Wednesday, November 28, 2012
လက်ပံတောင်းအရေး ရင်လေးဖွယ်
လက်ပံတောင်းတောင်ရှိ သပိတ်စခန်းတခုက သံဃာတော်များ၊ ဓာတ်ပုံ- OpenSociety Monywa
ယခု ဧရာဝတီက နောက်ဆုံး ရရှိတဲ့သတင်းတွေအရ သပိတ်စခန်းတွေမှာ ရှိကြတဲ့ ရဟန်းသံဃာတော်တွေ နဲ့ ဒေသခံ ရွာသူ၊ ရွာသားတွေကလည်း သက်ဆိုင်ရာ သပိတ်စခန်းတွေကို လုံခြုံရေး သတိပိုထားရှိပြီး အစိုးရ လုံခြုံရေး ရဲတပ်ဖွဲ့ အင်အားတွေကလည်း တိုးမြှင့်ချထားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
တချို့ မုံရွာဒေသခံများကတော့ ဆန္ဒပြသူများကလည်း လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာ သိ ထားကြ လို့ အစိုးရကလည်း အခုလို ကြေညာလိုက်တဲ့အပေါ် ရင်လေးမိကြောင်း ဧရာဝတီကို ပြော ပါတယ်။
နောက်ဆက်တွဲ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ ရရှိတဲ့ သတင်းအရ သပိတ်စခန်းမှ သံဃာတော်များ အစည်းအဝေး ပြုလုပ်နေကြပါတယ်။
ထပ်မံ ရရှိရတဲ့သတင်းအရ ကုမ္ပဏီဝန်းထဲက အသံချဲ့ စက်ဖြင့် သပိတ်စခန်းတွေ ဖျက်သိမ်းပေးဖို့ ၊ မဖျက်သိမ်းပေးရင် အရေးယူတော့မှာဖြစ်တယ်လို့ သတိပေး ပြောကြားနေပါတယ်တဲ့။
မှန်လုံကား ၂ စင်း သပိတ်စခန်းများရှိရာ နေရာအနီးကို ရောက်လာပါတယ်။ ဒေသခံတွေအပြောအရ မျက်ရည်ယို ဗုံး သုံးနိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်နက်အပြည့်နဲ့ လုံထိမ်းတွေလည်း အင်းအား အပြည့်နဲ့ အနီးတ၀ိုက်နေရာယူထားပါတယ်တဲ့။
အချိန်ကာလပြ အီဒီယမ် ၁၅ လုံး
Posted by Soe Soe Win on November 21, 2012 at 17:32 in
တိုတောင်းတဲ့အချိန်ကာလ ဒါမှမဟုတ် အချိန်ကာလအမျိုးမျိုးကို ပြတဲ့ အီဒီယမ်တွေ အသုံးအနှုန်းတွေ အနက် နမူနာ လေ့လာကြည့်ဖို့ ရွေးချယ်ဖော်ပြလိုက်ပါတယ်။
၁။ After hours - ညနေဘက်၊ ညဘက်၊ တစ်နေ့တာကုန်ဆုံးလုအချိန် (တစ်နေ့တာဆိုတာ ရုံးတွေ၊ အလုပ်တွေ ဖွင့်တဲ့ တစ်နေ့တာအချိန်ကို ဆိုလိုပါတယ်)
၂။ Banker's Hours - တိုတောင်းတဲ့ အချိန်ကာလကို ဆိုလိုပါတယ်။ (ဟိုရှေးတုန်းက ဘဏ်တွေ ဖွင့်တဲ့အချိန်က အခြား ရုံးတွေ အလုပ်တွေ ဖွင့်တဲ့အချိန်ထက် နည်းပါတယ်။ ဒါကြောင့် one who keeps banker's hours ဆိုတာ အလုပ်ချိန်နည်းသူလို့ ဆိုလိုပါတယ်)
၃။ Bat/wink/twinkling of an eye - မျက်စိတမှိတ်။ တိုတောင်းလွန်းလို့ မျက်စိတမှိတ်စာဘဲ ရှိတဲ့ အချိန်ကာလ ဖြစ်ပါတယ်။
၎။ Eleventh hour - သတ်မှတ်ချိန်ကုန်ဆုံးလု ကာလကို ဆိုလိုပါတယ်။ (ည ၁၂နာရီဆိုရင် သန်းခေါင် ရောက်ပြီမို့ ၁၁နာရီဟာ သန်းခေါင်မတိုင်မီ နောက်ဆုံးနာရီပါဘဲ။)
၅။ Flash - လျှပ်တစ်ပြက် အခိုက်အတန့် (လျှပ်တစ်ပြက်ဆိုတာ ခဏကလေးဘဲဖြစ်ပါတယ်။)
၆။ Heartbeat - နှလုံးတစ်ချက်ခုန် အခိုက်အတန့် (တိုတောင်းတဲ့ ကာလကလေးပါဘဲ)၊ “In a heartbeat” ခဏကြာတဲ့အခါ လို့ သုံးလေ့ ရှိတယ်။ “a heartbeat away from ___” ဆိုတာကတော့ အထက်လူကြီး နှလုံးခုန် ရပ်သွားရင် ဆိုလိုတာကတော့ သေသွားရင် ရာထူးတိုးတော့မယ့် အနေအထားကို ဆိုလိုပါတယ်။ ___ရာထူးရဖို့ နှလုံးတစ်ခုန်ဘဲ လိုတော့တယ်လို့ ပြောတာပါ။
၇။ Jiffy - တစ်ခဏ (လျှပ်ပြက်တာလို့ အဓိပ္ပာယ်ရတဲ့ ဘန်းစကားနဲ့ တူပါတယ်)၊ အတိုကောက် ငြ် လို့လည်း ပြောပါတယ်။
၈။ New York minute - တိုတောင်းသောအချိန် (နယူးယောက်မြို့ကြီး အလွန်စည်ကားတဲ့အတွက် နယူးယောက်က တစ်မိနစ်ဟာ အခြား အေးအေးဆေးဆေး နေရာဒေသတွေက တစ်မိနစ်ထက် ပိုပြီး ကုန်လွယ်သလို ခံစားရတယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။
၉။ On the hour - တစ်နာရီ စတင်ချိန်မှာ။ နောက်တစ်နာရီ ကူးပြောင်းပြီးစ အချိန်မှာ
၁၀။ Shake - အလွန်တိုတောင်းသော အချိန်ကာလ။ “Two shakes” လို့ သုံးလေ့ရှိတယ်။ ဇစ်မြစ်ကတော့ “two shakes of a lamb's tail” သိုးကလေး အမြီး နှစ်ကြိမ် လှုပ်ရမ်းတဲ့အချိန်ကာလ ဆိုတဲ့ စကားကို အတိုကောက်ပြောတာဖြစ်ပါတယ်။ သိုးကလေးအမြီးလှုပ်တာ အလွန်မြန်တယ်ဆိုဘဲ။
၁၁။ Small hours - သန်းခေါင်ကျော် နံနက်အစောပိုင်း (အဲဒီအချိန်မှာ အချိန်နာရီကို ဖော်ပြတဲ့ ကိန်းဂဏန်းတွေ သေးငယ်တာကို ဆိုလိုပါတယ်။)
၁၂။ Spilt seconds - တစ်စက္ကန့်ရဲ့ အစိတ်အပိုင်း (စက္ကန့်ကို စိတ်ပိုင်းလိုက်ရင် အချိန်အလွန် တိုတောင်း သွားပါတယ်)၊ ပြေးပွဲ၊ ပြိုင်ပွဲတစ်ခုမှာ စုစုပေါင်း ကုန်လွန်တဲ့အချိန်ရဲ့ အစိတ်အပိုင်းကိုလည်း spilt လို့ ခေါ်ပါတယ်။
၁၃။ Tick - နာရီသံတစ်ချက် အခိုက်အတန့် (နာရီသံ တစ်ချက်ချက်နဲ့ မြည်နေတာကို စွဲပြီး သုံးနှုန်းတာ ဖြစ်တယ်) အငခု ဆိုတာ မူရင်း အဓိပ္ပာယ်ကတော့ နာရီဒိုင်ခွက် မျက်နှာပြင်ပေါ်မှာ တိုင်းတာ မှတ်သားထားတဲ့ အမှတ်အသားကို ဆိုလိုတယ်။
