This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 5, 2012

ဖေ့စ်ဘွတ်ပေါ်မှ ကာတွန်းများ သူငယ်ချင်းတွေအတွက်ပါ။



ဒီ Page လေးဟာ အထူးတည်လည်ဘာမှပြုလုပ်ထားခြင်းမရှိပါဘူး။  သူငယ်ချင်းတွေအတွက် Website ပေါ်တွင်တွေ့ရှိသော ပုံလေးများအား  ပေါင်းစပ်ကာ တင်ထားခြင်းဖြစ်ပါတယ်။
"စီးဆင်းနေတဲ့ မြစ်ရေအတွင်းကို ပထမအကြိမ်နဲ့ဒုတိယအကြိမ် တစ်ထပ်တည်းကျအောင် ခင်ဗျား ဆင်းလို့ မရဘူးလေ။" အနိစ္စသဘောတရား ရှေ့တန်းတင် တွေးခေါ်သူ ဂရိတွေးခေါ်ပညာရှင် ဟီရာကလစ်တပ် ဘီစီ၅၀၀ ဝန်းကျင်
ဒီကာတွန်းကို ဖတ်မိပြီး ဘဝမှာ "တစ်ကြိမ်တစ်ခါ"ပဲ ဖြစ်ဖြစ် စိတ်ကောင်းဝင်ကာ သက်ရှိသတ္တဝါတွေအပေါ် ကိုယ်ချင်းစာတရားဖြင့် "ဇီဝိတ ဒါန"ပြုချင်လာပါသော် ရေးရကြိုး နပ်ပါပြီ။ သက်ရှိသတ္တဝါတွေအားလုံး အသက် မကယ်နိုင်ပေမယ် တစ်ကြိမ်မှာ တစ်ကောင်တော့ ထူးခြားသွားမှာပါ။
 
"ပင်စင်စား"  ရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အဖေ ကြုံရတဲ့ တကယ့် အဖြစ်အပျက်လေးပါ။
"ပင်စင်စား" ရဲ့ အဓိပ္ပာယ်။
"နိုင်ငံခြား ရောက်မယ့်အချိန်"

 
(ဗဒင် ရဲ့ နေရာ-၂ လိုပဲ ကျွန်တော်တို့အားလုံးအတွက် သေချာတဲ့ နေရာကို ရေးဆွဲထားတာပါ)
"စီမံကိန်း" ကံဆိုးမသွားရာ စီမံကိန်း လိုက်လို့လာ။
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်...
Clementzaw
Views: 98
Tags: သုတ

နှစ်သစ်မှာ မိမိ တို့ရဲ့ကံအဆိုးအကောင်းလေးတွေကြည့်ရအောင် :P :P

နှစ်သစ်သို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည့်အလျောက် တနင်္ဂနွေ
သားသမီများ၏ အဆိုးအညံ့များသည်လည်း ကုန်ခဲ့ပြီဟုဆိုရမည်။
သို့သော်လည်း မမျှော်လင့်ပါဘဲ အိမ်ထောင်ကျကိန်း၊ အီးပါချကိန်း၊
အောက်တန်းစားဖြစ်သွားခြင်း စသည့်
နံတူအကျိုးပေးများ ဖြစ်ပေါ်လာတတ်သည်။ အိပ်မက်ထဲတွင် ဥစ္စာစောင့်နှင့်
ရည်ငံတတ်သဖြင့် မအိပ်ဘဲနေရန် အကြံပေးလိုသည်။ ကျန်းမာရေးအနေဖြင့် အကောင်းကြီး
မဟုတ်သော်လည်း မဆိုးလှပေ။ အိပ်ယာထဲတွင် အောက်ပိုင်း သေသွားခြင်း၊
ဦးနှောက်ထဲ
အပ်စိုက်သွားခြင်း၊ အော်ဟစ် အကူအညီတောင်းသော်လည်း "အရူး" ဟု အထင်ခံရခြင်း
စသည်တို့တော့ ဖြစ်လာနိုင်သည်။ နှလုံးသားရေးရာတွင် "အချစ်ကိုဦးစားပေးခဲ့သူ"
တွေ့တတ်သဖြင့် သင်ကိုယ်တိုင်ပင် "အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ"
ဖြစ်သွားတတ်သည်။ "အချစ်ဟာမီးလား"
ဟု ပြန်မေးချိန်တွင် သင်သည်
"ဘင်္ဂလားပင်လယ်အော်" သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ အစစအရာရာ အဆင်ပြေစေရန်
စနေနေ့မနက်တွင် တနင်္ဂနွေနံ၏ အစားအသောက်ဖြစ်သည့် အီကြာကွေး သုံးချောင်းကို
ဖြတ်ပိုင်းခြင်း၊ ဝါးစားခြင်းမပြုလုပ်ဘဲ
အချောင်းလိုက် ဆက်တိုက်ဆိုသလို မြိုချပါ။

food-and-drink Smiley
ယုံကြည်မှု အားနည်းနေသဖြင့် ကိုးကွယ်သူ မှားတတ်သည်။ ယခုသုံးလအတွင်း
တနင်္လာသားသမီးများသည်
လွဲချော်မှုများကို ရင်ဝယ်ပိုက်ထားကြသူများ ဖြစ်သည်။ ကျား၊မ
အိမ်သာမှားဝင်မိခြင်း၊ ကိုရီးယားမင်းသမီးထင်၍
ကြိုက်မိကာမှ
ကြံရည်သည်ဖြစ်နေခြင်း၊ ငါးရှဥ့်ထင်၍ ကိုင်မိကာမှ ငန်းမြွေဖြစ်နေခြင်း စသည်တို့
ကြုံတွေ့ရနိုင်သည်။ စီးပွားရေးလုပ်ငန်းများတွင် ချွတ်ချုံ့ကျကိန်း၊
ငတ်သေကိန်း၊
ကြွေးထူခြင်းများရှိနေတတ်၍ ချဲထိုးခြင်း၊ ချက်အရက်ရောင်းခြင်းများသာ
အကျိုးပေးမည်။ ကျန်းမာရေးတွင်လည်း လွဲချော်မှုများရှိနေတတ်သဖြင့် ဂေါက်ရောဂါကို
ကင်ဆာထင်၍ ခြေထောက်အဖြတ်ခံရခြင်း၊ ကားတိုက်ခံရသည်ကို ခွေးကိုက်ခံရသည်ထင်၍
ကာကွယ်ဆေးထိုးပေးခံရခြင်း၊ ခွေခွေလေးအိပ်နေသည်ကို
ကံကုန်ပြီအထင်ဖြင့်
အခေါင်းသွင်းလိုက်ခြင်း စသည်တို့ ကြုံတတ်သည်။ အချစ်ရေးတွင်တော့
အထူးပင်စန်းပွင့်ကာ ငါးစိမ်းသည်၊ ကားဒရိုင်ဘာ၊ ဂိတ်စောင့်တို့၏ မယားငယ်၊
လင်ငယ်ဖြစ်တတ်သည်။ ယတြာအနေဖြင့် ကုက္ကိုပင်အောက်သို့သွား၍ ခေါင်းပေါ်သို့
ကျီး(ငှက်) တစ်ကောင်မှ
ချေး(ချီး)ပါချသည်အထိ မော့ကြည့်နေပါ။

IM Smiley
အင်္ဂါသားသမီးများ စာမေးပွဲရာသီဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများ အလုပ်ရှုပ်ပြီး ဝင်ငွေကောင်းမည့်
ကာလဖြစ်သည်။ ဆေးရုံအနီးတွင် ဆိုက်ကားနင်း သူများ၊ ဈေးရောင်းသူများ
စည်ပင်သာယာနှင့် ပြဿနာတက်ကိန်းရှိသဖြင့်
ညဘက်တွင်မှ အလုပ်လုပ်သင့်သည်။
စီးပွားရေးအနေဖြင့် ဆံသဆိုင်ဖွင့်ခြင်း၊ စစ်ထဲဝင်ခြင်း၊ ညကင်းစောင့်ခြင်းများ
အကျိုးပေးအံ့။ ဆန္ဒပြသူများအတွက် အချိန်ကောင်း မဟုတ်သဖြင့် ဆန္ဒကိုမပြဘဲ
သိမ်းထားပါ။ အချစ်ရေးတွင်တော့ အတက်အကျမရှိဘဲ လုပ်သည့်အကျိုးကို
လက်ငင်းခံစားရကိန်းရှိသည်။ စာလိုက်ပေးသဖြင့်
ရဲစခန်းရောက်ကိန်း၊
ပါးချခံရခြင်းများသည် လက်ငင်းအကျိုးများပင်ဖြစ်လတ္တံ့။ အောင်မြင်မှုကို
ဆောင်ကျဉ်းလာမည့် ယတြာမှာ စိတ္တဇဆေးရုံကို ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်၍
ဆယ်ရက်တရားစခန်းဝင်ပါ။
food-and-drink Smiley

seasonal Smiley
လမ်းမှားပေါ်ရောက်နေသည့် ဗုဒ္ဓဟူးသားသမီးများ ကံကြမ္မာ ဖေးမမှုကြောင့်
လမ်းမှန်ပေါ်ရောက်ပြီးကာမှ ရဲကား
အတိုက်ခံရတတ်သည်။ ယမကာမှီဝဲခြင်း၊
လောင်းကစားလုပ်ခြင်းများတွင် ရောင့်ရဲတင်းတိမ်တတ်ပါစေ။ ရန်ဖြစ်ခြင်း၊
ရည်းစားနှင့်ကွဲခြင်း၊ လုယက်ခံရခြင်းများ ကြုံနိုင်သည်။ စီးပွားရေးအနေဖြင့်
ရင်းတိုင်းကုန်၊ လုပ်တိုင်းရှုံး၊
လှုပ်တိုင်းမြုပ်တတ်သဖြင့်
လုပ်ချင်ရာကိုလုပ်ပါ။ ပညာရေးကံကောင်းတတ်သည့် ဗုဒ္ဓဟူးသားသမီးများသည်
စာမေးပွဲနီးကာမှ ရေနစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ယားနာများပေါက်ခြင်း စသည့်
အနှောင့်အယှက်လေးများ တွေ့ရတတ်သဖြင့် ရေချိုးခြင်း၊ ရေသောက်ခြင်း လုံးဝ
မပြုလုပ်သင့်ပေ။ ယတြာအနေဖြင့်
လမ်းဆုံလမ်းခွ တစ်ခုတွင် လေးဘက်ထောက်ပြီး
"လွတ်လပ်ရေးအတွက် လမ်းပေါ်ထွက်လာတာ" ဟု လေးဆယ့်ငါးခါအော်ပါ။

food-and-drink Smiley
ပေါက်ကရလေးဆယ် ပြောတတ်သူများ ပြဿနာတက်တတ်သည့်ကာလဖြစ်သည်။ ပင်ပင်ပန်းပန်း
လုပ်နေရသည့်တိုင် ပေါကြောင်ကြောင်
နိုင်မှုကြောင့် ကြာသပတေးသားသမီးများ
ဗိုက်ဟောင်းလောင်းဖြစ်ကိန်း မြင်နေသည်။
၂၀၁၂ တွင် ကမ္ဘာပျက်မည်အထင်ဖြင့်
အကြွေးယူထား သူများ ကမ္ဘာမပျက်ခင် ဘဝပျက်နိုင်သည်။ ဗိုလ်ကတော်များ
ဘုရားမေ့ကာ
ဖဲဝိုင်းထိုင်နေတတ်သည်။ ကျန်းမာရေးတွင် ပန်းနာရင်ကျပ်ထခြင်း၊ မျက်စိကွယ်ခြင်း၊
ပါးစပ်ရွဲ့ခြင်းများဖြစ်တတ်ပြီး မဖြစ်ပါက တစ်ခုခုလွဲနေပြီဟု ယူဆနိုင်သည်။
ပညာရေးတွင် ရှေ့ဆုံးရောက်နေသော ကြာသပတေး သားသမီးများသည် စာမေးပွဲခန်းထဲတွင်
ရှေ့ဆုံးခုံတွင် ထိုင်ရသဖြင့်
ခိုးချမရခြင်း၊ ရှေ့လူက
သင့်ကိုမပြခြင်းတို့ကြောင့် စာမေးပွဲကို ရှေ့ဆုံးမှကျနိုင်သည်။ အစစအရာရာ
အောင်မြင်စေရန် တစ်ခုသော ကြာသပတေးနေ့တွင် ပဲပြုတ်သည်တစ်ယောက်ကို ဖန်ပုလင်း
တစ်လုံးဖြင့် ပက်ပက်စက်စက်ရိုက်ရင်း "ဗိုင်းတာမ - ပဲများချင်ဦး" ဟု
အော်ဟစ်ပါ။

