This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 28, 2012

China Power ( မဟာတရုတ်ပြည်သစ်)



by Kyawswar Aung on Thursday, April 5, 2012 at 10:56am

၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။
“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။
အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။”
 ပထ၀ီ အမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ် မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်း ကောင်းတွေနဲ့ ကမ်းရိုးတမ်း ရေမိုင် ၉၀၀၀ ကျော် ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါ အနေနဲ့ တရုတ်ဟာ တစ်နေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူစိုးရိမ်ကြောင်း ဖွင့်ပြောထားခြင်း ဖြစ်ပါတယ်။
တရုတ်ဟာ သူရဲ့ တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန်၊ ဓနရင်းမြစ်တွေနဲ့ ဗဟိုအာရှထိ ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘော လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန် တို့နဲ့အပြိုင် ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ်ကို ဦးဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။ ပထ၀ီ အားသာမှုက လက်ရှိ စီးပွားရေး ဆန်းပွင့်မှုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်မှုတို့ ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ်၃၀ လောက် နှစ်စဉ် ဂျီဒီပီ ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဦးတော့၊ ပထ၀ီနိုင်ငံရေး ဗဟို အချက်ကျမှုက တရုတ်ကို အမြဲမားမားကြီး ကမ္ဘာ့အလယ်မှာ ရပ်တည်နေစေမယ့် သဘောပါပဲ။
တရုတ်ရဲ့ မူရင်းပုံစံက ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဖိပြီးဆွဲတင်မယ့် `ဟိုက်ဒရောလစ် ယဉ်ကျေးမှု´(hydraulic civilization) ဖြစ်ပါတယ်။ အဲဒီ ဟိုက်ဒရောလစ် ယဉ်ကျေးမှုကို အနောက်တိုင်း မော်ဒန်နဲ့ အဆုံးစွန် ရောသမမွှေသွားမယ့် ပုံစံဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်း အစိုးရဟာ သန်းပေါင်းများစွာသော လူထုလုပ်အားနဲ့ အဓိက အခြေခံ အဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ့ စနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။
နှစ်ပေါင်း ၄၀၀၀လောက်က စခဲ့တဲ့ မင်းဆက် ၂၅ဆက်ရဲ့ ပင်ပွားမျိုးဆက်၊ ကွန်မြူနစ် အမည်ခံ ယနေ့ တရုတ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုတ်ယူနေတယ်။ အနောက် နည်းပညာ တွေကို ကိုယ့်ကိုယ်ပိုင် ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး၊ အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထားပါတယ်။
စင်္ကာပူ ၀န်ကြီးတစ်ဦး ပြောသလိုဆိုရင် “တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင်ဖမ်းစား ညှို့ယူချင်တဲ့အခါ ညှို့ယူမယ်၊ ဖျစ်ညှစ် ချင်တဲ့အခါ ဖျစ်ညှစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်ပါလိမ့်မယ်” တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွ ရှင်သန်မှု (dynamism)က ပြင်ပ ရည်မှန်းချက်များကို ဖန်ဆင်းပေးလာပါတယ်။
တရုတ်က သူ့အစိုးရ စနစ်ပုံစံနဲ့ အိုင်ဒီအိုလိုဂျီကို ပျံ့နှံစေဖို့အတွက် နိုင်ငံတကာကို မစ်ရှစ်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ ကြီးစေဖို့ ဖြစ်တယ်။ ဒါမျိုး တရုတ်မှာ မလိုဘူး။ တရုတ်ရဲ့ နိုင်ငံတကာရေးဆိုတာက သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။ ငါးပုံ တစ်ပုံ ပမာဏ ရှိသော သူ့လူထုကို လူနေမှု အဆင့်အတန်း မြှင့်တင် ပေးဖို့က အမြင့်ဆုံး ရည်မှန်းချက်တစ်ခု။
တိုးတက်မှုနဲ့ လောင်စာစီ အပါအ၀င် လိုချင်တာ ရဖို့ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေး ဝေးပါစေ၊ ပေကျင်း အစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စား ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအား ပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ် အမျိုးသားရေး အကျိုးစီးပွားပါ။ တရုတ်အစိုးရကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် တကယ့် လက်တွေ့ ပါဝါသမား (realist power)
ရေနံနဲ့ တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာ တော်တော်များများကို အခု ခြေဆန့်ထားပြီးပါပြီ။ အိန္ဒိယ ပင်လယ်၊ တောင်တရုတ် ပင်လယ် ဆိပ်ကမ်း အားလုံး ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာတရုတ်က သူ ဆက်ဆံနေတဲ့ အစိုးရ ဘယ်လိုအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရ ပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံ သွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ အီရန်၊ မြန်မာ၊ ဆူဒန်တို့လို့ တိုးတက်မှုပညာ နုံနည့်တဲ့ အာဏာရှင်တွေဆီကနေ တရုတ်က ရင်းမြစ်တွေ အရမ်း နှိုက်ယူနေတဲ့အခါ၊ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိက၊ အိန္ဒိယတို့နဲ့ ထိပ်တိုက်တိုး ကုန်ပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ အမေရိက ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ် စစ်တပ်က အမေရိကကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေး ပြဿနာ၊ ကမ္ဘာကြီး ပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား၊ တကယ် တရုတ် စိန်ခေါ်မယ့် အရာက သူ့ရဲ့ ပထ၀ီ အားသာမှုကနေပဲ ဖြစ်ပါမယ်။
တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့ အပေါ် တနေ့တခြား ဩဇာလွှမ်းမိုးလာမှုဟာ ၁၉ရာစု ကိုလိုနီ ပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နဲ့ ပိုမို အံဝင်သင့်လျှော်အေင် ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့ စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာခြမ်းရဲ့ ပါဝါချိန်ခွင်လျှာကို အပိုင်ထိန်းချုပ်ဖို့ ကြိုးစားနေမှုဟာ အမေရိကန်အစိုးရကို အများကြီး စိုးရိမ်ပူပန် နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။
မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှု အခြေအနေကြောင့် တရုတ်ဟာ ဗဟိုအာရှကနေ တောင်တရုတ် ပင်လယ်၊  ရုရှား အရှေ့ဖျားကနေ အိန္ဒိယ ပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားလာပါတယ်။ နပိုလီယံ တခါက ပြောခဲ့တဲ့ “တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့ မူဝါဒတွေဟာ ရေရှည်မှာ သူတို့ ပထ၀ီ အနေအထားထဲကပဲ ထွက်လာမယ်” ဆိုတဲ့ စကားဟာ သွေးထွက် အောင် မှန်လာပါ တယ်။
တရုတ်လက်တံက ယူရေးရှား အထိ ချဲ့ကားဆန့်တန်း ပြီးပေမဲ့၊ သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက်သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသကို ဖြတ်ပြီး ရေနံ  ပိုက်လိုင်းကြီး နှစ်ခု သွယ်တန်း တည်ဆောက်ထားပါတယ်။ တစ်ခုက ကာဇက်စတန် ကိုဖြတ်ပြီး ကက်စပီယံ ပင်လယ်မှ ရေနံ သယ်ဖို့။ နောက်တခုက ဥဇဘက်ကစ်စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့။
သဘာဝ ရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီ့ဒေသတွေကို အမြဲ ဆုပ်ကိုင်ထားဖို့ စွန့်စားလုပ်ဆောင် မှာ ဖြစ်ပါတယ်။ စစ်ဒဏ်ရာဒဏ်ချက်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန် ကာဘူးမြို့တောင်ဘက်ရှိ ကော့ပါးတွေကိုတောင် မိုင်းခွဲ ထုတ်နေပါပြီ။ ကမ္ဘာ့ နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ သံ၊ ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စောင်းတခဲခဲ ဖြစ်နေပါပြီ။
တရုတ် အစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကိုဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေ သွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယပင်လယ် ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ ပထ၀ီ မဟာဗျူဟာက ပိုအောင်မြင်လာဖို့ ရှိနေပါတယ်။
တိဘက် ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နမိတ်လို့ ယူဆထားတာပါ။ တောင်တွေ ထူထပ်တဲ့ တိဘက် ကုန်းပြင်မြင့်များမှာ ကော့ပါးနဲ့ သံသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် ရှုမြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။
အဲဒီ့ ဒေသကြီးကိုဖြတ်ပြီး လမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက်နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း  မပါသလို ဖြစ်သွားပါမယ်။ တရုတ် လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့်သွားဖို့ အသင့်ပါပဲ။
လူဦးရေ သန်းတစ်ထောင့်နှစ်ရာ ရှိလာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်ရေးအပေါ် ပထ၀ီ အရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထ၀ီ ရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ လူဦးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ 
အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာ ကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေအနေမျိုးမို့ အီမ်နီးချင်း နိုင်ငံများရဲ့ စားကျက် ဖြစ်သွားပါမယ်။ တရုတ် အရေးပေါ်လိုအပ်နေသမျှ သဘာဝ ရင်းမြစ်အားလုံးကို ချိနဲ့တဲ့မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။
အာစီယံ ဈေးကွက်ထဲ တရုတ် စက်မှုထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက တရုတ်ရဲ့ ကုန်သွယ်မှုကို အမြတ်ပိုလျှံငွေ (surplues) ရရှိစေပြီး၊ အာစီယံ နိုင်ငံများအဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါ ထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံ နေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ့ အခြေအနေကို ထိုင်းနိုင်ငံမှာ သိသိသာသာ တွေ့နိုင်ပါတယ်။
