This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, April 18, 2012
တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး
Inbox
x
demonprince13 demonprince13@gmail.com
5:57 PM (5 hours ago)
to mrsorcerer
‎*****ပုလင်းတစ်လုံးနှင့် ဆေးပြားများ.. စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည်*****
တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လက်စားမှုကြီး (ပေးစာ) by-သစ်ထူးလွင်
၂၀၁၂ ခုနှစ် တောင်ကြီးမြို့ သင်္ကြန်ပွဲတော်အတွင်း အမှတ် ၁ ရဲစခန်းမှ လာဘ်စားမှုကြီး
တောင်ကြီးမြို့၊ ( ) ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ( )အနီး၌ 10th April,2012 ည ၁၀နာရီနှင့် ၁၀း၃၀ အချိန်အတွင်း၌ ယဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ယဉ်တိုက်မှုဖြစ်ပွားပုံမှာ ယဉ်အမှတ် --/2324 တပ်ဆင်ထားသော လိုင်စင်မဲ့ယဉ် မတ်တူး {Mark 2} ကားအဖြူရောင်မှာ မြို့ပတ်လမ်း တောင်မှမြောက်သို့ မောင်းနှင်လာပြီး လမ်း ( ) ရှိအိမ်ဝိုင်း နံရံကိုပွတ်တိုက်ပြီး တစ်ဆင့်ပြန်ထွက်လာကာ လမ်းဘေး၌ ရပ်နေသော (ဖုန်းပြောနေသော) ကို( )၊ မိထ္ထီလာ ( ) ယဉ်လိုင်းမောင်းနှင်သူအား ၀င်တိုက်မိခဲ့သည်။ ထိုသို့ဖြစ်ပွားမှု၌ ကားပေါ်တွင် မောင်းနှင်သူမှာ တောင်ကြီးမြို့မှ ဆီစက်ပိုင်ရှင် ဦးဖီးယား၏ မြေးဖြစ်သူနှင့် တောင်ကြီးမြို့မှ “အရှေ့တိုင်း” ကားပစ္စည်းရောင်းဝယ်ရေးမှ သားဖြစ်သူတို့ နှစ်ဦးပါရှိလာကြောင်း သိရသည်။
ကားတိုက်မှု အခင်းဖြစ်ပွားပြီး မကြာမှီတွင် အမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအ၀င် ရဲများ ရောက်ရှိလာကာ ပြဿနာအားဖြေရှင်းပေးကြသည်။ အဆိုပါ ဖြေရှင်းမှု၌ ကားအတိုက်ခံရသူကို ဆေးရုံသို့ ချက်ချင်းပို့ဆောင်မှု မရှိခြင်း။ ကားမောင်းသူဘက်မှ ရောက်ရှိလာသော သူများနှင့် ကားတိုက်ခံရသူဘက်မှရောက်ရှိလာသူတို့ ရိုက်နှက်သည်အထိ ပြဿနာဖြစ်ရခြင်း။ ဆိုင်ရာ ယဉ်ထိမ်းများကို ခေါ်ဆိုမှုမရှိဘဲ ရဲရေးဖြင့်သာ ရှင်းခြင်းများ ဖြစ်ပွားခဲ့သည်။
အဓိကအားဖြင့် ဖြစ်ပွားသော ယဉ်တိုက်မှုကို မဖြေရှင်းဘဲ ကားပေါ်တွင်ပါလာသော မူးယစ်ဆေးဝါးများ (ကိစ္စ)ကိုသာ ဖြေရှင်းနေကြကြောင်းသိရသည်။ ထိုကားပေါ်တွင် စက္ကူဖြင့်ပါတ်ထုပ်ထားသော ပုလင်းတစ်လုံးနှင့် ဆေးပြားများပါရှိလာသည်။ ထိုပစ္စည်းများကို ယဉ်မောင်းသူများမှနေ၍ ရဲများထံမှ ငွေ ငါးသိန်း (သို့) ဆယ်သိန်းဖြင့် ပြန်လည် ရယူလိုကြောင်းပြောဆိုနေကြသည်။ ရဲများမှလည်း ထိုပစ္စည်း စခန်းရောက်လျှင် အရက်ပုလင်းဖြစ်စေရမည် ဟုပြောဆိုသံကြားရသည်။ အမှုကိစ္စကို ယဉ်မောင်းသူဘက်မှ ငွေကြေးဖြင့် လိုက်လံမည်ဆိုကြောင်းကိုလည်း သိရှိရသည်။
နောက်နေ့တွင် အဆိုပါ ကိစ္စအား စုံစမ်းကြည့်ချိန်၌ ကားကိုဖမ်းဆီးထားခြင်းမရှိ လူများ(ယဉ်မောင်း)ကို ဖမ်းဆီးအရေးယူထားခြင်းမရှိ။ ထိုကိစ္စကို အမှုဖွင့်ထားခြင်းမရှိကြောင်းသိ
ရသည်။ ဆေးရုံရောက်လူနာမှာလည်း ထိုတစ်ညလုံး ဆေးဝါးကုသမှုခံယူရခြင်းမရှိပဲ ကြီးစွာသော ဝေဒနာကို ခံစားနေရကြောင်းခြေထောက်ကို ၀ါးဂွမ်းပတ်၍ ဤအတိုင်းသာ ထားထားကြောင်းသိရသည်။ တစ်ဘက်သော လူတို့၏ ဖိအားများကြောင့် ဤအတိုင်းပြစ်ထားခြင်းမျိုး ဖြစ်နိုင်သည်။
ဤဖြစ်ပွားမှုနှင့် ပတ်သတ်၍ တောင်ကြီးမြို့၌ ငွေများတရားနိုင် ကိစ္စများ ဖြစ်ပေါ်လျက်ရှိကြောင်း တရားဥပဒေ စိုးမိုးရေးကို ရှေ့ရှုလျှက် တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှု
တရားဥပဒေအား လှည့်စားထိန်ချန်မှုများ ပပျောက်စေလိုသော ရည်ရွယ်ချက်ဖြင့် တင်ပြသည်။
 မာဃလုလင်
Spitfire လေယာဉ်များမြှုပ်နှံထားသည့်နေရာကို သိရှိထားပြီ
လွန်ခဲ့သော ၆၇ နှစ်က မြန်မာပြည်တွင် မဟာမိတ်တပ်များ လျို့ဝှက်မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေ
                   Battle of Britain တိုက်ပွဲတွင် Spitfire များ အုပ်စုဖွဲ့ပျံသန်းစဉ်
