Sunday, September 30, 2012
နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည် -
ရန်ကုန်-စက်တင်ဘာ၂၉
နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှ ကူညီမည်ဖြစ်၍
ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးကပြောသည်။
"ဂျပန်က မီးစက်၁၃လုံး ပေးသွားမယ်လို့ သဘောတူထားပြီးဖြစ်တယ်။မီးစက် တလုံးကို
လျှပ်စစ်ဗို့အား ၄၀၀ ထွက်ရှိနိင်၍ ပြည်တွင်းတွင်
အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏ လျှပ်စစ်ထွက်ရှိမှုထက်၂ဆ
နီးပါးပိုထွက်မည် ဖြစ်ကြောင်း၊ မီးစက်တလုံး၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀
သန်းခန့် ရှိကြောင်း၊
အဆိုပါ မီးစက်များကို ရန်ကုန်တိုင်း ဒေသကြီးတစ်ခုထဲအတွက် အသုံးပြုသွားမည်
ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က
ပြောသည်။
မီးစက်များကို လှော်ကား၊ သာကေတ၊အင်းစိန် ၊ ရွာမနှင့် အလုံစသည့်
သဘာဝဓါတ်ငွေ့ စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။
Copy from - Myanmar Online News
ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ
ပစ်ခြင်း ပစ် မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့ ကျုံပျော်က ပြည်သူ့ရဲများ
ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်။ ရှားခဲကျေးရွာ၌
စက်တင်ဘာ (၂၈) ရက်နေ့တွင် အင်းကန်ကိစ္စ ကနေ အခင်းဖြစ်ပွားပြီး ပြည်သူနဲ့ ရဲ
အချင်းချင်း တုတ်တပြတ်၊ ဓားတပြတ်နဲ့ ပြည်သူ့ရဲများမှ သေနတ်နဲ့
ငါးချက်ပြစ်လွှတ်ရာ ငါးချက်လုံးလူထိပီး ပြည်သူနှစ်ယောက်ဖြစ်သော
ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းဝေ နှစ်ယောက် သေနတ် ဒဏ်ရာနဲ့ ပွဲချင်းပီး
သေးဆုံးခဲ့ကြောင်း၊ ၀ိုင်းဝိုင်းလည်ကုမဏီက ဖိုးလူဝဆိုတဲ့ လူမိုက်ကိုငှားပီး
တုတ်နဲ့ရိုက်ခိုင်းလို့ အရိုက်ခံလိုက်ရတဲ့ ရွာသား ကိုတရုတ် ခေါ်
ကိုဝင်းနိုင်ဆိုတဲ့ တစ်ယောက် လည်း ထိုနေ့တွင် နေ့လည် ၁၁း၀၀ အချိန်ခန့်က
သေဆုံးခဲ့ကြောင်း၊ တချို့မှာ ဓားဒဏ်ရာနှင့် ရှိနေသေး ကြောင်း၊ အခုတော့
သေနတ်နဲ့ ပစ်ခတ်ရာ အသက်မသေဘဲ ရင်ဘတ်တွင် မှန်ခဲ့သည့် သေနတ်ကျည်ကြီး
အတိုင်း ပုသိမ်ဆေးရုံကနေ ညနေ ၄း၀၀ တွင် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးသို့
ညပိုင်း ၉း၀၀ အချိန်ခန့်တွင် ရောက်ရှိလာကြောင်း သိခဲ့ရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံတွင်လက်ရှိအမှုပါ သေနတ်ဒဏ်ရာနဲ့ ဆေးရုံအတွင်း
လူနာအဖြစ်ကုသနေကြောင်း သိရှိရပါတယ်။ ဆေးရုံ အဆောင် (၃-၄) သို့ရောက်ရှိနေသော
အတွင်းလူနာများမှာ ကိုကျော်ဇင်သန့်နှင့် ကိုဝင်းသန်းဖြစ်ကြောင်း
ဒေသခံများက ပြောဆိုခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲဝန်ထမ်း များကလည်း
ဒီနေ့ ညတွင်းကြီးတော့ဒီအမှုနဲ့ပတ်သက်ပြီး ဘာသတင်းမှမပေးလိုကြောင်း
လာရောက်မေးမြန်း ကြသော မီဒီယာသမားများကို ပြောဆိုဆက်ဆံခဲ့ပါတယ်။
လူနာနှင့်အတူ ပါလာသော မိသားစုများကိုလည်း ဆေးရုံအတွင်းမှာ
ထိန်းသိမ်းထားကြောင်း၊ အပြင်သို့ ပေးမထွက်ကြောင်းလည်း သိရှိခဲ့ရပါတယ်။
နောက်တစ်နေ့ ရုန်းရင်းဆန်ခတ်ဖြစ်သော စက်တင်ဘာ (၂၉) ရက်နေ့မှာ အဆိုပါ
လူမိုက် ဖိုးလူဝမှ ရှားခဲကျေးရွာသား အသေးလေးဆိုတဲ့ ရွာသားတစ်ယောက်ကိုလည်း
အနိုင်ကျင့်ပြီး ခေါ်ဆောင်သွားကြောင်း ရှားခဲရွာမှ အမည် မဖော်လိုသူ
ရွာသားတစ်ယောက်မှ ပြောဆိုခဲ့ပါတယ်။ အင်းသူကြီး ဦးမြဟန်နှင့် ခရိုနီတွေရဲ့
ရက်စက်မှုကြောင့် အပြစ်မရှိသော ရွာသားများမှာ ဖြစ်ချင်တဲ့ ဆန္ဒကို
ဖော်ထုတ်ရုံနဲ့ ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲ အမည်ခံ ရဲဝန်ထမ်းများကလည်း
လက်ဖြောင့်တပ်သားများပမာ ခရိုနီတို့အကြိုက် ရက်စက်ပြခဲ့ကြောင်း
သတင်းရရှိသည်။
ပေးပို့သူ မေ့မေ့သား လင်းဆက်
မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ
by Lwin Aung Soe on Friday, September 28, 2012 at 10:25pm

ကျင့်သုံးနေဆဲ ပညာရေးစနစ်ကို ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်တာမျိုးကို ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်။
အခြေခံပညာ အထက်တန်းကို (၃) နှစ်ကြာအောင် သင်ယူစေပြီး ပညာရေးအဆင့်မီအောင် လုပ်မယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက ပြောဆိုတာ ကြားလိုက်ရပါတယ်။
ဒီလိုမျိုး (၃) နှစ်ကြာအောင် သင်ယူစေတဲ့ ပညာရေး စနစ်သစ်ကို
သတ်မှတ်နိုင်ဖို့အတွက် ဘယ်နှစ်နှစ်ကြာအောင် ပညာရေးနဲ့ လူမှုရေး သုတေသန
လုပ်ထားပြီးပြီလဲ.. အမျိုးသားစီမံကိန်းနဲ့ ကိုက်ညီနေရဲ့လား.. ဆိုတဲ့
မေးခွန်း ၂ ခွန်းကို ပညာရေး ဝန်ကြီးကို ကျနော် အရင်ဆုံး မေးချင်ပါ တယ်။
ဒီနောက်မှာ မေးစရာတွေ တပုံကြီး ရှိတယ် ဆိုတာလည်း ဝန်ကြီး သဘောပေါက်လောက်
ပါလိမ့်မယ်။
ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ စားဝတ်နေရေးစရိတ်ပေါ် မူတည်ပြီး ပညာရေးကို
မရရအောင် ခြစ်ကုတ်သင်ယူနေရသူတွေ သန်းပေါင်းများစွာ ရှိနေမယ်ဆိုတာ
သိထားဖို့ ကောင်းပါတယ်။
(၃) နှစ်တက်ရတာ ချမ်းသာတဲ့သူ၊ ငွေကြေး လုံလောက်တဲ့သူတွေအတွက် ဘာမှ
မထောင်းတာဘူး ဆိုရင်တောင် နောက်ထပ် တနှစ် အချိန်ပေးလိုက်ရတာကြောင့်
ကောင်းကျိုး ရှိနိုင်သလို ဆိုးကျိုးလည်း ရှိနေတတ်ပါတယ်။ ဘယ်လောက်များများ
တွက်ချက် ပြင်ဆင်ထားပြီးပြီလဲလို့ မေးစရာ ရှိပါတယ်။
ဒါဟာ ငွေကြေးချို့တဲ့နေရတဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲက
မောင်းထုတ်လိုက်သလို ဖြစ်နေပါတယ်။ အခမဲ့ ပညာရေးစနစ် ဖြစ်တယ် ဆိုရင်တောင်
ကျောင်းမရှိတဲ့ ဒေသက ကျောင်းသားတွေဟာ ကျောင်းရှိတဲ့ အရပ်ဒေသကို လာရောက်
နေထိုင်ရတဲ့ ပြဿနာမျိုးတွေကအစ တွက်ချက် စဉ်းစားယူရပါလိမ့်မယ်။ သမ္မတ
ဦးသိန်းစိန်တောင် ငယ်စဉ်ဘဝက ဒီလို အခက်အခဲမျိုးတွေ ကြုံခဲ့ရဖူးတာ ဟိုတလောက
သိလိုက်ရပါတယ်။
ပညာရေးကောင်းစေချင်ရင် အဓိက လိုအပ်ချက်ဟာ အရည်အသွေးမြင့်တဲ့ သင်ကြားမှု စနစ်သာ ဖြစ်ပါတယ်။ အချိန်ထပ်တိုးတာ မဟုတ်ပါဘူး။
ပြုပြင်ပြောင်းလဲရေး ဆိုတိုင်း စိတ်ကူးထဲ ပေါ်လာတာကို ကောက်လုပ်လို့ မရပါ။
အထူးသဖြင့် ပညာရေးစနစ်မှာ စိတ်ကူးမိတာကို အရင်ဆုံး ကွင်းဆင်း သုတေသန
လုပ်ကြည့်ပြီး ကာလတို တခုမှာ (သို့) ပိုကောင်းစေချင်ရင် စံပြလေ့ကျင့်ရေးလို
ကျောင်းတွေမှာ စမ်းသပ်ကြည့်ရပါတယ်။ အောင်မြင်တယ်လို့ အထပ်ထပ်
အတည်ပြုနိုင်မှ တနိုင်ငံလုံး ကျင့်သုံးတဲ့ စနစ်မျိုး ဖြစ်စေရပါတယ်။
ပညာရေးစနစ်ဟာ တနိုင်ငံလုံးမှာ တပြေးညီ မပိုမလို အတိအကျ ကျင့်သုံးရတာကြောင့်
နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်လိုမျိုးပဲ သိပ်ကို အရေးကြီးပါတယ်။
ပညာရေးမှာ စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုးကို
ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့နောက်ပိုင်း ၁၉၆၄ ခုနှစ်လောက်မှာ
ကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်ကတည်းက စတင် ကျင့်သုံးလာလိုက်တာ
ဒီနေ့ထိဆိုရင် နှစ်ပေါင်း ၅ဝ လောက် ဖြစ်နေပါပြီ။ မပြောင်းလဲနိုင်သေးတဲ့
ကိစ္စကြီးပါ။
အဲဒီ နှစ်ပေါင်း ၅ဝ လောက်အတွင်းမှာ ပညာရေး အစမ်းသပ်ခံ ဖြစ်ရသူတွေ
ရရှိလိုက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်လိုရှိနေတာကို နိုင်ငံတကာ
စံချိန်နဲ့ တိုင်းလိုက်ရင် အသိသာကြီးပါ။
သမ္မတနဲ့တကွ ဝန်ကြီးတွေလည်း အမေရိကားရောက်နေတုန်း မြန်မာတွေ အင်္ဂလိပ်လို ဘယ်လောက် တတ်သလဲ ဆိုတာ အနည်းဆုံး သတိပြုမိကြမှာပါ။
ဥရောပ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေလျ၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ
ပညာရေးစနစ်ရဲ့ အောင်မြင်မှုတွေကိုချည်း ကြည့်မနေဘဲ အောင်မြင်မှုရအောင်
ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းးနေကြသလဲ ဆိုတာကို ကျနော်တို့ လေ့လာပြီး
ကိုယ့်ရေမြေသဘာဝ အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲယူရမှာ
ဖြစ်ပါတယ်။
တကယ်တော့ နှစ်ပေါင်း ၅ဝ လောက် တပုံစံတည်း ကျင့်သုံးလာနေတဲ့
“စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုး” ကိုသာ
ပညာရေးဝန်ကြီးဋ္ဌာနအနေနဲ့ အရင်ဆုံး ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။
လွင်အောင်စိုး
၂၉-၉-၂ဝ၁၂
စွန့်လွှတ်ခြင်းဆိုတာ ဘာကိုခေါ်ပါသလဲ (ကိုအမ်အမ်)
ကျွန်တော် ဒီကပြန်ရင် ရွာကိုခွင့်ပြန်မယ် ကျွန်တော့်အမေက မမာဘူးဗိုလ်ကြီးရဲ့ ညီမလေးကလည်း ကျောင်းပညာတပိုင်းတစနဲ့ အိမ်ပြန်ပီးကျွန်တော်စုထားတဲ့ လစာလေးနဲ့ အမေနဲ့ညီမလေးကိုထောက်ပံ့ခြင်တယ်
အချိန်ကား ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ အတွင်း နေရာကား ရှမ်းပြည်နယ် အရှေ့ပိုင်း ယိုးဒယားနယ်စပ် အို-၇ မြန်မာ့တပ်မတော်၏ မဆုတ်တမ်းခံစစ်ကုန်း ခမရ( ) တပ်ခွဲ (၁) တပ်စု(၂) မှ ရဲဘော်လေး ဇေယျမောင်မှ တပ်စုမှုးဖြစ်သူ ဗိုလ် ဝေလင်းအား မှတ်မှတ်ရရပြောကြားမိသော စကားစုလေးပင်
ဇေယျမောင်တို့တပ်စု အို-ရ ကုန်းတွင်မဆုတ်တမ်းခံစစ်ယူ ခဲ့ တာ ၁နှစ်တိုင်ခဲ့ပီ စစ်သည် ၃၀ခန့်တွင် ဗိုလ်ဝေလင်း အပါအ၀င် လူပျို အရာရှိစစ်သည် ကား ၇ဦးသာရှိပီး ကျန်စစ်သည်များကား အိမ်ထောင်သည်များဖြစ်ကြသည်။
တပ်ရင်းအခြေစိုက်ရာဒေသကား မအေးချမ်းသော ဒေသဖြစ်သဖြင့် နောက်ပိုင်း မှမိသားစုများအတွက် နောက်ကြောင်းမအေး ကြရှာ။
အိမ်ထောင်သည်များက ထိုသို့နောက်ကြောင်း မအေးကြသလို လူပျိုများကလည်း တွယ်မိတွယ်ရာသံယောဇဉ်များအတွက် နောက်တန်းသို့ပြန်ဝင်ချင်ကြပီ
ဖေဖော်ဝါရီ လကုန်ပိုင်းတွင် နောက်တန်းပြန်ဝင်ရမည် ဆိုသောသတင်းများ သဲ့သဲ့ ကြားလာရ ပီ ရဲဘော်တွေကလည်း ကိုယ့်အတွေးတွေ ကိုယ့်မျှော်လင့်ချက်လေးတွေ ကိုယ်စီနဲ့ ပျော်နေကြပီပေါ့
ဒီအချိန်မှာ ရဲဘော်လေး ကသူ့ တပ်စုမှုးကို သူနောက်တန်းပြန်ရင် အမေနဲ့ ညီမလေးဆီ ပြန်ချင်တဲ့ အကြောင်းအထက်ပါအတိုင်း သတင်းပို့ လာရှာပါသည်
ဗိုလ်ဝေလင်းကိုယ်တိုင်ကလည်း အမေတစ်ခု သားတစ်ခုမို့ ကိုယ်ချင်းစာ နားလည်စွာနဲ့ ပဲ နောက်တန်း ပြန်ဝင်လျင်ခွင့် ရ အောင်ဆောင်ရွက် ပေးမည်ဟု ကတိပြု လိုက်ပါသည်။
ရဲဘော်လေးလည်း မျှော်လင့် ချက်အပြည့်နဲ့ ပျော်ရွှင်စွာနဲ့ပဲ တပ်စုမှုးအနားက အလေးပြုကာဖယ်ခွာသွားပါတော့သည်။
တပ်စုမှုးလည်းကိုယ့်ရဲဘော်များေ
ယိုးဒယားစစ်တပ်၏ ပင်မတိုက်ပွဲဝင်တင့်ကား M60

ထိုနေ့ကား ၂၀၀၁ခုနှစ်ဖေဖော်ဝါရီ ၂၄ ရက်...........................