၁၄။ Trice - အချိန်တိုကာလ (ဆွဲယူတယ်လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ သုံးနှုန်းထားတာ ဖြစ်တယ်) မကြာခဏ “in a trice” ခဏလေးအတွင်း လို့ သုံးလေ့ရှိတယ်။
၁၅။ Witching hour - သန်းခေါင် သို့မဟုတ် ညလယ်ခေါင် အချိန် (witch စုန်းတွေ သန်းခေါင်အချိန်မှာ အပြင်ထွက်ကြတယ်ဆိုတဲ့ အယူသည်းမှုကို အစွဲပြုပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာတွေ၊ ထူးခြားဆန်းကြယ် တာတွေ ဖြစ်ပွားတတ်တဲ့ သန်းခေါင်အချိန်လို့ ဆိုလိုချင်ရင် Witching hour စုန်းထွက်ချိန် လို့ သုံးပါတယ်။)
Read more: အချိန်ကာလပြ အီဒီယမ် ၁၅လုံး - Myanmar Networkhttp://www.myanmar- network.net/forum/topic/show? id=3423487%3ATopic%3A756734& xgs=1&xg_source=msg_share_ topic#ixzz2DOkLXDlY

Read more: အချိန်ကာလပြ အီဒီယမ် ၁၅လုံး - Myanmar Networkhttp://www.myanmar-
ပေါက်ဖော် ကျေးဇူး ဆပ်ဖူးချင်တယ် မြန်မာသံ သီချင်းများ
U Aye Ko shared Zaw Win's photo.
"ကျေးဇူးရှိတယ်လေ ပွဲလန့်တုန်းက သူဖျာခင်းပေးခဲ့တာ" (ကာတွန်း အော်ပီကျယ်)
Apk Cartoonist
Apk Cartoonist
U Aye Ko and 4 other people shared ပာာသမှတ်တိုင်'s photo.
ကျွန်တော်တို့ ၀န်ကြီးရဲ့သီချင်းအသစ်လေးပါ ....
အားပေးကြပါဦးနော် ... :P
(ပါပါလေး)
အားပေးကြပါဦးနော် ... :P
(ပါပါလေး)
Ashino Hoshi shared Freedom News Group(Burma)'s photo.
ည ၁၀း ၃၀ နာရီ နောက် ဆုံး ရရှိသည့် သတင်း များ အရ လက်ပံတန်းတောင် သပိတ် စခန်း များ ကို လက်နက် အပြည့် အစုံ တပ်ထားသည့် လုံ ထိန်းများ ၀ိုင်း ထား ပြီး ဆန္ဒပြ သူများ က
လည်း စခန်း အား ဖျက်ပေး နိုင်ရန် မဖြစ် ကြောင်း ပြန်လည် ပြော ကြေား သည်။
မုံ ရွာ ခရိုင် အုပ် ချုပ် ရေး မှုး က ဘုန်းကြီး တွေ အမိန့် မနာ ခံ ရင် အကုန် ဖမ်း ပြီး ထောင် ထဲ ပို့  မယ် ဟု ခြိမ်းဏြေခာက်ခဲ့ သည်။
Photo : Moe Min Oo

မုံရွာကြေးနီစီမံကိန်းမှ
ဖောက်ခွဲရေးလုပ်ငန်းများကို Beijing Auxin Chemical Technology Ltd (
AUXIN TECH ) မှတာဝန်ယူလုပ်ဆောင်ပေးထားကြောင်း AUXIN TECH LTD ရဲ့ Website မှာဖော်ပြထားပါတယ်။
အိုပါဂန်းနန်းကထိန်
by Wei Lin Ting on Monday, November 26, 2012 at 3:01pm ·
ကထိန်စဉ်လာမမေ့သာ
ကထိန်ဆိုတာအမှန်က သင်္ကြန်၊ သီတင်းကျွတ်တို့လိုပျော်ရွှင်စရာပွဲတော်မဟုတ်ပါ အလှူအတန်းအခမ်းအနားတစ်ခုပါ။
ကျွန်တော်တော့အဲလိုပဲမြင်တယ်။ ကထိန်ရဲ့အခြေခံက ၀ါတွင်းကာလတစ်လျောက် မိုးထဲရေထဲ ဆွမ်းခံကြွ
ဘာသာရေးကိစ္စအတွက် သွားလာလှုပ်ရှားခဲ့တော့ သံဃာတော်တွေရဲ့ သင်္ကန်းတွေက ရေထိလို့ ညစ်လာဆွေးလာ
သပေါ့။ ခုလို ပွင့်လင်းလာတဲ့ရာသီမှာ ဒါယကာ ဒါယိကာမတွေက သံဃာတော်များရဲ့
သင်္ကန်းအဟောင်းအစားဝတ်ဆင်ဖို့သင်္ကန်းအသစ်ဆက်ကပ်လိုတဲ့အခါ ကထိန်သင်္ကန်းဆိုကပ်လှူပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကလဲ ကထိနသင်္ကန်းဆို ခွင့်ပြုတော်မူခဲ့ပါတယ်။ ကာလဒါန ကာလနဲ့လျော်ညီတဲ့
အလှူဖြစ်တဲ့အတွက်မွန်မြတ်ပါကြောင်း ဆရာများစကားကြားနာဘူးပါတယ်။
ကထိန်သင်္ကန်းကိုမူတည်ပြီး ကထိန်သင်္ကန်းကပ်လှူပွဲပေါ်လာပါတယ်။ ကထိန်သင်္ကန်းကပ်လှူပွဲမှာ
သင်္ကန်းတင်မကပဒေသာပင်ဆိုပြီး ဆရာတော်သံဃာတော်များ လိုအပ်မည်ထင်သမျှ အရာတွေကို
ပဒေသာပင်လိုပြင်ဆင်ပြီး လှူခဲ့ကြပါတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာအမြင်အရ သံဃာတော်တွေလိုသမျှ သင်္ကန်း၊ ထီး၊ ဖိနပ်အစ အပ်အဆုံး
စဉ်းစားထည့်သွင်းလှူဒါန်းရခြင်းအကျိုးကြောင့် ယခုဘ၀နောင်ဘ၀မှာလဲ လိုလေသေးမရှိပြည့်စုံမယ်လို့
ယုံကြည်တာကိုး။ မြန်မာများဆိုတာကကောက်စိုက်တောင် ဗုံနဲ့စိုက်တဲ့အမျိုး၊ ဂီတနဲ့အကဆိုတာက
နေရာတကာမှာပါတဲ့အမျိုးကိုး ရှေ့မှာပဒေသာပင်ကြီးတွေလူတွေကထမ်း
နောက်ကလူတွေက ဗုံတွေဆိုင်းတွေတီး ကလို့ခုန်လို့ ပျော်ပျော်ပါးပါးကြီး
မိမိကိုးကွယ်ရာဆရာတော်ကျောင်းကို ပို့ဆောင်လှူဒါန်းကြသပေါ့။
ဆရာတော်ကျောင်းမှာလဲ ကျွေးမယ့်မွေးမယ့်အလှူရှင်တွေက ရွာထဲကပဒေသာပင်လာလှူ ကထိန်ခင်းမယ့် ပုဂ္ဂိုလ်တွေ ကလို့ခုန်လို့
ထမ်းလို့ပိုးလို့ မောမောပန်းပန်း ဆာဆာလောင်လောင်ရောက်လာရင်ကျွေးဖို့ ချက်ပြုတ်ပြင်ဆင်လို့ပေါ့။ ရောက်လာတဲ့လူတွေကလဲ
ဆာဆာနဲ့ တွယ်သပေါ့ဗျာ။ ပြီးတော့မှာ ကထိန်အလှူအတွက် ရေစက်ချတရားနာ အမျှအတန်းဝေ ပြီးတော့ ကျောင်းမှာလိုတဲ့ဝေယျာဝစ္စ
လုပ်ပြီးတော့ ညနေစောင်းတော့ ပျော်ပျော်ကြီးပြန်ကြသပေါ့လေ။ ပြောလိုတာက အရင်တုန်းကမြန်မာကြီးတွေလုပ်ခဲ့တဲ့ ကထိန်ပွဲဆိုတာ
ပျော်ပွဲမဟုတ်ပါဘူး သို့သော် မိမိအလှူအတွက်ပျော်တယ်၊ စုပေါင်းဆောင်ရွက်ရခြင်းအတွက်ပျော်တယ်။ အပျော်အတွက်မရည်ရွယ်သော်လည်း
ပျော်စရာအလွန်ကောင်းသော အလှူအတန်းအခမ်းအနားကြီးတစ်ခုဖြစ်ကြောင်းပါ.......