                                        လွန်ခဲ့သော ၆၇ နှစ် ဒုတိယကမ္ဘာစစ် ပြီးစီးလုနီးအချိန်နှင့် ပြီးစီးခဲ့ပြီးအချိန်တွင်    မဟာမိတ်တပ်များက မြှုပ်နှံခဲ့သော ဗြိတိန်တိုက်လေယာဉ် Spitfire အစင်း ၂၀ ကို ပြန်လည်တူးဖော်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ မြန်မာနှင့်ဗြိတိန် အာဏာပိုင်များသည် ယင်းလေယာဉ်များ ရှာဖွေတူးဖော်ရေးကို ပူးတွဲလုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ယင်းကိစ္စကို မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ညှိနှိုင်းခဲ့သည်ဟု သိရသည်။ ဒေါင်းနင်းလမ်းမှ သတင်းအရင်းအမြစ်များကို ကိုးကားပြီး ဘီဘီစီသတင်းဌာန၏ ဖော်ပြချက်အရ တူးဖော်ရေး အကောင်အထည်ပေါ်လာရန် အခြေအနေကောင်းနေကြောင်း သိရသည်။ ဗြိတိန်အရာရှိများအဆိုအရ မြန်မာနိုင်ငံဘက်ကလည်း ယခုကိစ္စအတွက် အထူးပင်စိတ်အား ထက်သန်နေသည်ဟုဆိုသည်။ တူးဖော်ဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် မိုးရာသီမ၀င်မီ လုပ်ဆောင်ဖြစ်မည်ဟုသိရသည်။ SkyNews ၏ ဖော်ပြချက်တွင်မူ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရေး စီမံကိန်းတစ်ခု စတင်ရန်အတွက် သဘောတူညီမှုရသည်ဟု ဖော်ပြထားသည်။ လေယာဉ်များမှာ အစိတ်အပိုင်း တစ်ခုစီဖြုတ်ပြီး သယ်ယူလာခဲ့ခြင်းဖြစ်ပြီး မတပ်ဆင်ရသေးမီတွင် မြှုပ်နှံခဲ့သည့် လုံးဝအသုံးမပြုရသေးသော အသစ်များဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ မြှုပ်နှံထားသည့်နေရာကို သိရှိထားပြီဟု ၁၅ နှစ်ကြာ လိုက်လံရှာဖွေနေခဲ့သူ ဗြိတိန်မှ ဒေးဗစ်ကွန်းဒဲလ် အပါအ၀င်ရှာဖွေရေး လုပ်ဆောင်နေသူအချို့က ထုတ်ဖော်ပြောကြားခဲ့သော်လည်း နေရာအတိအကျကိုမူ ထုတ်ပြန်မထားပေ။ တူးဖော်ရေးအတွက် ကျန်ရှိနေသောအခက်အခဲမှာ နိုင်ငံတကာ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအရ မြန်မာနိုင်ငံအတွင်း၊ အပြင် စစ်လက်နက် တင်သွင်းတင်ပို့မှုများကို ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ မကြာမီ အရေးယူပိတ်ဆို့မှုများသာ ရုပ်သိမ်းနိုင်ပါက တူးဖော်သယ်ယူရေးမှာ အဆင်ပြေလာနိုင်ပြီး မြန်မာအစိုးရဘက်မှလည်း တူးဖော်မှုကို ခွင့်ပြုချက်ပေးနိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လအတွင်းတွင် Spitfire Mark XIV အမျိုးအစား မတပ်ဆင်ရသေးသည့် တိုက်လေယာဉ် အစိတ်အပိုင်းများကို ဗြိတိန်ရှိ ကာဆယ်ဘရွန်းဝစ်ခ်ျအရပ်ရှိ စက်ရုံမှမြန်မာပြည်သို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းလေယာဉ်များတွင် ယခင်အမျိုးအစားကဲ့သို့ မဟုတ်ဘဲ မာလင်းစ်အင်ဂျင်များ မတပ်ဆင်ဘဲ ရိုးရွိုက်စ်ဂရစ်ဖွန်အင်ဂျင်များ တပ်ဆင်ထားခဲ့သည်ဟုဆိုသည်။
မြန်မာပြည်သို့ ရောက်ရှိလာချိန်တွင် လေယာဉ်များမှာ လိုအပ်ချက်ထက် ပိုလွန်နေခဲ့သည်။ စစ်ပွဲမှာ နောက်ဆုံးကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး တိုက်ပွဲများမှာ ပစိဖိတ်ဒေသတစ်ဝိုက်ရှိ ဂျပန်တို့၏ နောက်ဆုံးလက်ကျန် ခြေကုပ်ယူရာနေရာများကိုသာ ဦးစားပေးတိုက်ခိုက်မှုကို တိုးမြှင့်အာရုံစိုက်နေရသည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ မြေပြင်အခြေစိုက် Spitfire လေယာဉ်များမှာ လေယာဉ်တင် သင်္ဘောဖြင့် သယ်ယူနိုင်သော Seafire များကဲ့သို့ ကျွန်းများကို တိုက်ခိုက်ရာတွင် မဆင်မပြေသောကြောင့် အသုံးဝင်မှုနည်းပါးလာခဲ့သည်။
သို့ဖြစ်သောကြောင့် မတပ်ဆင်ရသေးသော Spitfire ၁၂ စင်းကို သေတ္တာပုံးများအတွင်းမှ မထုတ်ရသေးမီ အချိန်တွင်ပင် မြှုပ်နှံထားရန် အမိန့်ထွက်ခဲ့သည်ဟုဆိုသည်။
Spitefire လေယာဉ်များ မြန်မာပြည်သို့ရောက်ရှိလာပြီး နှစ်ပတ်အကြာတွင် ဟီရိုရှီးမားတွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့ပြီး ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နောက်ထပ် Spitefire ရှစ်စင်းကို ထပ်မံမြှုပ်နှံ သိမ်းဆည်းခဲ့သည်ဟု ယူဆရပြီး စုစုပေါင်း အစင်း ၂၀ အထိ မြန်မာပြည်တွင် မြှုပ်နှံခဲ့သည်ဟု ယူဆရသည်။ Spitfire လေယာဉ် အစင်းရေ ၂၁၀၀၀ အထိ ထုတ်လုပ်ခဲ့ဖူးသော်လည်း ယနေ့အခါတွင် ပျံသန်းနိုင်သော Spitfire အရေအတွက်မှာ ၃၅စင်းသာ ရှိတော့သည်ဟု သိရသည်။
Spitfire နှင့် Auster လေယာဉ်များကို ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်မြို့တွင် တွေ့ရစဉ်
                     Spitfire တစ်စင်းကို မြန်မာနိုင်ငံတွင် မြှပ်နှံရန်ပြင်ဆင်နေစဉ်
By;  http://news-eleven.com/
ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ
Inbox
x
demonprince13 demonprince13@gmail.com
6:11 PM (2 hours ago)
to mrsorcerer
ခွေးသေတစ်ကောင် ကျပ်သုံးထောင် ဆတ်သားခြောက် ပြုလုပ်ရန်ဝယ်ယူ...၊၊
သတင်း - ပေါ်ပြူလာ
အများပြည်သူစားသုံးနေသော ဆတ်သားခြောက်များပြု လုပ်ရန် ရည်ရွယ်၍ ခွေးသေတစ်ကောင် ကျပ်သုံးထောင်အထိ ဈေးပေး ဝယ်ယူမှုများရှိလာကြောင်း ဒဂုံ တောင်၊ ၂၂ ရပ်ကွက်နေ ပြည် သူတို့၏ ပြောပြချက်အရ သိရ သည်။
ယင်းသို့ ဆတ်သားခြောက် တုပြုလုပ်ရောင်းချနေသည့် နေရာမှာ သာကေတ၊ ၁ဝ မြောက်ရပ်ကွက် ယခင် သင်္ချိုင်းမြေနေရာ၊ ယခု အမှိုက်ပုံအနီး မြို့တော်စည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်ဝင် ရောက်နေထိုင်နေသော အိမ်တစ်အိမ်မှ ဖြစ်ကြောင်း၊ ထိုသို့ ခွေးသားဖြင့် ပြုလုပ်ထားသည့် ဆတ်သားခြောက်များအား အသားခြောက် ရောင်းသည့်ဒိုင်များသို့ သွားရောက် ရောင်းချလေ့ ရှိကြောင်း သိရသည်။
”သူတို့အရင်က လုပ်သလား မလုပ်သလားတော့ မသိဘူး။ ကျွန်မတို့ ပြောင်းလာတဲ့ ၁ နှစ် ကျော်အတွင်းမှာတော့ အဲဒီလို ခွေးသားတွေကို ဆတ်သားခြောက် လုပ် ရောင်းတာတွေ တွေ့နေရတာ ပဲ။ အခုလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီ ရက်ပိုင်းအတွင်းက အဲဒီအိမ်မှာ အသားခြောက်တွေ လှန်းထားတာ အများကြီးပဲ။ အခုတော့ ရောင်းပြီးပြီနဲ့ တူတယ်။ လှန်းတာ မတွေ့တော့ဘူး” ဟု ဒဂုံတောင်၊ ၂၂ ရပ်ကွက်နေ အမျိုးသမီးတစ် ဦးကပြောသည်။
သကေတ၊ ၁ဝ မြောက်ရပ် ကွက်နှင့် ဒဂုံတောင်၊၂၂ ရပ်ကွက် သည်။ နယ်နိမိတ်ခြင်း ထိစပ်လျက် ရှိပြီး ယင်းမြို့နယ်များမှ ခွေးလေ ခွေးလွင့်များအား ချောင်းမြောင်း သတ်ခြင်း၊ တစ်ဆင့်ပြန်လည် ဝယ်ယူ၍ အသားခြောက်ပြုလုပ် ရောင်းချခြင်းများပြုလုပ်ကြောင်း သိရသည်။ ယင်းအိမ်သည် ညဘက်တွင် ခွေးများအား လိုက်လံသတ်ဖြတ်၍ ယမ်းစိမ်းမှုန့်များသုံးကာ အခြောက်ပြုလုပ်ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧပြီလ ပထမပတ် အတွင်းက ရန်ကုန်မြို့နေရာအ တော်များများတွင် ခွေးလေခွေးလွင့်များအား လိုက်လံရှင်းလင်းရာ ယင်းရက်အတွင်း၌ အဆိုပါနေအိမ်တွင် အသားခြောက်များလှန်းထားသည် ကို များစွာတွေ့ခဲ့ကြောင်း နီးစပ်သူ များက ဆိုသည်။
”သင်္ကြန်ရက်မတိုင်ခင်က အဲဒီအိမ်မှာ ခွေးသားတွေ လှန်းတာ အများကြီးတွေ့ရတယ်။ အခြောက်လှန်းပြီး လမ်းမတော်၊ သံဈေးဒိုင်တွေကို ပို့တယ်လို့ သိရတယ်။ သူ တို့က အခုလို နွေရာသီမှာပဲ လုပ် ကြတာ။ နွေရာသီမှာက စည်ပင်က ခွေးလေခွေးလွင့်တွေကို အဆိပ်ပါတဲ့ အသားတုံးတွေကျွေးပြီး သတ်တာ လုပ်လေ့ရှိတာကိုး။ သူတို့ လုပ်နေ တာကို ကြည့်ရတာ တရားဝင်လုပ် ခွင့်ရှိသလားတောင် ထင်ရတယ်” ဟု ယင်းရပ်ကွက်အနီးနေ အိမ်တစ် အိမ်က ပြောပြသည်။
ပြီးခဲ့သည့် တစ်နှစ်ကျော်က ဒဂုံတောင်၊ ၂၂ ရပ်ကွက်၌ ယင်း သို့ ခွေးသားများအား ဆိတ်သား များပြုလုပ်ကာ ဈေးများသို့ လိုက်လံ ရောင်းချသူတစ်ဦး ရှိခဲ့ပြီး၊ ယင်းသို့ ပြုလုပ်သူအား သက်ဆိုင်ရာက ဖမ်း ဆီးအရေးယူခဲ့ကြောင်း၊ ယခုအခါ ယင်းရပ်ကွက်အနီးတွင် ပြန်လည်ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကာလအတွင်း ရန်ကုန်ဆေးရုံကြီး၌ ခွေးကိုက်လူနာများ ရောက်ရှိလာမှု များပြားလာသည်ဟုဆိုကာ ရန်ကုန်မြို့၊ မြို့နယ်အချို့ရှိ ခွေးလေခွေးလွင့်များအား အဆိပ် ရည်သုတ်ထားသည့် အမဲသားတုံး များ လိုက်လံချကျွေးမှုများရှိခဲ့သည်။ ယင်းအဆိပ်လူးအသားတုံးများ စားမိသော ခွေးများသည် တစ်ခဏအတွင်း သေဆုံးကြရ သည်။
--
 မာဃလုလင်
(ဧရာဝတီ ကျိန်စာ)
ဒီ တစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို မြန်မာနိုင်ငံရဲ့ နာရေးကူညီမှုအသင်းကြီး ဥက္ကဠ ဦးကျော်သူ ရဲ့ ဟောပြောပွဲက (ဧရာဝတီကျိန်စာ) လို့ ခေါ်တဲ့ ကဗျာလေးကို သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ ကော ကိုယ့်နိုင်ငံက မြစ်တစ်စင်း ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်း နောင်လာနောက်သားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ် သင့်ကြောင်း စည်းလုံးညီညွှတ်သင့်ကြောင်း ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ သံယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဖော်ကြူးထားတဲ့ ကဗျာလေးဖြစ်ကြောင်းကို ဦးကျော်သူက ဒီလိုလေး ဖော်ပြပေးသွားပါတယ်ဗျာ။ကဗျာလေးရဲ့ စာသားအဓိပ္ပာယ်လေးကို ကျွန်တော် အရမ်းကြိုက်လွန်းလို့ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။ (ဧရာဝတီ ကျိန်စာ) ငါ….မင်းတို့ မမွေးခင်ကတည်းက ရပ်တည်လာခဲ့တဲ့ငါ