တစ်ခါက ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့၊ အခု ပြည်တွင်းနိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန် နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမမာတဲ့ ဘုရင်ကြီး နဲ့အတူ တော်ဝင်မိသားစုရဲ့ ဩဇာ ကျသထက်ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။
ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ဖွံဖြိုးအောင်လုပ်ထားသလို၊ အာစီယံ နိုင်ငံများ အားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာပါတယ်။ အမေရိက အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ အကြမ်းဖက်တို့နဲပါ ပျာယာခတ်နေသမို့ တရုတ် ခြေလှမ်းကို ထိထိရောက်ရောက် အာရုံ မစူးစိုက်နိုင်သေးပါဘူး။
စင်္ကာပူကတော့ တရုတ် လူမျိုး အများစု နေထိုင်ရာ နိုင်ငံလေး ဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့ လက်အောက်ခံ ဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေတောင် လုပ်ခဲ့ ပါသေးတယ်။ လီကွမ်ယူ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ် ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ ပါတယ်။
အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန် ရေတပ်တည်ရှိခွင့် ပေးထားပါတယ်။ ဒီလို အမေရိကန်တွေကို နေရာပေးထားတဲ့အတွက် ကျန်အစ္စလမ် ကမ္ဘာရဲ့ မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညပ်နေပါတယ်။
မည်သို့ဆိုစေ၊ အရှေ့တောင်အာရှမှာ အမေရိကန် ဩဇာပါဝါ လဆုတ်ရက်တွေ ရောက်လာနေပြီး၊ ပေကျင်း အစိုးရရဲ့ ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာက ခေါင်းထောင်လာပါတယ်။ ဒါကို ကျားကန်နိုင်ဖို့အတွက် အာရှဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာကြရပါတယ်။
ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့် ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒီနိုင်ငံတွေ ပိုမို ပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အနည်းနဲ့အများ ဟန့်တား ထားနိုင်မှာ ဖြစ်ပါတယ်။အထီးကျန်မြောက်ကိုရီးယား အစိုးရဟာ အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး၊ သူ  ပြိုကွဲ ပျက်ပြားရင် ဒေသကြီး တစ်ခုလုံးကို အကျိုးသက် စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယား ကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း သွားလာရေး အားလုံးကို ထိန်းချုပ် ထားနိုင်ပါတယ်။
တရုတ်က ကိုရီးယား ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပစ်ဖို့ ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမဲ့ မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့် အကြောင်းပြရင်း ဆရာကြီး အမြဲလုပ်ထားမှာ ဖြစ်ပါတယ်။ ကင်ဂျုံးအီရဲ့ ကွန်မြူနစ်အစိုးရကို ထောက်ခံပေးထားသလို၊ တဘက်မှာလည်း ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီအ စဉ်တွေ တရုတ်မှာ ရှိနေပါတယ်။
တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆုံတွေ့ရာ တူမန်မြစ် ဒေသဟာ ဆိပ်ကမ်းကောင်းတွေ ရှိပြီး၊ ပစိဖိတ် သမုဒ္ဒရာပေါ်က ဂျပန် သင်္ဘောတွေ ၀င်ထွက်ဖို့ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန် ကြီးစိုးထားပြီး နိုင်ငံရေး အခြေခံ (base) တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယား ကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလှုံနေသူ ထောင်ပေါင်းများစွာကို အတင်း ပြန်ပို့ရင်း၊ မြောက်ကိုရီး အစိုးရနဲ့ သူ့စီမံကိန်း အတွက် အပေးအယူ လုပ်နေ ပါတယ်။
တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယား အကြားမှာ ကြားခံ အဖြစ်ထားချင်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ပြန်လည် ပေါင်းစည်း သွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးပဲ အမြတ် ရဦးမယ်လို့ အပိုင်တွက်ထားပြီး ဖြစ်ပါတယ်။
ကိုရီယားကျွန်းဆွယ်ဟာ ပြန်လည်ပေါင်းစည်းဦးတော့ အမျိုးသားရေး ၀ါဒပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးပါမယ်။ သို့နှင့်တိုင် ကိုရီယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွား နေရတုန်းပါပဲ။
ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေး အရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းဦးတော့ ကိုရီးယားကိုလည်း ဆိုးလ် ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့ ကုန်သွယ်ရေး ပါတနာ ဖြစ်နေပါတယ်။
အဆုံးစွန်တွက်ရင်  ပေါင်းစည်းရင်ပဲဖြစ်ဖြစ်၊ အမြဲကွဲနေတာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်ဟာ ပေကျင်းဘက်ကို တဖြည်း ဖြည်း ယိမ်းလာပြီး၊ ဂျပန်နဲ့ စိမ်းသထက် စိမ်းကားသွားမယ်။ ရေရှည်မှာ အမေရိကန် တပ်တွေကိုလည်း အိမ်ရှင် အဖြစ် လက်ခံမှာ မဟုတ်တော့ဘူး လို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားရဲ့ ရေရှည် အနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲ ရှိပြီး၊ အရှေ့မြောက် အာရှမှာ အမေရိကန်ရဲ့ ဩဇာတည်ရှိမှု လျော့ပါး ကျဆင်းသထက် ကျဆင်းသွားပါလိမ့်မယ်။
မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ် အနာဂတ်က အရေးပါ နေပါတယ်။ ထိုင်ဝမ် ပြဿနာကို အမြဲတမ်း ကျင့်ဝတ်စံနှုန်းတွေ အပေါ်မှာ တင်ဆွေးနွေးတတ်ကြပါတယ်။ ပေကျင်းဘက်က တရုတ် အမျိုးအနွယ် အားလုံး ကောင်းကျိုး အတွက် ပြန်လည် ပေါင်းစည်းဖို့၊ အမျိုးသား ဘိုးဘွား အမွေကို ကြံခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ၀ါရှင်တန် ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ မော်ဒယ်လ် အပျိုရည်မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ကာကွယ်ပြောပါတယ်။
 သို့သော် တကယ့်ပြဿနာက ပထ၀ီနဲ့ ဆိုင်ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်ကာသာက “ထိုင်ဝမ်ဟာ တရုတ်ပင်လင်မှာ ဘယ်တော့မှ မနစ်မြှုပ်စေရမယ့် လေယဉ်တင် သင်္ဘောပဲ” လို့ တင်စား သတိပေး ပြောဆိုထားပါတယ်။ အမေရိကန်လို ပြင်ပ အင်အားတစ်ခုက တရုတ် ကမ်းရိုးတမ်း တလျှောက် ၀င်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲ ကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။
တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင်၊ တရုတ် ရေတပ်ဟာ မဟာဗျူဟာ အကျဆုံး အနေအထား ရောက်ရှိသွားပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့ အစီအစဉ်သစ် (World Order) မှာ ၀င်ရိုးစုံ စစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့ အပြိုင် စစ်တပ်မျိုး ဘယ်ဒေသမှာမှ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက် စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုး တစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။
 ထိုင်ဝမ် အပေါ် အင်အားလွှမ်းမိုးဖို့ အတွက်၊ တရုတ် ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာရှိ တရုတ် ဂိတ်ပေါက်နဲ့ ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံ နေပါတယ်။ တရုတ် ရေနံတင် သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့အတွက် ပင်လယ်ဓားပြရန်နဲ့ အစွန်းရောက် အစ္စလမ်ရန်တို့ကို ကာကွယ်နေပြီး၊ အိန္ဒိ ရေတပ် အားကြီးမလာအောင် စီမံလုပ်ဆောင် နေပါတယ်။
မဟာဗျူဟာ အရေးပါမှုအရ ကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ `ဒုတိယ ပါရှင် ပင်လယ်ကွေ့´ လို့ တင်စားကြပါတယ်။ ပထ၀ီ နိုင်ငံရေး ပညာရှင်များ အလိုအရ ဂရိတွေက အေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန် ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချူပ်ပါတော့မယ်။
ပထ၀ီနိုင်ငံရေး ဆရာကြီးများ အဖို့တော့ ကာရစ်ဘီယန်ကို အမေရိကန် ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ၀ိဂြိုလ်ပြုရင်၊ လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အာရှ မြေထဲပင်လယ် ဖြစ်တော့မှာ မလွဲအောင်ပါပဲ။
တရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယ ပင်လယ်၊ အရှေ့တောင်အာရှနဲ့ အနောက်ဖက် ပိစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်ထဲ အမေရိကန် စစ်သင်္ဘော အခြေစိုက် စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပိစိဖိတ် ရေတပ် ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်လာပါလိမ့်မယ်။ တရုတ်က အပြာရောင် ပင်လယ်ပြင် ပိုင်စိုးမှုမှာ နယ်မြေ ကန့်သတ် ထိန်းချူပ်မှုထက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရေတပ်တွေနဲ့ မဟာမိတ် ဖွဲ့တည်မှုကို ပိုအာရုံကျ ပုံရပါတယ်။
သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ် ဆက်ဆံရေးဟာ အရင် အမေရိကနဲ့ ဆိုဗီယက် ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။
တရုတ်ကို ထိန်းချူပ်ဖို့ အတွက်ကျတော့ တရုတ် ပတ်ပတ်လည်မှာ အမေရိကန် အခြေချ နိုင်မယ့်မြေ သိပ်မရှိလှတာမို့၊ အမေရိကန် ရေတပ်ဟာ တရုတ် ရေတပ်ထက် ဆက်ပြီးကြီးမား ကြံခိုင်နေအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေး အင်အား တိုးမြင့်လာမှုက ရှေ့လာမယ့် နှစ်တွေမှာ အမေရိကန် တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။  နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှီးမားရဲ့ အမြင်အရ ဆိုရင် အနောက် ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ ကမ္ဘာခြမ်း အများစုကို လွှမ်းမိုး ကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိုးစား ပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ်ရဲ့ အထူးခြားဆုံး အကြီးကျယ်ဆုံး ဒရမ်မာတစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။
KyawSwar Aung
References:
www.readandstudy.wordpress.com
ရည်ညွန်း။ Monsoon: The Indian Ocean and the Future of American Power  by Robert D.Kaplan မှ    ထုတ်နှုတ် တင်ပြသည်။
(အလင်းရနံ ဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