ထိုနေ့ ည ၁၂၀၀နာရီတွင် တပ်စူမှုး ရုတ်တရက်လန့်နိုးလာသည် စိတ်ထဲ မသန့်ဖြစ်လာသဖြင့် ချပ်ဝတ်တန်ဆာဝတ် သေနတ်ဆွဲပီး ကင်းများကိုစစ်ဆေးရန်ထွက်လာခဲ့
ရုတ်တရက်အငိုက်မိသွားသော တပ်မတော်ခံစစ်စခန်းသည် တပ်စုမှုး၏ စစ်မိန့် သံနှင့်အတူ ရုတ်ခြည်း တိုက်ပွဲဝင်အသင့်အနေအထားသို့ရော
လက်နက်ကြီး ကျည်များကြားထဲမှပင် ခံစစ်စခန်းသည် အသက်ဝင်လာခဲ့ပီ----------
စစ်သည်များ ခံစစ်ကျင်းအတွင်း အသင့်နေရာယူပီးပီ---------
တပ်စုမှုး ဆက်သွယ်ရေးစက်ဖြင့် ဆက်သွယ်သော်လည်း ရန်သူ့ကျည်ကြောင့် XDD 6 M1 ဆက်သွယ်ရေးစက်မှာပျက်စီးခဲ့ရပီ.
မြန်မာ့တပ်မတော်ထုတ် ၆၀မမ ကိုယ်မန်ဒို စိန်ပြောင်း
မိမိတို့တပ်စု ပြင်ပ နှင့် အဆက်အသွယ် ပြတ်ခဲ့ရပီကို တပ်စုမှုး သုံးသပ်မိ ပီ ကိုယ့်အားကိုယ်သာကိုးမှရမည် စစ်သည်များစိတ်ဓာတ်မကျစေရ NEVER SURRENDER ကျောင်းတော်ကြီးရဲ့ ဆောင်ပုဒ် ကိုနှလုံးသွင်းလိုက်သည်။
ရန်သူ့လက်နက်ကြီးများက ၁၂၀၀ နာရီမှ ၀၄၀၀နာရီ ထိ ဆက်မပြတ် မိမိအားကြိုတင်ချေမှုန်းလျက်ရှိ
မြန်မာ့တပ်မတော်ထုတ် MA-10 ပုခုံးထမ်းလောင်ချာ (ပဲ့ထိန်းမ့
အာရုံတက်တော့မည် ရန်သူ့လက်နက်ကြီးသံ ဆဲ သွားပီ ရန်သူ DAWN ATTACK လုပ်တော့မည် နံနက်ခင်း အလင်းရေင်နှင့်အတူ ကြည့်မိတော့ ရန်သူ၏့် အဆမတန်အင်အားကိုတွေ့ မိသည်။ အချို့ စစ်သည်များမျက်နှာတွင် အားငယ်သောအရိပ်အရောင်များ ကိုတပ်စုမှုး တွေ့ နေရပီ အလားအလာမကောင်း ၇န်သူတို့ ၏ M-60 တင့် ၄စီး နှင့် COMMANDO သံချပ်ကာယာဉ်များက အတွေ့ အကြုံနုနယ်သူစစ်သည်များအတွက်ချေ
တပ်စုမှုးကိုယ်တိုင်လည်း ရန်သူ့ သံချပ်ကာများကို တွေ့ရသဖြင့် ရုတ်တရက်တုန်လှုပ်မိသည်။ သို့သော် တွေဝေနေချိန်မရ စစ်သည်များ၏ စိတ်ဓာတ်ကို မြင့်တင်ရမည်စိတ်ဓာတ်သာ အားကိုးစရာရှိသည်။ ၆၀မမ စိန်ပြောင်း နဲ့ အမ်အေ-၁၀ တင့်ဖျက်ကို ကိုယ်တိုင်ကွပ်ကဲမှုယူကာ ၇န်သူ့ တင့်များကိုပစ်ခတ်စေသည်။ တပ်စုလက်နက်များကို စုပြုံပစ်ခတ်စေသည်။
ကိုယ်တိုင် တင့် ဖျက်ကို ပစ်ခတ်ရင်း ၇န်သူ့တင့် (၂)စီးကိုဖျက်ဆီးရင်း တပ်စုမှုး ကျည်သင့် ကျဆုံးခဲ့သည်။ ရန်သူ့တင့်(၂)စီးနှင့် သံချပ်ကာ(၁)စီးဖျက်ဆီးနိုင်ခဲ့
ယိုဒယားစစ်တပ်၏ ဗီ-၁၅၀ ကိုယ်မန်ဒို သံချပ်ကာယာဉ်

ပြင်းထန်စွာဖြစ်ပွားနေသောတိုက်
တပ်စုမှုးလည်းကျဆုံးခဲ့ပီ ကျည်လည်းကုန်လုပီ ထမင်းဆိုတာမစဉ်းစားနိုင်သေး ရန်သူသည် မိမိအားအဲပီးတိုင်ချေမှုန်းတော့
သို့သော်----------------------
တောင်အရပ်ဆီမှ ငှက်မည်း(၄)ကောင်အလား G-4 တိုက်လေယာဉ် (၄)စီးဆင်းသက်လာပီး ရန်သူ့ တင့်နှင့် ခြေလျင်ဆီသို့ တဟုန်ထိုး---------------------
မြန်မာ့တပ်မတော် (လေ)ရှိ ဂျီ-၄ တိုက်လေယာဉ်

စစ်သည်များစစ်ကြွေးသံနှင့် အတူ လင်းယုန်ငှက်များ၏ အောင်ပွဲသည်စစ်မြေပြင်ကိုလွှမ်ြး
တပ်စုမှုး၏ အင်ကျီဘယ်ဘက် အိတ်ကပ်မှ ချစ်သူ၏သွေးစွန်းနေသောဓာတ်ပုံနှ
ဂျီ-၄ တိုက်လေယာဉ်ပေါ်မှ မြေပြင်ပစ်မှတ်အား ချေမှုန်းနေစဉ် (နမူနာပုံသာဖြစ်ပါသည်။)

၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းမြန်မာ့တပ်မေ
မေ့ပျောက်ခံ အို-၇ သူရဲကောင်း အမိမြေကို ကာကွယ်ရင်းကျဆုံးခဲ့သော အာဇာနည်များအားဂုဏ်ပြုလျက်-----
MYANMAR ARMOURED CORPS
(အထက်ပါ ဆောင်းပါးအား ဖော့ဘုတ် ပေါ်မှ ပြန်လည်ရယူထားခြင်းဖြစ်ပါသည်။ မြန်မာ့ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမဆို တိုက်ထုတ်ချေမှုန်းရမည်မှာ တပ်မတော်၏ တာဝန်ပင်ဖြစ်ပါသည်။)
myanmar defence weapon
သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီး ကြေညာ
By Planet 28 September, 2012 - 20:35
ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီး တစ်ဦးသည် ၎င်း၏
လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့်
သတို့သားလောင်းကို ဒေါ်လာ (၆၅) သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။
တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက်
လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။ လက်ရှိတွင် အသက်
(၃၃) နှစ်ရှိ ဂီဂီအား ပိုးပမ်းရန် လျှောက်ထားသည့် သတို့သားလောင်း (၁၀၀)
ကျော်မျှ ရှိနေပြီဟုလည်း တောင်တရုတ် မနက်ခင်း သတင်းစာက ဖော်ပြခဲ့သည်။
သူဌေးကြီး စီဆီလ်က မိမိ၏ သမီးဖြစ်သူအတွက် သတို့သားလောင်း ရှာဖွေမည့်
အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ကတည်းက အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုအခါ
လျှောက်လွှာများ လက်ခံရရှိထားခြင်းဟု ဆိုသည်။
"ကျွန်တော့်ဆီကို စာတွေပို့လာတယ်။ Email နဲ့ Fax တွေရောပေါ့။ အဲဒါတွေအားလုံးကိုဖတ်ဖို့ အချိန်တော့ မရသေးဘူး။ ကျွန်တော် ဒီကိစ္စကို ဂီဂီနဲ့ ဆွေးနွေးပါဦးမယ်" ဟု သူဌေးကြီး စီဆီလ်က ပြောကြားခဲ့သည်။ ၎င်းက "တော်တော်များများ တူတူညီညီ ပြောနေတာ တစ်ခုပဲရှိတယ်။ သူတို့ ဆက်သွယ်လာတာ ငွေကြောင့်မဟုတ်ဘူး။ ကျွန်တော့်သမီးကို ရင်းနှီးချင်လို့ ဆိုတာချည်းပါပဲ" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ ပြင်သစ်မှ ဆက်သွယ်လာသူ တစ်ဦးက "ကျွန်တော် အလေးအနက် ပြောတာပါ။ ကျွန်တော်က အမျိုးသမီးတွေကို ပျော်ရွှင်စေတဲ့ ယောက်ျားတစ်ယောက်ပါ။ ပြီးတော့ မိန်းကလေးတွေလိုပဲ နူးညံ့ပါတယ်" ဟု ရေးသားထားသည်။
အခြားလျှောက်လွှာတင်သူ တစ်ဦးကလည်း "ကျွန်တော်က ခင်ဗျားသမီးရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး သူ့ကို လက်ထပ်မယ့်သူပါ။ ပြီးတော့ ကျွန်တော့် အပျော်မယား ဘရာဇီးလ်မော်ဒယ်လ် မာရီယန်ကလည်း ခင်ဗျားသမီးအတွက် အဆင်ပြေအောင် ကျွန်တော့်ကို ကူညီလိမ့်မယ်" ဟု ရွှတ်နောက်နောက် ရေးသားထားပြန်ကြောင်း သိရသည်။ ဂီဂီကမူ သူမ၏ ဖခင်လုပ်ရပ်အတွက် စိတ်ပျက်ကြောင်းနှင့် သူမသည် အေးအေးချမ်းချမ်းသာ နေလိုကြောင်းဆိုသည်။ ဂီဂီသည် လွန်ခဲ့သော (၇) နှစ်က ပြင်သစ်တွင် အမျိုးသမီးတစ်ဦးကို လိင်တူချင်း ထိမ်းမြား လက်ထပ်ဖူးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
စီဆီလ်က "ကျွန်တော့် သမီးအတွက် သတို့သားလောင်းက ချမ်းသာ၊ ဆင်းရဲမရွေး ပြဿနာမရှိပါဘူး။ အဓိကအချက်က နှစ်လိုစရာကောင်းပြီး ကြင်နာတတ်ရပါမယ်။ ဂီဂီက ရုပ်ရည်ချောမောပြီး အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ မိဘတွေ အပေါ်မှာလည်း သိတတ်ပါတယ်။ ပြီးတော့ ရက်ရောပြီး စေတနာလည်း ထက်သန်ပါတယ်" ဟု ပြောကြားထားသည်။ ၎င်းက သတင်းများတွင် ဖော်ပြနေသကဲ့သို့ ဂီဂီက လိင်တူလက်ထပ်ဖူးသည် ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး မိမိ၏သမီးသည် အပျိုသာဖြစ်ကာ သင့်တော်သော အမျိုးသား တစ်ဦးအတွက် အကောင်းဆုံး ဇနီးတစ်ယောက် ဖြစ်လိမ့်မည်ဟုလည်း အာမခံသွားသည်။
Source: AFP on GoogleNews

လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံးမြွှေကြီး
အမေရိကန်ပြည်ထောင်စု
ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့်
စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသော
ြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင်
မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့်
ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက
မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ
သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။
ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့်
ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး
၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင်
ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့်
ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ
အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။http://luckymyotaw.wall.fm/forum/16 (ထူးဆန်းထွေလာ)
Saturday, September 29, 2012
မြန်မာ့ကွမ်းယာ ကမ္ဘာလှည့်ခရီးသည် အံ့သြ လေ့လာ
ကွမ်းတံတွေးကို ထွေးပစ်ရကြောင်း၊ လမ်းသွားရင်း ကွမ်းစားလျှင် စည်းကမ်းမဲ့ ကွမ်းတံထွေး မထွေးသင့်ကြောင်း၊ လမ်းသွားရင်း စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးပါက လမ်းပလက်ဖောင်းများ ညစ်ပတ်ကြောင်း စသည်ဖြင့် ရှင်းပြနေသည်ကို ကြားရသည်။ ရှင်းပြသည့် ဧည့်လမ်းညွှန်ကလည်း ကွမ်းယာသမား ဖြစ်သည်။
ရန်ကုန်မြို့တော်အနှံ့ လမ်းဘေး ကွမ်းယာဆိုင်များနှင့် လက်ပွေ့ ကွမ်းယာသည်များ မှိုလိုပေါက် ပေါများနေပြီး စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးနေကြသူ များကြောင့် လမ်းများ၊ ပလက်ဖောင်းများ၊ ဘတ်စကား နံဘေးများ၊ အဆောက်အအုံ နံရံများ ကွမ်းတံတွေး ပေကျံ ညစ်ပတ်နေမှုများကို ကမ္ဘာလှည့် ခရီးသည်များက မသိကြ။ သိသွားလျှင် အထင်သေးစရာ ဖြစ်သည်။
သို့ဖြစ်၍ ကွမ်းယာဆိုင်များနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သင့်ကြောင်း သိရသည်။ စည်းကမ်းရှိ မြို့ကြီးသား ပီသကြမှ ရန်ကုန်မြို့တော်ကြီးသည် သန့်ရှင်း လှပပြီး ကမ္ဘာလှည့် ခရီးသည်များကို ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ကွမ်းယာစားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမိုးသီးဇွန်က အင်တာဗျူးတစ်ခု၌ ပြောကြားရာတွင်-
- စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးတဲ့ ကိစ္စဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် အလွန်ရိုင်းတဲ့ကိစ္စ ဖြစ်တယ်။ ကွမ်းစားတာဟာ ဒီမှာတော့ culture ကြီးတစ်ခုလို ဖြစ်နေတယ်။ ကွမ်းစားတာဟာ အကြောင်းမဟုတ်ဘူး။ ဟိုနားထွေး ဒီနားထွေးနဲ့ ဒါကို အစိုးရကလည်း မတားဆီးနိုင်ဘူး။
- ဒီလောက်လေးဆိုပြီး ဒီအကြောင်းကို ဘယ်နိုင်ငံရေး အဖွဲ့အစည်းက ပြောလို့လဲ။ အခုအချိန်မှာ Universal Value က မြင့်လာပြီ။
- မဆလ ခေတ်တုန်းကလည်း လူတွေ ကွမ်းစားနေကြတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မစားခဲ့ဘူး။ စံပြ နေခဲ့ကြတယ်။ အခုခေတ် ရောက်တဲ့အထိ လူတွေဟာ ကွမ်းစားတုန်းပဲ။ လူငယ်တွေ ပိုစားလာကြတယ်။
- ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက်တစ်ခု မဟုတ်ဘူး။ တကယ် မှန်ကန်တဲ့ ထွက်ပေါက်က အားကစားကို လိုက်စားမယ်။ စာဖတ်မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။မယ်။ ဆွေးနွေးပွဲတွေ လုပ်မယ်။ ဒါဟာ မှန်ကန်တဲ့ ထွက်ပေါက်ဆိုတာကို သင်ပြပေးကြရမယ်။ လှုံ့ဆော်ပေးရမယ်။ လှုပ်ရှားခိုင်းရမယ်။ ယခုအခါ ကွမ်းယာကို အကြောင်းပြုသည့် ကွမ်းရွက်၊ ထုံး၊ ဆေးနှင့် ကွမ်းယာသုံးပစ္စည်း စီးပွားရေး ဈေးကွက်ကြီးမှာ နေ့စဉ် ကျပ်ငွေ သိန်း၊ သန်းချီကာ အရောင်းအဝယ် ဖြစ်နေသည်မှာ လျော့နည်းသည်မရှိ၊ လစဉ်၊ နှစ်စဉ် တိုးပွားလျက် ရှိနေကြောင်း သိရသည်။
စိုးသီဟစိုး
မောင်တော ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ် သင်တန်းပေးပြီ
ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်း လူနည်းစုများ ဖြစ်ကြသည့် ရခိုင်၊
မြို၊ ဒိုင်းနက်၊ သက် စသည့် လူမျိုးများကို ပြည်သူ့ စစ်သင်တန်း
စတင်ပေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မိမိတို့၏ ကျေးရွာများကို မိမိတို့မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်
သက်ဆိုင်ရာမှ ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့ စစ်သင်တန်း ပေးနေခြင်း
ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့စစ် သင်တန်းကို မောင်တောမြို့နယ် မြောက်ပိုင်း နစက နယ်မြေ(၄)
ကြိမ်ချောင်းတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး ရွာပေါင်း ၃၀ က လူပေါင်း ၃၀၀
ခန့် ပါဝင်သည်ဟု ပြောသည်။
ကြိမ်ချောင်းအနီး တည်ရှိသော နံ့သာတောင် ဆရာတော်က ပြည်သူ့စစ် သင်တန်းနှင့် ပတ်သက်ပြီး သူသိသလောက်ကို ယခုလို နိရဉ္စရာသို့ မိန့်ကြားသည်။
“သင်တန်းက စက်တင်ဘာ ၈ရက်နေ့က စပါတယ်။ တရွာက ၁၀ ယောက်ကျော် သွားပြီး
ပြည်သူ့စစ် တက်နေ ကြပါတယ်။ နယ်မြေ(၄) နစက စခန်းမှာ သင်တန်းတက်နေတာ
ဖြစ်ပါတယ်။ စုစုပေါင်းလူ ၃၀၀ရာကျော်ရှိမယ် ထင်ပါတယ်။ သင်တန်းကာ လတော့ အတိအကျ မသိသေးဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ပြည်သူ့ စစ်သင်တန်းကို နစက နှင့် စစ်တပ်မှ အရာရှိများက ပေးနေခြင်း ဖြစ်ပြီး
သင်တန်းအခြေအနေ ကို ကျေးရွာသား တစ်ဦးက ယခုလို ဆက်ပြောပြသည်။
“မနက် ၉နာရီမှာ သင်တန်းစပါတယ်။ ထမင်းစားချိန် ၁နာရီ အနားယူရတယ်။
ပြီးရင်သင်တန်း ပြန်စပြီးတော့ ည နေ ၄နာရီမှ ပြီး ပါတယ်။ သင်တန်းပြီးရင်
ကိုယ့်ရွာကို ပြန်ကြရတယ်။ ရွာလုံခြုံရေး ဆက်ယူကြရပါတယ်” ဟု သင်တန်း
သွားတက်သူ ရွာသားတစ်ဦးက ပြောပြသည်။
သင်တန်း ပြုလုပ်နေသော နစကစခန်းနှင့် နံ့သာတောင်ရွာမှာ ၃မိုင်ခွဲခန့်သာ
ဝေးသောကြောင့် နံသာတောင်ကျေးရွာ သားများ အနေဖြင့် ခြေလျှင် လျှောက်ပြီး
သင်တန်းသွားတက်ကာ သင်တန်း အပြီး ညနေဘက်မှ အိမ်ပြန်ကြရပြီး အိမ်သို့ ညနေ
၆နာရီတွင် ပြန်ရောက်ကြသည်ဟု သူက ဆိုသည်။
ပြည်သူ့ စစ်သတင်တန်း ပြီးလျှင် အစိုးရမှ ရွာတစ်ရွာလျှင် ပျမ်းမျှ လက်နက် ၁၀
လက်စီ တပ်ဆင် ပေးမည်ဟု အထက်အရာရှိများ ပြောကြားချက်ကို ကိုးကားပြီး
ရွာသားများက ဆိုသည်။
မောင်တော တောင်ပိုင်းရှိ ကျေးရွာများမှာလည်း ပြည်သူ့စစ်သတင်တန်း
ပေးနေပြီဖြစ်ကြောင်း မောရ၀တီကျေး ရွာသား တဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ကျွန်တော်တို့ ရွာမှာတော့ ဒီလ ၁၇ရက်နေ့က စစ်ရေး သင်တန်း စပြပါတယ်။ တရွာက
၁၀ဦးစီတက်ရတယ်။ မနက် ၇နာရီကနေ ၁၁ နာရီ၊ ၁နာရီခွဲကနေ ည ၄နာ၇ီအထိ
တက်ကြရပါတယ်။ သင်တန်းဆရာက ခလရ (၃၅၂)တပ်ရင်းက သင် တန်းမှူးတွေနဲ့ ရဲဘက်က
သင်တန်းမှူးတွေ ပြနေပါတယ်။ သင်တန်းကာလတော့ တလ ဖြစ်ပါတယ်” ဟု ပြည် သူ့
စစ်သင်တန်း တက်နေသူ မောရ၀တီကျေး ရွာသား တဦးကပြောသည်။
မောင်တော တောင်ပိုင်းရှိ တခြားလူနည်းစု ကျေးရွာများတွင်လည်း ပြည်သူ့စစ်သင်တန်း ပို့ချပေးနေသည်ဟု သူက ဆိုသည်။
Copy from - narinjara.com
လူသားက မွေးဖွားလိုက်တာ မြင်းလို သတ္တ၀ါ ဖြစ်နေ (သတင်း/ဓာတ်ပုံ)
လူက မွေးလာတဲ့ မြင်းသဏ္ဍန် ကလေးငယ်၊ ဓာတ်ပုံ- The Morningstarr
နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦးဟာ ခရစ်ယာန်ဘုရားကျောင်းကို အလည်လာစဉ်အခိုက် မြင်း တိရိစ္ဆာန်နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။
နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စုဝေးမှုမှာ ဧ၀ံဂေလိ ဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာ အမည် မဖော်ပြတဲ့ အမျိုးသမီးက ကိုယ်ဝန်ပျက်ကျတဲ့ သဘော ဖြစ်ခဲ့ပါတယ်တဲ့။
မျက်မြင်သက်သေတွေ က ပြောတာကတော့ အဆိုပါ အမျိုးသမီးဟာ ထိုဒေသက အသီးအရွက်ရောင်း သူဖြစ်ပြီး ဘုန်းတော်ကြီးက သူ့ရဲ့ အမြုံဖြစ်နေမှုကို ဂရုစိုက်ကုသပေးနိုင်စေဖို့ ဘုရားကျောင်း အစည်း အဝေးကို တက်ရောက်ခဲ့ တာဖြစ်တယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က မွန်းစတား အွန်လိုင်း သတင်းစာမျက်နှာ တခုမှာ ဖော်ပြထားပါတယ်။
ဘုန်းတော်ကြီး Silva Wealth ကလည်း ထိုအမျိုးသမီးကို ဆီလိမ်းပြီး ဘာသာရေး အရ ချီးမြောက်ပေးခဲ့ ပါတယ်။ ပြီးတော့ သူ့ရဲ့ အမြုံဖြစ်နေရမှုအတွက် သက်ဆိုင်ရာ ကျမ်းစာကို ရွတ်ဆိုဆုတောင်းမှု လုပ်ပေး ခဲ့ကြပါတယ်။
အဲဒီလို ကျမ်းစာကို ရွတ်ဖတ် ပူဇော်ဆုတောင်းနေစဉ်မှာဘဲ ထိုအမျိုးသမီးရဲ့ ရေမွှာပေါက်ပြီး သွေးတွေ ဆင်းလာခဲ့ပါတယ်တဲ့။ သူနာပြု တဦးဖြစ်သူ Veronica Egiebor တကယ့် ဇာတ်လမ်းဆန်ဆန် အဖြစ် အပျက်ပဲလို့ သူ့မျက်မြင်ကို ပြောခဲ့ပါတယ်တဲ့။
“သူလည်း ကလေးထွက်လာဖို့ ခက်ခက်ခဲခဲ ညှစ်နေတုန်း အ၀တ်တွေနဲ့ ခြေထောက်ကို ချီထုတ်ခဲ့ကြတာ။ ပြီးတော့ တခုခု ပြုတ်ကျခဲ့ပြီး သူလည်း လဲ ကျသွားတယ်။ ကျလာတဲ့ဟာက တချို့က ဆိတ်လို့ ပြောတာပဲ၊ ဒါပေမယ့် မြင်းနဲ့ တူတယ်။ လည်ပင်းနဲ့ နားရွက်ကလည်း ရှည်တယ်”လို့ အဲဒီသူနာပြုက ဆိုပါတယ်။
“အတိအကျပြောရရင် မြင်းတကောင်းနဲ့တူတယ်။ မြင်းပေါက်စလေးပုံလိုပေါ့” လို့ သူနာပြုဆရာမ Egiebor က ဆိုတယ်။
ဘုန်းတော်ကြီး Wealth ကလည်း “ကျနော်တော့ ဒီဟာကို ဘယ်လိုမှ ပုံဖော်မပြောတတ်ဘူး။ ကျနော်တို့ ဆုတောင်းမှု ပေးတဲ့ အချိန် လူတချို့ ပစ္စည်းတွေ အန်ချတာမျိုးတော့ မြင်ဖူးတ်။ ဒါပေမယ့် ဒီလိုမဟုတ်ဘူး” လို့ ပြောပါတယ်။
အခုလို သတ္တ၀ါလေး မွေးပြီးတဲ့နောက်မှာတော့ ဘုန်းတော်ကြီး Wealth က သူ့နောက်လိုက်တွေကို ကျမ်းစာကို ရှင်းလင်းယုံကြည်စွာ ဆက်ရွတ်ဖတ်ပူဇော်ဖို့ သတိပေးခဲ့ပါတယ်။
သဘာဝလွန်တွေကို ယုံကြည် တဲ့ တောသူတောင်သားတွေလည်း အရင်က သူတို့ နာခံယုံကြည် လက်ခံ ထားခဲ့ပေမယ့် ဖြစ်ရပ်ဆန်းကြောင့် တချို့လည်း ဒီဘုရားကျောင်းက ထွက်ပြေးခဲ့ကြတယ်။
သားမွေးမိခင်ကိုတော့ ဆေးကုဖို့ ခေါ်လာခဲ့ပြီး မြင်းလိုသတ္တ၀ါကိုတော့ ဘုရားကျောင်းက ကြမ်းပြင်ပေါ်မှာပဲ ထားခဲ့လိုက် တယ်။ ဘယ်သူကမှလည်း မွေးလာတဲ့ သတ္တ၀ါကလေးကို ဂရုမစိုက်ခဲ့ကြဘူး။
ဒါပေမယ့် အဲဒီဒေသက သတင်းသမားတွေ က ဓာတ်ပုံလာရိုက်တဲ့အချိန်ကျတော့ ကလေး လေး က သေနေခဲ့ပါပြီ။ အဲဒီ လူကမွေးတဲ့ မြင်းလိုသတ္တ၀ါလေးကို ဘုရား ကျောင်းမှာ အဲဒီညနေထိ ရှိနေ ခဲ့သေးပေမယ့် နောက်နေ့ မနက်မှာတော့ ဘုရားကျောင်းလူကြီးတွေက မြင်လို့ မကောင်းလို့ လွှင့်ပစ် လိုက်တယ်တဲ့။
ဘုန်းတော်ကြီး Wealth ကပြောပြတာတွေကမှော်ဆန်ဆန် အသွင်ပြောင်းသွားတဲ့ကိစ္စမျိုးနဲ့ပတ်သက်ပြီး တချို့ နှလုံး အား မကောင်းသူတွေ ပျို့ချင် အန်ချင်စရာ ဖြစ်နေတဲ့ တချိန်တည်းမှာ အခုလို ထူးခြား ဆန်းကျယ်ဖြစ်ရပ်တွေကတော့ World Liberation Ministry ဆိုတဲ့ ကမ္ဘာ့ လစ်ဘရေးရှင်း ဘုန်းတော်ကြီး ဂိုဏ်းမှာတော့ သာမန်အဖြစ်အဖြစ်ပါပဲတဲ့။
“ကျနော်တို့ ပိုက်ဆံကနေ လိပ်ဖြစ်သွားတာမျိုး မြင်ဖူးတယ်”လို့ ကိုယ်ပိုင် ဘုရားကျောင်းပိုင်သူ တဦးက ပြောပါတယ်။
ဘန်နင်မြို့ ဗဟိုဆေးရုံကြီးက ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ် မျိုးဗီဇဆိုင်ရာ gynaecologist ဖြစ်သူ Dr. Jerry Uwaifo က လူသား အမျိုးသမီးတဦးက မြင်း တကောင် မွေးတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ မေးမြန်းရာမှာ သူက မှတ်ချက်ပေးပြောဆိုတာက ရှင်းပါတယ်။
“ဘုရားသခင်ကတော့ ဒီလိုနည်းနဲ့ ထူးခြားဆန်းကျယ်မှုကို ဖန်ဆင်းမပြပါဘူး။ သူလည်း လူသား အမျိုးသမီး က မြင်းတကောင် မွေးဖွားဖို့ ခွင့်ပြုမှာ မဟုတ်ဘူး”လို့ Dr. Uwaifo က ပြောပါတယ်။
http://www.themorningstarr.co.uk/2012/09/14/woman-gives-birth-to-a-horse/ သတင်းကို ဆီလျှော်အောင် ဘာသာ ပြန်ဆိုသည်။
ရယ်ချင်သောသူများအတွက် Message လေးတွေပါ။
