This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 5, 2012

အယောင်ဆောင် ဘုရင့်သမီး ( ၂ )



by Spring Flowers on Thursday, May 3, 2012 at 5:20am

  •                        ၁၉၃၈ မှာ အန်ဒါဆွန်နဲ့ သူ့လူတွေဟာ ဇာဘုရင်ရဲ့ အမွေတွေကို ဂျာမန်တရားရုံးကနေ တောင်းဆိုတယ်။တရားရုံးကလည်း အန်ဒါဆွန်ဟာ မင်းသမီး အန်နာစတေးရှား ဖြစ်ကြောင်း သက်သေအထောက်အထားပြဖို့ ပြန်တောင်းဆိုပါတယ်။ သူ့အမှုဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ချိန်ကို ဖြတ်သန်းရတာရယ်၊ ဇာဘုရင်မိသားစုရဲ့ နိုင်ငံခြားက အမျိုး မင်းမျိုးမင်းနွယ်တွေကို သက်သေအဖြစ် ခေါ်ရတာရယ် စတာတွေကြောင့်ကြန့်ကြာပြီး ဂျာမနီရဲ့ တရားစီရင်ရေးသမိုင်းမှာ အရှည်ဆုံး အမှုတစ်ခု ဖြစ်ခဲ့တယ်။ ပါဝင်ရတဲ့ သူတွေမှာလည်း စရိတ်စက ကုန်လိုက်တာ သောက်သောက်လဲ။ ( ၁၉၃၈ ) က စလိုက်တဲ့ အမှုဟာ (၁၉၇၀ ) မှာမှ ပြီးတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ ကိုယ့်လူရေ။ ( ၃၂ ) နှစ်တိတိ ကြာပြီး စီရင်ချက်ချတော့ အန်ဒါဆွန်ဟာ အန်နာစတေးရှားလို့ဆိုနိုင်တဲ့ သက်သေမခိုင်လုံလို့ တရားရုံးအနေနဲ့ ဟုတ်၏ မဟုတ်၏ မဆုံးဖြတ်နိုင်ပါဘူး   neither established nor refuted   တဲ့။ တကယ်တမ်းတော့ အန်ဒါဆွန်ရှုံးတာပါ။ သူက အသိအမှတ်ပြုခံချင်သူလေ။ သို့သော် တရားရုံးက မထောက်ခံပေမယ့် သူကတော့ ထောက်ခံယုံကြည်သူတွေဝန်းရံပြီး  ပန်းပန်လျှက်..............။
                                ***********************************************
  •               ၁၉၈၄ အသက် ၈၈ နှစ် အရွယ်မှာ အန်ဒါဆွန်ဟာ အမေရိကန်နိုင်ငံမှာ ကွယ်လွန်ခဲ့တယ်။ သူ့ကို လူအများသတိစထားမိတဲ့ ၁၉၂၀ က သေသည်အထိ အန်နာစတေးရှား ဆိုတဲ့ နာမည်ကြောင့် ( ဟုတ်သည်ရှိ မဟုတ်သည်ရှိ ) စောင့်ရှောက်ကြည့်ရှုမယ့်သူ မပြတ်ခဲ့ပါ။ သူကလည်း သေသည်အထိလည်း သူ့ကိုယ်သူ ဘုရင့်သမီးဆိုတာကနေ တစ်ပြားမှ မလျှော့။ ယုံတဲ့လူတွေကလည်း ယုံနေတာကိုး။ အမေရိကန်ကို မပြောင်းခင်က သူဟာ ဂျာမနီက နယ်မြို့လေးတစ်မြို့မှာ ဂျာမန်မင်းသားတစ်ပါး ပေးသနားတဲ့ အိမ်အို အိမ်ဟောင်းတစ်လုံးမှာ တစ်ကိုယ်တည်း အနှစ်  ( ၂၀ ) ကျော် နေခဲ့တယ်။ တစ်ခါတစ်လေလာလည်တဲ့ ရုရှားနန်းတွင်းသူနန်းတွင်းသားဟောင်းတွေကို လက်ခံတွေ့တာကလွဲလို့ အပြင်လူတွေနဲ့ သိပ်မရောခဲ့ဘူး တဲ့။ သူ့ကို ဇာဘုရင်မျိုးဆက်ဆိုပြီး အိမ်ရှေ့က တ၀ဲလည်လည် လာကြည့်တဲ့ တိုးရစ်စ်တွေတောင် ရှိသတဲ့။ သူတို့တွေဟာ အန်ဒါဆွန်နေပုံထိုင်ပုံကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ဖြစ်သွားတတ်ကြတယ်။  ဘာကြောင့်လည်းဆိုတော့ အန်ဒါဆွန်ရဲ့အိမ်မှာ ကြောင်အကောင် ၆၀ ကျော်နဲ့ ခွေးတွေ တစ်အုပ်ကြီး မွေးထားတယ်။  တစ်ဝင်းလုံး ခွေးစာ ကြောင်စာတွေနဲ့ အမှိုက်တွေကြားမှာ အနံ့အသက် ဆိုးရွားလွန်းလို့ အိမ်နီးချင်းတွေကတောင် သက်ဆိုင်ရာကို တိုင်ရတဲ့အထိ ညစ်ပတ်သတဲ့။
                   တစ်ခါမှာတော့ သူနေမကောင်းလို့ ဆေးရုံတက်နေခိုက် ဂျာမန်မင်းသားဟာ သူ့တစ်အိမ်လုံးကို သန့်ရှင်းရေး လုပ်ခိုင်းလိုက်တယ်။ သူ့ခွေးတွေကြောင်တွေကိုတော့ တစ်ကောင် တစ်မြီးမျှမကျန်အောင် သတ်ခိုင်းလိုက်ပါတော့တယ်။ အန်ဒါဆွန်ဟာ ဆေးရုံက ဆင်းလို့ ဒီအကြောင်းကို ကြားတော့ စိတ်တွေ ဆိုးပြီး အမေရိကားကို ထွက်သွားခဲ့တယ်။
  •                    အမေရိကန်ကို ရောက်လို့ ခြောက်လမကြာခင် အန်ဒါဆွန်ဟာ သူ့ကို အန်နာစတေးရှားဆိုပြီး အသေလေးစားနေတဲ့ တက္ကသိုလ်ဆရာသဌေးတစ်ယောက်နဲ့ မင်္ဂလာဆောင်လိုက်တယ်။ ပိုင်ချက်ကတော့လား ။ အဲဒီအချိန်မှာ အန်ဒါဆွန်က အသက် ၇၀ နားကပ်နေပြီး သူယူလိုက်တဲ့ မျိုးရိုးဗေဒပညာရှင်ဆရာ Jack Manahan က သူ့ထက် အသက် ၂၀ ကျော်ငယ်ပါသတဲ့ကွယ်။ ဖွားဖွားကို  ယူတဲ့ Jack ကလည်း ခေသူမဟုတ်။ ယူပြီးတော့ သူ့ကိုယ်သူ ဇာဘုရင်ရဲ့ သားမက် ၊ မင်းသားလောင်း ဆိုပြီး ပျော်နေသတဲ့။
    အန်ဒါဆွန်ထက် အသက် ၂၀ ကျော်ပိုငယ်တဲ့ ဂျက်ခ် ( အမှိုက်ကောက်နေပုံ )
  •                တိုတိုပြောရရင်တော့ သူတို့နှစ်ယောက်ဟာ သူတော်ချင်းချင်း သူတင်းလွေ့လွေ့ အတော်လေး ပေါင်းမိကြသတဲ့။ လူချမ်းသာရပ်ကွက်က ဂျက်ခ် ရဲ့ အိမ်ကြီးဟာ မကြာခင်မှာဘဲ ကြောင်တွေခွေးတွေနဲ့ စည်စည်ကားကား။ အိမ်ရှေ့အိမ်နောက်ခြုံတွေထ။ ခွေးစားခွက်ကြောင်စားခွက်တွေ ဟိုဟိုဒီဒီ ။ အန်ဒါဆွန်ဟာ ရှိသမျှ အမှိုက်ကို မလွှင့်ပစ်ဘဲ အိမ်မှာဘဲထားတတ်တယ်။ ဂျက်ခ်ကလည်း သူ့သဘောဘဲလေ ဆိုပြီး လွှတ်ထားတဲ့အပြင် သူ့အလိုကိုပါ လိုက်သေးတယ်။ သူတို့ နှစ်ယောက်ဟာ များသောအားဖြင့် နေ့ဘက်တွေဆို အိမ်မှာမရှိဘဲ ကားတစ်စီးနဲ့ လျှောက်သွားနေတတ်တယ်။ သူတို့ကို လုပ်ကြံမယ့်သူ( ဘုရင်စနစ်ကို မုန်းသူ ရုရှား ) တွေရှိတယ်ဆိုပြီး အဲဗားကြောက်နေတတ်ကြသတဲ့လေ။ ကားကို ကြုံတဲ့နေရာမှာ ရပ် အစားအသောက်ဝယ်ပြီး ကားထဲမှာ စားတတ်တယ်။ အဆိပ်ခတ်ခံရမှာ စိုးလို့တဲ့။ ကားတစ်စီးလုံးလည်း ရစရာမရှိအမှိုက်တွေပွ။ ကြာတော့သူတို့လင်မယားအဲလို ထူးထူးဆန်းဆန်နေပုံဟာ မြို့က လူတွေအမြင်မှာ ရိုးသွားပြီး အားလုံးက ဘေးမဲ့ပေးထားလိုက်ကြတယ်။ လိုက်လည်းလိုက်တဲ့ သူတို့နှစ်ယောက်ဟာ အဲလိုပုံနဲ့ အန်ဒါဆွန် သေသည်ထိ ၁၆ နှစ် ပေါင်းသင်းနေထိုင်သွားကြတယ်။
အသက် ၈၀ ကျော် အန်ဒါဆွန် နဲ့ သူ့ကြောင်တစ်ကောင်
  •                အန်ဒါဆွန်ဟာ သူ့ခွေးတွေကြောင်တွေကို အတော်ချစ်သတဲ့။သူ့တိရစ္ဆာန်တွေဟာ ရုရှားက သေသွားတဲ့ မင်းမျိုးတွေ ၀င်စားတာဆိုပြီး တစ်ကောင်ကောင် နေမကောင်းဖြစ်ရင် တိရစ္လာန်ဆရာဝန်ဆီမခေါ်သွားရဘူး။ မင်းမျိုးမင်းနွယ်တွေကို ဘာကြောင့်တိရစ္လာန်ကုဆရာဝန်ဆီ ခေါ်ရမှာလဲ ဆိုဘဲ။ အကောင်တစ်ကောင်သေရင် သူ့တို့အိမ်က မီးလင်းဖိုမှာ သဂြိုလ်တတ်တယ်။
                   ဒီလိုနဲ့ စိတ်ညစ်လို့ ရေထဲခုန်ချတဲ့ အရူးမလေးဟာ ကံမကုန်တော့ မသေလိုက်ဘဲ ဘုရင့်သမီးအဖြစ် ( တရားဝင်အသိအမှတ်ပြုမခံလိုက်ရသည့်တိုင် ) အသက် ၈၈ နှစ်ထိ သက်သက်သာသာနေသွားနိုင်ခဲ့တယ်။ သူပေါ်လာခဲ့တဲ့ ၁၉၂၀ ပတ်ဝန်းကျင်နှစ်များမှာ စစ်ကြောင့် ဒုက္ခရောက်သူတွေ သန်းနဲ့ချီရှိပေမယ့် သူကတော့ အေးဆေး။ ၁၉၃၀ နဲ့ ၄၀ ကြားမှာ ဖြစ်တဲ့ တကမ္ဘာလုံး အနှံ့အငတ်ဘေးကြီးမှာလည်း သူကတော့ဘာမှမဖြစ်လိုက်။ စိတ်မနှံ့တဲ့လူ၊ အလုပ်မလုပ်နိုင်တဲ့လူတစ်ယောက်အနေနဲ့သာ နေခဲ့ရမယ်ဆို ဘယ်လိုမှလွယ်မှာ မဟုတ်တဲ့ ခေတ်တွေကို သူကတော့ ကံတရားရဲ့မျက်လှည့်ကြောင့်မပင်မပန်း ဖြတ်ကျော်သွားခဲ့တယ်။ ငယ်ငယ်တုန်းက သူဖြစ်ချင်တဲ့ ရုပ်ရှင်မင်းသမီးဆိုတာလည်း တနည်းအားဖြင့် ဖြစ်ခဲ့တယ်လို့ ဆိုရမယ် မဟုတ်လား။ သူ့အတွက်တန်ပါတယ်။ မတန်တာကတော့ သူ့အမှုမှာ ပါတဲ့လူတွေရဲ့ ကိုယ်အား၊ ငွေအား၊ စိတ်အားတွေ အကြီးအကျယ် ကုန်ခဲ့ရတာပါ။ သူ့ကို အန်နာစတေးရှား မဟုတ်မှန်း သိနေတဲ့ လူတွေရဲ့ ဒေါသတွေ၊ ကိုယ်ချစ်ခင်ခဲ့ရတဲ့ သေသွားတဲ့သူရဲ့ နာမည်ကို ယူပြီးလုပ်စားခံရတဲ့ အတွက် မခံချင်စိတ်တွေဟာ အတိုင်းအဆမရှိ။ တစ်နှစ်ကိစ္စ မဟုတ်၊ နှစ်နှစ်ကိစ္စမဟုတ်ဘဲ အနှစ် ၆၀ ကျော် ၇၀ နီးပါး လုပ်စားသွားခဲ့သူ။
  • အန်ဒါဆွန်ရဲ့ ပုံရိပ်များနဲ့ သူမရဲ့ ပြာများကို မြှုပ်နှံ့ရာ...........။
  •                 သူ့ရဲ့ လံကြုပ်ဇာတ်လမ်းကို အခြေခံပြီး ရေးခဲ့ရိုက်ခဲ့တဲ့ သီချင်း၊ ရုပ်ရှင်၊ စာအုပ်တွေရဲ့ မူပိုင်ခွင့်တွေနဲ့ကောင်းစားချမ်းသာသွားသူတွေကော နည်းသလားကွယ်။ ဒါပေမယ့်  ဒီလိမ်လည်မှုမှာ ပါဝင်အားပေးခဲ့လို့ ပျက်စီးသွားရသူတွေလည်းရှိခဲ့ပါရဲ့။ အဲဒီထဲက တစ်ယောက်ကတော့ ရှေ့နေ ဖယ်လို ဆိုတဲ့သူ။ သူဟာ အန်ဒါဆွန်ကို စပေါ်လာကတည်းက မင်းသမီးအဖြစ် မြှောက်ပေးတဲ့သူတွေထဲမှာ ရှေ့ဆုံးကဘဲ။ သူက ဇာဘုရင်ဟာ သူ့သားသမီးတွေဖို့ နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်ခြံမြေအမွေတွေထားခဲ့တယ်လို့ ဆိုတယ်။  အန်ဒါဆွန်ကို မြှောက်ပေးပြီး အဲဒီပစ္စည်းတွေကို တရားရုံးကတဆင့် တောင်းခိုင်းခဲ့တယ်။ သူကဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အန်နာစတေးရှားနာမည်နဲ့ ကုမ္မဏီတစ်ခုထောင်ပြီး အဲဒီအိမ်ခြံမြေဆိုတာတွေရဲ့ ရှယ်ယာတွေကို ကြိုရောင်းခဲ့တယ်။ လောဘ...လောဘ...။ တကယ်တော့ ဇာဘုရင်မှာ မယ်မယ်ရရကျန်တာ ဘာမှ သိပ်မရှိပါဘူး။ တကယ်တမ်းထွက်လာတာက နိုင်ငံခြားဘဏ်တစ်ခုက ပိုက်ဆံနည်းနည်းလေးပါ။ အဲဒါတွေကို ဇာဘုရင်ရဲ့ ဆွေမျိုးအရင်းတွေက ခွဲယူလိုက်ကြလို့ သူ့ကတော့ တစ်ပြားမှမရလိုက်။ အိမ်ခြံမြေဆိုတာတွေလည်း ပေါ်မလာ။ သူ့မှာသာ မျှော်တော်ယောင်လုပ်ရင်း ကုမ္ပဏီက အရှုံးတွေပြ ။နောက်ဆုံးကုန်းကောက်စရာမရှိအောင် ဖြစ်ပြီး ဆင်းဆင်းရဲရဲ သေသွားခဲ့ရတယ်။
  •              ဒီဇာတ်လမ်းကြောင့် သေတဲ့အထိ စိတ်မချမ်းသာဖြစ်သွားရသူတစ်ယောက်ကတော့ ဇာဘုရင်ရဲ့ ညီမအရင်း ( အန်နာစတေးရှားရဲ့ အဒေါ် ) ဖြစ်သူ မင်းသမီး အော်ဂါ ပါဘဲ။ အော်ဂါဟာ သူ့တူ၊ တူမတွေနဲ့ အနီးကပ်နေခဲ့သူ ။ ၁၉၁၇ တော်လှန်ရေးအပြီးမှာ သူဟာ အမေဘုရင်မကြီးကို ခေါ်ပြီး နိုင်ငံခြားကို ထွက်ပြေးခဲ့ရတယ်။ သူ့မောင်၊ ယောက်မနဲ့ တူ၊တူမငါးယောက်ရဲ့ အဖြစ်ဆိုးကိုအဝေးကနေ ကြားရင်း ရင်ကျိုးခဲ့ရပြီးနောက် အန်ဒါဆွန်ရဲ့ ဇာတ်လမ်းကို ကြားကတည်း လုံးဝမယုံခဲ့ဘူး။ မယုံလို့ အန်ဒါဆွန်ကို ထောက်ခံသူများက သူ့ကို လောဘကြီးသူ၊ ဇာဘုရင့် အမွေတွေကို လက်ဝါကြီးအုပ်ချင်သူ၊ သူ့တူမအရင်းကို အသိအမှတ် မပြုချင်သူ လို့ စွပ်စွဲတာကို အတော်ခံစားလိုက်ရတယ်။ ဒါတင်ဘယ်ကဦးမလဲ.... အန်ဒါဆွန်ကို မျက်စိကွယ်နားကွယ် ထွက်သွားဖို့ ပိုက်ဆံပေးပြီး နှုတ်ပိတ်ခဲ့သူလို့ သတင်းလွှင့်ခဲ့ကြတယ်။ တကယ်တော့ အော်ဂါတို့မှာ အဲဒီလို လုပ်ဖို့ အကြောင်းမရှိသလို ပေးဖို့လည်း ဘယ်က ပိုက်ဆံရမှာတဲ့တုန်း။ သူကိုယ်တိုင်က ပြည်ပြေးအဖြစ်နဲ့ တမြေရပ်ခြားမှာ ပန်းချီဆွဲပြီး အသက်မွေးခဲ့ရသူ။ သူ့အမေ နန်းကျ ဘုရင်မကြီးဟာ သူတို့နဲ့ အမျိုးတော်တဲ့ အင်္ဂလန်ဘုရင်က ပေးသနားတဲ့ ပင်စင်ကို ရှက်ရှက်နဲ့ယူပြီး ရပ်တည်နေရသူ။
