This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, December 21, 2012

အမေရိကန် စစ်တပ်က မြန်မာ စစ်အရာရှိများကို သင်တန်းပေးမည်

ရန်ပိုင်

မြန်မာတပ်မတော်အရာရှိများကို အမေရိကန်နိုင်ငံက တိုက်ခိုက်ရေးနှင့် မသက်ဆိုင်သည့် စစ်ဘက်ဆိုင်ရာ သင်တန်းများ စတင်ပေးတော့ မည် ဟု ၀ါရှင်တန်အခြေစိုက် AFP သတင်းတွင် ယမန်နေ့က ရေးသားဖော်ပြလိုက်သည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့်အနေဖြင့် နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဓိက အား ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးကဏ္ဍ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု များကို ပို့ချမည်ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးသားထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပခဲ့သော အမေရိကန်-မြန်မာ လူ့အခွင့်အရေး စကားဝိုင်း (US-Burma Human Rights Dialogue) သို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက် ကယ် ပေါ့စနာ (Michael Posner) ဦးဆောင် သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့၊ ဒု သမ္မ တရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ အမေရိ ကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီတို့နှင့်အတူ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာ နမှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဘက်အကြီး အကဲ ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်ကီ (Francis Wiercinki) နှင့် အကြီးတန်း အရာရှိများ တွေ့ဆုံဆွေးနွေးပြီးနောက် ဤကဲ့သို့ စစ်ဘက် ဆိုင်ရာ ဆက်ဆံရေး လမ်းပွင့်လာခြင်း ဖြစ်သည်ဟု သိရသည်။

“အမေရိကန်-မြန်မာ စစ်တပ်ချင်း ဆက်ဆံရေးမှာ အခြေတည်စ အခြေအနေကိုပဲ ကျနော်တို့ အာရုံစိုက်တာပါ။ သတိရှိရှိနဲ့ စံညွှန်းအတိုင်းဖြစ် တဲ့၊ သင့်လျော်ပြီး ရည်မှန်းချက်ပြီးမြောက်တဲ့၊ သတ်မှတ်ဘောင်ရှိတဲ့ စစ်တပ်ချင်း ဆက်ဆံရေး မျိုးကို ယေဘုယျအားဖြင့် ထောက်ပံ့ပေးနိုင် မယ့် အနေအထားမျိုးဟာ မြန်မာတနိုင်ငံလုံးချီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်စေပါလိမ့်မယ်” ဟု ပင်တဂွန် စစ်ဌာနချုပ်မှ အရာရှိတဦးကို ကိုးကားပြီး AFP သတင်းက ရေးထားသည်။

လာမည့် ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်မည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေး လေ့ကျင့်မှုတွင်လည်း လေ့လာသူအဖြစ် လေ့ လာ သူအဖြစ် တက်ရောက်ရန် မြန်မာတပ်မတော်ကို မကြာသေးမီက ဖိတ်ကြားထားပြီးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးသည့်နောက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရာ မကြာသေးမီက အမေ ရိ ကန် သမ္မတ ဘားရက် အိုဘားမာ လာရောက်လည်ပတ်သည့်အထိ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့သည်။

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက “သင်တန်းက နိုင်ငံရေး ဆိုင်ရာ ပို့ချမှု ပါမပါတော့ မသိဘူး။ လွတ်လပ်တဲ့နိုင်ငံ တပ်မတော်ချင်း ဆက်ဆံတာ အရမ်းကောင်းတဲ့ အစီအစဉ်ပါ၊ အပယ်ခံ ဖြစ်နေတာ ထက်စာရင် စွမ်းရည်ပြည့်ဝတဲ့ တပ်မ တော်ဖြစ်လာမယ့်ဟာ ကောင်းတာပေါ့” ဟု ဆိုသည်။

သို့သော်လည်း မိမိတို့ တပ်မတော်အနေဖြင့် သင်ကြားသည့် ပညာရပ်သည် ပြည်သူလူထုကို အကျိုးပြုရန်သာဖြစ်ပြီး ဒုက္ခပေးရန် မဟုတ် ဆို သည်ကိုလည်း မမေ့သင့်ကြောင်း ဦးတင်ဦးက ထောက်ပြပြောဆိုသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ သီတီနန် ပွန်ဆဒ်ဟီရက်ခ်က အမေရိကန်၏ စစ်တပ်ချင်း ပူး ပေါင်းဆောင်ရွက်မှုသည် စစ်သင်တန်းနှင့် စစ်လက်နက် သင်တန်းများ မဖြစ်သင့်ဘဲ မြန်မာစစ်ဗိုလ်ချုပ်များ အနေဖြင့် နိုင်ငံရေးတွင် ဝင်မ ပါ တော့ဘဲ စစ်တန်းလျားသို့ ပြန်ရေး လက်ခံလာစေရန်သာ ဖြစ်သည်ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာတပ်မတော် အရာရှိများကို သင်တန်းများပို့ချမည်ဟု ပြောဆိုချိန်သည် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်း ပြည် နယ်များအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားချိန်နှင့် တိုက်ဆိုင်နေသည်။

လွတ်လပ်ရေးရပြီး ကာလများ အင်္ဂလန်နိုင်ငံနှင့်သာ စစ်ရေးဆက်ဆံမှုရှိခဲ့သည့် မြန်မာတပ်မတော်သည် ၁၉၅၀ ခုနှစ်လွန် ကာလများတွင် အ မေရိကန်နိုင်ငံနှင့်ပါ စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ခဲ့သည်။

ထိုစဉ်က တပ်မတော် ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင်က မြန်မာစစ်တပ် စုဖွဲ့ပုံတချို့ကို အမေရိကန် စစ်တပ်များကဲ့သို့ တိုက်ခိုက်ရေးကို အားပြုသည့်ပုံစံသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့်အပြင် တပ်မတော် စိတ်ဓာတ် စစ်ဆင် ရေး ဌာနကိုလည်း ဖွဲ့စည်းကာ မြန်မာအ ရာရှိများကို အမေရိကန်သို့ စတင် စေလွှတ်လေ့လာစေခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန် ဗဟို ထောက်လှမ်းရေးအဖွဲ့ (CIA) နှင့် အနီးကပ် ဆက်ဆံပြီး ဗိုလ်မှူးချုပ် တင်ဦး၊ နိုင်ငံခြားရေး ဝန်ကြီး ဟောင်း ဦးလေးမောင်စသည့် စစ်ဘက်အရာရှိကြီးများကို ထောက်လှမ်းရေး အတတ်ပညာပိုင်းကိုပါ သင်ကြားစေခဲ့သည်။

ထို့အပြင် တောတွင်းတိုက်ခိုက်ရေး သင်တန်း (Ranger Course)၊ ကွန်မန်ဒိုသင်တန်း၊ အရာရှိသင်တန်း၊ ကာကွယ်ရေးတက္ကသိုလ် များသို့ပါ တခြားသော မြန်မာတပ်မတော် အရာရှိကြီးများကို စေလွှတ်ပြီး တက်ရောက်စေခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ် ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူး ချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့်ထင်ရှားသည့်စစ်ဘက် အရာရှိကြီးများ ဖြစ်သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်ချင်းဆက်ဆံရေး နည်းပါးသွား ခဲ့ပြီး မရှိမဖြစ် လိုအပ်သည့် နည်း စနစ်ပိုင်းဆိုင်ရာ သင်တန်းများကိုသာ စေလွှတ်နိုင်ခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့်အရေး ချိုးဖောက်မှုများကြောင့် နှစ် နိုင် ငံတပ်မတော်အကြား ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်တပ်မတော်နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာရာ မြန်မာတပ်မတော် အရာရှိများလည်း တရုတ်နိုင်ငံသို့ သွားရောက် ကာ သင်တန်းများ တက်ရောက်ခဲ့သည့်အပြင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား စသည့်နိုင်ငံများသို့ စေလွှတ်မှုများလည်း ရှိခဲ့သည်

လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

Lu Bo shared နှလုံးသားအာဟာရ's photo.
လူတိုင်း သိထားသင့်တဲ့ မစ္ဆရိယ (၅) မျိုး

(၁)  အာဝါသမစ္ဆရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူ့ကိုမျှ မနေစေလိုခြင်း၊ တစ်နည်း မိမိရနေသော ဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ်ကောင်းကောင်းရသလို သူများကို မရစေချင်တာမျိုး၊ ရသွားရင်ပဲဖြစ်ဖြစ် ရနေရင်ပဲဖြစ်ဖြစ် မကျေမချမ်းဖြစ်နေတာမျိုး)

(၂)  ကုလမစ္ဆရိယ
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်နေသော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်စေလိုခြင်း၊ လူဖြစ်လျှင် မိမိဆွေမျိုး မိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမိုချစ်ခင်သွားမည်ကို မလိုလားခြင်း။ (ကိုယ်နဲ့ ခင်နေတဲ့မိတ်ဆွေ သူများနဲ့ပိုခင်သွားမှာ စိုးရိမ်တာမျိုး) 

(၃)  လာဘမစ္ဆရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။ (ကိုယ့်ထက်သာနေတာကိုလည်း လက်မခံနိုင်ဘဲ မကျေနပ်တာ၊ အလိုမရှိတာ၊ မလိုလားတာမျိုး)

(၄)  ၀ဏမစ္ဆရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ် မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးမွမ်းသည်ကိုလည်း အလိုမရှိခြင်း။ (သူများရဲ့ ကောင်းဂုဏ်ကို မချီးမွမ်းနိုင်တာ၊ သူများပြောရင်လဲ မလိုလားပဲ မကောင်းလိုက်ပြောတာမျိုး)

(၅)  ဓမ္မ စ္ဆရိယ
 စာပေပရိယတ္တိနှင့် တရားအသိအမျိုးမျိုးကို မိမိ သိသလို သူတစ်ပါးအား မသိစေလိုခြင်း တို့ဖြစ်ကြလေသည်။ (ကိုယ်သိသလို သူများကို မသိစေချင်တာ၊ မတတ်စေချင်တာမျိုး)

ဒီ (၅)မျိုးကို လက်ခံထားရင် ကိုယ်တိုးတက်မယ့်ဂုဏ် မတိုးတက်ပါဘူး… ကိုယ်ရမယ့်ဟာတွေ ကိုယ်ဖြစ်လာမယ့် အရာတွေဟာ လမ်းပိတ်လိုက်သလို ဖြစ်သွားပါတယ်.. ကိုယ်ပြောစကား ကိုယ့်နှုတ်ထွက်စကားက သြဇာအာဏာ မရှိဘူးတဲ့…. သူများနားမထောင်ဘူးပေါ့… ဖြစ်ရာဘဝကိုလိုက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတယ်တဲ့… သူတစ်ပါးရဲ့ အကူအညီကိုလဲ မရတတ်ဘူးတဲ့…. အကုသိုလ်ကြီးလွန်းရင် အရမ်းသနားတတ်တဲ့သူ၊ အရမ်းပေးကမ်းတတ်တဲ့သူ၊ အရမ်းစာနာတတ်တဲ့သူနဲ့ တွေ့ရင်တောင် အဲ့ဒီလူအပေါ် သနားချင်စိတ်တွေ.. ပေးကမ်းချင်စိတ်တွေ.. စာနာချင်စိတ်တွေ…ကူညီချင်စိတ်တွေ ပျောက်သွားပါတယ်။

သူတစ်ပါးကြီးပွားပျော်ရွှင်တာကို၊ သူတစ်ပါးတို့ ချစ်ခင်ကြင်နာတာကို အန္တရယ်ပြုသည်အထိ ဝန်တိုခြင်း မစ္ဆရိယရှိသူအတွက် လက်ငင်းဆိုးကျိုး၊ သံသရာဆိုးကျိုးများကို သိလိုပါသည်ဟု မေးလျောက်ရာ ဗုဒ္ဓက မစ္ဆရိယသမားအတွက် လက်ငင်းဆိုးကျိုးကား သူတောင့်တသော အရာမှန်သမျှ ဘယ်တော့မှမရ။ ကူညီစောင့်မမည့်သူလည်း မရှိ။ 

သံသရာဆိုးကျိုးကား ငရဲ၊ တိရစ္ဆာန်စသော အပါယ်လေးဘုံသို့ ကျရောက်ရပြီး ထိုဘုံများမှလွတ်၍ လူ့ဘဝသို့ ရောက်ခဲ့လျှင် အဆင်းရဲဆုံးဘဝသို့ ရောက်ရသည်။ အမြဲလိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရတတ်သည်။ ဝမ်းစာကို နဖူးကချွေး ခြေမကျသည်အထိ ပင်ပန်းဆင်းရဲစွာ ရှာဖွေရသည်ဟု ဖြေကြားခဲ့ပေသည်။

ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ) 
(ဆရာတော်အရှင်ဇဝန မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” စာအုပ်မှဖြစ်ပါသည်။ အင်မတန်ကောင်းသော စာအုပ်ဖြစ်၍ ကိုယ်တိုင်မဖြစ်မနေ ဝယ်ဖတ်ကြည့်စေချင်ပါသည်) နှလုံးသားအာဟာရ

လက်နက်ထိန်းချုပ်ရေး အိုဘားမားဆော်သြ

20/12/12 | |
ဗွီအိုအေ (မြန်မာဌာန)

အမေရိကန်နိုင်ငံ သမိုင်းတလျှောက်မှာ ဒုတိယအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ကွန်နက်တီကပ် ပြည် နယ် မူလတန်းကျောင်းက ပစ်ခတ်မှုပြီးတဲ့နောက် ၅ ရက်အကြာမှာ တိုက်ပွဲသုံးလက်နက်တွေ ပိတ်ပင်ထားမှုကို ပြန်ပြီး အကောင်အထည်ဖော်ဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတအိုဘားမားက ဒုသမ္မတ ဂျိုးဘိုင်ဒန်ကို ဇန်န၀ါရီလကို နောက်ဆုံးထားပြီး သေနတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်းဖို့အတွက် အဆိုပြုချက်တွေ ရေးသားဖို့ကိစ္စကို ဦးဆောင်ဖို့ တာဝန်ပေးခဲ့ပါတယ်။

ကွန်နက်တီကပ်ပြည်နယ် နယူးတောင်းမြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှု ပြီးတဲ့နောက်မှာလည်း ရဲ အရာရှိတွေအပါအ၀င် အမေရိကန်နိုင်ငံသား အတော်များ များဟာ သေနတ်နဲ့ တိုက်ခိုက်ခံရတာတွေ ရှိခဲ့တယ်လို့ သူက ထောက်ပြသွားပါတယ်။

ဒီလိုဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ကြီး ဘာကြောင့် ဖြစ်သွားတယ်ဆိုတာကို သူ့အနေနဲ့ ဘယ်တော့မှ သိလာနိုင်ချင်မှ သိလာနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် သူတွေဟာ သေနတ်ကြောင့် တနေ့တခြား ပိုပြီးတော့ သေဆုံးလာနေတယ်ဆိုတာကိုတော့ သိလာရတယ်လို့ ပြောပါတယ်။ အဲဒီလို အကြမ်းဖက်မှုတွေဟာ အမေရိကန်လူမှု အသိုင်းအ၀ိုင်းအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သေနတ်ရောင်းတဲ့သူတွေဆီကနေ လက်နက်တွေလာဝယ်ကြတဲ့အခါမှာ လက်နက်တွေ ၀ယ်တဲ့သူတွေရဲ့ နောက်ကြောင်းရာဇ၀င်တွေကို စုံစမ်းစစ်ဆေးဖို့ သမ္မတအိုဘားမား က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာ မပျက်ပါ ၊ သို့သော်...