ဒီစာလေးတွေ ဖတ်ပြီး ပျော်သွားအောက် တင်ပေးလိုက်ပါတယ်။
ကျွန်တော်ကိုယ်တိုင်က ပျော်ပျော်နေတတ်တဲ့သူဆိုတော့ အားလုံးပျော်သွားအောင် လုပ်ပေးလိုက်ပါတယ်။
ဖတ်ပြီးတော့ Comment မပေးခဲ့ရင် အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်ရပါစေ။ ( စတာနော်။ တစ်ကယ်ဖြစ်ရင်မသိ :P )
၁။ ဘ၀ဆက်တိုင်း uk မှာ ဘောလုံးသမား japan မှာ ဆာမုရိုင်း us မှာ မာဖီးယား korea မှာ မင်းသား myanmar မှာ
လုကြီးသား ဖြစ်ရပါလို၏ ဘုရား။။
၂။ ချစ်သူစိမ်းလို့ တရားကိန်းတယ်။ တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ် သားရေနယ်ကွဲ့ ရှာတုန်း ချောင်အနီးမှာလ
မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့အုံး။
၃။ ကမ္ဘာနှစ်ခြမ်း ဗျမ်းကနဲ ကွဲသွားရင်တောင် မင်းရှိတဲ့ ဘက်ခြမ်းမှာ ငါရှင်သန်ပါရစေ။
၎။ အာရုံမှာ လာလာစုစည်း သူချည်းသာလော အလွမ်းနှင့်ပါဘုရား။
၅။ မင်းရဲ့ လူမှုဆက်ဆံနည်း တသွင်သွင်စီးတဲံ့ ရေမြောင်းထဲက ရေစီးကြောင်းလို ချောင်းမ၀င် မြစ်မပေါက် ခွေးနံပိန်
ဆင်းဆင်းသောက်လို့ ဗွတ်မပေါက်ပါစေနဲ့။
၆။ online ပေါ်မှာ ကျွန်ုပ် အလုပ်ချင်ဆုံးအလုပ်ကတော့ လိမ်ညာခြင်းပါပဲ။
၇။ say. you say.နှစ်ယောက်ဆေးတော့ ပုဂံတွေ ပြောင်ရော။ I see. you see. နှစ်ယောက်စီးတော့ ဒန်းကျိုးတယ်။
I no. you no. နှစ်ယောက်နိုးတော့ အိပ်ရေးပျက်တာပေါ့။
၈။ အမြည်းမရှိတော့ အာပူ သူကြီး မရှိတော့ ရွာဆူ ဆိုသလို ဘုန်းတန်ခိုးမရှိတဲ့ အသင်လုသား ရည်းစားမရှိရင်
ကြူသာကြူ။
၉။ ချောတာကြိုက်ရင် မင်းသားတွေရှိတယ်။ ချမ်းသာတာမှလိုချင်ရင် သူဌေးသားတွေရှိတယ်။ ဂုဏ်မက်တယ်ဆိုရင်လဲ
စစ်ဗိုလ်တွေရှိတယ် ချစ်တတ်တာကိုပဲ လိုချင်တယ်ဆိုမှ ငါ့ဆီကိုလာခဲ့။
၁၀။ ရှေ့ကသွားပါဆိုတော့လဲ အီအီးပေါက်တယ်။ နောက်ကလိုက်ခဲ့ဆိုတော့လဲ ဖိနပ်တက်နင်းတယ်။ ဘေးတိုက်ကြ
တော့လဲ အရပ်ပုလို့တဲ့။ ကဲ နင်နဲ့ငါ ဘယ်လိုရှေ့ဆက်မလဲ။
၁၁။ နင်ကဂေါက်သီး နင့်မောင်က ဂေါက်တံ နင့်အစ်ကိုက ဂေါက်အိတ် နင့်မိဘတွေက ဂေါက်ကျင်း နင်တို့တစ်အိမ်
လုံး ဂေါက်ကွင်း.....ဟီး။
၁၂။ ရူပါ မလန်းလို့ မတူတာမှန်းတယ်လို့ မထင်ပါနဲ့ မူယာမကျွမ်း ကြူတာ မစွမ်းပေမယ့် မင်းအတွက်ဆို suparman
လေးလို စွမ်းဆောင်ပေးမှာပါ။
၁၃။ အိပ်မက် တစ်ပွဲပေးပါ.. မျှော်လင့်ချက် များများထည့်… အတိတ်ဆိုးတွေ မထည့်နဲ့… အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့… ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်… ကဲ… ဘယ်လောက်ကျလဲ???
၁၄။ အချစ်ဆိုတာ ဘက်စ်ကားလိုပဲ ထွက်သွားတဲ့ကားနောက် ပြေးမလိုက်နဲ့...မောတယ်။
ရပ်စောင့်နေ နောက်တစ်စီး လာလိမ့်မယ်။
၁၅။ ရဲဘော်တို့ အခု ငါတို့ အွန်လိုင်းပေါ်တက်ရမယ်။ ခက်ခဲမယ် ကြမ်းတမ်းမယ်။ လိုအပ်ရင် အရူးကွက်နင်းရမယ်။
အလိမ်အညာတွေနဲ့ တွေ့ မယ် သတိရှိပါ။
၁၆။ အချိန်တွေပိုနေလို.အွန်လိုင်းမှာရှိနေတာမဟုတ်ရပါဘူး..........နင်ဆိုတဲ.မျှော်လင်.ချက်နဲ.အွန်လိုင်းပေါ်မှာအချိန်
ဖြုန်းတက်ခဲ.တာ.............ငါ.ကိုငါတောင်မသိလိုက်ဘူး။
၁၇။ သူရဲ့အပြောမှာ ရင်ခုန်သည်… တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်… အကြင်နာချစ်စကား ပြောခွင့်ပေးပါ
အတည်…. သူ Block မှာလည်း စိုးရိမ်သည်…. သူ Sign Out မှာ သိပ်ကြောက်သည်… အခုတော့သိပြီ သူ့ကို Q မိပြီ.။
၁၈။ ထမင်းကလွဲရင် အကုန်ချက်တယ်… Gtalk နဲ့ Chat မယ်… G-mail နဲ့ Chat မယ်… Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်…. Pfingo ပြောမယ် စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်
၁၉။ အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး… အတည်ကြိုက်ရင် အသည်းကွဲတယ်… ဖြစ်နိုင်မယ်ဆိုရင် အရာ
အားလုံးကို ကျောခိုင်းထားချင်တယ်…. နိုင်ငံတော်အလံ ပြောင်းသွားပြီ… မကြာခင်မှာ အုပ်ချုပ်တဲ့အစိုးရလည်း
ပြောင်းတော့မယ်… ဒါပေမယ့်… ငါ့အချစ်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
၂၀။ ငါတို့က… မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ… လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။
၂၁။ စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ အဖြေရှာကြည့်တော့ ဝေဒနာအတိ သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။
၂၂။ အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့
ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။
၂၃။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။
၂၄။ အချစ်နဲ့ အမုန်းဆိုတာ...သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...အချစ်ပြီးရင် အမုန်းလာ
မှာ အသေအချာပါပဲ...။
၂၅။ အခုတလော...ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။ မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး
နိုးနေမိတယ်။ ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။
၂၆။ လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။ ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့်
ထိန်းချုပ်တတ်ရတယ်....။ အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။
၂၇။ လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။ ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။ မေ့ဖို့အတွက်
ဆိုရင်တော့ အချိန်တွေလိုတယ်....။
၂၈။ တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။ ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်
နဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။
၂၉။ ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။
၃၀။ U See I See နှစ်ယောက်စီးတော့ ဆိုက္ကားလေးတာပေါ့။ U Say I Say နှစ်ယောက်ဆေးတော့ ပန်းကန်ပြောင်
တာပေါ့။ U Know I Know နှစ်ယောက်နိုးတော့ သူခိုးမကပ်တာပေါ့။ U Chat I Chat နှစ်ယောက်ချက်တော့ အမြန်
ကျက်တာပေါ့။
၃၁။ ဂျာမနီရေဘ၀ဲ....မင်းကို ငါမကျေနပ်ဘူးကွ။ မင်း ပေါက်ကရတွေဟောလို့ ငါအားပေးတဲ့ ဂျာမနီအသင်း စပိန်
ကိုရှုံးသွားပြီ။ မင်း မြန်မာနိုင်ငံရောက်လို့ကတော့ ကောက်ညှင်းအစာသွတ်ပြီး ချက်စားပစ်မယ်။
၃၂။ လောကမှာ ငါမသိတာဆိုလို့ (၂) ခုပဲ ရှိတယ်- ဟိုဟာလဲ သိဘူး၊ ဒီဟာလဲ သိဘူး၊ ဟီးဟီး
၃၃။ အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............? NEED 4 SPEED လောက်ရော ရင်ခုန်
ရလို့ လား.......................? COUNTER STRIKE လောက် ပြင်းထန်လို့ လား........................? နေစမ်းပါ....
LOVER လုပ်မယ့်အစား GAMER ပဲ လုပ်တော့မယ်.......
၃၄။ စာကမရ Whisky ချစိတ်ညစ်တယ်နော် Beer ဆော်မလောက်သေးပဲ Spy ထပ်ဆွဲစက်တော်ခေါ်ရန် Brandy
ခံမနက်လင်းသော် Ice ထပ်ဆော်ကြံရာမရ Rum ထပ်ချကျောင်းသို့သွားသော် မြောင်းထဲချော်ကယ်တင်ရှင်အဖြစ်
Black Label ကစ်...။
၃၅။ Online ပေါ်တက်ပါလို့ …………… Website ထဲဝင်လိုက်ရင် Policy ကာရံထားလို့ဘာမှကိုမမြင်………..
Bamar Net ရဲ့ Connection အခြေနေရယ်မကောင်း …….. စိတ်ညစ်ပါကြောင်း ။
၃၆။ ဒို့အကြောင်း…….နည်းပညာများတိုးတက်ပြီ….. ခေတ်ရဲ့ ICT Internet မှာ Download ဆွဲ အိပ်စောင့်ရမြဲ။
၃၇။ ကမ္ဘာကြီးကကျဉ်းလှတယ် ………… Net လောက်သူမကျယ် Internet ကအကျယ်ဆုံးထွက်ငွေတ၀ုန်းဝုန်း.။
၃၈။ ဟို(Net)ဆိုင်ကမီးထိန်ထိန်. ဒီ(Net)ဆိုင်ကမီးထိန်ထိန် တစ်နာရီ(၅၀၀)တောင်းပါတဲ့.ရိုက်စားတို့အိမ်….။
၃၉။ Internetဆိုင်ကား...........ပုံမှန်(သင်)သွားပါ တနေ့တခြား…………….အကြွေးများလာမှာ………… ။
၄၀။ မောင်တို့မယ်တို့Net ဆိုင်ဝင်………… အပြုံးပန်းကိုဆင် Connection တော်တော်လေး…… ညီညီညာညာ
နှုတ်ဆက်ပြေး ………။
၄၁။ မြီးကောင်ပေါက်စအရွယ်မှာ ၊ Internet ဆိုင်ကိုလာ Chatting မှာထိုင်၍ပွား ၊ တူတူရေ၀ါး …….။
၄၂။ ဘယ်သွားနေလဲ မောင်ရေခဲ……………….. Internet ဆိုင်ကိုသွားလို့ဆို ..။ ဘာသွားလုပ်လဲမောင်ရေခဲ ……
ပညာသတင်းစုံလေ့လာကုန် …။ဲ ဘာသိခဲ့လဲမောင်ရေခဲ ………………… ခြင်ကိုက်လိုင်းစုတ် Connection ပြုတ် ။
ဘယ်လောက်ကုန်လဲမောင်ရေခဲ……………. တစ်နာရီ (၅၀၀)မတန်ပါ ။
၄၃။ VZO ၊ Gtalk သုံးပါလို့ …………. အချစ်ရှာတဲ့ကညာပျိုကြည့်ကြပါဆို ………………… … အမူယာပိုအော်ကာ
ပြောတဲ့စကား ဘေးလူတွေအမြင်ကတ်တောင်မှ …………….. အရျက်မဲ့စွာသူပြန်ပြောတယ် နားပိတ်ကာထား ……
၄၄။ Zawgyi font ပျောက်နေသည် …………… စာရိုက်၍မရပါ Computer အရမ်းလေး ၊ Connection မပေါ့ပါး
တော်တော်ဆိုးပါလား…….။
၄၅။ စာပို့သမားလေး G.mail ဟာ ……. စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား …………
Download လုပ်ဖို့သူကြိုးစား ရဲသားကြီးက Kaspersky ……….လူဆိုးဖမ်းရာတွင်တာဝန်ကျေသည် ကိုဖိုးမောင်
နှခေါင်းသမား ………… Sexy site တွေသူလျှောက်သွား ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်
တွေသူလေ့လာ တို့ဆိုင်ရှင်မခင်မြ………….ငွေတောင်းရာတွင်ရက်စက်လှ ။
၄၆။ ညအခါ NETဆိုင်လာ Download လုပ်မလား ၊ Chat မလား……။ Web.cam မပါ ၊ Earphone မလာ …………
တကယ်မရှိတာလား ၊ ညစ်တာလား
၄၇။ တ၀ီဝီမြည်ရာ Net ဆိုင်မှာ ……..အနားမှာလာဝဲ ဘာကောင်လဲကွယ့်………. တ၀ီဝီမြည်ရာ Net ဆိုင်မှာ……….