IM Smiley
"သ" နှင့် "ဟ" ပါသော သောကြာသားသမီးများ "သိပ်ဟန်" နေပြီဟု ထင်လျှင်
လုံးဝမှားသွားလိမ့်မည်။ "သေဟဲ့" ဟု အော်ကာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်ရမည့်
ကိန်းများသာ စီတန်း
တွေ့နေရမည်။ သမိန်ပေါသွပ်ဖတ်ပြီး သူရဲကောင်းဟု ထင်နေသူကို
သမက်ဖမ်းမိသဖြင့် သမီးဖြစ်သူ
ဒုက္ခရောက်တတ်သည်။ သံဝေဂရစရာများ
ဆက်တိုက်ကြုံနေတတ်သဖြင့် သံဃာတော်များကို ဆည်းကပ်သည့်တိုင်အောင်
သိပ်နောက်ကျသွားပြီ ဖြစ်သည်။
ကျန်းမာရေးတွင် သွေးထွက်သံယိုဖြစ်စရာ မရှိသော်လည်း
သေးထွက်သံစူးဖြစ်တတ်သည်။ စီးပွားရေး
လုပ်ငန်းများတွင် ဟိတ်ဟန်နှင့်
နေနိုင်ရန်ကြိုးစားသော်လည်း သေချင်စော်နံအောင် သိက္ခာကျကိန်းများ ထင်ရှားစွာ
မြင်နေရသဖြင့် သတိထားပါ။ ပညာရေးတွင်လည်း သောကများစရာများသာရှိနေသဖြင့်
သိပ်မကြိုးစားပါနှင့်။ ယတြာအနေဖြင့်
သဲကို သံပုရာရည်စမ်းပြီး သုံးရက်ဆက်တိုက်
သုတ်စားပါ။

IM Smiley
* *စနေသားသမီးများ ကံဇာတာ
စန်းထချိန်ပင် ဖြစ်သည်။ နိုင်ငံရေးသမားများ
ထောင်ကကျွေးထားသဖြင့် ထမင်းစရိတ်သက်သာနိုင်သည်။ တပ်မတော်၏ စေတနာအမှန်ကို
နားလည်သူများ တော်လှန်ရေး
လုပ်ကြလတ္တံ့။ ဇာတာကောင်းချိန်ကြောင့်
ဓါတ်လိုက်သော်လည်း မသေဘဲ ရူးသွားနိုင်ရုံလောက်သာ ရှိသည်။ စီးပွားရေးတွင်
ဓားပြတိုက်စားခြင်း၊ ဒရဝမ်လုပ်ခြင်း၊
တောင်းစားခြင်းများ အထူးပင်ဖြစ်ထွန်းမည်။
ကျန်းမာရေးတွင် နူရုံထက်ပိုမဖြစ်လောက်ပေ။ ပညာရေးတွင်မူ
အနည်းငယ်အားနည်းနေပြီး
ထက်မြက်သူများပင် ထင်သလောက် မဖြစ်ဘဲ တဖုံးဖုံးကျနေဦးမည်ဖြစ်သည်။
နှလုံးသားရေးရာတွင် လှေနံ နှစ်ဘက်နင်းမှုကြောင့် နှစ်လောင်းပြိုင်
အသတ်ခံရနိုင်သဖြင့် သတိပြုပါ။ ယတြာချေလိုသူများ အနေဖြင့် နားရွက်နှစ်ဘက်တွင်
နာရီတစ်လုံးစီချိတ်ပြီး နတ်စင်အနီးတွင် နှစ်ရက်ခန့် မအိပ်ဘဲ မတ်မတ်ရပ်နေပါ။



                     သူငယ်ချင်း တင်နိုင်ထွန်း မှပို့လာသောမေးလ်အား ပြန်လည်ဝေမျှပေးခြင်းဖြစ်ပါသည်...
                     ဧဒင်ညီအကို မောင်နှမများပျော်ရွှင်ကြပါစေ...
                                                                        ဧဒင်တာပေတူး  khun  :P :P :P
Views: 191
Tags: ဟာသ

ဒီကေဘီအေ ခေါင်းဆောင်ကို လွဲပြောင်းပေးဖို့ မြန်မာအစိုးရကို ထိုင်း တောင်းဆို



တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA)
ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းနိုင်ငံမှာ တရားရင်ဆိုင်ရေးအတွက် လွဲပြောင်းပေးဖို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ကြောင်း The Nation သတင်းစာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းအစိုးရက မူးယစ်ရာဇာ ၂၅ ဦးကို အလိုရှိသူစာရင်း ထုတ်ပြန်လိုက်ပြီး ဆုငွေ ဘတ် (၁၀) သိန်း ပေးမယ်လို့ ကြေညာခဲ့ရာမှာ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့အမည်လည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ သက်သေအထောက်အထား မပြည့်စုံရင် ထိုင်းတရားရုံးက လက်ခံမှာမဟုတ်လို့ အခုလို ဆင့်ခေါ်ရတာ ဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် Chalerm Yoobam-rung က မနေ့က ပြောဆိုခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ်ကလည်း သက်သေအထောက်အထား အမှန်သိရအောင် မိမိတို့ဆီကို ထိုင်း ကိုယ်စားလှယ်အဖွဲ့စေလွှတ်ဖို့နဲ့ သက်သေမခိုင်လုံရင် မိမိအမည်ကို စာရင်းထဲက ပယ်ဖျက်ဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်း ဒု ၀န်ကြီးချုပ်က နာမည်ပယ်ဖျက်ဖို့အတွက် ထိုင်းရုံးတော်မှာ ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ရှင်းလင်းရမယ့် ကိစ္စဖြစ်ကြောင်း၊ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့ ၉ နှစ်က ထိုင်းနိုင်ငံထဲမှာ မူးယစ်ဆေး ရာဇ၀တ်မှု ကျူးလွန်ခဲ့လို့ ဖြစ်ကြောင်း ပြောဆိုပါတယ်။

အခုအခါ ထိုင်း မြန်မာနယ်စပ်ဂိတ် ၁၂ ခုကို ဒီကေဘီအေက ပိတ်ဆို့ထားလိုက်ပြီး တချို့နေရာတွေမှာ မြန်မာဈေးသည်တွေကို ထိုင်းဘက်အ၀င်မခံဘူးလို့ ဆိုပါတယ်။ ထိုင်း နိုင်ငံခြားရေးဌာနကတော့ ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အခြေအနေမှာရှိနေပြီး ဗိုလ်နှုတ်ခမ်းမွှေးကိစ္စဟာ နယ်စပ်ကုန်သွယ်ရေးအပေါ် မထိခိုက်ဘူးလို့ ဆိုပါတယ်။

နယ်စပ်ဂိတ် ပိတ်တယ်ဆိုတာဟာလည်း အစိုးရတစ်ရပ်ကသာ တရားဝင် ပိတ်နိုင်တာ ဖြစ်ပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီအတွင်း မြန်မာနိုင်ငံဘက်ကို မသွားရောက်ကြဖို့ နယ်စပ်ဒေသခံတွေကို ထိုင်းစစ်တပ်က သတိပေးထားပါတယ်။

By: RFA Burmese

အတ္တကြီးမား၊ မိုက်မိုက်မဲမဲ ကျားမေမေများ



by Lu Cifer on Saturday, May 5, 2012 at 12:44am 

“ကျားမေမေရဲ့ တိုက်ပွဲတေးသံ” Battle Hymns of the Tiger Mum စာအုပ်ရေးသားပြုစုသူ အေမီချွာအနေနဲ့ မှန်ကန်မှုတစ်ခုတော့ တကယ်ရှိပါတယ်။ အဲဒါကတော့ ကျားမေမေလိုမျိုး ကလေးတွေကို ပြုစုပျိုးထောင်ကြတာဟာ တရုတ်လူမျိုးတွေသာ မဟုတ်တာပါ။ 
အခြားတိုင်းပြည်များမှာလည်း အဲဒီလိုမျိုး ပြုစုပျိုးထောင် မောင်းနှင်နေကြတယ်။