Lu Bo shared Myanmar Journal's photo.
ကမ္ဘာ မပျက်ပါ ၊ သို့သော်...
▬▬▬▬▬▬▬▬▬▬▬
မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူအဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။

တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။

သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ

၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ်လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာတယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရားသခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန်ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟောကိန်းကို ပြင်ဆင်ခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေအပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူ ခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။

၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီးဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူး ပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်းပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။

၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်းအဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။

၂ဝ၁၂၊ ဒီဇင်ဘာ ၂၁

သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေး အသုံးအဆောင်တွေ ဝယ်စုနေသူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။

တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာ ပြောဆိုထားပါတယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန် တို့က ရုပ်သံလိုင်းတစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ် စာတမ်း တချို့ကိုလည်း ဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့က စလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေက ရေးသား ဖော်ပြကြပါတယ်။

ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။

(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)

ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာဂြိုဟ်က နေကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။

ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူထပ်ကိန်းကျော့လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။
မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြောထားပါတယ်။

( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ )  လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည်တဲ့ သဘောမျိုး သူက ပြောပါတယ်။

ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်းက ငြင်းဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက် ရင်ဆိုင်တိုး ရမယ် လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြုသဘော ပြောရ ရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။

တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက် ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။

မူရင်းလင့် - http://www.myastroview.com/2012/12/blog-post_20.html?fb_action_ids=10151383190452053&fb_action_types=og.likes&fb_source=other_multiline&action_object_map=%7B%2210151383190452053%22%3A150642405083082%7D&action_type_map=%7B%2210151383190452053%22%3A%22og.likes%22%7D&action_ref_map=%5B%5D

သပိတ်ကျင်းမြို့ အနီး ငလျှင်ထပ်မံလှုပ်ခတ်

ယနေ့(ဒီဇင်ဘာ ၂၀ ရက်) မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ် ၅၆ စက္ကန့်တွင် မန္တလေး မြေငလျင် စခန်းမှ မြောက်ဘက် ၆၈ မိုင်အကွာ သပိတ်ကျင်း
မြို့၏ မြောက်ဘက် ၅ မိုင်အကွာ နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်
တစ်ခု လှုပ်ရှား သွားကြောင်း မန္တလေး မြေငလျင်သတင်းဌာနမှ သတင်း
ထုတ်ပြန်သည်။

အဆိုပါ ငလျင်ငယ်မှာ သပိတ်ကျင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲ
မြေငလျင်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် နံနက်တွင် အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့သော သပိတ်ကျင်းမြေငလျင် လှုပ်အပြီး နောက်ဆက်တွဲမြေငလျင်
လှုပ်ခဲ့သော အကြိမ်ရေ ၄၀ နီးပါးရှိပြီးဖြစ်သည်။

ဒီဇင်ဘာ ၁၇ ရက် နံနက် ၈ နာရီ ၂ မိနစ်ကျော်တွင်လည်း နေပြည်တော်
အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာကို ဗဟိုပြု၍ ၄ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။

7Day News Journal

မိမိအသည်းတစ်ဝက်ကို သမီးငယ်အား လှူဒါန်းသည့် မိခင်

Imogen ဆိုတဲ့ ကလေးငယ်ဟာ အသက်ကိုးပတ် အရွယ်ခန့်မှစပြီး
Biliary Atresia ရောဂါရှိတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။
သည်းခြွေပန်မပါဘဲ မွေးလာတဲ့ ကလေးဖြစ်ပြီး အစာထဲမှ အဆီကို ဖြိုခွဲဖို့ မဖြစ်နိုင်တဲ့အခြေအနေပါ။
ဒါကြောင့် အသည်းက အလုပ် အလွန်လုပ်ရပြီး အသည်းမှာ သည်းခြေရည်တွေ စုဆောင်းမှု ရှိနေကာ
သေဆုံးနိုင်တာကြောင့် အသည်းအစားထိုး ကုသမှုခံယူဖို့ ငါးလခန့် စောင့်ဆိုင်းနေစဉ်အတွင်း
အသက်ကယ်ဖို့ အရေးပေါ် အခြေအနေ ဖြစ်လာတဲ့အတွက် မိခင်ဖြစ်သူက
သူမရဲ့ အသည်းတစ်ဝက်ကို အစားထိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အင်မိုဂန် ၁၁ လအရွယ်မှာ အသည်းအစားထိုးဖို့ မိခင်နဲ့ကလေးဟာ ဆေးရုံ တစ်ခုစီမှာ
ခွဲစိတ်မှု ခံယူတယ်လို့ သိရပါတယ်။ မိခင် ချဲလော့ရဲ့ အသည်းအစိတ်အပိုင်း တချို့ကို
Queen Elizabeth ဆေးရုံမှာ ကိုးနာရီကြာအောင် ခွဲစိတ်ပြီး ထုတ်ယူကာ
ဘာမင်ဟန် ကလေးဆေးရုံမှ အင်မိုဂန်ကို အစားထိုး ကုသဖို့ ပေးခဲ့ပါတယ်။
အသည်းရဲ့ ပြန်လည် ပြုပြင်နိုင်စွမ်းကြောင့် သမီးငယ်ကို ပေးခဲ့တဲ့ ချဲလော့ရဲ့ အသည်း ဘယ်ဘက်ခြမ်းဟာ
ပုံမှန်အရွယ်အတိုင်း ကြီးထွားလာပြီး မိခင်မှာ ကျန်ရစ်ခဲ့တဲ့ ညာဘက် ခြမ်းမှာလည်း
ပုံမှန်အသည်း အရွယ်အစားအတိုင်း ပြန်လည်ကောင်း မွန်သွားပါတယ်။
ခွဲစိတ်ကုသမှုခံယူပြီး ခြောက်ရက်အကြာမှာမှ မိခင်ဟာ သူမရဲ့သမီးကို တွေ့ခွင့်ရရှိတယ်လို့ သိရပါတယ်။

From:yoyarlay

မြန်မာ့သမိုင်းမှာဘုရင်ကိုတရားစွဲခဲ့ဘူးတဲ့တောင်သူတွေရှိခဲ့ဘူးတယ်။

သက်ဦးဆံပိုင် ဘုရင်စနစ်မှာ သာမန် တောင်သူလယ်သမားတွေက ရှင်ဘုရင်ကို တရားပြန်စွဲပြီးတဲ့ ကိစ္စတွေ ဖြစ်ခဲ့ဘူးတယ်ဆိုတာ ယုံနိုင်စရာတောင် မရှိဘူးဗျာ။ ဘိုးတော်ဘုရား (ဦးဝိုင်း) လက်ထက်မှာ ဖြစ်ခဲ့တာ။ တစ်ရက် လွှတ်တော်မှာ ၀န်ကြီးစုံညီ အစည်းအဝေးလုပ်နေတုန်း ရတနာသိင်္ခက လယ်သမားကြီးတွေ ရောက်လာကြသတဲ့။ တကယ်တော့ အဲဒီလယ်သမားကြီးတွေဟာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ဆွေတော်မျိုးတော်တွေဖြစ်ပေမယ့် မင်းစိုးရာဇာလို မနေချင်လို့ တောင်သူကြီးအလုပ်ပဲ ပြန်လုပ်နေကြတဲ့ သူတွေပဲ။ ဘိုးတော်ဘုရား နန်းတက်ပြီးတော့ သူပိုင်တဲ့လယ်တွေကို ရွှေကြိုးတားသတဲ့။ အဲဒီလိုရွှေကြိုးတားပြီး နယ်နိမိတ်ပိုင်းခြားသတ်မှတ်တဲ့အခါ ချိုင့်တွေ၊ လျှိုတွေ၊ ဂမူတွေ ရှိနေလို့ သူပိုင်လယ်ကွက်အပြင် နီးစပ်ရာ လယ်ကွက်တွေကိုပါ ထည့်ပြီး ပိုင်းဖြတ် ရွှေကြိုးသတ်မှတ် ကြတဲ့အခါ ဒေသခံ တောင်သူတွေရဲ့ လယ်ကွက်တွေပါ ဘုရင်ပိုင်လယ်ကွက်ဖြစ်ကုန်လေတော့ အဲဒီလယ်သမား ကြီးတွေက ဘုရင်ကို ပြန်တရားစွဲဖို့ လွှတ်တော်ရောက်လာကြတာ။ (ဒီနေရာမှာ အလောင်းမင်းတရားကြီး ရဲ့ ဆွေတော်မျိုးတော်လယ်သမားတွေ ဖြစ်နေပေမယ့် အလောင်းမင်းတရားကြီး လွန်ပြီး ကြားထဲ မှာ နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်မင်း၊ စဥ့်ကူးမင်း နဲ့ ဖောင်ကားစားမောင်မောင် (သူကတော့ ၇ရက်ပဲ ဘုရင် ဖြစ်လိုက်တာ) တို့ ဘုရင်လုပ်ပြီးမှ ဘိုးတော်ဘုရားက ဘုရင်ဖြစ်ရတာ ဆိုတော့ နှစ်ပေါင်း လည်း ကြာလှပြီ။ ပြီးတော့ ဆင်ဖြူရှင် လက်ထက်မှာ သားတော် စဥ့်ကူးမင်းတို့ကို မင်းမြှောက်တော့ မင်းညီမင်းသားအချင်းချင်းတောင် အရာချ၊ ဖမ်းဆီးတဲ့ကိစ္စတွေဖြစ်ခဲ့တာ ဆိုတော့ တရားစွဲရဲတဲ့ လယ်သမားကြီးတွေဟာ ဆွေတော်မျိုးတော်ဖြစ်ပေမယ့် ဘုရင့် အမိန့် အကြောင်းမရွေးတာကြောင့် ဘုရင်ကို တရားစွဲရဲတဲ့ အတော်ကို ဇ ပြင်းတဲ့ပုဂ္ဂိုလ်ကြီးတွေပဲဗျ)
ဒီအမှုကို ဘယ်လွှတ်တော်ကမှ လက်မခံရဲပေမယ့် အမတ်ကြီး ဦးပေါ်ဦး က လက်ခံလိုက်ပါတယ်။ ဘိုးတော်ဘုရားကို ဆင့်ခေါ်ပါတယ်။ ပထမရက်ချိန်း ဘုရင်က မလာဘူး။ ဒုတိယရက်ချိန်းကမှ လာတာ။ အမှုကို တရားစားရိတ်အတွက် ဘုရင်က ကျခံပေးဖို့ ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ (ညိုမြ၊ ကုန်းဘောင်ရှာပုံတော် စာ ၁၀၃-၁၀၅)
ခုခေတ်လယ်သမားတွေတောင် ဒီမိုကရေစီ မိုးထဲရေထဲမှာ အဆာငတ်ခံတဲ့သူက ခံ.. အဖမ်းခံတဲ့သူ ခံ.. ဆန္ဒပြတာတောင် မရဲတရဲ ဆိုတော့ မြန်မာ့ သမိုင်းမှာ ဒါမျိုးဖြစ်ခဲ့တယ်ဆိုတာ (ခုမှ သတိထားမိတဲ့) ကျွန်တော့ အတွက်တော့ အံ့သြဘနန်း ဖြစ်ရပါတယ်။
 credit to ကိုကျော်သူရှိန်
စာပေဝေမျှသူ(မော်နီကာ)

ကမ္ဘာတစ်လွှားမှ ထူးထူးဆန်းဆန်း ဥပဒေအချို

ကမ္ဘာတစ်လွှားမှ ထူးထူးဆန်းဆန်း ဥပဒေအချို့ 

- အိုဟီးအိုး (အမေရိကန်) တွင် လိုင်စင်မရှိပဲ ကြွက်သတ်ပါက ရာဇဝတ်မှု မြောက်သည်။

- အစ္စရေးတွင် လိုင်စင်မရှိပဲ စက်ဘီး မစီးရ။

- ဆွစ်ဇာလန်တွင် အမျိုးသမီးငယ်များ အမျိုးသားတို့နှင့် လက်ဆွဲခွင့် မပြု။

- စင်္ကာပူက အများပိုင်နေရာများတွင်း ဆေးလိပ်၊ဆီကရက် သောက်သုံးခွင့် မပြု။

- တက္ကဆက် တွင် သူတစ်ပါးနွားမှ နို့ထုတ်ပါက ရာဇဝတ်မှုမြောက်သည်။

- ပြင်သစ်တွင် ရထားဘူတာတွင် နမ်းပါက ရာဇဝတ်မှုမြောက်သည်။

- တရုတ်ပြည်တွင် ကလေးတစ်ယောက်သာမွေးခွင့်ရှိ၊ ပိုမွေးပါက အခွန်ဆောင်ရ။

- ဆော်ဒီအာရေဗျိယ တွင် အမျိုးသမီးများအား ယာဉ်မောင်းခွင့်မပြု။

- ဆော်ဒီ အာရေဗျိယတွင် အမျိုးသမီးများ မဲပေးခွင့် မရှိ။

- ဆွီဒင်တွင် အစိုးရခွင့်မပြုပဲ အိမ်ဆေး ပြင်သုတ်ခွင့် မရှိ။

- စင်္ကာပူတွင် သွားဖုံးရောင်းချခွင့်ကို ဥပဒေဖြင် ကန့်သတ်ထား။

- ဆွစ်ဇာလန်တွင် ည ၁၀ နာရီနောက်ပိုင်း အိမ်သာဆေးပါက ရာဇဝတ်မှု မြောက်သည်။

International news for myanmar

မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ

........................................................................................
2012-12-20

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။

အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

" ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်"

ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။

" လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့"

ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။

မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။
မိုးကောင်းမြို့ ကျောင်းသားများ ကြက်ဆူသီးစားမိ၍ ဆေးရုံတင်ထားရ ........................................................................................ 2012-12-20 ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။ အသက် ၇ နှစ်နဲ့ ၈ နှစ်အရွယ် ကျောင်းသားငယ်တွေ အဲသလို ဆေးရုံတင်လိုက်ရတာနဲ့ ပတ်သက်ပြီး မရမ်းကျေးရွားမှာနေထိုင်သူ တစ်ဦးက RFA ကို အခုလိုပြောပါတယ်။ " ကျောင်းထဲမှာစိုက်ထားတဲ့ ကြက်ဆူသီးစားမိလို့ အဆိပ်ဖြစ်ပြီး တိုက်နယ်ဆေးရုံမှာ တင်ထားရတယ်၊ မေ့နေတဲ့သူ သုံးယောက်၊ လေးယောက်လောက်ပါတယ်၊ အကုန်လုံးက ခေါင်းမထောင်နိုင်ပဲလေးနေကြတယ်၊ အုပ်ချုပ်ရေးမှူးက နောက်ကနေလိုက်သွားတယ်" ကျောင်းသားငယ်များရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နမ္မတီးတိုက်နယ် ဆရာဝန်ကြီး ဦးအောင်နိုင်ဝင်းက ဒီလိုရှင်းပြပါတယ်။ " လောလောဆယ်ဆေးရုံးတင်ထားရတာ ၂၄ ယောက်ရှိတယ်၊ အခြေအနေကောင်းပါတယ်၊ ကြက်ဆူသီးစားမိလို့ မူးမယ်၊အန်မယ် သူ့လက္ခဏာက၊ အခြေအနေကိုစောင့်ကြည့်ရမှာပေါ့" ဆေးရုံတင်ထားရတဲ့ ကလေးငယ်တွေကို နမ္မတီးမြို့က ကုသိုလ်ဖြစ်လူမှုကူညီရေး အသင်းကနေပြီး ကူညီပေးဖို့စီစဉ်နေတယ်လို့ အဲ့ဒီအသင်းက ဦးဝင်းဘိုက ပြောပါတယ်။ မရမ်းအထက်တန်းကျောင်းမှာရှိတဲ့ ကြက်ဆူပင်တွေဟာ ၂၀၀၅ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးမှာ မစိုက်မနေရ စိုက်ခိုင်းချိန်တုန်းက စိုက်ပျိုးထားတဲ့အပင်တွေလို့ ဒေသခံတွေကဆိုပါတယ်။
credit to
ရိုမီယိုရဲ. ဒုတိယမြောက်
သတို.သမီး

ရေသောက်ရန် အကောင်းဆုံး အချိန်

ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏ မှန်မှန် သောက်သုံးမှသာ ထိထိရောက်ရောက် ကောင်းကျိုးပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေသောက်ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ
အတိုင်း ဖြစ်ပါတယ်။

၁။ မနက် အိပ်ယာထချိန်

ဖန်ခွက် တစ်ခွက် သို့မဟုတ် ၂ ခွက် စာ ရေသောက်သုံးခြင်း ဖြင့် သွေးလည် ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေး စေးပျစ်မှု လျော့ချပေးခြင်း၊ ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။

၂။ အစားမစားမှီ

အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ အစားစားပြီး

အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။

၎။ ညနေအချိန်

ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။

၅။ ညအိပ်ယာဝင်ခါနီး

ည အိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။

ချွင်းချက်- ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင် ရေအရမ်းဆာတတ်ပါတယ်။ အဲ့ဒီအချိန်ကျ ဘာမှ သတ်မှတ်မနေတော့ပဲ ရေအငတ်ပြေ ဖို့အတွက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည် သောက်သုံးခြင်း ထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော် ကောင်းမွန်းပါတယ်။

အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
---
Ref: medic facts
International news for myanmar

သားနှင့်ကား (ဖြစ်ရပ်မှန်ဝတ္ထုလေးတစ်ပုဒ်ပါ။ နည်းနည်းရှည်တဲ့အတွက် စိတ်ရှည်ပြီး သည်းခံဖတ်ပေးစေချင်ပါတယ်)

“ဂွပ်”
အောက်ခံခွက်ထဲသို့ ဖုန်းကို ဆောင့်ချလိုက်သောအသံက ဆောင့်အောင့်ထွက်သွားသည်။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် ထွက်လာသော တောက်ခေါက်သံမှာလည်း တစ်ခန်းလုံး
တုန်ဟည်းသွားသည်ဟု ထင်ရသည်။
စာကြည့်နေသော တစ်တန်းကျောင်းသားလေး “ဖြိုးဝေ” သည်ပင် လန့်သွားသဖြင့်
စာကိုမကြည့်ဘဲ ဖခင်ကို လှမ်းကြည့်လိုက်မိသည်။
ဦးမြင့်စိန် မကျေမနပ်နှင့် အံကို တင်းတင်းကြိတ်လိုက်မိသည်။
ဒီခေတ်က လူတွေဟာ ကတိသစ္စာ မရှိကြတော့ပါလား။ ညနေကမှ နှုတ်ဖြင့်
ကတိပြုခဲ့သောလုပ်ငန်းသည် ည (၉) နာရီမှာ ပျက်သွားလေပြီ။ ကျပ်သိန်း (၁၅၀၀) ဖြင့်
စကားပြောပြီးသားလုပ်ငန်းကို ယခုည (၉) နာရီကျမှ သိန်း (၁၃၀၀) ဖြင့် လာပြီး
ဈေးဆစ်နေသည်။
ဦးမြင့်စိန်၏ကန်ထရိုက်ဘ၀တစ်ခု
လုံးတွင် မဟုတ်တာ မလုပ်ခဲ့မှန်း သိပါလျက် ယခုလို
တင်စီးခြင်းမျိုးကို မည်သို့မျှ သည်းမခံနိုင်။ ထို့ကြောင့်လည်း
ဈေးလျှော့မပေးဘဲ လုပ်ငန်းကို ဖျက်လိုက်ပြီ ဖြစ်သည်။ ပေါချောင် မကောင်း
ကန်ထရိုက်တစ်ယောက်က ပစ္စည်း၊ ၀ိတ်အားတွေ လျှော့ပြီး သူ့အလုပ်ကို
ဝင်ပြီးလုပြီဖြစ်ကြောင်း ဦးမြင့်စိန် ပြေးမကြည့်ဘဲ သိသည်။
နှစ်အတန်ကြာက မြောက်ဒဂုံတွင် အတန်းကျောင်းကြီးတစ်ကျောင်း ပြိုကျသည်ကို
အမှတ်ရနေသည်။ ကျောင်းသူ၊ ကျောင်းသား၊ ဆရာမိဘ အတော်များများ သေဆုံးသွားကြသည်။
ကျောင်းအပ်ချိန်တွင် ဖြစ်သွားသောကြောင့် ပို၍ အသေအပျောက်များခြင်း ဖြစ်သည်။
“ပေါချောင်ကောင်း” ဆိုသော စကားသည် မှားနေသည်။ ပေါ-ချောင်နေမှတော့ ဘယ်သောအခါမှ
ကောင်းမည် မဟုတ်ပေ။ ယခုလို ပြိုကျခြင်းသည် ပစ္စည်းဝိတ်လျှော့ပြီး
ပေါ-ချောင်ဖြင့် ဆောက်ထားခြင်းကြောင့် မကောင်း၍ ပြိုကျခြင်းပင် မဟုတ်ပါလော။
မနေ့ညနေကျ နေ့ချင်းပြီး စာချုပ်မချုပ်လိုက်မိသော မိမိကိုယ်မိမိလည်း
အပြစ်တင်မိသည်။ ဧည့်ခန်းထဲတွင် စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်ရင်း
အချိန်ဖြုန်းနေမိသည်။ ဖြိုးဝေက (၉) နာရီဆို အိပ်နေကျ။ ယခု (၁၀)
နာရီထိုးတော့မည်၊ ဖခင်က မထသေး။ မိခင် မရှိတော့ကတည်းက ဖခင်ကို
ပုံချစ်နေရှာသော ဖြိုးဝေတစ်ယောက် ဖခင်နှင့်သာ အတူအိပ်ချင်သည်။
ဖခင်ပြောသော အိပ်ရာဝင်ပုံပြင်များကို နားထောင်ချင်သည်။ ထို့ကြောင့်လည်း
ဖခင်နားသို့ မရဲတရဲကပ်၍-
“အဖေ၊ အိပ်ကြစို့လေ”
“သွားအိပ်နှင့်ကွာ”
ဖြိုးဝေတစ်ယောက် အတွန့်မတက်ရဲတော့ဘဲ အိပ်ခန်းထဲသို့
ကုပ်ချောင်းချောင်းလေး ၀င်သွားသည်။ အရင်တစ်ရက်က “မအိပ်ချင်သေးဘူး” ဟု
ပြောကာ ယခုလို စီးကရက်တွေ ထိုင်ဖွာနေသော ဖခင်ကို သူက
နွဲ့ဆိုးဆိုးသည့်အနေဖြင့် လက်ကို ဆွဲခေါ်မိသည်။ သူ ထင်ထားသည်က
“သားကလည်းကွာ၊ အဖေ မအိပ်ချင်သေးဘူးလို့ ပြောလျက်သားနဲ့” ဟု ဆိုကာ
လိုက်ပါလာမည်ဟု ထင်သည်။ ထိုအရင်ညများက ဤကဲ့သို့ပင် လိုက်ပါလာခဲ့သည်
မဟုတ်ပါလော။
သို့သော် ထိုနေ့ညက အဖေကတော့ အိပ်ရာထဲသို့ မရောက်။ အဖေ့လက်ဝါးတစ်ဖက်ကသာ
ဖြိုးဝေ၏နားရင်းပေါ်သို့ ဖြောင်းခနဲနေအောင် ရောက်လာခဲ့သည်။ ဖြိုးဝေ
ယိုင်လဲမတတ်ဖြစ်သွားသည်။ နားအူသွားသလို မျက်စိလည်း ပြာခနဲ ဖြစ်သွားသည်။
နာတာထက် ဘာဖြစ်လို့ ရိုက်မှန်းမသိတာက သူ့ကို ပို၍ ၀မ်းနည်းစေသည်။
ငိုခြင်းသည် ကလေး၏သောကထွက်ပေါက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဖြိုးဝေ
ငိုမည်ပြုသောအခါ အဖေက-
“မင်း အသံတစ်ချက် ထွက်ကြည့်စမ်း။ မျက်ရည်တစ်စက်ကျကြည့်စမ်း။ သေအောင်ကို
ရိုက်ပစ်မယ်။ သေသွားတဲ့ မင်းအမေလိုပဲ ဘာမှ လူရိပ်လူကဲ နားမလည်ဘူး။ ဒီမှာ
အလုပ်ကိစ္စ အဆင်မပြေလို့ စိတ်တိုနေပါတယ်ဆိုမှ လူကို လာပြီး
ဆွဲလားရမ်းလားနဲ့”
ထိုအချိန်မှစပြီး အဖေ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ပြီး
သုန်သုန်မှုန်မှုန်ဖြစ်နေချိန်ဆိုလျှင် “အပြစ်မရှိလည်း အဖေက သူ့ကို
ရိုက်တတ်သည်” ဟု ဖြိုးဝေ အသေမှတ်ထားလိုက်သည်။ အဖေ ပြောတဲ့ အလုပ်ကိစ္စ
အဆင်မပြေ ဆိုတာကို သူနားမလည်ပါ။ သူ နားလည်တာက ကျောင်းသွားမယ်၊ ကစားမယ်၊
စားမယ်၊ အဖေနဲ့အတူ အိပ်မယ်၊ အဖေပြောတဲ့ပုံပြင်ကို နားထောင်မယ်။ ဒါပဲ သူ
သိသည်။
ခုတင်ပေါ် ရောက်တော့ အိပ်ရာထဲ လှဲချလိုက်သည်။ ဘေးနားမှာ အဖေ မရှိတော့
ဖြိုးဝေ တစ်ခုခုလိုနေသလို ဖြစ်နေသည်။ ဘာလိုနေမှန်းလည်း သူ မသိ။ (၁၂)
နာရီလောက်တွင် အိပ်ခန်းထဲသို့ ဦးမြင့်စိန် ၀င်လာသည်။ အိပ်ရာပေါ်သို့
လှဲချလိုက်သော်လည်း အိပ်၍မရ။ ကတိပျက်သော သူဌေးဦးစိန်မျက်နှာက မျက်စိထဲ
ပေါ်လာသည်။ အခုအချိန်မှာသာ ထိုသူအနားမှာရှိလျှင် အမှုန့်ကြိတ်ပစ်မိမည်
ထင်သည်။
ထိုအချိန်မှာပင် စူးရှရှအနံ့တစ်ခုက ဦးမြင့်စိန်၏နှာခေါင်းထဲသို့
ဝင်လာသည်။ ဦးမြင့်စိန်နှာခေါင်းကို ရှုံ့ပွ ရှုံ့ပွ လုပ်ကြည့်လိုက်သည်။
သေချာပြီ။ သေးနံ့။ ဒီကောင် ဖြိုးဝေ သေးပေါက်ပြန်ပြီ။ ဦးမြင့်စိန်
မီးဖွင့်ပြီး အိပ်ရာခင်းကို ကြည့်လိုက်ရာ ဧရာမ သေးကွက်ကြီးကို
တွေ့လိုက်ရသည်။
“ဟေ့ကောင်- ထစမ်း”
ဦးမြင့်စိန်က ဖြိုးဝေလက်ကို ဆွဲဆောင့်ပြီး ထိုင်ခိုင်းလိုက်သည်။
ဖြိုးဝေးမှာ အသနားခံသောမျက်လုံးလေးနှင့် ဖခင်ကို ပြန်ကြည့်ရုံမှတစ်ပါး
ဘာမှမပြောနိုင်ရှာ။ သူ သေးပေါက်သောပြစ်မှုကြောင့် ကြိမ်ဒဏ် (၁၀) ချက်စီ
နှစ်ကြိမ် အရိုက်ခံရပြီးပြီ။ ယခု တတိယအကြိမ် အရိုက်ခံရဦးတော့မည်။ သူ
သတိထားသော်လည်း အိပ်ပျော်သွားသည်နှင့် သေးက ဘယ်လိုလုပ် ထွက်သွားမှန်း သူ
မသိ။
ဖြိုးဝေ သူ့အဖေကို လှမ်းကြည့်လိုက်သောအခါ အိပ်ခန်းထောင့်တွင် ထောင်ထားသော
ကြိမ်လုံးကို ဆွဲမယူဘဲ ဧည့်ခန်းဘက် ထွက်သွာသဖြင့် ဘယ်လိုအပြစ်များ
ပေးမှာပါလိမ့်ဟု သူတွေးသည်။ သူ့အဖေ အခန်းထဲ ၀င်လာသောအခါ
ပလတ်စတစ်ကြီးများနှင့် သူ ကစားသော သားရေကွင်းများ ပါလာသည်ကို တွေ့ရသည်။
သူနှင့် သားရေကွင်းပစ်တမ်း ကစားဖို့တော့ မဖြစ်နိုင်။ သူ့အဖေမျက်နှာက
ဒေါသကြောင့် ကြမ်းတမ်းခက်ထန်နေသည် မဟုတ်ပါလား။
အခန်းထဲ ရောက်သောအခါ ဦးမြင့်စိန်က ဖြိုးဝေတစ်ကိုယ်လုံးမှအ၀တ်များကို
ဆွဲချွတ်သည်။ ကိုယ်လုံးတီးဖြစ်သွားသောအခါ မတ်တတ်ရပ်ခိုင်းပြီး ဖြိုးဝေကို
လက်ပြန်ကြိုးတုပ်သည်။ ပြီးသောအခါ ဖြိုးဝေနှင့် (၁၀) ပေအကွာလောက်တွင်
သွားရပ်ပြီး သားရေကွင်းဖြင့် ပစ်ရန် စီစဉ်နေသည်။ သားရေကွင်းဖြ့် ပစ်လျှင်
ကြိမ်လုံးနဲ့ရိုက်တာလောက် မနာနိုင်ဟု ယူဆပြီး ဖြိုးဝေက ဟင်းချုလိုက်သည်။
မပစ်မီ သူ့အဖေ ပြောလိုက်သောစကားကြောင့် ဖြိုးဝေ လန့်ပြီး
တုန်တောင်သွားမိသည်။
“ကဲ- ဖြိုးဝေ၊ မင်းကို သေးပေါက်လို့ ငါ နှစ်ကြိမ်တောင် ရိုက်ခဲ့ပြီ။
ဒါပေမယ့် မင်းက မပြုပြင်ခဲ့ဘူး။ ငါ့ကို သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။
အပြစ်ရှိတဲ့နေရာကို အပြစ်ပေးမှ ပြုပြင်မှာ ဆိုတဲ့စကားပဲ။ အခုလည်း
သေးပေါက်မှုကျူးလွန်ခဲ့တဲ့နေရာကို အပြစ်ပေးရမယ်”
ဖြိုးဝေ သူ့အဖေကို မကြည့်ရဲတော့။ မျက်လုံးကို မှိတ်ထားလိုက်သည်။ “ရွှပ်”
ဟူသောအသံအဆုံးမှာပင် သူ့အင်္ဂါဆီမှ ပူခနဲဖြစ်သွားပြီး သူ “အား” ဟု
အော်လိုက်မိသည်။
“ဟေ့ကောင်- အသံမထွက်နဲ့”
ဟူသော အမိန့်ပေးသံကြောင့် နောက်အချက်တွေထိတိုင်း သူ အော်ချင်စိတ်ကို
မျိုသိပ်ပြီး ပါးစပ်ကို ပိတ်ထားသည့်ကြားက “အ” ဟူသော အသံလေးကတော့
ထွက်သွားသေးသည်။ အသည်းခိုက်အောင် နာသော်လည်း ဖြိုးဝေ မငိုရဲ။
မျက်ရည်တွေသာ တွေတွေကြီးကျနေသည်။ လေး၊ ငါးချက် ပစ်ပြီးသောအခါ
ဦးမြင့်စိန်က ဖြိုးဝေကို ဆွဲထုတ်သွားပြီး တံခါးမကြီးကို ဖွင့်ကာ
အိမ်အပြင်သို့ ထုတ်လိုက်သည်။
“သေးပေါက်တဲ့သူ ဆိုတာ အိပ်ရာပေါ် မအိပ်သင့်ဘူး။ အပြင်မြေကြီးမှာပဲ အိပ်”
“ဂျိမ်း....”
ဟူသော တံခါးပိတ်သံကိုသာ ကြားလိုက်ရသည်။ အိမ်ရှေ့ဆင်ဝင်တွင် ဖြိုးဝေ
ဒီအတိုင်း ရပ်နေမိသည်။
မည်မျှကြာကြာရပ်နေမိသည် မသိ။ သံချောင်းခေါက်သံ နှစ်ချက်ကြားလိုက်ရသည်။
ချမ်းလည်းချမ်း၊ ခြင်ကလည်း ကိုက်သည်။ ထိုအချိန်မှာပင်
နောက်ဖေးတံခါးဖွင့်သံကြားရပြီး အမျိုးသမီးကြီးတစ်ယောက် စောင်တစ်ထည်နှင့်
ရောက်လာသည်။ သူ လှည့်မကြည့်ဘဲ သိပါသည်။ အိမ်ဖော် “ဒေါ်တိုး” ပင်။ ဒေါ်တိုးက
သူ့ကိုယ်ပေါ်တွင် စောင်ခြုံပေးကာ ပွေ့ခေါ်ဖို့ဖြစ်သည်။ ဒေါ်တိုးမှာ
လူမမည်ကလေးအတွက် ရှိုက်ပြီးငိုနေသည်။
“သားလေးရယ်၊ အဲဒါ သားလေးရဲ့အမေ မရှိတော့လို့ ခုလိုဖြစ်ရတာ သိလား။ လာ
သားလေး၊ အဒေါ့်အခန်းထဲ သွားမယ်”
ဒေါ်တိုးက သူ့လက်မှ ကြိုးတွေကို ဖြေပေးဖို့ ကြိုးစားတော့ သူ
ရုန်းကန်ဖယ်ရှားလိုက်သည်။
“ဒေါ်တိုး၊ သားလက်က ကြိုးတွေ မဖြေနဲ့လေ”
“ဘာဖြစ်လို့လဲ သားရဲ့”
“အဖေက သားကို အပြစ်ရှိလို့ ဒဏ်ပေးထားတာလေ။ သားက အိပ်ရာထဲ သေးပေါက်မိတာကိုး”
“သားရယ်၊ ဒီအရွယ်ဆိုတာ ဒီလိုပဲ ပေါက်မိကြတာပါပဲ။ ကြီးလာတော့ သူ့ဘာသာသူ
ပျောက်သွားတာပဲ”
“အဖေက မြန်မြန်ပျောက်စေချင်လို့ နေမှာပေါ့ ဒေါ်တိုးရဲ့”
“သားအဖေက သားကို အဲဒီလောက် ရိုက်နှက် နှိပ်စက်နေတာ သား မမုန်းဘူးလား”
“မမုန်းပါဘူး။ သားမှာ ချစ်စရာဆိုလို့ အဖေပဲ ရှိတာလေ။ ပြီးတော့ အဖေက
ပြောတယ်။ သားကို ချစ်လို့ ရိုက်တာတဲ့”
“အမလေးတော်- တကယ့် သူတော်ကောင်းလေးနဲ့မှ လာတွေ့နေရတာကိုး။ အဲဒါဆိုရင်လည်း
ပြီးတာပါပဲတော်။ ကျုပ်တို့ကတော့ ဘေးကနေကြည့်ပြီး သနားလိုက်ရတာ။ ခုတော့
အလကားပါပဲ”
ထိုကဲ့သို့ပြောဆိုပြီး ဒေါ်တိုး နောက်ဖေးပေါက်မှ ပြန်ဝင်သွားသည်။ မနက်
မိုးမလင်းခင် ဒေါ်တိုးက သူ့ကိုယ်ပေါ်မှစောင်ကို လာယူသွားသည်။
ဦးမြင့်စိန်သိလျှင် ဆူမှာစိုးသောကြောင့် ဖြစ်သည်။
မိုးလင်းလင်းချင်း ဦးမြင့်စိန်တစ်ယောက် ၀ရုန်းသုန်းကားနှင့် ထလာကာ
အိမ်ရှေ့တံခါးမကြီးကို ဆွဲဖွင့်သည်။ ဖြိုးဝေက သူထားခဲ့သည့်အတိုင်း
လက်ပြန်ကြိုးတုပ်လျက် မတ်တတ်ရပ်လျက်ကလေးပင်။  ဦးမြင့်စိန်
သူ့ရက်စက်မှုအတွက် စိတ်မကောင်းဖြစ်သွားသည်။ မျက်ရည်များ ၀ိုင်းလာကာ-
“သား”
ဟု ခေါ်ရင်း ဖြိုးဝေကို ကြိုးတွေဖြေပေးပြီး ပွေ့ချီယူလာသည်။ သူ
တစ်နာရီလောက်သာ ဒဏ်ပေးဖို့ စိတ်ကူးထားသော်လည်း အိပ်ပျော်သွားခြင်း
ဖြစ်သည်။ ဖြိုးဝေက စိတ်မဆိုး။ သူ့အဖေ၏ပါးကိုပင် ဖက်နမ်းနေသေးသည်။
“သားကို ချစ်လို့ ဆုံးမတာနော် အဖေ”
““အေးအေး- ဟုတ်တယ် သား၊ ချစ်လို့ ဆုံးမတာပါကွယ်”
ပြောရင်းဖြင့် ထွက်လာမည့်မျက်ရည်တွေကို ဦးမြင့်စိန် မျက်နှာကိုရှုံ့ပြီး
ပြန်သွင်းနေသည်။ ဖြိုးဝေကို သူကိုယ်တိုင် မျက်နှာသစ်ပေးလိုက်သည်။ အကျီ၊
ဘောင်းဘီတို့ကိုလည်း သူကိုယ်တိုင်ဝတ်ပေးနေသည်။ “ငါ့သားလေးကို နောက်
ဘယ်တော့မှ မရိုက်မိအောင် သတိထားမည်” ဟူ၍လည်း ဆုံးဖြတ်လိုက်သည်။

