ပမာဏကို တစ်ခြားတိုင်းပြည်များသို့ ဖြန့်ဖြူးရောင်းချလျှင်
တိုင်းပြည်ဝင်ငွေ နိုင်ငံခြားငွေ ဒေါ်လှ သောက်သောက်လဲ ၀င်နိုင်မည်ဖြစ်ရာ
တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ မှာလည်း
ပတ်ပတ်ဆက် ဆက် မညှာမတာ သောက်မြင်ကတ်လောက်အောင်
မြင့်မားလာမည် ဖြစ် .......ဖြစ်..............
....သည်း သည်း..သည်း!!!!!!!!!ခံ!!!ပါ..........ရှင်........... ကျွန်မ အပ..ီအ..ြ.ပင..်ငြာ...ေ..နစ...ဉ်..အတ..ွင်းမ..ှာပဲ
မီ.းပ.ျက်..သွား...ပါ..သ..ဖြင့် ဖေ၇ာင်း..တိုင်နှင့်
.....ဓာတ်ဆီ...သွား..၀.ယ်ပြီး...အပြန်..ကြ...မှ
ဆက်လက်...ထပ်ငြာမည်.....ဖြစ်...ပါ.ေ.သာ..ကြောင်.့
သတင်း..များ..ကို ဒ..ီတွင်..ခေတ္တ..ခဏ ရပ..်နားမည်...ြ.ဖစ်....ြ.ဖစ်...ပါ...ကြောင်း.................

11,9, 2010 at 3:45am
written by aaboy (Nay Myoo Aung Lan)

(ယခင့်ယခင်က အချိ့ဆိုဒ်များတွင် တင်ခဲ့ပြီးသား အဟောင်းလေးပါ။)
(ယနေ့ခေတ်အချိန်နှင့် အကြောင်းတိုက်ဆိုက်ချင်မှ တိုက်ဆိုင်ပါတော့မည်ဖြစ်ပြီး တိုက်ဆိုင်နိင်ကောင်းတိုက်ဆိုင်နေဦးဖြစ်ပါသည် :P)

N M A L
ပလီပလာ ထွေကာလီကာ
(ထူးခြားဖြစ်စဉ်)

မင်္ဂလာပါရှင်
ကျန်းမာတော် မူကြပါစရှင်
ယနေ့ -မြန်မာ သက္ကရာဇ် ၁၃၇၃ခုနှစ် တော်သလင်းလဆန်း ၃ ရက်
သတင်းများကို ကျွန်မ မမမမှန်မှ
အစီရင်ခံငြာပါတော့မယ်ရှင်

"ငါးကြင်းခေါင်းဖင်".........
ဘာညာ သယကာ ရေအားလေထွားး လျှပ်စစ်စက်ရုံကြီးအား
ယခင်ယခင့်များကလိုပဲ ဆောက်လုပ်လျှက်ရှိရာ
ထို ဘာညာသာရကာ ရေအားလေထွား
ဓာတ်အားပေးစက်ရုံကြီးပြီးဆုံးသွားလျှင်
ယခင့်ယခင်များကလိုပဲ
တိုင်းပြည်၏ လိုအပ်ချက် လျှပ်စစ်ဓာတ်အားထက် မဂ္ဂါ`၀ပ်ထက် ပိုးဆိုးပတ်ဆက် ပိုလျှံပြီး
ရေကို24နာရီ ပုံမှန်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်
ပိုလျှံသည့် ပမာဏကို တစ်ခြားတိုင်းပြည်များသို့ ဖြန့်ဖြူးရောင်းချလျှင်
တိုင်းပြည်ဝင်ငွေ နိုင်ငံခြားငွေ ဒေါ်လှ သောက်သောက်လဲ ၀င်နိုင်မည်ဖြစ်ရာ
တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ မှာလည်း
ပတ်ပတ်ဆက် ဆက် မညှာမတာ သောက်မြင်ကတ်လောက်အောင်
မြင့်မားလာမည် ဖြစ် .......ဖြစ်..............
....သည်း သည်း..သည်း!!!!!!!!!ခံ!!!ပါ..........ရှင်........... ကျွန်မ အပ..ီအ..ြ.ပင..်ငြာ...ေ..နစ...ဉ်..အတ..ွင်းမ..ှာပဲ
မီ.းပ.ျက်..သွား...ပါ..သ..ဖြင့် ဖေ၇ာင်း..တိုင်နှင့်
.....ဓာတ်ဆီ...သွား..၀.ယ်ပြီး...အပြန်..ကြ...မှ
ဆက်လက်...ထပ်ငြာမည်.....ဖြစ်...ပါ.ေ.သာ..ကြောင်.့
သတင်း..များ..ကို ဒ..ီတွင်..ခေတ္တ..ခဏ ရပ..်နားမည်...ြ.ဖစ်....ြ.ဖစ်...ပါ...ကြောင်း.................
 