  •             မင်းသမီးအော်ဂါဟာ နောက်ဆုံးမှာ အန်ဒါဆွန်ကို မယုံပေမယ့် အခွင့်အရေးတစ်ခုပေးတဲ့အနေနဲ့သွားကြည့်ခဲ့တယ်။ မြင်မြင်ချင်း သူ့တူမ မဟုတ်ဘူး ဆိုတာကို တန်းသိတယ်။ စမ်းသပ်မှုတွေ အမျိုးမျိုးလည်း လုပ်ကြည့်ပါရဲ့။ သူနဲ့ သူ့တူမသာသိတဲ့ စကားဝှက်မျိုးတွေကို ပြောကြည့်တယ်။ အန်ဒါဆွန်ရဲ့ ကိုယ်ပေါ်က အမှတ်အသားတွေကို ကြည့်တယ်။ ရုရှားလိုပြောကြည့်တယ်။ သူ့တူမ ကျွမ်းကျင်တဲ့ ပြင်သစ်စကား၊ အင်္ဂလိပ်စကားနဲ့ မေးကြည့်တယ်။ အန်ဒါဆွန်ဟာ သူစမ်းသပ်တာတွေကို တစ်ခုမှ မအောင်မြင်။
                 ၁၉၆၀  အသက် ၇၆ နှစ်မှာ အော်ဂါဟာ ကနေဒါနိုင်ငံမှာ မထင်မရှား ဆုံးပါးသွားပါတယ်။ မဆုံးခင် ( ၁ ) နှစ်မှာ သူဟာ ဂျာမနီက တရားရုံးမှာ အန်ဒါဆွန်ဟာ သူ့တူမ အန်နာစတေးရှား မဟုတ်ကြောင်း နောက်ဆုံးအကြိမ် သက်သေထွက်ဆိုသွားခဲ့တယ်။
အော်ဂါနဲ့ သူ့တူမ အန်နာစတေးရှား
  •               ၇၄ နှစ်တိုင်တိုင်ရှည်ကြာခဲ့တဲ့ ရုရှား ကွန်မြူနစ်ဝါဒကြီးဟာ ၁၉၉၁ မှာ ဆုံးခန်းတိုင်ပါတယ်။ တိုင်းပြည် အရင်ထက်ပိုလွတ်လွတ်လပ်လပ်ဖြစ်လာချိန်မှာ  ဇာဘုရင်တို့ကို မြှုပ်ထားတဲ့နေရာကို တူးဖော်ရေးလုပ်တော့ လူခေါင်း ၉ ခုနဲ့ အရိုးစုတွေ ထွက်လာပါသတဲ့ကွယ်။ ကံကောင်းထောက်မစွာနဲ့ ၁၉၉၀ နှစ်များတ၀ိုက်မှာ DNA test ဆိုတာပေါ်နေပါပြီ။ ဒါကြောင့်အဲဒီ အရိုးတွေကို DNA test လုပ်ကြည့်ကြတယ်။ ထွက်တဲ့ အဖြေကို ဇာဘုရင်တို့ရဲ့ ဆွေမျိုးတစ်ယောက်ဖြစ်တဲ့ ဂျာမန်မင်းသား ဖိလစ် ( အခုလက်ရှိ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ ယောက်ျား ) ရဲ့ DNA နဲ့ တိုက်ကြည့်တော့တူနေတာကို တွေ့ရတယ်တဲ့။ ဒါကြောင့်ဒီအရိုးတွေဟာ ဇာဘုရင့်မိသားစုရဲ့ အရိုးတွေဆိုတာ သေချာသွားခဲ့တာပေါ့။ ဒါပေမယ့် အသတ်ခံလိုက်တဲ့ ၁၁ ယောက်ထဲက ၉ ယောက်ရဲ့ အရိုးကိုသာ တွေ့တော့ မတွေ့တဲ့အရိုးတွေဟာ ဘယ်သူ့အရိုးတွေလဲဆိုတာ စုံစမ်းကြရပြန်ရော။ အဖြေထွက်တော့ စတုတ္ထသမီး အန်နာစတေးရှားနဲ့ သား အလက်ဆီရဲ့ အရိုးစုတွေဖြစ်နေတာမို့ အန်ဒါဆွန်ဟာ မင်းသမီးအတုဆိုတာကို ဖော်ဖို့ အထောက်အထားမရှိတဲ့ အပြင် အန်နာစတေးရှားဟာ တကယ်လွတ်သွားနိုင်တယ်ဆိုတဲ့ အတွေးကို ပိုခိုင်မာစေခဲ့တယ်။ အင်း...တော်တော်ရှည်တဲ့ဇာတ်ပါလားဟယ် ။
တူးဖော်မိသော အရိုးများကို စစ်ဆေးစဉ်
  •               ဖြစ်ချင်တော့အန်ဒါဆွန်လည်း သေတာကြာပြီ၊ သူ့အလောင်းကိုလည်း မီးသဂြိုလ်လိုက်လို့ DNA test စစ်လို့ မရတော့ပါ ။ ကံအားလျော်စွာ ၁၉၉၄ မှာမှ အန်ဒါဆွန်ရဲ့ ဆံပင်မျှင်တွေကို သူ့နေခဲ့တဲ့ အိမ်က စာအုပ်ကြိုစာအုပ်ကြားက ရှာတွေ့ခဲ့ကြတယ်။ ပြီးတော့ အန်ဒါဆွန်မသေခင်က အူရောင်လို့ ခွဲရစဉ်က ခွဲထုတ်လိုက်တဲ့ အူကို အမေရိကန်ဆေးရုံက သိမ်းထားခဲ့တယ်။ အဲဒါတွေကို DNA test လုပ်တော့ ဇာဘုရင်မိသားစုနဲ့ လားလားမှ မတူပါတကား။ ဘယ်သူနဲ့ သွားတူနေလဲဆိုတော့ ပိုလန်သူ ဖရန်ဇီစကာမိသားစုက အစ်ကို လုပ်သူရဲ့ DNA နဲ့ သွားတူနေပါသတဲ့ကွယ်။ အဲဒီ test တွေကို ရုရှား၊ အမေရိကန်၊ ဗြိတိန် သုံးနိုင်ငံက သိပ္ပံပညာရှင်တွေက လုပ်တာဖြစ်တယ်။ 
  •                 ၁၉၉၈ မှာ ရုရှားအစိုးရဟာ အဲဒီအရိုးတွေကို စိန့်ပီတာစဘတ် St.Petersburg မြို့က ရိုမန်နော့ဗ် မင်းမျိုးတွေကို မြှုပ်ရာ ဘုရားကျောင်းကြီထဲမှာ အခမ်းအနားနဲ့ မြှုပ်ပေးခဲ့တယ်။ ဇာဘုရင်တို့မိသားစု အသတ်ခံရတာက ၁၉၁၈ မှာ ။ သူတို့အရိုးတွေနဲ့အသုဘအခမ်းအနားကို လုပ်တာ ၁၉၉၈ မှဆိုတော့ ကြားထဲမှာ အနှစ် ၈၀ တိတိ ကြာခဲ့တယ်။ မြန်မာလိုဆို သရဏဂုံမတင်ဘဲ ကြာခဲ့တဲ့ အချိန်ဆိုပါတော့။
အခမ်းအနားကို နိုင်ငံပေါင်း ၅၀ ကျော်မှ ဇာဘုရင့်အမျိုး မင်းမျိုးမင်းနွယ်များနဲ့ သံတမန်များ တက်ရောက်ခဲ့......။
  •               အန်ဒါဆွန်ဟာ လူလိမ်ဆိုတာ အဲဒီမှာတင် ရှင်းသွားပါတယ်။  မင်းသမီးအစစ် အန်နာစတေးရှား လွတ်သွားနိုင်သလားဆိုတဲ့ သို့လော သို့လောကတော့ ၂၀၀၇ ကျမှ ရှင်းတော့တယ်။ ကျန်တဲ့ အရိုးတွေကို အရင်အရိုးစုတွေတွေ့တဲ့ နေရာနဲ့ ပေ ၂၀၀ လောက်အကွာမှာ သွားတူးဖော်မိလို့ပါဘဲ။  တိုတိုပြောရရင်တော့ နောက်ဆုံး DNA test တွေ အပြီးမှာ ဇာဘုရင်တစ်မိသားစုလုံး တစ်နေ့တည်းမှာ သေပါတယ်ဆိုတာကို အတည်ပြုလိုက်နိုင်ပါတယ်။ နောက်ဆုံးတော့ နိကိုးလပ်စ်တို့ မိသားစုအားလုံးရဲ့ အရိုးတွေဟာ  ဇာဘုရင်အဆက်ဆက်ကို မြုပ်နှံရာဖြစ်တဲ့ Peter and Paul Fortress လို့ အမည်ရတဲ့ ဘုရာကျောင်းကြီးထဲမှာ အိပ်စက်အနားယူသွားခဲ့..............။
  •                    နိဂုံးချုပ်မှာ နည်းနည်းလေး လျှာရှည်ခွင့်ပြုပါ။ ဒီအရိုးတွေကို ဘုရားကျောင်းကြီးထဲမှာ အခမ်းအနားနဲ့ ဂူသွင်းပေးတဲ့ကိစ္စဟာ ရုရှားလူမျိုးတွေကြားထဲမှာ စိတ်ဝမ်းကွဲစရာ အငြင်းပွားစရာ ဖြစ်ခဲ့ရတယ်။ တစ်ချို့သောသူတွေက ဘုရင်စနစ်ဟာ အာဏာရှင်စနစ် ။  နိကိုးလပ်စ်တို့ဟာ ဆင်းရဲသားတွေရဲ့ ချွေးနဲ့ သွေးနဲ့ ရင်းပြီး လုပ်လို့ရတဲ့ ပိုက်ဆံ တိုင်းပြည်ဘဏ္ဍာနဲ့ စည်းစိမ်ယစ်နေခဲ့သူတွေ၊ ပြည်သူကို ပြန်မကြည့်လို့ အငတ်ဘေးကြောင့် ဆင်းရဲမှုကြောင့် သေရသူတွေ မရေတွက်နိုင်အောင်ဘဲလို့ ဆိုပါတယ်။ သူ့ဟာနဲ့သူကတော့ မမှားပါဘူးလေ ။ အရင်ရေးခဲ့ဖူးတဲ့ ကြက်ဥများက ပြောသောသမိုင်းမှာလည်း ပါပါတယ်။ ဘုရင်က ဘုရင်မကို နှစ်တိုင်းပေးတဲ့ ဖာဘယ်ဂျေးကြက်ဥတစ်လုံးရဲ့ တန်ဖိုးတင် နည်းတာမှမဟုတ်တာနော်။ မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးသူတွေအဖို့ ဆင်းရဲသားတွေ စားရတဲ့ ပေါင်မုန့်တစ်ပိုင်းရဲ့ တန်ဖိုးဆိုတာ ဘယ်တွေးတတ်ပါ့မလဲ။ နိကိုးလပ်စ်ဟာ အစကတည်းက အုပ်ချုပ်ရေးဝါသနာမပါဘဲ အဖေဘုရင်မို့လို့သာ သူလည်း ဘုရင်လုပ်ခဲ့ရတာ။ စက်မှုထွန်းကားရေးတွေကို ဇွတ်လုပ်ပေမယ့် အဲဒီလုပ်ငန်းတွေမှာ တကယ်လုပ်ခဲ့ရတဲ့ ဆင်းရဲသားပြည်သူ သန်းပေါင်းများစွာရဲ့ တိုးတက်ရေးကို လျစ်လျူရှုခဲ့တယ်။ ပညာတတ်ပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်း၊ ပျော့ညံပြီး နိုင်ငံရေး ဥာဏ်ပညာမရှိခဲ့ဘူး။ တိုတိုပြောရရင်တော့ ပြည်သူတွေ တော်လှန်ခဲ့တာဟာ ဘုရင်အုပ်ချုပ်မှုညံ့ဖျင်းလွန်းလို့၊ ဆင်းရဲလွန်းလို့ပါ ။ အထူးသဖြင့် ရုရှားကွန်မြူနစ်လက်ဟောင်းတွေက ဇာဘုရင်သေရတာဟာ သူတို့လုပ်ခဲ့တဲ့ ကံတရားကို သူတို့ ပြန်ခံစားရတာဖြစ်လို့ ဘာမှ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားလုပ်ပေးနေစရာမလိုဘူး လို့ ဆိုကြတယ်။
  •                      တစ်ချို့သော ရုရှားတွေကျပြန်တော့လည်း နိကိုးလပ်စ်တို့ဟာ ရုရှားဘုရင်စနစ်မှာ နောက်ဆုံးဖြစ်တယ်။ သူတို့ကို သတ်ပစ်တာဟာ ရုရှားသမိုင်းမှာ ရှက်ဖွယ်ကိစ္စတစ်ခုဖြစ်တယ်။ ဒါတွေကို အဖတ်ပြန်ဆယ်ဖို့အခမ်းအနားနဲ့ သဂြိုလ်သင့်တယ်လို့ဆိုပါသတဲ့........။
  •                     ဒီကြားထဲမှာတစ်ခါ နောက်ထပ် အငြင်းပွားစရာတစ်ခု ထပ်ထွက်လာပြန်တယ်။  ရုရှား Orthodox ခရစ်ယာန်ဂိုဏ်းအုပ်က နိကိုးလပ်စ်တို့ မိသားစုကို သူတော်စင် Saint တွေ အဖြစ် သတ်မှတ်ပေးချင်သတဲ့။ ( Saint မှာမှ အမြင့်ဆုံး အာဇာနည် Martyr အဖြစ်သတ်မှတ်ပေးချင်တာ။ အာဇာနည်ဆိုတာ များသောအားဖြင့် ယေရှုကဲ့သို့ ယုံကြည်မှုအတွက် အသက်ပေးရဲသူများကို ဆိုလိုတယ်။ ) ဒါပေမယ့်ဒီအရိုးတွေဟာ နိကိုးလပ်စ်တို့ရဲ့ အရိုးအစစ်ဆိုတာ မယုံတဲ့ အတွက် သဂြိုလ်တဲ့ အခမ်းအနားကို ကမကထ မလုပ်ပေးနိုင်ဘူးလို့ ငြင်းပါတယ်။ ဒါကြောင့် အခမ်းအနားမှာ ဂိုဏ်းအုပ်ကိုယ်တိုင် မတက်ရောက်ဘဲ ၀ါနုတဲ့ ဘုန်းကြီးတွေဘဲ ကြွရောက်လာပါတယ်။  သမ္မတ ဘောရစ် ယဲ့ဆင် Boris Yeltsin က ဂိုဏ်းအုပ်ရဲ့ သဘောကို လေးစားတဲ့ အနေနဲ့ အစပိုင်းမှာ သူလည်း အခမ်းအနားကို မတက်ရောက်ဘူးလို့ ကြေငြာခဲ့တယ်။ တကယ်လုပ်တော့မှ ပေါက်ချလာပါတယ်။ သူဘဲ အညိုးညိုးကွာ ။ ဒီလို သမိုင်းဝင် အခမ်းအနားကို မလာဘဲ နေလို့ မဖြစ်ဘူးလို့ ဆိုတယ်။
  •          အဲသလိုနဲ့ တိုင်ပတ် အငြင်းပွားတာတွေ နင်းကန်ဖြစ်ပြီးနောက် ၂၀၀၀ ခုနှစ်မှာ ဂိုဏ်းအုပ်ကိုယ်တိုင် နိကိုးလပ်စ်တို့ မိသားစုကို passion bearers အဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ passion bearer ဆိုတာ သေခြင်းတရားကို ခရစ်တော်ကဲ့သို့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားနိုင်သူများ လို့ အဓိပ္ပါယ်ရတယ်။ အာဇာနည်အဆင့်ထက် နိမ့်ပါတယ်။ အစက အာဇာနည်တွေအဖြစ် သတ်မှတ်ပေးချင်ပေမယ့် များစွာသောရုရှားတွေက '' နိကိုးလပ်စ်တို့ကို အာဇာနည်အဖြစ်သတ်မှတ်ရလောက်အောင် မထိုက်တန်ဘူး ''  လို့ ဆန့်ကျင်ကြလို့ တဆင့်လျော့ပေးလိုက်တာ ဖြစ်တယ်။
 Passion bearers နိကိုးလပ်စ်တို့မိသားစုပုံ
  •                     ကဲ...ဒါပါဘဲကွယ်။ ဒီအကြောင်းကို ရေးရတာ တော်တော်လေး ဦးနှောက်စားပါတယ်။ ချဲ့ကားပြီး ရေးထားတဲ့ source တွေ link တွေ အတော်တွေ့ခဲ့တယ်။ You tube မှာလည်း တော်တော် တွေ့ပါတယ်။ You tube မှာတင်ထားတာ တစ်ချို့က မယုံရဘူးဆိုတာ ဒီအကြောင်းရေးမှ ပိုသိ။ ဘာကြောင့်လည်းဆိုတော့ အရိုးစုတွေကို  မတွေ့ခင် ၊ DNA test မလုပ်ခင် ရိုက်ထားခဲ့တဲ့ documentary တွေလည်း တွေ့လို့။ up to date မဖြစ်ဘဲ အန်ဒါဆွန်နဲ့ အန်နာစတေးရှားဟာ အတူတူ ဆိုတဲ့ ပုံမျိုးပေါက်အောင် ပြောထား ရေးထားတာတွေကိုလည်း တွေ့ခဲ့တယ်။
                   ဒီစာကို
Anna Anderson Exposed
Busting the myth of the most infamous royal imposter
http://www.freewebs.com/anna-anderson/index.htm  ဆိုတဲ့ site ကို အခြေပြုပြီး ဆီလျော်အောင် ဘာသာပြန်ထားတယ်။ အတော်ပြည့်စုံပြီး ဘက်မလိုက်ရေးထားတယ်လို့ ထင်လို့ပါ။ အခုဘာသာပြန်ရာမှာတော့ အများကြီး ချုံ့ထားပါတယ်။ ဇာတ်လမ်းတစ်ခုလုံးရယ် ၊ ကြိုးကြောင်းဆီလျော်တဲ့ သုံးသပ်ချက်များအပြင်  DNA သဘောတရားများ၊ ဇာဘုရင့်မိသားစုအရိုးတွေကို DNA စစ်တော့ ထွက်တဲ့ အဖြေများ ကို အဲဒီ link မှာ အသေးစိတ်ပြထားတာရှိတယ်။ ထပ်သိချင်ရင် အဲဒီမှာ သွား ကြည့်ကြပါကုန် ။
ဒီ link အပြင်
http://news.bbc.co.uk/2/hi/133725.stm
http://www.alexanderpalace.org/palace/AlexPalaceNRbio.html
http://www.pbs.org/newshour/bb/europe/july-dec98/romanov_7-17a.html
http://en.wikipedia.org/wiki/Canonization_of_the_Romanovs
http://en.wikipedia.org/wiki/Nicholas_II_of_Russia များကိုလည်း ref  အဖြစ်ယူထားပါသည်။
 