xxxxxxxxxxxxx           xxxxxxxxxxxxxxx              xxxxxxxxxxxx
            xxxxxxxxxxxx

ထိုနေ့က ဖြိုးဝေတစ်ယောက် ရင်ခုန်စွာဖြင့် သူ့အဖေကို မျှော်နေမိသည်။
ဦးမြင့်စိန်က သူ့အပေါ် ရောရောနှောနှော မနေသောကြောင့် တခြားကလေးတွေကို
“အဖေ့ကို တအားချစ်တယ်” ဆိုသောစကားကို နှုတ်က ထုတ်မပြောရဲ။ ထို့ကြောင့်
ဗလာစာအုပ်၏ပထမဆုံးစာမျက်နှာတွင် စာလုံးအကြီးကြီးဖြင့် “အဖေ့ကို
တအားချစ်တယ်။ သား- ဖြိုးဝေ” ဟူ၍ ရေးထားပြီး
ဦးမြင့်စိန်၏အလုပ်စားပွဲပေါ်တွင် တင်ထားလိုက်သည်။ အဖုံးကို
လှန်လိုက်သည်နှင့် သူ ရေးထားသောစာကို အဖေတွေ့လျှင် သူ့ကိုလည်း
ပိုချစ်လာမည်ဟု ဖြိုးဝေက တွေးထားသည်။
သူ့အဖေသည် သူ့ကို တစ်ကြိမ်သာ နမ်းဖူးသည်။ ထိုညက သူ ခေါင်းကိုက်နေသဖြင့်
တော်တော်နှင့် အိပ်မပျော်။ သို့သော် မျက်လုံးကိုတော့ မှိတ်ထားသည်။ ည
တော်တော်နက်တော့မှ အဖေက သူ့ပါးကို ဖွဖွလေး လာနမ်းသည်။ ပျော်လွန်းလို့
သူခေါင်းကိုက်တာတောင် မေ့ပျောက်သွားသည်။ နောက်ညတွေမှာလည်း အဖေနမ်းတာ
သိချင်လို့ ဖြိုးဝေ အိပ်မပျော်အောင် စောင့်နေသေးသည်။ သို့သော် မရ။
ခေါင်းအုံးပေါ် ခေါင်းကျပြီးသည်နှင့် မကြာမီ အိပ်ပျော်သွားတာများသည်။
သူ့အင်္ဂါကို သားရေကွင်းဖြင့် အပစ်ခံရသောနေ့မှစ၍ သူ မအိပ်ဘဲနေသည်မှာ (၃)
ညရှိပြီ။ အိပ်ပျော်သွားလျှင် သေးပေါက်မိမှာ စိုးရိမ်သောကြောင့်ပင်
ဖြစ်သည်။ သူ့အဖေကတော့ သူ မအိပ်ဘဲနေတာကို မသိ။ သေးမပေါက်တာကိုသာ သိသည်။
စာသင်ရင်း အိပ်ငိုက်လို့ အရိုက်ခံရတာလည်း (၃) ရက်တောင် ရှိပါပြီ။ ဟော-
အဖေတို့ ကားဝင်လာသံ ကြားရသည်။ အိမ်ထဲ ၀င်လာကြပြီ။ အဖေ့မိတ်ဆွေ
ဦးညွန့်လည်း ပါလာသည်ကို တွေ့ရသည်။ စားပွဲရှေ့ရောက်တော့ အဖေက
သူ့စာအုပ်ကို မကြည့်။ နံရံတွင် မှန်ဘောင်သွင်းထားသော စာတန်းတစ်ခုကို
လက်ညှိုးထိုးပြနေသည်။
“ဦးညွန့်၊ ဟိုမှာ ဖတ်ကြည့်လိုက်စမ်းပါ။
အိုးထိန်းသည်သည် အိုးကို နာနာရိုက်သည်မှာ အိုးကောင်းဖို့အတွက် ဖြစ်သည်။
ထို့အတူ ဆရာ၊ မိဘက တပည့်၊ သားသမီးအား နာနာရိုက်သည်မှာ လိမ္မာဖို့အတွက်သာ
ဖြစ်သည်။
ဦးညွန့်လည်း ကိုယ့်သားသမီးကို နာနာသာရိုက်ပြီး ဆုံးမဗျာ။
အရိုက်ခံရတဲ့တုတ်ချက်များလေ သူတို့ဘ၀ ပိုကောင်းလေပဲ။ ကျွန်တော့်သားဆို
ကြည့်ပါလား။ အိပ်ရာထဲ သေးပေါက်တာ သုံးရက်တောင် ရိုက်ယူရတယ်။
တတိယအကြိမ်ကျတော့ ရိုက်ပြီး အပြင်ဘက်မှာ ထုတ်ထားလိုက်တယ်။ အခု သေးပေါက်တာ
ပျောက်သွားပြီ”
သူ့အဖေကို လှမ်းကြည့်နေသော လိုက်ကာနောက်မှ ဖြိုးဝေတစ်ယောက် ယနေ့ထိအောင်
နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေသော သူ့ငယ်ပါကို ရုတ်တရက် အလန့်တကြား
လက်ဖြင့် ပြန်အုပ်ကိုင်မိသွားသည်။ အဖေက အပြစ်ရှိတဲ့နေရာကို ဒဏ်ပေးတာတဲ့။
“ဦးမြင့်စိန်ကလည်းဗျာ၊ ရိုက်မှလည်း မဟုတ်ပါဘူး။ ချော့မော့ပြီး ပြောလည်း
ရပါတယ်။ ကျွန်တော့်သားသမီးတွေကိုဆို ကျွန်တော်က အေးဆေးပဲ
နားဝင်အောင်ပြောပြီး ဆုံးမတယ်။ ရပါတယ်ဗျ။ ကျွန်တော်တို့မိဘတွေက
သားသမီးတွေနဲ့ ရင်းရင်းနှီးနှီးနေတယ်။ မိတ်ဆွေလို ပေါင်းတယ်။ အဲဒီတော့
ကျွန်တော်တို့ကလည်း ဘာဖြစ်ဖြစ် မိဘနဲ့ တိုင်ပင်ရဲတယ်။ ပြောရရင်
ကျွန်တော်တို့က မိဘကို ချစ်တာ၊ လေးစားကြည်ညိုတာပဲ ရှိတယ်။  မကြောက်ဘူး။
ကြောက်စရာလည်း မဟုတ်ဘူးလေ”
“အဲဒါဆိုရင် မှားတာပေါ့ဗျ။ သားသမီးဆိုတာ မိဘကို ကြောက်မှဖြစ်မှာပေါ့”
“ချစ်ခင်ကြည်ညိုတဲ့သားသမီးက မိဘစကားကို ရှေ့မှာလည်း နားထောင်တယ်၊
ကွယ်ရာမှာလည်း နားထောင်တယ်။ ကြောက်ရုံကြောက်တဲ့ သားသမီးက မိဘစကားကို
ရှေ့မှာသာ နားထောင်တာ။ ကွယ်ရာမှာ နားမထောင်ဘူးဗျ”
“ကျွန်တော်ကတော့ သားသမီးကို စိတ်ထဲကပဲချစ်၊ အပြစ်ထွက်မချစ်နဲ့၊
ကန်းတက်လိမ့်မယ်ဆိုတဲ့စကားကိုပဲ သဘောကျတယ်။ ကျွန်တော့်သားလေးကို
ကျွန်တော် တအားချစ်တယ်။ ဒါပေမယ့် ကန်းမတက်အောင် ကျွန်တော်ချစ်တာကို
ကိုယ်အမူအရာနဲ့ မပြဘူး။ နှုတ်နဲ့လည်း မပြောဘူး။ ကိုယ့်သားကို
နမ်းချင်ရင်တောင် သူအိပ်ပျော်တဲ့အချိန်မှ နမ်းတယ်”
“ဘာလဲ၊ ခင်ဗျားဆိုလိုတာက စိတ်ထဲက ချစ်နေရင် ပြီးတာပဲ။ ကိုယ်နဲ့ နှုတ်နဲ့
ပြစရာမလိုဘူး။ ဒီလိုလား”
“ဟုတ်တယ်လေ”
ဦးညွန့်ပြောသောစကားများမှာ သဘာဝကျနေသည်။ သို့သော် နှစ်ပေါင်းများစွာ
စွဲလာသော အယူဝါဒတစ်ခုကို ချက်ချင်း စွန့်ပစ်ဖို့ ဦးမြင့်စိန်
အခက်ကြုံနေသည်။ သူ့စားပွဲပေါ်မှ ဖြိုးဝေ၏ဗလာစာအုပ်လေးကို တွေ့လိုက်သည်။
တော်တော် စည်းကမ်းမရှိတဲ့ကလေး။ သူ့ကျောင်းစာအုပ်ကို ဘာကြောင့်
သူ့အလုပ်စားပွဲပေါ် လာတင်ထားရသနည်း။ လှမ်းအော်လိုက်မည်ပြင်ပြီးမှ
ဦးညွန့်၏ပြောစကားကို အမှတ်ရသွားပြီး ခက်ထန်စွာ မအော်မိတော့ပေ။
“သား- ဖြိုးဝေ”
“ခင်ဗျာ”
“ဒီမှာ သားစာအုပ် လာယူ”
“ဟုတ်ကဲ့”
ဖြိုးဝေ လက်ပိုက်ပြီး ဦးမြင့်စိန်ရှေ့သို့ ရောက်လာသည်။ သို့သော်
တရားသူကြီးရှေ့သို့ရောက်သော တရားခံကဲ့သို့ ဘေးဘီ မကြည့်ရဲဘဲ
အောက်သို့ငုံ့ရင်း ရောက်လာသည်။
“သားစာအုပ်က ဘာဖြစ်လို့ အဖေ့စားပွဲပေါ် ရောက်နေတာလဲ”
“ဟို....ဟို....”
ဖခင်ကို ကြောက်သည့်စိတ်က လွှမ်းမိုးနေသောအခါ မှန်သော၊ အကျိုးရှိသော၊
နှစ်သက်မှုကို ဖြစ်စေနိုင်သော စကားကိုပင် ဖြိုးဝေ မပြောရဲတော့။ မလိုအပ်ဘဲ
အကြောက်လွန်နေခြင်းသည် နူးညံ့သော စိတ်ဝေဒနာတစ်မျိုးပင် ဖြစ်၏။
“ရော့- နောက် ကျောင်းစာအုပ်ကို တခြားနေရာမှာ မရှိစေနဲ့။ သူ့နေရာနဲ့သူထား”
“ဟုတ်...ဟုတ်ကဲ့”
“ကဲ- သွားတော့”
ဦးမြင့်စိန် စာအုပ်ကို လှမ်းပေးလိုက်သည်။ စာအုပ်ကိုယူကာ ဖြိုးဝေ
ထွက်သွားသည်။ ဦးမြင့်စိန်သည် ရှင်ဘုရင်ဘ၀က လာလေသလော မသိ။ ထိုကဲ့သို့
သူ့ကို မော်မကြည့်ရဲခြင်းကို သူ အလွန်နှစ်သက်သည်။ သူပြောသမျှကိုလည်း
မှားမှား၊ မှန်မှန် စောဒကတက်သည်ကို မကြိုက်။ ငြိမ်နားထောင်ပြီး
ခေါင်းညိတ်မှ ကြိုက်သည်။ စောဒကတက်လာသူ မှန်သမျှကို သူ့ရန်သူဟု
သဘောထားတတ်သည်။ ကုပ်ကုပ်ကလေးထွက်သွားသော သားဖြစ်သူကို ကြည့်၍
ဦးမြင့်စိန်က ဂုဏ်ယူဝင့်ကြွးစွာ ဦးညွန့်ကို ပြောလိုက်သည်။
“တွေ့လား ဦးညွန့်၊ ကျွန်တော့်သား ဘယ်လောက် အပိုးကျိုးသလဲ”
“အပိုးပါ မကဘူး၊ အညွန့်ပါ ကျိုးသွားတာ”