လည်သာသားရေနဲ့လုပ်ထားတဲ့ ဘောင်းဘီတွေက သွေးကြောထုံးစေတယ်။

လည်သာသားရေနဲ့လုပ်ထားတဲ့ ဘောင်းဘီတွေက သွေးကြောထုံးစေတယ်။

သားရေဘောင်းဘီများဟာ ခေတ်ဆန်မယ်၊ဖက်ရှင်ကျချင်ကျမယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် မကောင်းပါ။ သားရေဘောင်းဘီ (သို့) ဂျင်းဘောင်းဘီကျပ်ကျပ်များကို ဝတ်ဆင်ခြင်းဟာ ခြေထောက်ပေါ်မှာ အချိန်အတော်ကြာ တင်းကျပ်စွာကပ်တွယ်ထားတဲ့အတွက် သွေးလည်ပတ်မှုကို လျော့ကျစေပါတယ်။
အဲဒါကနေ သွေးပြန်ကြောဆီ သွေးအရောက်နည်းသွားကာ ခြေထောက်တွေနာကျင်ရောင်ရမ်းလာမယ်။ တချို့လူတွေရဲ့ ခြေထောက်တွေမှာ သွေးကြောတွေအများကြီးပြတ်နေတာမျိုးကို မြင်ဖူးကြမှာပါ။
ဆောင်းရာသီမှာ ခြေထောက်တဝိုက်ရှိ သွေးပြန်ကြောများဟာ အေးတဲ့ရာသီဥတုကြောင့် ကျုံ့သွားမယ်။ ဒီထက်ပိုဆိုးရင် သွေးကြောထုံးတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်တားဆီးဖို့ သက်တောင့်သက်တာဖြစ်မဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ သင်ဟာ အချိန်အတော်ကြာ ထိုင်တာ(သို့) ရပ်တာကို လုပ်ရမယ်ဆိုရင် သင့်ရဲ့ကိုယ်နေဟန်အနေအထားကို ၁နာရီခြားတစ်ခါ ပြောင်းပေးဖို့ ကြိုးစားပါ။ နောက်ပြီး ခြေကလိမ်ထိုင်ခြင်းမျိုးကိုလည်း မလုပ်ပါနဲ့။ အိပ်တဲ့အခါမှာလည်း သွေးကောင်းမွန်စွာလည်ပတ်စေဖို့ ခေါင်းအုံးတလုံးကို သင့်ခြေထောက်အောက်မှာ ခုပြီးထားပေးပါ။
ဒါကြောင့် ခေတ်မီခေတ်ဆန်ချင်လို့ လည်သာဘောင်းဘီတွေ၊ ဂျင်းကျပ်ကျပ်ဘောင်းဘီတွေ ဝတ်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးအသိရှိပြီး ခေတ္တခဏမျှသာ ဝတ်ဆင်ကြဖို့ အကြံပြုလိုက်ပါရစေ။
Posted by Mishell

နှလုံးခုန်နှုန်း ရုတ်တရက်ရပ်တန့်ခြင်း ဆိုသည်မှာ

နှလုံးခုန်နှုန်း ရုတ်တရက်ရပ်တန့်ခြင်း ဆိုသည်မှာ

Posted by Mishell
ရေအေးအေးသောက်လေ့ရှိတတ်တဲ့သူတွေအဖို့တော့ ဒီပို့စ်လေးဟာ အသုံးတည့်လိမ့်မယ်လို့ ယူဆပါတယ်။ အစာစားနေစဉ် ရေအေးအေးသောက်ခြင်းဟာ အင်မတန်မှ နှလုံးအတွက် အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးဟာ သင်စားလိုက်တဲ့ အဆီများပါတဲ့အစားအစာများကို အစိုင်အခဲဖြစ်စေပြီး အစာချေဖျက်မှုကို နှေးကွေးစေလိမ့်မယ်။ အဆိုပါအစိုင်အခဲလေးတွေဟာ အက်ဆစ်နဲ့ ဓါတ်ပြုပြီး ပြိုကွဲသွားကာ အူကနေပြီး သာမန်အစာတွေထက် ပိုမိုလျင်မြန်စွာ စုပ်ယူသွားပါတယ်။ ထို့နောက် အူနံရံမှာ ဖုံးလွှမ်းသွားပါလိမ့်မယ်။ တမဟုတ်ချင်းဆိုသလို အဆီအသွင် ပြောင်းလဲကာ ကင်ဆာအသွင်သို့ ဦးတည်လာတတ်ပါတယ်။ ဒါ့ကြောင့် စွတ်ပြုတ်ပူပူ (သို့) ရေနွေးပူပူလေးကို အစာစားပြီးတိုင်း သောက်ပေးနိုင်ပါက အကောင်းဆုံးပါပဲ။
တရုတ်နဲ့ဂျပန်လူမျိုးများဟာအစာစားပြီးတိုင်း ရေအေးအေးမသောက်ကြဘဲ ရေနွေးကြမ်းသောက်လေ့ရှိတတ်ကြတယ်။ ကျွန်တော်တို့လည်းပဲ အစာစားရင်း ရေနွေးကြမ်းသောက်တတ်တဲ့ သူတို့ရဲ့အလေ့အထကို စတင်ကြိုးစားကြည့်ကြပါစို့လား။
အာလူးကြော်နဲ့ ဘာဂါများဟာ နှလုံးကျန်းမာရေးရဲ့ အကြီးမားဆုံးရန်သူကြီးပါပဲ။ ပြီးရင် အချိုရည်ကုတ် (coke)က သူတို့တွေထက် ပိုမိုအစွမ်းထက်တဲ့ နတ်ဆိုးကြီးပါပဲ။ သင့်နှလုံးကျန်းမာရေးအတွက် သူတို့လေးတွေကို ရှောင်ပါ။ (ဒါပေမဲ့ KFC, MC Donald & Burger King ဆိုင်တွေတော့ နေ့စဉ်နဲ့အမျှ လူတွေပြည့်နှက်နေလျှက်.....ဟဲဟဲ.....မီရှဲအကြိုက်ဆုံးအစားအစာတွေထဲက တခုအပါအဝင်ပါပဲ။) Las Vegasက အမေရိကန် ဟမ်ဘာဂါစားသောက်ဆိုင်နာမည်က Heart Attack Grillတဲ့။ ဆေးရုံအထူးပြုစားသောက်ဆိုင်ဖြစ်ပြီး ဆိုင်ရှင်က ဒေါက်တာ Jon Basso၊ ဝန်ထမ်းတွေက သူနာပြုအဝတ်အစားတွေနဲ့ စားသုံးသူများကိုလည်း ခွဲစိတ်ခန်းသုံးဂါဝန်ရှည်ကြီးတွေကို ဝတ်ဆင်စေပါတယ်။ မိမိမှာချင်တဲ့အစားအသောက်တွေရဲ့အော်ဒါများကို စားသုံးသူတွေရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားပေးပြီး ဆရာဝန်က နားကြပ်နဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။ ပေါင်၃၅၀ (၁၆၀ကီလို)ကျော်သူများကို အလကားကျွေးပါတယ်။ မမျှော်လင့်ဘဲ ၂ဝ၁၂ ဖေဖော်ဝါရီလ ၁၁ရက်နေ့က အသက်၎ဝကျော်အရွယ် စားသုံးသူတယောက်ဟာ triple bypass burgerကိုစားရင်းနဲ့ ရင်ဘတ်အောင့်၊ ဇောချွေးပြန် စကားထစ်လာပြီး HeartAttack ရကာ ဆေးရုံတင်လိုက်ရပါတယ်။
ရုတ်တရက် နှလုံးစွမ်းဆောင်ရည်ကျဆင်းမှုရောဂါလက္ခဏာ (Heart Attack)
HeartAttack ဖြစ်ပွားရတဲ့ အကြောင်းအရင်းမှာ နှလုံးကြွက်သားများက သွေးနဲ့အောက်ဆီဂျင် အလုံအလောက်မရရှိတဲ့အတွက်ကြောင့် ဖြစ်နိုင်သလို၊ နှလုံးသွေးလွှတ်ကြောသို့ဦးတည်သွားတဲ့ သွေးပြန်ကြော
များမှာ သွေးခဲပိတ်ဆို့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးခဲပိတ်ဆို့မှုကြီးမားပါက နှလုံးဆီသို့ သွေးစီးဆင်းမှု
ရပ်တန့်သွားနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အထူးသတိပြုမှတ်သားရမဲ့ Heart Attack လက္ခဏာများကတော့ ချောင်းဆိုးခြင်း၊ ရင်ဘတ်ထိုးထိုးအောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ မျက်နှာမီးခိုးရောင်သမ်းခြင်း၊ မိမိဘဝအဆုံးသတ်ရမှာကို စိုးရိမ်ထိတ်လန့်ပူပန်နေခြင်း၊ ရင်ပူရင်ခေါင်းအောင့်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ အစာမကျေအော်ဂလီဆန်ခြင်း၊ ခန္ဓာကိုယ် အေးစက်ပြီး ချွေးထွက်များခြင်းနဲ့ အော့အန်ခြင်းတို့ပဲ ဖြစ်ပါတယ်။ Heart Attackတိုင်းဟာ ရင်ဘတ်အောင့်တာကနေ ဖြစ်ပေါ်တယ်လို့ တရားသေမှတ်ယူလို့ မရပါဘူး။ အဆိုပါနာကျင်မှုများမှာ လည်ပင်း၊ မေးရိုး၊နားရွက်၊ လက်မောင်း၊ လက်ကောက်ဝတ်အထိ ပျံ့နှံ့နိုင်ပြီး အချို့သောသူများမှာ ပခုံးရိုး၊ ခါးနဲ့ဝမ်းဗိုက်ကနေပြီး နာကျင်ခံစားမှုမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မေးရိုးတလျှောက် အလွန်အမင်းနာကျင်လာပါက အထူးဂရုစိုက် သတိရှိရပါတော့မယ်။ အထူးသဖြင့် ဆီးချိုသမားများမှာဖြစ်တတ်တဲ့ Heart Attackမျိုးက အဆိုပါလက္ခဏာမျိုးမပြဘဲ အသံတိတ်နဲ့ဝင်လာတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးအသိရှိပါက အသက်ရှင်သန်နေထိုင်နိုင်ဖို့အခွင့်အလမ်းများများ ရရှိမှာဖြစ်ပါတယ်။
နှလုံးအထူးကုသမားတော်တယောက်က ပြောတယ်။ အဆိုပါသတင်းကို ဖတ်မိတဲ့သူတိုင်း လူ၁ဝယောက်ကို ဖြန့်ဝေပေးပါက အနည်းဆုံး အသက်တချောင်းကို ကယ်တင်နိုင်ပါလိမ့်မယ်။ ၄င်းကိုဖတ်ပြီး သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးကြပါ။ သူ့တို့တွေရဲ့ အသက်ကိုကယ်တင်ရာ ရောက်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သင့်မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို မိတ်ဆွေစစ်မိတ်ဆွေမှန် ပီသစွာနဲ့ ဒီဆောင်းပါးလေးကို ဂရုတစိုက်လေး မျှဝေပို့ပေးကြရအောင်။
စကားချပ်- ဒီအကြောင်းအရာကို တခြားဘလော်ဂါများလည်း ဘာသာပြန်ဆိုထားသည်ကို တွေ့ရပါတယ်။ ကျွန်တော့်ဗဟုသုတလေးတွေ စုစည်းပြီးတော့ အနည်းငယ်ဖြည့်စွက်ထားပါတယ်။