 

Friday, May 4, 2012

☆☆☆မိမိပုံနဲ့မွေးနေ့၊ပြက္ခဒိန်၊ချစ်သူများနေ့ အမျိုးစုံလုပ်နည်း☆☆☆

ဒီနေရာကနေဒေါင်းလိုက်ပါ.........
ဆော့ဝဲကိုဒေါင်းပြီးတာနဲ့Template ကိုနှိပ်လိုက်ပါ။
နှိပ်လိုက်တာနဲ့ ဘောက်လေးတစ်ခုကျလာပါတယ်။အဲမှာအများကြီးရွေးလို့ရပါတယ်။
ကျွန်တော်တော့ ပြက္ခဒိန်လေး ရွေးလိုက်ပါတယ်။အဲမှာ Double Click or Drag Photo Here ကိုနှိပ်လိုက်ပါ။အဲမှာ မိမိနှစ်သက်တဲ့ပုံ
ကိုထည့်လို့ရပါတယ်။ပြက္ခဒိန်ပြောင်းချင်တယ်ဆိုရင်းလဲ ပြက္ခဒိန်ပေါ်နှိပ်ပြီးပြောင်းနိုင်ပါသည်။

Ssve လုပ်မယ်ဆိုရင်း Print&Save ကိုနှိပ်လိုက်ပါ။အဲသာဆိုရင်း Save လုပ်လို့ရပါပြီး။
ကျွန်တော်ကလိထားတဲ့ပုံတွေပါ။
အဆင်မပြေတာများရှိပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။




အမျိုးအစား/ကဏ္ဍ: ဆော့ဝဲလ်

☆☆☆ဓါတ်ပုံကိုရေပေါ်နေတဲ့ပုံဖြစ်အောင်လုပ်မယ်☆☆☆

အခုကျွန်ပေးတဲ့ဆော့ဝဲကတော့ ဘယ်ဓါတ်ပုံမဆို ရေပေါ်ပေါ်နေအောင်လုပ်လို့ရပါတယ်။ဒေါင်းပြီးတာနဲ့လုပ်ရတာလဲလွယ်ကူပါတယ်။
အောက်မှပုံတွေနဲ့ပြထားပါတယ်။စာတော့မရေးပေးတော့ဘူးနော်။


အဆင်မပြေတာများရှိပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။
အမျိုးအစား/ကဏ္ဍ: ဆော့ဝဲလ်

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေ website စတင်ရေးသားခြင်း

Posted: 03 May 2012 03:50 PM PDT
ရွှေရင်ကျော် ၀ဘ်ဆိုက် ၀ဘ်ဆိုက်ကို စတင်ရေးသားနေပါပြီ. အခုလက်ရှိ မြ၀တီ ရခိုင်ကျောင်းတိုင်ဆရာတော်ကို ကုသစဉ် ဆရာတော်ခွင့်ပြုချက်ဖြင့် video မှတ်တမ်း ရိုက်ကူးထားခဲ့ပါသည်။ ၄င်း video ဖိုင်အား တင်ပေးထားပါသည်။ ဂိုဏ်းဝင်ထားခြင်း မရှိသောသူများ လေ့လာဖတ်ရှု့နိုင်စေရန်အတွက် စတင်ရေးသားနေပါပြီ ဖြစ်တဲ့အကြောင်း ကျွန်တော့်အနေဖြင့် အသိပေးအပ်ပါတယ်.


ကျွန်တော့်အနေဖြင့် ပထမဦးစွာ နော်ဝေနိုင်ငံရှိ ကိုစောကျော်ဦး (၀ဘ်ဆိုက်လှူဒါန်းသူအား) ထိုင်းနိုင်ငံကနေ လှမ်းပြီး ကုသခဲ့ပြီးပါပြီ. ကုသစဉ်က video မှတ်တမ်း ရိုက်ကူးခဲ့ဖို့ မေ့သွားခဲ့ပါသည်။ ကိုစောကျော်ဦးသည် 1988 ခုနှစ်တုန်းက မိုင်းထိထားသဖြင့် အောက်ပိုင်းလမ်းလျှောက်မရခြင်းကြောင့် ၀ှီးရှဲဖြင့် သွားနေရသည့် ကျွန်တော့်ခင်မင်ရတဲ့ အစ်ကိုတစ်ယောက် ဖြစ်ပါတယ်. သွေးတိုးနှင့်ဆီးချိုကို ကုသပေးပြီးမှ အခုကိုယ်တွင်း၊ ရိုးတွင်းချဉ်ဆီ၊ သွေး၊ သား ထဲမှာ ရှိနေသော မိုင်းဆိပ်များကို မျက်စိကနေတစ်ဆင့် ရေဇလုံထဲကို ထုတ်ပေးတာပါ။ မိုင်းစများနှင့် မိုင်းဆိပ်များ ထွက်လာပါတယ်။ နော်ဝေနိုင်ငံကို မြန်မာပြည် ကော့သောင်းကနေတစ်ဆင့် ကုသပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့သော (15)ရက်ကနေ စတင်ပြီး ကုသခဲ့ပါတယ်. အခုလကုန်ရက်မှာ သွေးတိုး၊ ဆီးချိုနှင့် မိုင်းဆိပ်များကို လစဉ် ဆေးစစ်ချက်ယူရပါတယ်။ မိုင်းဆိပ်ဟာ လစဉ် ပိုပိုပြီးပျံ့နှံ့လာတဲ့အတွက် ပိုပိုဆိုးလာပြီး ဆေးတွေလဲ ပိုပိုများလာခဲ့ပါတယ်. အခုလမှာ ဆေးကုသပြီး result ကတော့ မိုင်းပျံ့နှံ့နှုန်း 10% လျှော့ကျသွားခဲ့ပါတယ်. အဲ့ဒီ့ သက်သေအထောက်အထားများကို ကျွန်တော် ကိုစောကျော်ဦးရဲ့ ခွင့်ပြုချက်ဖြင့် တင်ခွင့်ရခဲ့လျှင် ယခင်လတွေက မိုင်းပျံ့နှံ့နှုန်းနှင့် ယခုလ လျှော့ကျသည့် medical check up ကို တင်ပေးပါ့မယ်. ဆရာဝန်အနေဖြင့် အဲ့လိုမျိုး 10% အထိ လျှော့ကျသွားတဲ့အပေါ် အံ့အားသင့်ပြီး မေးမြန်းတဲ့အဆင့်အထိ ရောက်လာပါတယ်. ဒါကိုကျွန်တော့်ရဲ့ ခင်မင်ရတဲ့အစ်ကို စောကျော်ဦး အသက် (57)နှစ်ဟာ ဖြေရှင်းလျှင် ယုံမည်မဟုတ်တာ သိတဲ့အတွက်ကြောင့်မို့ မြန်မာပြည်က ပို့တဲ့ဆေးကိုတော့ စားနေပါတယ်လို့ ဆရာဝန်ကိုပြောလိုက်ပါတယ်. ဆရာဝန်က အဲ့ဒီ့ဆေးကို အရမ်းစိတ်ဝင်စားပြီး နည်းနည်းလောက် ယူလာပြဖို့နဲ့ ဓါတ်ခွဲစမ်းသပ်ဖို့အထိ ပြောလာပါတယ်. အဲ့တော့ ဒါတွေဟာ သက်သေသာဓကတွေပါ. နိုင်ငံတွေဝေးနေပေမယ့် ကုသလို့ ရပါတယ်. အသေးစိတ်ကို http://www.shweyinkyaw.org ၀ဘ်ဆိုက်မှာ ရေးပေးမှာ ဖြစ်ပါတယ်. အားလုံးပဲ ဂိုဏ်းရဲ့အပေါ်မှာ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.

ဝေဖန်တာက သူတို့အလုပ် လုပ်ရမှာက ကိုယ့်အလုပ်
(အဖဆရာများ၏ ဆုံးမစကား)

အားလုံးကိုခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)

hiphop ဆိုတာ


Street Music Magazine မှာတွေ့လို့ ပါ
အစ သုံးလေး ကြောင်း ဖက်ကြည့်လိုက်ပါတယ်
သိပ်မကြိုက်ပါဘူး
လုပ်စရာမရှိလို့ ဗပာုသုတ ရပါတယ် လေ ဆိုပြီး ဖက်ကြည့်လိုက်တာ
တော်တော် ကောင်းပါတယ်
ဘာမှန်းညာမှန်းမသိဘဲနဲ့ Hip-Hop နေတဲ့ ချာတိတ်တွေကို ပြောချင်တာပါ။ သိတဲ့လူတွေကို မဆိုလိုပါဘူး။ သိတဲ့လူတွေကိုလည်းအနားက ဘာမှန်း ညာမှန်းမသိဘဲ၊ Hip-Hop လို့ပြောနေတဲ့ လူငယ်တွေကို သင်ပေးဖို့ပါ။
Hip Hop ကို ရူးသွပ်သူတိုင်း သိသင့် တယ်ထင်လို့ တင်ပေးလိုက်ပါတယ်




တကယ်တမ်း ဒီစာကိုရေးဖြစ်တာက Hip-Hop ဂီတဆိုတာ မနေ့တစ်နေ့ကမှ ၀ုန်းကနဲ ပေါ်လာပြီးနောက်ပိုင်း စုန်းစုန်းမြုပ်သွားမဲ့ ဂီတမျိုးမဟုတ်ဘူးဆိုတာ သိစေချင်လို့။ နောက်တစ်ကြောင်းက Hip Hop ဆိုတာ Jazz, Reggage, Country, Rock, Classical စတဲ့ ဂီတတွေနဲ့ အခြေခံပြီး ဖွံ့ဖြိုးလာတဲ့ ဂီတတစ်ခုဖြစ်တဲ့အကြောင်း သိစေချင်လို့။ Hip Hop ဆိုတာ ဘာမှန်းညာမှန်း သေသေချာချာ မသိသူများ၊ Hip Hop လို့ လိုက်ပြီး Hip Hop နေတဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့ ၀န်းကျင်က အင်္ကျီပွပွ၊ ဘောင်းဘီဂွကျနေတဲ့ တချို့ချာတိတ်တွေ ယောင်မှားပြီးဖတ်မိရင် သိစေချင်လို့။ Hip Hop ဂီတကို တိုက်ခိုက်ရမယ်ဆိုပြီး တစ်လွဲယုံနေတဲ့ တချို့ကလေးတွေ သိဖို့ရေးဖြစ်ပါတယ်။


နောက်ထပ် ဒီစာကို ရေးဖြစ်တဲ့အကြောင်းကတော့ ကျွန်တော့်ရဲ့ ၁၆နှစ်အရွယ် တူကလေးကြောင့် ပါပါတယ်။ ကျွန်တော်ကသီချင်းလေး မစို့မပို့လောက် ရေးပြီး သီချင်းလေးတွေ အယားပြေဆိုတဲ့လူပါ။ ကျွန်တော့် ဂီတက Rock တစ်ခုပေါ့။ အဲဒီမှာ ကျွန်တော့်တူက ခင်ဗျားက Rocker ပါ။ ကျုပ်နဲ့ မတည့်ပါဘူးတို့ ခင်ဗျားက Hip Hop အကြောင်း ဘယ်လောက် သိလို့လဲဆိုပြီး ပြန်ကောလို့ပါ။ ကျွန်တော်သူ့ကို ပြန်ပြောဖို့က အစကနေ ရှင်းပြရမှာဖြစ်လို့ ဒီလိုစာမျက်နှာက တကူးတက ပေးပြီး ဖြော်ပပေးတာ။ ပြီးတော့ ဒီ Hip Hop Magazine က ဆရာတွေ ကျေးဇူးကြောင့် ရေးဖြစ်ခဲ့တာပါ။ တချို့အကြောင်းအရာ တော်တော်များများကို ဒီက Hip-Hop သမားတွေ ရိုးအီနေအောင် သိပြီးသားပါ။

ကျွန်တော် ဖတ်စေချင်တဲ့ လူတွေကတော့ ကျွန်တော့်တူအရွယ်တွေနဲ့ Hip Hop ကွဆိုပြီး လျှောက်လုပ်နေကြတဲ့ လူငယ်တချို့အတွက်ပါ။ Hip Hop ကဘာလဲ။ ဘယ်ကစပြီး ဘာကိုရည်ရွယ်တဲ့ ဂီတလဲ။ ဒီဂီတကို ဖန်တီးဖို့ ဘာတွေလိုလဲ၊ ဘယ်သူတွေကို လေ့လာရမှာလဲဆိုတဲ့ မေးခွန်းတွေအတွက် ကျွန်တော် ခေါင်းစားခဲ့ဖူးပါတယ်။ ကျွန်တော်ယုံကြည်ထားတာ တစ်ခုက Rocker ဖြစ်ဖြစ်၊ Rapper ဖြစ်ဖြစ် ဂီတပေါင်းစုံကို တတ်နိုင်သလောက် နှိုက်နှိုက်ချွတ်ချွတ် လေ့လာရမယ်ဆိုတာပါပဲ။ Hip Hop ဆိုတာ ဘာမှန်းညာမှန်း သေသေချာချာ မသိသူများ Hip Hop လို့ လိုက်ပြီး Hip Hop နေတဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့ဝန်းကျင်က အင်္ကျီပွပွ၊ ဘောင်းဘီဂွကျနေတဲ့ တချို့ချာတိတ်တွေ ယောင်မှားပြီးဖတ်မိရင် သိစေချင်လို့။ Hip Hop ဆိုတာ Rock ဂီတကို တိုက်ခိုက်ရမယ်ဆိုပြီး တလွဲယုံနေတဲ့ တချို့ကလေးတွေ သိဖို့ ရေးဖြစ်ပါတယ်။ Hip Hop သမားပဲကွာ ကျန်တဲ့ဂီတတွေ အရေးမကြီးပါဘူးဆိုပြီး ပစ်ထားကြည့်ပါ။ သူဖန်တီးထားတဲ့ Hip Hop က သူများနဲ့ တူနေပါလိမ့်မယ်၊ ဆိုလိုချင်တာက ကျွန်တော်က Rock သီချင်းလေးတွေ မတောက်တခေါက်ရေးတဲ့ကောင်ပါ။ ဒါပေမယ့် ကျွန်တော်က MC Hammer, Vanilla Ice, N.W.A, Beastie Boy, Wu-Tang Clan ကအစ KRS One T-Pain, T.I စတာတွေအထိ နားထောင်ပါတယ။်

သူတို့ဘ၀ဖြစ်စဉ်တွေကို လေ့လာပါတယ်။ မင်းဘာသာမင်း လေ့လာတာ ငါနဲ့ဘာဆိုင်လို့လဲဆိုပြီး အခုဖတ်နေတဲ့ နေရာကစပြီး ကျွန်တော်ကို ဆဲလို့ရပါတယ်။ လူငယ်တွေဟာ သင်ယူနိုင်နှုန်းမြင့်တယ်။ နောက်တစ်ချက်က ပြောရရင် အတုခိုးနိုင်စွမ်း ပိုမြင့်တယ်။ အဲဒီအတွက် သူတို့ဖန်တီးချင်တဲ့ Hip Hop ကို ဖန်တီးဖို့ အတိုအစ အသိလေးတွေကို ချပေးလိုက်ပါတယ်။ Hip Hop ဆိုတဲ့ စကားလုံးဘယ်ကလာလဲ ဆိုတာကို ပြန်ရှာရင် ၁၉၆၀ နဲ့ ၁၉၇၀ ကြားက ဂီတရေစီးကြောင်းတွေကို ပြန်လှန်ရပါလိမ့်မယ်။ လူမည်းတွေ Blues ဂီတနဲ့ လူဖြူတွေရဲ့ Country ဂီတ ပေါင်းစည်းတဲ့ Rock & Roll ဂီတတွေလျှမ်းလျှမ်းတောက် နေတဲ့အချိန်ပေါ့။ Disco နဲ့ Brake dance လို အကဦးစားပေး Beat တွေနဲ့ Rap ဂီတဟာ ပုံစံတစ်မျိုးနဲ့ ချီတက်ခဲ့ပါတယ်။ Grandmaster Flash နဲ့ Furious Five လို အဖွဲ့တွေက ဂီတသစ်တစ်မျိုးကို တင်ပြလာပါတယ်။ အဲဒီအဖွဲ့တွေမှာ Rap ဆိုတဲ့ Starski Keith Cowboy ဆိုတဲ့ ငနဲရဲ့ပါးစပ်ဖျားကနေ Hip Hop ဆိုတဲ့ စကားလုံးကိုစသုံးခဲ့ပါတယ်။ DJ သမားတစ်ယောက်ဖြစ်တဲ့ DJ Hollywood ဆိုတဲ့ငနဲကလည်း ဒီစကားလုံးကို သုံးခဲ့ပါတယ်။ အရင်က Elvis Presley သီဆိုတဲ့ Rock & Roll Show တွေမှာ သူ့ရဲ့တင်ပါးလှုပ်ကတဲ့အကကို Hip Hop Dance လို့ ခေါ်ခဲ့ဖူးကြောင်းလည်း ဆိုပါတယ်။ ထားလိုက်ပါတော့။ Hip Hop ဆိုတာ ဘယ်သူကစစ Hip Hop ဂီတရဲ့ အနှစ်အရသာက ဘာလဲဆိုတာကို ကျွန်တော် လေ့လာတဲ့အခါ လူဖြူနဲ့လူမည်း ပဋိပက္ခတွေပြင်းထန်ခဲ့တဲ့ ကာလတစ်ခုစီ ပြန်တွေ့ရပါတယ်။