ပညာရေးမှာ အောင်မြင်စေဖို့ ဖိအား၊ ကျောင်းမှာ၊ တက္ကသိုလ်မှာ ထိပ်ဆုံးနေရာမှာ ရှိနေဖို့၊ “အလုပ်အကိုင်ကောင်း” ရရှိအောင် အားထုတ်ဖို့ - စတာတွေကို အိန္ဒိယလို၊ ပါကစ္စတန်လို၊ ဘင်္ဂလားဒေ့ရှ်လို တောင်အာရှတိုင်းပြည်တွေမှာ နေထိုင်သူတွေကလည်း ပြင်းပြင်းထန်ထန် လုပ်နေကြတာပါ။
မဲလဘုန်းတက္ကသိုလ်၊ ကမ္ဘာ့ပညာရေးလေ့လာမှုဌာန ပါမောက္ခ ဖေဇယ်ရစ်ဗီကတော့ တောင်အာရှမိဘများဟာ သား သမီးတွေရဲ့ အလုပ်အကိုင် ရွေးချယ်မှုမှာ အလုပ်မျိုးစုံထဲ အသင့်တော်ဆုံးဆိုတာကို ပိုလို့ ရွေးချယ်လာ စေပေမယ့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေ လိုမျိုး “ဂုဏ်သိက္ခာ”  ရှိတယ်ဆိုတဲ့ အလုပ်အကိုင်တွေကိုသာ ဖိအားပေး ရွေးချယ် ခိုင်းနေကြတုန်းပါ။
တကယ်တော့လည်း သိပ်ကို ပြင်းထန်လွန်းနေကြတဲ့ အိန္ဒိယမိဘအရေအတွက်ဟာ တရုတ်ထက်တောင်မှ ကျော်လွန်နိုင် တယ်လို့ မူလစာရေးသူ အေမီချွာက ဆိုပါတယ်။ အိန္ဒိယမိဘတွေဟာ ၀င်ငွေရဲ့ ၃၃ ရာခိုင်နှုန်းလောက်အထိကို သားသမီးတွေရဲ့ ပညာရေးမှာ သုံးကြတယ်လို့ဆိုပါတယ်။ သီးသန့်ကျူရှင်တွေ၊ စာမေးပွဲမှာ ရမှတ်ကောင်းစေတဲ့ “သီးသန့်စပါယ်ရှယ်ကျောင်း” cram schools တွေကို ပို့တာတွေလည်း ပါပါတယ်။
“နိုင်ငံအဆင့် ယှဉ်ပြိုင်မှုတွေက အခုတော့ ဂလိုဘယ်အဆင့်ဖြစ်လာနေပြီလေ။ ကမ္ဘာ့စီးပွားရေးမှာ အောင်မြင်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးကို ကျောင်းတွေက ပြင်ဆင်ပေးမထားဘူးဆိုတဲ့ အမြင်ကလည်းရှိနေတာ။” ပါမောက္ခရစ်ဗီက ဆိုပါတယ်။ 
“ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေလို “တက္ကသိုလ်ကို ဘယ်လမ်းက တက်တက်ရတယ်” ဆိုတဲ့ အမြင်၊ အသိနဲ့ အကျင့်အကြံ မရှိသေးတဲ့ အာရှတိုင်းပြည်တွေမှာတော့ ထိပ်တန်းတက္ကသိုလ် တက်ရောက်ခွင့်ရရှိရေးဟာ “ဘာသာရေးလိုမျိုး” ကို ဖြစ်နေတော့တာ။”  အိန္ဒိယပညာရေးနှင့် စိတ္တဗေဒပညာရှင် ဒေါက်တာဂျဝါဟာဆူရီဆက်တီက ရှင်းပြခဲ့ပါတယ်။ “အဲဒါဟာ နောက်ဆုံး ရည်မှန်းချက်ဖြစ်တယ်ဆိုပြီး ကျောင်းသားတွေရဲ့ စိတ်နှလုံးတွေထဲမှာကို အသေစွဲနေတာ၊ အခြားဘာမှ လုပ်လို့ကို မရတော့ဘူး”ထိပ်တန်းကျောင်းတွေကို ၀င်ခွင့်ရတဲ့ ကလေးဟာ မိသားစုရဲ့ ဂုဏ်သိက္ခာကို မြင့်စေပြန်တယ်လို့ ပါမောက္ခရစ်ဗီက ပြောပြပါတယ်။
အခြားသောကလေးတွေရဲ့ သောကကတော့ ဆိုးဝါးလွန်းတာပါ။ အဲဒီလိုမျိုး ထိပ်တန်းကျောင်းတွေကို ၀င်ခွင့်မရတဲ့ ကလေးတွေဟာ စိတ်ဆင်းရဲခြင်း၊ စိတ်ပျက်အားလျော့ခြင်း ကြီးမားစွာ ခံစားကြရတတ်တယ်။ တချို့ဆို မိမိကိုယ်ကို အဆုံးစီရင်ခြင်း - ဆူဆိုက် - တွေတောင် လုပ်ကြတာပါ။
အိန္ဒိယတိုင်း(မ်) မဂ္ဂဇင်းမှာ ၂၀၀၆ ကနေ ၂၀၁၁ အတွင်း ဆူဆိုက်နှုန်းဟာ၂၆ ရာခိုင်နှုန်းအထိကို တိုးလာခဲ့တယ်လို့ အစီရင်ခံ တင်ပြခဲ့တယ်။ မိဘတွေရဲ့ ကလေးတွေအပေါ်မှာ “ပညာရေးလောဘဇော” “ရမှတ်ကောင်း” နဲ့ “မိဘအတ္တဖိအား” ဒဏ်ကို မခံစားနိုင်တဲ့အဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြဖြစ်တယ်။
တက္ကသိုလ်ကို ရောက်တဲ့အချိန်အထိ အာရှမိဘများဟာ သားသမီးတွေအပေါ်မှာ ဖိအားပေးတုန်း။ ၆၃ ရာခိုင်နှုန်းသော ပါကစ္စတန် ဆေးတက္ကသိုလ် ကျောင်းသားတွေဟာ မိဘများရဲ့ “မျှော်လင့်ချက် မြင့်မြင့်” ဒဏ်ကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြပါသတဲ့။ တိုင်းပြည်ရဲ့ ပြင်ပ၊ နိုင်ငံခြားမှာ သွားပြီး ပညာသင်ပေမယ့်လည်း မိဘရဲ့ “ဖိအားဒဏ်” က မလွတ်ချေဘူး။ ငွေကုန်ကြေးကျများလေတော့ “ဂုဏ်ပကာသန တိုးပွားစေမယ့် ကိရိယာ” များသဖွယ် သားသမီးတွေဟာ အရင်းအနှီး တစ်ခုဖြစ်လာပြန်သတဲ့။
ရွှေ့ပြောင်းနေထိုင်သူ အိန္ဒိယက နာ့ဗ်ဂျော့ဒါလီဝါရဲ့ မိခင်အတ္တကတော့ ကြောက်စရာပါ။ သူမရဲ့ သမီး ၂ ယောက်စလုံးကို တက္ကသိုလ်က ဘွဲ့ ၃ ခု triple degree တပြိုင်နက်တည်း ရယူစေဖို့ မျှော်လင့်ထားသတဲ့။ သူမပြောပြတာကတော့ ဘွဲ့ ၂ ခု double degree တပြိုင်နက်တည်း ယူတာလောက်ကတော့ အတော်လေး ရိုးနေပြီဆိုပဲ။ သူမရဲ့ ဒီမျှော်လင့်ချက် တကယ်ဖြစ်လာစေဖို့ သမီးတွေကို ပရိုက်ဗိတ်ကျူရှင် ထားပေးတယ်။ သမီးကြီးကို ဒီနှစ် နှစ်တ၀က်လောက်မှာတင်ပဲ ၉ တန်း သင်္ချာသင်ရိုးကုန်ဖို့ မျှော်လင့်ထားတယ်။ ဒါမှ ၁၀ တန်း သင်ရိုးကို ကြိုပြီး လုပ်နိုင်မှာလို့ ဆိုပါတယ်။
အေမီချွာရဲ့ ပြင်းထန်ပုံမျိုးမဟုတ်ဘဲ ဒါလီဝါဟာ သမီးတွေကို ဆန္ဒရှိတဲ့အခါ အပေါ့၊ အလေးသွားခွင့်ပြုတယ်။ တီဗွီပေးကြည့်တယ်။ ကြိုက်တဲ့ ဂီတတူရိယာ ပစ္စည်းကို ကိုယ်တိုင် ရွေးချယ် တီးမှုတ်စေတယ်။ ဒါပေမယ့် သူငယ်ချင်း တွေရဲ့ အိမ်မှာ ညအိပ်၊ ညနေမျိုးတော့ လုပ်ခွင့် မရဘူးတဲ့။ အားကစားဆိုတာကလည်း အချိန် ဖြုန်းတာပဲတဲ့။ စာတွေ နောက်ကျသွားနိုင်သတဲ့။ 
သားသမီးတွေကို ပြင်းပြင်းထန်ထန် မောင်းတာဟာ အာရှမိဘများအတွက်ကတော့ ထမင်းစား၊ ရေသောက်ပါပဲ။ တိုင်းပြည်က ရွှေ့ပြောင်း လာသူတွေလည်း ဆက်ကျင့်သုံးနေကြတုန်းပါ။ 
ရို့စ်ဘဲဆင်းဟာ ဖီဂျီ-အိန္ဒိယနွယ်ဖွားပါ။ သူမကိုယ်တိုင် ကြီးပြင်းလာခဲ့တဲ့ပုံစံကတော့ စည်းကမ်း အရေးကြီးတာပါပဲ။ အခုတော့ သားလေးကို ဒီအမွေ ဆက်ခံစေတော့မယ်။ ပုံမှန်စာလေ့လာနိုင်ဖို့ သီးသန့် ကျူတာ တစ်ယောက်ထားတယ်၊ ကလေးက အခုမှ သူငယ်တန်း စတက်မယ် လုပ်တုန်း။ “သားကို ကူညီပေးဖို့က ကျမရဲ့ တာဝန်ပါ။ ဘ၀အစမှာ အခြေခံကောင်းရဖို့လေ။” ရို့စ်ကပြောပြပါတယ်။ သူမဆိုလိုတဲ့ “ဘ၀အစ အခြေခံကောင်း” ဆိုတဲ့နေရာမှာ တစ်ပတ်ကို ကျူရှင် ၃ ခု ယူခိုင်တာရယ်၊ ကျူရှင်အိမ်စာရယ်၊ ပထမတန်း စာတွေရယ်၊ ဖတ်စာအုပ် အပြင် အရေးနဲ့ စာလုံးပေါင်း လေ့ကျင့်ခန်းလုပ်တဲ့ အခြားစာအုပ်တွေရယ် ပါဝင်ပါတယ်။ 
ဒါလီဝါနဲ့ ရို့စ်ဆင်းတို့ကတော့ သူတို့ဟာ ကျားမေမေတွေမဟုတ်ဘူး၊ အေမီချွာလို မဟုတ်ဘူးလို့တော့ ငြင်းဆိုပါတယ်။
သူတို့ရဲ့ ကလေးပျိုးထောင်နည်းဟာ အေမီချွာရဲ့ တရုတ်မိဘနည်းလမ်းကို ပြုပြင်-ပြောင်းလဲ-ညှိနှိုင်းယူထားတဲ့ နည်းလမ်းလို့လည်း ပြောပါတယ်။ အေမီချွာရဲ့ တရုတ်နည်းကို သူတို့ ပြောင်းလဲ ပြင်ဆင်ထားပုံကတော့
“အနာဂတ်အတွက် ပြင်ဆင်ပေးပြီး” ကလေးတွေကို ကာကွယ် စောင့်ရှောက်တာလို့ ပြောထားတယ်။ စွမ်းဆောင်နိုင်တာ ကို လုပ်ခွင့်ပေးတယ်။ စွမ်းရည်တွေ၊ အလုပ်လုပ်ချင်တဲ့ အလေ့အကျင့်တွေ၊ ဘယ်သူမှ လာ လုယူလို့မရတဲ့ မိမိကိုယ်ကို လုံးဝ ယုံကြည်မှုတွေကို ပျိုးထောင်ပေးတာလို့လည်းပြောပါတယ်။
သို့ပေမယ့် ပညာရှင်တွေကတော့ သိပ် သဘောမတူကြပါဘူး။ စိတ်ရောဂါကု သမားတော်လည်းဖြစ်၊ သြစတြေးလျ-အိန္ဒိယ ဆေးပညာရှင်များ အသင်းရဲ့ ဥက္ကဌလည်းဖြစ်သူ ဒေါက်တာရှေးလ်ဂျချတ်တာဝေဒီက ကလေးတွေကို သိပ်ပြီး ပြင်းပြင်း ထန်ထန် ဖိအားပေးတာနဲ့ ပတ်သက်ပြီး သတိပေးထားပါတယ်။
မျှတတဲ့ နည်းလမ်းကို ရွေးချယ်စေလိုကြောင်း “ဘက်စုံ” ဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်သင့်ကြောင်း၊ ဒါမှ ဘ၀ရဲ့ ကြိုတင်မျှော်လင့်ထားလို့ မရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း စိတ်ပညာရှင်က တိုက်တွန်းထားပါတယ်။ “လကမ္ဘာကိုပဲ သွားတတ်တဲ့” အူကြောင်ကျား၊ ခံစားမှု ဖရိုဖရဲနဲ့ လူမှုရေး ညံ့ဖျင်းတဲ့ သိပ္ပံပညာရှင်မျိုး တော့လည်း မဖြစ်စေချင်လို့ပါတဲ့။
မြန်မာပြည်မှာကော “ကျားဖေဖေ” တွေ “ကျားမေမေ” တွေ ဘယ်လောက်ရှိမလဲဆိုတာ စစ်တမ်းကောက်ကြည့်ရင် ကောင်းမလား။
မြတ်ပန်းရှင်
မောက္ခနိုင်ငံတကာပညာရေးသတင်း
Source: The Age/ Tiger Mums: fierce or foolish?
http://www.maukkha.org/index.php/news-menu/international-news-maukkha/2080-tiger-mums

ကဆုန်လနှင့် ညောင်ရေသွန်းပွဲဟူသည်



ကဆုန်လသည် အပူဓာတ် လွန်ကဲသောလ ဖြစ်သည်။ မြစ်ချောင်း အင်းအိုင်များ ရေခန်းခြောက်ချိန် ဖြစ်သည်။ သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေ ဆောင်သွေး၍ မုတ်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်။ မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရိုက်ရသောလ ဖြစ်သည်။ ရှေးမြန်မာများက ကဆုန်အတွင်း မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်။