တမလွန်ဖြစ်ရပ်ဆန်း

သူငယ်ချင်းတယောက် share ပေးထားတာပါ
ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ်
***********************************************************************************

ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည
၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ
ကြားလိုက်ရပါတယ်.. ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး
ကသုတ်ကရက် နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ
မကြားခဲ့ဖူးပါဘူး..
“ ၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်.. အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ
ပေါ်လာတာက အသက် ၉နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေး.. ကြည့်ရတာ
ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့.. မျက်နှာတစ်ခုလုံး
ဖြူဖွေးဖျော့တော့လို့.. မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့..
“ တောင်းပန်ပါတယ် ဆရာရယ်.. သမီး အမေ အသည်းအသန် ဖျားနေလို့ပါ.. သူဟာ သေလုမျောပါး ဖြစ်နေပါတယ်.. အမေ့ကို ကယ်ပါဦး ဆရာရယ်.. အိမ်ကို လိုက်ပြီး
အမေ့ကို ကုပေးပါနော်…”
“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး.. သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်.. ”
“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ.. ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့်လိုက်ကြည့်ပေးပါ ဆရာရယ်.. သမီး
တောင်းပန်ပါတယ်နော်.. ”
ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ်
တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်.. ကျွန်တော့် နှလုံးသားထဲက ကြင်နာ
သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့
ဆုံးဖြတ်လိုက်ပါတယ်..
ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့
မျက်လုံးလေးတွေက ချစ်စရာ… ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း
လျှောက်လာကြပါတယ်.. ၁၀ မိနစ်ခန့် လျှောက်လာပြီးနောက် အိမ်ကလေး တစ်လုံးရှေ့
အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို အရင်ဝင်စေပါတယ်..
ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ
လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက် ရပါတယ်.. တော်တော်လေးကို နေမကောင်း
ဖြစ်နေပုံပါ.. တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်.. လူနာဟာ
သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး.. ဒါပေမဲ့ လူနာရဲ့
မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို
ဖော်ပြနေတယ်.. သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ
အတိုင်းသား မြင်နေရပါတယ်..
ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်.. ထူးဆန်းတာက ခုနက ကျွန်တော့်ကို
တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး…
တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက်တစ်လေကိုမှ ကျွန်တော်
မတွေ့မိပါဘူး.. တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင်
လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်.. သူ့အဖျားက
အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ.. အဖျားကျအောင် တစ်ညလုံးနီးပါး
ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်.. မနက်မိုးလင်းခါနီးမှ လူနာဟာ
စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်.. ကျွန်တော်က လူနာအမျိုးသမီးကို
အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက်
ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်… ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး
အိမ်ပြန်လာခဲ့ပါတယ်..
ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်.. တော်တော်လေး အခြေအနေ
ကောင်းသွားပါပြီ.. ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့
အနေအထား ရောက်နေပါပြီ.. တစ်ညလုံး ကုသပေးခဲ့တဲ့ အတွက် လူနာက ကျွန်တော့်ကို
ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်.. ကျွန်တော်က ပြန်ပြောလိုက်ပါတယ်..
“ တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်.. သူ့ရဲ့ သနားစရာ တောင်းပန်မှု ကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ
အကြောင်းမရှိပါဘူး… သိပ်လိမ္မာ သိတတ်တဲ့ ကလေးလေးပါဘဲဗျာ.. မိဘအပေါ်
သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ
ဂုဏ်ယူလိုက်မလဲနော် ”
ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်..
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..
“ဆရာ.. ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ.. ဟိုနံရံမှာ ချိတ်ထားတဲ့
ပုံဟာ သမီးလေးပုံပါ… ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်.. ”
ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်.. သေချာပါတယ်.. ဒီကလေးမဟာ
မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင်
ခေါ်လာတဲ့ကလေးမလေးပါဘဲ.. ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ..
ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီး
ရပ်နေမိပါတယ်.. ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်.. မနေ့ညက
တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်း ပါ..
သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ
မရှိပါ..
အင်း… ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ.. ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်..
အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး..
တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ
ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်…
—————————————————————————————————————–
ဒီဇာတ်လမ်းလေးကတော့ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားဆန်းကျယ် လေးနက်တဲ့ မေတ္တာရဲ့ သဘောတရားကို ဖော်ပြနေပါတယ်.. မိဘက သားသမီးအပေါ် ထားတဲ့ မေတ္တာဟာ အတုမရှိ
လေးနက်သလို သားသမီးက မိဘအပေါ်ထားတဲ့ အချစ်ကလဲ နက်ရှိုင်းကျယ်ဝန်း လှပါတယ်..
ဒီဇာတ်လမ်းမှာ သေသွားပြီး တာတောင်မှ မိဘအပေါ် ကူညီစောင့်ရှောက်နေသေးတဲ့
သမီးလေးတစ်ယောက်ရဲ့ အံ့သြ ဆန်းကျယ်တဲ့ မေတ္တာစိတ်ကလေးကို စာဖတ်သူများ
သတိပြုမိနိုင်ရန်အတွက် ဖော်ပြပေး လိုက်ပါတယ်..
--
ခင်မင်လျက်..
မင်းသန့်ဦး

သတိ...အမျိုးကောင်းမိန်မ ခင်ဗျာ....အ၀တ်လှဲတော့  မယ်ဆို..အခန်း ထဲမှာ...ဘာလုပ် ထား လည်း...သိချင် လာ...

အ၀တ်လဲခန်းထဲမှာ Hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား........
ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့
အ၀တ်အစားလဲခန်း..... (အ၀တ်အထည်အသစ်တွေကိုစမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ
မသမာသူတွေက hidden camera (လျှို့ဝှက်... ကင်မရာ) တွေ
တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့်
ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို
ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone
နဲ့စမ်းသပ်တဲ့နည်းပါပဲ။
၁။ အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

၂။ အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ Hidden
camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော
့Hidden camera ရဲ့ ဖိုင်ဘာကေဘယ်က Mobile phone လိုင်းကို
အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ...
ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊
စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ
မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ်
နှစ်ဘက်မြင်မှန် (two way mirror)တွေလားဆိုတာသင်သံသယ၀င်ဖူးပါသလား?
Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့
သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင်
သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ်
စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။
အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ
သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို
သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

၁။ သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

၂။ သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန်ကြေးမုံပြင်ပါ။

၃။ သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့
လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်
ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way
mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့
မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့်
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို
လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ ဒီစာလေးကို သင့်ရဲ့
သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေဆီကို forward လုပ်ပေးပါ။
ဒီစာလေးကိုမျှဝေခြင်းအားဖြင့် အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့
သိက္ခာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Views: 187

ပြည်ထောင်စု ၀န်ကြီး ၅ ဦး အနားပေးလိုက်ပြီ




 မနှစ်က တရုတ်ပြည် ရှန်ဟိုင်းရောက် ဗိုလ်ကျော်ဆန်း
၁။ ဦးကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)
၂။ ဦးတင့်ဆန်း (မြန်မာ့ဟော်တယ်နှင့်ခရီးသွားလာရေး နှင့် အားကစားဝန်ကြီး)
 ယခုနှစ် ၆လပိုင်းက တရုတ်ပြည်ရောက် ဧရာဝတီ လျှပ်စစ်ပရော်ဖက်ဆာ ဦးဇော်မင်း
၃။ ဦးဇော်မင်း (အမှတ် ၁လျှပ်စစ်ဝန်ကြီး)
၎။ ဦးဝင်းမြင့် (စီးပွားကူးသန်း ဝန်ကြီး)
၅။ ဦးကျော်စွာခိုင် .. (အမှတ် (၁) စက်မှုဝန်ကြီး)

တို့အား ပြည်ထောင်စုဝန်ကြီးများဘ၀မှ အနားပေးလိုက်ပြီ ဖြစ်ပါကြောင်း သမ္မတရုံးမှလာသည့် သတင်းများအရ သိရပါသည်။

နောက်ဆက်တွဲ သတင်းများ အချိန်နှင့် တပြေးညီ ဖော်ပြပေးပါမည်။

ပေးပို့သူ ...ဇော်တူး 
သတင်း---ဒီမိုဝေယံ

နှာခေါင်းသွေး လျှံခြင်း (Epistaxis)

နှာခေါင်းသွေး လျှံခြင်း (Epistaxis)
Posted by သက်တန့်ချို

နှာခေါင်းသွေး လျှံခြင်းဆိုတာဟာ နှာယောင် nostrils တလျောက် မှ သွေးတွေစီးကျလာခြင်းကို ဆိုလိုပါတယ် ။ နှာခေါင်းသွေး လျှံခြင်း ၂ မျိုး ရှိပါတယ် ။ တစ်မျိုးကတော့ အရှေ့ပိုင်း anterior လို့ခေါ်ပြီး သူကတော့ အဖြစ်များပါတယ် ။ နောက်တစ်မျိုးကတော့ အနောက်ပိုင်း posterior လို့ခေါ်ပါတယ် ။ သူကတော့ အဖြစ်နဲလေ့ရှိပြီး ဆေးကုသမှုလိုအပ်တဲ့ အမျိုးအစားမျိုး ဖြစ်ပါတယ် ။ တခါတရံ အလွန်ဆိုးဝါးပြင်းထန်တဲ့အခါမှာ သွေးတွေဟာ နှာတွင်းမျက်ရည်လမ်းကြောင်း nasolacrimal duct မှထွက်ရှိလာပြီး မျက်လုံးကနေတောင် သွေးတွေထွက်ရှိနိုင်ပါတယ် ။ သွေးတွေနဲ့ ခဲနေတဲ့သွေးတွေဟာ အစာအိမ်ထဲကို ရောက်ရှိနိုင်ပြီး ပျို့တာတွေ အန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒီကနေတဆင့် သေနိုင်တာကတော့ ရှားပါးပြီး ၁၉၉၉ ခုနှစ်မှာ U.S မှာ ၂.၄ မီလီယံ သေဆုံးမှုမှာ ၄ ယောက်သာလျှင်တွေ့ရပါတယ် ။
ဘာကြောင့်လူတွေ နှာခေါင်းသွေးလျှံခြင်း ခံစားရသလဲ။