နှစ်ရွာ့တစ်ရွာကိုးကွယ်ရာ
ကျွန်တော်တို့ရပ်ကွက်က အရင်တုန်းကရွာပေါ့ဗျာ။ ဟိုဘက်ကပ်လျက်မှာလဲ နောက်တစ်ရွာ အဲတစ်ရပ်ကွက်ပေါ့လေ။ ဖြစ်ပုံက ဘုန်းတော်ကြီးကျောင်း
ကျ ၂ ရွာပေါင်းမှ ၂ ရပ်ကွက်ပေါင်းမှ တစ်ကျောင်းရှိသဗျ။ လူကြီးတွေစကားအတိုင်းဆို နှစ်ရွာ့တစ်ရွာပေါ့လေ ကိုးကွယ်ကြတယ်။ ရပ်ကွက်သာကွဲတယ်
ဟိုဘက်သည်ဘက်ကလဲအမျိုးစပ်ရင်တော်နေတာချည်းပဲ။ ဆိုချင်တာက ကထိန်ဗျ ကထိန်ခင်းတော့ ဘယ်တုန်းကစတဲ့ အစဉ်အလာလဲတော့မသိ တစ်နှစ်ကို
တစ်ရပ်ကွက်စီ အလှည့်ကျခင်းကြတယ်။ အဲလိုဆိုတော့ ရပ်ကွက်တစ်ခုဟာ တစ်နှစ်ကျော်မှာတစ်ခါ ကထိန်လှည့်ကျတယ်။ ကထိန်နဲ့အတူ လုပ်တာတစ်ခုလဲရှိတယ်
နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ဘုန်းတော်ကြီးကျောင်းမှာ ပူဇော်ထားတယ်။ ကထိန်ချိန်ကျရင် လမ်းတစ်လမ်း(သို့)အုပ်စုတစ်စုကို
ဘုရားတစ်ဆူနှုန်းနဲ့ မဲနှိုက်ပြီး ဘုရားဆင်းတုပင့်ရသဗျ။ ပြီးရင် ကိုယ့်မဏ္ဍာပ်မှာ ဘုရားကိုပူဇော်ထား ကထိန်ပြီးရင် ဘုန်းကြီးကျောင်းပြန်ပို့ အဲ့လို။
ကထိန်ခင်းရန်သူတို့ကြံ
ဒီနှစ်ကထိန်က ကျွန်တော်တို့ရပ်ကွက်လှည့်ကျသဗျာ။ ထုံးစံအတိုင်း တစ်လလောက်ကြိုပြီး ရပ်ကွက်အစည်းအဝေး လမ်းအစည်းအဝေးခေါ်သပေါ့လေ။
ဘာဖြစ်မယ်ဆိုတာ သွားမတက်လဲသိပြီးသားဗျ။ တစ်အိမ်ကို ဘယ်လောက်နှုန်း မထည့်မနေထည့်ရမယ်အဆိုတင်သွင်းမယ် နည်းတယ် များတယ်ငြင်းမယ်။
အပေါင်ဆိုင်နဲ့ နေ့ပြန်ပေးတဲ့အစ်မကြီးက ယူနီဖောင်းလုပ်ဝတ်ဖို့ ဘယ်အဆင်ထမီ အကျီ င်္ကဘယ်အဆင် ဆိုပြီးအဆိုတင်သွင်းမယ် ဘယ်ဈေးရှိမယ် မတတ်နိုင်ရင်
သူရောင်းပေးမယ် တစ်နေ့ကိုဘယ်လောက်သွင်းပေးဆိုပြီး ထပ်မံကမ်းလှမ်းမယ်။ သူလူလည်ကျတာကို မကျေနပ်တဲ့ အဒေါ်ကြီးတွေက ထပြီးငြင်းမယ်။
နောက်ထပ်ဈေးပြိုင်ရောင်းမယ့်အဒေါ်ကြီးတစ်ယောက်က ဘယ်အဆင်ဘယ်အသားဆို သူက ဘယ်လောက်ဈေးနဲ့ရောင်းပေးမယ် တစ်နေ့ချင်းမသွင်းချင်ရင်
လကုန်မှ ဘယ်လောက်ပဲပေး... အဆိုထပ်တင်မယ်။ အဲ ဆိုလိုချင်တာက လှူဖို့တန်းဖို့ဆွေးနွေးကြမယ်မထင်နဲ့ ထမီအကျီ င်္ကိစ္စက ရှေ့တန်းရောက်နေတာ...