xxxxxxxxxxxxxx            xxxxxxxxxxxxxxxxx           xxxxxxxxxxxxxx
        xxxxxxxxxxx

ထိုနေ့က အလုပ်မှ အိမ်အပြန်ခရီးသည် ဦးမြင့်စိန်အတွက်
ပျော်စရာအကောင်းဆုံးဖြစ်နေသည်။ သူ လင်ခရူဆာကားစီးချင်နေသည်မှာ
နှစ်အတော်ကြာပြီ။ သို့သော် သူ့အဆင့်လောက်နှင့် သိန်းပေါင်း (၃၅၀၀)
အထက်မှာရှိသော ၎င်းကားနားသို့ မကပ်နိုင်ခဲ့။ ယခု သမ္မတကြီးလက်ထက်တွင်
ကားဟောင်းများအပ်ပြီး ကားသစ်များ သွင်းခွင့်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်လောက်က
သူဝယ်စီးနေသော ဆတ်ကားကို အလိုက်ပေးပြီး လင်ခရူဆာ (ဆိုက်ကနက်) ၂၀၀၆
မော်ဒန်တစ်စီး ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
ယခု ၂၀၁၁ ခုနှစ်ထဲမှာပင် ယခင်က သိန်းပေါင်း (၃၅၀၀) တန်
လင်ခရူဆာကားများသည် ယခုဆိုလျှင် သိန်းရာဂဏန်းလေးမျှသာ ရှိတော့သည်။
သူ့ကားသည် သိန်းပေါင်း (၁၂၅၀) သာ ကျသည်။ စီးသောအခါ ငြိမ်ပြီး
ငြိမ့်နေသောအရသာကို ခံစားရင်း သူ့အိမ်သို့ ရောက်လာသည်။
ကားသံကြားရသည်နှင့် ဒေါ်တိုးက တံခါးပြေးဖွင့်ပေးသည်။ ထုံးစံအတိုင်း
သားလေးကတော့ တိုက်ရှေ့မှ သူ့ကို ကြိုနေသည်။ ဦးမြင့်စိန်
ကားတံခါးဆွဲဖွင့်ပြီးသည်နှင့် ပြေးလာသောသားကို ပွေ့ချီ နမ်းလိုက်သည်။
မနေ့က ဦးညွန့်ပြောသောစကားများက သူ့နားထဲသို့ ထိုက်သလောက်ဝင်ခဲ့သည်
မဟုတ်ပါလား။
“အဖေ့ကားက အသစ်ကြီးနော်”
“ဟုတ်တယ် သားရ၊ အသစ်ကြီး။ အဖေ ဒီစကားကြီးစီးနိုင်အောင်
နှစ်တွေအကြာကြီးစောင့်ပြီး ငွေစုဝယ်ခဲ့ရတာ”
“သားလည်း စီးချင်တယ်”
“စီးရမှာပေါ့ဗျာ။ အဖေ့ကားက သားရဲ့ကားပဲပေါ့”
သားအဖနှစ်ယောက် စကားကောင်းနေကြစဉ်မှာပင် ဖုန်းခေါ်သံ ကြားရသဖြင့် သားကို
ခဏချပြီး ဖုန်းပြောရသည်။ ထိုအချိန်တွင် ဖြိုးဝေက ကားအသစ်ကြီးဆီသို့
ပြေးထွက်သွားသည်။
“ဟယ်လို ပြောပါ”
“ဆရာ၊ ကျွန်တော် ညိုဝင်းပါ”
သူ့အလုပ်ဆိုဒ်နံပါတ် (၂) မှ လက်ထောက်အင်ဂျင်နီယာ ညိုဝင်း ဖြစ်သည်။ သူ
ဒီနေ့ အလုပ်ဆိုဒ် (၁) မှာ အချိန်ကုန်သွားသဖြင့် (၂) ကို
သွားမကြည့်လိုက်ရပေ။ မည်သည့်အကြောင်းများ ပေါ်သည်မသိ။
“ကဲ- ညိုဝင်း ပြော၊ ဘာအကြောင်းပေါ်လို့လဲ”
“အလုပ်ဆိုဒ်ထဲက လက်သမားခေါင်းဆောင် အမိုးမိုးရင်း ဒိုင်းလွတ်ကျပြီး
ဘယ်ဘက်လက်မ ကြေသွားတယ် ဆရာ”
“အေး- အဲဒါဆိုလည်း ဆေးရုံပို့လိုက်ပေါ့”
“ပို့လိုက်ပြီ ဆရာ၊ လက်မက ဖြတ်ပစ်ရမှာလို့ ဆရာဝန်က ပြောတယ်။ လူနာက
အင်္ဂါချွတ်ယွင်းသွားတဲ့အတွက်ကြောင့် လျော်ကြေး (၅) သိန်းတော့ ပေးပါတဲ့။
ငွေ (၅) သိန်းဆိုတာ ဆရာတို့ အရက်ဝိုင်းတစ်ခါထိုင်ပဲ ရှိတာပါတဲ့”
ဟုတ်တော့ ဟုတ်သည်။ ဦးမြင့်စိန် (၃၉၀၀၀) တန်သော
နှစ်ချို့ဝိုင်တစ်ပုလင်းကို သူငယ်ချင်းသုံးယောက်နှင့်အတူ သောက်ဖူးသည်။
ကုန်ကျစရိတ် အားလုံးရှင်းလိုက်တော့ (၅) သိန်းပင်
နည်းနည်းကျော်သွားသေးသည်။ သို့သော် အဲဒါက ကိုယ့်ခန္မွာမို့ ကိုယ်သဒ္မွါတာ။
အောက်တန်းစား အလုပ်သမားတစ်ယောက် ငွေ (၅) သိန်း အကုန်မခံနိုင်။
“ဘာလို့ (၅) သိန်း ပေးရမှာလဲကွ။ လက်တစ်ချောင်းပဲ ဖြစ်တာ တစ်သိန်းပဲ
ပေးမယ်။ တကယ်လို့ (၅) သိန်းလိုချင်ရင် နောက်ကျန်တဲ့လက် လေးချောင်းကို
ငါကိုယ်တိုင် တူနဲ့ထုတာကိုခံရမယ်လို့ ပြောလိုက်”
“ပေးလိုက်မှ ကောင်းမယ်ထင်တယ် ဆရာ။ တော်ကြာ ဟိုတိုင် ဒီတိုင်နဲ့ ပြဿနာ
လိုက်ရှင်းနေရရင် ဆရာ ပိုကုန်နေလိမ့်မယ်”
“တိုင်ချင်တဲ့နေရာတိုင်လို့ ပြောလိုက်ကွာ။ ဘယ်လောက်ကုန်ကုန် လိုက်ရှင်းမယ်”
ကြည်နေသောစိတ်ကလေး နောက်သွားပြီ။ ထိုကဲ့သို့ အပြောမျိုးတွေကြောင့်
ယင်းလက်သမားခေါင်းဆောင်ကို ဦးမြင့်စိန် ကြည့်မရ။ လက်သမားခေါင်းဆောင်သည်
အကျင့်တော့ကောင်းသည်။ သို့သော် အလုပ်သမားများနှင့် ပတ်သက်လာလျှင် သူ့ဘက်က
မနာဘဲ အလုပ်သမားဘက်က ရှေ့နေလိုက်တတ်သည်။ ထိုအချက်ကြောင့်ပင်
ဦးမြင့်စိန်က လက်သမားခေါင်းကို မုန်းခြင်း ဖြစ်သည်။
တခြားအလုပ်သမားဆိုလျှင် တောင်းသောငွေကို ပေးချင်ပေးဦးမည်။
ထိုသူဖြစ်နေခြင်းကြောင့် ပိုပြီး မပေးလိုခြင်း ဖြစ်သည်။ သူလိုချင်တာ
ရိုးရိုးမတောင်းဘဲ ဘာကြောင့် သူတို့အရက်ဝိုင်းကိစ္စ ထည့်ပြောရသနည်း။
ယခုအချိန်သာ ထိုသူ့ကိုတွေ့ရလျှင် အလျော်မပေးဘဲ ကျန်နေသော
သူ၏လက်လေးချောင်းကို စားပွဲပေါ်တင်ပြီး ကြေမွသွားအောင် ထုပစ်လိုက်ချင်သည်။
ဝယ်လာခါစ သူ့ကားကို တစ်ကြိမ် ထပ်ကြည့်ချင်သောကြောင့် ကားရှိရာသို့
ထွက်လာခဲ့သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့ဒေါသတွေ ငယ်ထိပ်ထိ
တက်သွားသည်။ သူ့သားက သူ့ကားကို အိမ်ရိုက်သံချောင်းရှည်ဖြင့်
တဂျစ်ဂျစ်မြည်အောင် ရေးခြစ်နေပါရောလား။
“ဟင်- ခွေးမသား လူမိုက်”
ဦးမြင့်စိန်၏ညာဘက်လက်ဝါးသည် ဖြိုးဝေ၏နားရင်းပေါ်သို့
ခပ်ပြင်းပြင်းကျသွားသည်။ “ဖြောင်း” ဟူသော အသံနှင့်အတူ ဖြိုးဝေခန္မွာကိုယ်က
မြေကြီးပေါ် ပုံကျသွားသည်။ ဖြိုးဝေ၏လက်ထဲမှ သံချောင်းလည်း အရှိန်နှင့်
လွင့်ထွက်သွားသည်။ မနေ့က ဦးညွန့် ပြောခဲ့သောစကားတွေကို ဦးမြင့်စိန်
တစ်လုံးမှ မမှတ်မိတော့။
လောလောဆယ် သူသိသည်က ဖြိုးဝေကို မှတ်လောက်သားလောက်အောင် ဒဏ်ခတ်ဖို့သာ
တာစူနေလေသည်။ ဖြိုးဝေမှာလည်း ကြောက်လွန်းအားကြီးပြီး ငိုဖို့ပင်
မေ့နေသည်။ ကြောင်တက်တက်ဖြစ်နေသော ဖြိုးဝေကို သူ့အိမ်ထဲသို့ ဆွဲခေါ်လာသည်။
“လာခဲ့စမ်း။ မင်း အိပ်ရာထဲမှာ သေးပေါက်တုန်းကလို ကျူးလွန်တဲ့နေရာကိုပဲ
အပြစ်ပေးရမယ်။ ဒါမှ မင်းအပြစ်ကို မင်းပိုမှတ်မိမှာ”
ဖြိုးဝေ၏ညာလက်ကို သူ့လက်ဖြင့် မလှုပ်နိုင်အောင် ကိုင်ကာ စားပွဲပေါ်
တင်လိုက်သည်။ စားပွဲပေါ်တွင် အသင့်တွေ့ရသော ဖန်တုံးဖြင့် ထုသည်။
နာရုံလောက် ခပ်သာသာထုလိုက်မည်ဟု မှန်းထားသော်လည်း ကားအပေါ် တပ်မက်သော
လောဘ၊ အလုပ်သမားအပေါ် မကျေနပ်သောဒေါသတို့ ဖုံးလွှမ်းသွားသောအခါ
ဦးမြင့်စိန်တစ်ယောက် အချက်ပေါင်းများစွာ အားကုန် ထုချလိုက်သည်။ ဖြိုးဝေ၏
ကြောက်လန့်တကြားအော်သံ၊ သူ၏ အားကုန်ထုသံတို့က တိုက်ခန်းထဲတွင် ဆူညံနေသည်။
ထိုအချိန်မှာပင် မီးဖိုးထဲမှ ထွက်လာသော ဒေါ်တိုးက လှမ်းကြည့်ရင်း-
“အမယ်လေး ဆရာရယ်၊ ကလေး သေပါပြီ”
ဟု အသံကုန်အော်လိုက်သောအခါတွင်မှ ဦးမြင့်စိန် သတိပြန်ဝင်လာသည်။
သူ့သား၏လက်ချောင်းလေးများ ငါးချောင်းစလုံး ကျိုးကြေပြီး သွေးတွေကလည်း
သူ့လက်အပါအ၀င် စားပွဲတစ်ပြင်လုံး အိုင်ထွန်းနေပါပြီ။ ဖြိုးဝေလည်း
ပျော့ခွေကျပြီး သတိလစ်သွားလေပြီ။
“သား....သားလေး ဖြိုးဝေ၊ အဖေ မှားပါပြီကွယ်။ ဒေါ်တိုး၊ လာပါဦးဗျ။
သားလေးကို ကယ်ပါဦး”
ဦးမြင့်စိန် သတိလစ်နေသော သားငယ်ကို ပွေ့ဖက်ရင်း အရူးတစ်ယောက်လို
အော်ဟစ်ငိုယိုနေသည်။