အလုပ်လက်မဲ့ လူမည်းလူငယ်တွေဟာ လူဖြူလူကုံထံတွေရဲ့ အပြင်ဘက်မှာ အခြေမဲ့အနေမဲ့ ရှင်သန်ခဲ့ ကြရပါတယ်။ ဒီလို လူမည်းလူငယ်တွေ ဘာလုပ်ကြမလဲ။ သိပ်စဉ်းစားစရာ မလိုပါဘူး။ မူးယစ်ဆေးဖြန့်တဲ့ ဂိုဏ်းတွေမှာလုပ်မယ်။ အပယ်ခံဘ၀နဲ့ မကောင်းတဲ့ကိစ္စတွေလုပ်မယ်။ သူတို့တွေရဲ့ ရင်တွင်းမကျေနပ်ချက်တွေကို ပါးစပ်သေနတ်ပစ်သလို စကားတွေပြောမယ်။ နံရံတွေပေါ်မှာ Graffiti တွေ ဆွဲကြမယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိန်းပြီး ပြဿနာတွေ ရှင်းကြမယ်။ အဲဒီလို ရှင်သန်မှုတွေဆီကနေ လူမည်းတွေရဲ့ ဂီတသစ်တစ်မျိုးဟာ ရှင်သန်လာခဲ့ပါတယ်။ Rapping လို့ ခေါ်တဲ့ စည်းချက်တွေထဲမှာ စကားလုံးတွေကို ချိတ်ဆက်သီဆိုတဲ့ Hip Hop ဂီတကို ဖော်ထုတ်ခဲ့ကြပါတယ်။ Hip Hop ဂီတ ရဲ့ မူလအစသမိုင်းထဲမှာ DJ Kool Hrec ကို မေ့ထားခဲ့လို့မရပါဘူး။ သူဟာ ၁၉၇၀ အစောပိုင်းမှာ နယူးယော့ခ်ကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နယူးယော့ခ်မှာ Disco ဂီတ ခေတ်စားနေတဲ့အချိန်ပါ။ DJ Kool Hrec ဟာ ဂျမေကာ ကလာတာဖြစ်တဲ့အတွက် Reggage ဂီတက သူနဲ့ပူးပြီးပါလာခဲ့တာပါ။ ခက်နေတာက အဲဒီအချိန်နယူးယောခ်မှာ ရက်ဂေးကို လက်မခံဘူး။ အဲဒါနဲ့ဒီငနဲဟာ ရက်ဂေး၊ Rock နဲ့ Disco ဓါတ်ပြားတွေကို ကလပ်တွေမှာ ဖွင့်ပြီး သူ့ရဲ့စကားလုံးတွေနဲ့ ကြားခံပါတယ်။ အဲဒီလို Club တွေထဲမှာ ကလို့ကောင်းတဲ့ Beat နဲ့ ရက်ဂေးနဲ့ Rock ရဲ့အားနဲ့ Rapping တွေကြားခံပြီး DJ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ကိစ္စကလည်း နယူးယော့ခ် Hip Hop သမိုင်းမှာ အဓိက နေရာက ပါခဲ့ပါတယ်။ ဒါက Hip Hop အစပေါ့။ နောက်ချာတိတ်တွေ သိထားဖို့က MC ဆိုတာပါပဲ။ Hip Hop သီချင်းတွေထဲမှာပါပါနေတဲ့ MC ဆိုတဲ့ စကားလုံးကို ဘယ်သူကစထွင်ခဲ့လို့ လိုက်ရှာကြည့်တဲ့အခါ The Furious Five အဖွဲ့က Rapper Melle Mel ကို သွားတွေ့ပါတယ်။ Melle Mel ဟာ သူ့ကိုယ်သူ MC လို့ စသုံးခဲ့ပါတယ်။ MC ဆိုတာ Microphone ရဲ့ အတိုကောက်လား။ Microphone Composer ရဲ့ အတိုကောက်လားဆိုတဲ့ ကိစ္စတွေကတော့ Hip Hop သမိုင်းမှာ အငြင်းအခုံရှိခဲ့ဖူးပါတယ်။ ထားပါတော့။ MC တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ။ ဒါဆိုရင် Beating နားလည်ရမယ်။ Bar နားလည်ရမယ်။ Tempo နားလည်ရမယ်။ Beating ဆိုတဲ့ ကိစ္စမှာ Beating လုပ်ဖို့ ဘာနဲ့လုပ်မလဲဆိုတာ စဉ်းစားရပါမယ်။ Beating ကို ဘာနဲ့လုပ်ကြမလဲ။ Band တစ်ခု Software နဲ့ ရေးပြမယ်။ Beat Box လုပ်ပြီး၊ ပါးစပ်နဲ့ တီးမလား။ Band တစ်ခုမှာ Drum Beating နဲ့တီးမလား။ ဘယ်လိုပဲ Beat လုပ်လုပ် သိထားဖို့ အရာတွေရှိပါတယ်။ Drum Beat ကို အခြေခံခဲ့တာတွေဖြစ်တဲ့အတွက် Bass Drum, Snare ရှိပါတယ်။ Drum, Snare, Tom, Flow, Cymbal-Hi-hat စတဲ့ပစ္စည်းတွေရဲ့အသံနဲ့ သဘာဝကို သိမှဖြစ်မှာပါ။ နောက်ထပ် Beating အတွက်သိထားဖို့ Timing ပါ။ 4/4 Timing က 6/8 လား၊ 2/4 လား၊ တွက်ချက်ပြီး Beat ရေးတတ်မှ ဖြစ်မှာပါ။ ခင်ဗျားဘာတွေလာပြောနေတာလဲ ဘာမှမသိလဲ Hip-Hop လုပ်လို့ရပါတယ်ဆိုရင် သဘောပါပဲ။ လုပ်ပေါ့။ နောက်ထပ် MC ရဲ့ အရည်အသွေး တစ်ခုကတော့ Flow ရဲ့အကြောင်းအရာပါ။


Hip-Hop သီချင်းရဲ့မူလက ကိုယ်ရင်ဖွင့်ချင်တာတွေကို တရစပ်တဲ့တိုးပြောတဲ့ လူမည်းဂိုဏ်းသားတွေဆီက လာတာပါ။ ဆိုတော့ သူတို့ Hip-Hop သီချင်းတွေထဲမှာ သူတို့ မကျေနပ်တဲ့ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေ၊ မူးယစ်ဆေးကိစ္စ အရှုပ်ထုပ်တွေနဲ့ အချစ်နဲ့ လိင်ကိစ္စတွေ ပါပါတယ်။ ဟုတ်ပြီ၊ သူတို့ဆီကအဆိုတော်တွေက Hip-Hopကို ယူခဲ့ကြတယ်။ စာသားနဲ့အကြောင်း အရာကိုရော ပုံတူယူမယ်။ ဒါလုံးဝမဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ရေခံ၊ မြေခံနဲ့ သူတို့ရဲ့စိတ်နေ စိတ်ထားကလည်း ဒီကမြန်မာတွေနဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကပ္ပလီတွေ မဟုတ်ပါဘူး။ ဒီကရေခံ၊ မြေခံနဲ့လိုက်မယ့် စာသားအကြောင်းအရာ Flow တွေကို စဉ်းစားရေးသားရမှာပါ။ ဒီမှာ ပြောစရာရှိတာကတော့ ဒီကမြန်မာ စကားတွေရဲ့ အသံအနိမ့်အမြင့်၊ အဖြတ်အတောက်၊ အဆွဲအငင်ကို လေ့လာဖို့ပါပဲ။ ဒီကစကားတွေမှာ ဘယ်နေရာမှာ နိမ့်ရမယ်၊ ဘယ်နေရာမှာမြင့်ရမယ်ဆိုတဲ့ Flow က ရှိပြီးသားပါ။ ဒါဆိုရင် မြန်မာသဒ္ဒါကို ပြန်လေ့လာသင့်ပါတယ်။ မြန်မာကာရန်ကဗျာတွေကို ပြန်လေ့လာသင့်ပါတယ်။ မြန်မာ့ သံချပ်တွေနဲ့ ဒိုးတွေကို လေ့လာသင့်ပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာအတိုင်အဖောက် တေးချင်းတွေ၊ ပျို့တွေ၊ ပွဲတော်သီချင်းတွေ၊ ဗျို့ဟစ်တဲ့အသံတွေကို လေ့လာသင့်ပါတယ်။ မလေ့လာလည်း ဘာဖြစ်လဲလို့ဘုတောချင်ရင် တောခွင့်ရှိပါတယ်။ မြန်မာပီသတဲ့ Hip Hop ဂီတလုပ်ဖို့ဆိုတာကိုပြောတာပါ။ ဒီက Hip-Hop ခွေတွေမှာ ကျွန်တော် နားမထောင်ဘူးတဲ့အဖွဲ့ခပ်ရှားရှားပါ။ အချစ်လား၊ ဖုန်းဆက်တာလား၊ မိုးရွာတာလား၊ အဖေလား၊ အမေလား၊ ကြိုက်ရာကိုကြိုက်သလို Hip-Hop လုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ Hip Hop Flow ကို သစ်စေချင်ပါတယ်။ သူများတွေရှေ့က ဘယ်လိုသစ်ခဲ့လည်းဆိုတာကို ကျေညက်အောင်လေ့လာမှ ကိုယ့်ရဲ့ Hip-Hop ကသစ်မှာပါ။ လန်းမှာပါ။

မျိုးကျော့မြိုင်က ဘယ်လို Flow တွေ Rap လုပ်လဲ။ Acid က၊ Theory က ဘယ်လိုသစ်လဲ၊ Zero က၊ ဘယ်သူက ဘယ်လိုသစ်ထားလဲ။ 9mm က ဘယ်လိုသစ်ထားလဲ။ Fire Cracker က ဘယ်လိုသစ်ခဲ့သလဲဆိုတာ လောက်တော့ လေ့လာစေချင်ပါတယ်။ ပုံတူကူးချတဲ့ Hip Hop ဆိုတာ ရေရှည်မခံပါဘူး။ ကိုယ့် Flow နဲ့ကိုယ်၊ Rhyme ကို ကြည့်လိုက်တာနဲ့ ဒါ ဘယ်ကောင်ဆိုတာကို သိသာထင်ရှားဖို့ ပြောချင်တာပါ။ စာဖတ်ပါ။ Old Skool, New Skool ကို လေ့လာပါ။ Sampling, DJ, Beating, MC စတာတွေကိုလေ့လာပါ။ Graffiti ကိုတောင် ချန်မထားခဲ့ပါနဲ့။ ကိုယ့်ဟာကိုမှ စာသားကောင်းကောင်းမရေးနိုင်ဘဲ၊ Beating အလန်းတစ်ခုမဖန်တီးနိုင်ဘဲ၊ Hip-Hop မဖြစ်ချင်ပါနဲ့။ ဒါဆိုရင် ရူးသွားပါလိမ့်မယ်။ မင်းပြောနေတဲ့ Hip-Hop အကြောင်းတွေ ငါစိတ်မ၀င်စားဘူး။ ငါ့ဟာငါ Hip-Hop လုပ်မယ်။ ရတယ်မဟုတ်လားဆိုရင် ပါရမီဆက်တို့ ပညာဆက်တို့ဆိုတဲ့ ကိစ္စတွေ ရှုပ်လာပါလိမ့်မယ်။ ဂီတပဲဖြစ်ဖြစ် ဘယ်အနုပညာပဲဖြစ်ဖြစ် သူ့ဟာသူ မွေးရာပါလာတတ်တဲ့ ပါရမီဆက်ဆိုတာ ရှိတာပါတယ်။ လိုင်းကားနဲ့ မရောပါန။ဲ့ အဲ့ဒီ ပါရမီဆက်ရှိတဲ့လူက သူစရေးတဲ့သီချင်းတွေမှာ ဘာပညာရပ်အကူအညီမှမပါဘဲ ကောင်းနေတာမျိုး ရှိပါတယ်။ ဒါပေမယ့် အဲဒီလို Auto ကောင်းတဲ့ လူတွေမှာ သက်တမ်းရှိပါတယ်။ အဲဒီ လို မွေးရာပါ ဂီတဗီဇနဲ့ပြည့်တဲ့လူဟာ ဘာပညာရပ်ကိုမှ ဆက်ပြီးမလေ့လာရင် သူ့သက်တမ်းကုန်ရင်ကျန်ရစ်ခဲ့မှာ သေချာ ပါတယ်။ဘာမှမလေ့လာဘဲ လုပ်ချင်ရာ လုပ်မယ်ဆိုရင် သီချင်းတော့ဖြစ်ပါလိမ့်မယ်။ သီချင်းတော့ တစ်ခါတစ်ရံကောင်းပါလိမ့်မယ်။ ဆက်ရေးကြည့်ပါတယ်၊ ဘယ် လောက်ကောင်းနိုင်မှာလဲလို့။ ဘာမှ ဆက်မလေ့လာပဲ သီချင်းကောင်းတွေ Ever ရေးနိုင်တဲ့လူရှိရင် ကျွန်တော့်ကို အကြောင်းကြားပါဦး။ ဆရာတင်ချင်လို့ပါ။ ထားပါတော့၊ Hip-Hop ကို တကယ်ရူးသွပ်ရင် ဘာတွေဆက်လုပ်ရမယ်ဆိုတဲ့ လူငယ်ပေါက်စတွေအတွက် ရှေ့ကပြောခဲ့တဲ့ မြန်မာ Hip-Hop တွေအပြင် နိုင်ငံတကာ Hip-Hop တွေကိုလည်း ညွှန်းချင်ပါတယ်။ Old Skoo, New Skool ပေါ့။ အဲဒီလိုလေ့လာချင်တဲ့ ချာတိတ်တွေကို ညွှန်းချင်တာက လူမည်းတွေရဲ့ ဂီတတွေကစပြီး အခြေခံလေ့လာပါလို့။ Blues, Reggage စတာတွေကနေ Hip-Hop ကို ယူခဲ့ကြတာပါ။ အဲဒီအနေစလေ့လာရင် ပျင်းဖို့ကောင်းတယ်ဆိုပြီး။ ပြောစရာရှိပါတယ်။
ဒါဆိုရင် Run, D.M.C, LL cool J, Beastie Boy, 2pac, Notorious B.I.G တို့ကနေ စရင်ရပါတယ်။ Snoop Dogg, Dr. Dre, 50 Cent, Eminem, Nas, T.Pain, KRS One, Busta Rhymes စတဲ့အဖွဲ့နဲ့ လူတွေကို စလေ့လာ ကြည့်ပါ။ လေ့လာရင်လည်း တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းကို သင်ရိုးညွှန်းတမ်း လေ့လာသလို လေ့လာပါ။ သူတို့ရဲ့ Beating က ဘာလဲ။ သူတို့ရဲ့ Flow က ဘာလဲ။ စာသားတွေက ဘယ်လိုလဲဆိုတာကို လေ့လာပါ။ ဒါဆိုရင် Hip-Hop ဖြူလား၊ မည်းလားသိမှာပါ။ ပြီးမှ နောက်ထပ်အဖွဲ့တွေကို လေ့လာပါ။ Hip-Hop ရဲ့ Culture တွေလည်းလေ့လာပါ။ Street Culture, Club Culture စတဲ့ စရိုက်တွေနဲ့ Hip-Hop + Jazz တွေ၊ Ahernative Rap + Techno Hop ?Techno Hop, Grangsta Rap စတာတွေကိုလည်း လေ့လာပါ။ ဒါတွေလေ့လာပြီးမှ Hip-Hop ကိုလုပ်ရင် ခင်ဗျားဟာ Hip-Hop သမားလို့ ရဲရဲဝံ့ဝံ့ အမည်ခံလို့ရသွားပြီထင်ပါတယ်။ နောက်ပြီး Hip-Hop နဲ့ Rock တိုက်ခိုက်ချင်သူတွေကို ၁၉၈၀ Run-M.C နဲ့ Aerosmoith နဲ့ Walk This way', Sex Pistol, ဆိုတဲ့ Punk ဆရာ အဖွဲ့က John lydon နဲ့ Hip-Hop ရဲ့ God Father ဖြစ်တဲ့ Afrika Bambaataa တို့ ပူးပေါင်းဖန်တီးတဲ့ ၁၉၈၄ က Sex Destruction သီချင်းနဲ့ Thrash meatal ဆရာပိုင်းဖြစ်တဲ့ Anthrax နဲ့ Chuck D တို့ရဲ့ Bring The Noise လို သီချင်းတွေကို လေ့လာပါလို့၊ ဟိုမှာက Punk နဲ့ Hip-Hop နဲ့ သိပ်မတိုက်ခိုက်ကြပါဘူးဆိုတာသိဖို့ပါ။ ဂီတဆိုတာ အတူတူလက်တွဲချီတက်မှဖြစ်မှာဆိုတာ ခင်ဗျားတို့ သိဖို့ပါ။ အဲဒီလို Battle Song လို့ခေါ်တဲ့တစ်ယောက်ကို ပုဂ္ဂိုလ်ရေးရော၊ တခြားကိစ္စတွေကိုရော တိုက်ခိုက်တဲ့ သီချင်းတွေက Hip-Hop လောကမှာ ခေတ်စား လာပါတယ်။ ဒီမှာလည်း ဒီလို Battle တွေက ထင်ရှားခေတ်စားပါတယ်။ ပြောချင်တာတော့ ဒီလို တစ်ယောက်နဲ့တစ်ယောက် Battle ရောက်တဲ့ကိစ္စက လူတွေနားထောင်လို့ ကောင်းရမယ့်အပြင် မရိုင်းရပါဘူး။ ဒါက မြန်မာပြည်ဆိုတာကို စဉ်းစားပါ။ ဟိုမှာလည်း အရင်က East Cost နဲ့ West Cost အပြိုင်အဆိုင် Battle Song တွေရှိပါတယ်။ ဒါတွေကိုယှဉ်ပြီး လေ့လာစေချင်ပါတယ်။
ကဲ . .ပြောချင်တာတွေက အများကြီးပါ။ နိဂုံးချုပ်ရရင် ဘာမှန်းညာမှန်းမသိဘဲနဲ့ Hip-Hop နေတဲ့ ချာတိတ်တွေကို ပြောချင်တာပါ။ သိတဲ့လူတွေကို မဆိုလိုပါဘူး။ သိတဲ့လူတွေကိုလည်းအနားက ဘာမှန်း ညာမှန်းမသိဘဲ၊ Hip-Hop လို့ပြောနေတဲ့ လူငယ်တွေကို သင်ပေးဖို့ပါ။ တကယ်တော့ Hip-Hop ဆိုတာ အနှစ်သာရရှိရှိ၊ သမိုင်းတစ်ခုရှိခဲ့တဲ့ ဂီတဆိုတာ သိစေချင်တာပါ။ အခုတော့ ဒီလောက်ပဲ ပြောပါရစေ။ >