 မင်းတို့ လူမမယ် ဘ၀ကနေ ခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ငါ မင်းတို့ ပျော်ပါးကူးခတ်ဖို့  ပျော်တော်ဆက်ခဲ့တဲ့ငါ
 မင်းတို့ လျှော်ဖွတ်သန့် စင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ငါ
 မင်းတို့ တံငါတွေ လှေယာဉ်စီးပြီး ပိုက်ချခွင့်ပြုပေးခဲ့တဲ့ ငါ မင်းတို့ ယာသမား ကိုင်းသမားတွေ စိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ လူမျိုးစုချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလမ်းပေးခဲ့တဲ့ ငါ
 မင်းတို့ ဆေးဘက်ဝင် သစ်ဥ သစ်ဖု ပန်းမာလာတွေ ပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ ငါ
 မင်းတို့ ရဲ့ ဇီဝမျိုးကွဲ ယာတိရိစ္ဆာန်တွေ ကျက်စားခွင့်ပြုပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အဖိုးတန် သယံဇာတ ကျောက်စိမ်း ရွှေတွေ မွေးဖွားပေးခဲ့တဲ့ ငါ 
 မင်းတို့ ရဲ့ အာရှ ကမ္ဘာမှာ အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ ငါ ဟိုတုန်းက ငါ့ကို မင်းတို့ အိမ်ရှေ့ရေမြောင်းလောက်တောင် ဂရုမစိုက်ချင်ကြ ခုတော့..ငါ့ရဲ့ ဧရာဝတီ သွေးတွေနဲ့ မင်းတို့ ဒေ၀ဒတ်တွေ မီးလင်းဖို့ ကြိုးစားနေလေရဲ့ အတိတ်တုန်းက လုပ်သမျှ ငုံ့ ခံခဲ့တဲ့ငါ အနာဂတ်မှာ ကမ္ဘာ ကမ္ဘာ ကမ္ဘာ မကျေ ဟေ့…ဟေ့…အရိုးမတွန် ချင်တဲ့ ငါ 
 အခု ပစ္စုပ္ပန်မှာတော့ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝနဲ့ဟေ့…. အေး..ငါဆိုတဲ့ ဧရာဝတီ သေရင် မင်းတို့ လူမျိုးပြုတ်မယ်.. မင်းတို့ တိုင်းပြည်ပျောက်မယ်…ကွ ဒါကြောင့်  ငါ ကျိန်စာတိုက်လိုက်မယ်… လူမျိုးမပျောက် တိုင်းပြည်မပျောက်ခင် မင်းတို့ ဒေ၀ဒတ်တွေ အားလုံး….. ကျော်သူ့ အကူမပါဘဲ..အရှင်လတ်လတ် မြေကြီးထဲရောက်စေသား…..။ (ဦးကျော်သူ)
ဒေါသမထွက်ခင်---အရင်ထိန်းချုပ်ကြပါစို့......
သင်ဟာ ဓားတစ်လက်နဲ့ လူတစ်ဦးကိုထိုးလိုက်တယ်ဆိုပါစို့။ ဘယ်လောက်ပဲ အကြိမ်ပေါင်းများစွာ
မှားတယ်လို့တောင်းပန်လဲ သူ့ဆီမှာ ဒဏ်ရာကတော့ရသွားခဲ့ပါပြီ။
သင်တောင်းပန်ပါတယ်လို့ နောက်တစ်ကြိမ်လူတစ်ဦးကို  မပြောရသေးခင် သင့်ရဲ့ ဒေါသတွေကို
အရင်ထိန်းချုပ်လိုက်ပါ။
ကျွန်တော်တို့ဒေါသတစ်ခါထွက်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေအပေါ်မှာ
ပြု မူလိုက်တဲ့ခြံစည်းရိုးအပေါ်က သံရိုက်တဲ့ဒဏ်ရာတွေအတိုင်း ပြန်နှုတ်လိုက်ပေမယ့်လည်း
သူတို့စိတ်တွေမှာတော့ ဒဏ်ရာတွေရသွားမှာအမှန်ပါပဲ။
ဒေါသမဖြစ်ခင်---အရင် အသိစိတ်ကလေးနဲ့ ထိန်းချုပ်ကြပါစို့လား.....ခင်ဗျား။
အပျိုစင် အမျိုးသမီး 100 ကျော်ကို သတ်ပြီး သွေးနဲ့ ရေချိုးခဲ့သူ
အကျော်ကြားဆုံး နဲ့ လူသိအများဆုံး သွေးစုတ်ဖုတ်ကောင်ကို သူငယ်ချင်းတို့သိပါသလား။
သူ့မနာမည်ကို မြို့စားကတော် elizebeth bathory လို့ခေါ်ပါတယ်။1560 ခုနှစ်ကနေ1614 ခုနှစ်အထိ
အသက်ရှင်နေထိုင်ခဲ့ပါတယ်။သူ့မကို သမိုင်းမှာ အမျိုးသမီးများအား အများဆုံးဆက်တိုက်သတ်ခဲ့သူ
serial killer အဖြစ်မှတ် တမ်းတင်ခဲ့ပါတယ်။ သူ့ကိုနောက်တစ်မျိုးခေါ်တာကတော့
                                    ““သွေးစုတ် မြို့ စားကတော်””တဲ့။သူ့မခင်းပွန်းသေဆုံးသွားပြီးတဲ့နောက် သူ့မ နဲ့ အပေါင်းအပါ လေးယောက်တို့ဟာရာပေါင်းများစွာသော
အမျိုးသမီးငယ်တွေကို သတ်ဖြတ်မှု ညှင်းပန်းနှိပ်စက်မှု တွေနဲ့အဖမ်းခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းကတော့elizabethဟာအဖမ်းလည်းမခံခဲ့ရသလိုအရေးယူခြင်းလည်းမခံခဲ့ပါဘူး။
ဒါပေမယ့် 1610ပြည့်နှစ်မှာတော့သူ့မဟာ cesjte castleမှာထောင်သွင်းအကျဉ်းချခံခဲ့ရပြီး
နောက်solvakiaကိုရောက်ခဲ့ပါတယ်။သူမသေဆုံးပြီးတဲ့နောက် လေးနှစ်ကြာတဲ့အထိ သူ့မကိုအကျဉ်းချခဲ့တဲ့ တိုက်အုတ်ခန်းလေးက
နဂိုအတိုင်းရှိနေပါသေးတယ်။စာတွေမှာဖော်ပြထားတာကတော့ သူမဟာ သူ့မရဲ့ ငယ်ရွယ်နုပျိုမှုကိုအစဉ်ပိုင်ဆိုင်ဖို့ အပျိုစင်တွေ
