Friday, May 4, 2012

Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်

Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်

03 May 2012 |
By itTimes
Internet Society Myanmar Chapter ကို မေလတွင် တရားဝင် ဖွဲ့စည်းမည်မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူး၍ ၂၀၁၂ ခုနှစ် မေ ၂၇ ရက်မှ စတင်ကာ Internet Society Myanmar Chapter ကို တရားဝင် ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။
Internet Society ကို ကမ္ဘာတစ်ဝန်း ရှိ အင်တာနက် သုံးစွဲသူများ အကျိုး ဖြစ်ထွန်းစေရန် အတွက် ၁၉၉၂ ခုနှစ် မှ စတင် တည်ထောင် ခဲ့ပြီး ဝါရှင်တန် ဒီစီ (အမေရိကန်) နှင့် ဂျနီဗာမြို့၊ (ဆွစ် ဇာလန်နိုင်ငံ) တို့တွင် အခြေစိုက် ရုံးများ ဖွင့်လှစ်ထားကာ ယခုအခါ မြန်မာနိုင်ငံ တွင်လည်း ဖွဲ့စည်းသွားမည် ဖြစ်သည်။
"Internet Society Myanmar Chapter ကို ဖွဲ့စည်းတာဟာ ပြည်တွင်းမှာ အင်တာနက် အသုံးပြု မှုနှုန်းတွေ မြင့်တက်လာရန်နဲ့ ကောင်း မွန်ပြည့်စုံတဲ့ Internet Governance ပေါ်ပေါက်လာစေဖို့ပါ။ ဒါ့အပြင်ပြည် တွင်း အင်တာနက်နဲ့ပတ်သက်ပြီး အရေးကြီးကိစ္စပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းပညာရှင် တွေက ဝိုင်းဝန်းကူညီဆောင်ရွက် နိုင်မှာပါ"ဟု MCPA မှတာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ISOC ဖွဲ့စည်းပြီး ပါက နည်းပညာ ပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ စာမေးပွဲများ စစ်ဆေးပေးခြင်း၊ ဒေသတွင်း အဖွဲ့များဖွဲ့ ပေးခြင်း၊ ပြည်တွင်းနှင့်နိုင်ငံဒေသ အလိုက် လှုပ်ရှား ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ သတ်မှတ် ပေးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ပွဲများကျင်းပရန်အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ် လာ ၂၀ဝ၀ ထက်မပိုသော ထောက် ပံ့မှုကို Internet Society မှ ရရှိနိုင် မည်ဖြစ်သည်။ Internet Society Chapter ဖွဲ့စည်းရန် Individual Member ၂၅ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး ယခု Myanmar Chapter ဖွဲ့စည်းရန် ဖြစ်မြောက်ရေး Individual Member ၅၅ ဦးအထိရှိ ပြီဖြစ်ကြောင်း သိရသည်။
ISOC အသင်းဝင် လိုပါက www.internetsociety.org တွင် Sign up လုပ်၍ အလွယ်တကူ ဝင်ရောက်နိုင်သည်။ Internet Society သည် ကမ္ဘာတွင် အဖွဲ့ဝင် ပေါင်း ၅၅,ဝ၀ဝ ကျော်ပါဝင် ပြီး လက်ရှိ Chapter ပေါင်း ၉၀ ရှိကာ Organizational Members ပေါင်း၁၃၀ကျော် ရှိသည်။

0 ကွန်မန့်ရေးရန်:

Post a Comment