ကုဆုန်လကို မြန်မာမူအရ ပြိဿရာသီခေါ်၍ ထိုလတွင် စန်းပြည်နက္ခတ်မှာ ၀ိသာခါနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ တံငါတာရာ ဖြစ်သည်။ ရာသီရုပ်မှာ နွားထီးရုပ် ဖြစ်သည်။ ရာသီပန်းကား စကားပန်းဖြစ်၍ ရာသီပွဲတော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်။
ယောမြို့စား အတွင်းဝန် ဦးဘိုးလိုင်၏ “ဥတုဘောဇန သင်္ဂကျမ်း”တွင် ကဆုန်လတွင် လောကသည် အလွန်ပူ၏။ အနောက်တောင်ထောင့်က လေပူတိုက်၏။ ရေကန် ရေအိုင်တို့၌ ရေသောက်သော သားငှက်တို့ဖြင့် ပြွမ်းကုန်၏။ ရေငုပ်ခြင်း၊ အစပ်၊ အချဉ်၊ အငန်၊ အပင်ပန်းခံခြင်း၊ မေထုန်မှီဝဲခြင်း၊ အဆီအစေး မရှိသော၊ ပူသော အစာတို့ကို ကြဉ်ရှောင်အပ်ကုန်၏။
ချိုဆိမ့်သော အရသာ၊ အေးသော ဖျော်ရည်၊ သကြားနှင့် လုပ်သော ပေါက်ပေါက်ဆုပ်၊ ကရေကရာ စသော မုန့်၊ ကြည်းကုန်း၌ ကျက်စားသော သားငှက်တို့၏ အသား၊ ထောပတ်၊ နွားနို့၊ ရေတံခွန်မှ ထွက်သော ရေအေး၊ ကြစုသီးနှင့် ကြံသကာတို့ကို မှီဝဲ သုံးဆောင် အပ်ကုန်၏ဟု ရေးသားခဲ့ပါသည်။
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည်နေ့ကို ထူးမြတ်သော နေ့အဖြစ် သတ်မှတ် ယူဆကြသည်။ ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဆိုသည်နှင့်အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်။
(၁) ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာ ဘုရားရှင်ထံမှ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသောနေ့သည် ကဆုန်လပြည့်နေ့ ဖြစ်သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန် လပြည့်နေ့ သောကြာနေ့ နံနက် တစ်ချက်တီး အချိန် ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပ၌ိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား လုမ္မိနီသာမော အင်ကြင်းတောဝယ် သုဒ္ဓေါနေမင်းကြီး၏ ရူမငြီးသော ကြင်ယာတော် မယ်တော် မာယာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။
(၃) ဘုရားအလောင်းတော်သည် သက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည်။
(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္ဏ၊ ဗုဒ္ဓဟေ ဆိုသည်နှင့်အညီ ဖွားဖက်တော် ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ(ဗောဓိပင်) သည်လည်း ကဆုန် လပြည့်နေ့တွင်ပင် ပေါက်ရောက်ခဲ့သည်။
(၅) သက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅-၀ါ၊ သက်တော် ၈၀-၌ ဘုရားရှင်သည် နယ်မာလာတိုင်း၊ ကုသိနာရုံပြည်ရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့ နံနက်ပိုင်းတွင်လည်း သုဇာတာ သူကြွယ် သမီး ဃနာနို့ဆွမ်း ဆက်ကပ်ခြင်း ခံရသည်မှာ သေနနိဂုံးရွာအနီး ညောင်ပင်ရင်းတွင် ဖြစ်သည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်းတွင်ပင် ဖြစ်သည်။
ထို့အတွက် မြတ်ဗုဒ္ဓနှင့် ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ အလေးအနက် ကြည်ညို လေးစားဖွယ်ရာ ဖြစ်လာသည်။ သာသနာတော်ကို ရိုသေလေးစားသော မြန်မာတို့သည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် တီထွင် ကျင်းပသည်ဟု ယူဆသည်ဟု ယူဆရပါသည်။
ပုဂံခေတ်ထိုး စောလုဝန်းဘုရား ကျောက်စာတွင် မီဖုန်၊ သင်္ကြန်၊ ညောင်ရိပ်သွန်(ညောင်ရေသွန်း) စသည် ဝေါဟာရများ တွေ့ရှိရသဖြင့် ဗုဒ္ဓသာသနာတော် အရောင်အ၀ါထွန်းကားနေသော ပုဂံခေတ်၊ လူမူစီးပွားရေး ဖွံ့ဖြိုး စည်ပင်နေသော ပုဂံခေတ်တွင် ညောင်ရေသွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေပြီဟု ယူဆရပါသည်။
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်၌ ဘိုးတော် ဘုရားသည် ပိဋကတ်တော်နှင့် လောကီကျမ်းများကို ကူးရန်နှင့် မဟာဗောဓိပင်ကို ဖူးမြော်ရန် ရွှေတောင်သာဂဘူ၊ ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။
မှန်နန်းရာဇ၀င်တော်ကြးတွင် မဟာဗောဓိပင် ခက်မကြီးတို့မှ ဖြာသော ခက်လက်ပေါင်း ၁၃၆-ခု ရှိသည်။ ထွာဆိုင်၊ ညှိုဆိုင်အောက်ငယ်သော ဗောဓိပင် ခက်လက်ငယ်တို့သည်ကား မရေမတွက်နိုင်အောင် အလွန်များပြားသည်။
မဟာဗောဓိ ညောင်တော်၏ အရပ်မှာ ပကတိ မြေမှ ခက်မကြီးခြောက်ခု ဖြာသည့်တိုင်အောင် အတောင် ၆၀-ကျော်သည် ဖြစ်၍ ဗောဓိညောင်တော် တစ်ပင်လုံး ရင်းဖျား ဆုံးအောင် အတောင် ၉၀-ခန့် အမြင့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။
ဗုဒ္ဓဂါယာ၌ရှိသော ဖွားဖက်တော် ဗောဓိပင်ကို ဟိန္ဒူဘုရင် သသကသည် ခုတ်လှဲ ဖျက်ဆီးခဲ့သည်။ သို့ရာတွင် ထိုဗောဓိပင် အမြစ်နေရာမှ ဗောဓိပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုဗောဓိပင်သည် ၁၈၇၀-ပြည့်နှစ်တွင် ပြိုလဲသွားရာ ထိုအပင်မှ အကိုင်းကို ပြန်၍ စိုက်ပျိုးခဲ့သည်။ ယခုအခါ ဖူးတွေ့ရသော ဗောဓိသည် မူလဗောဓပင်၏ အဆက်အနွယ် ပင်ပွား ဖြစ်သည်ဟု မြန်မာစွယ်စုံကျမ်း အတွဲ-ဂတွင် ရေးသားထားပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဗောဓိပင် စိုက်ပျိုးခြင်း ပြုခဲ့ကြသည်။ ကိုလိုနီကျွန်သဗောက်ဘ၀မှ လွတ်မြောက်သည်နေ့၊ လွပ်လပ်ရေး ရရှိသောန့ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့ တွင်လည်း အိန္ဒိယပြည်ရှိ မဟာဗောဓိပင် အကိုင်းကို ယူဆောင်၍ ရွှေတိဂုံဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့်၊ အနောက်ဘက် အုတ်တံတိုင်းနှင့် မြောက်ဘက် အုတ်တံတိုင်းတို့ ဆုံရာ အနီး၌ စိုက်ပျိုးခဲ့သည်။
ထို့ပြင် ကိုလိုနီခေတ်အခါက ၁၉၀၅-ခုနှစ်လောက်တွင် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့က စိုက်ပျိုးခဲ့သော ဗောဓိပင်လည်း ရှိခဲ့သည်။ ဗုဒ္ဓဂါယာအရပ်ရှိ ဗောဓိညောင်ပင်၏ အစေ့ကိုယူ၍ စိုက်ပျိုးခဲ့သော ဗောဓိပင်လည်းရှိခဲ့သည်။ ဗောဓိညောင်ပင် ရှိခြင်းလည် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခြင်းနှင့် တူညီသည်ဆိုသော အယူအဆကြောင့် ဗောဓိပင်ကို အလေးအမြတ်ပြုကြခြင်း ဖြစ်သည်။
ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သော ပြည်မင်း မျက်နှာရှည် ကာချင်းတွင် “စံကား ၀တ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေ တန်စကူး၊ နွေလဆန်း ဆန်လေဦး၊ ၀တ်ဆံ ရွှေသား၊ စကားပွင့်လှဦး” ဟု ရေးစပ်ခဲ့သည်။
ထိုကာချင်းက ခေတ်တစ်ခေတ်၏ ဘာသာ ယဉ်ကျေးမူ သမိုင်းတစ်ကွက်ကို ထင်ဟပ်ပြနေပါသည်။ ပင်းယခေတ်သို့ ရောက်ရှိလာသောအခါ ကဆုန်ညောင်ရေသွန်း ပွဲတော်သည် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကို ဖော်ညွှန်းနေပါသည်။
ဗောဓိညောင်ပင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေပြီး မြန်မာ့အနုပညာလောက ရူထောင့်အတွင်းသို့ပါ စိမ့်ဝင်နေသည်ကို တွေ့ရပါသည်။
နန်းမြို့တော်ဟောင်း ယဉ်ကျေးမူမြို့တော်ဖြစ်သော မန္တလေးမြို့မှ နာမည်ကျော် အငြိမ့် လူရွှင်တော်ကြီး ဦးဓာတ်ခိုးသည် အငြိမ့်သဘင် ကပြသောအခါ “ကဆုန်ညောင်ရေသွန်းပွဲ လင်္ကာကြီး” ကို ရွတ်ဆိုခဲ့သည်။
လူကြီးများက နံ့သာအိုး အသီးသီးပိုက်၊ ကညာအမျိုးသမီး တစ်သိုက်က သပြေပန်း မညှိုးအောင် ရေချမ်းအိုး ကိုယ်စီ ရွက်ပြီး ဗိုလ်စည်နှက်ကာ ထီးဖြူ ရှစ်လက်နှင့်တကွ နည်းမူစနစ်မပျက် အတူပျော်မွေ့လျက်။
သူတော် ရသေ့နှင့် ဒိုးပတ်သမား၊ သည့်နောက်ကတော့ တန်ခိုး လျှပ်ကြွားအောင်၊ အဆန်းကွက် တစ်မျိုးကြည်၊ နန်းဆန်တဲ့ အိုးစည်နှင့် အတီး အဆို အက၊ အပြီးမလိုရ နယ်တစ်ခွင် ရွှင်ချို၊ မယ်ဒလင် ဘင်ဂျိုနှင့် အရပ်သားတို့က ပျော်။
ဝိသာခါ နက္ခတ်စန်းရတနာနှင့် ပြိုင်တော့၊ ပန်းစကားဝါ အခိုင်အငုံကြွသည် ကဆုန်လရာသီ အမြတ်မှာ ရွာပြည် အရပ်ရပ်သောင် ခေမေ မလွဲဖို့လို ညောင်ရေပွဲ ပြုကြတဲ့ သဘင်ပွဲကိုဗျာ စသည်ဖြင့် ရွတ်ဆို ပြခဲ့သည်။
ဆရာမင်းသုဝဏ်က “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥသြ တွန်သံချို ဒိုးရိုစီးတဲ့ နဒီတွင်း သမင် ရေသောက်ဆင်း၊ မြက်ခင်းလဲလဲ မြေညီညီ ကံ့ကော်ဝတ်မူန် မူန်စီ၊ ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချေစမ်း” ဟု ရေးစပ်ခဲ့သည်။
မြန်မာပြည် အရပ်ရပ်တွင် ညောင်ပင်များ ပေါက်ရောက်လေ့ ရှိသည်။ အပင်သည် ကြီးမားခြင်း၊ အရိပ်အာဝါသ ကောင်းခြင်း၊ အေးမြစေခြင်း ထည်ထည်ဝါ၀ါ မြင်တွေကရခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။ ရွာဦး ရွာထိပ်တွင် အထင်ကရ မြင်တွေ့ရသော ပ ညောင်ပင်ကြီးများသည် ရွာ့ကျက်သရေကို ဆောင်နေသည် သာမက ကျေးရွာများ၏ အလှကျက်သရေကိုလည်း ဖြစ်သေည်။
ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ပဒေသရာဇ် ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။ မြို့ကြီး ပြကြီးမှ ကျေးလက် တောရွာ ဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမူ အတွက် သာမက သစ်ပင် ပန်းပင် စိမ်းလန်းစိုပြည်ရေးကိုလည်း အထောက်အကူ ပြုလျက် ရှိသည်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မှုစဉ် သတ္တ၀ါ ဝေနေယျတို့အား ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မှုလေ၏။ ထိုအခါ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဘုရားရှင်အား ပူဇော် ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကိုယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့ သွားကြကုန်၏။ ဇေတ၀န် ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင် မရှိသည့်အတွက် ပူဇော်ခွင့်မရကြလေကုန်။ ထိုအခါ မိမိတို့ ယူဆောင်ခဲ့သော ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏ တံခါးဝ၌ ချထားကြကုန်လျက် ပြန်လာခဲ့ကြကုန်၏။
ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခါ အရှင်အာနန္ဒာမထေရ်သို့ကပ်၍-အရှင်ဘုရား ဤ ဇေတ၀န်ကျောင်းတော်ကြီးသည် မြတ်စွာဘုရား ဒေသစာရီကြွချီသောအခါ၌ ကိုးကွယ်ရာမဲ့ နေပါသည်။ ပူဇော်ခွင့်လည်း မရှိပါ။ အရှင်ဘုရားသည် ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားပြီး ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော်ရာကို လျှောက်ထားပေးပါဘုရားဟု လျှောက်ထားလေသည်။ မဟာဗောဓိ ပင်မှ မျိုးစေ့ကိုယူ၍ ဇေတ၀န်ကျောင်းတော်၏ တံခါးဝ၌ စိုက်ပျိုးခွင့်ပြုရန် အရှင်အာနန္ဒာက မြတ်စွာ ဘုရားရှင်အား လျှောက်ထားလေ၏။ ဘုရားရှင်သည် စိုက်ပျိုးခွင့်ကိုပေးလျက် -
ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည် ဇေတန်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေတော်မှုသည် နှင့် အတူတူပင်ဖြစ်လတ္တံ့ဟု မိန့်ကြားတော်မှုခဲ့သည်။
သာဝတ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့် ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော် ကြကုန်၏။
ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည် နောက်လာ ခဲ့သည် နောက်လာမည့် မိုးကလည်းမရွာသေးချေ။ သို့ဖြစ်ရကား ဤကဆုန်လသည် ရေများခန်းခြောက်နည်းပါး ကာ မြေဓာတ်၌ ရေအပြတ်ဆုံးလဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တော် မှုရာ မဟာဗောဓိပင်မှ ကူးယူစိုက်ပျိုးခဲ့သော ဤမဟာဗောဓိပင်ကို ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ရာ ရှားပါးအဖိုးတန်ဝတ္ထုအဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။ ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင် သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်း လောင်း၍ ပူဇော်ကြခြင်းဖြစ်ပါသည်။ ဤမဟာဗောဓိပင်သည် စေတီ(၄)မျိုးတို့တွင် ပရိဘောဂစေတီတတော် ဖြစ်သည်။
ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်ဟူသော အခေါ်အဝေါ်သည် “ကဆိန္န” ဟူသောပါဠိကို “ကဆုန်” ဟု မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။ ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်) ကဆိန္န=မြေဓာတ်မှာ ရေပြတ်သောလဟု အဓိပ္ပာယ်ရသည်။ ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊ ကံဆိန္နမည်၏ဟုလည်း ဆိုကြသေး၏။ ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌ မဟာဗောဓိပင် သေမသွားစေရန်နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုဗောဓိပင်ကို ပူဇော်သော အစဉ်အလာသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ပင်းယခေတ်တို့ကပင် ရှိနေသည်ဟု (သက္ကရာဇာ် ၅၆၃၊ သင်ကြီးညောင်အုပ် ကျောက်စာတို့အရ) သိရလေသည်။ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာတို့သည် ညောင်ရေသွန်းပွဲတော်ကို မြန်မာယဉ်ကျေးမှုတစ်ရပ်အဖြစ် သတ်မှတ်လျက် ကဆုန်လပြည့်နေ့ တွင် ဗောဓိပင်အား ညောင်ရေသွန်းလောင်းခြင်း ပန်းနံ့သာကပ်လှူခြင်းများ ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက် ရှိသည်။
ဤကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော်ဗျာဒိတ်တော်ခံယူရာနေ့၊ ဘုရားဖြစ်မည်ဘ၀တွင် ဖွားတော် မှုရာနေ့၊ ဘုရားဖြတစ်တော်မှုသောနေ့၊ ပရိနိဗ္ဗာန်စံတော်မှုသောနေ့အားဖြင့် နေ့ထူးနေ့မြတ်ကြီးဖြစ်သော ကြောင့် ဤကဆုန်လပြည့်နေ့တွင် ဘုရား၏ကိုယ်စား ကိုးကွယ်သောအားဖြင့် ဗောဓိပင်ကို ရေသွန်းလောင်း ပူဇော်ခြင်းသည် ကောင်းမြတ်သော ဗုဒ္ဓယဉ်ကျေးမှုလာ မြန်မာ့ဓလေ့ထုံးစံတစ်ရပ်အဖြစ် ပြုလုပ်သင့်သော ကောင်းမှုကုသိုလ်ထူး မင်္ဂလာကြီးပင် ဖြစ်ပေသည်။
သာရဝေါစိုးကြည်ရေးသားချက်အား ပြန်လည်မျှဝေပေးထားပါသည်။