နှာခေါင်းဆိုတာဟာ ခန္ဓာကိုယ်မှာ သွေးကြောတွေ လွန်စွာ ရှုပ်ထွေးများပြားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ။ ဒါကြောင့် နှာခေါင်းကို နဲနဲလေးဖြစ်ဖြစ်ထိခိုက်မိတာနဲ့ အခန့်မသင့်ရင် nasal injury ရပြီး သွေးထွက်နိုင်ပါတယ် ။ အကယ်၍ နှာခေါင်းနံရံဟာ ခြောက်သွေ့နေမယ် ကွဲအက်နေမယ်ဆိုရင်တော့ ထိခိုက်မိပြီး တပြိုင်နက်ရုတ်တရက်ချက်ခြင်း သွေးထွက်လာနိုင်ပါတယ် ။ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ အဖြစ်များလေ့ရှိပြီး ဆောင်ရာသီတွေမှာ တိုက်တဲ့လေကလည်း ခြောက်သွေ့နေမယ် ပူနွေးနေမယ် ဥပမာ အိမ်ထဲကheater တွေကထွက်တဲ့ လေပူတွေကနေတဆင့် နှာခေါင်းသွေးယိုတာ ခံစားရနိုင်ပါတယ် ။ အကယ်၍ လူတွေက သွေးခဲတာကို တားဆီးပေးတဲ့ ဆေးတွေ ဥပမာ သွေးကျဲဆေးတွေဖြစ်တဲ့ warfarin , aspirin နဲ့ အခြားအရောင်ကျဆေးတွေကို သောက်သုံးနေတဲ့လူတွေက ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမှာ နဲနဲလေးထိခိုက်မိတာတောင်မှ သွေးထွက်ခြင်းက ဖြစ်ပေါ်လာနိုင်ပါတယ် ။
နှာခေါင်းသွေးယိုခြင်း ဖြစ်ပွားမှုနှုန်းဟာ အေးတဲ့ ဆောင်လရာသီတွေမှာ ပိုများပြီး အသက်ရှုလမ်း ကြောင်း ဆိုင်ရာပိုးဝင် နေတဲ့ အခြေအနေမှာ (Respiratory tract infections)ပို အဖြစ်များပါတယ် ။ တခါတရံမှာလည်း အပြင်ဖက်အေးတဲ့နေရာကနေ အိမ်အတွင်းပိုင်း ပူနွေး ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ၀င်ရောက်လာတဲ့ အခြေအနေမှာနှာခေါင်းသွေးလျှံခြင်း ဖြစ်ပွားနိုင်ပါတယ် ။

နှာခေါင်းသွေးယိုခြင်းကို ဖြစ်စေတဲ့အချက်တွေ ။
# ပိုးဝင်ခြင်း
# ကိုယ့်ဘာသာနှာခေါင်းကို ကလိရာကနေ ထိလိုက်မိခြင်း
# ယားယံခြင်း နှင့် ယားယံခြင်းမရှိသော နှာမွှန် ခြင်း နှာရည်ယိုခြင်း
# သွေးပေါင်ချိန်များခြင်း (High blood pressure)
# သွေးကို ကျဲစေတဲ့ ဆေးတွေသောက်သုံးခြင်း ( Aspirin, Warfarin , etc,.)
# အရက်အလွန်အကျွံသောက်သုံးခြင်း
# တခြား ရှားပါးတဲ့အချက်တွေကတော့ ကျူမာတွေ(Tumors) နဲ့ မျိုးရိုးလိုက်တဲ့ သွေးရောဂါတွေ ပဲဖြစ်ပါတယ်။
နှာခေါင်းသွေး လျှံရင် ဘာလုပ်မလည်း ။
နှာခေါင်း သွေးယိုပြီဆိုရင် အရင်ဆုံးပြုလုပ်ရမှာကတော့ စိတ်မလှုပ်ရှားပါနဲ့ ။ စိတ်ငြိမ်ငြိမ်ထားပါ ။ တစ်ချို့ နှာခေါင်းသွေး ယိုခြင်း ဟာ တကယ် ဖြစ်နေတာထက် ပိုဆိုးသယောင်ထင်ရတတ်ပါတယ် ။ နှာခေါင်းသွေး ယိုခြင်း အများစုဟာ မိမိဘာသာ အိမ်မှာပဲ ကုသလို့ရပါတယ် ။ အကယ်၍ သင် နှာခေါင်းသွေး ယိုပြီဆိုလျှင် ပထမဆုံး ထိုင်လိုက်ပါ ။ ပြီးရင်ရှေ့ဘက်ကို ခန္ဓာကိုယ်ကို အနည်းငယ် ယိုင်လိုက်ပါ ။ သင့် ရဲ့ ဦးခေါင်းဟာ သင့် နှလုံးရဲ့ အထက်မှာ ရှိနေခြင်းက နှာခေါင်းထဲက သွေးယိုခြင်းကို နည်းပါးစေပါတယ် ။ အရှေ့ဖက်ကို ယိုင်လိုက်ခြင်းအား ဖြင့် နှာခေါင်းထဲက သွေးတွေဟာ လည်ချောင်းထဲဝင်မယ့်အစား နှာခါင်းထဲက ထွက်သွားစေပါတယ် ။ အကယ်၍ သင်နောက်ကို လှန်မိမယ်ဆိုရင်တော့ သင်ဟာ သွေးတွေကို မျိုချမိမှာပါပဲ ။ ဒါဆိုရင်တော့ ပျို့တာတွေ အန်တာတွေ ၀မ်းသွားတာတွေ ဖြစ်လာနိုင်ပါတယ် ။
သင့်ရဲ့ လက်မနဲ့ လက်ညိုးကို ပျော့ပျောင်းတဲ့ အနေအထားနဲ့ သင့်နှာခေါင်းထဲက သွေးတွေကို ဖြေးညှင်းစွာ ညှစ်ထုတ်ပါ ။ ညှစ်ရမယ့်နေရာကတော့ သင့်နှာခေါင်းရဲ့ အဆုံးပိုင်းနဲ့ မာကျောပြီး အရိုးပုံစံ ရှိတဲ့ နေရာ ကြားထဲမှာပါပဲ ။ သင့်နှာခေါင်းကို သွေးတွေထွက်တာ ရပ်တဲ့အထိ ကိုင်ထားပါ ။ အနည်းဆုံး ၅ မိနစ်လောက်ပေါ့ ။ သွေးတွေဆက်ထွက်နေတုန်းပဲဆို ရင်တော့ နောက်ထပ် ၁၀ မိနစ်လောက်ထိ ဆက်ကိုင်ထားလိုက်ပါ ။
ဒါ့အပြင် နှာခေါင်းပေါ်ကို ရေခဲတုံး ၊ ရေခဲဝတ်လည်း တင်ပေးနိုင်ပါတယ် ။ သွေးထွက်တာရပ်သွားပြီဆိုရင်တော့ သွေးထပ်ထွက် စေမည့် အပြုအမှုများကို ရှောင်ပါ ။ ဥပမာ နှာခေါင်းကို ထိခိုက်မိခြင်း အရှေ့ဖက်ကို ခန္ဓာကိုယ်ကို ဆက် ယိုင်နေခြင်းတို့ ပဲဖြစ်ပါတယ် ။
နှာခေါင်းသွေးလျှံ ခြင်းထပ်မဖြစ်ရအောင် ဘယ်လိုကာကွယ်မလဲ ။
၁ ။ အိမ်သို့ပြန်ပြီး အနားယူပါ ။ ဦးခေါင်းကို ၃၀ မှ ၄၅ ဒီဂရီသို့ မြှင့်ထားပါ ။
၂ ။ နှာခေါင်းထဲသို့ မည်သည့်အရာမှ ထိုးထည့်ခြင်း မပြုပါနဲ့ ။
၃ ။ နှာချေချင်တယ်ဆိုရင်တော့ ပါးစပ်ကိုဟ ထားပါ ။ ဒါဆိုရင်လေတွေက နှာခေါင်းကနေမထွက်ပဲ ပါးစပ်ကနေ ထွက်သွားမှာ ဖြစ်ပါတယ် ။
၎ ။ ၀မ်း ချုပ်မခံပါနဲ့ ( ၀မ်းချုပ်လို့ ညှစ်ရတဲ့အခါမှာ ၀မ်းဗိုက်အတွင်း ဖိအားများလာခြင်း Intra-abdominal pressure တက်လာတဲ့အခါ သွေးတွေကို ညှစ်ထုတ်သလို ဖြစ်တဲ့အတွက် သွေးပြန်လျှံနိုင်တဲ့အတွက်ပါ ။ )
၅ ။ သင့်ရဲ့ ဦးခေါင်းကို နှလုံးရဲ့ အထက်မှာ ရှိနေပါစေ ။
၆ ။ ဆေးလိပ် လုံးဝမသောက်ပါနဲ့ ။
၇ ။ ၂၄ နာရီအတွင်း ပူလွန်းတဲ့ အရည်တွေမသောက်ပါနဲ့ ။ အေးသော ပျော့သော အစာများသာစားပါ ။
၈ ။ Aspirin , Ibuprofen , Clopidogrel bisulfate နဲ့ Warfarin ကဲ့သို့ ဆေးတွေကို ရှောင်ပါ ။ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် ဆရာဝန်ကို ဆက်သွယ်ပြီး ဆေးသောက်တာ ရပ်သင့် မရပ်သင့် အကြံဥာဏ်တောင်းပါ ။
၉ ။ အကယ်၍ သွေးပြန်ယိုလာခဲ့လျှင် နှာခေါင်းထဲက သွေးခဲတွေကို လက်မ လက်ညှိုးနဲ့ ညှစ်ထုတ်ခြင်းအားဖြင့် ဖယ်ရှားပါ ။ ယာယီအားဖြင့် Afrin သို့မဟုတ် Neo-Synephrine
ကဲ့သို့ စပရေးတွေကို သုံးနိုင်ပါတယ် ။ ဒီစပရေးတွေက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်ချိန်တွေတက်နေရင်တော့ မသုံးသင့်ပါဘူး ။
၁၀ ။ အကယ်၍ သွေးမရပ်သေးဘူးဆိုရင် ဆရာဝန်ရဲ့ ကုသမှုကို စနစ်တကျခံယူပါ။
Ref; Medicinenet
; Wikipedia