အနားမှာလာဝဲ ခြင်သံပဲကွယ့်…..။
၄၈။ တဂျုန်းဂျုန်းသံပေး Net ဆိုင်ဘေးက……… မရပ်မနားဘာသံလဲကွယ့်……… တဂျုန်းဂျုန်းသံပေး Net ဆိုင်
ဘေးက………မရပ်မနားမီးစက်သံကွယ့်………..။
၄၉။ တောက်ခေါကတဲ့သံတညံညံ…………………Netဆိုင်ထဲကဘာဖြစ်တာလဲ…. တောက်ခေါကတဲ့သံတညံညံ……
Conneection လေး ဒေါသသံလေး……..။
၅၀။ ချာတိတ်မတွေကို… ညာရှိတ်ဦးမယ် မုန်းတယ် မုန်းတယ် မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ် အမေ့ကို မတိုင်ရဘူးနော်။
၅၁။ တစ်ခါ Hi ၁၀၀ ကျပ်။ နာမည်မေးလျှင် ၂၀၀ ကျပ်။ လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။ အသည်းကွဲ၍လာတိုင်ပင်
လျှင် ၁၀၀၀ ကျပ်။ ဟိုမေးဒီမေး ၅၀၀၀ ကျပ်။ စစနောက်ပြောင် ၁၀၀၀၀ ကျပ်။ ရည်းစားစကားပြောလျှင် FREE.. :P
၅၂။ ရှာပုံတော်မင်းသားကြီး........ ၀ဘ်ဆိုဒ်တကာရောက်ခဲ့ပြီ............ ဘယ်chatမှာ ဘယ်လိုကဲမှန်း...... မသိတော့
ခက်လှပြီ.... မနှစ်ကပေးတဲ့ မေးလ်လိပ်စာ.... ဗိုင်းရပ်စ်ကိုက်လို့ ပျက်ကုန်ပြီ........ မမှတ်မိတော့ခက်သာလှချေပြီ...။
ဦးပိုင်ပြဿနာနှင့် Reformer
by Myo Set on Thursday, September 27, 2012 at 3:08pm ·
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း။ ထိုစီမံကိန်းကား ယနေ့
မြန်မာ့နိုင်ငံရေးလောကတွင် ရိုက်ခတ်မြည်ဟည်းနေသော အသံတစ်ခု ဖြစ်သည်။
ထိုစီမံကိန်းတွင် လူထုလှုပ်ရှားမှုများကိုတွေ့ရသည်။ ယခင့်ယခင်က
လူထုတိုက်ပွဲများတွင် ဦးဆောင်လေ့ရှိသော ၈၈ မျိုးဆက်များက
စေ့စပ်ေ၇းသမားများအသွင်ဖြင့်တွေ့ မြင်ရသည်။ စိတ်ဝင်စားဖို့တော့ကောင်းပါသည်။
လက်ပန်တောင်းတောင်ကြေးနီစီမံကိ န်းကို တတ်နိုင်သမျှ ခွဲခြမ်းစိတ်ဖြာရန်ကြိုးစားကြည့် ပါမည်။
ကနဦးအနေဖြင့် ထိုကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှ အမွေကို ယခုအစိုးရက ဆက်ခံနေရခြင်းဖြစ်သည်ဟု ယေဘုယျနားလည်ထားပါသည်။
ထိုဖြစ်ရပ်မှာ ယခင် အာဏာရှင်အစိုးရနှင့် သူ၏ တပည့်ကြီး ဦးပိုင်အဖွဲ့အစည်းမှ လက်ဝါးကြီးအုပ်စီးပွားရေးပုံစံ
သို့နှင့် တင်းမာမှုများဖြစ်ေပါ်လာသည်။ ထိုနေရာတွင်ရှေ့တန်းမှ တပ်သားများမှာ
ထုံးစံအတိုင်း နင်းပြားများသာဖြစ်ကြသည်။ တောင်သူလယ်သမားများက
လယ်မြေများပျက်စီးနိုင်သော ဘေးအန္တရာယ်ကြောင့်ရှေ့တန်းသို့ ထွက်လာသည်။ ထိုသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ၊ နိုင်ငံေ၇းသမားများက ဝန်းရံကြပါသည်။ ဤသို့ဖြင့် လူထုလှုပ်ရှားမှုတစ်ရပ်အသွင် ပီပီပြင်ပြင်ဖြစ်ပေါ်လာသည်ဟု ရှုမြင်ပါသည်။
ဤတွင်ထူးခြားမှုတစ်ခုကို စတင်တွေ့မြင်ရပါသည်။ ဤသည်မှာ အာဏာလွန်ဆွဲမှု
နှစ်ခုဖြစ်သည်။ တစ်ခုမှာ ယခင် နာမည်ဆိုးဖြင့်ကျော်ကြားသော မြန်မာအစိုးရ၏
ရဲများနှင့် ဆန္ဒပြသူများအကြားပဋိပက္ခဖြစ်၍ နောက်တစ်ခုမှာ လူထုနှင့် ဦးပိုင်
ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်။ ပထမပဋိပက္ခတွင် ဖမ်းဆီးမှုများကို
အသွင်ပြောင်းကာလတွင်ဖြစ်လေ့ရှိ သည့်အကျင့်အတိုင်း
အကျင့်ဟောင်းများပြန်ပေါ်ကာ ဖမ်းဆီးခြင်းများပြုလုပ်သည်။ သို့ရာတွင်
တွက်ဆထားသည့်အတိုင်း ပြန်လွှတ်ပေးရသည်။ ယေဘုယျအားဖြင့်ဆိုရလျှင်
ဗဟိုအစိုးရမှ လူထုလှုပ်ရှားမှုကို သည်းညည်းခံမှု (Tolerance) မြင့်တက်လာပြီဟု
ယေဘုယျဆိုနိုင်ပါမည်။
အစိုးရက သည်းခံနေခြင်းသည် အကောင်းသည်းခံခြင်းထက် နိုင်ငံတကာစာမျက်နှာတွင်
မျက်နှာမပျက်လိုခြင်းကြောင့် ပိုဖြစ်နိုင်ဖွယ်ရှိသည်ကိုတော့
သတိချပ်ရမည်ဖြစ်သည်။
အစိုးရဖက်ကကြည့်လျှင် ဦးပိုင်သည် သူ့အဖွဲ့ကြံ့ခိုင်ရေးကို
ငွေရှာပေးနေသောအဖွဲ့ဖြစ်သည်။ ထို့ပြင် တရုတ်သည် ယခုအချိန်အထိ သူ၏
အားထားရာဖြစ်နေသည်။ သို့အတွက် များစွာ ချိန်ဆရမည်ဖြစ်သည်။ ယခု လူထု
လှုပ်ရှားမှုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက
(၁) လယ်မြေနစ်နာမှုကို မဖြစ်လိုသော နင်းပြားတောင်သူများ
(၂) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလိုလားသူများ
(၃) တရုတ်၏ နိုင်ငံရေးနှင့်စီးပွားရေးနယ်ချဲ့မှုကို မကြိုက်သော နိုင်ငံရေးလှုပ်ရှားသူများ
(၄) National Interest အတွက် မကြိုက်သော လှုပ်ရှားသူများ
ဟု အကြမ်းဖျင်းလေးမျိုးထွက်လာနိုင် သည်။
ထိုသူတို့၏ ရည်ရွယ်ချက် (Socio-political will) သည် မတူပေ။ ထိုကိစ္စကို
ကိုင်တွယ်ရန်သည် စီမံခန့်ခွဲမှုပြဿနာဖြစ်သည်။ လယ်သမားများက
လယ်ယာကိစ္စနစ်နာသည်ဟုဆိုလျှင် လယ်သမားတစ်ဦးချင်းနှင့် ထိုလယ်သမားများ၏
အဖွဲ့အစည်းကို တိုက်ရိုက်တွေ့ဆုံကာ ဆွေးနွေးလျှင် ကိစ္စငြိမ်းနိုင်သည်။
ဆွေးနွေးသည်ဆိုရာတွင် နှစ်ဦးနှစ်ဖက် လက်ခံနိုင်လောက်သော လျော်ကြေး၊
နစ်နာကြေးကိစ္စဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့်
နိုင်ငံတော်အဆင့်ပရောဂျက်များ ထိပ်တိုက်တွေ့ခြင်းမှာ အစဉ်အလာဖြစ်သည်။
ငွေရလိုလျှင် ဆင်းရဲသောနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို
ရင်းနှီးပေးဆပ်ရစမြဲဖြစ်သည်။ Sustainable Level အဆင့်ရောက်လောက်အောင်လဲ
မြန်မာက နည်းပညာမရှိသေးပေ။ ထိုသူများလက်ခံနိုင်ရန်အတွက် တိကျသော
သတင်းအချက်အလက်များ..ဥပမာ ကြေးနီစီမံကိန်းမျှ မည်မျှ စွန့်ပစ်
ပစ္စည်းထွက်မည်၊ ထိုစွန့်ပစ်ပစ္စည်းများနှင့်သဘာ ဝပတ်ဝန်းကျင်ဆိုင်ရာ
ထိခိုက်နစ်နာမှုများအတွက် တရုတ်နှင့် မြန်မာအစိုးရတို့က
မည်သို့ပြင်ဆင်ထားသည် စသည်တို့ကို တရားဝင်သတင်းထုတ်ပြန်ရန်လိုသည် ။
ထိုသို့ထုတ်ပြန်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
စီမံခန့်ခွဲတွက်ချက်မှုများလဲ လိုအပ်လာပြန်သည်။ ထိုကိစ္စအတွက် ငွေတော့လိုမည်။
သို့သော် နိုင်ငံ၏ရေရှည်ကောင်းကျိုးအတွက် ဖြစ်သဖြင့် အားပေးထိုက်သည်ဟု
ဆိုရပေမည်။ယခုဆိုခဲ့သမျှ အထိသည် အစိုးရအဖွဲ့နှင့််ဦးပိုင်တို့
ညှိနှိုင်းလျက် စီမံခန့်ခွဲမှု နိုင်နင်းလျှင် ကိစ္စပြတ်သည်။
နံပတ် သုံးနှင့် လေး အုပ်စုများမှာမူ တမူထူးခြားသည်ဟု ဆိုနိုင်မည်။ တရုတ်သည် မြန်မာကို စီးပွားရေးနယ်ချဲ့ဗိုလ်ကျနေသည် မှာ
ဆယ်စုနှစ်နှစ်စု စွန်းခဲ့ပြီဖြစ်သည်။ ထို့အတွက် မြန်မာလူထုအကြားတွင်
Anti-Chinese Agenda သည် ထူးထူးကဲကဲ ပေါ်ထွက်နေသည်ကို နိုင်ငံရေးမိုးလေဝသ
လက္ခဏာများကို မီဒီယာများ၊ ဆိုရှယ်နက်ဝေါ့များ၊ ဆွေးနွေးပွဲများ၊
ဆန္ဒပြပွဲများတွင် တွေ့မြင်နိုင်ပေသည်။ သို့ဖြစ်ရာ
ထိုအချက်ကိုကိုယ်စားပြုသော အုပ်စုနှစ်စုသည် ယခု
ထိပ်တိုက်တွေ့ဆုံမှုအတွင်းပေါ်ထွ က်လာစရာရှိသည်။ တရုတ်၏ စီးပွားရေးပေါ်လစီများကို တရုတ်အစိုးရပြန်လှန်သုံးသပ်ရန် လိုအပ်လောက်သည်အထိ မြန်မာအစိုးရအပေါ် ထိုအင်အားစုများ ဖိအားပေးနိုင်မည်လော ဟူသည်ကတော့ စောင့်ကြည့်ရဦးမည်သာဖြစ်သည်။
ကြေးနီစီမံကိန်းသည် ဦးပိုင်အတွက်သာဖြစ်သည်။ ဦးပိုင်သည်ကြံ့ခိုင်ေ၇းနှင့်ပတ် သက်နေသောအဖွဲ့ဖြစ်သည်။
ထို့ပြင် အာဏာရှင်ခေတ်သဘာဝအရ စာချုပ်စာတမ်းများသည် နိုင်ငံတော်အတွက်မည်မျှ
ခံစားခွင့်ရှိကာ ပြည်သူများ မည်မျှ အကျိုးရမည်ဟူသည်ကို တိတိကျကျ
မည်သို့မျှ မပြောနိုင်။ ထို့ပြင် ထိုအဖွဲ့၏ လုပ်ရပ်များကို အမြဲတမ်း
စစ်ဆေးနေသော Independent Body တစ်ခုလဲ မရှိသောကြောင့်
ထင်တိုင်းကြဲနေသည်ဟုဆိုရမည်။ ထိုသို့ဖြစ်ရာ ဦးသိန်းစိန်ပြောခဲ့သည့် Clean
Government, Good Government ဟူသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
Transparency and Accountability မရှိခြင်းတို့ကြောင့် ထိုကိစ္စရပ်သည်
မြန်မာ့အကျိုးစီးပွားရှုထောင့် မှကြည့်လျှင် ပြည်သူများမည်သို့မျှ
လက်ခံနိုင်ဖွယ်ရာမရှိပေ။ Corruption Index ကိုကြည့်လျှင်လည်း ခြစားမှု
ဆိုးဝါးနေသော မြန်မာပြည်အတွက် ပြည်သူများစိတ်ချယုံကြည်မှုမရြှိ ခင်းမှာ
ဖြစ်ထိုက်သည်ဟုသာဆိုရမည်။ ထို့ကြောင့် နံပတ် ၃ နှင့် ၄ အင်အားစုများအတွက်
ညှိနှိုင်းရန်သည် အစိုးရအတွက် များစွာ အခက်အခဲဖြစ်နိုင်သည်။အဘယ်ကြောင့် ဆိုသော
်အစိုးရအဖွဲ့အတွင်း ဦးပိုင်+တရုတ်တို့နှင့်ပတ်သက်၍
အကျိုးတူစီးပွားဘက်များ၏ အာဏာလွန်ဆွဲခြင်းကို မုချ
ပြုလုပ်ရမည်ဖြစ်သောကြောင့်ဖြစ် သည်။
အစိုးရအဖွဲ့အတွင်းတွင် Hard and soft ဂိုဏ်းကွဲနေသည်ဟုသတင်းထွက်နေသည် မှာကြာပြီ။ ဦးတင်အောင်မြင့်ဦးနှုတ်ထွက်ခြင်း သည်
ထိုအချက်ကို အတည်ပြုပေးသကဲ့သို့ဖြစ်သည်။ လောလောဆယ်တွင် reformists
များအသာရနေသည်ဟု ဆိုနိုင်သည်။ ယခု ဦးပိုင်နှင့်
ထိုပြုပြင်ပြောင်းလဲရေးသမားများ ထိပ်တိုက်တွေ့မည်လောဟု