ထိုင်း၏စွပ်စွဲချက်အကြောင်း DKBA ထပ်ရှင်းမည်




ပြည်တော်မြင့် ရေးသားသည်)


၁၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲအတွက် ကရင်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျပန်၊ ဘာသာပြန်များ စီစဉ်ပေးထားသည်ဟု DKBA အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်က ရှင်းပြသည် (ဓာတ်ပုံ - ပြည်တော်မြင့်)

ထိုင်းအစိုးရက DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်အား မူးယစ်ရာဇာအဖြစ် ကြေညာကာ ဆုကြေးငွေထိုင်းဘတ် ၁၀ သိန်းထုတ်ပြန်ထားသည့် ကိစ္စ နှင့်ပတ်သက်၍ အဖြစ်မှန်ကို နိုင်ငံတကာက ပိုမိုသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းဌာ နများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်ကြားကာ ယခုလ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်မည်ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်ကပြောသည်။

၎င်းက”ထိုင်းအစိုးဘက်က အခြေအမြစ်မရှိတဲ့စွပ်စွဲချက်တွေကို နိုင်ငံတကာက ပိုမို သိရှိဘို့အတွက် သတင်းစာ ရှင်းလင်းပွဲ ထပ်လုပ်မှာဖြစ်တယ်။ ပြည်တွင်းက နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းသတင်းဌာနတွေအပြင် ထိုင်းမှာ အခြေစိုက်တဲ့ သတင်းဌာနတွေကိုလည်း ဖိတ်ထားတယ်။ သတင်းထောက်တွေရဲ့ သွား လာရေးနဲ့ လုံခြုံရေးအတွက် ကျနော်တို့အားလုံးတာဝန်ယူထားတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံခြားသတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်စာများ ပေးပို့ထားပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ခရီးစဉ်ကို မြ၀တီမြို့မှတဆင့် သွားရောက်နိုင်ရန် စီစဉ်ထားပြီး သတင်းစာ ရှင်းလင်းပွဲအတွက် ကရင်၊ မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်၊ ဂျပန်၊ ဘာသာပြန်များ စီစဉ်ပေးထားသည်ဟုလည်း ပြော သည်။

မြ၀တီခရိုင်ရှိ DKBA ဌာနချုပ်တွင်ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားထားသည်ဟု ဗိုလ်မှူးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

ထိုင်းနိုင်ငံဒုတိယ၀န်ကြီးချုပ် ချလုံယူဘမ်းရုန်းဦးဆောင်သည့် ထိုင်းနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ ရုံး (ONCB) အဖွဲ့သည် ယခင်လ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ရာဇာ ၂၅ ဦးထဲတွင် စောလားပွယ် ပါရှိပြီး ဆုကြေးငွေဘတ် ၁၀ သိန်း ထုတ်ပြန်ထားသည်။

“ဒီအခြေအမြစ်မရှိတဲ့စွပ်စွဲမှုကို ထိုင်းဘက်က တာဝန်ယူဖြေရှင်းမှုတွေ မလုပ်ခဲ့ဘူး ဆိုရင် နယ်စပ်ဒေသအခြေ တည်ငြိမ်ရေးကို တာဝန် မယူနိုင်ဘူး” ဟု ယခုလ ၁ ရက်နေ့က ထိုင်းသတင်းထောက်များကို ပြောကြားခဲ့သည့် အတွက် ထိုင်းနိုင်ငံသားများ DKBA စခန်းများ တည်ရှိရာ နယ်စပ်များသို့ သွားရောက်ခြင်းမပြုရန် ယခုလ ၂ ရက်နေ့က တာ့ခ်ခရိုင်ဝန်မှသတိပေး ချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်တင်းမာမှုများဖြစ်ပွားနေသည့် နယ်စပ်ထိုင်းဘက်ခြမ်းတွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသော DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ဓာတ်ပုံ - ပြည်တော်မြင့်)

ထိုင်းဘက်မှသက်သေအထောက်အထားများခိုင်လုံစွာပြသနိုင်ပါက နိုင်ငံတကာခုံရုံးသို့ မိမိ တက်ရောက်မည် ဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များသည် DKBA နှင့် ကရင်အမျိုးသားထု အပြင် မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်ဟု စောလားပွယ်က ပြောသည်။

နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ယခင်ကထိုင်းစစ်တပ်နှင့်DKBA အကြား ပူးပေါင်း ဆောင်ရွက်များ ရှိခဲ့သည်ဟု ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်သည့် DKBA ကလို့ထူးဘော ဗျူဟာ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား(ရာဘ)အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ (ONCB) အဖွဲ့က စောလားပွယ်တွင် တာဝန်ရှိသည်ဟုဆိုကာ ဆုကြေးငွေ ထုတ် ထားခြင်းဖြစ်သည်။

ထိုင်းဒုဝန်ကြီးချုပ်ချလုံယူဘမ်းရုန်းက စောလားပွယ်အနေနှင့် ထိုင်းနိုင်ငံတွင် လာရောက် အဖမ်းခံခြင်းကလွဲ၍ အခြားနည်းလမ်းမရှိဟု ယခုရက်ပိုင်းအတွင်းက ထိုင်းရုပ်သံလိုင်းများတွင် ပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သော်လည်း ထိုင်းသတင်း ထောက်များလာရောက်ရန် ကန့်သတ်ခံခဲ့ရပြီး၊ နိုင်ငံခြားသတင်းထောက်များကိုလည်း ဖိတ်ကြားနိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုလ ၁၀ ရက်နေ့တွင် ထပ်မံပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးဆန်းအောင်က ပြောသည်။