ကထိန်ပေါ်အမြတ်ထုတ်မယ့်သူအချင်းချင်း ပြဿနာတက်နေကြတာ... အဲလိုဆွေးနွေးကြတာ ၂ နာရီခန့်ကြာမယ်ဆိုပါတော့ နောက်ပေရှည်နေမှာစိုးတာနဲ့
လူကြီးတစ်ယောက်က ၀င်ဖြတ်ပေးရမပေါ့ နင်က နင့်ဘက်ခြမ်းကိုရောင်း သူကသူ့ဘက်ခြမ်းကိုရောင်း ပထမဈေးခုနှစ်ထောင်နဲ့ နောက်ဈေးငါးထောင်ကြား
ခြောက်ထောင်ဆိုသတ်မှတ်ပေးလိုက်တယ်ဆိုပါတော့။ အဲ အဆင်ကတော့ လူကြီးကတော်ကြိုက်တဲ့အဆင်ကိုရွေးကြောင်းတော့ ခင်ဗျားလဲသိလောက်မှာပါ။
ထမီကိစ္စပြီးတော့ ကာလသားအလွှာကိုယ်စားလှယ်တစ်ဦးက စက်ဖွင့်ဖို့ မဏ္ဍာပ်ဆောက်ဖို့ကိစ္စ estimate ကိုတင်မယ်။ သူ့ estimate ထဲမှာက
မြန်မာပြည်ထုတ် အင်္ဂလိပ်နာမည်နဲ့ ပုလင်းလေးတွေအတွက်ပါ(စာရင်းမဖေါ်ပဲ) ထည့်တင်ထားလိမ့်မယ်။ လူကြီးကမေးရင်မဏ္ဍာပ်စောင့်ရင်း
ဘုရားစောင့်ရင်း ဧည့်ခံစားရိတ်ဆိုပြီးသူပြောမယ်။ ကျွဲရုပ်ငှားဖို့နဲ့ ဒိုးပတ်ဝိုင်းငှားဖို့ အလှူခံလှည့်ဖို့ တစ်ယောက်ကပြောလိမ့်မယ်။လူကြီးတွေက
နောက်မှစဉ်းစားတာပေါ့လို့ မြွေမသေတုတ်မကျိုးပြောထားလိမ့်မယ်ဆိုတာ မသွားလဲကျွန်တော်အကုန်သိနေသဗျာ။ ဘာလို့လဲဆို နှစ်တိုင်းဒါမျိုး ဖြစ်နေကြကိုး။
ကထိန်မဏ္ဍာပ်လူမပြတ်
တစ်အိမ်ငါးထောင်နှုန်းနဲ့ အိမ်ခြေ လေးဆယ်လောက်အတွက် ကျွန်တော်တို့အပိုင်းက နှစ်သိန်းတော့အခြေခံရပြီဗျို့။ ဒါက မဏ္ဍာပ်ဖိုး၊ ပဒေသာပင်ဖိုး
အထွေထွေကုန်ကျစားရိတ်ဖိုး။ ဘုန်းကြီးဆီအတွက်က တစ်ပြားမှမပါသေးဘူးဗျ။ ဘုန်းကြီးအတွက်က လှူချင်တဲ့သူတွေက လှူချင်သလောက်လှူကြပေါ့ဗျာ။
ကိုရွှေကာလသားများထဲက အချို့သောသူများ အလုပ်မသွားကြတော့ အလုပ်မရှိသူများနဲ့ပူးပေါင်းကြသပေါ့ မဏ္ဍာပ်ဆောက်ကြတယ်ဗျိုး။ ၀ါးဆိုင်ကတော့
ခုချိန်မှာ အားကြီးမျက်နှာပွင့်တယ်။ ၀ါးကျစ်တစ်လုံးကို ၇၀၀ လာပြန်ရောင်းရင် ၅၀၀ နဲ့ယူတယ်။ မဏ္ဍာပ်ဆရာများပင်ပန်းတယ်ဗျ။ ၀ါးထမ်းရ လှေကားပြေးငှားရ
တာလပတ်စရှာရ ဘုရားဆင်းတုတော်အတွက် ကျောင်းဆောင် ပလ္လင် စီစဉ်ရ မဏ္ဍာပ်ကို နှစ်ရက်ဆောက်ယူရတယ်ဗျို။ လမ်းထဲက အာကျယ်ကျယ်အဒေါ်ကြီး
တွေရဲ့ ဆရာဝင်လုပ်ခြင်းကိုကြိတ်မှိတ်ခံပြီး လုပ်ရတာ မလွယ်လှဘူး။ စရိတ်ကိုင်တဲ့ လူကြီးနဲ့ လူကြီးကတော်ဆီက ပိုက်ဆံတောင်းရတာလဲ လွယ်လှဘူးဗျ။
မဏ္ဍာပ်ဆောက်ပြီးတော့လဲ ဆောင်းဘောက်ငှားရသေးတယ်ဗျ သူများတွေဖွင့်ပြီး ကိုယ့်အပိုင်းက မဖွင့်တော့လဲ ဘယ်ကောင်းမလဲနော။ အကုန်လုံးပြီးတော့
ဖတ်ဖတ်ကိုမောလို့ရယ် အဲ ညနေကျ လူကြီးနဲ့စာရင်းရှင်းတော့ မဏ္ဍာပ်နဲ့ ဆောင်းဘောက်ငှားတာ စရိတ်စုစုပေါင်းက ၁ သိန်း ခြောက်သောင်းကျော်ကုန်နေပြီ
ပဒေသာပင်က မလုပ်ရသေးဘူး။ ဘုန်းကြီးပင့် ဆွမ်းကပ် ဘုရားအနေကဇာတင်တာမလုပ်ရသေးဘူး။ ငွေကလေးသောင်းပဲကျန်တော့တယ်ဗျ။ အဲ တစ်သိန်းခြောက်
သောင်းထဲက ဘယ်လောက်ပမာဏကဖြင့် မြန်မာပြည်ထုတ် အင်္ဂလိပ်နာမည်နဲ့ပုလင်းလေးတွေဖြစ်သွားသလဲဆိုတာတော့ လူကြီးရယ် ကာလသားတွေရယ်ပဲ
သိလိမ့်မပေါ့လေ။ လူကြီးကပြောမယ် ပိုက်ဆံကဖြင့်မလောက်တော့ဘူးဆို ကာလသားတွေက ကျွဲငှားမယ် ဒိုးပတ်ငှားမယ် အလှူခံမယ် ညနေကျမှ ပိုက်ဆံရှင်းလို့ရတယ်
ဆိုတော့... အဲဒီအစီအစဉ်ဖြစ်သွားတယ်ဗျ။ နောက်နေ့မနက်ကျ လမ်းထဲ ကျွဲတစ်ကောင်မွှေတော့တာပဲ ဒိုးပတ်ဝိုင်းနဲ့ လူတွေကထွက်ကြည့်လို့... ကာလသားခေါင်းက
မျက်နှာတင်းတင်းနဲ့ သူ့လူတွေကိုညွှန်ကြားလို့ပေါ့လေ။ သူတို့ခင်ဗျာ မိုးလင်းမိုးချုပ် ကျွဲထဲဝင်သူဝင် ကျွဲကျောင်းသားလုပ်သူလုပ် ဒိုးပတ်တီး အလှူခံနဲ့
လမ်းထဲက ကလေးတွေပါခေါ်ပြီး လျှောက်ကြရသပေါ့လေ။ နေ့ခင်းပိုင်းသူတို့ပြန်လာရင်စားဖို့ အဒေါ်ကြီးတွေက ကုလားဟင်းနဲ့ ထမင်းချက်တာ ၂ သောင်းကုန်သဗျ။
ညနေကျ ပိုက်ဆံရေလိုက်တော့ တစ်သိန်းနှစ်သောင်း အလှူငွေရတယ်။ ကျွဲနဲ့ဒိုးပတ်က တစ်သိန်း ကုလားဟင်းနဲ့ထမင်းက ၂ သောင်း.... ပြောင်ပေါ့။
ညပိုင်းပဲ လူကြီးက အိမ်တွေကိုလိုက်ပြောတယ် စနေနေ့မနက် မဏ္ဍာပ်မှာဆွမ်းကပ်မယ် တစ်အိမ်ကို ဆွမ်းတစ်ခွက်နဲ့ ဟင်းတစ်ခွက် လာပို့ပေးပါ မနက် ၄ နာရီမထိုးခင်
လူရောဆွမ်းရောအရောက်လာပါ။ သူ့အာဏာနဲ့ကျ ဘုန်းကြီးဆွမ်းကပ်တာအလွယ်သားဗျ။ မနက်အစော ဘုန်းကြီးမကြွခင် ပုလင်းလေးတွေသိမ်းရတာတော့ ကသီသပေါ့။
ပိုတာတွေ သူ့အိမ်ယူသွားလို့ သူတို့အိမ် မနက်စာတောင်ချက်စရာမလိုဘူးလို့ မလိုသူတွေကပြောတာတော့ခံရတာပေါ့လေ။ ပဒေသာပင်ကိစ္စလဲအလွယ်သားဗျ
ဟိုဘက်ရပ်ကွက်မှာ သွားရှာလာတာ တစ်ခုတွေ့လို့ ငှားလာသဗျ။မဏ္ဍာပ်ထဲမှာ လူငယ်တွေရော ကလေးတွေရော တရုန်းရုန်းဗျ ဆောင်းဘောက်ကလဲ မိုးလင်းကနေစဖွင့်
ည ၁ နာရီထိပဲ ဆောင်းဘောက်သမားတောင်တားယူရတယ်။ညဘက်ကျတော့ လူနိုင်တွေဆီကနေ လူငယ်တွေကမုန့်ဖိုးတောင်းသဗျ မဏ္ဍာပ်ကိုညစောင့်အိပ်ရင်းနဲ့
ဘာလုပ်ဖို့ဆိုလား အမေတောင် သုံးထောင်ပေးလိုက်ရသေး သိတယ်မဟုတ်လား အင်္ဂလိပ်နာမည်နဲ့လေ မြန်မာပြည်မှာထုတ်တာလေ....