11,9, 2010 at 3:45am
written by aaboy (Nay Myoo Aung Lan)

(ယခင့်ယခင်က အချိ့ဆိုဒ်များတွင် တင်ခဲ့ပြီးသား အဟောင်းလေးပါ။)
(ယနေ့ခေတ်အချိန်နှင့် အကြောင်းတိုက်ဆိုက်ချင်မှ တိုက်ဆိုင်ပါတော့မည်ဖြစ်ပြီး တိုက်ဆိုင်နိင်ကောင်းတိုက်ဆိုင်နေဦးဖြစ်ပါသည် :P)

N M A L
@[148980878505812:274:ပလီပလာ ထွေကာလီကာ]

Monday, February 25, 2013

ဖရိုဖရဲ အနာဂတ် ရန်ကုန်မြို့တော်လား

ရန်ကုန်မြို့ စင်္ကာပူပုံစံ ဖြစ်မလား၊ ဘန်ကောက်လို ဖြစ်မလား (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်မြို့ကို စင်္ကာပူပုံစံအတိုင်း ပြန်ဆောက်လို ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုပြီး ဘန်ကောက်က မိုးပျံရထားတွေ၊ မိုးပျံလမ်းတွေပါ ထည့် စိတ်ကူးခဲ့သည်။
ဤသည်မှာ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန် အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ရည်မှန်းချက် တရပ်ဖြစ်သည်။ ယင်း ဆန္ဒမှာ လက်တွေ့နှင့် လုံးဝ ခြားနားနေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် အစိုးရသစ် တာဝန်ယူပြီး ၂ နှစ်ခန့် ကြာသွားသော်လည်း သိသိသာသာ တိုးတက်လာခြင်း မရှိသေး။ မြို့တော်၏ အခြေခံ လိုအပ်ချက်များ ဖြစ်သည့်  ပို့ဆောင်ရေး၊ စွမ်းအင်၊ ၀န်းကျင်သန့်ရှင်းရေး၊ သောက်သုံးရေ ရရှိရေး စသည့် ကဏ္ဍများသည် လည်း နောက်ကျနေဆဲ။ ဤသို့ အခက်အခဲ၊ အကြပ်အတည်း များစွာ ရှိနေသော်လည်း ပြန့်ကျဲ တည်ရှိနေသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် များ ချပေးရာ၌ အစိုးရသည် လက်သင့်ရာ စားတော်ခေါ် ဆိုသကဲ့သို့ လျှို့ဝှက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုနေ၏။
ရန်ကုန်မြို့သို့ နိုင်ငံခြားသား စွန့်ဦးထွင် စီးပွားရေးသမားများ၊ ကမ္ဘာလှည့် ခရီးသည်များနှင့် ဆင်းရဲသား လယ်ယာ လုပ်သားများ အဆက်မပြတ် ၀င်ရောက်လျက်ရှိသည်။ လူတန်းစား အစုံ၊ အလွှာစုံ ၀င်ရောက်လာသဖြင့် လာရင်း ရည်ရွယ်ချက်လည်း အမျိုးစုံ ဖြစ်နိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေရန်၊ အပျော်တမ်း ဓါတ်ပုံရိုက်ရန်၊ လစာကောင်းသည့် အလုပ်ရရှိရန် စသဖြင့် ရည်ရွယ်ချက်ကိုယ်စီဖြင့် ရောက်လာကြသည်။ ဤသို့ အားခဲ၍ လာကြသော်လည်း ၎င်းတို့ မကြာခဏ ကြုံရသည်များမှာ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရား၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် အိပ်စက်နားနေရန် နေရာထိုင်ခင်းပင် ရှာမရခြင်း စသည်တို့သာ ဖြစ်သည်။
ရေနှင့်လျှပ်စစ်မီး မလုံ မလောက်ဖြစ်နေပြီး စွန့်ပစ် ပစ္စည်း (အမှိုက်သရိုက်) များဖယ်ရှား ရှင်းလင်းရေး စနစ်မှာလည်း အလွန်ဟောင်းနွမ်း နေသဖြင့် လူထု၏ ကျန်းမာရေး အတွက် စိုးရိမ်ရပါသည်။ ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း ကြာလေ ဆိုးလေပင်။