အယောင်ဆောင် ဘုရင့်သမီး ( ၂ )



by Spring Flowers on Thursday, May 3, 2012 at 5:20am

  •                        ၁၉၃၈ မှာ အန်ဒါဆွန်နဲ့ သူ့လူတွေဟာ ဇာဘုရင်ရဲ့ အမွေတွေကို ဂျာမန်တရားရုံးကနေ တောင်းဆိုတယ်။တရားရုံးကလည်း အန်ဒါဆွန်ဟာ မင်းသမီး အန်နာစတေးရှား ဖြစ်ကြောင်း သက်သေအထောက်အထားပြဖို့ ပြန်တောင်းဆိုပါတယ်။ သူ့အမှုဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ချိန်ကို ဖြတ်သန်းရတာရယ်၊ ဇာဘုရင်မိသားစုရဲ့ နိုင်ငံခြားက အမျိုး မင်းမျိုးမင်းနွယ်တွေကို သက်သေအဖြစ် ခေါ်ရတာရယ် စတာတွေကြောင့်ကြန့်ကြာပြီး ဂျာမနီရဲ့ တရားစီရင်ရေးသမိုင်းမှာ အရှည်ဆုံး အမှုတစ်ခု ဖြစ်ခဲ့တယ်။ ပါဝင်ရတဲ့ သူတွေမှာလည်း စရိတ်စက ကုန်လိုက်တာ သောက်သောက်လဲ။ ( ၁၉၃၈ ) က စလိုက်တဲ့ အမှုဟာ (၁၉၇၀ ) မှာမှ ပြီးတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ ကိုယ့်လူရေ။ ( ၃၂ ) နှစ်တိတိ ကြာပြီး စီရင်ချက်ချတော့ အန်ဒါဆွန်ဟာ အန်နာစတေးရှားလို့ဆိုနိုင်တဲ့ သက်သေမခိုင်လုံလို့ တရားရုံးအနေနဲ့ ဟုတ်၏ မဟုတ်၏ မဆုံးဖြတ်နိုင်ပါဘူး   neither established nor refuted   တဲ့။ တကယ်တမ်းတော့ အန်ဒါဆွန်ရှုံးတာပါ။ သူက အသိအမှတ်ပြုခံချင်သူလေ။ သို့သော် တရားရုံးက မထောက်ခံပေမယ့် သူကတော့ ထောက်ခံယုံကြည်သူတွေဝန်းရံပြီး  ပန်းပန်လျှက်..............။
                                ***********************************************
  •               ၁၉၈၄ အသက် ၈၈ နှစ် အရွယ်မှာ အန်ဒါဆွန်ဟာ အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့တယ်။ သူ့ကို လူအများသတိစထားမိတဲ့ ၁၉၂၀ က သေသည်အထိ အန်နာစတေးရှား ဆိုတဲ့ နာမည်ကြောင့် ( ဟုတ်သည်ရှိ မဟုတ်သည်ရှိ ) စောင့်ရှောက်ကြည့်ရှုမယ့်သူ မပြတ်ခဲ့ပါ။ သူကလည်း သေသည်အထိလည်း သူ့ကိုယ်သူ ဘုရင့်သမီးဆိုတာကနေ တစ်ပြားမှ မလျှော့။ ယုံတဲ့လူတွေကလည်း ယုံနေတာကိုး။ အမေရိကန်ကို မပြောင်းခင်က သူဟာ ဂျာမနီက နယ်မြို့လေးတစ်မြို့မှာ ဂျာမန်မင်းသားတစ်ပါး ပေးသနားတဲ့ အိမ်အို အိမ်ဟောင်းတစ်လုံးမှာ တစ်ကိုယ်တည်း အနှစ်  ( ၂၀ ) ကျော် နေခဲ့တယ်။ တစ်ခါတစ်လေလာလည်တဲ့ ရုရှားနန်းတွင်းသူနန်းတွင်းသားဟောင်းတွေကို လက်ခံတွေ့တာကလွဲလို့ အပြင်လူတွေနဲ့ သိပ်မရောခဲ့ဘူး တဲ့။ သူ့ကို ဇာဘုရင်မျိုးဆက်ဆိုပြီး အိမ်ရှေ့က တ၀ဲလည်လည် လာကြည့်တဲ့ တိုးရစ်စ်တွေတောင် ရှိသတဲ့။ သူတို့တွေဟာ အန်ဒါဆွန်နေပုံထိုင်ပုံကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ဖြစ်သွားတတ်ကြတယ်။  ဘာကြောင့်လည်းဆိုတော့ အန်ဒါဆွန်ရဲ့အိမ်မှာ ကြောင်အကောင် ၆၀ ကျော်နဲ့ ခွေးတွေ တစ်အုပ်ကြီး မွေးထားတယ်။  တစ်ဝင်းလုံး ခွေးစာ ကြောင်စာတွေနဲ့ အမှိုက်တွေကြားမှာ အနံ့အသက် ဆိုးရွားလွန်းလို့ အိမ်နီးချင်းတွေကတောင် သက်ဆိုင်ရာကို တိုင်ရတဲ့အထိ ညစ်ပတ်သတဲ့။
                   တစ်ခါမှာတော့ သူနေမကောင်းလို့ ဆေးရုံတက်နေခိုက် ဂျာမန်မင်းသားဟာ သူ့တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်တယ်။ သူ့ခွေးတွေကြောင်တွေကိုတော့ တစ်ကောင် တစ်မြီးမျှမကျန်အောင် သတ်ခိုင်းလိုက်ပါတော့တယ်။ အန်ဒါဆွန်ဟာ ဆေးရုံက ဆင်းလို့ ဒီအကြောင်းကို ကြားတော့ စိတ်တွေ ဆိုးပြီး အမေရိကားကို ထွက်သွားခဲ့တယ်။
  •                    အမေရိကန်ကို ရောက်လို့ ခြောက်လမကြာခင် အန်ဒါဆွန်ဟာ သူ့ကို အန်နာစတေးရှားဆိုပြီး အသေလေးစားနေတဲ့ တက္ကသိုလ်ဆရာသဌေးတစ်ယောက်နဲ့ မင်္ဂလာဆောင်လိုက်တယ်။ ပိုင်ချက်ကတော့လား ။ အဲဒီအချိန်မှာ အန်ဒါဆွန်က အသက် ၇၀ နားကပ်နေပြီး သူယူလိုက်တဲ့ မျိုးရိုးဗေဒပညာရှင်ဆရာ Jack Manahan က သူ့ထက် အသက် ၂၀ ကျော်ငယ်ပါသတဲ့ကွယ်။ ဖွားဖွားကို  ယူတဲ့ Jack ကလည်း ခေသူမဟုတ်။ ယူပြီးတော့ သူ့ကိုယ်သူ ဇာဘုရင်ရဲ့ သားမက် ၊ မင်းသားလောင်း ဆိုပြီး ပျော်နေသတဲ့။
    အန်ဒါဆွန်ထက် အသက် ၂၀ ကျော်ပိုငယ်တဲ့ ဂျက်ခ် ( အမှိုက်ကောက်နေပုံ )
  •                တိုတိုပြောရရင်တော့ သူတို့နှစ်ယောက်ဟာ သူတော်ချင်းချင်း သူတင်းလွေ့လွေ့ အတော်လေး ပေါင်းမိကြသတဲ့။ လူချမ်းသာရပ်ကွက်က ဂျက်ခ် ရဲ့ အိမ်ကြီးဟာ မကြာခင်မှာဘဲ ကြောင်တွေခွေးတွေနဲ့ စည်စည်ကားကား။ အိမ်ရှေ့အိမ်နောက်ခြုံတွေထ။ ခွေးစားခွက်ကြောင်စားခွက်တွေ ဟိုဟိုဒီဒီ ။ အန်ဒါဆွန်ဟာ ရှိသမျှ အမှိုက်ကို မလွှင့်ပစ်ဘဲ အိမ်မှာဘဲထားတတ်တယ်။ ဂျက်ခ်ကလည်း သူ့သဘောဘဲလေ ဆိုပြီး လွှတ်ထားတဲ့အပြင် သူ့အလိုကိုပါ လိုက်သေးတယ်။ သူတို့ နှစ်ယောက်ဟာ များသောအားဖြင့် နေ့ဘက်တွေဆို အိမ်မှာမရှိဘဲ ကားတစ်စီးနဲ့ လျှောက်သွားနေတတ်တယ်။ သူတို့ကို လုပ်ကြံမယ့်သူ( ဘုရင်စနစ်ကို မုန်းသူ ရုရှား ) တွေရှိတယ်ဆိုပြီး အဲဗားကြောက်နေတတ်ကြသတဲ့လေ။ ကားကို ကြုံတဲ့နေရာမှာ ရပ် အစားအသောက်ဝယ်ပြီး ကားထဲမှာ စားတတ်တယ်။ အဆိပ်ခတ်ခံရမှာ စိုးလို့တဲ့။ ကားတစ်စီးလုံးလည်း ရစရာမရှိအမှိုက်တွေပွ။ ကြာတော့သူတို့လင်မယားအဲလို ထူးထူးဆန်းဆန်နေပုံဟာ မြို့က လူတွေအမြင်မှာ ရိုးသွားပြီး အားလုံးက ဘေးမဲ့ပေးထားလိုက်ကြတယ်။ လိုက်လည်းလိုက်တဲ့ သူတို့နှစ်ယောက်ဟာ အဲလိုပုံနဲ့ အန်ဒါဆွန် သေသည်ထိ ၁၆ နှစ် ပေါင်းသင်းနေထိုင်သွားကြတယ်။
အသက် ၈၀ ကျော် အန်ဒါဆွန် နဲ့ သူ့ကြောင်တစ်ကောင်
  •                အန်ဒါဆွန်ဟာ သူ့ခွေးတွေကြောင်တွေကို အတော်ချစ်သတဲ့။သူ့တိရစ္ဆာန်တွေဟာ ရုရှားက သေသွားတဲ့ မင်းမျိုးတွေ ၀င်စားတာဆိုပြီး တစ်ကောင်ကောင် နေမကောင်းဖြစ်ရင် တိရစ္လာန်ဆရာဝန်ဆီမခေါ်သွားရဘူး။ မင်းမျိုးမင်းနွယ်တွေကို ဘာကြောင့်တိရစ္လာန်ကုဆရာဝန်ဆီ ခေါ်ရမှာလဲ ဆိုဘဲ။ အကောင်တစ်ကောင်သေရင် သူ့တို့အိမ်က မီးလင်းဖိုမှာ သဂြိုလ်တတ်တယ်။
                   ဒီလိုနဲ့ စိတ်ညစ်လို့ ရေထဲခုန်ချတဲ့ အရူးမလေးဟာ ကံမကုန်တော့ မသေလိုက်ဘဲ ဘုရင့်သမီးအဖြစ် ( တရားဝင်အသိအမှတ်ပြုမခံလိုက်ရသည့်တိုင် ) အသက် ၈၈ နှစ်ထိ သက်သက်သာသာနေသွားနိုင်ခဲ့တယ်။ သူပေါ်လာခဲ့တဲ့ ၁၉၂၀ ပတ်ဝန်းကျင်နှစ်များမှာ စစ်ကြောင့် ဒုက္ခရောက်သူတွေ သန်းနဲ့ချီရှိပေမယ့် သူကတော့ အေးဆေး။ ၁၉၃၀ နဲ့ ၄၀ ကြားမှာ ဖြစ်တဲ့ တကမ္ဘာလုံး အနှံ့အငတ်ဘေးကြီးမှာလည်း သူကတော့ဘာမှမဖြစ်လိုက်။ စိတ်မနှံ့တဲ့လူ၊ အလုပ်မလုပ်နိုင်တဲ့လူတစ်ယောက်အနေနဲ့သာ နေခဲ့ရမယ်ဆို ဘယ်လိုမှလွယ်မှာ မဟုတ်တဲ့ ခေတ်တွေကို သူကတော့ ကံတရားရဲ့မျက်လှည့်ကြောင့်မပင်မပန်း ဖြတ်ကျော်သွားခဲ့တယ်။ ငယ်ငယ်တုန်းက သူဖြစ်ချင်တဲ့ ရုပ်ရှင်မင်းသမီးဆိုတာလည်း တနည်းအားဖြင့် ဖြစ်ခဲ့တယ်လို့ ဆိုရမယ် မဟုတ်လား။ သူ့အတွက်တန်ပါတယ်။ မတန်တာကတော့ သူ့အမှုမှာ ပါတဲ့လူတွေရဲ့ ကိုယ်အား၊ ငွေအား၊ စိတ်အားတွေ အကြီးအကျယ် ကုန်ခဲ့ရတာပါ။ သူ့ကို အန်နာစတေးရှား မဟုတ်မှန်း သိနေတဲ့ လူတွေရဲ့ ဒေါသတွေ၊ ကိုယ်ချစ်ခင်ခဲ့ရတဲ့ သေသွားတဲ့သူရဲ့ နာမည်ကို ယူပြီးလုပ်စားခံရတဲ့ အတွက် မခံချင်စိတ်တွေဟာ အတိုင်းအဆမရှိ။ တစ်နှစ်ကိစ္စ မဟုတ်၊ နှစ်နှစ်ကိစ္စမဟုတ်ဘဲ အနှစ် ၆၀ ကျော် ၇၀ နီးပါး လုပ်စားသွားခဲ့သူ။