ရဲ့သွေးနဲ့ရေချိုးခြင်း သောက်သုံးခြင်းစတာတွေကို ပြုလုပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
မူရင်း........သက်တန်ချို။
Best Quality Cartoons
Tuesday, April 17, 2012
တို့သိတဲ့သာသနာ (ဒယ်အိုးဆရာတော်)
သစ္စာလေးပါး သိမြင်တော်မူသော မြတ်ဘုရား၏ အဆုံးအမများကို သာသနာဟုခေါ်ပါ၏။
မြတ်စွာဘုရားဆုံးမသော အဆုံးအမများသည် မြတ်စွာဘုရား၏ အယူဝါဒများမဟုတ်၊ အကြိုက်အလိုက်များ မဟုတ်၊
သဘာဝ အမှန်တရားများဖြစ်၏။ သဘာဝအမှန်တရားဆိုသည်မှာ သဘာဝအတိုင်း မှန်နေသော အမှန်တရားများဖြစ်၏။
ဆိုလိုသည်မှာ - သဘာဝအမှန်တရားသည်၊ မည်သူတစ်ဦးတစ်ယောက်ကမှ ပြုပြင်စီရင်ထားခြင်းမဟုတ်၊
မည်သူမည်ဝါ၏အကြိုက် လိုက်ထားခြင်းမဟုတ်၊ တည်ဆောက် ပြုစုထားခြင်းမျိုးမဟုတ်ပေ။
သဘာဝအမှန် (သစ္စာ) တရားကို---
မည်သူမျှ ပြုလုပ်ယူ၍မရ၊
မည်သူမျှ ပြုပြင်၍ လည်းမရ၊
မည်သူမျှ ဖျက်ဆီး၍ လည်းမရ၊
မည်သူမျှ --------------
ပြုလုပ်သူမရှိ ၊ ပြုပြင်သူမရှိ ၊ ဖျက်ဆီးသူမရှိ ၊ သန့်စင်အောင်ပြုသူမရှိ ၊ ညစ်နွမ်းအောင် ပြုနိုင်သူမရှိ။
သာသနာဟုဆိုအပ်သော သဘာဝအမှန်တရားသည် သဘာဝအတိုင်း မှန်နေပြီးဖြစ်၏၊ သဘာဝအတိုင်း သန့်ရှင်းနေပြီးဖြစ်၏၊ တည်တန့်နေပြီး၊ သဘာဝအတိုင်း မြင့်မြတ်ပြီး၊ ခန့်ညားပြီး၊ ထည်ဝါပြီး ဖြစ်၏
ထို့ကြောင့် သာသနာ-သဘာဝအမှန် (သစ္စာ) တရားတွင် ပိုင်ရှင်မရှိ (မူပိုင်မရှိ) ၊ ရန်သူမရှိ ၊ မိတ်ဆွေမရှိ ၊ ချစ်သူ
မရှိ ၊ မုန်းသူမရှိ ၊ ငြိုးသူရန်ဘက် မရှိခြင်းကြောင့် သာသနာ (သဘာဝ အမှန်တရား) သည် ပျက်ဆီးသည်ဟူ၍မရှိ ၊ ညစ်နွမ်း
သည်ဟူ၍မရှိ ၊ တိုးတက်သည် မရှိ ၊ ဆုတ်ယုတ်သည် မရှိ ၊ မြင့်ခြင်းနိမ့်ခြင်း မရှိ ၊ သဘာဝအမှန် (သစ္စာ) သာသနာသည်
သဘာဝအမှန်(သစ္စာ) သာသနာအတိုင်းပင် အစဉ်တည်၏ ၊ သန့်ရှင်း၏။
သာသနာ-သဘာဝအမှန်(သစ္စာ)တရားကို ---
ဖျက်ဆီးသူသည်သာလျင် ပျက်စီးရ၏၊
ညစ်နွမ်းအောင် ပြုသူသာလျင် ညစ်နွမ်းရ၏။
မှေးမှိန်အောင် ပြုသူသာလျင် မှေးမှိန်ရ၏။
ဤသည်မှာလည်း သဘာဝအမှန်(သစ္စာ)တရားတွင် တာဝန်မရှိ ပြုသူ၏တာဝန်ပင်ဖြစ်ပေ၏။ ကိုယ်ပြုသည့်အတိုင်းပင် ကိုယ့်ထံသို့ ပြန်လာခြင်းသာဖြစ်၏။
မှတ်ချက်။ ။ ဒယ်အိုးဆရာတော်ရေးသားခဲ့သော ပို့စ်ဟောင်းလေး တစ်ပုဒ်ဖြစ်ပါသည်။ ဓမ္မဒါန မျှဝေပါသည်။
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင် ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။
ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်
ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။
ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်
၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။
၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။
၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။
၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။
ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။
မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။
မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။
သက်တန့်ချို
From : Almost Hit A Billion
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Posted by သက်တန့်ချို at 10:37 AM
မြန်မာ့ရိုးရာသင်္ကြန်နဲ့  သရုပ်ပျက်ဝတ်စားမှု
Posted: 15 Apr 2012 12:29 AM PDT
                   ခုလက်ရှိပုံတွေကတော့ မြန်မာအမျိုးကောင်းသားသမီးပုံတွေနည်းပြီ မဏ္ဍပ်ထိုင်တာတော်တော်များများဟာ KTV ၊တို့  အနှိပ်ခန်းတို့ က အမျိုးသမီးများသာဖြစ်ပြီ သူတို့ အတွက် ဒီနေရတွေမှ ဂွင်ကြီးကြီးနဲ့  စပွန်ဆာတွေ ရရှိဖို့  မျှော်လင့်ချက်နဲ့  ယခုလို မလုံမခြုံ ၀တ်ဆင်ပြီ စပွန်ဆာမျှော်လင့် နေပုံဖြစ်ကြောင်း သိရှိရပါသည်။ တကယ့် မြန်မာ့အမျိုးကောင်းသမီးတွေမှာ ဒီလို မိန်းမပျက် စာရင်းဝင် တချို့ အနုပညာဗန်းပြပြီး စပွန်ဆာနဲ့  လုပ်စားနေတဲ့ သူတွေကြောင့် ကောင်းမွန် တည်ငြိမ်စွာ ရေကစားကြတဲ့ အမျိုးကောင်းသမီး များအပေါ် အထင်လွဲမှုတွေ ရှိနေကြတာပါလို့  ရန်ကုန်မှ သူငယ်ချင်းမှ အဖြစ်မှန်ကိုပြောပြမှသိရတော့တယ်..