လှည့်လည်ကြရန်စီစဉ်ပြန်
၁၀ နှစ်သားလောက် ကလေးအရွယ်တူလေးငါးယောက် ဒီကောင်တွေခေါ်သွားတာမြင်တော့ ဘာလုပ်သတုန်းအကဲခတ်ကြည့်တယ်။ မဏ္ဍာပ်ထဲမှာ ကလေးတွေကို အကကျင့်တာဗျခုခေတ်စားတဲ့ အိုပါဂန်းနန်းစတိုင်လ် သီချင်းပေါ့။ မကြီးမငယ်နဲ့လူတွေက မူးမူးနဲ့ရှေ့က ကပြ ကလေးတွေကနောက်ကလိုက်က ရယ်စရာ ပျော်စရာတော့ကောင်းသား။
မဏ္ဍာပ်ထဲက ဆင်းတုတော်ကတော့ အတော်မျက်စိနောက်ရှာမယ်လို့တွေးမိသဗျ။ တစ်ယောက်ကပြောတယ် တစ်ခြားမဏ္ဍာပ်တွေက ဒီသီချင်းနဲ့ ကမှာ မရှိသေးဘူးဆိုပဲ။
ရပ်ကွက်ထဲကလူတွေကတော့ ကထိန်လှည့်မယ့်နေ့ကို အမျှော်ကြီးမျှော်နေတာပေါ့လေ။ ကထိန်မှာ ၀န်းခင်းမတဲ့။ ဘုရင်တွေ မိဖုရားတွေ မူးမတ်တွေနဲ့ စည်တော်နဲ့ပေါ့လေ။
ပါဝင်ပြီး performance လုပ်မယ့်သူတွေ ရပ်ကွက်ရုံးကိုဆက်သွယ်နိုင်သတဲ့။ လမ်းထဲက လူတစ်ယောက်ဘုရင်လုပ်မယ်စာရင်းပေးတော့ ငွေသုံးသောင်း အ၀တ်အစားငှားဖို့
ထည့်ရမယ်ဆိုတော့ မတတ်နိုင်တာနဲ့ ငါးထောင်တန် ရဲမက်လုပ်ဖို့ငွေသွင်းစာရင်းပေးခဲ့တယ်။ တစ်သောင်းဆို စစ်သူကြီးတဲ့။ မိဖုရားကျ ရုပ်လဲချောရမယ် ငွေလဲ ၂ သောင်းထည့်
ရမတဲ့ မိတ်ကပ်ကကိုယ့်အစီအစဉ်နဲ့ကိုယ်တဲ့။ ရေလှည်းရှိတဲ့အိမ်ကလှည်းတွေကို တိုင်ကီတွေဖြုတ်နေကြတယ်။ ဆောင်းဘောက်တင်ပြီးတွန်းမလို့ဆိုပဲ။ အရပ်ထဲက ကုလားမကြီး
တွေကတော့ ဒုက္ခဗျာ ကုလားမကကမယ့်သူတွေက အ၀တ်အစားတွေလာလာငှားလို့။ လူရိုင်းက ကဖို့ပြင်တဲ့သူတွေကကျ စက္ကူခေါင်းစွပ်ရယ် အကျီ င်္မပါ
မျက်နှာမှာ ထုံးတွေလိမ်း ဆနွင်းတွေလိမ်းလို့ စပိန်သီချင်းတစ်ပုဒ်နဲ့ အကကျင့်နေတယ်။
အိုပါဂန်းနန်းကထိန်လှည့်လည်ချိန်
ကထိန်လှည့်ပြီဗျ။ ပျော်စရာကြီး။ အသံချဲ့စက်သံတွေကိုဆူညံနေတာပဲ။ ပထမဆုံးလာတာ ဆိုင်းဘုတ်ကြီး။ ကောင်မလေးတစ်ယောက်က ငွေဖလားနဲ့ ပန်းတွေကြဲလို့။
နောက်ကမူးမတ်တွေ စစ်သူကြီးတွေ ချွေးတွေရယ် မိတ်ကတ်တွေရယ် မျက်နှာမှာလုံးလို့။ ရုပ်တည်တွေနဲ့ လှံတွေဒါးတွေကိုင်လို့ရယ်ဗျို့။ အပျိုတော် ပိန်ညှောင်မလေးတွေ
လဲပါသဗျ။ အဲလိုပဲ ချွေးမိတ်ကပ်လိမ်းလို့ရယ်။ ဘုရင်ကတော့ အတော်ရုပ်ဆိုးသကိုး မိဖုရားကတော့မဆိုးဘူးရယ်။ ပိုဆိုးတာက ဘုရင်ဘေးမှာ လူတစ်ယောက်ကကပ်လိုက်လာတယ်။
ဘုရင်နဲ့မိဖုရားက ဝေါပေါ်မှာ ရဲမက်လေးယောက်ကထမ်းလို့ သကောင့်သားများသနားစရာ ငါးထောင်ပေးပြီး သူများကိုထမ်းနေရတယ်။ အဲဘေးကလူက ကျွတ်ကျွတ်အိပ်တစ်လုံးနဲ့ဘာအိပ်တုန်းဆိုစပ်စုလိုက်တော့ စပါကလင်နဲ့ အရက်ရောထားတာတဲ့ ကိုယ်တော်မြတ်က စပ်ဖြီးဖြီးနဲ့ ဝေါပေါ်က ပိုက်ကလေးနဲ့စုပ်လိုက် ဘေးကမိဖုရားကို ရိသဲ့သဲ့လုပ်လိုက်နဲ့ပေးထားရတဲ့သုံးသောင်းတန်အောင်ကို မင်္ဂလာယူနေတာဗျ။ နောက်ကစည်တော်ဗျ။
စည်တော်ဆိုလို့ အစစ်မဟုတ်ဘူး စက္ကူနဲ့လုပ်ထားတာကြီး။ နောက်က အသံချဲ့စက်ကတော့စည်တော်သီချင်းဖွင့်လို့ပေါ့။ နောက်က လမ်းနာမည်အစဉ်လိုက်
နံပါတ် ၁ လမ်း အိုပါဂန်းနန်းသီချင်းဗျ ကျွန်တော်တို့လိုတိုက်ထားတာမဟုတ်ဘူးဗျ အကုန်လုံးက မူးမူးနဲ့
ကွေးနေအောင်ကနေတာ။ နံပါတ် ၂ လမ်း မဆိုးဘူးဗျ ဦးရွှေရိုး။ နံပါတ်သုံးလမ်း စပိန်သီချင်းနဲ့ လူရိုင်းအက။ နံပါတ်လေးလမ်း အိုးပါဂန်းနန်းပဲ။
နံပါတ်ငါးလမ်း ကောင်းတယ်ဗျ
မပဒါမြေလူးခန်းကတာ ခါးမှာ ကြိမ်လုံးထိုး ထိပ်မှာ ကလေးရုပ်ကို ငှက်ရုပ်ကချီထားတာကို သူကလိုက်နေပုံကတာဗျ။ ဒိုးပတ်ဝိုင်းကတီးချင်တာတီး သူကတော့မပဒါပဲ။ နံပါတ် ခြောက် ကုလားသီချင်း ကုလားအက။ နံပါတ်ခုနှစ် ဖျော်ဖြေရေးမပါ။ နံပါတ်ရှစ် ကုလားအက။ နံပါတ်ကိုး အိုပါဂန်းနန်း။ နံပါတ်တစ်ဆယ် အိုပါဂန်းနန်း။
ကုလား... အိုပါဂန်းနန်း...လူရိုင်း...သားစိုးရဲ့ကိုကြီးကျော်.... အများစုကတော့ဒါပဲ အသေးစိတ်တော့မမှတ်မိတော့ဘူးဗျ.....