“ဆရာ၊ ငိုနေလို့ မပြီးသေးဘူး။ ဆေးရုံပို့ရအောင်။ တော်ကြာ သွေးလွန်သွားရင်
အသက်အန္တရာယ်ရှိတယ်”
“အေး- သွားမယ် သွားမယ်၊ ဘယ်နှနာရီထိုးပြီလဲ”
သူ့လက်ပတ်နာရီကို ငုံ့ကြည့်သော်လည်း ဂဏန်းများကို မမြင်ရတော့။
မျက်ရည်တွေက ဖုံးနေပြီ။ တိုင်ကပ်နာရီကို မော့ကြည့်သောအခါ နာရီကို
ချက်ချင်း မတွေ့ရဘဲ အိုးထိန်းသည်နှင့်ဥပမာပေးပြီး ကလေးကို
ရိုက်သင့်ကြောင်း ရေးထားသည့် စာတန်းကို သွားတော့သည်။ သားကို လက်တစ်ဖက်က
ပွေ့ထားရင်း ကျန်လက်တစ်ဖက်ဖြင့် စာတန်းကိုဖြုတ်ကာ ကြမ်းပြင်သို့
ကိုင်ပေါက် ခွဲပစ်လိုက်သည်။
“သွားစမ်း။ ဒီစာတန်းကြီး မြှောက်ပေးလို့ ငါ့သားကို ငါ လူမဆန်စွာ ရိုက်မိတာပဲ”
ဒေါ်တိုးက ကလေးကို စောင်ဖြင့်ပတ်ကာ ပွေ့ထားစေပြီး သူ ကားကို သတိထားမောင်းနေရသည်။
“ဆရာ၊ ဟိုဟာ တရားခွေ မဟုတ်လား။ ဖွင့်လိုက်ပါလား။ ဆရာ့စိတ်တွေလည်း ငြိမ်သွားတာပေါ့”
သူနှင့် သူ့သား တရားနာရအောင်ဆိုကာ ဦးညွန့် ထည့်ပေးလိုက်သော တရားခွေ
ဖြစ်သည်။ သူ့စက်ထဲထည့်ပြီး ဖွင့်လိုက်သည်။ ကြည်လင်ပြတ်သားသော
ဆရာတော်တစ်ပါး၏တရားသံ ပေါ်လာသည်။
“ကောယိယပြည်နဲ့ ဒေ၀ဒယပြည်တို့ဟာ အစိရ၀တီမြစ်ရေနဲ့
လယ်ယာစိုက်ပျိုးကြပါတယ်။ တစ်နှစ်မှာတော့ မိုးခေါင်တဲ့အတွက် မြစ်ရေဟာ
အင်မတန် နည်းပါးနေပါတယ်။ ဒါကြောင့် နှစ်ပြည်ထောင်သုံးဖို့
မလောက်နိုင်ဘူးဖြစ်နေတော့ လယ်သမားတွေ မြစ်ရေလုကြရင်း ရန်ဖြစ်ရာကနေ
ဘုရင်နဲ့တကွ တစ်ပြည်လုံးအထိ ပါလာပြီး စစ်ပွဲဖြစ်ဖို့အခြေကို
ရောက်ခဲ့ပါတယ်။ နှစ်ပြည်ထောင်တပ်တွေဟာ မြစ်ရဲ့ ဟိုဘက် ဒီဘက်မှာ တပ်ချပြီး
တိုက်ခိုက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီအချိန်မှာ ဘုရားရှင်
ကြွရောက်တော်မူလာပြီး ဖျန်ဖြေတော်မူပါတယ်။ နှစ်ပြည်ထောင်လုံးဟာ
ဘုရားရှင်ရဲ့ဆွေမျိုးတွေချည်းပါပဲ”
ဦးမြင့်စိန် စဉ်းစားရပြီ။
“သြော်- ငါဟာ တန်ဖိုးဖြတ်လို့ ရတဲ့ ကားအတွက် တန်ဖိုးဖြတ်လို့မရတဲ့
သားရဲ့လက်ချောင်းလေးတွေကိုတော့ ပစ်ခဲ့တာပါလား”
ဆေးရုံရောက်သည်နှင့် ခဏအကြာမှာပင် ခွဲစိတ်ခန်းထဲသို့ ၀င်သွားသည်။
ခွဲစိတ်ခန်းက ပြန်ထွက်လာတော့ ည (၁၀) နာရီကျော်နေပြီ။ သားက
လက်တွန်းလှည်းပေါ်မှာ ပက်လက်ကလေး။ သတိရသေးဟန် မတူ။ သားရဲ့ညာဘက်လက်ကတော့
ပတ်တီးတွေ ဖြူဖွေးနေသည်။ သားကိုကြည့်ရင်း မျက်ရည်တွေက အတားအဆီးမဲ့စွာ
ထွက်လာသည်။ ခွဲစိတ်ခန်းမှ ပထမဆုံးထွက်လာသော ဆရာဝန်ကြီး၏စကားက သူ့နားထဲမှ
မထွက်။
“ဦးမြင့်စိန်၊ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီး
ခွဲစိတ်တာပဲဗျာ။ လက်မတစ်ချောင်းတော့ အကောင်းပြန်ဖြစ်မယ်။ ကျန်တဲ့
လေးချောင်းကတော့ အရိုးတွေပါ ကြေသွားတော့ ဖြတ်ပစ်လိုက်ရပြီ”
လက်သမားခေါင်းဆောင်နဲ့ ပတ်သက်တဲ့ မိဘဆွေမျိုးတွေလည်း ငါ့လို
ခံစားကြရမှာပဲ။ ငါ ကိုယ်ချင်းမစာတတ်လိုက်တာ။ ထုခြေချင်တာက
လက်သမားခေါင်းဆောင်ရဲ့ လက်လေးချောင်း၊ တကယ် ထုခြေမိတာက မိမိသားရဲ့
လက်လေးချောင်း။ သူတစ်ပါးကို ပျက်စီးစေချင်တဲ့ဒေါသဟာ အခု ဘာမှကို
မကောင်းကျိုးပေးနေပါပေါ့လား။ တစ်ရက်ကျရင် လက်သမားခေါင်းဆောင်ကို
ကိုယ်တိုင်သွားပြီးအားပေးမယ်။
ထို့နောက် သူသည် ဟန်းဖုန်းကိုထုတ်ကာ လက်ထောက်အင်ဂျင်နီယာထံ
ဆက်ကြည့်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် မနက်တွင် ငွေ (၅) သိန်း
သွားပေးရန် အမိန့်ပေး ပြောကြားလိုက်သည်။ သူ့သား၏ညာဘက်လက်လေးကို
ကိုင်ကြည့်ရင်း ရှိုက်ကြီးတငင် ငိုနေမိရာ သူ့မျက်ရည်များက သားလက်မှ
ပတ်တီးပေါ်တွင် ရေနှင့်လောင်းချလိုက်သလို စိုရွှဲသွားသည်။ နံနက် (၄)
နာရီသာသာလောက်မှ သား သတိရလာသည်။ သတိရသည်နှင့် သားပါးစပ်မှ ပထမဆုံး
ကယောင်ကတမ်းထွက်လာသောစကားက-
“အဖေက ချစ်လို့ ရိုက်တာနော်။ သား သေးမပေါက်အောင် ညမအိပ်ဘဲ နေတာ။
ဗလာစာအုပ်ထဲမှာ အဖေ့ကို တအားချစ်တယ်လို့ ရေးထားတယ်။ အဖေက ဖွင့်မဖတ်ဘူး”
တဲ့။
ကယောင်ကတမ်းထွက်လာသောစကားများကို နားထောင်ရင်း တစ်နေ့က ဦးညွန့်
အိမ်လာစဉ် သူ့စားပွဲပေါ် သားရဲ့ဗလာစာအုပ်လေး လာတင်ထားသည်ကို သူ ဖျတ်ခနဲ
အမှတ်ရလိုက်သည်။  အိမ်ရောက်မှ သားရဲ့ဗလာစာအုပ်လေးကို
လှန်ကြည့်လိုက်ဦးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ မိုးလင်းတော့ သားက
ကြည်ကြည်လင်လင်လေး ဖြစ်နေသည်။
“အဖေ”
“သား လူလေး၊ သက်သာရဲ့လား သား”
“သက်သာပါတယ်”
သားက ငုံးတိတိဖြစ်နေသော သူ့လက်ကို မြှောက်ကြည့်ရင်း ဦးမြင့်စိန်ကို
မေးခွန်းထုတ်သည်။
“အဖေ၊ သားလက်လေးတွေက အတပ်ပြန်ထွက်ဦးမှာလားဟင်”
“သားရယ်”
ဦးမြင့်စိန် မဖြေနိုင်တော့ပါ။ သားရင်ဘတ်ပေါ် မျက်နှာအပ်ပြီး
ကလေးငယ်တစ်ယောက်လို ငိုနေမိတော့သည်။ ဘေးနားမှာ ထိုင်နေသော ဒေါ်တိုးကိုလည်း
သူ မရှက်နိုင်တော့။ ပြတ်သွားသော လက်ငုတ်တိုလေးများက အတပ်ပြန်ထွက်မည်ဟု
ထင်နေရှာသော အသိဥာဏ်နုနယ်သည့် လူမမည်ကလေးတစ်ယောက်ကို သူက မတရား ရက်စက်စွာ
အနိုင်ကျင့်ခဲ့သည် မဟုတ်ပါလော။
“ဆရာ၊ ညက သားလေး ဘာမှမစားရသေးဘူး။ ဆာရှာရော့မယ်။ ကျွန်မ တစ်ခုခု ဆင်းဝယ်လိုက်မယ်လေ”
“နေ နေ၊ ကျွန်တော် သွားလိုက်မယ်။ သားကြိုက်တာကို ကျွန်တော်သိတယ်။ သား၊
ဒေါ်တိုးနဲ့ ခဏနေရစ်။ အဖေ သားဖို့ စားစရာတစ်ခုခု သွားဝယ်လိုက်ဦးမယ်
သိလား”
မျက်ရည်များကို လက်ကိုင်ပ၀ါဖြင့်သုတ်ကာ ဦးမြင့်စိန် ဆေးရုံပေါ်မှ
ဆင်းလာသည်။ မိုးအတော်လင်းသွားပြီ ဖြစ်၍ ဆေးရုံသည် ၀င်ကြ၊ ထွက်ကြသော
လူနာများ၊ လူနာစောင့်များနှင့် အတော်စည်နေပြီ။ သူ့ကားနားသို့
ရောက်သည်နှင့် မနေ့က ကားဘော်ဒီတွင် သား ခြစ်ကစားထားသောနေရာကို
ဆေးပြန်မှုတ်ဖို့ သတိရသဖြင့် လှမ်းကြည့်လိုက်မိသည်။
မောင်းသူထိုင်သောဘက်တွင် တံခါးမှာ ရေးခြစ်ထားခြင်း ဖြစ်သည်။
သူက သံချောင်းဖြင့် ကားကို လျှောက်ခြစ် ကစားသည်ဟု ထင်ခဲ့သည်။
သေချာကြည့်လိုက်သောအခါ စာကြောင်းတစ်ကြောင်းဖြစ်နေသည်ကို တွေ့ရသည်။
စာကြောင်းကို ဆုံးအောင် ဖတ်ပြီးသည်နှင့် “သားရယ်” ဟုသာ ဆိုနိုင်ပြီး
ဦးမြင့်စိန်တစ်ယောက် ကားဘေးတွင် ခွေလဲကျသွားတော့သည်။ ခပ်လှမ်းလှမ်းမှ
လူတွေ ဦးမြင့်စိန်ဘေးနားသို့ ပြေးလာကြသည်။  တစ်ခဏအတွင်း လူတွေ
အုံသွားသည်။
တစ်ယောက်က ဆရာဝန်ကို ပြေးခေါ်ဟန်တူသည်။ ဆရာဝန်တစ်ယောက် ပါလာသည်။
ဝိုင်းကြည့်နေသူများက ဆရာဝန်ကို နေရာဖယ်ပေးကြသည်။ ဆရာဝန်က
ဦးမြင့်စိန်၏လက်ကောက်ဝတ်ကို သွေးစမ်းကြည့်သည်။ နားကြပ်ဖြင့်
နှလုံးခုန်သံကို နားထောင်သည်။ ဆရာဝန်က ပရိသတ်ကို တစ်ချက်လှမ်းကြည့်ပြီး
ခေါင်းယမ်းပြလိုက်သည်။ “အသက်မရှိတော့” ဟူသောအဓိပါယ်ပင် ဖြစ်၏။ ကားမှာ
သူ့သား ဖြိုးဝေ ရေးထားသည်က...........
“အဖေ့ကို သား တအားချစ်တယ်”

(ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ခံစားရေးဖွဲ့ပါသည်။ ဤ၀တ္ထုကို
သားသမီးရှိသော မိဘတိုင်း ကူးယူ ဖြန့်ဝေခွင့်ပြုပါသည်။)

အွန်လိုင်း ကျင့်ဝတ်

by Thanda Win on Tuesday, December 18, 2012 at 2:40am 

(လူမှုဆက်ဆံရေး ပတ်ဝန်းကျင်မှာ လိုက်နာစောင့်စည်းအပ်တဲ့ လောကနီတိ ရှိသလိုပဲ လူ လူချင်း တိုက်ရိုက်ထိတွေ့ဆက်ဆံတာမဟုတ်တဲ့ အွန်လိုင်းပေါ်မှာလည်း အလေးထား လိုက်နာသင့်တဲ့ စည်းမျဉ်းကလေးတွေ ရှိတဲ့အကြောင်း ဗာဂျီးနီးယားရှား ကတင်ပြထားတာဖြစ်ပါတယ်။ ဘာသာပြန်မျှဝေဖို့ တိုက်တွန်းတဲ့ ဆရာမောင်မောင်မြင့်ကို ကျေးဇူးတင်ပါတယ်။) 
  • အွန်လိုင်းယဉ်ကျေးမှုနယ်ပယ်ထဲမှာ ကိုယ်ပိုင်သင်္ကေတတွေရှိနေပါတယ်။ ဒါကို သတိမပြုမိတဲ့အခါ အဆင်မပြေတာလေးတွေ ဖြစ်တတ်တာပေါ့။ တဖက်ကပြောချင်တဲ့ ဆိုလိုရင်းကို မသိပဲ ရန်တွေ့မိတာလည်း ဖြစ်နိုင်တယ်။ စာသားတွေချည်း မြင်နေရတော့ တဖက်က လူသားစစ်စစ်ဆိုတာ မေ့သွားရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လူလူချင်းဆက်ဆံပုံနဲ့ကွဲပြားတဲ့ အွန်လိုင်းဆက်သွယ်ရေးဟာ လူသစ်တွေအတွက်တော့ အမှားတွေအများကြီး ဖြစ်နိုင်ပါတယ်။
  • ဒီဆောင်းပါးက လူသစ်တွေကို အမှားနည်းစေဖို့နဲ့ လူဟောင်းတွေက လူသစ်တွေကို လမ်းပြဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေတိုးပွားပြီး ရန်သူနည်းစေဖို့ပါ။ နည်းလမ်းလေး နည်းနည်းသိသွားတာနဲ့ စိတ်အနှောင့်အယှက်မဖြစ်ရအောင် ရှောင်ရှားနိုင်မှာပါ။ ပြသနာအကုန်လုံးကို ရှင်းမပေးနိုင်ပေမယ့် ပြသနာရှင်းနည်းလေးတွေကိုတော့ ဝေမျှထားပါတယ်။
ဥပဒေသ (၁) လူသားများဖြစ်ကြောင်း သတိပြုပါ။
  • ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပါပဲ။ ကိုယ်လိုချင်တာ သူများကို ပေးပါ။ ကိုယ်မလိုချင်တာ သူများကို မပေးပါနဲ့။ ကိုယ်ချင်းစာစိတ်မွေးပါ။ သူတပါးခံစားချက်တွေကို ပြက်ရယ်မပြုပါနဲ့။
  • အွန်လိုင်းပေါ်မှာတော့ ပိုပြီးသတိထားရပါတယ်။ တဖက်က မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထား၊ အသံအနိမ့်အမြင့်တွေကို မသိရပဲ စာလုံးတွေချည်း မြင်နေရတာနဲ့ပဲ လူသားတွေဆိုတာကို မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး။
  • အွန်လိုင်းပေါ်မှာ စကားပြောကြ၊ ဆွေးနွေးကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်းကို အဓိပ္ပါယ်မပေါက်တာ၊ ကောက်ချက်လွဲသွားတာတွေ ဖြစ်တတ်ပါတယ်။ တယောက်နဲ့ တယောက်လည်း မသိကြ၊ မဆုံဖူးကြဘူး။ ကွန်ပြူတာကတဆင့် သိကြတာဆိုတော့ ပင်ကိုယ်စရိုက် မဟုတ်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဥပမာ - ကားမောင်းတဲ့အခါ တဖက်က မောင်းသူကို ဆဲဆိုတာမျိုး၊ ရိုင်းစိုင်းတာမျိုးတွေ လုပ်မိတတ်ကြတယ်။ ဒါပေမယ့် အလုပ်ထဲမှာ၊ အိမ်မှာတော့ အများအားဖြင့် ဒါမျိုးဘယ်တော့မှ မလုပ်ကြပါဘူး။ အွန်လိုင်းပေါ်မှာတော့ အလွယ်တကူ လုပ်မိတတ်ပြန်ရော။ ဒါဟာ လက်သင့်ခံစရာ၊ လိုက်လျောစရာမဟုတ်ပါဘူး။
  • အွန်လိုင်းသုံးတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့၊ နယ်မြေသစ်တွေကို ရှာဖွေဖို့နဲ့ ရဲရဲရင့်ရင့် တခြားကမ္ဘာအထိ အရောက်သွားဖို့ပါပဲ။ ဒါပေမယ့်လည်း တဖက်က လူသားပကတိဆိုတာ သတိပြုရပါမယ်။ တကယ်လို့များ မျက်နှာချင်းဆိုင်ဆိုရင် ဒါမျိုးပြောဖြစ်မလား လို့ စဉ်းစားသင့်ပါတယ်။အဖြေက ဟင့်အင်းဆိုရင်တော့ အသစ်တခုသာ ပြန်ရေးပါတော့။ သက်ရှိလူသားတယောက်ကို ပြောလို့အဆင်ပြေတဲ့အဆင့်ကို မရောက်မချင်း ထပ်ကာ ထပ်ကာပြန်ရေးပါ။
  • မျက်နှာတည့်တည့်ကြည့်ပြီး ပက်ပက်စက်စက် ပြောပစ်လိုက်ရမှ အရသာရှိတယ် ထင်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ။ ဒါမျိုးဆိုရင်တော့ ဒီဆောင်းပါးကလည်း မကူညီနိုင်ပါဘူး။ ယဉ်ကျေးလိမ္မာသင်တန်း ပြန်တက်ဖို့သာ ပြောရတော့မှာပဲ။
  • ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးသင့်တဲ့ နောက်တကြောင်းကတော့ စာလုံးတွေက အွန်လိုင်းပေါ်မှာ မှတ်တမ်းတင်ပြီးသားဖြစ်နေလို့ပါ။ လက်လှမ်းမမှီတဲ့ တနေရာမှာ သိမ်းပြီးသားဖြစ်သွားရင် အရိပ်လိုလိုက်လာတတ်တယ်လေ။
  • အမေရိကန်သမ္မတအိမ်ဖြူတော်က အိုလီဗာနော့ဆိုရင် ရေးထားသမျှ ဂရုတစိုက်ပြန်ဖျက်တာပဲ။ သူမသိတာက တခြားကွန်ပြူတာတခုက ဖျက်သမျှပြန်သိမ်းနေတာလေ။ နောက်ဆုံး တရားရုံးရောက်တော့ အကုန်လုံးလက်ပူးလက်ကြပ် မိကုန်ပါရောလား။ ဒီလို ရာဇ၀တ်မှုမျိုးတွေနဲ့ မပတ်သက်ဘူးဆိုရင်တောင် ပို့လိုက်သမျှသော စာတွေ၊သတင်းတွေဟာ တနေရာမှာ သိမ်းထားနိုင်တယ်ဆိုတာ သိထားရပါမယ်။
ဥပဒေသ (၂ ) အတွင်း နဲ့ အပြင် တူပါစေ
  • တကယ့်ဘ၀ထဲမှာ လူများစုဟာ ဥပဒေကို လေးစားကြပါတယ်။ အဖမ်းခံရ၊ ဖယ်ကျဉ်ခံရမှာစိုးတာကြောင့် ထင်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ မဟုတ်တာလုပ်ပေမယ့် မိတဲ့အကြိမ်ကနည်းပါတယ်။ ဒါကြောင့်လည်း တခါတလေ ကွန်ပြူတာတဖက်မှာ လူရှိနေတာ သတိမထားမိပဲ ကျင့်ဝတ်မထိန်းတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေကို လုပ်လို့ရတယ်လို့ ထင်မိတတ်တယ်။
  • လက်တွေ့ဘ၀နဲ့ အွန်လိုင်းဘ၀ကြားထဲမှာ ဇဝေဇ၀ါဖြစ်တတ်တာကို နားလည်ပေးလို့ရပေမယ့် အမှားကတော့ အမှားပါပဲ။ အတွင်းနဲ့ အပြင် အတူတူပါပဲ။ ကျင့်ဝတ်ဆိုတာ စောင့်စည်းဖို့ပါ။ တစုံတယောက်ကများ ဘာမှစောင့်စည်းနေစရာ မလိုပါဘူးလို့ ဆိုလာခဲ့ရင် မယုံပါနဲ့။  အွန်လိုင်းပေါ်မှာ ဒွိဟဖြစ်စရာတွေပေါ်ခဲ့ရင် အပြင်လောကမှာ လိုက်နာနေကျအတိုင်းပဲ လိုက်နာရမှာပါပဲ။ အဖြေရှာရမှာပါပဲ။
  • တကယ်လို့ ပိုက်ဆံပေး ရှဲ လုပ်ရတာမျိုးဆိုရင် ပေးလိုက်ပါ။ ဒါမှလဲ စာရေးတဲ့လူ ပိုများလာမယ်။ မဖြစ်စလောက်ငွေလေးက နောင်အရှည်သဖြင့်မှာ အွန်လိုင်းတခုလုံးအတွက် အကျိုးရှိစေနိုင်ပါတယ်။
  • ဥပဒေချိုးဖောက်တယ်ဆိုတာ မကောင်းတဲ့အကျင့်ပါပဲ။ အွန်လိုင်းပေါ်မှာ ဥပဒေမဲ့ လုပ်တာဟာလည်း အတူတူပါပဲ။ တချို့ဥပဒေတွေကတော့ ရှူပ်ထွေးပြီး နားလည်ဖို့ခက်ပါတယ်။ မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးလည်း ဥပဒေတွေထုတ်ထားပါတယ်။ ဒီဆောင်းပါးက ဥပဒေစာအုပ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အပြင်လောကမှာကော၊ အွန်လိုင်းမှာပါ ဥပဒေဘောင်ထဲမှာ သတိထားနေဖို့ တိုက်တွန်းပါရစေ။
ဥပဒေသ (၃) မိမိနေရာ မိမိသိပါစေ။
  • အွန်လိုင်းတနေရာမှာ လက်ခံနိုင်တာတခုက နောက်တနေရာမှာ ရိုင်းချင်ရိုင်းနေမှာပါ။ ဥပမာ - ရုပ်မြင်သံကြားက အိမ်ရှင်မများ သတင်းပလင်း အစီအစဉ်မှာ အတင်းအဖျင်းတွေ ပြောတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဂျာနယ်သမားတွေရဲ့ စာပုံးထဲကို ကောလဟာလမျိုးစုံ လျှောက်ထည့်ရင်တော့ ဘယ်သူမှ မကြိုက်ပါဘူး။ တနေရာနဲ့ တနေရာ မတူဘူးဆိုတာကို နားလည်ရပါမယ်။
  • ဒါကြောင့်မို့ နေရာအသစ်တခုကိုရောက်ရင် သူများတွေ ပြောနေ၊ ရေးနေတာတွေကို အရင်ကြည့်ပါဦး။ ဘယ်လိုလူမျိုးတွေလည်းလို့ လေ့လာပါဦး။ ပြီးမှသာ ၀င်ပြောသင့်ပါတယ်။
ဥပဒေသ (၄) သူတပါးအချိန်ကို မဖြုန်းပါနဲ့။  
  • အခုခေတ်မှာ လူတိုင်းအချိန်ရှားပါတယ်။ အိပ်ချိန်နဲနဲ အလုပ်ချိန်များများဖြစ်နေကြတယ်။ ဆွေးနွေးဖို့ အကြောင်းအရာတခု တင်ပြထားရင် ဒါကိုဖတ်ဖို့ အချိန်ပေးရပါတယ်။ ဒါကြောင့် သူများအချိန်ကို ဖြုန်းသလိုဖြစ်စေနိုင်တဲ့ ပို့စ်တွေ မတင်တာကောင်းပါတယ်။ အွန်လိုင်းပေါ်မှာ သတင်းစီးဆင်းနှုန်းနဲ့ သိမ်းဆည်းထားဖို့ နေရာကလည်း အကန့်အသတ်ရှိပါတယ်။ ကိုယ်တယောက်တည်း သုံးနေတာမှ မဟုတ်တာ။ ဒါကြောင့် သတင်းတခုထဲကို မတော်တဆ ၅ ကြိမ်ပို့မိတယ်ဆိုရင် အချိန်ကိုကော နေရာကိုပါဖြုန်းတာပါပဲ။
  • နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့လေ။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်းအလုပ်တွေထဲ ခေါင်းနှစ်နေရရင် ကျန်တာတွေ မေ့တတ်တာပါပဲ။ ဒါကြောင့် ကိုယ့်မေးခွန်းတွေကို တဖက်က ချက်ချင်းပြန်ဖြေဖို့ မမျှော်လင့်ပါနဲ့။ ကိုယ်က အားတက်သရောပြောနေပေမယ့် အားလုံးက သဘောတူခေါင်းငြိမ့်လိမ့်မယ်၊ အရေးလုပ်လိမ့်မယ်လို့လည်း မထင်ပါနဲ့။
ဥပဒေသ (၄) အုပ်စုဖွဲ့ ဆွေးနွေးခန်းမှာ ဂရုပြုစရာ
  • အများအားဖြင့် အုပ်စုအဖွဲ့ဝင်တွေဟာ ကွန်ပြူတာသုံးချိန်၊ မိသားစုနဲ့ နေချိန်၊ ကိုယ်ပိုင်အိပ်ချိန်စားချိန် စသဖြင့် အားချိန်နည်းပါတယ်။ ပြီးတော့ စာတပုဒ်ကို ဖတ်တော့မယ်ဆိုတာနဲ့ ဖွင့်ဖို့ကလည်း အချိန်ယူပါသေးတယ်။ နိဒါန်းပျိုးနေတာတွေကို ဖတ်ပြီးမှ သော့ချက်ကိုရောက်ရတာပါ။ တကယ်လို့များ ကြိုးစားပမ်းစားဖတ်ပြီး ဘာမှလည်းမဟုတ်ဘူးဆိုရင် အစာမကျေဘူး ဖြစ်တတ်ပါတယ်။
  • အရင်ခေတ်ကတော့ ကာဘွန်စက္ကူတွေသုံးပြီး မိတ္တူပွားရတာပါ။ တခါပွားရင် ၅ စုံထက်မပိုပါဘူး။ ဒါကြောင့် ဒီစာကို ဘယ်သူ့ဆီအဓိကပို့မလဲဆိုတာ သေသေချာချာစဉ်းစားရပါတယ်။ အခုတော့ ဒါတွေမလိုတော့ပါဘူး။ ကူးချင်သလောက်ကူး၊ ပွားချင်သလောက်ပွားလို့ရပါပြီ။ ဒါကြောင့်လည်း အကျင့်ပါပြီး ပွားချင်တိုင်း ပွားနေမိတတ်ပါတယ်။ လူတွေမှာ အချိန်ရှားပါတယ်။ သတင်းကလည်း စုံလွန်း များလွန်းပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေ ဘာကြောင့်သိသင့်တာလဲလို့ ကိုယ့်ဘာသာ အရင်မေးကြည့်တာ ကောင်းပါတယ်။ မလိုအပ်ဘူးထင်ရင် မပို့ပါနဲ့။ လိုချင်လည်း လိုနိုင်တယ် ဆိုရင်တောင်မှ မပို့ခင် ၂ ခါပြန်စဉ်းစားပါဦးလေ။