ထိပ်ပြောင်ခြင်းအကြောင်း သိကောင်းစရာများ

ထိပ်ပြောင်ခြင်းအကြောင်း သိကောင်းစရာများ
တချို့အမျိုးသားတွေက အသက်ကြီးလာတာနဲ့အမျှ ဆံပင်တွေပါးပါးလာပြီး နောက်ဆုံးပြောင်သွားရော ဦးဦးထိပ်ပြောင်ကြီးတွေ၊ ဦးဦးနောက်ပြောင်ကြီးတွေ ဖြစ်သွားတော့တာပေါ့။ ခန္ဓာကိုယ်ကျန်းမာရေးကို မထိခိုက်ပေမယ့် လှလှပျက်တော့ စိတ်ညစ်ရတာပေါ့နော့။ ဒီကြားထဲ အလိုက်ကမ်းဆိုးမသိ အစအနောက်သန်တဲ့သူတွေနဲ့ တွေ့လို့ကတော့ အနာပေါ်တုတ်ကျ ခုန်ဆွခုန်ဆွ ဖြစ်ရရော။ အဲဒီတော့ ထိပ်ပြောင်တာကိုကြောက်လို့ ကာကွယ်ချင်တဲ့သူတွေကိုရော၊ ထိပ်ပြောင်စပြုနေတဲ့ ဦးဦးပေါက်စတွေကိုရော၊ ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေကိုရော ထိပ်ပြောင်ခြင်းအကြောင်း သိကောင်းစရာလေးတွေကို သိအောင်ပြောပြမယ်နော်။
ထိပ်ပြောင်ရခြင်း အကြောင်းရင်းများ
Genes
ထိပ်ပြောင်တာက မျိုးရိုးလိုက်တာလို့ သိထားကြတယ်ဟုတ်။ တကယ်လည်း မျိုးရိုးလိုက်ပါတယ်။ အဖေက ထိပ်ပြောင်ရင် ဒါမှမဟုတ် အဘိုးက ထိပ်ပြောင်ရင် ကိုယ်လည်း ထိပ်ပြောင်နိုင်တယ်လေ။ အဘိုးက အဖေဘက်ကဖြစ်ဖြစ် အမေဘက်က ဖြစ်ဖြစ်နော်။ ဒါပေမယ့် မျိုးရိုးမှာ ထိပ်ပြောင်တဲ့သူတွေရှိလို့ ငါလည်းပြောင်တော့မှာပဲလို့ တွေးပူပြီး အရမ်းစိတ်ညစ်မနေနဲ့အုံးနော်။ မျိုးရိုးရှိတိုင်းလည်း ထိပ်ပြောင်မယ်လို့တော့ မဟုတ်ဘူး။ မျိုးရိုးရှိရင် ထိပ်ပြောင်နိုင်ချေများတယ်။ ဒါပေမယ့် ဘယ်တွေပေါ်မူတည်သေးလဲဆိုတော့ အဓိကက ဟော်မုန်းနဲ့ အသက်အရွယ်ပဲ။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တယ်နော်။
Hormone
ထိပ်ပြောင်ရခြင်းရဲ့ အဓိကတရားခံလူဆိုးကြီးက ကျားဟော်မုန်းပါ။ အမျိုးသားတွေ သန်သန်မာမာ ကျားကျားလျားလျားကြီးတွေဖြစ်ဖို့အတွက် ကျားဟော်မုန်းများများလိုတာပေါ့။ ဒါပေမယ့်
Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းက Dihydrotestosterone (DHT) အဖြစ်ပြောင်းသွားတယ်။ ဆံပင်တွေထွက်လာတဲ့ မွှေးညှင်းအိတ်တွေပေါ်မှာ DTH ရဲ့ သက်ရောက်မှုကြောင့် မွှေးညှင်းအိတ်တွေ ကျုံ့သွားတယ်။ အဲဒီတော့ ထွက်လာတဲ့ ဆံပင်တွေက မသန်တော့ဘူး။ ပြီးတော့ တဖြည်းဖြည်းပါးလာတာကနေ နောက်ဆုံးပြောင်သွားပါလေရော.. :D တကယ်က ထိပ်ပြောင်တယ်ဆိုတာဟာ ဆံပင်လုံးဝ မပေါက်တော့တာ မဟုတ်ပါဘူး။ ဆံပင်ကျွတ်တာလည်း ဟုတ်တယ်၊ တစ်ချို့ဆံပင်တွေ မပေါက်တော့တာလည်း ဟုတ်တယ်၊ အဓိကက ထွက်လာတဲ့ဆံပင်တွေက အရမ်းကို ပါးလွန်းနေလို့ သေချာမမြင်ရတာပါ။
Age
ဟုတ်ပြီ.. မျိုးရိုးလည်း ရှိတယ်၊ ကျားဟော်မုန်းဆိုတာလည်း ယောကျာ်းတိုင်းမှာ ရှိတယ်။ ဘာလို့ အသက်ငယ်တုန်းမှာ ထိပ်မပြောင်လဲပေါ့။ သူငယ်ချင်းတို့ မသိချင်ဘူးလား။ ရင်နှင်းလည်း ကိုယ့်ဟာကိုယ်မေးခွန်းတွေ ထုတ်ပြီး အရမ်းသိချင်တော့ အဖြေကို မရမကရှာ။ ထိပ်ပြောင်တဲ့အကြောင်းကို သေချာရေးထားတဲ့စာတွေက ရှားတော့ မနဲကိုရှာလိုက်ရတယ်။ အဖြေကတော့ အချိန်ပါပဲ။ ကျားဟော်မုန်းတွေက လူပျိုဖော်ဝင်မှ အရွယ်ရောက်မှပေါ့နော်.. ယောကျာ်းတစ်ယောက်အတွက် လုံလောက်တဲ့ပမာဏရအောင် ခန္ဓာကိုယ်က ထုတ်ပေးတာပါ။
အဲလို ဟော်မုန်းတွေများလာပေမယ့်လည်း မွှေးညှင်းအိတ်တွေကို မထိခိုက်နိုင်သေးဘူး။ အဓိကက မျိုးရိုးရှိတဲ့သူတွေမှာ မွှေးညှင်းအိတ်လေးတွေက ဟော်မုန်းကို အကြာကြီးထိတွေ့ပြီးတော့မှ မွှေးညှင်းအိတ်တွေ ကျုံ့သွားပြီး ထိပ်ပြောင်သွားရတာပါ။ ဆံပင်တစ်ချောင်းရဲ့သက်တမ်းတောင် ၂ နှစ်ကနေ ၆ နှစ်ရှိတာဆိုတော့ မွှေးညှင်းအိတ်လေးတွေက ဟော်မုန်းကို အကြာကြီးထိတွေ့ပြီးတော့မှ မွှေးညှင်းအိတ်တွေ ကျုံ့သွားပြီး သိသိသာသာထိပ်ပြောင်လာဖို့က တော်တော်အချိန်ကြာမှ အသက်ကြီးမှ ဖြစ်တာပေါ့။ တော်သေးတာပေါ့နော်။ မဟုတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လှလှပျက်မှာ.. :D ထိပ်ပြောင်တာမှာ တချို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ပြောင်စပြုလာတယ်။ တချို့ကလည်း အသက်ကြီးမှ ပြောင်တယ်။ ဘယ်ပေါ်မူတည်လည်းဆိုတော့ ဟော်မုန်းပမာဏများတာတို့၊ စိတ်ဖိစီးမူများတာတို့၊ အာဟာရပြည့်ပြည့်၀၀မစားသောက်တာတို့၊ ဆံပင်ကို ဂရုမစိုက်တာတို့ဆိုရင် စောစောစီးစီးပြောင်တော့တာပေါ့။
ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုး
ထိပ်ပြောင်တာကလည်း ခေါင်းမှာ ပြောင်ချင်တဲ့နေရာမပြောင်ဘူးနော်။ စည်းကမ်းရှိတယ်။ :D နားထင်နဲ့ နောက်စေ့က ဆံပင်တွေကတော့ မပြောင်တတ်ဘူး။ ထိပ်ပြောင်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပုံလေးနဲ့ ပြောပြမယ်နော်။
ထိပ်ပြောင်ခြင်းကို ကုသမှု
ခုထိ ထိပ်ပြောင်ရင် ဆံပင်ပြန်ပေါက်လာအောင် ထိရောက်တဲ့ကုသမှု မရှိသေးပါဘူး။ Minoxidil ပါတဲ့ လိမ်းဆေးတွေတော့ ရှိပါတယ်။ မွှေးညှင်းအိတ်တွေကို လှုံ့ဆော်ပေးတော့ ဆံပင်ကျွတ်တာ နှေးစေတယ်။ တချို့သူတွေမှာဆိုရင် ဆံပင်တောင် သန်သန်စွမ်းစွမ်းပြန်ပေါက်လာတယ်တဲ့။ Finasteride ဆိုတဲ့ သောက်ဆေးတစ်မျိုးလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဆေးက ကျားဟော်မုန်းကြောင့် ထိပ်ပြောင်မလာအောင် ထိပ်ပြောင်တဲ့နှုန်းနှေးအောင် လုပ်ပေးရုံပဲ။ ဆံပင်တွေ ပြန်ပေါက်စေတာ မဟုတ်ဘူး။ Minoxidil ထက်တော့ နဲနဲပိုကောင်းတယ်တဲ့။ ဒါပေမယ့် ဒီဆေးတွေကို ဖြတ်လိုက်ရင် ထိပ်ပြောင်အုံးမှာပဲတဲ့။ တစ်သက်လုံး လိမ်းရ သောက်ရမယ့်ကိန်းပဲ။ :D ဈေးလည်းကြီးတော့ မချောင်ဘူးနော်။
အနောက်နိုင်ငံတွေမှာတော့ အသည်း၊ ကျောက်ကပ်တို့လို ခန္ဓာကိုယ်အဂါင်္အစိတ်အပိုင်းတွေကို အစားထိုးသလို ဆံပင်ကိုလည်း အစားထိုးပြီး စိုက်ကြတယ်။ ခု ပညာရှင်တွေက ဆံပင်တွေ ကောင်းကောင်းမွန်မွန်ပြန်လည်ရှင်သန်နိုင်မယ့် လိမ်းဆေးတွေ တီထွင်နေကြပါတယ်တဲ့။ မြန်မြန်ထွင်နိုင်ကြပါစေလို့ ဆုတောင်းရမှာပေါ့နော်။
လောလောဆယ်ကတော့ ထိပ်ပြောင်ပြီးရင် ဆံပင်ပြန်ပေါက်အောင် မလုပ်နိုင်သေးတော့ အထူးသဖြင့် မျိုးရိုးရှိသူတွေက ထိပ်မပြောင်အောင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ကြိုတင်ကာကွယ်ထားရင် ထိပ်ပြောင်နိုင်ချေလည်း နဲသွားသလို အရမ်းလည်းမဆိုးနိုင်တော့ဘူးလေ။ ဆံပင်မကျွတ်ဆံပင်သန်စေမယ့် အစားအစာများနဲ့ ဆံပင်မကျွတ်ဆံပင်သန်စေမယ့် ဗျူဟာများဆိုတဲ့ ပို့စ်တွေထဲကအတိုင်း လုပ်နော်။ စိတ်ဖိစီးမူများရင်လည်း ဆံပင်ကျွတ်နိုင်တယ်ဆိုတော့ ပျော်အောင်နေပြီး ဆံပင်မကျွတ်အောင် ထိပ်မပြောင်အောင် ကာကွယ်ကြနော်။
ထိပ်ပြောင်စပြုနေတဲ့ ဦးဦးပေါက်စတွေ၊ ထိပ်ပြောင်နေတဲ့ ဦးဦးကြီးတွေလည်း ဆံပင်ပြန်ပေါက်မယ့် ရေရေရာရာနည်းမရှိသေးလို့ စိတ်ဓာတ်မကျကြပါနဲ့အုံး။ ထိပ်ပြောင်တာက ရှက်စရာမှ မဟုတ်တာ။ လူမျိုးမရွေး ဘာသာမရွေး လူတန်းစားမရွေး ပြောင်နိုင်တာပဲလေ။ အနောက်နိုင်ငံတွေမှာဆို ထိပ်ပြောင်တာကလည်း ခံ့ညားတဲ့ဆွဲဆောင်မှုတမျိုးလို့တောင် ကောင်မလေးတွေက မှတ်ချက်ပေးကြတယ်တဲ့။ ၀ီလျံမင်းသားတောင် ထိပ်ပြောင်တာပဲလေ။ ဒါပေမယ့် အရမ်းခံ့ညားပြီး ယောကျာ်းပီသတယ်ဆိုပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေတာပဲ။ :D သူထိပ်ပြောင်တာသိသာတဲ့ပုံကို မနဲရှာတင်ထားရတာ။ သိရင် အသရေဖျက်မှုနဲ့ ရင်နှင်းကို တရားစွဲမလားမသိဘူး။ :D ဒါပေမယ့် ရင်နှင်းက ထိပ်ပြောင်လည်း အလှမပျက်ပါဘူးလို့ ထိပ်ပြောင်နေတဲ့သူတွေ စိတ်ဓာတ်မကျပါနဲ့လို့ ဆိုလိုချင်တာပါ။
ဘာပဲဖြစ်ဖြစ် ထိပ်ပြောင်နေလို့ စိတ်မညစ်ပါနဲ့။ စိတ်နေစိတ်ထား၊ အရည်အချင်းနဲ့ ဟာသဥာဏ်ပြည့်ဝပြီး သပ်သပ်ရပ်ရပ်နေတတ်တဲ့သူ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူဆိုရင် အလိုလိုယောကျာ်းပီသပြီး ခံ့ညားနေတာပါပဲ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အားလုံးကို အကောင်းမြင်ပြီး ပျော်ပျော်သာနေနော် သူငယ်ချင်းတို့.. ဒါမှ လူဖြစ်ရကျိုးနပ်မှာပေါ့.. :)
Myanmar Sky Link

Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်

Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်

03 May 2012 |
By itTimes
Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူး၍ ၂၀၁၂ ခုနှစ် မေ ၂၇ ရက်မှ စတင်ကာ Internet Society Myanmar Chapter ကို တရားဝင် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
Internet Society ကို ကမ္ဘာတစ်ဝန်း ရှိ အင်တာနက် သုံးစွဲသူများ အကျိုး ဖြစ်ထွန်းစေရန် အတွက် ၁၉၉၂ ခုနှစ် မှ စတင် တည်ထောင် ခဲ့ပြီး ဝါရှင်တန် ဒီစီ (အမေရိကန်) နှင့် ဂျနီဗာမြို့၊ (ဆွစ် ဇာလန်နိုင်ငံ) တို့တွင် အခြေစိုက် ရုံးများ ဖွင့်လှစ်ထားကာ ယခုအခါ မြန်မာနိုင်ငံ တွင်လည်း ဖွဲ့စည်းသွားမည် ဖြစ်သည်။
"Internet Society Myanmar Chapter ကို ဖွဲ့စည်းတာဟာ ပြည်တွင်းမှာ အင်တာနက် အသုံးပြု မှုနှုန်းတွေ မြင့်တက်လာရန်နဲ့ ကောင်း မွန်ပြည့်စုံတဲ့ Internet Governance ပေါ်ပေါက်လာစေဖို့ပါ။ ဒါ့အပြင်ပြည် တွင်း အင်တာနက်နဲ့ပတ်သက်ပြီး အရေးကြီးကိစ္စပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းပညာရှင် တွေက ဝိုင်းဝန်းကူညီဆောင်ရွက် နိုင်မှာပါ"ဟု MCPA မှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ISOC ဖွဲ့စည်းပြီး ပါက နည်းပညာ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ စာမေးပွဲများ စစ်ဆေးပေးခြင်း၊ ဒေသတွင်း အဖွဲ့များဖွဲ့ ပေးခြင်း၊ ပြည်တွင်းနှင့်နိုင်ငံဒေသ အလိုက် လှုပ်ရှား ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ သတ်မှတ် ပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ပွဲများကျင်းပရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ် လာ ၂၀ဝ၀ ထက်မပိုသော ထောက် ပံ့မှုကို Internet Society မှ ရရှိနိုင် မည်ဖြစ်သည်။ Internet Society Chapter ဖွဲ့စည်းရန် Individual Member ၂၅ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး ယခု Myanmar Chapter ဖွဲ့စည်းရန် ဖြစ်မြောက်ရေး Individual Member ၅၅ ဦးအထိရှိ ပြီဖြစ်ကြောင်း သိရသည်။
ISOC အသင်းဝင် လိုပါက www.internetsociety.org တွင် Sign up လုပ်၍ အလွယ်တကူ ဝင်ရောက်နိုင်သည်။ Internet Society သည် ကမ္ဘာတွင် အဖွဲ့ဝင် ပေါင်း ၅၅,ဝ၀ဝ ကျော်ပါဝင် ပြီး လက်ရှိ Chapter ပေါင်း ၉၀ ရှိကာ Organizational Members ပေါင်း၁၃၀ကျော် ရှိသည်။