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ
Wart ဆိုတာဘာလဲ ?
Posted by သက်တန့်ချို

ဝါ့တ်ဆိုတာဟာ မြန်မာလို အခေါ်တော့ ကြွက်နို့လို့ ခေါ်ပါတယ် ။ သူက သေးငယ်ပြီး မာကျောတဲ့ အစိ အလုံးလေးတွေ အထူးသဖြင့် လက်တွေ ခြေထောက်တွေမှာ အဖြစ်များလေ့ရှိပြီး တခါတရံမှာတော့ အခြားနေရာတွေမှာ ပါ ဖြစ်လေ့ရှိပါတယ် ။ ကြွက်နို့ဟာ အဖြစ်များလေ့ရှိပြီး အရည်ကြည်ဖုပုံစံ ဒါပေမယ့် အခဲစိလေးတွေ ဖြစ်ပါတယ် ။ အဓိကကတော့ ဗိုင်းရပ်စ် ပိုးဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ဗိုင်း ရပ်နာမည်ကိုတော့ Human papillomavirus (HPV ) လို့ခေါ်ပါတယ် ။ ရောဂါ ရှိနေသူရဲ့ အရေပြားနဲ့ နီးနီးကပ်ကပ်နေမိရင်ထိမိရင် ကူးစက်တတ်တဲ့ ရောဂါ ဖြစ်ပါတယ် ။ ဒါ့အပြင် ကြွက်နို့ ဖြစ်နေသူရဲ့ လက်သုတ်ပုဝါတွေ အခြား ပစ္စည်းတွေကို သုံး မိရင်လည်း ဖြစ်နိုင်ပါတယ် ။ သူတို့ဟာ လအနည်းငယ်မှာ ပြန်ပျောက်တတ်ပေမယ့် နှစ်ပေါင်း များစွာတိုင်အောင်လည်း ဆက်လက် ဖြစ်နိုင်ပါသေးတယ် ။
ကြွက်နို့ဘာကြောင့် ဖြစ်စေသလဲ ?
ဝါ့တ်ဟာ Human papilloma virus - HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာဖြစ်ပါတယ် ။ အဲဒီ HPV အမျိုး အစားပေါင်းကလည်း ၁၃၀ လောက် ရှိနေပါသေးတယ် ။ အဖြစ်အများဆုံးကတော့ type 1 , type 2 နဲ့ type 3 တို့ ပဲဖြစ်ပါတယ် ။
Type 1 ကတော့ ခြေဖ၀ါးတွေ လက်ဖ၀ါးတွေမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ပဲ ဖြစ်ပါတယ် ။
Type 2 ကတော့ ကြွက်နို့အမျိုးမျိုး အထူးသဖြင့် မျက်ခွံတွေပေါ်မှာ အသားပိုဖုလေးတွေအနေနဲ့ ထွက်ပေါ်လာ တတ်တဲ့ Filiform warts , နဲ့ mosaic plantar warts တွေပဲဖြစ်ပါတယ် ။
Type 3 ကတော့ ပြင်ညီကြွက်နို့plane warts တွေဖြစ်ပြီးသူတို့ကို ကြွက်နို့ပြား flat warts လို့ အသိများပါတယ် ။
စအိုဝနဲ့ မျိုးပွားလမ်းကြောင်းမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့တွေကတော့ type 6, 11, 16, 30, 34 , 35 , 39 , 40 စတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကြောင့် ဖြစ်ပါတယ် ။
Type 6 နဲ့ 11 ကတော့ မျိုးပွားလမ်းကြောင်း ကြွက်နို့ကို ၉၀% ထိ အဖြစ်များစေပါတယ် ။
Type 16 နဲ့ 18 ကတော့ လတ်တလော မှာတော့ သားအိမ်ခေါင်းကင်ဆာ ကို ၇၀% ထိ ဖြစ်ပွားစေပြီး မိန်းမကိုယ် အပြင်အတွင်း ယောက်ျားအင်္ဂါ နဲ့ စအိုကင်ဆာတွေ ကို ဖြစ်ပွားစေပါတယ် ။
ကြွက်နို့ အမျိုးအစားတွေက ဘာတွေလဲ ?

သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ နေရာပေါ်မူတည်ပြီး အမျိုးအစားပေါင်းမြောက်များစွာ ရှိပါတယ် ။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ် အမျိုးအစားပေါ်မူတည်ပြီး တော့လည်း ကွဲပြားပါသေးတယ် ။ အဲဒီထဲကမှ
၁ ။ အဖြစ်များဆုံး ကြွက်နို့(Veruca vulgaris ) - ကြမ်းတမ်းတဲ့မျက်နှာ ပြင်ရှိပြီး အသားပြင်ညီမှ အပေါ်ကို မြင့်တတ်နေလေ့ ရှိပြီး အထူးသဖြင့် လက်နဲ့ ဒူးခေါင်းမှာ အဖြစ်များပါတယ် ။
၂ ။ ကြွက်နို့ပြား (Verruca plana) - သေးငယ်ပြီး ချောမွတ်ပြီး ပြားတဲ့ မျက်နှာပြင် ရှိပါတယ် ။ လူ့အရေပြားအရောင်ပဲ ဖြစ်ပြီး အရေအတွက် အများကြီးပေါက်တတ်ပါတယ် ။ အထူးသဖြင့် မျက်နှာတွေ လည်ပင်းတွေ လက်ကောက်ဝတ်တွေ နဲ့ ဒူးခေါင်းတွေမှာ အဖြစ်များပါတယ် ။
၃ ။ မျက်ခမ်းစပ်ကြွက်နို့(Filiform or Digitate wart ) - သူကတော့ လက်ချောင်းပုံစံ အပ်ချည်ပုံစံရှိပြီး မျက်နှာမှာ အထူးသဖြင့် မျက်ခွံအနီး နှုတ်ခမ်းအနီးမှာ ပေါက်လေ့ရှိပါတယ် ။
၎ ။ Plantar wart (verruca , Verruca pedis) - မာကျောပြီး တခါတရံ နာကျင်တဲ့ အလုံး ပုံစံရှိပါတယ် ။ တခါတရံ များပြားတဲ့ အမဲစက်လေးတွေက ကြွက်နို့ အလယ်မှာ ရှိနေတတ် ပါတယ် ။ သူ့ကိုတော့ အဖိခံရတဲ့နေရာ အထူးသဖြင့် ခြေဖနောင့်မှာ သာလျှင် တွေ့ရပါတယ် ။
၅ ။ Mosaic wart - planter wart တွေချည်း စုစည်ထားတဲ့ အစုတစ်ခုဖြစ်ပြီး လက်နဲ့ ခြေဖ၀ါးမှာ အဖြစ် များပါတယ် ။
၆ ။ မျိုးပွားအင်္ဂါ ကြွက်နို့ (venereal wart , Condyloma acuminatum , Berruca acuminata ) - သူကတော့ မျိုးပွားအင်္ဂါမှာသာ တွေ့ရလေ့ ရှိပါတယ် ။
ကြွက်နို့ကို ဘယ်လိုကုမလဲ ?
ကြွက်နို့ဖယ်ရှားတဲ့ ကုသမှုတွေ အများကြီးရှိပါတယ် ။ စမ်းသပ်စစ်ဆေးထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ စမ်းသပ်မှုတွေမှာ အပေါ်ယံလိမ်းပေးရတဲ့salicylic(ဆယ်လီဆလစ်) acid ပါဝင်တဲ့ ဆေးတွေက အကောင်းဆုံး ဖြစ်ပါတယ် ။ သူက အခြားဆေးတွေနဲ့စာရင် ၇၅% လောက်ကို ပိုကုသမှုနှုန်းကောင်းပါတယ် ။ ဒါ့အပြင် salicylic acid ပေါ်မှာ cryotherapy ပေးခြင်းသို့မဟုတ် ပလာစတာတိပ် (duct tape ) ကပ်ခြင်းကလည်း ပျောက်ကင်းစေနိုင်ပါတယ် ။
အခြားနည်းလမ်းတွေကတော့
၁ ။ podophyllum resin paint လို့ခေါ်တဲ့ လိမ်းဆေးလိမ်းပေးခြင်း
၂ ။ Imiquimod လိမ်းဆေးကတော့ ခန္ဓာ ကိုယ်ရဲ့ ခုခံအားကိုတက်စေပြီး ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်ကို တိုက် ထုတ် ပေးနိုင်ပါတယ် ။ ဒါပေမယ့် US FDA ( အမေရိက ဆေးဝါးနဲ့အစားသောက်ဆိုင်ရာ ခွင့်ပြုချက်)တော့ မရသေးပါဘူး ။ ဈေးလည်းအရမ်းကြီးပါတယ် ။
၃ ။ Cantharidin ဆိုတာကတော့ ပိုးတောင်မာဖြစ်တဲ့ Meloidae အကောင်ကနေ သဘာဝအတိုင်းတွေ့တဲ့ ဓါတုပစ္စည်း ဖြစ်ပါတယ် ။ သူ့ကို podophyllin နဲ့လည်းရောသုံးနိုင်ပြီး သူ့ဘာသာ သီးသန့်လည်း သုံးနိုင်ပါတယ် ။ သူလည်း FDA ထောက်ခံချက်မရသေးပါဘူး ။ ဒါပေမယ့် ကနေဒါနဲ့ အမေရိက အချို့သော ဆေးဝါးဆိုင်တွေမှာ ရနိုင်ပါတယ် ။
၎ ။ Bleomycin ကလည် US FDA မရသေးပါဘူး ။ ထိုးဆေး တစ်ခါ သို့မဟုတ် နှစ်ခါလောက်တော့ ထိုးရပါတယ် ။ ဒါပေမယ့် သူက ခြေချောင်းလက်ချောင်းတွေကို ပုပ်စေပြီး Raynaud ရောဂါကို ဖြစ်စေပါတယ် ။ ဈေးကြီးပြီး USD$ 200-300 လောက်ရှိပါတယ် ။
၅ ။ Salicylic acid ကဲ့သို့ Dinitrochlorobenzene (DNCB) ကလည်း ကြွက်နို့အပေါ်ကို တိုက်ရိုက် လိမ်း ပေးရတာပါ ။ သူကလည်းကောင်းတော့ကောင်းတယ် ဒါပေမယ့် Salicylic acid ထက်ကို သတိထားပြီး သုံးရပါတယ် ။ သူ့ကို Mutagen လို့ခေါ်ပြီး gene တွေကို ပုံပြောင်းသွားစေပါတယ် ။ ခန္ဓာကိုယ်ကို ယားယံရောင်ရမ်း လာစေပြီး ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်ကို တိုက်ထုတ်ပစ်တဲ့ နည်းဖြစ်ပါတယ် ။
၆ ။ Fluorouracil ကတော့ ဗိုင်းရပ်ရဲ့ ဒီအန်အေကို ပျက်ဆီးစေပါတယ် ။ သူကတော့စမ်းသပ် တဲ့ကုသမှုတွေမှာ အသုံးများပါတယ် ။ သူ့ကို ကြွက်နို့ပေါ်မှာ တိုက်ရိုက် လိမ်းပေးနိုင်ပါတယ် ။ Planter warts တွေမှာပေါ့ ။ သူက pumic stone နဲ့ တွဲသုံးရပါတယ် ။ ဖြည်းဖြည်းချင်းအလုပ် လုပ်တဲ့အတွက် ပျောက်ကင်းချိန်ကြာပါတယ် ။
၇ ။ Salicylic acid ကတော့ တစ်ကမ္ဘာလုံးမှာ တိုင်းပြည်တိုင်းမှာ အသုံးများနေတဲ့ ကြွက်နို့ကုသတဲ့ဆေး ဖြစ်ပါတယ် ။ သူ့ကို Elorac ဆေးကုမ္ပဏီကနေတင်သွင်းပြီး Durasal ဆိတဲ့ နာမည်နဲ့ ရရှိနိုင်ပါတယ် ။
ပြောပြချင်တဲ့ အချက်တွေ များပြားတဲ့အတွက် အပိုင်း ၂ ကို ဆက်လက် စောင့်မျှော်ပေးကြပါ ။
Ref: Wikipedia