စောင့်ကြည့်ရမည်ဖြစ်သည်။ အပေါ် နံပါတ် ၃ နှင့် ၄ အင်အားစုများနင့်
ပြုပြင်ပြောင်းလဲရေးသမားများ ပူးပေါင်းမိလျှင် ဦးပိုင် အရှိုက်ထိနိုင်သည်။
ထိုအချက်ကို မိမိရရ အသုံးချသင့်သည်ဟုမြင်သည်။
ဥိးပိုင်သည် ခရိုနီအုပ်စုဖြစ်သည်။ ခရိုနီအုပ်စုသည် အရင်းရှင်ကော်ပိုရိတ်အသွင်ဖြစ် သည်။
အရင်းရှင်၏သဘောမှာ မည်သည့်အခါကမှ နင်းပြားများကို သက်ညှာလေ့မရှိ။
ထိုသို့ဖြစ်ရာ ထိုကော်ပိုရိတ်ကို အုပ်စီးနိုင်ရန်
ဥပဒေဖြင့်ပြန်လည်ချုပ်ကိုင်င်္ရစြ မဲဖြစ်သည်။ ထိုသို့သော သဘောသဘာဝများကို
ကွန်မြူနစ်တစ္ဆေခြောက်ခံရသော ကာလများအတွင်း အနောက်ကမ္ဘာ၏
ပြုပြင်ပြောင်းလဲရေးများ အတွင်းတွေ့မြင်နိုင်သည်။ သို့ဖြစ်ရာ
အစိုးရအဖွဲ့အနေဖြင့် ဦးပိုင်ကို Second Chance ပေးကာ
ချုပ်ကိုင်နိုင်သောအဆင့််ကိုရော က်လျှင် ရှဉ့်လည်းလျှောက်သာ၊
ပျားလဲစွဲသာ ဖြစ်စေနိုင်သည်။ ထိုသို့မဟုတ်ဘဲ ဦးသန်းရွှေလက်ထက်ပုံစံ
ဖြစ်နေလျှင်တော့ အပြတ်ဖြုတ်မှသာ ယခုအစိုးရအသက်ဆက်ရန်
အားကောင်းနိုင်မည်ဖြစ်သည်။ ခေတ်ပြောင်းနေသည်ကို
ဦးပိုင်အဖွဲ့လိုက်မပြောင်းနို င်လျှင် မြေလှန်ခံရမည်ဟူသည့် Signal ကိုအစိုးရအဖွဲ့အတွင်းမှ ပြုပြင်ပြောင်းလဲေ၇းသမားများယုံ ကြည်လက်ခံလာဖို့ကလဲ အရေးကြီးပါသည်။
ဦးပိုင်အဖွဲ့သည် ခရိုနီဂိုဏ်းဆန်ဆန်ဖြစ်သည်။ ထို အဖွဲ့သည်
စစ်အာဏာရှင်တစ်ခေတ်ကို ပြသနေသော ပြယုဂ်ဖြစ်သည်။ ထိုအဖွဲ့ကို
ပညာပေးခြင်းမပြုနိုင်လျှင် ဦးသိန်းစိန်အနေနှင့် လက်ရှိ လှေကြီးကို
ဆက်လက်ပဲ့ကိုင်နိုင်ရန်မလွယ်ပေ။ သို့သော်လဲ လက်ထဲတွင်ငွေကြေးများစွာ
စုဆောင်းထိန်းသိမ်းထားသောဦးပို င်အဖွဲ့မှ လူများကို ဖြုတ်၊ ထုတ်၊
သတ်လုပ်လျှင်လဲ ရုတ်တရက် စီးပွားရေးကိစ္စများ ရပ်တန့်ကာ
မတည်မငြိမ်ဖြစ်သွားမည့် အန္တရာယ်ကိုလည်း ထည့်တွက်ရဦးမည်။ ထိုသို့ဖြစ်ရာ
ဦးပိုင်အဖွဲ့နှင့် လူထု ထိပ်တိုက်တွေ့ဆုံမှုသည် ဒီမိုကရေစီအခင်းအကျင်းသို့
ပြောင်းလဲနေသည်ဆိုသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် မြန်မာအစိုးရအတွက် အားပြိုင်မှု ပြင်းထန်ဦးမည်ဟုသာ ခန့်မှန်းရပါတော့သည်။
--
ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို
သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်
သွားသောအမှုကို ယနေ့တိုင်စုံစမ်းလျက်
ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။
အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက
ဆိုသည်။
အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်း
များ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။
၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်
သာလမ်းသွယ် ခြံအမှတ်(၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့်
သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်
ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့
မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင်
ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်းအမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်း
လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ
တစ်ဦးက အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း
ပြောဆိုခဲ့သည်။
စစ်တွေမြို့ လက် ရှိအခြေအနေထိ တင်းမာနေဆဲဟုသိရ (ဓါက်ပုံ များ)
အခု စစ်တွေမြို့တွင် လက်ရှိ အခြေအနေ
တင်းမာနေသည်ဟုဆိုသည်။ ။ လူများသည်
အင်ပါလာရပ်ကွက်ကိုချီတတ်လျှက်ရှိပါသည်
ဟုရွှေမြန်မာမီဒီယာဂရုသတင်းထောက်မှပြောသည်။
စစ်တပ်များက ယခုအခါ လုံးခြုံရေးတင်းကျပ်
ထားကြောင်းသိရသည်။
Eleven Media Group
ယနေ့ (စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်မှ ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည်
စစ်တွေ မြို့ပေါ်ရှိ အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော်
တစ်ရာကျော်ခန့်နှင့် လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း
သို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့်
ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ် တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန်
ရောက်ရှိနေကြပြီး ညနေ ၄ နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး
စစ်တပ်က မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။

ဘိန်းစာရွက် အန္တရာယ် မွန်ပြည်နယ်မှာ ပိုမိုဆိုးရွားလာ
စံခလပူရီ (မဇ္ဈိမ) ။ ။ မွန်ပြည်နယ်အတွင်းရှိ လူငယ်များအကြား တွင်ကျယ်စွာ သုံးစွဲနေသည့် ဘိန်းစာရွက် ခေါ် စိတ်ကြွ မူးယစ်ဆေးရွက်တမျိုးကို သက်ဆိုင်ရာတို့က ထိရောက်စွာ ကိုယ်တွယ်ဖြေရှင်းခြင်း မရှိသေးကြောင်း
ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။
ဘိန်းစာရွက်နှင့် ပတ်သက်၍ ယမန်နှစ် စက်တင်ဘာလက လွှတ်တော်သို့ တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိခြင်း
ကြောင့် တနင်္လာနေ့က စတင်ကျင်းပသည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ထပ်မံမေးမြန်း တင်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။
“မနှစ်က ကျနော် တကြိမ် တင်ပြတော့ ဖမ်းတာ၊ အပင်ကို ဖျက်ဆီးတာ နည်းနည်းတော့ ရှိတယ်။ ဒါပေမယ့်
ပြတ်ပြတ်သားသား အရေးယူတာ မရှိဘူး။ အခုလည်း ဒီ ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားခြင်း
ရှိ မရှိ၊ မူးယစ်ဆေးလို့ သတ်မှတ်ထားရင် ဘယ်လိုအရေးယူမှု ရှိလဲလို့ ကျနော် မေးခဲ့ပါတယ်” ဟု ဦးနိုင်ဦး က ပြောသည်။
ဘိန်းစာရွက် သုံးစွဲ ရောင်းချမှုကို ကိုင်တွယ်ရန်အတွက် ၎င်း၏ မဲဆန္ဒနယ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲမှူးများနှင့် ညှိနှိုင်းခဲ့သော်လည်း ဘိန်းစာရွက်သည် မူးယစ်ဆေးဝါးတွင် အကျုံးမဝင်သေးသည့် အတွက်
ပြတ်ပြတ်သားသား ကိုင်တွယ်၍ မရသေးကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု သံဖြူဇရပ်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဦးနိုင်ဦး က ပြောသည်။
သို့သော်လည်း ဘိန်းစာရွက်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ မူးယစ်ဆေးအဖြစ် သတ်မှတ်ကြေညာပြီး ဖြစ်၍ ဖမ်းဆီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တနင်္လာနေ့ လွှတ်တော်မှ ပြန်လည် ဖြေကြားခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကစ်ဒေသတွင် သွားရောက်လုပ်ကိုင်ကြသည့် မွန်ပြည်နယ်မှ ရာဘာစေးခြစ် လုပ်သားများ က ထိုဒေသမှ ဘိန်းစာရွက် အကိုင်းအခက်ကို သယ်ဆောင်လာခဲ့ပြီး နေအိမ်နှင့် ဥယျာဉ်ခြံတွင် စိုက်ပျိုးခဲ့ရာမှ သုံးစွဲသူ တစထက်တစ များလာကာ စီးပွားဖြစ် ရောင်းချလာခြင်း ဖြစ်သည်။ ထိုင်းတွင်လည်း ထိုဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည်။
ဘိန်းစာရွက်ကို ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းတွင် မွန်ပြည်နယ်၌ စတင်သုံးစွဲလာခဲ့ပြီး ယခုအခါ သံလွင်မြစ် တောင်ဘက် ငါးမြို့နယ် ဖြစ်သည့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်မှ အရပ်သား လူငယ်များသာမက တက္ကသိုလ်နှင့် အထက်တန်း ကျောင်းသားများပါ သုံးစွဲလာကြပြီဟု ဦးနိုင်ဦး က ပြောသည်။
“ဟိုတုန်းကဆို ကျောင်းသားတွေ လူငယ်တွေ ဆေးသုံးတယ်ဆိုတာ ကြားဖူးရုံလောက်ပဲ။ အခုတော့ မျက်မြင်ပဲ။ ရွာဘက်မှာဆို အသက် ၁၅ နှစ်ကနေ ၂၅ အထက် လူငယ်တွေ ဒီဘိန်းစာရွက် ဆေးရည် မသုံးတာ မရှိသလောက်ပဲ” ဟု သူက ပြောသည်။
မုဒုံနှင့် သံဖြူဇရပ်တွင် ၂ဝ၁ဝ ခုနှစ်က ဘိန်းစာ တရွက်လျှင် ကျပ် ၅ဝ ဖြင့် အလွယ်တကူ ဝယ်ယူနိုင်သော်လည်း သုံးစွဲသူ များပြားလာ၍ ယခု တရွက် ၂ဝဝ မှ ၃ဝဝ ကျပ်သို့ ရောက်ရှိလာပြီဟု သုံးစွဲသူ လူငယ်တဦး က ပြောသည်။
ဘိန်းစာရွက်ကို ကျိုချက်ထားသည့် သတ္တုရည်သည် ခါးသက်သက် အရသာရှိပြီး ချောင်းဆိုးပျောက်ဆေးရည်၊
ကော်ဖီမစ်၊ မီးချောင်းအတွင်းမှ ပြဒါးမှုန့်၊ ခြင်ဆေးခွေ ပြာမှုန့်၊ အချိုရည်တို့ဖြင့် ရောစပ်သောက်သုံးခြင်းဖြင့် တဖြည်းဖြည်း ယစ်မူးကာ အအေးဒဏ်၊ အမောဒဏ်ကို ခံနိုင်ပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းသည်ဟု ထိုလူငယ် ကပင် ပြောပြသည်။
ပေါက်ဈေး ၆,ဝဝဝ ကျပ် ရှိပြီး အဝယ်ခက်ကာ အဖမ်းအဆီးများသည့် ယာဘခေါ် စိတ်ကြွဆေးကို သုံးစွဲရာမှ