နားထဲမှာ ကြားနေတာကတော့ sexy lady ဆိုပြီး psy အသံကြီးနဲ့ဆိုနေတာပဲ....
မြင်နေတာကတော့ ကနေ မူးနေတဲ့လူငယ်လေးတွေ.......
ဘုန်းတော်ကြီးထံလှူဒါန်းပြန်
အိုပါးဂန်းနန်းနဲ့တော့ လှည့်လည်ပြီးပြီ။ ဘုန်းကြီးကျောင်းရောက်ပြီဗျ။ ခုကျွန်တော်သတိပြုမိတာ ပဒေသာပင်တွေ။ ဘုန်းတော်ကြီးတွေလိုသမျှကို စဉ်းစားပြီးလှူခဲ့ကြတဲ့
ရိုးရာမပျက်ပဒေသာပင်တွေလေ။ ပဒေသာပင်တွေစီချပြီး ဘုန်းကြီးရဲ့တပည့်တွေက ဖြုတ်နေကြတာ။ ပဒေသာပင်တစ်ခု ထီးတစ်လက် ဖိနပ်တစ်ရံ သပိတ်တစ်လုံး.. ပါသဗျ
ချမ်းသာသူတွေလှူတဲ့ ငွေပဒေသာပင်တွေကိုတော့ ပျောက်မှာရှမှာစိုးလို့ ကျောင်းကသိမ်ထဲအရင်ပို့ထားကြတယ်။ ကိုယ့်လူတွေ အပင်ပန်းခံပြီးလုပ်တဲ့ အလှူပွဲပဲဗျ ဘာတွေများ
လှူကြတုန်း သံဃာတော်တွေအတွက်။ ဟိုက်ရှားဘား... ပြက္ခဒိန်တွေဗျ ကြည့်လိုက် ကောင်မလေးတွေမပေါ်တပေါ်ရိုက်ထားတာတွေ... ဘီယာကြော်ငြာပြက္ခဒိန်တွေပါသဗျ။
ဌာနဆိုင်ရာတွေက မ၀ယ်မနေဇွတ်ရောင်းတဲ့ပြက္ခဒိန်တွေလဲပုံလို့ဗျို့... သူကနံပါတ်တစ်အများဆုံး။ နံပါတ်နှစ်အများဆုံးက မျက်နှာသုတ်ပုဝါတွေဗျ။ နံပါတ်သုံး ဆွမ်းဟင်းအစ်။
နံပါတ်လေး ဓါတ်ဗူး။ နံပါတ်ငါး ခြေသုတ်ခုံ။ အော် လူတွေလူတွေ မဏ္ဍာပ်ကြီးတွေဆောက် အသံချဲ့စက်တွေငှား ပါတိတ်တွေဆင်တူဝတ်..။ သံဃာတော်တွေဆီကျ ပြက္ခဒိန်တွေဗျ။
ခင်ဗျားပြက္ခဒိန်ဘယ်နှခုလိုလဲ.. တစ်ခုရှိတော်ပြီလေဗျာ။ သံဃာတော်တွေလဲ တစ်ခုရှိတော်ပြီပေါ့လေ။ ဒီကြားထဲ မပေါ်တပေါ်ကောင်မလေးပုံတွေကပါသေး။ လမ်းထဲစနည်းနာကြည့်တော့ဘေးအိမ်ကအဒေါ်ကြီးကပြောတယ် ဟဲ့ ဒီရက်ထဲ ငါးထောင်လဲထည့်ရတယ် ပါတိတ်လဲဝယ်ရတယ် ဘုန်းကြီးတော့လှူချင်သား မရှိတော့လဲ ရှိတဲ့ပြက္ခဒိန်လေးလှူတာဘာဖြစ်တုန်းတဲ့။
မနေ့ကဟိုဘက်ရပ်ကွက်က အရပ်လူကြီးတစ်ယောက်နဲ့တွေ့တယ်ဗျ။ နောက်နှစ်မင်းတို့ကထိန်လှည့်ပဲလို့ မဏ္ဍာပ်မဆောက် ကထိန်မလှည့် အသံချဲ့စက်မဖွင့်ပဲ တစ်အိမ်ငါးထောင်ကောက်ဆရာတော်တွေသင်္ကန်းကပ် ကျန်တဲ့ငွေနဲ့ ဘုန်းကြီးကျောင်းကိုပြင်ရင် တော်တော်အကျိုးရှိမယ်လို့.. ဘုန်းကြီးကျောင်းက ရှေးကျောင်းဆိုတော့ ပြင်စရာတွေများတယ်ဗျ.. တံတားကအစ။
သူကမင်းပြောသလို မဖြစ်ပါဘူးကွာတဲ့ တို့အရပ်ထဲလဲ ကထိန်လေးပဲပျော်စရာရှိတာတဲ့။
ကဲ ခင်ဗျားလဲဗုဒ္ဓဘာသာထင်တာပဲ ဘာလုပ်တာပိုကောင်းမတုန်းဗျ။

ကျေးဇူးပြုပြီး ဒါလေးကို မင်း ဂရုပြုမိတယ်ဆို Share လိုက်ပါ !!!!~~ ပန်းသီးတွေစားရင် သတိထားပါ....!!!!
ဇာ တိ shared Richelle Ko's photo.
ပန်းသီးအခွံတွေကို မစားပါနဲ့  ဘာလို့ လဲဆိုတော့ အခွံမှာ ဖယောင်
းတွေ အုပ်ထား.....သုတ်လိမ်းထားလို့ပါ ....
သစ်သီးတော်တော်များများကိုစားရင် အရင်ဆုံး စမ်းစစ်ကြည့်ကြပါ.......