ရန်ကုန်မြို့ကြီး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြင်ဆင်သင့်သည်များကို မပြင်ဆင်ရသေးကြောင်း၊ အဓိက ကျသည့် ချို့ယွင်းချက်မှာ ဖွံ့ဖြိုးမှုသစ်များကို မည်သို့ နေရာချပြီး မည်သို့ ဝန်ဆောင်မှုပေးမည်ကို ကြိုပြင်ဆင် ထားသည့် မြေ အသုံးပြုမှုနှင့် လမ်း တံတား ဆောက်လုပ်ရေး အစီအစဉ်များ ကင်းမဲ့နေခြင်းဟု ဖွံ့ဖြိုးမှုလေ့လာရေး အဖွဲ့တခုက သတိပေး နှိုးဆော်ထားသည်။
အများပြည်သူ ပါဝင်မှုကို လျစ်လျူရှုထားသော စီမံကိန်း တင်ပြချက်များအပေါ် မှန်ကန်သော တုန့်ပြန်မှုများ ဖြစ်ပေါ်လာစေမည့် ဘက်စုံပါဝင်နိုင်သော ရန်ကုန်ဖွံ့ဖြိုးရေး အစီအစဉ် တိုးတက်ကောင်းမွန်လာစေခြင်းသည် အရေးကြီးကြောင်း၊ သို့မှသာလျှင် အများပြည်သူအကျိုး ရည်မှန်းပုံဖော်ထားသော မြို့တော်ဖွံ့ဖြိုးရေး အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်းနှင့် ထိုသို့ အစီအမံ မရှိပါက မြို့တော်၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အများပြည်သူ အကျိုးအစား ပုဂ္ဂလိက အကျိုးစီးပွားကသာ နေရာယူသွားနိုင်ကြောင်း ဟားဗတ် တက္ကသိုလ် ဒီဇိုင်းကျောင်းနှင့် ချိတ်ဆက်ထားသော မြို့ပြစီမံကိန်း ပညာရှင်များအဖွဲ့တဖွဲ့၏ လေ့လာချက်တွင် ရေးသား ဖော်ပြပါသည်။
ရန်ကုန်မြို့တော် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွက် ယခုနှစ်အတွင်း အပြီး ရေးဆွဲ တင်ပြရန် ဖြစ်သည်။ သို့သော် စီမံကိန်းတင်ပြချက် ပြီးအောင် မစောင့်တော့ပဲ ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ကွင်းလုပ်ကွက် အောင်ပြီးဖြစ်ပြီး ပရောဂျက်များစွာလည်း စတင်နှင့်နေပြီဖြစ်သည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးတင့်က အိမ်ခြံမြေ ဖိုရမ်တခုတွင် ရန်ကုန် မြို့တော် အရှေ့ပိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် အိမ်ယာစီမံကိန်းတခုကို ဆောက်လုပ်ခွင့် ပြုလိုက် ကြောင်း အတည်ပြု သည်။ လုပ်ငန်းများကို ယခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်မည်ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စင်ကာပူ၊ ထိုင်းနှင့် တောင်ကိုး ရီးယားနိုင်ငံ ဆောက်လုပ်ရေး ကုမ္ပဏီများ ဆက်စပ်နေလည်း သတင်း အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိ။
ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသည်လည်း ဗီယက်နမ် ပုဂ္ဂလိက ကုမ္ပဏီ Hoang Amh Gia Lia Group (HAG) နှင့် လွန်ခဲ့သော ဒီဇင်ဘာလက သဘောတူ စာချုပ်တခုကို လက်မှတ်ရေးထိုး ခဲ့သည်။ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့လယ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကုန်ကျမည့် ဟိုတယ်တလုံးနှင့် ကုန်တိုက်ကြီး တခုကို ဆောက်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီသည် ရန်ကုန်မြို့ရှိ မြေဧရိယာ ၈ ဟက်တာကို ငှားရမ်း အသုံးပြုမည် ဟု ဆိုသော်လည်း မည်သည့်ကာလအထိ အသုံးပြုမည်၊ လုပ်ငန်းများကို မည်သည့်အချိန်၌ စတင်မည်၊ နိုင်ငံခြားကုမ္ပဏီ အတွက် မည်သို့ ငှားရမ်းသုံးစွဲခွင့်ပြုသည် တို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။
မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Mandalay Golden Wings ကုမ္ပဏီသည် ရန်ကုန်မြို့ အင်းလျားကန် အနီး၌ အထပ် ၃၄ ထပ်ပါ ကွန်ဒိုမီယမ် တလုံးဆောက်လုပ်ရန် အစိုးရထံမှ လျှို့ဝှက်လေလံတခုကို နိုဝင်ဘာလက ရရှိခဲ့သည်။ ယင်းဆောက်လုပ်မည့် ကွန်ဒိုမီယမ်တွင် ယာဉ်ရပ်နားရန် အထပ် ၆ ထပ် ထည့်သွင်း တည်ဆောက်မည် ဖြစ်ပြီး အဆင့်မြင့် လူနေအိမ်ခန်းပေါင်း ၄၀၀ ပါဝင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေရေးရာ အနေအထားမှာ ရဲတင်းလွန်းသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား စွန့်စားလုပ်ကိုင်စေပြီး အဆက်အသွယ်ကောင်းများကိုလည်း ကော်မရှင်ခ မြိုးမြိုးမြတ်မြတ် စားပေါက်ရစေသည်။ အာမခံချက်နှင့် ရေရှည်ကို ကြည့်သော စနစ်ကျနပြီး နာမည်ကောင်းရ လုပ်ငန်းရှင်တို့အတွက်မူ အတိမ်းအစောင်း များလွန်းနေသည်။
မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးမှု အခြေအနေ ယမန်နှစ်ထက် အနည်းငယ် တိုးတက် ကောင်းမွန်လာသည်ဟု ဆိုနိုင်သော် လည်း ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော စွန့်စားရမှုများ ရှိနေဆဲ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ လေ့လာ သုံးသပ်သည့် Maplecroft ၏ အစီရင်ခံစာက ဆိုသည်။ တရားဥပဒေ စိုးမိုးမှု၊ စည်းကမ်း လိုက်နာမှုတွေ ပုံမှန် မရှိသေးကြောင်းနှင့်  အဂတိလိုက်စားမှုများ ထူပြောနေဆဲ ဖြစ်ကြောင်းလည်း ဆိုသည်။
ဝါရှင်တန်အခြေစိုက် ဘရွတ်ကင်း ကျွမ်းကျင်သူများအဖွဲ့မှ အမေရိကန်လူမျိုး စီးပွားရေး ပညာရှင် လက်ဇ်ရီဖယ် ၏ မြန်မာနိုင်ငံ အကြောင်း လေ့လာမှု တခုတွင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည်  လာရောက်လည်ပတ်သည့် အကြံဥာဏ်နှင့်အကူအညီပေးမည့် ဧည့်သည်များကြောင့်  ဗျာများနေကြောင်း ရေးသား ဖော်ပြထားသည်။ ယင်း “ပြဿနာ” ဧည့်သည်များစာရင်းတွင် သံတမန်များ၊ အကူအညီပေးရေး အေဂျင်စီ ကိုယ်စားလှယ်များ၊ INGOs များမှ ကိုယ်စားလှယ်များ၊ စီးပွားရေး အမှုဆောင်အရာရှိများ ပါဝင်သည်ဟု ဆိုသည်။
နိုင်ငံတကာမှ ဧည့်သည်များ အဆက်မပြတ် ၀င်လာခြင်းသည် မူဝါဒီဆိုင်ရာ အကောင်အထည်ဖော်သူများ၊ ဝန်ကြီးများ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကို အလုပ်ရှုပ်စေကြောင်း၊ ယင်း အရာရှိကြီးများသည် နေ့စဉ် ရောက်လာကြသည့် နိုင်ငံခြားသား ဧည့်သည်များ နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာ ကုန်ကြောင်း၊ မူဝါဒကောင်းများ နှင့် လုပ်ငန်း အကောင်အထည်ဖော်ရန် လုံလောက်သည့် အချိန် မရကြကြောင်း၊ အလားတူ အခြေအနေများကို ကမ္ဘောဒီးယား နိုင်ငံတွင်လည်း ကြုံတွေ့ကြောင်း မစ္စတာ ရီဖယ်က နှိုင်းယှဉ်၍ ပြောဆိုသည်။