                 ကျနော်လည်း စဉ်းစားမိတယ် တကယ့်သိက္ခာရှိတဲ့ အမျိုးကောင်းသမီတယောက်က ဘီယာမူးပြီ အရှက်တွေအကုန်ဖော် သိက္ခာမရှိစွာ က ဖို့ ဆိုတာ အတော့်ကို လုပ်နိုင်ဖို့ ခဲယဉ်းပါတယ်..အဲ့လို ဖြစ်နေသူတွေကလည်း ..သူတို့ မိဘတွေက မသိလို့ လား၊မရှိလို့ လား ဒါမှမဟုတ် သူ့ တို့ မိဘတွေက ၀ရမ်းပြေးနဲ့  -ါသည်မ မွေးထားလို့  ဒီလို မြန်မာ့ယဉ်ကျေးမှုတွေကို ပေါ်ပေါ်ထင်ထင် ဖျက်စီးနေကြတာ နေမှာ..အရက်ကုမ္ပဏီကြီးကလည်း မျှော်စင်ကျွန်းမှာ သူတို့  အရက် ရောင်းရဖို့  သိက္ခာမရှိတဲ့ မိန်းမတွေခေါ်ပြီ ကပြခိုင်းနေတာ တကယ့်ကို မကောင်းတဲ့ ပုံရိပ်တွေပါပဲ...ဒီလိုသာ လက်ပိုက်ကြည့်နေ ကြမယ်ဆိုရင် နောက်နှစ်တွေ ဒီထက်ပိုဆိုးဝါးလာပြီ တကယ့်အမျိုးကောင်းသမီးလေးတွေပါ ငါးခုံးမ တစ်ကောင်ကြောင့် တမျိုးသားလုံး ဂုဏ်သိက္ခာတွေ ကျဆင်းမယ့်ပုံတွေပါပဲ...
              ဒါကြောင့် မြန်မာ့ဂုဏ်သိက္ခာမညိုးနွမ်းစေဖို့  ခုလိုသရုပ်ပျက် အ၀တ်စားများဝတ်ဆင်ခြင်းနဲ့  မြန်မာ့ဂုဏ်သိက္ခာ ၊ယဉ်ကျေးမှု ညိုးနွမ်းအောင် လုပ်ဆောင်နေတဲ့ အနုပညာသည် အချို့ နှင့် မိန်းမပျက်များအား အားလုံးစုပေါင်း ရှုတ်ချကြပါစို့ ...................
ခြေ ခြောက်ချောင်းနှင့် ကလေးငယ်
နှစ်သစ်ကူး အချိန်အခါမှာ မြန်မာပြည်သူတွေ ကျန်းမာချမ်းသာကြပါစေ။
ဒီမနက် ဒေးလီးမေးလ် သတင်းစာလေး ဖတ်လိုက်ရင်း တွေ့ရတဲ့ ထူးခြားတဲ့ သတင်းထူးလေး ဘာသာပြန် တင်ပေးလိုက်ပါတယ်။
လူပေါင်း တစ်သန်းမှာ တစ်ယောက်မဖြစ်နိုင်တဲ့ ခြေထောက် ခြောက်ချောင်းရှိတဲ့ကလေးငယ်လေး အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပါကစ္စတန် ဆရာဝန်တွေက ကြိုးစားနေကြပါတယ်။
အသက် ၇ သား အဲ့ဒီကလေးငယ်ကို စတင် ကိုယ်ဝန်ဆောင်စဉ်ကတော့ သုံးမွှာပူးလေး ဖြစ်ဖို့ စတင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ခြေချောင်းတွေဖြစ်လာပြီးကာမှ ဒုတိယ နဲ့ တတိယ ကလေးရဲ့ ခန္ဓာကိုယ်က ဆက်မဖြစ်တော့ဘဲ အခုလို ကလေးတစ်ယောက်ထဲမှာ ခြေထောက် ခြောက်ချောင်းဖြစ်နေတာလို့ ယူဆသူတွေလည်း ရှိကြပါတယ်။ ဒေါက်တာ Raza က သူတို့ အနေနဲ့ ဒီကလေးငယ်လေးကို ခွဲစိတ်ဖို့အတွက် ကြိုးစားနေပေမယ့် သူတို့ထက် အတွေ့အကြုံနဲ့ ပညာရင့်ကျက်တဲ့ ပြည်ပ ဆရာဝန်တွေရဲ့ အကူအညီကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ညီနေမင်း April .17.2012
ညီနေမင်း
Posted: 15 Apr 2012 05:09 AM PDT
ကဲအောက်မှာ ဖုန်းဆက်ပြီးတော့ကော မေးလ်နဲ့ပါ တောင်းထားတာတွေများလို့ လုပ်နည်းကို တစ်ခါတည်း video file နဲ့ပါ ရှင်းပေးထား ပါတယ်. အသံပါ ထည့်ပြီး ရှင်းထားတာဖြစ်လို့ နားလည် မယ်လို့ မျှော်လင့်ပါတယ်. နောက်ဆုံး ထွက် version ပါပဲ. အောက်မှာ registration လုပ်တတ် တဲ့ သူတွေ အတွက်တော့ ရှင်းပြချက်က လိုမယ်မထင်ပါဘူး. မလုပ်တတ်တဲ့သူတွေအတွက် software ကော tutorial movie ဖိုင်ကိုပါ download လုပ်ရမှာဖြစ်ပါတယ်.