ငွေပြတ်ချိန်များတွင် ဘိန်းစာရွက်ကို အစားထိုး သုံးစွဲလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီအပင်က ဆေးဖက်ဝင်တဲ့အတွက် ကျနော်တို့ဘက်မှာ ဖမ်းတာ မရှိသေးဘူး။ ရေးမြို့နယ်ဘက်က တပတ်ဆိုရင် ၆ သိန်းဘိုးလောက် လာဝယ်တယ်” ဟု မုဒုံမြို့နယ်မှ ထိုလူငယ်က ပြောသည်။
တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်ဒေသဘက်ရှိ ရေလုပ်သားများကလည်း ဘိန်းစာရွက်ကို အမောဒဏ် ခံနိုင်ရန် အသုံးပြုကြပြီး၊ အချို့မှာ ဆီးချို၊ သွေးတိုးနှင့် ကိုယ်လက် ကိုက်ခဲခြင်းကို သက်သာစေရန် တိုင်းရင်းဆေးအဖြစ် အသုံးပြုကြသည်ဟု ထိုဒေသတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသူ ရေလုပ်သားဟောင်းတဦးက ပြောသည်။ သို့သော် လည်း ယခုလူငယ်များ သုံးစွဲသကဲ့သို့ ရောစပ်သုံးစွဲခြင်း မဟုတ်ဘဲ အရွက်ကို ဝါးစားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
ဘိန်းစာရွက်ပင်သည် ကြီးထွားမှုနှုန်း မြန်ဆန်သည့် နှစ်ရှည်ပင်ဖြစ်ပြီး၊ နှစ်နှစ်အရွယ်တွင် အရွက်ကို စတင်သုံးစွဲနိုင် သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း ထိုဘိန်းစာရွက်ကို ရာဘာခြစ် လုပ်သားများက တွင်ကျယ်စွာ အသုံးပြုကြသည်ဟု ဆိုသည်။
ရုက္ခဗေဒ အခေါ်အရ Mitragyna specious အပင်အမျိုးအစား ဖြစ်သည့် ထို ဘိန်းစာရွက်ကို ထိုင်းဘာသာအားဖြင့် “ကရထောင်” ဟု ခေါ်ဆိုပြီး အရှေ့တောင်အာရှတွင် အလေ့ကျပေါက်ပင်အဖြစ် တွေ့ရှိရသည်ဟု ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေများ၌ ထိုဘိန်းစာရွက်ပင်ကို မူးယစ်ဆေးဝါးအဖြစ် တားမြစ်ထားသည်။
“ကျနော် တွေ့ထားသလောက်ဆိုရင် များများသုံးတဲ့ လူငယ်တွေဟာ ဦးနှောက်က ပုံမှန် မဟုတ်တော့ဘူး။ မသောက် ရရင် မနေနိုင်လောက်အောင် စွဲတယ်။ မနှစ်က ကျနော် လွှတ်တော်မှာ တင်ပြီး အပင်တွေကို လိုက်ခုတ်လို့ သူတို့ရွာ မှာ မရှိရင် တခြားရွာမှာ လိုက်ရှာဝယ်တယ်။ စိုက်ထားတဲ့ ခြံတွေမှာ လိုက်ခိုးတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦး က ပြောသည်။
ထိချက်ပြင်းတဲ့ ကဗျာများ mp3 ဇာတိ(ဖျာပုံ)
http://www.mediafire.com/?n8b68p8bcibfzsj အားလုံးတအံ့တသြ တိဗက် (ကဗျာ mp3)
http://www.mediafire.com/?jeljx9abtfvubb3 ထွက်သွားလို့ပြောလိုက်တဲ့ အချိန် (ကဗျာ mp3)
http://www.mediafire.com/?muvutba6mfnm45f အော်မိတ (ကဗျာ mp3)
"နတ်တင်စာ.. နတ်တွေ စား- မစား" (ရစေလို.. ဒီလိုဝေ (၆))
အရှင်။ ။ ဟိုတစ်နေ့က ကိုထူးမေးထားတာက “နတ်ကွန်းတွေ၊
နတ်စင်တွေမှာ ငှက်ပျောသီးတွေ အုန်းသီးတွေနဲ့ ကန်တော့ပွဲတွေ
တင်လှူပသကြပါတယ်။ အဲဒါကို အဲဒီနတ်တွေ တကယ် သုံးဆောင်ခံစားနိုင်ကြ
ပါသလားဘုရား။ လူတွေရဲ့အစားအစာကို သူတို့တွေကော စားသောက်နိုင်ပါ့မလားဘုရား”
ဆိုတဲ့ မေးခွန်းနော်။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။
အရှင်။ ။ ဒီနေရာမှာ အဲဒီနတ်ကွန်း နတ်စင်တွေမှာ လူတစ်ချို့ ယုံကြည်ကြသလို တကယ့် နတ်တွေရှိ-မရှိ ဆိုတဲ့ ပြဿနာကို အရင်ဆုံး စဉ်းစားကြရလိမ့်မယ်။ ဒီပြဿနာကို စဉ်းစားတဲ့အခါ မြန်မာရာဇဝင်မှာ ထင်ရှားတဲ့ စာတိုငညို လျှောက်ထုံးကို ထည့်သွင်းစဉ်းစားကြရလိမ့်မယ်။
ကိုထူး။ ။ အော်.. ဆရာတော် မိန့်ချင်တာက မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်မှာ မိတ္ထိလာကန်တော်ကြီး ကျိုးပေါက်တော့ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ကိုယ်တော်တိုင် လာရောက်ဆည်ဖို့ ပြုပြင်တဲ့အခါ ကန်ပေါင်ရိုးပေါ်မှာတွေ့ရတဲ့ မိန်းမရုပ်တုနဲ့ နတ်ကွန်းကိစ္စထင်တယ်ဘုရား။
အရှင်။ ။ ဟုတ်တယ် ကိုထူး၊ အဲဒီမှာ ဘုရင်ကမေးတော့ အဲဒီမိန်းမရုပ်တုနဲ့ နတ်ကွန်းအကြောင်းကို ဘယ်သူမှ တိတိပပ မတင်မလျှောက်နိုင်ကြဘူး။ နောက်ဆုံး ဝန်ဇင်းရွာသူကြီးရဲ့သားမက် စာပေသမားကို ခေါ်မေးကြရတယ်။ အဲဒီတော့မှ အနော်ရထာမင်း မိတ္ထိလာကန်တော်ကို ဆည်လာတဲ့အခါ အင်မတန်မြတ်နိုးတော်မူတဲ့ မိဖုရားငယ်တစ်ယောက် ကြမ္မာကုန်တဲ့အတွက် ရွှေစင်နဲ့သွန်းလုပ်ထားတဲ့ ရုပ်တုတစ်ခုကို ကန်ရိုးမှာ အခိုင်အခန့်မြှုပ်စေခဲ့တဲ့အကြောင်း၊ အဲဒီရွှေရုပ်နဲ့တူတဲ့ သစ်သားရုပ်ကို တန်ဆောင်းပြာသာဒ်ပြုပြီးတော့ ကန်ဘောင်ရိုးမှာ ထားတော်မူ ခဲ့တာ ဖြစ်ကြောင်း၊ နောက်ပိုင်းမှာ လူတွေက စားဦးသောက်ဦးတင်ပြီး နတ်ကွန်းရယ်လို့ ခေါ်ဝေါ် ပညတ်လာကြခြင်းသာဖြစ်ကြောင်း သိကြရတော့တယ်။
အဲဒါနဲ့ မှန်-မမှန်ကို ကန်ပေါင်ရိုးကိုတူးပြီး စစ်ဆေးတဲ့အခါ ခုနက စာပေသမားလေး ပြောတဲ့အတိုင်း ရွှေရုပ်တု ကို တွေ့ကြရတယ်။ အဲဒါနဲ့ ဝန်ဇင်းရွာသားလေးရဲ့ အမှတ်အသား၊ အတင်အလျှောက်၊ ရုပ်ရည်လက္ခဏာတွေ ကို နှစ်သက်ပြီးတော့ ဆုလာဘ်များစွာပေးပြီး နန်းတော်သို့ ခေါ်ယူတော်မူခဲ့တယ်။ နောက်ပိုင်းမှာ သူဟာ စည်းတပြစ်၊ မင်းရာဇာ၊ ဝန်ဇင်းမင်းရာဇာ၊ ဘိုးရာဇာ ဆိုတဲ့နာမည်တွေနဲ့ ကျော်ကြားလာခဲ့တယ်။
ကိုထူး။ ။ အဲသလို အထောက်အထားမခိုင်လုံပဲ ကွန်းနေကြတဲ့ နတ်ကွန်းမျိုးတွေ မြန်မာပြည် တနံတလျားမှာ ဘယ်လောက်တောင်ရှိလေမလဲ မသိပါဘူးဘုရား။
အရှင်။ ။ အင်း..၊ ရှိကြမယ်ထင်တာပါပဲ ။ ဇာတ်နာနာနဲ့ သေတဲ့သူတွေ၊ ဥပစ္ဆေဒကကံနဲ့ သေတဲ့ လူတွေလည်း မြန်မာပြည် နတ်လောကမှာ အထင်အရှား နေရာရနေကြတာပဲ ကိုထူးရဲ့။ အေးပေါ့လေ..။ သစ်ပင်ရှိရင် ငှက်လာတယ်၊ လူသမုတ်ရင် သစ်ငုတ်က ကျားဖြစ်တယ်ဆိုတာလို ဘယ်တုန်းက ဘယ်လိုကြောင့် ဆောက်ခဲ့တာမှန်း မသိခဲ့တာတွေလည်း ကြာလာတော့ နတ်ကွန်းဆိုပြီး ဖြစ်လာကြမယ်။ ဖြစ်လာပြီဆိုရင် စားဦးသောက်ဦးကလေး တင်လှူသူတွေ ရှိလာမယ်။ အဲဒီတော့ နတ်မဆို၊ ပြိတ္တာတွေမဆို အဲဒီနေရာကို သိမ်းပိုက်ပြီးနေလာကြမယ်။ ရံခါရံခါ သူတို့တွေက ကူညီတာမျိုး၊ ခြိမ်းခြောက်တာမျိုးတွေ ရှိလာမယ်။ အဲဒီမှာ နတ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် နတ်ဆိုပြီး လူတွေက လုပ်ကြတော့မယ်လေ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။ ဒါဖြင့်ရင် နတ်ကွန်းဆိုတိုင်း နတ်အစစ်ရှိတဲ့ နတ်ကွန်းဖြစ်ချင်မှဖြစ်မယ်။ အဲဒီနတ်ကွန်းကို သိမ်းပိုက်နေထိုင်သူတွေဟာ နတ်လည်းဖြစ်နိုင်သလို၊ ပြိတ္တာတွေလည်း ဖြစ်နိုင်တယ်လို့ ယူရမလား ဘုရား။
အရှင်။ ။ အင်း..၊ အဲသလို ယူသင့်တယ်။ နတ်တွေလည်း ဖြစ်နိုင်တယ်ဆိုတာက ဟိုတစ်နေ့က ဦးဇင်းတို့ ဆွေးနွေးခဲ့ကြပြီးပြီ။ အနာထပိဏ်သူဌေးကြီးနဲ့ သူ့ရဲ့တံခါးစောင့်နတ်အကြောင်းရယ်၊ ပါဋလိရွာကို မြို့အဖြစ်တည်ဆောက်ခန်းရယ်တို့ကိုထောက်ဆပြီး ဦးဇင်းတို့ ပြောခဲ့ကြပြီးပြီ။ [စာရှုသူများအနေဖြင့် “ရစေလို.. ဒီလိုဝေ (၅) ” တွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။] ဒီနေ့က ပြိတ္တာတွေ၊ သရဲတွေလည်း ဖြစ်နေ နိုင်ကြောင်း ပြောရမယ်။
ကိုထူး။ ။ ပြောပြပါဦးဘုရား။
အရှင်။ ။ ဓမ္မပဒ အဋ္ဌကထာမှာလာရှိတဲ့ ကာဠယက္ခိနီဝတ္ထုကြောင်းပါ။ လူတိုင်းနီးနီး ကြားဖူးကြတဲ့ အကြောင်းပါပဲ။ ဆိုတော့.. အကျဉ်းပဲ ပြောပြမယ်။ ဘုရားရှင် လက်ထက်တော်က ဒကာမတစ်ယောက်မယ် ကလေးမွေးဖွားတိုင်း ဘီလူးမတစ်ယောက်က လာလာစားတယ်။ သူတို့တွေက အတိတ်ဘဝတွေတုန်းကလည်း ဘတစ်ပြန် ကျားတစ်ပြန်ဆိုတာလို ဒီဘဝမှာ သူ့ကလေးတွေကို ကိုယ်ကစား၊ နောက်တစ်ဘဝကျပြန်တော့ ကိုယ့်ကလေးတွေကို သူကစားနဲ့ အပြန်ပြန်အလှန်လှန် ရန်ငြိုးဖွဲ့လာကြတာဖြစ်တယ်။ အဲဒါ ဘုရားရှင်လက်ထက်တော်အခါမှာတော့ တစ်ယောက်က ဘီလူးမ၊ တစ်ယောက်က လူမိန်းမ ဖြစ်လာပြီး လူမိန်းမ ကလေးဖွားတိုင်း ဘီလူးမက လာလာစားနေတာဖြစ်တယ်။
အဲဒါနဲ့ (၃) ယောက်မြောက်ကလေးကို ဖွားမြင်တဲ့အချိန်မှာတော့ ဘုရားကျောင်းကို ထွက်ပြေးရာကနေ ဘုရားရှင်က တရားဟောတော်မူလို့ အချင်းချင်း ရန်ငြိုးတွေ ပြေကြတယ်။ နောက်တော့ ဘီလူးမက သူသည်ကားဆိုရင် ဟိုအရင်က သက်ရှိ သက်မဲ့မရွေးစားသောက်ခဲ့တယ်၊ ခု ဘယ်လို စားသောက်နေထိုင်သွားရပါမလဲလို့ တွေးပြီး ငိုတော့ ဘုရားရှင်က ကလေးအမေကို ဘီလူးမကို အိမ်ကိုခေါ်သွားပြီး ကျွေးမွေးထားဖို့ မိန့်တော်မူတယ်။ နောက်ပိုင်း ဘီလူးမက အိမ်မှာနေရတာ အဆင်မပြေဘူးပြောလာတော့ ရွာအပြင်ဘက် ဆိတ်ငြိမ်တဲ့ တစ်နေရာမှာသွားထားပြီး နေ့စဉ် ထမင်း ယာဂုတွေသွားပို့ပြီး ကျွေးမွေးထားတယ်။ ဘီလူးမကလည်း ကျေးဇူးတုန့်ဆပ်တဲ့ အနေနဲ့ “ဒီနှစ်တော့ မိုးကောင်းမယ်၊ ကုန်းမြင့်မှာ စပါးစိုက်ပါ၊ ဒီနှစ်တော့ မိုးခေါင်မယ်၊ မြေနိမ့်နိမ့် ချိုင့်ဝှမ်းတွေမှာ စပါးစိုက်ပါနဲ့” စသဖြင့် အကြံပေးတယ်။
ကိုထူး။ ။ မှန်ပါ့ဘုရား။