ဆယ်စုနှစ်ပေါင်း များစွာ အထီးကျန် နေထိုင်ခဲ့ရသည့် ရန်ကုန်မြို့သည် အရှေ့အာရှမြို့တော် အားလုံးလိုလို ခံစားခဲ့ရသည့်  ဆိုးရွားသည့် ပြန်လည်မွမ်းမံတည်ဆောက်ရေး ဒဏ်မှ ဝေးခဲ့ရသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ ခြွင်းချက်ဖြစ်သည်။
ကောင်းမွန်ပြည့်စုံသည့် ဖွံ့ဖြိုးရေး စီမံကိန်းမျိုး ရေးဆွဲ ချမှတ် လုပ်ကိုင်နိုင်ခြင်း မရှိပါက ရန်ကုန်မြို့တော်သည် အခြား အာရှမြို့တော်များဖြစ်သည့် ဘန်ကောက်၊ မနီလာ၊ ဟိုချီမင်းနှင့် ဂျာကာတာ မြို့တော်များ တွေ့ကြုံခဲ့ရသကဲ့သို့ မလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သုံးသပ် ရရှိသည်။ တချိန်တည်းမှာပင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ဒေါ်လာငွေရှာပေးမည့်  ကိုလိုနီခေတ် ဗိသုကာ လက်ရာ အဆောက်အဦးများကို ဖြိုချနေပြီး ဈေးဆိုင်ကြီးများ၊ ရုပ်ဆိုးသော မိုးမျှော်တိုက်ကြီးများ၊ အဆင့်မြင့်တာဝါကြီးများ တည်ဆောက်ရန် ကြိုးစားနေပေပြီ။
“စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ကန့်သတ်ချက်များသည် ငွေရှင် ကြေးရှင် ကြီးများ၏ ဖိအားပေးမှု ကြောင့် အကျိုးသက်ရောက်မှု မရှိ” ဟု “ရန်ကုန်၏ အမွေအနှစ် အဆောက်အအုံ ၃၀” စာအုပ် ရေးသားသူ ဆာရာရွန်းနေက ပြောသည်။
ရွန်နေသည် ဘန်ကောက်မြို့တွင် နေထိုင်သူဖြစ်ပြီး ဘန်ကောက်မြို့တွင် အဆင်ခြင်မဲ့ ဗရမ်းဗတာ ဆောက်လုပ် ထားသည့် ကွန်ဒိုမီနီယမ်နှင့် ရုံးခန်း အဆောက်အဦး များစွာရှိကြောင်း၊ အဆောက်အဦး ဆောက်လုပ်နေသူများသည် ဆောက်လုပ်မည့် အဆောက်အဦးနှင့် ပတ်ဝန်းကျင်၏ အခြေခံ လိုအပ်ချက်များကို ဂရုမစိုက်ဘဲ ဆောက်လုပ်နေကြ ကြောင်း၊ ထိုသို့ စည်းကမ်းမဲ့ တည်ဆောက်မှုများကြောင့် ထိုင်းနိုင်ငံ၏ သမိုင်းဝင် ဘုရားပုထိုးများ၊ ထိုင်းရိုးရာ ဗိသုကာ လက်ရာများ ပျောက်ကွယ်သွားရကြောင်း၊  ယာဉ်သွားယာဉ်လာ လမ်းကြောင်းနှင့် ရပ်နားခြင်းများကို  ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်မှုများ ကြောင့် ထိုင်းပြည်သူများ၊ ရုံးဝန်ထမ်းများ သွားလာရေး အခက်အခဲ များစွာ ကြုံကြရကြောင်း၊ ထောင်ပေါင်း များစွာသော ရုံးဝန်ထမ်းများ ရုံးတက်ရုံးဆင်းရန် တနေ့လျှင် အချိန် ၃ နာရီခန့် ယူ၍ ယာဉ်ကြော ပိတ်ဆို့နေသည့် လမ်းပေါ်၌ ခရီးသွားနေကြရ ကြောင်း ၎င်းက ပြောသည်။
အများပြည်သူ အတွက် ရေရှည် အကျိုး ရှိစေမည့် အစီအမံများကို ထည့်သွင်း စဉ်းစား ဖော်ဆောင်ခြင်း မပြုပါက ရန်ကုန်သည် ဘန်ကောက်လို ဖရိုဖရဲ မြို့တော် ဖြစ်လာနိုင်ပြီး စနစ်တကျနှင့် မှန်မှန်ကန်ကန် အစီအမံများ ချမှတ် လုပ်ဆောင်မည် ဆိုလျှင် သန့်ရှင်း သပ်ရပ်၍ စံမီသော စင်ကာပူလို ဖြစ်လာပေမည်။
(Rangoon’s Future: Orderly Singapore or Disorderly Bangkok? ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်ဆိုသည်)
http://www.searchmyanmar.com/link/frame/cid/19032/domain/burma.irra...