  • အန်ဒါဆွန်ရဲ့ ပုံရိပ်များနဲ့ သူမရဲ့ ပြာများကို မြှုပ်နှံ့ရာ...........။
  •                 သူ့ရဲ့ လံကြုပ်ဇာတ်လမ်းကို အခြေခံပြီး ရေးခဲ့ရိုက်ခဲ့တဲ့ သီချင်း၊ ရုပ်ရှင်၊ စာအုပ်တွေရဲ့ မူပိုင်ခွင့်တွေနဲ့ကောင်းစားချမ်းသာသွားသူတွေကော နည်းသလားကွယ်။ ဒါပေမယ့်  ဒီလိမ်လည်မှုမှာ ပါဝင်အားပေးခဲ့လို့ ပျက်စီးသွားရသူတွေလည်းရှိခဲ့ပါရဲ့။ အဲဒီထဲက တစ်ယောက်ကတော့ ရှေ့နေ ဖယ်လို ဆိုတဲ့သူ။ သူဟာ အန်ဒါဆွန်ကို စပေါ်လာကတည်းက မင်းသမီးအဖြစ် မြှောက်ပေးတဲ့သူတွေထဲမှာ ရှေ့ဆုံးကဘဲ။ သူက ဇာဘုရင်ဟာ သူ့သားသမီးတွေဖို့ နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်ခြံမြေအမွေတွေထားခဲ့တယ်လို့ ဆိုတယ်။  အန်ဒါဆွန်ကို မြှောက်ပေးပြီး အဲဒီပစ္စည်းတွေကို တရားရုံးကတဆင့် တောင်းခိုင်းခဲ့တယ်။ သူကဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အန်နာစတေးရှားနာမည်နဲ့ ကုမ္မဏီတစ်ခုထောင်ပြီး အဲဒီအိမ်ခြံမြေဆိုတာတွေရဲ့ ရှယ်ယာတွေကို ကြိုရောင်းခဲ့တယ်။ လောဘ...လောဘ...။ တကယ်တော့ ဇာဘုရင်မှာ မယ်မယ်ရရကျန်တာ ဘာမှ သိပ်မရှိပါဘူး။ တကယ်တမ်းထွက်လာတာက နိုင်ငံခြားဘဏ်တစ်ခုက ပိုက်ဆံနည်းနည်းလေးပါ။ အဲဒါတွေကို ဇာဘုရင်ရဲ့ ဆွေမျိုးအရင်းတွေက ခွဲယူလိုက်ကြလို့ သူ့ကတော့ တစ်ပြားမှမရလိုက်။ အိမ်ခြံမြေဆိုတာတွေလည်း ပေါ်မလာ။ သူ့မှာသာ မျှော်တော်ယောင်လုပ်ရင်း ကုမ္ပဏီက အရှုံးတွေပြ ။နောက်ဆုံးကုန်းကောက်စရာမရှိအောင် ဖြစ်ပြီး ဆင်းဆင်းရဲရဲ သေသွားခဲ့ရတယ်။
  •              ဒီဇာတ်လမ်းကြောင့် သေတဲ့အထိ စိတ်မချမ်းသာဖြစ်သွားရသူတစ်ယောက်ကတော့ ဇာဘုရင်ရဲ့ ညီမအရင်း ( အန်နာစတေးရှားရဲ့ အဒေါ် ) ဖြစ်သူ မင်းသမီး အော်ဂါ ပါဘဲ။ အော်ဂါဟာ သူ့တူ၊ တူမတွေနဲ့ အနီးကပ်နေခဲ့သူ ။ ၁၉၁၇ တော်လှန်ရေးအပြီးမှာ သူဟာ အမေဘုရင်မကြီးကို ခေါ်ပြီး နိုင်ငံခြားကို ထွက်ပြေးခဲ့ရတယ်။ သူ့မောင်၊ ယောက်မနဲ့ တူ၊တူမငါးယောက်ရဲ့ အဖြစ်ဆိုးကိုအဝေးကနေ ကြားရင်း ရင်ကျိုးခဲ့ရပြီးနောက် အန်ဒါဆွန်ရဲ့ ဇာတ်လမ်းကို ကြားကတည်း လုံးဝမယုံခဲ့ဘူး။ မယုံလို့ အန်ဒါဆွန်ကို ထောက်ခံသူများက သူ့ကို လောဘကြီးသူ၊ ဇာဘုရင့် အမွေတွေကို လက်ဝါကြီးအုပ်ချင်သူ၊ သူ့တူမအရင်းကို အသိအမှတ် မပြုချင်သူ လို့ စွပ်စွဲတာကို အတော်ခံစားလိုက်ရတယ်။ ဒါတင်ဘယ်ကဦးမလဲ.... အန်ဒါဆွန်ကို မျက်စိကွယ်နားကွယ် ထွက်သွားဖို့ ပိုက်ဆံပေးပြီး နှုတ်ပိတ်ခဲ့သူလို့ သတင်းလွှင့်ခဲ့ကြတယ်။ တကယ်တော့ အော်ဂါတို့မှာ အဲဒီလို လုပ်ဖို့ အကြောင်းမရှိသလို ပေးဖို့လည်း ဘယ်က ပိုက်ဆံရမှာတဲ့တုန်း။ သူကိုယ်တိုင်က ပြည်ပြေးအဖြစ်နဲ့ တမြေရပ်ခြားမှာ ပန်းချီဆွဲပြီး အသက်မွေးခဲ့ရသူ။ သူ့အမေ နန်းကျ ဘုရင်မကြီးဟာ သူတို့နဲ့ အမျိုးတော်တဲ့ အင်္ဂလန်ဘုရင်က ပေးသနားတဲ့ ပင်စင်ကို ရှက်ရှက်နဲ့ယူပြီး ရပ်တည်နေရသူ။
  •             မင်းသမီးအော်ဂါဟာ နောက်ဆုံးမှာ အန်ဒါဆွန်ကို မယုံပေမယ့် အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့သွားကြည့်ခဲ့တယ်။ မြင်မြင်ချင်း သူ့တူမ မဟုတ်ဘူး ဆိုတာကို တန်းသိတယ်။ စမ်းသပ်မှုတွေ အမျိုးမျိုးလည်း လုပ်ကြည့်ပါရဲ့။ သူနဲ့ သူ့တူမသာသိတဲ့ စကားဝှက်မျိုးတွေကို ပြောကြည့်တယ်။ အန်ဒါဆွန်ရဲ့ ကိုယ်ပေါ်က အမှတ်အသားတွေကို ကြည့်တယ်။ ရုရှားလိုပြောကြည့်တယ်။ သူ့တူမ ကျွမ်းကျင်တဲ့ ပြင်သစ်စကား၊ အင်္ဂလိပ်စကားနဲ့ မေးကြည့်တယ်။ အန်ဒါဆွန်ဟာ သူစမ်းသပ်တာတွေကို တစ်ခုမှ မအောင်မြင်။
                 ၁၉၆၀  အသက် ၇၆ နှစ်မှာ အော်ဂါဟာ ကနေဒါနိုင်ငံမှာ မထင်မရှား ဆုံးပါးသွားပါတယ်။ မဆုံးခင် ( ၁ ) နှစ်မှာ သူဟာ ဂျာမနီက တရားရုံးမှာ အန်ဒါဆွန်ဟာ သူ့တူမ အန်နာစတေးရှား မဟုတ်ကြောင်း နောက်ဆုံးအကြိမ် သက်သေထွက်ဆိုသွားခဲ့တယ်။
အော်ဂါနဲ့ သူ့တူမ အန်နာစတေးရှား
  •               ၇၄ နှစ်တိုင်တိုင်ရှည်ကြာခဲ့တဲ့ ရုရှား ကွန်မြူနစ်ဝါဒကြီးဟာ ၁၉၉၁ မှာ ဆုံးခန်းတိုင်ပါတယ်။ တိုင်းပြည် အရင်ထက်ပိုလွတ်လွတ်လပ်လပ်ဖြစ်လာချိန်မှာ  ဇာဘုရင်တို့ကို မြှုပ်ထားတဲ့နေရာကို တူးဖော်ရေးလုပ်တော့ လူခေါင်း ၉ ခုနဲ့ အရိုးစုတွေ ထွက်လာပါသတဲ့ကွယ်။ ကံကောင်းထောက်မစွာနဲ့ ၁၉၉၀ နှစ်များတ၀ိုက်မှာ DNA test ဆိုတာပေါ်နေပါပြီ။ ဒါကြောင့်အဲဒီ အရိုးတွေကို DNA test လုပ်ကြည့်ကြတယ်။ ထွက်တဲ့ အဖြေကို ဇာဘုရင်တို့ရဲ့ ဆွေမျိုးတစ်ယောက်ဖြစ်တဲ့ ဂျာမန်မင်းသား ဖိလစ် ( အခုလက်ရှိ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ယောက်ျား ) ရဲ့ DNA နဲ့ တိုက်ကြည့်တော့တူနေတာကို တွေ့ရတယ်တဲ့။ ဒါကြောင့်ဒီအရိုးတွေဟာ ဇာဘုရင့်မိသားစုရဲ့ အရိုးတွေဆိုတာ သေချာသွားခဲ့တာပေါ့။ ဒါပေမယ့် အသတ်ခံလိုက်တဲ့ ၁၁ ယောက်ထဲက ၉ ယောက်ရဲ့ အရိုးကိုသာ တွေ့တော့ မတွေ့တဲ့အရိုးတွေဟာ ဘယ်သူ့အရိုးတွေလဲဆိုတာ စုံစမ်းကြရပြန်ရော။ အဖြေထွက်တော့ စတုတ္ထသမီး အန်နာစတေးရှားနဲ့ သား အလက်ဆီရဲ့ အရိုးစုတွေဖြစ်နေတာမို့ အန်ဒါဆွန်ဟာ မင်းသမီးအတုဆိုတာကို ဖော်ဖို့ အထောက်အထားမရှိတဲ့ အပြင် အန်နာစတေးရှားဟာ တကယ်လွတ်သွားနိုင်တယ်ဆိုတဲ့ အတွေးကို ပိုခိုင်မာစေခဲ့တယ်။ အင်း...တော်တော်ရှည်တဲ့ဇာတ်ပါလားဟယ် ။
တူးဖော်မိသော အရိုးများကို စစ်ဆေးစဉ်
  •               ဖြစ်ချင်တော့အန်ဒါဆွန်လည်း သေတာကြာပြီ၊ သူ့အလောင်းကိုလည်း မီးသဂြိုလ်လိုက်လို့ DNA test စစ်လို့ မရတော့ပါ ။ ကံအားလျော်စွာ ၁၉၉၄ မှာမှ အန်ဒါဆွန်ရဲ့ ဆံပင်မျှင်တွေကို သူ့နေခဲ့တဲ့ အိမ်က စာအုပ်ကြိုစာအုပ်ကြားက ရှာတွေ့ခဲ့ကြတယ်။ ပြီးတော့ အန်ဒါဆွန်မသေခင်က အူရောင်လို့ ခွဲရစဉ်က ခွဲထုတ်လိုက်တဲ့ အူကို အမေရိကန်ဆေးရုံက သိမ်းထားခဲ့တယ်။ အဲဒါတွေကို DNA test လုပ်တော့ ဇာဘုရင်မိသားစုနဲ့ လားလားမှ မတူပါတကား။ ဘယ်သူနဲ့ သွားတူနေလဲဆိုတော့ ပိုလန်သူ ဖရန်ဇီစကာမိသားစုက အစ်ကို လုပ်သူရဲ့ DNA နဲ့ သွားတူနေပါသတဲ့ကွယ်။ အဲဒီ test တွေကို ရုရှား၊ အမေရိကန်၊ ဗြိတိန် သုံးနိုင်ငံက သိပ္ပံပညာရှင်တွေက လုပ်တာဖြစ်တယ်။ 
  •                 ၁၉၉၈ မှာ ရုရှားအစိုးရဟာ အဲဒီအရိုးတွေကို စိန့်ပီတာစဘတ် St.Petersburg မြို့က ရိုမန်နော့ဗ် မင်းမျိုးတွေကို မြှုပ်ရာ ဘုရားကျောင်းကြီထဲမှာ အခမ်းအနားနဲ့ မြှုပ်ပေးခဲ့တယ်။ ဇာဘုရင်တို့မိသားစု အသတ်ခံရတာက ၁၉၁၈ မှာ ။ သူတို့အရိုးတွေနဲ့အသုဘအခမ်းအနားကို လုပ်တာ ၁၉၉၈ မှဆိုတော့ ကြားထဲမှာ အနှစ် ၈၀ တိတိ ကြာခဲ့တယ်။ မြန်မာလိုဆို သရဏဂုံမတင်ဘဲ ကြာခဲ့တဲ့ အချိန်ဆိုပါတော့။