အရှင်။ ။ အဲဒါနဲ့ သူများတွေမှာ ရာသီဥတုကြောင့် စပါးတွေ အပျက်အစီးရှိကြသော်လည်း အဲဒီအမျိုးသမီးမှာတော့ အပျက်အစီးမရှိပေဘူး။ နောက်ပိုင်း အခြားလူတွေက အကြောင်းကို မေးကြတော့ ဘီလူးမ ဆီက အကြံဉာဏ်ရတဲ့အကြောင်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ အခြားသူတွေလည်း အဲဒီဘီလူးမကို ထမင်းယာဂုတွေနဲ့ ပူဇော်ပသလာကြတယ်လို့ဆိုတယ်။ ဆိုတော့ ဒီဝတ္ထုကို ထောက်ထားရင် နတ်ကွန်း၊ (ဒါမှမဟုတ်) နတ်သစ်ပင် ဆိုတိုင်းလည်း နတ်တွေဖြစ်ချင်မှ ဖြစ်မယ်၊ ပြိတ္တာတွေ ၊ သရဲတွေ၊ ဘီလူးတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့ မှတ်ရမယ်။ သို့သော်လည်း လူသာမန်တွေရဲ့ သဘောမှာ ထူးဆန်းတဲ့ ကမ္မဇိဒ္ဓိတန်ခိုးကလေး တစ်ခုခုလောက် ရှိပြီး၊ ပူးတာကပ်တာ၊ ခြောက်တာလှန့်တာ၊ (သို့မဟုတ်) ကူညီစောင်မတာမျိုး ကြုံရရင်ပဲ ပြိတ္တာသော၊ သရဲသောမရှောင် “နတ်၊ နတ်” ဆိုပြီး လုပ်လိုက်ကြတော့တာပဲ ကိုထူးရဲ့။
ကိုထူး။ ။ သဘောပေါက်ပါပြီဘုရား။ ဒါဆိုရင် ဒီဘီလူးမ ဝတ္ထုကိုထောက်ဆရင် ဘီလူးတို့၊ သရဲတို့၊ ပြိတ္တာတို့ဟာ နတ်ကွန်းမှာ လာတင်တဲ့ ထမင်းယာဂုတွေကို စားသောက်နိုင်တယ်၊ အုန်းသီး ငှက်ပျောသီးတွေကို စားသောက်နိုင်တယ်လို့ မှတ်ရမှာပေါ့ဘုရား။
အရှင်။ ။ အင်း..၊ အဲဒီ ဘီလူးမတို့လို တစ်ချို့သော ဘီလူးတွေ၊ ပြိတ္တာတွေ၊ နတ်တွေကတော့ စားသောက်နိုင်ကြပေလိမ့်မယ်။ ဒီနေရာမှာ ဦးဇင်းတို့ ဇာတက-အဋ္ဌကထာ၊ ဧကကနိပါတ်၊ ဝရုဏဝဂ်၊ ရုက္ခဓမ္မဇာတ်လာ မြို့နားရွာနားမှာ နေရာဗိမာန်ယူကြတဲ့ နတ်တွေ ပြောတဲ့ စကားလေးလည်း စိတ်ဝင်စားစရာကောင်းတယ်။ သူတို့က ဘာပြောသလဲဆိုတော့ .. “တောထဲတောင်ထဲက ဗိမာန်မှာ ဘာလုပ်ရမတုန်း၊ မြို့နားရွာနားမှာပဲ ဗိမာန်ယူတော့မပေါ့၊ ဂါမာဒယော ဟိ ဥပနိဿာယ ဝသမာနာ ဒေဝတာ လာဘဂ္ဂယသဂ္ဂပ္ပတ္တာ ဟောန္တိ- မြို့နားရွာနားကို မှီပြီးနေတဲ့ နတ်တွေမှာ လာဘ်သပ်ပကာ အခြွေအရံတွေ ပေါများကြတယ်” ဆိုတာလေးတစ်ခု ပါနေတာ တွေ့ရတယ်။ အဲဒါကို ထောက်ဆရင် တစ်ချို့နတ်တွေဟာ လူတွေ ပူဇော်ပသတဲ့ စားဖွယ်သောက်ရာတွေကို မျှော်လင့်ကြပုံရတယ် လို့ ကောက်ချက်ချနိုင်တယ်။ စားသောက်နိုင်- မစားသောက်နိုင်ကိုတော့ စာထဲမှာလည်း မပြောထားဘူး။
ကိုထူး။ ။ မှန်ပါ့၊ ဆက်ပါဦးဘုရား။
အရှင်။ ။ တစ်ဖက်ကကြည့်ရင် တစ်ချို့တွေကတော့ စားသောက်နိုင်ကြပေလိမ့်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီဇာတ်တော်မှာပဲ ဘုရားအလောင်းနတ်သားရဲ့ ပြောစကားလေးကိုက စဉ်းစားစရာ ကောင်းနေလို့ပဲ။ သူက အဲဒီဘဝမှာ ဟိမဝန္တာတောထဲမှာ အင်းကြင်းပင်စောင့်နတ် ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဝေဿဝဏ်နတ်မင်း အသစ်တစ်ပါး ပြောင်းတော့ “သစ်ပင်ခြုံနွယ်စောင့် နတ်များအနေနဲ့ မိမိတို့နှစ်သက်ရာရာ ဗိမာန်တွေကို ယူနိုင်ကြကြောင်း” အမိန့်စာထုတ်တယ်။ အဲဒီမှာ ဘုရားလောင်းနတ်သားက သူ့ဆွေမျိုးတွေကို “လွင်တီးခေါင်မှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ဗိမာန်အနေနဲ့ မယူကြဖို့၊ သူ့အနီးအနားမှာ ဝိုင်းရံပေါက်ရောက်နေတဲ့ သစ်ပင်တွေကိုပဲ ယူကြဖို့” အကြံပြုတယ်။ ပညာရှိနတ်တွေက ဘုရားလောင်းစကားကို နားထောင်ကြတယ်။ တောထဲမှာပဲ ဗိမာန်တွေကို ယူကြတယ်။ စောစောက ပြောခဲ့တဲ့ နတ်တစ်ချို့ကတော့ “တောထဲမှာဘာလုပ်မတုန်း၊ မြို့နားပြည်ရွာမှာမှ လာဘ်သပ်ပကာပေါမှာပေါ့” ဆိုပြီး လူတွေနဲ့နီးတဲ့ ကွင်းပြင်တွေမှာ ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို ယူကြတယ်လို့ ဆိုတယ်။
ကိုထူး။ ။ အော်.. မုန်တိုင်းတိုက်တဲ့အခါကျတော့ တောထဲက သစ်ပင်တွေဟာ တစ်ပင်ကိုတစ်ပင် အမှီရကြတဲ့အတွက် ဘာမှမဖြစ်ကြသော်လည်း ကွင်းပြင်ကြီးမှာ ပေါက်နေတဲ့ သစ်ပင်ကြီးတွေကတော့ လဲပြိုသွားကြတယ်ဆိုတဲ့ ဇာတ်ကြောင်းထင်တယ်ဘုရား။
အရှင်။ ။ ဟုတ်တယ်။ အဲဒီဇာတ်တော်ပဲ။ အဲဒီမှာ ကောက်ချက်ချလိုက်ရင် မြို့နားပြည်ရွာကို သွားနေတဲ့ နတ်တွေဆိုတာလည်း နဂိုကတော့ အင်ကြင်းတောက နတ်တွေပဲ၊ ဝေဿဝဏ်နတ်မင်း အပြောင်းအလဲ ကာလမှာမှ တောကိုပစ်ပြီး မြို့နားရွာနား ပြောင်းသွားကြတာ ဖြစ်တယ်။ အဲဒီမှာလည်း ဘုရားလောင်းစတဲ့ နတ်တစ်ချို့ကတော့ မူလနေရာ တောထဲမှာပဲ ကျန်နေရစ်တာကို တွေ့ရပြန်တယ်။ ဆိုတော့.. ဒီ ရုက္ခစိုးနတ်တွေအကုန်လုံးဟာ နဂို တောထဲမှာနေစဉ် ကာလတစ်လျှောက်လုံး သူတို့အာဟာရနဲ့သူတို့ မျှတစားသောက်ပြီး နေထိုင်ခဲ့ကြတာဖြစ်မယ်လို့ ကောက်ချက်ချလို့ရတယ်။
မြို့နားပြည်ရွာကို ပြောင်းသွားတဲ့ နတ်တွေရဲ့ စကားကိုထောက်ထားပြန်ရင်တော့ လူတွေပူဇော်ပသတဲ့ အစားအသောက်တွေကိုလည်း စားသောက်နိုင်ကြမယ့် သဘောကို တွေ့ရတယ်။ သို့သော် ဒီနေရာမှာ တစ်ခုစဉ်းစားစရာက ဦးဇင်းတို့ လက်တွေ့မျက်တွေ့ တွေ့ရတာကို ပြောရရင် လူတွေက နတ်တင်တယ် ဆိုတာလည်း တကယ်တမ်းမှာ မစို့မပို့ကလေးလောက်သာ တင်လှူကြတာကို တွေ့ရတယ်။
တစ်ခါ ဦးဇင်းတို့ အရပ်မှာ နတ်စင်ကို ရွှေချတယ်ဆိုရင်ဆိုရင်လည်း ရွှေရောင်စက္ကူစကလေး လက်နှစ်လုံး- သုံးလုံးလောက်ကို သွားကပ်လိုက်ကြတာမျိုးကိုပဲ တွေ့ရတယ်။ ဆိုတော့.. တကယ်တမ်းမှာ သူတို့ကို တင်လှူပသတယ်ဆိုတဲ့ အစားအသောက် အသုံးအဆောင်ဆိုတာတွေဟာ တကယ့်ကို မစို့မပို့မှ မစို့မပို့ကလေးသာဖြစ်တယ်။ အဲဒီနတ်တွေအနေနဲ့ တကယ်စားတယ်ဆိုရင်တောင် ဘယ်ပုံဘယ်နည်း စားသောက်ကြလေမလဲ အတော်စဉ်းစားစရာပါပဲ။
ကိုထူး။ ။ မှန်ပါတယ်ဘုရား။ ဒီနေရာမှာ ဆက်စပ်နေမလားမသိပါဘုရား..၊ တစ္ဆေကိစ္စကို နည်းနည်းထည့်လျှောက် ပါရစေဘုရား။ ရွာမှာ တစ်ချို့တွေကို တစ္ဆေပူးရင် ဘာစားချင်သလဲမေးရင် တစ်ချို့တစ္ဆေတွေက အရက်သောက်ချင်တယ်လို့ ပြောကြပါတယ်ဘုရား။ အဲဒါနဲ့ သူတို့ ညွှန်တဲ့နေရာကို (ကန်တော့ပါရဲ့) အရက်သွားပို့ကြရပါတယ်။ သွားပို့တဲ့ အခါ သူတို့က တစ်ပုလင်းတောင်းဆိုရင် တစ်ပုလင်း ၊ နှစ်ပုလင်းတောင်းဆိုရင် နှစ်ပုလင်းပေါ့ဘုရား။ သို့သော်လည်း တကယ့်ဆိုင်မှာသုံးတဲ့ ပုလင်းတွေနဲ့ သွားပို့တာ မဟုတ်ဘူးဘုရား။ ပင်နီစီလင်ပုလင်းလေးတွေနဲ့ တစ်ပုလင်း၊ နှစ်ပုလင်းလုပ်ပြီး သွားပို့လိုက်ကြတာပါပဲ။ တစ္ဆေပူးခံရသူလည်း ကောင်းသွားတာပဲဘုရား။
အရှင်။ ။ ရီလည်းရီချင်စရာ၊ သနားလည်း သနားစရာပါပဲလား ကိုထူးရေ။ ဒီနေရာမှာ ဦးဇင်းအမြင်ကို ပြောရရင် နတ်ကွန်းနဲ့ ပူဇော်ခံကြရသူ၊ အဲဒီ နတ် ဆိုသူတွေဟာ (တစ္ဆေ၊ သရဲ၊ ပြိတ္တာတွေလည်း ဖြစ်နိုင်တယ်နော်) လူတွေတင်လှူတာကို စားသောက်နိုင်ကောင်း စားသောက်နိုင်ကြလိမ့်မယ်။ မစားသောက်နိုင်ရင်တောင်မှ ဘယ်သူမဆို ကိုယ့်ကို ပူဇော်မှုယုပြုကြတာကို သဘောကျကြစမြဲသာ ဖြစ်တယ်။ အဲဒါကြောင့်ပဲ အဲသလို ပူဇော်ပသမှုကို ခံချင်တာသက်သက်နဲ့လည်း အုန်းသီးငှက်ပျောသီးတွေကို လက်ခံကျေနပ်နေကြတာမျိုးလည်း ဖြစ်နိုင်တယ် လို့ တွေးမိပါတယ်။ မစားမသောက်နိုင်ပဲ အလကား သာယာကျေနပ်နေရုံ သက်သက်လောက်ပဲလို့ ထင်တယ်။
ကိုထူး။ ။ ဖြစ်နိုင်ပါတယ်ဘုရား။ တပည့်တော်တို့ ငယ်ငယ်တုန်းကဆိုရင် လူတွေ နတ်ပူဇော်ထားကြပြီဆိုရင် သူငယ်ချင်းတစ်သိုက် နတ်စင်ကိုသွားကြတယ်ဘုရား။ တစ်ယောက်က နတ်စင်နောက်က နေရပါတယ်။ ရှေ့က လူတွေက “အဖွား အဖွား၊ သားတို့ကို အုန်းသီး ငှက်ပျောသီးလေးများ ပေးပါ” လို့ ပြောလိုက်ရင် နတ်စင်နောက်က တစ်ယောက်က အသံသြသြကြီးနဲ့ “အေးအေး ယူသွား ယူသွား” ဆိုပြီး ပြောရပါတယ်။ ပြီးတာနဲ့ ပျော်ပျော်ပါးပါး ယူငင်စားလိုက်ကြတာပါပဲ။ နတ်တင်တဲ့လူတောင် သူ့အိမ်ပြန်ရောက်ချင်မှ ရောက်ပါလိမ့်ဦးမယ်ဘုရား။
အရှင်။ ။ ကိုင်း.. ဒါဖြင့် စားနိုင်တာ မစားနိုင်တာ သူတို့အလုပ်၊ (စားနိုင်သူလည်းရှိမယ်၊ မစားနိုင်သူလည်းရှိမယ်။) သို့သော်လည်း စားနိုင်နိုင်- မစားနိုင်နိုင် ကိုယ့်ကို အလေးအမြတ်ပြုပြီး တင်လှူပသတာကိုတော့ မကြိုက်ဘူး ဆိုတဲ့သူ မရှိဘူးလို့သာ အသင့်အားဖြင့် မှတ်ပေတော့ ကိုထူးရဲ့။
ကိုထူး။ ။ မှန်ပါ၊ ကျေနပ်ပါပြီဘုရား။ ဒါဖြင့် အကောင်းဆုံးကတော့ သူတို့ကို ကိုယ်ပြုသမျှကောင်းမှုကုသိုလ်ကို အမျှပေးဝေတာပဲပေါ့ဘုရား။
အရှင်။ ။ ဟုတ်တယ်၊ အကောင်းဆုံးကတော့ ကောင်းမှုပြုပြီး အမျှပေးဝေတာပါပဲ။ ဝေဿဝဏ်နတ်မင်းကြီးလို အထက်တန်းနတ်တွေတောင် လူတွေကောင်းမှုပြုပြီး အမျှပေးဝေကြတာကို သာဓုခေါ်လိုကြပါသတဲ့ ကိုထူးရဲ့။ အဲဒီ အကြောင်းကို နောက်နေ့မှ ဆက်ပြောပြပါ့မယ်။ ဒီနေ့တော့ နားကြဦးစို့ရဲ့။
ကိုထူး။ ။ မှန်ပါ့ဘုရား။
မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)
မှတ်ချက်။ ။ဤနေရာ (ကလစ်ပါ) မှ ကူးယူဝေမျှပါသည်။