အများနဲ့ မတူတမူထူးခြားစွာသယ်ယူပို့ ဆောင်နေသောပုံဆန်းများ


ကုန်ပစ္စည်းများကို၎င်း လူပုဂ္ဂိုလ်များကို၎င်းသယ်ယူပို့ ဆောင်၇ာမှာအများနှင့်မတူ တမူထူးခြားနေ
ကြည့်ပါဦးသွားနေတာများကြောက်ခမန်းလိလိဘဲ ကျောင်းသွား၇တဲ့ ဒုက္ခ
နစ်များနစ်လို့ကတော့ အကုန်လုံးမာလက ဇန်ကြွမယ်သာမှတ်တော့ဟေ့ဒါကတောခေတ်မှီနေတဲ့ဒို့ မြန်မာ၇ဲသယ်ယူ့ ပို့ ဆောင်ေ၇းပါပျော်ပွဲစားထွတ်နေတာများလားမသိပါဘူးသူ၇ဲ့ သယ်ပုံကတမျိုးနော် ခလေးတွေကတော့ စိတ်ညစ်စ၇ာပါသူလဲတမျိုး လက်ကမအားလို့ နေမှာ
သနားစ၇ာပါခလေးနေ၇တာတော်တော်ဆိုးမှာနော်ဗျိုးစက်ဘီးတွန်းတဲ့ ဆ၇ာကြီးဖြေးဖြေးနော် ပြုတ်ကြကုန်မယ်ဒီဆိုတ်ကားဆ၇ာကြီးလဲဖြေးဖြေးနင်းပါဗျအကိုလေးေ၇ဖြေးဖြေးနော်ဒီလိုသယ်ပုံမျိုးကလဲထူးခြားတယ်လိုက်ကြဦးမလားမောင်တို့ေ၇ဝေဟေဟေ
ဝေ ဟေဟေဒီမြင်းကားလှည်းလေးနဲ့ ပို့ပေးမယ်စီးကြမလားသယ်၇င်းတို့ေ၇ပြုတ်များကြလိုက်လို့ ကတော့မနိုင်ဝန်လို့ ခေါ်မလားဘဲကြည့်၇တာတမျိုးကြီးနော်အလွန်တင်တော့ဒီလိုတွေဖြစ်ေ၇ာဒီလိုမျိုးသယ်ယူပို့ ဆောင်ေ၇းကြတော့လဲ ဟေမာသချင်းလိုဘဲ ဒို့ များလဲအားကျပါ၇ဲ့ ......မင်းလိုပုံနယ်.....ဒီပုံလေးများလိုဆို၇င်တော့ ........လိုချင်သားကွယ်
ဟေ့  သူခင်ဗျာ၇ှတ်များတောင်၇ှတ်လို့ နေသေးဟ

အားလုံးသောသူငယ်ချင်းအပေါင်းတိုပျော်၇ွင်ကြပါစေနော်
သည်ပုံများကို   ကိုသတ်တန့်  လွမ်းမပြေနှင့် အင်တာနတ်စာမျတ်နှာများမှစုဆောင်းပြီးကူးယူဖော်ပြတာပါ
အမည်မသိသောပုံပိုင်၇ှင်များကိုလဲကျေးဇူးတင်၇ှိပါတယ် လာေ၇ာက်အားပေးကြည့် ၇ှူကြပါသောသူငယ်ချင်းအားလုံးကို
အထူးပင်ကျေးဇူးတင်၇ှိပါကြောင်း ................ကိုထွန်း ....................

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

Inbox
x

July * julysmit@gmail.com
10:36 AM (13 hours ago)

to mrsorcerer

စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

Browse › Home » စင်ကာပူနိုင်ငံ မြန်မာသံရုံး က အခွန်ထမ်း ပြည်သူတွေကို မောက်မာစွာ ဆက်ဆံ

by Ei Chaw San (facebook)

 မြန်မာ မီဒီယာအသိုင်းအ၀ိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်
ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။
စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။
ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လိုင်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။
 လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ်ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။

ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။
သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဥာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုံးဆက်ပါတယ်  ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ်လို့ပြောပါတယ်။ ကျွန်မ အပါအ၀င် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဥာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိတွေကိုပြောလိုက် ။ ကျွန်မ နောက် ၃၀ မိနစ်မှာပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃၀ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာအားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်းပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။
ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်
၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။  သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။
၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ  ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃၀ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။  ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင်  Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ၀န်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။
အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်
သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀၀ လောက် ကိုယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁၀ နာရီနီးပါးလောက်မှာ ၀န်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀၀ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)
သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀၀ ကျော်သွားတယ်။
  အဲ့ဒီချိန်မှာအော်တယ် အခု ၅၀၀ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့
  တောင်းပန်ခြင်းအာမခံချက်ပေးပြီး  အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး
  ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ၀န်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။)  ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။
  အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။  အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀၀ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။  တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။
အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း  အခွန်ပေးဆောင်ခြင်း  ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။
ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်
အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။  ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။
နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်
အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့  ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်
မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်
သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။  ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝိုင်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှမဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။   ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။  နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်
စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။  လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။
အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅း၃၀ ချိန်းပေမယ့် ၆း၃၀ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

 နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်
 တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး  VIP Facility လုပ်ပေးရမှာ။  အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။
သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်

အချုပ်အနေနဲ့သုံးသပ်ရင် ၀န်ထမ်းအပါ ၀င်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေးတတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့နိုင်ငံရဲ့ ၀န်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှုဆိုတာကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။

ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ၀ိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။

နိုင်ငံခြား ငွေလွှဲကိစ္စနှင့် ပတ်သက်၍ ဦးသန်းလွှင်နှင့် တွေ့ဆုံ မေးမြန်းခြင်း



by Yangon Press International on Friday, April 27, 2012 at 3:06am ·

အမေရိကန်ဒေါ်လာ လွှဲတဲ့ကိစ္စက အမေရိကန် sanction ထဲမှာပါနေသေးတော့ နိုင်ငံတကာဘဏ်နဲ့ချိတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်သေးတော့ အမေရိကန်အနေနဲ့ အဲဒီအပိုင်းလွှတ်ပေးမှရမယ်။ 
(မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ ပုဂ္ဂလိကပိုင်ဘဏ်အချို့ နိုင်ငံခြားငွေ လဲလှယ်ခွင့်၊ နိုင်ငံအချို့မှ မြန်မာနိုင်ငံသို့ ငွေပြန်ပို့ကြရာတွင် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များဖြင့် ဆက်သွယ်ကာ ငွေလွှဲခွင့်တို့ကိုပုဂ္ဂလိကဘဏ်အချို့အား မကြာသေးမီက ခွင့်ပြုခဲ့သည်။ နကိုက ဟွန်ဒီဟုခေါ်သည့် တရားမ၀င်သည့် ငွေလွှဲဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေပြန်ပို့နေခဲ့ကြရာမှ ယခုကဲ့သို လုပ်ဆောင်ခွင့်ပြုလိုက်သည့်အခါ ယင်းနိုင်ငံများရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ပို့ဆောင်နိုင်ပြီဖြစ်သည်။ သို့သော် အခြားသော ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး ပိတ်ဆို့မှုစသည့် အတားအဆီးများ စိန်ခေါ်မှုများလည်း ရှိနေသေးသည်ကို သိရှိရသည်။ ယင်းအချက်အလက်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ (၂) နှင့် ဘဏ္ဍာရေး ၀န်ကြီးဋ္ဌာန၏ အကြံပေး အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူ ဦးသန်းလွင်အား YPI မှတွေ့ဆုံ မေးမြန်းထားပါသည်။)