ဘာလို့ အဲလို ဖယောင်းတွေသုတ်ထားရလဲဆိုရင် မူလပုံကိုထိန်းထားနိုင်အောင် နဲ့  အအေးခန်းမှာ ထိန်းထားနိုင်အောင်လို့ ပါ.......
USA နဲ့  အခြားဒေသအများအပြားကလာတဲ့ ပန်းသီးတွေဟာ လတ်လတ်ဆတ်ဆတ်ပုံပေါ်ပေမဲ့ သက်တမ်း တစ်နှစ်ထက်ပိုနေတယ် ဆိုတာကိုသိရင် မင်းအံ့သြကောင်း အံသြပါနေပါလိမ့်မယ်.......
ဘာလို့ လဲ ဆိုတော့ ဖယောင်းတွေ အုပ်ထားတော့ ဘက်တီးရီးယား ၀င်ရောက်ပေါက်ဖွားမှုကို ကာကွယ်ပြီးသားဖြစ်လို့ ပဲ.....ဒါ့ကြောင့် အဲ့ပန်းသီးက ခြောက်မသွားတော့ဘူး....
ဒါပေမဲ့ ဖယောင်းတွေကို ခြစ်ပြီးမှ ပဲ စားသုံးကြပါ.....!!!!!
Translated By : Zan Htet
Please SHARE if you CARE
Be Careful when eating apples. Please don't eat the skin of the apples because it's coated with wax. Check before you eat many of the fruits. Wax is being used for preservation purposes and cold storage. You might be surprised especially apples from USA and other parts are more than one year old, though it would look fresh. Becoz wax is coated, preventing bacteria to enter. So it does not get dry.But Please Eat Apples after removing the wax.
Credit: Zan Htet Ko
Post by Richelle Ko
သစ်သီးတော်တော်များများကိုစားရင

မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှု တတိယ အကြိမ်မြောက် ကျင်းပခဲ့
Ashino Hoshi shared Myanmar Online News's photo.
Tuesday, 27 November 2012
ရွှေမင်းသား ဖောင်ဒေးရှင်းမှ စီစဉ်မှုနဲ့ တတိယ အကြိ
မ် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှု ခရီးစဉ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ၀ါးတန်း လမ်းရှိ
ရွှေမင်းသား ဖောင်ဒေးရှင်း ရုံးချုပ်မှာ စတင် ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ မသန်စွမ်း များရဲ့ ၀ှီးချဲ စွမ်းရည် ပြသမှု အစီအစဉ် မှာတော့ ရန်ကုန်မှ မသန်စွမ်း ၁၁ ဦး ပါဝင် ပါတယ်။ မသန်စွမ်း များဟာ ရန်ကုန်မှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အတိုင်း ဒီကနေ့မှ စတင် ထွက်ခွာတာ ဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ အဆိုပါ အဖွဲ့ဟာ ရန်ကုန်မှ ပဲခူး အထိ သွားရောက်မှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပဲခူးမှ ညောင်လေးပင်၊ ၂၈ ရက်နေ့မှာ ညောင်လေးပင်မှ ဖြူး၊ ၂၉ ရက်နေ့မှာ ဖြူးမှ တောင်ငူ၊ ၃၀ ရက်နေ့မှာ တောင်ငူမှ ရေနီ၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရေနီမှ လယ်ဝေးနဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ မှာတော့ လယ်ဝေးမှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ အထိ မိုင်ပေါင်း ၂၄၅ မိုင်ကို မသန်စွမ်း ၀ှီးချဲစွမ်းရည် ပြသမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေမင်းသား ဖောင်ဒေးရှင်း မြန်မာမှ စီစဉ်မှုနဲ့ မန္တလေးမှ မသန်စွမ်း ၁၄ ဦး တို့ဟာလည်း မန္တလေးမှ နေပြည်တော် စည်ပင် ဧည့်ရိပ်သာသို့ မန္တလေး-ရန်ကုန် ကားလမ်းဟောင်း အတိုင်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင် ထွက်ခွာမှာ ဖြစ်ပါတယ်။
အဆိုပါ နေ့မှာ မန္တလေးမှ ကျောက်ဆည်၊ ၂၈ ရက်နေ့မှာ ကျောက်ဆည်မှ ၀မ်းတွင်း၊ ၂၉ ရက်နေ့မှာ ၀မ်းတွင်းမှ မိတ္ထီလာ၊ ၃၀ ရက်နေ့မှာ မိတ္ထီလာမှ ရမည်းသင်းနဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရမည်းသင်းမှ လယ်ဝေး၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ လယ်ဝေးမှ နေပြည်တော် စည်ပင်ရိပ်သာ အထိ မိုင်ပေါင်း ၁၉၂.၂ မိုင်ကို စွမ်းရည်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4

လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဦးစိုးသိန်း ဝန်ခံပြောကြား................. =================
Thuya Zaw and U Aye Ko shared Ponnya Swe / ပုညဆွေ's photo.
============= =======
====
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။
နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တ
ွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် စိုက်ပျိုးမြေ ဧက ၇၀၀၀ ကျော် ပါဝင်နေမှု သာသနိက ဆောက်အုံများ ပါဝင်နေကြောင်း မသိ၍ မှားယွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၄င်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ကတိပြု ပြောဆို ခဲ့သည်။
အထွေထွေ သပိတ်ဆင်နွှဲ နေသော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်လက်ပန်းတောင်းတောင်
စီမံကိန်း သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင်
သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ချိန်တွင်း ယခုလို ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် ဥက္ကဋ္ဌက ဖွင့်ဟ ဝန်ခံလာခြင်းလည်း ဖြစ်သည်။
နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ အမျိုးသား အဆင့် ဆွေးနွေးပွဲသို့ လူမှုရေး အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
Ref; The Voice Weekly
ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။
နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တ
ွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် စိုက်ပျိုးမြေ ဧက ၇၀၀၀ ကျော် ပါဝင်နေမှု သာသနိက ဆောက်အုံများ ပါဝင်နေကြောင်း မသိ၍ မှားယွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၄င်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ကတိပြု ပြောဆို ခဲ့သည်။
အထွေထွေ သပိတ်ဆင်နွှဲ နေသော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်လက်ပန်းတောင
နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ အမျိုးသား အဆင့် ဆွေးနွေးပွဲသို့ လူမှုရေး အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။
Ref; The Voice Weekly
ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် ================================ တရုတ်အမျိုးသား သုံးဦးသေဆုံး
Thuya Zaw and Kotoke Gyi shared Yangon Media Group's photo.