တီဗွီ ကြည့်ချိန် လျော့ချပါက အသက်ပိုရှည်နိုင်

တီဗွီ ကြည့်ချိန် လျော့ချပါက အသက်ပိုရှည်နိုင်
By Angel Kids

တီဗွီ ကြည့်ချိန် လျော့ချပါက အသက်ပိုရှည်နိုင်တယ်လီဗေးရှင်း ကြည့်ရှုတာဟာ အပန်းဖြေနည်း တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အများကြီး တီဗွီ ကြည့်မယ် ဆိုရင်တော့ လူ့ဘဝမှာ နေရတဲ့ သက်တမ်း တိုတောင်း သွားနိုင်တယ်လို့ လေ့လာသူ တွေက တွေ့ရှိ ခဲ့ကြပါပြီ။
သြစတြေးလျ သုတေသန ပညာရှင်တွေက အသက်(၂၅)နှစ် အထက် တီဗွီ ကြည့်ရှုသူ အရေအတွက် (၁၀၀၀၀) ကျော်ကို လေ့လာ ခဲ့ကြပါတယ်။ သူတို့ တွေ့ရှိ ခဲ့ကြတာကတော့ တစ်နေ့ကို ပျမ်းမျှ (၆)နာရီ လောက် တီဗွီကြည့်တဲ့ သူတစ်ယောက် ဟာ တီဗွီမကြည့်တဲ့ သူတစ်ယောက်ထက် လူ့ဘဝ သက်တမ်း(၅) နှစ်လောက် ပိုပြီး တိုတယ်ဆိုတာပါပဲ။
တီဗွီကြည့်ချိန် များတဲ့အခါ ကိုယ်လက် လှုပ်ရှားမှုတွေ နည်းလာမယ်။ နှလုံးရောဂါ၊ ဆီးချိုရောဂါ တွေဖြစ်ဖို့ အခွင့်အလမ်းတွေလည်း များလာ တယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။

စိတ်ဖိစီးမှု ကို အမြန်ဆုံး လျှော့ချနိုင်သော နည်းလမ်း ခြောက်သွယ်

စိတ်ဖိစီးမှု ကို အမြန်ဆုံး လျှော့ချနိုင်သော နည်းလမ်း ခြောက်သွယ်
By Good Health

စိတ်ဖိစီးမူစိတ် ဖိစီးမှုကို အနည်းနဲ့ အများတော့ လူတိုင်း လိုလို ကြုံတွေ့ နေရပါတယ်။ စိတ် ဖိစီးမှု မဖြစ်အောင် နေထိုင် တာ အ ကောင်း ဆုံးဆို ပေမယ့်လည်းဖြစ်လာပါ က အမြန်ဆုံးပြေပျောက်သွားအောင် လုပ် ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ရေး သားလိုက်ပါတယ်။
၁။ ဇက်ကြောလျှော့ပေးပါ
စိတ်ဖိစီးမှုဖြစ်ပေါ်တဲ့အခါ ပထမ ဆုံး စသိနိုင်တာက သင့်လည်ပင်းပါ။ အ များစုက ဇက်ကြောတက်တယ်လို့လည်း ပြောတတ်ကြပါတယ်။ စိတ်ဖိစီးမှုကြောင့် သင့်လည်ပင်းတောင့်တင်းလာပါက သင့် ညာဘက်လက်နဲ့ ဦးခေါင်းကိုကျော်ကာ ဘယ်ဘက်နားရွက်အနောက်နားကို ထိ ထားပြီး ဦးခေါင်းကို ညာဘက်ပခုံးဆီ ဖြည်းဖြည်းချင်း ဆွဲပါ။ အဲဒီပုံစံအတိုင်း တစ်ဖက်ပြောင်းပြီး ပြုလုပ်ပေးပါ။ စိတ်ဖိ စီးမှုကြောင့် ဇက်ကြောတောင့်တင်းတာ သက်သာသွားစေပါတယ်။
၂။ တေးဂီတနားဆင်ပါ
ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့ လာမှုအရ နေ့စဉ် စိတ်ညစ်ညူးစရာတွေ တွေ့ကြုံရတာကြောင့် သွေးပေါင်အနည်း ငယ်တက်တာ ဖြစ်ပေါ်စေတယ်လို့ တွေ့ ရပါတယ်။ လေ့လာသူတွေက တေးဂီတ နားဆင်တာနဲ့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တာကို ယှဉ်ပြီး လေ့လာကြည့်တဲ့ အခါ တေးဂီတ နားဆင်တာက သွေး ပေါင် ပိုမိုကျဆင်းစေတာကို တွေ့ရပါ တယ်။ သင်က စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်ညူးနေတဲ့အခါ တေးဂီတကို နား ဆင်တာက စိတ်ဖိစီးမှုကို အကောင်းဆုံး လျှော့ချပေးနိုင်တဲ့ နည်းလမ်းပါ။
၃။ အသက်ရှူသွင်း၊ ရှူထုတ်ဖို့ သတိရပါ
သက်သောင့်သက်သာ ထိုင်ပြီး သင့် မျက်လုံးတွေကို မှိတ်ထားကာ အာရုံစိုက် ပြီး အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်တာ က စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ အ ကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခု ပါ။ ရှူသွင်းလိုက်တဲ့ လေတွေက ခန္ဓာ ကိုယ်အနှံ့ကို ဝင်ရောက်သွားပြီး ရှူထုတ် လိုက်တဲ့အခါ ခန္ဓာကိုယ်မှ မလိုအပ်တာ တွေကို ဖယ်ရှားရှင်းလင်းပေးပါတယ်။
၎။ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ
တစ်နေ့ကို မိနစ် ၄၀ ကြာအောင် လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ အဆင်မပြေပါက ရေချိုးလိုက် တာ၊ နေ့လယ်စာ စားတာတွေ ပြုလုပ် လိုက်တာကလည်း စိတ်ဖိစီးမှုကို ပြေ လျော့စေပါတယ်။ ရုံးကနေ အိမ်ပြန် ရောက်တဲ့အခါ အိမ်အနီးအနားပတ်ဝန်း ကျင်ကို လမ်းပတ်လျှောက်တာမျိုးတွေ လည်း လုပ်ပေးနိုင်ပါတယ်။ ဒါတွေအား လုံးက စိတ်ဖိစီးမှုတွေ လျော့ကျစေပြီး စိတ်ခံစားမှုကောင်းစေပါတယ်။
၅။ နေ့ခင်း တစ်ရေးအိပ်ပါ
ဖြစ်နိုင်မယ်ဆိုရင် နေ့ခင်းတစ်ရေး အိပ်တာက သင်ရဲ့ စိတ်ဖိစီးမှုတွေကို မောင်းထုတ်နိုင်ပါတယ်။ လေ့လာမှုတွေ အရ နေ့ခင်းဘက်မှာ နာရီဝက်လောက် တစ်ရေးအိပ်စက်တာက နှလုံးတိုက်ခိုက် ခံရနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းစေ တယ်လို့ ဆိုပါတယ်။
၆။ ရေခဲကပ်ပေးပါ
ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်း ရှိတာက ဦးနှောက်မှာ ဆီရိုတိုနင်ဟော် မုန်းထုတ်လုပ်မှုကို များစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ သင့်အလုပ်မှာစိတ် ဖိစီးမှုများတဲ့အခါ ရေခဲကို တဘက်လေး နဲ့ ထုပ်ပြီး ဇက်ပေါ်မှာ ၁၅ မိနစ်ကြာတင် ထားပေးပါ။ စိတ်တည်ငြိမ်မှုရစေပြီး ဖိစီး မှုတွေ ပြေပျောက်သွားစေပါတယ်။

အတွင်းရော အပြင်ပါ လှပစေမည့် နည်းလမ်း များ

အတွင်းရော အပြင်ပါ လှပစေမည့် နည်းလမ်း များ
By Good Health

Beautyလှပတဲ့ ရုပ်ရည် ရူပကာ ပိုင်ဆိုင်နိုင် ဖို့ဆိုတာ တန်ဖိုးကြီး အဝတ် အစား တွေ၊ မိတ်ကပ် အလှကုန် ပစ္စည်းတွေ ပေါ်မှာသာ မူတည်နေတာမဟုတ်ပါဘူး။ အတွင်းစိတ်ပေါ်မှာလည်း များစွာမူတည်နေပါတယ်။ အတွင်းစိတ်လေးကြည်နေမှ ရုပ်ရည်လည်း ကြည် လင်ပြီး လှပနေမှာပါ။ ဒါကြောင့်အတွင်းရော အပြင် ပါ လှပကြည်လင်စေနိုင်တဲ့၊ ငွေမကုန်တဲ့ အလွယ် နည်း၊ အမြန်နည်းတွေကို ဖော်ပြလိုက်ပါတယ်။
___
ပြုံးပါ
ကြားဖူးကြမှာပါ။ ပြုံးခြင်းက မဲ့ခြင်းထက်ြွကက် သားအနည်းငယ်ကိုသာ အသုံးပြုကြောင်းကိုပေါ့။ ပြုံးနေတာဟာ မဲ့ရတာထက် ပိုလွယ်ကူပါတယ်။ ဒါ့ အပြင် လေ့လာချက်အသစ်အရ ပြုံးခြင်းက ရုပ်ရည် ကို ပိုပြီးလှပစေပါတယ်။ ဘယ်လိုရုပ်ရည်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ၊ ပြုံးနေသူဟာ ခပ်တည်တည်နေသူ ထက် ပိုပြီးဆွဲဆောင်မှုရှိကာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒါ့အပြင် အမေရိကနိုင်ငံမှာ လူပေါင်း ၅၀ဝ ကို ဓာတ်ပုံတွေပြပြီး ရွေးချယ်ခိုင်းရာ မှာ အရယ်ဆုံး၊ အပြုံးဆုံးဓာတ်ပုံတွေဟာ တခြားပုံ တွေထက် နှစ်ဆကျော်ကျော် ပိုပြီးဆွဲဆောင်မှုရှိတယ် လို့ အရွေးခံခဲ့ရပါတယ်။ ဒါ့အပြင် ပြုံးနေသူတွေဟာ ပိုပြီးပေါ်ပြူလာဖြစ်တယ်၊ ပိုပြီးထက်မြက်တယ်၊ ပိုပြီး အောင်မြင်တယ်၊ ပိုပြီးချမ်းသာတယ်လို့လည်း အထင်ခံရပါတယ်။ ကျွန်မတို့ဟာ မသိစိတ်က အလိုလို ပြုံးပျော်ရွှင် နေသူတွေကို သဘောကျတတ်ကြပါတယ်။ ဘာ ကြောင့်လဲဆိုတော့ အပျော်တွေဟာ ကူးစက်တတ် တာကြောင့် ပျော်ရွှင်နေသူတွေနားနေပါက ကျွန်မ တို့ကိုပါ စိတ်ချမ်းသာရတာကြောင့်ပါ။ ဒါ့အပြင် ပြုံးခြင်းက မျက်နှာြွကက်သားတွေကို ပင့်တင်ပေးတာ ကြောင့် အရေပြားတွဲကျခြင်းကနေ ကာကွယ်ပေးကာ ငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ဒါကြောင့် များများသာ ပြုံးပါ။ စိတ်ချမ်းသာအောင် နေပါ။
သဘောကောင်းပါ
ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဟာ သင့်စိတ်ကို ကြည်နူးစေရုံမျှမက သင့်ကိုလည်း ပိုပြီးဆွဲဆောင်မှုရှိ စေပါတယ်။ သဘောကောင်းပြီး ကြင်နာတတ်သူတွေ ဟာ ရိုင်းစိုင်းစိတ်ပုပ်သူတွေထက် အများကြီး ပိုကြည့် ကောင်းပါတယ်။ နဂိုရုပ်ဘယ်လောက်ပဲ ချောမော နေပါစေ၊ အတွင်းစိတ်ပုပ်ရင် ရုပ်က အလိုလိုမှိုင်း နေတတ်ပါတယ်။ အများအကျိုး ဆောင်ရွက်တတ် ခြင်းဟာ မိတ်ဆွေအပေါင်းအသင်း ရွေးရာမှာ အရေးကြီးတဲ့ အရည်အချင်းတစ်ရပ်ဖြစ်တာကြောင့် ကူညီတတ်သူ၊ သဘောကောင်းသူတွေမှာ ခင်မင် လိုသူတွေ ပေါများလှပါတယ်။ သင်ရဲ့သဘောကောင်းတဲ့စိတ်ကို သိတဲ့ သင့် သူငယ်ချင်းတွေဟာ သင့်အကြောင်း သိပ်မသိသေးတဲ့ သူစိမ်းတွေထက်စာရင် သင့်ကို ၂၀ ရာခိုင်နှုန်း ပိုပြီး ကြည့်ကောင်းတယ်လို့ အလိုလိုမြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သင်ရဲ့ နွေးထွေး ကြင်နာမှုတွေကိုပါ သင့်အလှထဲ ပေါင်းထည့်မြင်တတ် ကြတာကြောင့်ပါ။
ပန်းရောင်၊ မက်မွန်ရောင်ဝတ်ပါ
ပန်းနုရောင်၊ ပန်းဝါရောင်ဖြစ်တဲ့ မက်မွန်ရောင် တွေဟာ ဝတ်ဆင်သူတွေကို ငယ်ရွယ်နုပျိုစေနိုင်ပါ တယ်။ ကျွန်မတို့ဟာ ပန်းရောင်လွှမ်းတဲ့ ပတ်ဝန်းကျင် ကို နှစ်သက်ရုံမျှမက ပန်းရောင်ကို တန်ဖိုးထား နှစ် သက်တတ်ကြပါတယ်။ လေ့လာချက်အရ လူပေါင်း ၁၀ဝ၀ဝ ကျော်ကို အရောင်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်တွေလေ့လာရာမှာ ပန်းရောင် ဒါမှမဟုတ် မက်မွန်ရောင်ဝတ်ထားသူတွေကို နှစ်လိုဖွယ်ကောင်း တဲ့၊ နွေးထွေးကြင်နာတတ်တဲ့၊ ချစ်ခင်တတ်တဲ့ ကိုယ် ရည်ကိုယ်သွေးရှိသူတွေအဖြစ် မြင်ကြကြောင်းတွေ့ ရပါတယ်။ ဒါ့အပြင် ပန်းရောင်သန်းတဲ့ ကျွဲကောသီးနံ့ ရေမွှေးဆွတ်ထားပါက အသက်ခြောက်နှစ်မျှ ငယ် ရွယ်တယ်လို့ ထင်စေနိုင်ကြောင်းကိုလည်း လေ့လာ တွေ့ရှိထားပါတယ်။
မျက်လုံးချင်းဆုံပါ
တခြားသူတစ်ယောက်ရဲ့ မျက်လုံးကြည့်ခြင်း၊ ဆုံခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် ပြောဆိုရာမှာ အရေးပါပြီး သင်ဟာ သူပြောတာကို စိတ်ဝင်တစားနားထောင်နေကြောင်း ဖော်ပြရာ ရောက်ပါတယ်။ ဒါ့အပြင် မျက်လုံးချင်းဆုံခြင်းက သင့်ကို ရှစ်ဆပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေနိုင် ပါတယ်။ ကင်မရာကို တည့်တည့်ကြည့်နေတဲ့ဓာတ်ပုံ တွေနဲ့ ကင်မရာကို မကြည့်ဘဲ ငေးနေတဲ့ ဓာတ်ပုံ တွေရဲ့ ဆွဲဆောင်မှု နှုန်းထားတွေကို နှိုင်းယှဉ်ကြည့်ရာ မှာ နဂိုရုပ်ရည်က ဘယ်လိုပုံပဲဖြစ်နေပါစေ၊ ကင်မရာ ကို စိုက်ကြည့်နေတဲ့ ပုံတွေက ပိုပြီးဆွဲဆောင်မှုရှိ ကြောင်း တွေ့ရပါတယ်။ လူတစ်ယောက်ရဲ့ မျက်လုံးကို စိုက်ကြည့်ခြင်း က သင်ဟာ သူ့အပေါ် စိတ်ဝင်စားကြောင်းပြရာရောက် တာကြောင့် သင်ကိုယ်တိုင်လည်း ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာတာ၊ ဆွဲဆောင်မှုပိုလာတာပဲဖြစ်ပါတယ်။
မုန်လာဥနှင့် ကန်စွန်းဥစားပါ
ဒီဥနှစ်မျိုးစလုံးဟာ အရေပြားကို ချောမွေ့ကြည် လင်စေတဲ့ ဗီတာမင်အေြွကယ်ဝရုံမျှမက အရေပြား ကိုပါ သဘာဝအတိုင်း နှင်းဆီသွေးရောင်တောက်ပ တာကြောင့် ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ လေ့လာ ချက်အရ လူတွေရဲ့ အသားရောင်ကို နှိုင်းယှဉ်ကြည့် ကြရာမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ နေရောင်ကြောင့် အသားဝင်းဝါတာထက် ဟင်းသီး ဟင်းရွက်စားပြီး သဘာဝအတိုင်း ဝင်းဝါနေတဲ့အသား အရေကို ပိုနှစ်သက်ကြကြောင်း တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ စိုပြည်လှပတဲ့ အသားအရေကို ကြည့်ပြီး ထိုလူရဲ့ ကျန်းမာရေးနဲ့ ဘဝလူနေထိုင်မှုပုံစံကိုပါ မသိစိတ်က အလိုလိုဆုံး ဖြတ်တတ်ကြတာကြောင့်ပါ။ စိုပြည်တဲ့အသားအရေ ပိုင်ပါက လူချစ်လူခင်ပိုများတတ်ပါတယ်။
ဒေါက်တာ နုမြတ်

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။ စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်- ခေါင်းကိုက်နေစဉ် ပျို့လာရင်Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref:Good Health
Source: www.thespiritfruit.com
Published: 2012-05-02 10:13:00 UTC