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း


သစ္စာမရှိသော ချစ်သူကို Google Map မှ အမိဖမ်းခဲ့သည့် ရုရှားအမျိုးသမီး



Photo: သစ္စာမရှိသော ချစ်သူကို Google Map မှ အမိဖမ်းခဲ့သည့် ရုရှားအမျိုးသမီး
========================================
Marina Voinova လို့ အမည်ရှိတဲ့ အမျိုးသမီးလေးဟာ ရုရှားနိုင်ငံအတွက် Google maps လို အသုံးပြုတဲ့ Yandex Maps မှ တစ်ဆင့် သူမရဲ့ ချစ်သူ အလဇန္ဒားကို အခြား မိန်းကလေးတစ်ဦးနဲ့ ခြေပုန်းခုတ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘယ်ခေတ်မှာမှ ဒါမျိုး ဖြစ်နိုင်မှာ မဟုတ်ပေမယ့် ယနေ့ခေတ်မှာတော့ ဒီလို မထင်မှတ်ထားတာမျိုးတွေ ဖြစ်လာ ပါပြီ။ ဘာလို့လည်း ဆိုတော့ Google Maps ကနေ တိုက်ရိုက်ကြည့်လို့ရတဲ့ နေရာတွေက တစ်ဖြည်းဖြည်း များလာလို့ပါ။

ဖြစ်စဉ်မှာတော့ သူမဟာ အလက်ဇန္ဒား အိမ်ပြန်အလာမှာ ဘယ်ကို သွားခဲ့တယ်ဆိုတာကို Yandex Maps မှာ ၇ိုက်ထည့်ခိုင်းပါတယ်။
အဲဒီလိပ်စာကို ရှာခဲ့လိုက်ခြင်းဟာတော့ သူနဲ့ သူမတို့ ပြတ်စဲဖို့အတွက် နိဒါန်းလို့ပဲ ဆိုရမှာပါတယ်။

သူမက အင်တာနက်မှာ စရှာရှာချင်းကတော့ ကျွန်မအတွက် စိတ်မကောင်းဖြစ်စရာပါ။ နောက်ဆုံးတော့ ကျွန်မရဲ့ သစ္စာမရှိတဲ့ ချစ်သူအတွက် အပြစ်တင်စရာ ၀က်ဆိုဒ်လို့ပဲ ခံစားရပါတော့တယ် လို့ ပြောခဲ့ပါသည်။