==============================
ဦးတင်လှိုင်
============================== ===
ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်းပြီးသေဆုံး သွားကြောင်း သိရသည်။နိုဝင်ဘာ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂျဲရိုးကာသည်
မိုင်တိုင်အမှတ်၃၁၈/၂ အနီးတွင် ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ပဲလမ်းလယ်
ကျွန်းကိုကျော်ကာ တစ်ဘက်ယာဉ်ကြောတွင် တိမ်မှောက်သွား ခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင်လိုက်ပါလာသော တရုတ်အမျိုးသားများဖြစ်ကြသည့် လောင်ဒကီ၄၂နှစ်၊ ချိုင်ဂျော့လှိုင်၃၇နှစ်၊ မာဖူး၅၈နှစ်တို့ မှာနေရာ တွင်ပွဲချင်းပြီးသေဆုံးသွားကြော င်း သိရသည်။ ကျန်ရှိသောလာရှားတောင်၃၅နှစ်နှင့် ယာဉ်မောင်းတို့မှာလည်ဒဏ်ရာပြင်း ထန်သဖြင့်မန္တလေးဆေးရုံတွင်
အတွင်းလူနာအဖြစ်တင်ထားရကြောင်း သိရသည်။ အဆိုယာဉ် တိမ်း မှောက်မှု
ကိုပြင်စည်ရဲစခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ရန်ကုန်-မန္တလေးကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ တရုတ်နိုင်ငံသားသုံးဦး ပွဲချင်းပြီးသေဆုံး သွားကြောင်း သိရသည်။နိုဝင်ဘာ၂၆ရက်နေ့ ညနေ၄နာရီခန့် ကရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဇောင်မင်း ချန်မောင်းနှင် လာသော ယာဉ်အမှတ်၅ဂ၊--------ခဲရောင်ပါဂ
ယာဉ်ပေါ်တွင်လိုက်ပါလာသော တရုတ်အမျိုးသားများဖြစ်ကြသည့် လောင်ဒကီ၄၂နှစ်၊ ချိုင်ဂျော့လှိုင်၃၇နှစ်၊ မာဖူး၅၈နှစ်တို့ မှာနေရာ တွင်ပွဲချင်းပြီးသေဆုံးသွားကြော
Viber သမားများအတွက်သတင်းလေးပါ
အင်တာနက် ဖုန်း Service တစ်ခုဖြစ်တဲ့ Viber သည် ၁မိနစ်ကို
ပျှမ်းမျှခြင်းအားဖြင့် 240KB အသုံးပြုပြီး ၁နာရီကို 14MB အသုံးပြုပါတယ်။
ထို့ ကြောင့် ယခုလက်ရှိဈေးနှုန်းအရ ၁မိနစ် ၂ကျပ်နှင့်ဆိုလျှင် ၁နာရီကို
၂ x ၆၀ = ၁၂၀ ကျပ်
ကျသင့်မှာ ဖြစ်ပါတယ်။
-----------------------------------------------------------------------------------------------
အကယ်၍ ပြောင်းလဲတော့မည့် ဈေးနှုန်းအရဆိုလျှင်တော့ 100 KB ကို ၂ကျပ်ဖြစ်သည့်အတွက် ၁နာရီဆိုလျှင် -
၂ x 14000 KB (14 MB) = ၂၈၀ ကျပ်
ကျသင့်တော့မှာ ဖြစ်ပါတယ်။ ထို့ ကြောင့်ပုံမှန်ထက် ၂ဆကျော်ပိုမိုကျသင့်တော့မှာ ဖြစ်ကြောင်းတွေ့  ရှိရပါတယ်။
*** အတိအကျဆိုလျှင် 1 MB= 1024 KB ရှိပါတယ်။ ထို့ ကြောင့် 14 MB ဆိုလျှင် 14336 KB ရှိပါတယ်။ ***

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်
MONDAY, 26 NOVEMBER 2012 18:21
GS
M ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် GSM ဖုန်းများတွင်
အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင်
နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက်စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့် နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
ထိုပြင် လက်ရှိရောင်းချနေသော ၂သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန်ရှိကြောင်း သိရှိရသည်။
''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်းအနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများခေါ်ယူထားကြောင်း သိရှိရသည်။
အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Tuesday, November 27, 2012
နားလှည့်ပြီး ပါးရိုက်ခံရသော(နှစ်ခါခံ) ကျွန်တော်တို့ မြန်မာပြည်သူများ
အကောင်းဆုံးကတော့ ဘာဖုန်းမှမကိုင်တာပဲကောင်းမယ်ထင်ပါတယ်ဗျာ။ကြံရည်စက်ထဲပြည်သူတွေ ထည့်ပြီးညုစ်ချနေသလိုပဲ ညုစ်ပြီးညုစ်နေကြတာ......နောင်ဘ ၀များလူဖြစ်လျှင်...မြန်မာနိုင် ငံတွင်မဖြစ်ရပါစေနဲ့ လို့ ဆုတောင်းချင်လာပြီ။။။။။။။။။။။။ ။။
နားလှည့်ပြီး ပါးရိုက်ခံရသော(နှစ်ခါခံ) ကျွန်တော်တို့ မြန်မာပြည်သူများတကယ်ဆိုးဝါးလှတဲ့ အခြေအနေမျိုးကို MPT က ဖန်တီးလိုက်တာပါ။ နိုင်ငံတကာမှာ ကောက်ခံနေတဲ့ နှုန်းထာ
းကလဲ ဒီလောက်မများပါဘူး။ တခြားနိုင်ငံတွေမှာ ကောက်ခံနေတဲ့ နှုန်းထားက သူတို့နိုင်ငံသားတွေရဲ့ ၀င်ငွေကို ကြည့်ပြီးကောက်ခံတာဖြစ်ပါတယ်။
ဒီမှာကတော့ သိတိုင်းအတိုင်းပဲ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘယ်တော့မှ နိုင်ငံသားတွေရဲ့ ၀င်ငွေတွေ၊ ဆက်သွယ်ရေးတွေ၊ အဆင်ပြေရေးတွေ၊ ဘာတွေ ညာတွေ မကြည့်ပါဘူး။ သူ့တို့ကိုယ်ကျိုးအတွတ်ပဲ လုပ်ပေးနေရတယ်။
ဖုန်းဝယ်တာတောင် သူတို့ ဖုန်းတိုင်ထောင်ဖို့ ပိုက်ဆံအရင်းအနှီး ကပေးနေရသေးတယ်။ အရမ်းကို စိတ်နာမိပါတယ်။
မြန်မာဆက်သွယ်ရေးက ဖန်တီးပေးတဲ့ အရမ်းကောင်းတဲ့ Project များမှာ
အလွန်ဈေးကြီးသော ဖုန်း(Sim) ကတ်များအား သုံးရခြင်း
မြန်မာနိုင်ငံသားများ လူစဉ်မမီအောင် Internet မသုံးနိုင်ခြင်း
သုံးရသော Internet Speed ကလဲ လိပ်က "အဘ" ဟုခေါ်စေလိုခြင်း
နိုင်ငံသားများ နည်းပညာများနောက်ကျအောင် ဖန်တီးခြင်း
ကြောက်မက်ဖွယ်ရာ တယ်လီဖုန်းခေါ်ဆိုခအား ဖန်တီးခြင်း
လူလည်ကျသော ဂုတ်သွေးစုပ် Data Volume စနစ်အား မိတ်ဆက်ခြင်း
အမြဲတမ်း လူပါးဝခြင်း
ရေရှည်မကြည့်ပဲ ခဏလေးနှင့် ပိုက်ဆံရသော စနစ်များအား အမြဲတစေ စဉ်းစားခြင်း
တို့ဖြစ်ပါတယ်။
ခုထိစဉ်းစားမိတယ်။ ဘာလို့ မြန်မာနိုင်ငံသားတွေ အဆင်ပြေအောင် MPT က မလုပ်ပေးတာလဲ...။
ဘာပဲဖြစ်ဖြစ် MPT ဆက်ရှိနေလို့ကတော့ ကျွန်တော်တို့တွေ အိမ်နီးချင်းနိုင်ငံတွေထက် လူစဉ်မမီဖြစ်နေဦးမှာပါပဲ။။။

!["ကျေးဇူးရှိတယ်လေ ပွဲလန့်တုန်းက သူဖျာခင်းပေးခဲ့တာ" (ကာတွန်း အော်ပီကျယ်)
@[1383556652:2048:Apk Cartoonist]](https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/s480x480/1042_10152299363375788_2043129998_n.jpg)