internet download manager 6.10.2 Software & patch
ifile | mediafire | Minus
internet download manager 6.08.8 ကို registration လုပ်ပုံလုပ်နည်း video ဖိုင်
Posted: 15 Apr 2012 04:43 AM PDT
winechit: အကို ကျွန်တော် မေးထားတာလေးကော ရရဲ့လားခင်ဗျာ EpsonTX121 Resetter
ကဲ ကိုဝိုင်းချစ်ရေ အောက်မှာ တင်ပေးလိုက်ပါပြီဗျာ. အပေါ်က ခေါင်းစဉ်ကလိုမျိုးပဲ . Epson TX121 နှင့် EPSON ME-320 နှစ်မျိုးစလုံး အတွက် အဆင်ပြေပါ တယ်. ခေါင်းစဉ်မှာ မြန်မာလို ထည့်ထည့်ထားတာကတော့ အကြောင်းရှိလို့ပါ. တမင်မြန်မာလို ထည့်ရေးထားတာပါ. ကဲ အဆင်ပြေမယ် လို့ မျှော်လင့်ပါ တယ်. အောက်မှာ သင့်တော်တဲ့ Link ကနေသာ Download လုပ်လိုက်ပါ.
Download minus | Mediafire | ifile
Posted: 15 Apr 2012 04:35 AM PDT
HJSplit ဆိုတာဘာလဲဆိုရင် သူကလဲ ဖိုင်တွေကို win rar လို မျိုး ပါပဲ ဖိုင်တွေကို အပိုင်းပိုင်းခွဲထုတ်လို့ရတယ် ပြီးရင် ပြန်ဆက်လို့လဲရတယ် . hosting ဆိုက်တွေမှာ ဖိုင်တင်တဲ့အခါ လိုင်းကောင်းတဲ့သူတွေအတွက် တစ်ခါတည်းနှင့် 100 MB ကိုတင်လို့ရပေမယ့် .. Download လုပ်တဲ့ မြန်မာပြည်ကလို အင်တာနက် speed နှေးတဲ့နေရာမျိုးကနေဆိုရင် 100MB ကို မနည်း Download လုပ်ရမယ် . ဒီကြားထဲ Downloader တွေနဲ့ ကြားကန်ပြီး Download လုပ်တာဆိုရင် နဲနဲသက်သာဦးမယ် . Browser ကပေးတဲ့ Downloader နဲ့သာဆိုရင် မချောင်ဘူး . ပြုတ်ကျသွားလိုက် အသစ်က ပြန်စလိုက်နဲ့ 100 MB ကို ဘယ်နှစ်ရက်လောက် Download လုပ်ရမလဲမသိဘူးလေ . အဲတင်တဲ့သူက 100 MB ကို 5 ပိုင်းခွဲတင်ပေးလိုက်မယ်ဆိုရင် .. တင်တဲ့သူအတွက် အလုပ်နဲနဲ ရှုပ်ပေမယ့် .. Download လုပ်ရတဲ့သူအတွက် ပိုပြီးအဆင်ပြေတာပေါ့ .. အခု HJSplit က အဲလို ဖိုင်တွေကို ခွဲထုတ်ပေးတဲ့ software ပါပဲ .. HJ နဲ့ ခွဲထားတဲ့ ဖိုင်တွေကို HJSplit program နဲ့သာလျှင် ပြန်ဆက်လို့ရပါတယ် .. နောက်တစ်ခုက HJ နဲ့ခွဲထားလား မခွဲထားလား သိချင်တယ်ဆိုရင် ရလာတဲ့ File Format ရဲ့နောက်ပိုင်းမှာ 001,002,003 ... အဲ့လိုမျိုး အဆုံးသတ်ပါတယ် .. Rar နဲ့ဖိုင်ခွဲလို့ရှိရင် Format ရဲ့နောက်ဆုံးမှာ .rar .. win zip နဲ့ ဆိုရင် .zip အဲ့လို အဆုံးသတ်ပါတယ် .. သဘောပေါက်မယ်လို့ထင်ပါတယ် .
မိမိ Download လုပ်ထားသော ဖိုင်သည် အောက်ပါ format ဖြင့် ဆုံးလျှင် အောက်ပါ software ဖြင့် ဖိုင်များကို
ဖြည်ရမှာ ဖြစ်ပါတယ်. အောက်မှာ ခွဲပေးထားပါတယ်.
  • .rar, zip ဖြင့် ဆုံးလျှင် Win Rar (or) Win Zip တစ်ခုခုဖြင့် ဖိုင်ဖြည်ရမည်ဖြစ်သည်။
  • .001, .002, .003 ဖြင့် အဆုံးသတ်ခဲ့လျှင် Hjsplit ဖြင့် ဆက်ရမည်ဖြစ်ပါသည်။
Minus | Mediafire | Ifile
Posted: 15 Apr 2012 04:06 AM PDT
kyawkyaw555@gmail.com : အကိုညီနေမင်း မင်္ဂလာပါ ကျနော့်စက် dell inspiron n4030 အတွက် ၀င်းဒိုးအသစ်တင်ပြီး driver တွေလိုနေလို့ ကျနော်ရှာတာမရလို့ ပြီးတော့ DriverPack Solution 11 (x32-x64) ဆိုတဲ့ ဆော့ဝဲလ်နဲ့ လုပ်တာလဲ မရလို့ပါ ကူညီပါအုံး အကိုမအားတဲ့ကြားက ခုလို အလုပ်ပေးမိ သလိုဖြစ်သွားတဲ့ အတွက်တောင်းပန်ပါတယ် ကျနော်လဲ ဘယ်လိုမှ မရတော့လို့ပါ ..
ကျွန်တော်တင်ပေးလိုက်ပါတယ် ကိုကျော်ကျော်ရေ. ကိုတင်ထားတဲ့ window က 32bit လား 64 bit လားဆိုတာကို အရင်ဦးဆုံး စစ်လိုက်ပါ. စစ်ပြီးတော့မှ သက်ဆိုင်ရာ Driver ကို download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်.