ဝိုင်ပီအိုင် ။        ။နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးလိုက်ရင် ဘဏ်လုပ်ငန်းကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်မလဲ။
ဦးသန်းလွင်။     ။စီးပွားရေးပိတ်ဆို့မှုတွေရုပ်ပြီး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ တိုးတက်လာတဲ့အခါ ဘဏ်လုပ်ငန်းလည်း တိုးတက်လာမှာပါ။ ဒါပေမယ့် အမေရိကန်ဒေါ်လာ လွှဲတဲ့ကိစ္စက (sanction) စီးပွားရေးပိတ်ဆို့မှုထဲမှာ ပါနေတယ်။ အမေရိကန်အနေနဲ့ sanction ရုပ်တယ်ဆိုတာက တစ်ပိုင်းတစ်စပဲ လွှတ်ပေးသေးတာ။ သူတို့ဘက်က ငွေလွှဲရင် လူသားချင်းစာနာမှုအနေနဲ့ လွှဲတာပဲရတယ်။ဒီတော့ အမေရိကန်ဒေါ်လာ ငွေပို့ငွေယူလုပ်တာကို ကန့်သတ်ထားရင်လည်း ဘဏ်လုပ်ငန်းတိုးတက်ဖို့ဆိုတာ မလွယ်သေးဘူး။
ဝိုင်ပီအိုင်။         ။စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းလိုက်ရင် ဘဏ်လုပ်ငန်းတိုးတက်လာမယ်ဆိုတော့ ဘာတွေပြင်ဆင်ထားဖို့လိုလဲ။
ဦးသန်းလွင်။     ။အဓိကတော့ sanction (ပိတ်ဆို့မှု) ရုပ်လိုက်လို့ ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာရင် ဘဏ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ကိုယ့်ဘဏ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ နားလည်တဲ့သူတွေနဲ့ အံဝင်ဂွင်ကျ ရှိရဲ့လားပြန်စစ်ရမယ်။ ကိုယ့်လုပ်ငန်းအတွက် ကျွမ်းကျင်သူတွေလိုတယ်။ မရှိသေးဘူးဆိုရင်လည်း ခေါ်ရမယ်။ ပြည်ပရောက် နေတဲ့ ကျွမ်းကျင်တဲ့ ကိုယ့်နိုင်ငံသား တွေကိုလည်း ခေါ်သုံးဖို့လိုသလို၊ နိုင်ငံခြားသားပညာရှင်တွေလည်း ခေါ်သုံးဖို့လိုရင်ခေါ်ရမှာပဲ။ တရုတ်တို့၊ထိုင်းတို့၊ စကာင်္ပူတို့ဆိုရင် အနောက်နိုင်ငံသား ပညာရှင်တွေ ကို ကဏ္ဍတိုင်းရဲ့လိုအပ်တဲ့နေရာတိုင်းမှာ ခေါ်ယူသုံးစွဲနေတာ မြင်နေရသေးတာပဲ။
ဝိုင်ပီအိုင်။         ။ ဒါဆိုရင် အခု နိုင်ငံခြားဘဏ်တွေကတဆင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ငွေလွှဲမယ့် အခြေအနေကိုလည်း ပြောပြပေးပါ။
ဦးသန်းလွင်။     ။နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ပြီးငွေလွှဲဖို့ ဧရာဝတီဘဏ်၊ စီဘီဘဏ်၊ အေဂျီဒီဘဏ်နဲ့ ကမ္ဘောဇဘဏ်တို့က မလေးရှားဘဏ်နဲ့ စာချုပ်ချုပ်ပြီးပြီ။ နောက်ပိုင်းမှာတော့ ၁၂ ဘဏ်အထိ ဖြစ်လာမယ်။ တခြားနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စကာင်္ပူ၊ဘင်္ဂလားဒေ့ရှ်၊ ကာတာ စတဲ့နိုင်ငံတွေနဲ့လည်း ချိတ်ဆက်ဖို့ လုပ်နေတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ အွန်လိုင်းစနစ်ဖြစ်တဲ့ swift system ကိုသုံးရတယ်။ တနည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံက ဘဏ်တွေနဲ့ နိုင်ငံခြားဘဏ်တွေနဲ့ ဆက်သွယ်တဲ့ စနစ်ပေါ့ ။ အခု အဲဒီအတွက် စက်တွေတပ်ဆင်နေပါပြီ။ တချို့ဘဏ်တွေဆိုရင် စက်တွေစမ်းသပ်နေပြီ။ နောက်တစ်လ နှစ်လလောက်တော့ကြာအုန်းမယ်။ အဲဒါတပ်ဆင်ပြီးလည်ပတ်နိုင်ပြီဆိုရင်တော့ ပြည်သူကို ကြေညာရမယ်။ ဗဟိုဘဏ်ကလည်း အဆင်ပြေသွားပြီဆိုတာ ကြေညာပေးရမယ်။ ဒါပေမယ့် တစ်ခုက ခုနကပြောသလိုပဲ swift system ကိုသုံးပြီး စက်တွေလည်ပတ်နိုင်ပြီး နိုင်ငံတကာက ဘဏ်တွေနဲ့ ချိတ်ဆက်နိုင်ပြီဆိုရင်တောင် အမေရိကန်ဒေါ်လာ လွှဲတဲ့ကိစ္စက အမေရိကန် sanction ထဲမှာပါနေသေးတော့ နိုင်ငံတကာဘဏ်နဲ့ ချိတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်သေးတော့ အမေရိကန်အနေနဲ့ အဲဒီအပိုင်းလွှတ်ပေးမှရမယ်။
ဝိုင်ပီအိုင်။         ။ တကယ်လို့ နိုင်ငံခြားဘဏ်တွေနဲ့ ချိတ်ဆက်ပြီးငွေလွှဲရင် ငွေလွှဲမယ့်သူတွေအနေနဲ့ ဘယ်လိုစနစ်နဲ့သွားမလဲဆိုတာပြောပြပါ။
ဦးသန်းလွင်။     ။ဒါကိုခုလောလောဆယ်မှာ မပြောနိုင်သေးဘူး။ ဘယ်လိုစနစ်နဲ့သွားမယ်ဆိုတာ swift system တပ်ဆင်ပြီး အဆင်သင့်ဖြစ်တာနဲ့ ပြည်သူကို ကြေညာပေးမှာပါ။ ဒါပေမယ့် ဘဏ်တွေမှာ အကောင့်ဖွင့်ပြီဆိုရင် ကိုယ့်ဖောက်သည်အကြောင်းကိုသိရမယ်ဆိုတာရှိပါတယ်။(know your coustomer) ပေါ့။ ငွေလွှဲသူရဲ့ သတင်းအချက်အလက်တွေရှိနေသိနေရမယ်။ ဒီတော့ ငွေလွှဲတဲ့အခါ လွှဲချင်တိုင်းလွှဲလို့မရဘူးပေါ့။တစ်လကို ဒေါ်လာ ၁၀၀၀ ၀င်တဲ့သူက ၅၀၀၀ လောက်လွှဲနေမယ်ဆိုရင် ဘဏ်ဘက်က စိုးရိမ်တာပေါ့။ ဒီတော့ဘဏ်က ငွေလွှဲသူဟာ လခဘယ်လောက်ရလဲဆိုတာ စစ်ရမယ်။ နိုင်ငံတကာက ကျင့်သုံးနေတဲ့ ဘဏ်ဥပဒေမှာလည်း လွှဲတဲ့ငွေဟာ တရားမ၀င်လွှဲတာတို့၊ မူးယစ်ဆေး ရောင်းတဲ့ငွေလား၊ အကြမ်းဖက်တဲ့ငွေလား၊ လူကုန်ကူးမှုကရတာလား ၊ တရားမ၀င် လက်နက်ရောင်းရငွေ စတာတွေကို လွှဲတာ မလုပ်ရဘူးဆိုပြီး ပြဌာန်းထားတယ်။ အဲဒါတွေမလုပ်ရဘူးဆိုပြီးတော့ Financial Action Task Force က ထိန်းချုပ်ထားတယ်။ ဒါတွေကို ဘဏ်အားလုံးက လိုက်နာရမယ်။
ဝိုင်ပီအိုင်။         ။ တကယ်လို့ နိုင်ငံခြားဘဏ်တွေနဲ့ချိတ်ဆက် ငွေလွှဲငွေပို့ လုပ်နိုင်ပြီဆိုရင် အဲဒါက ဟွန်ဒီဈေးကွက်ကို ဘယ်လို သက်ရောက်မှုရှိလာနိုင်မလဲ။
ဦးသန်းလွင်။     ။ ဘဏ်လုပ်ငန်းတွေဟာ ဟွန်ဒီဈေးကွက်ကို တိုက်ဖျက်နေတာ မုတ်ဘူး။ ဟွန်ဒီဈေးကွက်ကသာ သူ့ဟာသူ ကြီးကြီးကျယ်ကျယ်ဖြစ်နေတာ။ ဟွန်ဒီဈေးကွက်ကတော့ တရားမ၀င်ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရမှုအပိုင်းမှာတော့ လိုနေအုန်းမှာပါ။ တချို့ဆို လိမ်ပြီး ထွက်ပြေးတာမျိုးတောင်ရှိနေသေးတာပဲ။ ဘဏ်ကတော့ လိမ်လို့မရဘူး နိုင်ငံတကာ ဥပဒေနဲ့သွားတယ်။ ဒါပေမယ့် ဘဏ်ကနေလွှဲတာကတော့ ဟွန်ဒီလို မြန်ချင်မှမြန်မယ်။ ဈေးနှုန်းသက်သာ ချင်မှသက်သာမယ်။ ဒါပေမယ့် ဘဏ်ကတော့ စိတ်ချရမှုအပိုင်းမှာတော့ အားသာတယ်။ နိုင်ငံခြားဘဏ်ကနေ ငွေလွှဲနိုင်ပြီ ဆိုရင်တော့ မြန်မာပြီမှာက ဘဏ်လုပ်ငန်းက နေရာတိုင်းမှာ မကျယ်ပြန့်သေးတော့ ဟွန်ဒီဈေးကွက် တစ်ခါတည်း ပျောက်မသွားနိုင်သေးဘူး။ ဒါကြောင့် ဟွန်ဒီသမားတွေကို လည်း တဖြည်းဖြည်းချင်း တရားဝင်ဈေးကွက်ဝင်လာအောင် လမ်းကြောင်းပေးရမယ်။         ။

“ နှေးကွေးနေတဲ့ သင့် Laptop ကို မြန်ဆန်အောင်လုပ်ပေးမယ့် အချက် ၇ ချက် ”



Wednesday 

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ်ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။ အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ်လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန်လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေဟာ အမေရိကန်အခြေစိုက် Laptopမဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။


၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင်လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက်ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီးပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။

၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာအသုံးပြုမှုအချိန်ပမာဏပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။ အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ်စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင်ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေအလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။ သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်းဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာတွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။ အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီးသတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။ သင့်ကွန် ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။