ကဲ။။ ခြေပုန်းခုတ်ချင်သူများ google လေးဘာလေး လေ့လာပြီးမှ ခြေပုန်းခုတ်ကြပေါ့ဗျာ

OppositeyesMarina Voinova လို့ အမည်ရှိတဲ့ အမျိုးသမီးလေးဟာ ရုရှားနိုင်ငံအတွက် Google maps လို အသုံးပြုတဲ့ Yandex Maps မှ တစ်ဆင့် သူမရဲ့ ချစ်သူ အလဇန္ဒားကို အခြား မိန်းကလေးတစ်ဦးနဲ့ ခြေပုန်းခုတ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘယ်ခေတ်မှာမှ ဒါမျိုး ဖြစ်နိုင်မှာ မဟုတ်ပေမယ့် ယနေ့ခေတ်မှာတော့ ဒီလို မထင်မှတ်ထားတာမျိုးတွေ ဖြစ်လာ ပါပြီ။ ဘာလို့လည်း ဆိုတော့ Google Maps ကနေ တိုက်ရိုက်ကြည့်လို့ရတဲ့ နေရာတွေက တစ်ဖြည်းဖြည်း များလာလို့ပါ။

ဖြစ်စဉ်မှာတော့ သူမဟာ အလက်ဇန္ဒား အိမ်ပြန်အလာမှာ ဘယ်ကို သွားခဲ့တယ်ဆိုတာကို Yandex Maps မှာ ၇ိုက်ထည့်ခိုင်းပါတယ်။
အဲဒီလိပ်စာကို ရှာခဲ့လိုက်ခြင်းဟာတော့ သူနဲ့ သူမတို့ ပြတ်စဲဖို့အတွက် နိဒါန်းလို့ပဲ ဆိုရမှာပါတယ်။

သူမက အင်တာနက်မှာ စရှာရှာချင်းကတော့ ကျွန်မအတွက် စိတ်မကောင်းဖြစ်စရာပါ။ နောက်ဆုံးတော့ ကျွန်မရဲ့ သစ္စာမရှိတဲ့ ချစ်သူအတွက် အပြစ်တင်စရာ ၀က်ဆိုဒ်လို့ပဲ ခံစားရပါတော့တယ် လို့ ပြောခဲ့ပါသည်။

ကဲ။။ ခြေပုန်းခုတ်ချင်သူများ google လေးဘာလေး လေ့လာပြီးမှ ခြေပုန်းခုတ်ကြပေါ့ဗျာ

Oppositeyes

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ



Photo: တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း
တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ
Sunday, February 24, 2013 

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့်
ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ
နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း 
သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည်
ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိက
တာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်
ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့်
ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ
နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း
သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည်
ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိက
တာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်
ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်

သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်


ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့ ဆင်ကန်ရပ်ကွက်ရှိ အများပြည်သူ သောက်သုံး ရေကန်ကြီးကို ရွှေမှော် ၀န်း လူမှု ယဉ်ကျေး ကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များ ဆယ်ယူရှင်းလင်း ခြင်း၊ ကောနေသော ကန်မြေများ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တာမွေမြို့ နယ် ပုဏားကုန်းရပ်ကွက်အိမ်တစ်လုံး ပြိုကျ


တာမွေမြို့ နယ် ပုဏားကုန်းရပ်ကွက် ရွာလယ်လမ်းရှိ အိမ်အမှတ် (၁၀၃) အိမ်ထောင်စု နှစ်စုနေထိုင်တဲ့ သုံးခန်းတွဲ နှစ်ထပ် ဓနိမိုး ထရံကာ အိမ်တစ်လုံး ယနေ့  နေ.လည် ၂း၀၀ ၀န်းကျင်က ပြိုကျခဲ့ပါတယ်။
အတိုပါအိမ်မှာနေထိုင်သူတွေအလုပ်သွားနေစဉ်ပြိုကျခဲ့တာဖြစ်ပြီ့း လေဖြတ်နေတဲ့အသက် (၇၀) ခန့်  အဖိုးအိုတစ်ဦးကိုဝိုင်းဝန်းကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။


အေးချမ်းမွန်မှ Kumudra တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။