အခမ်းအနားကို နိုင်ငံပေါင်း ၅၀ ကျော်မှ ဇာဘုရင့်အမျိုး မင်းမျိုးမင်းနွယ်များနဲ့ သံတမန်များ တက်ရောက်ခဲ့......။
  •               အန်ဒါဆွန်ဟာ လူလိမ်ဆိုတာ အဲဒီမှာတင် ရှင်းသွားပါတယ်။  မင်းသမီးအစစ် အန်နာစတေးရှား လွတ်သွားနိုင်သလားဆိုတဲ့ သို့လော သို့လောကတော့ ၂၀၀၇ ကျမှ ရှင်းတော့တယ်။ ကျန်တဲ့ အရိုးတွေကို အရင်အရိုးစုတွေတွေ့တဲ့ နေရာနဲ့ ပေ ၂၀၀ လောက်အကွာမှာ သွားတူးဖော်မိလို့ပါဘဲ။  တိုတိုပြောရရင်တော့ နောက်ဆုံး DNA test တွေ အပြီးမှာ ဇာဘုရင်တစ်မိသားစုလုံး တစ်နေ့တည်းမှာ သေပါတယ်ဆိုတာကို အတည်ပြုလိုက်နိုင်ပါတယ်။ နောက်ဆုံးတော့ နိကိုးလပ်စ်တို့ မိသားစုအားလုံးရဲ့ အရိုးတွေဟာ  ဇာဘုရင်အဆက်ဆက်ကို မြုပ်နှံရာဖြစ်တဲ့ Peter and Paul Fortress လို့ အမည်ရတဲ့ ဘုရာကျောင်းကြီးထဲမှာ အိပ်စက်အနားယူသွားခဲ့..............။
  •                    နိဂုံးချုပ်မှာ နည်းနည်းလေး လျှာရှည်ခွင့်ပြုပါ။ ဒီအရိုးတွေကို ဘုရားကျောင်းကြီးထဲမှာ အခမ်းအနားနဲ့ ဂူသွင်းပေးတဲ့ကိစ္စဟာ ရုရှားလူမျိုးတွေကြားထဲမှာ စိတ်ဝမ်းကွဲစရာ အငြင်းပွားစရာ ဖြစ်ခဲ့ရတယ်။ တစ်ချို့သောသူတွေက ဘုရင်စနစ်ဟာ အာဏာရှင်စနစ် ။  နိကိုးလပ်စ်တို့ဟာ ဆင်းရဲသားတွေရဲ့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ်လို့ရတဲ့ ပိုက်ဆံ တိုင်းပြည်ဘဏ္ဍာနဲ့ စည်းစိမ်ယစ်နေခဲ့သူတွေ၊ ပြည်သူကို ပြန်မကြည့်လို့ အငတ်ဘေးကြောင့် ဆင်းရဲမှုကြောင့် သေရသူတွေ မရေတွက်နိုင်အောင်ဘဲလို့ ဆိုပါတယ်။ သူ့ဟာနဲ့သူကတော့ မမှားပါဘူးလေ ။ အရင်ရေးခဲ့ဖူးတဲ့ ကြက်ဥများက ပြောသောသမိုင်းမှာလည်း ပါပါတယ်။ ဘုရင်က ဘုရင်မကို နှစ်တိုင်းပေးတဲ့ ဖာဘယ်ဂျေးကြက်ဥတစ်လုံးရဲ့ တန်ဖိုးတင် နည်းတာမှမဟုတ်တာနော်။ မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးသူတွေအဖို့ ဆင်းရဲသားတွေ စားရတဲ့ ပေါင်မုန့်တစ်ပိုင်းရဲ့ တန်ဖိုးဆိုတာ ဘယ်တွေးတတ်ပါ့မလဲ။ နိကိုးလပ်စ်ဟာ အစကတည်းက အုပ်ချုပ်ရေးဝါသနာမပါဘဲ အဖေဘုရင်မို့လို့သာ သူလည်း ဘုရင်လုပ်ခဲ့ရတာ။ စက်မှုထွန်းကားရေးတွေကို ဇွတ်လုပ်ပေမယ့် အဲဒီလုပ်ငန်းတွေမှာ တကယ်လုပ်ခဲ့ရတဲ့ ဆင်းရဲသားပြည်သူ သန်းပေါင်းများစွာရဲ့ တိုးတက်ရေးကို လျစ်လျူရှုခဲ့တယ်။ ပညာတတ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်း၊ ပျော့ညံပြီး နိုင်ငံရေး ဥာဏ်ပညာမရှိခဲ့ဘူး။ တိုတိုပြောရရင်တော့ ပြည်သူတွေ တော်လှန်ခဲ့တာဟာ ဘုရင်အုပ်ချုပ်မှုညံ့ဖျင်းလွန်းလို့၊ ဆင်းရဲလွန်းလို့ပါ ။ အထူးသဖြင့် ရုရှားကွန်မြူနစ်လက်ဟောင်းတွေက ဇာဘုရင်သေရတာဟာ သူတို့လုပ်ခဲ့တဲ့ ကံတရားကို သူတို့ ပြန်ခံစားရတာဖြစ်လို့ ဘာမှ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားလုပ်ပေးနေစရာမလိုဘူး လို့ ဆိုကြတယ်။
  •                      တစ်ချို့သော ရုရှားတွေကျပြန်တော့လည်း နိကိုးလပ်စ်တို့ဟာ ရုရှားဘုရင်စနစ်မှာ နောက်ဆုံးဖြစ်တယ်။ သူတို့ကို သတ်ပစ်တာဟာ ရုရှားသမိုင်းမှာ ရှက်ဖွယ်ကိစ္စတစ်ခုဖြစ်တယ်။ ဒါတွေကို အဖတ်ပြန်ဆယ်ဖို့အခမ်းအနားနဲ့ သဂြိုလ်သင့်တယ်လို့ဆိုပါသတဲ့........။
  •                     ဒီကြားထဲမှာတစ်ခါ နောက်ထပ် အငြင်းပွားစရာတစ်ခု ထပ်ထွက်လာပြန်တယ်။  ရုရှား Orthodox ခရစ်ယာန်ဂိုဏ်းအုပ်က နိကိုးလပ်စ်တို့ မိသားစုကို သူတော်စင် Saint တွေ အဖြစ် သတ်မှတ်ပေးချင်သတဲ့။ ( Saint မှာမှ အမြင့်ဆုံး အာဇာနည် Martyr အဖြစ်သတ်မှတ်ပေးချင်တာ။ အာဇာနည်ဆိုတာ များသောအားဖြင့် ယေရှုကဲ့သို့ ယုံကြည်မှုအတွက် အသက်ပေးရဲသူများကို ဆိုလိုတယ်။ ) ဒါပေမယ့်ဒီအရိုးတွေဟာ နိကိုးလပ်စ်တို့ရဲ့ အရိုးအစစ်ဆိုတာ မယုံတဲ့ အတွက် သဂြိုလ်တဲ့ အခမ်းအနားကို ကမကထ မလုပ်ပေးနိုင်ဘူးလို့ ငြင်းပါတယ်။ ဒါကြောင့် အခမ်းအနားမှာ ဂိုဏ်းအုပ်ကိုယ်တိုင် မတက်ရောက်ဘဲ ၀ါနုတဲ့ ဘုန်းကြီးတွေဘဲ ကြွရောက်လာပါတယ်။  သမ္မတ ဘောရစ် ယဲ့ဆင် Boris Yeltsin က ဂိုဏ်းအုပ်ရဲ့ သဘောကို လေးစားတဲ့ အနေနဲ့ အစပိုင်းမှာ သူလည်း အခမ်းအနားကို မတက်ရောက်ဘူးလို့ ကြေငြာခဲ့တယ်။ တကယ်လုပ်တော့မှ ပေါက်ချလာပါတယ်။ သူဘဲ အညိုးညိုးကွာ ။ ဒီလို သမိုင်းဝင် အခမ်းအနားကို မလာဘဲ နေလို့ မဖြစ်ဘူးလို့ ဆိုတယ်။
  •          အဲသလိုနဲ့ တိုင်ပတ် အငြင်းပွားတာတွေ နင်းကန်ဖြစ်ပြီးနောက် ၂၀၀၀ ခုနှစ်မှာ ဂိုဏ်းအုပ်ကိုယ်တိုင် နိကိုးလပ်စ်တို့ မိသားစုကို passion bearers အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ passion bearer ဆိုတာ သေခြင်းတရားကို ခရစ်တော်ကဲ့သို့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်သူများ လို့ အဓိပ္ပါယ်ရတယ်။ အာဇာနည်အဆင့်ထက် နိမ့်ပါတယ်။ အစက အာဇာနည်တွေအဖြစ် သတ်မှတ်ပေးချင်ပေမယ့် များစွာသောရုရှားတွေက '' နိကိုးလပ်စ်တို့ကို အာဇာနည်အဖြစ်သတ်မှတ်ရလောက်အောင် မထိုက်တန်ဘူး ''  လို့ ဆန့်ကျင်ကြလို့ တဆင့်လျော့ပေးလိုက်တာ ဖြစ်တယ်။
 Passion bearers နိကိုးလပ်စ်တို့မိသားစုပုံ
  •                     ကဲ...ဒါပါဘဲကွယ်။ ဒီအကြောင်းကို ရေးရတာ တော်တော်လေး ဦးနှောက်စားပါတယ်။ ချဲ့ကားပြီး ရေးထားတဲ့ source တွေ link တွေ အတော်တွေ့ခဲ့တယ်။ You tube မှာလည်း တော်တော် တွေ့ပါတယ်။ You tube မှာတင်ထားတာ တစ်ချို့က မယုံရဘူးဆိုတာ ဒီအကြောင်းရေးမှ ပိုသိ။ ဘာကြောင့်လည်းဆိုတော့ အရိုးစုတွေကို  မတွေ့ခင် ၊ DNA test မလုပ်ခင် ရိုက်ထားခဲ့တဲ့ documentary တွေလည်း တွေ့လို့။ up to date မဖြစ်ဘဲ အန်ဒါဆွန်နဲ့ အန်နာစတေးရှားဟာ အတူတူ ဆိုတဲ့ ပုံမျိုးပေါက်အောင် ပြောထား ရေးထားတာတွေကိုလည်း တွေ့ခဲ့တယ်။
                   ဒီစာကို
Anna Anderson Exposed
Busting the myth of the most infamous royal imposter
http://www.freewebs.com/anna-anderson/index.htm  ဆိုတဲ့ site ကို အခြေပြုပြီး ဆီလျော်အောင် ဘာသာပြန်ထားတယ်။ အတော်ပြည့်စုံပြီး ဘက်မလိုက်ရေးထားတယ်လို့ ထင်လို့ပါ။ အခုဘာသာပြန်ရာမှာတော့ အများကြီး ချုံ့ထားပါတယ်။ ဇာတ်လမ်းတစ်ခုလုံးရယ် ၊ ကြိုးကြောင်းဆီလျော်တဲ့ သုံးသပ်ချက်များအပြင်  DNA သဘောတရားများ၊ ဇာဘုရင့်မိသားစုအရိုးတွေကို DNA စစ်တော့ ထွက်တဲ့ အဖြေများ ကို အဲဒီ link မှာ အသေးစိတ်ပြထားတာရှိတယ်။ ထပ်သိချင်ရင် အဲဒီမှာ သွား ကြည့်ကြပါကုန် ။
ဒီ link အပြင်
http://news.bbc.co.uk/2/hi/133725.stm
http://www.alexanderpalace.org/palace/AlexPalaceNRbio.html
http://www.pbs.org/newshour/bb/europe/july-dec98/romanov_7-17a.html
http://en.wikipedia.org/wiki/Canonization_of_the_Romanovs
http://en.wikipedia.org/wiki/Nicholas_II_of_Russia များကိုလည်း ref  အဖြစ်ယူထားပါသည်။