စကားပုံများ

သွန်းကြိုက်တဲ့စကားပုံလေးတွေကို သူငယ်ချင်းအားလုံးကို မျှဝေပေးတာပါနော်..................
What is the use of running,when you are on the wrong road.
လမ်းမှားပေါ်ရောက်နေမှတော့ ပြေးနေတာအပိုပဲ။
The good you do is not lost,though you forget it.
သင်လုပ်တဲ့ကောင်းမှုဟာသင်ကမေ့လျော့နေတာတောင်ပျောက်ပျက်မသွားပါ။
Loss of honour is loss of life .
ဂုဏ်သရေဆုံးရှုံးတာဟာဘ၀ဆုံးရှုံးခြင်းပဲ။
Do not all you can,spend not all you have,belief not all you hear and tell not all you khow.
တတ်စွမ်းသမျှလည်းမလုပ်နဲ့ ၊ ရှိသမျှလည်းမသုံးနဲ့ ၊ ကြားသမျှလည်းမယုံနဲ့ ၊ သိသမျှလည်းမပြောနဲ့ ။
Despair gives courage to a coward. Hope is as cheap as despair.
စိတ်ပျက်အားလျော့ခြင်းဟာသူရဲဘောကြောင်သူကိုသတ္တိပေးတယ်။
မျှော်လင့်ခြင်းဆိုတာစိတ်ပျက်ခြင်းလိုပဲပေါပေါနဲ့ ရတယ်။
He that knows nothing doubts every thing.
ဘာကိုမှမသိတဲ့သူဟာအရာရာကိုသံသယရှိတယ်။
To endure what is unendurable is true endurance .
ခံနိုင်ရည်မရှိလောက်တဲ့အရာကိုခံနိုင်ရည်ရှိတာမှတကယ့်ခံနိုင်စွမ်းရည်။
He who begins many things finishes but few.
ဟိုစပ်စပ်ဒီစပ်စပ်စထားတဲ့သူဟာအပြီးသတ်ရာမှာနည်းနည်းပဲပြီးတယ်။
He is only bright that shines by himself.
သူ့ ကိုယ်သူအရောင်တင်တဲ့သူသာလျှင်အရောင်လက်တယ်။
Great works are performed not by strength but by perseverance.
ကြီးကျယ်တဲ့အလုပ်တွေကိုခွန်အားနဲ့ လုပ်ခဲ့တာမဟုတ်ဇွဲနဲ့ လုပ်ခဲ့ခြင်းသာဖြစ်တယ်။
Poverty and wealth are comparative sins.
ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတာအတူတွဲနေတဲ့မကောင်းဆိုးဝါးတွေပဲတဲ့။
Nature is the best teachers.
သဘာဝတရားဟာအကောင်းဆုံးဆရာတွေပါပဲ။
Beauty is in the eye of the beholder.
အလှပဆိုတာကြည့်တတ်သူမျက်လုံးထဲမှာရှိတယ်။
The truly civilized man has no enemies.
အမှန်တကယ်ယဉ်ကျေးသိမ်မွေ့ တဲ့သူမှာဘာရန်သူမှမရှိပါဘူး။

အားကစားသမားတို့အတွက် အာဟာရ

အားကစားသမားတို့အတွက် အာဟာရ

အားကစားသမားတို့အနေနဲ့ သွေးလှည့်ပတ်မှုစနစ်ကောင်းမွန်စေဖို့အတွက် အောက်ပါ အစားအသောက်တွေကို ရွေးချယ်မှီဝဲ ပေးသင့်ပါတယ်။ငရုတ်သီး၊ ကန်စွန်းဥ၊ ကီဝီသီးနှင့်စတော်ဘယ်ရီသီးများဒီအစားအစာတွေအားလုံးမှာ ဗီတာမင်စီပမာဏမြင့်မားစွာပါဝင်ပြီး ကိုလာဂျင်ဖြစ်ပေါ်ရေးမှာ အရေးပါပါတယ်။
သွေးလွှတ်ကြောတွေကိုလည်း ကျန်းမာစေပါတယ်။ဝက်သစ်ချစေ့၊ နှမ်းကြတ်စေ့နှင့် ဆယ်လ်မွန်ငါး ဒီအစားအစာတွေမှာ ပေါများစွာပါဝင်တဲ့ အိုမီဂါသရီးဖက်တီးအက်စစ်ဟာ သင့်ကြွက်သားတွေနဲ့ သွေးလွှတ်ကြောတွေအတွက် ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ပေးနိုင်ပါတယ်။
ပဲအမျိုးမျိုး၊ ဆန်လုံးညို၊ အသား ဒီအစားအစာတွေကနေ ဗီတာမင်ဘီစစ်၊ ဘီတွဲလ်နဲ့ ဖောလစ်အက်စစ်တို့ကိုရရှိပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
ဟင်းရွက်များ၊ ဘက်ရီသီးမှား၊ ဖရဲသီး၊ နို့နဲ့နို့ထွက်ပစ္စည်းများသွေးပြန်ကြောကျန်းမာရေးနဲ့ ကြွက်တက်ခြင်းကာကွယ်ရေးအတွက် လိုအပ်တဲ့ဗီတာမင်အေ၊ စီ၊ အီး၊ မဂ္ဂနီဆီယမ်နဲ့ ဆီလီနီယမ်ဓာတ်တို့ကို ဒီအစားအစာတွေကနေ ရရှိစေပါတယ်။
Tips! အားကစားမလုပ်ဖူးသူတွေအနေနဲ့ အားကစားအစီစဉ်မစခင်မှာ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။
Ref: Good Health
Source: www.thespiritfruit.com
Published: 2012-05-02 10:07:00 UTC

☆☆☆Passwords ခိုးတဲ့ဆော့ဝဲလေးပါ☆☆☆

ဒီဆော့ဝဲလေးက ဂျီတော့ Passwords ကိုခိုးတဲ့အချိန်အရမ်းအသုံးဝင်ပါတယ်။ကျွန်တော်လဲရလို့သူငယ်ချင်း
ကိုပြန်လည်မျှဝေလိုက်ပါတယ်။သူငယ်ချင်းများကျေနပ်မယ်လို့မျှော်လင့်မိပါတယ်။
မှတ်ချက်။  ။ဂျီတော့password ခိုးလို့ရတယ်ဆိုတာဟုတ်ပါတယ်။ကိုယ်စက်ကဂျီတော့ဖွင့်ပြီးမတတ်မီPassword ကိုကြည့်လို့ရပါတယ်။
တစ်ခြားစက်ကအကောက်တွေကိုခိုးလို့ရပါ။
ဆော့ဝဲကိုဒေါင်းလို့အဆင်မပြေပါက mr.beanvenus@gmail.com ကိုဆက်သွယ်နိုင်ပါသည်။

လောက (၃) ပါး ဆိုင်ရာသိမှတ်ဖွယ်များ

ဖြစ်ပျက်နေသော သဘောတရားများကို လောကဟု ခေါ်သည်။ ထိုလောကသည် -
(၁) သြကာသလောက
(၂) သတ္တလောက
(၃) သင်္ခါရလောက ဟု - (၃)ပါး အပြားရှိသည်။

(၁) သြကာသလောက
သတ္တ၀ါတို့၏ တည်ရာနေရာ ဘုံဌာနသည် သြကာသလောကမည်၏၊ ထိုသြကာသလောကသည် -
(က) ကာမ = ၁၁ ဘုံ
(ခ) ရူပ - ၁၆ ဘုံ
(ဂ) အရူပ - ၄ဘုံအားဖြင့် (၃၁)ဘုံ ရှိပါသည်။ ကာမ(၁၁)ဘုံ ဟူသည် အပါယ်(၄)ဘုံ၊ ကာမသုဂတိ(၇)ဘုံတို့ ဖြစ်ပါသည်။

(က) ကာမ = ၁၁ဘုံ
အပါယ် (၄) ဘုံ
ချမ်းသာကင်းသော ဘုံများကို အပါယ်ဘုံဟု ခေါ်သည်။
(၁) ငရဲ = ချမ်းသာဟူ၍ မြူတစ်စေ့မျှ မရှိသောဘုံ။

ငရဲကြီး (၈) ထပ်
(က) သဉ္ဇိဝ်း = သဉ္ဇိုဝ်းငရဲ = အဖန်ဖန် အထပ်ထပ် ပြန်၍ ပြန်၍ အသက်ရှင်ပြီး ငရဲဆင်းရဲကို ခံစားရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ခ) ကာလသုတ္တ = ကာလသုတ်ငရဲ = မျဉ်းကြိုးအနက်ဖြင့် မျဉ်းသားကာ ပဲခွပ်၊ ပုဆိန်၊ ဓားမ၊ လွှတို့ဖြင့် အရွေးခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ
(ဂ) သဃာံတ = သဃာံတငရဲ = အလျှံတပြောင်ပြောင် တောက်လောင်နေသော သံတောင် သံခဲတို့ဖြင့် အဖန်တလဲလဲ ထုကြိတ်ဝါးမြိုခံနေရသော ငရဲသား တို့၏ ဖြစ်ရာဘုံ၊
(ဃ) ရောရုဝ = ရောရုဝငရဲ = ပြင်းထန်ကျယ်လောင်သော အသံဖြင့် အမြဲတမ်း ငိုကြွေး မြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(င) မဟာရောရုဝ = မဟာရောရုဝငရဲ = ရောရုဝငရဲသားတို့ထက် ပိုလွန်ပြင်းထန်စွာ ငိုကြွေးမြည်တမ်းနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ။
(စ) တာပန = တာပနငရဲ = ပူလောင်လွန်းလှသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဆ) မဟာတာပန = မဟာတာပနငရဲ = တာပနငရဲသားတို့ထက် ပိုလွန် ပြင်းထန်စွာ ပူလောင်သော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဇ) အ၀ီစိ = အ၀ီစိငရဲ = မီးလျှံကွက်လပ်မရှိ၊ ဆင်းရဲဝေဒနာကွက်လပ်မရှိ၊ ငရဲသားကွက်လပ်မရှိသော ငရဲသားတို့၏ ဖြစ်ရာဘုံ။ (ထိုအ၀ီစိငရဲကိုပင် မဟာအ၀ီစိငရဲဟု ခေါ်သည်။)

ဥဿဒ ငရဲငယ် (၅)မျိုး
ထိုငရဲကြီး ရှစ်ထပ်တွင် အထပ်တိုင်းအထပ်တိုင်း၌ အမျိုးမျိုးသော ဆင်းရဲ ဒုက္ခများပြားလှသည့် ငရဲငယ် ငါးခုတို့ဖြင့် ၀န်းရံလျက်ရှိသည်၊ ထိုငရဲငယ်များကို ဥဿဒငရဲဟု ခေါ်၏၊ ထိုဥဿဒခေါ် ငရဲငယ်ငါးခုတို့ကား -
(က) ဘင်ပုပ်ငရဲ (ဂူထ)
(ခ) ပြာပူငရဲ (ကုက္ကုဠ)
(ဂ) လက်ပံတောငရဲ (သိပ္ပလိဝန)
(ဃ) သန်လျက်တောငရဲ (အသိပတ္တ)
(င) ကြိမ်ပိုက်ချောင်းငရဲ (ဝေတ္တရဏီ) - တို့ဖြစ်ပါသည်။
(က) ဘင်ပုပ်ငရဲ = ယူဇနာတစ်ရာနက်သော မစင်တွင်းကြီးထဲ၌ ပိုးလောက်တို့၏ ၀ါးမျိုစားသောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ခ) ပြာပူငရဲ = ယူဇနာတစ်ရာနက်သော ပြာပူတွင်းကြီးထဲ၌ အဖန်ဖန် ပူပြင်းလောင်ကျွမ်းမူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဂ) လက်ပံတောငရဲ = သံနှင့်တူသော လက်ပံဆူး၊ ဓား-သန်လျက်နှင့်တူသော လက်ပံရွက်ရှိသော ယူဇနာတစ်ရာ အမြင့်ရှိသော လက်ပံတော၌ ခွေး၊ လင်းတ၊ ကျားတို့၏ ၀ါးမျိုကိုက်သတ်မူ၊ လက်ပံဆူး၊ လက်ပံရွက်တို့၏ စူးရှဖြတ်တောက်မူကို ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(ဃ) သန်လျက်တောငရဲ = အမြင့်၊ အနံတစ်ယူဇနာစီရှိသော သန်လျက်ရွက်နှင့်တူသော သစ်တောကြီး၌ လက်ပံတော ငရဲနည်းတူ ခံရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊
(င) ကြိမ်ပိုက်ချောင်းငရဲ = အလွန်စပ်ငံသော ကြေးနီပူရေတို့ဖြင့် သံတံကျင်ပမာ စူးရှသော ကြိမ်တို့ ရောယှက်သော ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံနေရသော ငရဲသားတို့၏ ဖြစ်ရာဘုံ၊

ဆောင် = သဉ္ဇိုဝ်း,ကာလ၊ သံဃာတနှင့်၊ ရောရုဝနှစ်၊ တာပန်နှစ်၊ တွက်စစ် အ၀ီစိ။
အထပ်တိုင်းမှာ၊ ဘင်, ပြာ, လက်, သန်၊ ကြိမ်ပိုက်ရံ၊ ငါးတန် ဥဿဒရှိ။
(၂) တိရစ္ဆာန်ဘုံ = တိရစ္ဆာန်တို့၏ နေရာဘုံ၊
(၃) ပြိတ္တာဘုံ = ချမ်းသာမှကင်းဝေးသော ပြိတ္တာတို့၏ နေရာဘုံ၊
(၄) အသုရကာယ်ဘုံ = မြူးထူးပျော်ပါးမူ ကင်းသည့် ပြိတ္တာ အသုရကာယ်တို့၏ နေရာဘုံ။

ကာမသုဂတိ (၇) ဘုံ
ကောင်းမူရှိသူတို့ လားရောက်၍ စည်းစိမ်ချမ်းသာများကို ခံစားရာ ကာမဘုံကို ကာမသုဂတိဘုံဟု ခေါ်သည်။
(၁) လူ့ဘုံ = လူတို့၏ နေရာဘုံ၊
(၂) စာတုမဟာရာဇ်ဘုံ = ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရဟု ဆိုအပ်သော နတ်မင်းကြီး လေးပါးတို့၏ နေရာဘုံ၊
(၃) တာဝတိံသာဘုံ = လာဃလုလင်နှင့် ကုသိုလ်ပြုဖက် ၃၃-ဦးတို့၏ နေရာဘုံ၊
(၄) မာယာဘုံ = ဆင်းရဲဒုက္ခမှ ကင်းသော နတ်တို့၏ ဖြစ်ရာဘုံ၊
(၅) တုသိတာဘုံ = မိမိ၏ စည်းစိမ်ကျက်သရေတို့ကို နှစ်သက်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊
(၆) နိမ္မာနရတိဘုံ = ကိုယ်တိုင်ဖန်ဆင်းထားသော စည်းစိမ်ဖြင့် မွေ့လျော်တတ်သော နတ်တို့၏ ဖြစ်ရာဘုံ၊
(၇) ပရနိမ္မိတ၀သ၀တ္တိဘုံ = သူများဖန်ဆင်းပေးသော စည်းစိမ်းကို မိမိအလိုဆန္ဒအတိုင်း ဖြစ်စေနိုင်သော နတ်တို့၏ ဖြစ်ရာဘုံ။
ဤကာမသုဂတိ (၇)ဘုံတွင် နံပါတ် (၁) လူ့ဘုံမှတပါး ကျန် (၆)ဘုံကို နတ်တို့၏ နေရာဖြစ်၍ နတ်ပြည် (၆)ထပ်ဟု ခေါ်သည်။

(ခ) ရူပ - ၁၆ ဘုံ
ရူပကုသိုလ်ဈာန်ရသူတို့ ရောက်ရာ ဖြစ်သောကြောင့် ရူပဘုံဟု ခေါ်၏။ ထို ရူပဘုံသည် (၁၆)ဘုံ ရှိသည်။
ပထမဈာန် (၃) ဘုံ
(၁) ဗြဟ္မပါရိသဇ္ဇာဘုံ = မဟာဗြဟ္မာတို့၏ အခြံအရံ ပရိသတ်ဖြစ်သော ဗြဟ္မာင်တို့၏ ဖြစ်ရာဘုံ၊
(၂) ဗြဟ္မပုရောဟိတာဘုံ = မဟာဗြဟ္မာတို့၏ မှူးကြီးမတ်ရာ ပုရောဟိတ် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၃) မဟာဗြဟ္မာဘုံ = ကြီးမြတ်ကုန်သော (မဟာ) ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ပထမဈာန် (၃) ဘုံ၊

ဒုတိယဈာန် (၃) ဘုံ
(၄) ပရိတ္တာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါနည်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၅) အပ္ပမာဏာဘာဘုံ = ကိုယ်ရောင်ကိုယ်ဝါများသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၆) အာဘဿရာဘုံ = ပြိုးပြိုးပြတ်ပြတ် တလက်လက် ထွက်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် ဒုတိယဈာန် (၃) ဘုံ။

တတိယဈာန် (၃) ဘုံ
(၇) ပရိတ္တသုဘာဘုံ = နည်းပါးသော်လည်း တခဲနက် တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၈) အပ္ပမာဏသုဘာဘုံ = များပြား၍ တခဲနက်တောက်ပသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၉) သုဘကိဏှာဘုံ = တခဲနက်သော ကိုယ်ရောင်ကိုယ်ဝါ တို့ဖြင့် ရောယှက်နေသည့် ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် တတိယဈာန် (၃) ဘုံ။
(၁၀) ဝေဟပ္ဖိုလ်ဘုံ = ကြီးကျယ်ပြန့်ပြောသည့် အကျိုးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၁) အသညသတ်ဘုံ = သညာ-စသော နာမ်ခန္ဓာ မရှိ၊ ရုပ်ခန္ဓာ သက်သက်ရှိသော ဗြဟ္မာတို့၏ဖြစ်ရာဘုံ၊
- သုဒ္ဓါဝါသဘုံ = အလွန်စင်ကြယ်သော အနာဂါမ်၊ ရဟန္တာ ဗြဟ္မာတို့၏ဖြစ်ရာ သုဒ္ဓါဝါသဘုံ (၅)ဘုံ အားဖြင့် စတုတ္ထဈာန် (၇) ဘုံ၊ ပေါင်း ရူပ ဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်ပါသည်။

သုဒ္ဓါဝါသ (၅) ဘုံ
(၁၂) အ၀ိဟာဘုံ = အချိန်အနည်းငယ်မျှပင် မိမိဘုံဌာနကို မစွန့်ခွာသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၃) အတပ္ပါဘုံ = တစ်စုံတစ်ခုသော အကြောင်းကြောင့်မျှ စိတ်ပူပန်မူ မရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၄) သုဒဿာဘုံ = အလွန်တင့်တယ်သော အရောင်အဆင်း ရှိသောကြောင့် ရူကြည့်ချင်စရာ အလွန်ကောင်းသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၅) သုဒဿီဘုံ = အလွန်စင်ကြယ်သော မျက်စိနှင့် ပြည့်စုံသည့်ဖြစ်၍ လွန်ကဲထူးခြားစွာ မြင်စွမ်းနိုင်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၁၆) အကနိဋ္ဌာဘုံ = ရူပဗြဟ္မာ အားလုံးတို့ထက် စည်းစိမ်အားဖြင့် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်သော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊

(ဂ) အရူပ - ၄ဘုံ
အရူပကုသိုလ် ဈာန်ရသူတို့ ရောက်ရာဖြစ်သောကြောင့် အရူပဘုံဟု ခေါ်၏။ ထိုအရူပဘုံသည် -
(၁) အာကာသနဉ္စာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကာသနဉ္စာယတန၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၂) ၀ိညာဏဉ္စာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ ၀ိညာဏဉ္စာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၃) အာကိဉ္စညာယတနဘုံ = ရုပ်ခန္ဓာမရှိ၊ အာကိဉ္စညာယတန ၀ိပါက်စိတ် စေတသိက်ဟူသော နာမ် ခန္ဓာလေးပါးရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံ၊
(၄) နေ၀သညာနာသညာယတနဘုံ = ရုပ်ခန္ဓာ မရှိ၊ နေ၀သညာ နာသညာ ယတန၀ိပါက်စိတ် စေတသိက် ဟူသော နာမ်ခန္ဓာ လေးပါးသာရှိသော ဗြဟ္မာတို့၏ ဖြစ်ရာဘုံအားဖြင့် (၄)ဘုံ ဖြစ်ပါသည်။

ဧကဝေါကာရ-စတုဝေါကာရ-ပဉ္စဝေါကာရဘုံများ
ဤသို့ဆိုခဲ့ပြီးသော ဘုံတို့တွင် -
(၁) အသညသတ်ဘုံသည် ရူမက္ခန္ဓာဟူသော ခန္ဓာတစ်ပါးသာ ရှိသောကြောင့် ဧကဝေါကာရဘုံ မည်၏
(ဧက = တစ်ပါး + ဝေါကာရ = ခန္ဓာ)
(၂) အရူပ (၄)ဘုံသည် နာမ်ခန္ဓာလေးပါးသာ ရှိသောကြောင့် စတုဝေါကာရ ဘုံမည်၏
(စတု = လေးပါး + ဝေါကာရ = ခန္ဓာ)
(၃) ကာမ (၁၁)ဘုံ၊ အသညသတ်ကြဉ်သော ရူပ (၁၅)ဘုံအားဖြင့် (၂၆)ဘုံသည် ခန္ဓာငါးပါးလုံး ရှိသောကြောင့် ပဉ္စဝေါကာရဘုံမည်၏။
(ပဉ္စ = ငါးပါး + ဝေါကာရ = ခန္ဓာ) ဤသို့အားဖြင့် -
(၁) ကာမ - ၁၁ ဘုံ
(၂) ရူပ - ၁၆ ဘုံ
(၃) အရူပ - ၄ ဘုံ
စုစုပေါင်း (၃၁) ဘုံကို သြကာသလောကဟု ခေါ်သည်။

(၂) သတ္တလောက
လူ နတ် ဗြဟ္မာ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်စသော ပုဂ္ဂိုလ် သတ္တ၀ါ အပေါင်းသည် သတ္တလောက မည်၏။
ထိုသတ္တ၀ါတို့သည် အမျိုးအစားဖြင့် ရှိသည်။
(က) ပုထုဇဉ် ပုဂ္ဂိုလ် - ၄မျိုး
(ခ) အရိယာ ပုဂ္ဂိုလ် - ၈မျိုးအားဖြင့် - ၁၂မျိုး -

ပုထုဇဉ်ပုဂ္ဂိုလ် (၄) မျိုး
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ် = မကောင်းမူ ဒုစရိုက်တို့ကို ပြုလုပ်ခဲ့သောကြောင့် ထိုအကုသိုလ်ကံတို့၏ အကျိုးဖြစ်သော အဟိတ် အကုသလ ၀ိပါက် ဥပေက္ခာ သန္တီရဏစိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်-ဟူသော အပါယ်ဘုံသား သတ္တ၀ါများတည်း။
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ် = ကုသိုလ်ပြုစဉ်အခါက ဉာဏ်လည်းမပါ၊ ရှေ့နောက် အကုသိုလ်ခြံရံ၍လည်း ပြုခဲ့သော အညံ့စား ကုသိုလ်တို့ကြောင့်ဖြစ်သော အဟိတ်ကုသလ၀ိပါက် ဥပေက္ခာသန္တီရဏ စိတ်ဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုပုဂ္ဂိုလ်များကား ဝေမာနိကနတ်ပြိတ္တာ၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ ၀မ်းတွင်းကန်း၊ အ၊ ဆွံ့၊ အရူး၊ ဥဘတောဗျည်း၊ နပုန်းပဏ္ဍုက်စသော ပုဂ္ဂိုလ်တို့နှင့် ဇီဝိတန၀က ကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ် ဗြဟ္မာတို့တည်း။
(၃) ဒွိဟိတ်ပုဂ္ဂိုလ် = အမောဟဟူသော ဉာဏ်ပညာမပါဘဲ အလောဘ၊ အဒေါသဟူသော ဟိတ်နှစ်ပါးဖြင့်သာ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မဂ်ဖိုလ်ရနိုင်လောက်အောင် ဉာဏ်မထက်မြက်သော လူ နတ် ပုဂ္ဂိုလ်တို့တည်း။
(၄) တိဟိတ်ပုဂ္ဂိုလ် = အလောဘ၊ အဒေါသ၊ အမောဟဟူသော (ဉာဏ်ပညာပါသော) ဟိတ်သုံးပါးဖြင့် ပဋိသန္ဓေနေသော ပုဂ္ဂိုလ်။ တရားအားထုတ်သည့်အခါ ဈာန်မင်္ဂဖိုလ်ရနိုင်လောက်အောင် ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်တို့တည်း။

အရိယာပုဂ္ဂိုလ် (၈) ယောက်
(၁) သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိမဂ် ရဆဲပုဂ္ဂိုလ်
(၂) သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = သကကဒါဂါမိမဂ် ရဆဲပုဂ္ဂိုလ်
(၃) အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိမဂ် ရဆဲပုဂ္ဂိုလ်
(၄) အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တမဂ် ရဆဲပုဂ္ဂိုလ်
(၅) သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ် = သောတာပတ္တိဖိုလ် ရပြီးသော (သောတာပန်) ပုဂ္ဂိုလ်
(၆) သကဒါဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်ရပြီးသော (သကဒါဂါမ်) ပုဂ္ဂိုလ်
(၇) အနာဂါမိဖလဋ္ဌာန်ပုဂ္ဂိုလ် = အနာဂါမိဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
(၈) အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် = အရဟတ္တဖိုလ် ရပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်
ပုထုဇဉ်ပုဂ္ဂိုလ်(၄)ယောက်တွင် နောက်ဆုံးဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် အရိယာပုဂ္ဂိုလ် (၈)ယောက်အားဖြင့် (၉)ယောက်သော ပုဂ္ဂိုလ်တို့ကို အလောဘ၊ အဒေါသ၊ အမောဟဟူသော ဟိတ်သုံးပါးနှင့် ပဋိသန္ဓေနေကြသောကြောင့် တိဟိတ်ပုဂ္ဂိုလ်ဟုခေါ်သည်။

အရိယာပုဂ္ဂိုလ် (၈)ယောက်တွင်လည်း - သေက္ခပုဂ္ဂိုလ်၊ အသေက္ခပုဂ္ဂိုလ် ဟူ၍ ပုဂ္ဂိုလ်နှစ်မျိုး ရှိသည်။
(က) သေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ဆဲဖြစ်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်မှတပါး ကျန်အရိယာပုဂ္ဂိုလ် (၇)ယောက် ဖြစ်သည်။
(ခ) အသေက္ခ = သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ကျင့်ပြီးဖြစ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ် (၁)ယောက် ဖြစ်သည်၊ ဤပုဂ္ဂိုလ်ကို “အသေက္ခ” အပြင် “ရဟန္တာ”ဟုလည်း ခေါ်၏။

ဤသို့အားဖြင့် -
(က) ပုထုဇဉ် - ၄ယောက်
(ခ) အရိယာ - ၈ယောက်
အားဖြင့် (၁၂) ယောက်သော ပုဂ္ဂိုလ်များကို သတ္တလောကဟု ခေါ်သည်။

(၃) သင်္ခါရလောက
ဖြစ်တတ်၊ ပျက်တတ်သော သဘောရှိသည်ဖြစ်၍ ဘုံသုံးပါး၌ ဖြစ်သော (တေဘူမက) ရုပ်နာမ်တရားတို့သည် သင်္ခါရလောက မည်၏။

သင်္ခါရလောက (၁) ပါး
သတ္တ၀ါအားလုံးတို့ တည်နေမူ အသက်ရှင်မူ၏ အကြောင်းဖြစ်သော အာဟာရ (အကြောင်း) တရားတစ်ပါး။

သင်္ခါရလောက (၂) ပါး
(၁) ဘုံသုံးပါး၌ဖြစ်သော လောကီစိတ် ၈၁-ပါး၊ စေတသိက် ၅၂-ပါး၊ ဟူသော နာမ်တရား။
(၂) ဖောက်ပြန်တတ်သော သဘောရှိသည့် ရုပ် ၂၈-ပါးဟူသော ရုပ်တရား အားဖြင့် နာမ်၊ ရုပ် နှစ်ပါး။

သင်္ခါရလောက (၃) ပါး
(၁) နှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော သောမနဿ ဝေဒနာ တစ်ပါး၊
(၂) မနှစ်သက်ဖွယ်သော အာရုံကို ခံစားခြင်းသဘောရှိသော ဒေါမနဿ ဝေဒနာ တစ်ပါး၊
(၃) အလယ်အလတ် (တည့်မတ်သမူလျစ်လျူရူသော) ခံစားခြင်း သဘောရှိသော ဥပေက္ခာဝေဒ၏နာ တစ်ပါး - အားဖြင့် ဝေ၏နာ (၃) ပါး။

သင်္ခါရလောက (၄) ပါး
(၁) အလုတ်အလွေးပြု စားမျိုအပ်သော အစာအာဟာရတစ်ပါး၊
(၂) အာရုံကို တွေ့ထိတတ်သော ဖဿအာဟာရတစ်ပါး၊
(၃) စိတ်ကို စေ့ဆော် တိုက်တွန်းတတ်သော မနောသဉ္စေတနာ အာဟာရ တစ်ပါး၊
(၄) အာရုံကို အထူးသိတတ်သော ၀ိဉာဏ်အာဟာရ တစ်ပါး - အားဖြင့် အာဟာရ (၄) ပါး။

သင်္ခါရလောက (၅) ပါး
(၁) ဖောက်ပြန်တတ်သော ရုပ်အစု ရူပုပါဒါနက္ခန္ဓာတစ်ပါး၊
(၂) ခံစားမူအစု ဝေဒနုဒါနက္ခန္ဓာတစ်ပါး၊
(၃) လောကီမှတ်သားမူအစု သညုပါဒါနက္ခန္ဓာတစ်ပါး၊
(၄) လောကီပြုပြင်မူ စီရင်မူအစု သင်္ခါရုပါဒါနက္ခန္ဓာတစ်ပါး၊
( ၅) လောကီသိမူ (စိတ်) အစု ၀ိညာဏုပါဒါနက္ခန္ဓာတစ်ပါး - အားဖြင့် ဥပါဒါနက္ခန္ဓာ ၅-ပါး။

သင်္ခါရလောက (၆) ပါး
(၁) မြင်သိစိတ် (စက္ခုဝိညာဉ်) ဖြစ်ရာ မျက်စိအကြည် စက္ခာယတန တစ်ပါး။
(၂) ကြားသိစိတ် (သောတ၀ိညာဉ်) ဖြစ်ရာ နားအကြည် သောတာယတန တစ်ပါး၊
(၃) နံသိစိတ် (ဃာန၀ိညာဉ်) ဖြစ်ရာ နှာခေါင်း အကြည် ဃာနာယတန တစ်ပါး၊
(၄) လျက်သိစိတ် (ဇိဝှာဝိညာဉ်) ဖြစ်ရာ လျှာအကြည် ဇိဝှာယတနတစ်ပါး၊
(၅) ထိသိစိတ် (ကာယ၀ိညာဉ်) ဖြစ်ရာ ကိုယ်အကြည် ကာယာယတနတစ်ပါး - အားဖြင့် အဇ္ဈတ္တိက(အတွင်း) အာယတန ၆-ပါး။
ဤဆိုအပ်ခဲ့ပြီးသော တရားများနှင့် ခန္ဓာ (၅)ပါး၊ အာယတန (၁၂)ပါး၊ ဓာတ် (၁၈)ပါး၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂-ပါး စသော တေဘူမက ရုပ်နာမ် တရားတို့ကို သင်္ခါရလောကဟု ခေါ်သည်။

လောကသုံးပါး ဆက်သွယ်ပုံ
(က) ကုသိုလ်၊ အကုသိုလ် သင်္ခါရတို့နှင့် ဖြစ်ရာဘုံ ပုဂ္ဂိုလ်များ
သတ္တ၀ါတို့ ပြုလုပ်သမျှသော ကံကို ဤနေရာ၌ သင်္ခါရဟုခေါ်သည်။
ထိုသင်္ခါရတို့သည် ကုသိုလ်သင်္ခါရ၊ အကုသိုလ်သင်္ခါရအားဖြင့် နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးတွင် ကုသိုလ်သင်္ခါရသည်လည်း ကာမကုသိုလ်သင်္ခါရ၊ ရူပကုသိုလ်သင်္ခါရ၊ အရူပကုသိုလ်သင်္ခါရအားဖြင့် သုံးမျိုးပြားပြန်သည်။ ထိုတွင် -
- ကာမကုသိုလ်သင်္ခါရကြောင့် ကာမသုဂတိ (၇) ဘုံ၌ ဖြစ်ရသည်။
- ရူပကုသိုလ်သင်္ခါရကြောင့် ရူပ (၁၆) ဘုံ၌ ဖြစ်ရသည်။
- အရူပကုသိုလ်သင်္ခါရကြောင့် အရူပ (၄) ဘုံ၌ ဖြစ်ရသည်။
- အကုသိုလ်သင်္ခါရကြောင့် အပါယ် (၄) ဘုံ၌ ဖြစ်ရသည်။
ဤကား ကုသိုလ်၊ အကုသိုလ်ကံဟူသော သင်္ခါရလောကနှင့် (၃၁)ဘုံဟူသော သြကာသလောကတို့ ဆက်သွယ်ပုံဖြစ်ပါသည်။
အပါယ်လေးဘုံ၌ ဒုဂ္ဂတိအဟိတ် ပုဂ္ဂိုလ်များသာ ဖြစ်ကြရသည်။

လူ့ဘုံနှင့် စာတုမဟာရာဇ်ဘုံတို့၌ သုဂတိအဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ်ပုဂ္ဂိုလ် (၃)ယောက်၊ အရိယာပုဂ္ဂိုလ် (၈)ယောက် အားဖြင့် (၁၁)ယောက် ဖြစ်ကြရသည်။

တာဝတိံသာ စသောနတ်ပြည် (၅) ဘုံ၌ ဒွိဟိတ်၊ တိဟိတ် ပုထုဇဉ် (၂)ယောက်၊ အရိယာ (၈)ယောက်အားဖြင့် (၁၀) ယောက်ဖြစ်ကြရသည်။

ဗြဟ္မပါရိသဇ္ဇာဘုံမှစ၍ ဝေဟပ္ဖိုလ်ဘုံတိုင်အောင် ဗြဟ္မာ (၁၀) ဘုံ၌ တိဟိတ် ပုထုဇဉ်နှင့် အရိယာ (၈)ယောက်အားဖြင့် (၉) ယောက်သော တိဟိတ်ပုဂ္ဂိုလ်တို့ ဖြစ်ကြရသည်။

အသညသတ်ဘုံ၌ သုဂတိအဟိတ်ပုဂ္ဂိုလ်သာ ဖြစ်ရသည်။

သုဒ္ဓါဝါသ (၅) ဘုံ၌ အနာဂါမိဖိုလ် (အနာဂါမ်) ပုဂ္ဂိုလ်၊ အရဟတ္တမဂ် ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ် (ရဟန္တာ) ပုဂ္ဂိုလ် (၃) ယောက်တို့သာ ဖြစ်ကြရသည်။

အရူပ (၄) ဘုံ၌ သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်မှတပါး အရိယာ (၇)ယောက်၊ တိဟတ်ပုထုဇဉ် (၁) ရောက်အားဖြင့် (၈)ယောက် ဖြစ်ကြရသည်။

ဤကား (၃၁)ဘုံဟူသော သြကာသလောကနှင့် ပုဂ္ဂိုလ် (၁၂)ယောက်ဟူသော သတ္တလောကသို့ ဆက်သွယ်ပုံ ဖြစ်ပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်များ စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

စားလို့ကောင်းမယ့် နိုင်ငံ အလံများ......!


ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံ့ အလံများ၏ ပုံစံကို အစားအသောက်များဖြင့် ပြင်ဆင် ဖန်တီးထားရာ စားလို့ ကောင်းဖွယ်ရှိသည့် နိုင်ငံ့အလံ အချို့ကို အရသာရှိသော နိုင်ငံအလံများ ဟူ၍ yoka.com ဝဘ်ဆိုက်တွင် ပြသထားသည်။ မည်သည့်နိုင်ငံအလံ စားလို့အကောင်းဆုံး ဖြစ်မည်ကို ကျနော်၏ စာဖတ်ပရိသတ်များ ရွေးချယ်ကြည့်နိုင်ရန် ဖော်ပြလိုက်ပါသည်။
ၾသစေတးလ်
ဘရာဇီး
ဗွီယက်နမ်
စပိန်
ဆွစ်ဇာလန်
ဂျပန်
ကိုရီးယား
လက်ဘနွန်
ဂရိ
အိန္ဒိယ
အီတလီ
ပြင်သစ်
(မှတ်ချက်။ ။ကိုကြီးကျော် မှ ပြန်လည်တင်ပြသည်)

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture
စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice Persident (IT)
Vice Persident(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ၀င်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိုင်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနိုင်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ၀င်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘ၀တိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လ၀ိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁၀ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။
နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ၀င်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း ပြောပါရစေရှင်……
IT, Sharing
ထပ်ဆင့်တင်ပြသူ♪☺MC♥ Zaw ♥htet☺♪