ဥပဒေသ (၅) ကြည့်ပျော်ရှူပျော်ဖြစ်ပါစေ။
  • အွန်လိုင်းပေါ်မှာ အေးတိအေးစက်၊ စော်ကားမော်ကားလုပ်တတ်သူတွေနဲ့ ပြည့်နေတာပဲလို့ ထင်ကုန်ကြရင် မကောင်းပါဘူး။ ဒီလောက်ကျယ်တဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းသုံးသူအများစုဟာ တခြားသူတွေက like လုပ်သွားတာ လိုချင်တတ်ကြပါတယ်။ တခါမှ မသိဖူးသူတွေနဲ့ ဆုံခွင့်ရတယ်။ သူတို့ကလည်း ကိုယ့်ကိုမမြင်နိုင်။ ကိုယ့်အပေါ်မှာ ဆံပင်အရောင်၊မျက်လုံးအရောင်၊ ကိုယ်ခန္ဓာအချိုးအဆက်၊ အသက်အရွယ်၊ အ၀တ်အစား စတာတွေနဲ့ မဆုံးဖြတ်ပဲ စာအရေးအသားနဲ့သာ ဆုံးဖြတ်မှာပါ။ စာလုံးတွေကို မသုံးချင်ရင် ဘယ်သူမှ အွန်လိုင်းမလာပါဘူး။ ဒါကြောင့် စာလုံးပေါင်းနဲ့ သဒ္ဒါကလည်း အရေးပါ ပါတယ်။
  • အွန်လိုင်းလည်း အသုံးများတယ်၊ ဒီဟာတွေကိုလည်း စိုးရွံ့တယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာပဲ လမ်းညွှန်စာအုပ်တွေ ဖတ်ရင်း၊ လေ့လာသင်ယူရင်း ပျော်စရာကောင်းလာမှာပါ။ အွန်လိုင်းသင်တန်းတွေ၊ ပြင်ပသင်တန်းတွေရှိရင်လဲ တက်လို့ရပါတယ်။ အသက်အရွယ်ကြီးရင့်သူများဆိုရင်တော့ အသိအကျွမ်းတွေပိုရလာပြီး ပိုပျော်စရာကောင်းပါလိမ့်မယ်။
  • ကိုယ်ရေးချင်တဲ့အကြောင်းအရာကို အဓိပ္ပါယ်ပေါက်အောင် ရေးပါ။ ကိုယ်တကယ်သိတဲ့ ကိစ္စဖြစ်ပါစေ။ ကိုယ်ကိုယ်တိုင် သဘောပေါက် နားလည်ထားတာလား၊ သူများပြောလို့ ယုံထားတာလားဆိုတာ အရင်မေးကြည့်ပါဦး။ ပို့စ်မတင်ခင်၊ အချက်အလက်တွေကို ပြန်မစစ်ခင် တကယ်တင်ချင်ရဲ့လားလို့ ထပ်မေးပါဦး။ သတင်းဆိုးတွေဟာ တောမီးလိုပျံ့လွယ်ပါတယ်။ တဆင့်စကား တဆင့်နားဖြစ်သွားရင် မူလဆိုလိုရင်း ပျောက်သွားတတ်ပါတယ်။ အွန်လိုင်းပဲဟာ၊ မှန်ကန်တိကျစရာမလိုဘူးလို့ ပြန်ငြင်းချင်လည်းငြင်းပါ။ ဒါပေမယ့် ကိုယ့်တာဝန်တော့ ကိုယ်ယူတတ်ရမှာပေါ့လေ။
  • နောက်တချက်ကလည်း မှတ်စုတွေရေးတဲ့အခါ ရှင်းရှင်းလင်းလင်း ကျိုးကြောင်းဆက်စပ်တာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ စာတပိုဒ်လုံးမှာ သတ်ပုံ၊ သဒ္ဒါတလုံးမှ မမှားပေမယ့်လည်း ဘာပြောမှန်းမသိတာတွေ ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကိုယ့်ကို အထင်ကြီးစေချင်တာနဲ့ စကားလုံးအကြီးကြီးတွေ သုံးမိတဲ့အခါမျိုးတွေမှာပေါ့။ ရိုးရိုးပဲရေးတာကောင်းပါတယ်။
  • တို့မီး၊ ရှို့မီးတွေ မရေးပါနဲ့။ ယဉ်ယဉ်ကျေးကျေး၊ လှလှပပလေးတွေရေးပါ။ ညစ်ညမ်းတဲ့စကားတွေ မသုံးပါနဲ့။ ဆန့်ကျင်လိုတာသက်သက်နဲ့ ဆန့်ကျင်ဘက်တွေမရေးပါနဲ့။
  • အွန်လိုင်းပေါ်မှာ ဆဲလို့ရသလား လို့ မေးကြပါတယ်။ အမှိုက်ကို ရွှေထင်တဲ့ နေရာတွေမှာတော့ လက်ခံမှာပါ။ ဆဲဆိုလိုက်ဖို့ လိုတယ်ထင်ရင်လည်း စာလုံးဖျောက်ပြီးသုံးနိုင်ပါတယ်။ ---င်၊ ----ာ စသည်ဖြင့်။ လူတိုင်းက ကိုယ်ဘာဆိုလိုတယ်လို့ သိမှာပါပဲ။ မလိုအပ်ပဲ သူများစိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တာကောင်းပါတယ်။
ဥပဒေသ (၆) အဖိုးတန် ဗဟုသုတတွေကို ဝေမျှပါ။
  • ဆိုးတာတွေပြောပြီးသွားတော့ ကောင်းတာလေးတွေပြောပါရစေ။ အွန်လိုင်းရဲ့ မူလဘူတအစွမ်းက လူမျိုးစုံ အသုံးများတာပါ။ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ မေးလိုက်ရင် ဗဟုသုတကြွယ်ဝသူတွေ အများကြီးရှိနေတာမို့ အဖြေရနိုင်ပါတယ်။ တယောက် နှစ်ယောက်လောက်က ၀င်ပြောပေးလိုက်တာနဲ့ အကြံကောင်း ဥာဏ်ကောင်းတွေ တိုးလာပါတယ်။ အင်တာနက်ဆိုတာကို ရှာဖွေတွေ့ရှိပြီး ဖန်တီးတည်ဆောက်ခဲ့တဲ့ မူလရည်ရွယ်ချက်ကိုက သိပ္ပံပညာရှင်တွေဟာ သူတို့အချင်းချင်း ပညာဖလှယ်ချင်လို့ပါ။ တဖြည်းဖြည်းနဲ့မှ လူတွေအားလုံးပါလာကြတာပါ။
  • ဒါကြောင့်မို့ ကိုယ်သိတာလေး ကိုယ်ဝင်ပြောဖို့ မတွန့်ပါနဲ့။ မေးခွန်းတခုမေးလိုက်လို့ အဖြေတွေရလာတယ်ဆိုရင် အကျဉ်းချုပ်ကလေး ပြန်ရေးပြီး ဆွေးနွေးခန်းမှာ ပြန်တင်ပေးပါ။ ဒါမှလည်း တတ်သိသူတွေက အချိန်ကုန်ခံရေးပေးထားတဲ့ ဗဟုသုတတွေကို အားလုံးအတွက် အကျိုးရှိအောင် ပြန်သုံးနိုင်မှာပါ။
  • ကိုယ်တိုင်က တတ်သိပညာရှင်ဆိုရင်တော့ ပိုတောင်မှလုပ်ပေးနိုင်ပါဦးမယ်။ ကိုယ်တိုင်ဦးဆောင်ဆွေးနွေးတာတွေ၊ အများစိတ်ဝင်စားမယ့် အကြောင်းအရာကို ရေးတင်တာမျိုးတွေ၊ မေးခွန်းထုတ်တာတွေ လုပ်နိုင်ပါတယ်။ ဗဟုသုတဝေမျှတယ်ဆိုတာ ပျော်စရာကြီးပါ။ ဒါဟာအွန်လိုင်းရဲ့ ရိုးရာဓလေ့ထုံးစံပါ။ ကမ္ဘာကြီးကိုလည်း ပိုကောင်းစေတယ်လေ။
ဥပဒေသ (၇) ၀င်ရောက်ဖြန်ဖြေပါ။
  • တခြားသူတွေက ပြင်းပြင်းထန်ထန်ရေးနေကြပြီ၊ အခိုင်အမာတွေ ဆုပ်ကိုင်ငြင်းနေပြီဆိုရင် သွေးဆူလာတတ်ကြပါတယ်။ ဒီအချိန်မှာ နဲနဲအရှိန်ဝင်လျှော့ပေးဖို့ လိုပါတယ်။ အွန်လိုင်းမှာ သွေးဆူ၊ သွေးပူခွင့်မရှိဘူးလားဆိုတော့ ရှိတာပေါ့။ သွေးဆူတယ်ဆိုတာ အွန်လိုင်းရဲ့ ရိုးရာပါပဲ။ ဒါကို အပြောင်အပျက် ရယ်စရာ မောစရာလုပ်ပေးလိုက်ရင် ပျော်စရာဖြစ်သွားပါရော။ တခါတလေတော့လည်း အရှိန်မသေသေးရင် ဆက်ဖြစ်ပေါ့လေ။
  • ဒါပေမယ့်လည်း အွန်လိုင်းကျင့်ဝတ်မှာ တဖက်နဲ့တဖက် မပြီးနိုင် မစီးနိုင် တိုက်ခိုက်နေတာတွေ၊ ရန်စနေတာတွေ၊ စော်ကားနေတာတွေကိုတော့ ခွင့်မပြုသင့်ပါဘူး။ ဒါက အဖွဲ့တခုလုံးကို စိတ်ပျက်စေပါတယ်။ တခြားမဆိုင်သူတွေအပေါ်မှာလည်း မတရားရာရောက်ပါတယ်။ အစပိုင်းမှာတော့ စကားနိုင်လုနေတာကို ၀ိုင်းကြည့်ရတာ ပျော်စရာကောင်းသလိုလိုပေါ့။ နောက်ပိုင်းမှာတော့ ၀င်မပါတဲ့သူတွေက ပျင်းသွားတာပါပဲ။ ကိုယ်တွေချည်းပဲ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတာ မသင့်တော်ပါဘူး။
ဥပဒေသ (၈) တခြားသူများရဲ့ အတွင်းရေးကို မစပ်စုပါနဲ့၊
  • လုပ်ဖော်ကိုင်ဖက်ရဲ့ အံဆွဲကို ခွင့်မတောင်းပဲ ဖွင့်ကြည့်ဖို့ မသင့်တော်သလိုပဲ သူများစာတွေကို ဖွင့်မဖတ်ပါနဲ့။ နမူနာတခုကတော့ ဂျာနယ်တိုက်တခုမှာ စာတွေဖွင့်ဖတ်ခံရတယ်လို့ သံသယရှိတဲ့အခါ သတင်းအတုတခုကို ထည့်ထားလိုက်ပါတယ်။ ဖတ်တဲ့လူက အဲဒီသတင်းအတုအကြောင်း မေးလာတဲ့အခါ မိသွားတာပေါ့။ ဒါနဲ့ သူ့ကို တခြားနေရာပို့ပစ်လိုက်ပါတယ်။ သူများအတွင်းရေးစပ်စုတာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။
ဥပဒေသ (၉) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။
  • တချို့လူတွေဟာ အင်တာနက်မှာ ဆရာကြီးတွေပါ။ ကွန်ပြူတာစနစ်နဲ့ အင်တာနက်ကို သူများတွေထက် ပိုကျွမ်းကျင်ရုံနဲ့ သူများဆီက အခွင့်အရေးပိုယူဖို့ မသင့်ပါဘူး။ ဥပမာ -- ဌာနမှုးက လက်အောက်ငယ်သားတွေရဲ့ ကိုယ်ပိုင်စာတွေကို မဖတ်ရပါဘူး။
ဥပဒေသ (၁၀) သူများအမှားတွေကို ခွင့်လွှတ်လိုက်ပါ။
  • လူတိုင်းက အွန်လိုင်းမှာ လူသစ်ဖြစ်ဖူးကြတာပါပဲ။ ဒီဆောင်းပါးကိုလည်း လူတိုင်းဖတ်ဖူးတာမှ မဟုတ်တာ။ ဒါကြောင့် သတ်ပုံမှားတာ၊ အူကြောင်ကြောင်မေးတာ၊ မလိုအပ်ပဲ စကားကြောရှည်တာတွေကို သည်းခံလိုက်ပါ။ အသေးအဖွဲဆိုရင် ပြောနေဖို့တောင် မလိုပါဘူး။ ပြောဖို့လိုတယ် ထင်ရင်တောင် ၂ ခါပြန်စဉ်းစားပါ။ ကိုယ်တော်တာနဲ့ပဲ သူများကိုဆရာလုပ်တာ ဘယ်ကောင်းပါ့မလဲ။ မှားနေတယ်လို့ ပြောတော့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးပြောပါ။ အများရှေ့မှာမပြောပဲ တဦးထဲကို စာပို့ပြောပါ။ ဘယ်လိုပြောပြော သူ့ဘက်က ဒီထက်ကို ပိုမသိတော့တာလည်း ဖြစ်နိုင်ပါသေးတယ်။ ဆရာကြီးလေသံ မဖမ်းပါနဲ့။ သူ့အမှားကို ကိုယ့်အမှားမဖြစ်ပါစေနဲ့။ ကျင့်ဝတ်နဲ့ ညီ မညီငြင်းကြရင်းနဲ့ ကျင့်ဝတ်နဲ့မညီပဲကို ရန်ဖြစ်တတ်ကြောင်း သတြိပုတော်မူကြပါကုန်။

clean government, good governance ဆိုပြီး လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေကြ

Soe Min and 10 other friends shared Thit Htoo Lwin blog's photo.
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

နေပြည်တော်ဖြစ်ရပ်မှန်

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။

အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

 ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကို ကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

 ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။ 

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

 ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။ 

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။ 

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။
DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

 (၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။
ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။ 

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။
ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

 ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

 ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

 မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။
ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်။

Post by အဖြူရောင်မီဒီယာ
ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။
အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကိုကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

--