Download Dell Inspiron N4030 Windows 7 x32 Drivers (32 bit)
Audio
IDT 92HD79B1 Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Bios
Dell Inspiron Laptop N4030 System BIOS
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
PLDS DS-8A5SH 12.7 SATA Trayload DVDRW Firmware
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Chipset
Intel Management Engine Interface Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Realtek RTS5138 Card Reader Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Communication
Conexant D400,External USB 56K Modem Application
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Conexant D400,External USB 56K Modem Diagnostics Utility
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Conexant D400,External USB 56K Modem Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Conexant D400,External USB 56K Modem Utility
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Mouse & Keyboards
Alps TouchPad Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
SATA Drives
Intel Rapid Storage Technology Driver
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
System Utilities
Dell System Software Utility
Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Video
AMD ATI Mobility Radeon™ HD 530v
Driver Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
AMD ATI Mobility Radeon™ HD 5430
Driver Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Intel Graphics Media Accelerator HD
Driver Dell Inspiron N4030 Driver Windows 7 x32-32 bit
(Download)
Laptop အသုံးပြုသူများ သတိပြုရန်
၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။
၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။
၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။
၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။
၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။
၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။
၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။
၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။
၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင်သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။
ဘယ်လိုလဲ သမ္မတ ဦးသိန်းစိန်
တူမောင်ညို ၊ ဧပြီ ၁၇၊ ၂၀၁၂
ဧပြီ ၁၄ ရက်နေ့တွင် (NLD) ပါတီက သမ္မတ ဦးသိန်းစိန်ထံ “ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အကြံပြုစာ” ပေးပို့ခဲ့သည်။
“ဥပဒေနဲ့အညီပြင်စေချင်တယ်” လို့လည်း ပြောသည်။
စကားအသုံးအနှုန်းပြင်ဆင်ချက် အတည်ပြု မပြီးမချင်း ရွေးချယ်ခံထားရတဲ့ (NLD) ပါတီ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ သွားမှ မဟုတ်ဘူးဆိုတဲ့ ပြောသံလည်းကြားရပါသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသော စကားလုံးကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပေးခဲ့သဖြင့် (NLD) ပါတီ က ပြန်လည်မှတ်ပုံတင်ခဲ့သည်။
ဧပြီ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသည့်နေရာ (၄၅) နေရာ အနက် (၄၃) နေရာ တွင် (NLD) ပါတီက အနိုင်ရခဲ့သည်။ လွှတ်တော်ထဲဝင်ရတော့မည်။
သို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၅ (ခ) နှင့်အညီ လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်။
ယခု အခြေအနေက ကတိသစ္စာပြုရမည့်အဆင့်တွင် တစ်နေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)“ကတိသစ္စာပြုချက်”တွင်ပါရှိသည့်စကားလုံးအသုံးအနှုန်းက (NLD)ပါတီ ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များအတွက် အဟန့်အတားဖြစ်နေသည်။
ကတိသစ္စာပြုချက်တွင် “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ပြီး နိုင်ငံတော်၏ဥပဒေများကို လည်းလိုက်နာပါမည်” ဟု ရေးသား၊ ဖေါ်ပြ၊ ပြဋ္ဌာန်းထားသည်။
(NLD) ပါတီက “ထိန်းသိမ်းကာကွယ်စောင့်ရှောက်” ဆိုသည့်စကားလုံးအသုံးအနှုန်းအစား “လေးစားလိုက်နာ” ဟူသော စကားလုံးအသုံးအနှုန်းဖြင့် ပြင်ဆင်လိုသည်။ ထို စကားလုံးအသုံးအနှုန်းကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် (၂၀၁၁ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၁ )၊ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ထုတ်ပြန်၍ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။
ယခုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ တွင်ပါရှိသော စကားအသုံးအနှုန်းကို ပြင်ဆင်ခဲ့သည့်နည်းတူ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) “ကတိသစ္စာပြုချက်” တွင် ရေးသား၊ ဖေါ်ပြ၊ပြဋ္ဌာန်းထားသည့် စကားလုံးအသုံးအနှုန်းကိုလည်း ပြင်ဆင်ပေး ရန် (NLD) ပါတီက သမ္မတ ထံအကြံပြုစာပေးပို့ထားခြင်းဖြစ်သည်။
သမ္မတသည်၎င်း၏ သဘောထားဆန္ဒတစ်ခုတည်းဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည့် အခွင့်အာဏာမရှိကဲ့သို့ပင်၊ အခြေခံ ဥပဒေပြင်ဆင်ရာတွင်လည်း သမ္မတတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ပြင်ဆင်နိုင်ခြင်းမရှိပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော်ကသာပြင်ဆင်နိုင်ပါသည်။
ပြင်ဆင်ရမည့် နည်းလမ်း၊ စည်းကမ်းများကို အခန်း (၁၂) အခြေခံဥပဒေပြင်ဆင်ခြင်း အခန်းတွင် ပုဒ်မ (၄၃၃) မှ ပုဒ်မ (၄၃၆) ထိ ဖေါ်ပြ၊ ပြဋ္ဌာန်းထားပါသည်။
အခန်း (၁၂) တွင်ပြဋ္ဌာန်းထားသည့် ပုဒ်မများအရ ဆိုလျှင် (NLD) ပါတီက ပြင်ဆင်ပေးရန် အကြံပြုထားသော ပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်အတွင်း နေရာအများစုကိုစိုးမိုးထားသည့် ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်း အောင်လှိုင် ၏ စစ်သားအမတ်များ၏ သဘောထား၊ ဆန္ဒ အပေါ်တွင်အဓိကတည်မှီနေပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် လိုအပ်သည့် “၇၅%ကျော် ”ရရှိဖို့အတွက်ဆိုလျှင် ကြံ့ဖွံ့ပါတီ (USDP) အမတ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်၏ စစ်သားအမတ်များက တညီတညွတ်တည်း ထောက်ခံဆန္ဒမဲပေးမှသာလျှင် ပြင် ဆင်နိုင်ပါလိမ့်မည်။
ယင်းသို့ပြင်ဆင်ရေးကိစ္စအပေါ် (တစည) ပါတီက မည်သို့သဘောထားသည်ကို မကြားရ၍မသိပါ။
(RNDP) ပါတီဥက္ကဋ္ဌ ကတော့ “ပြင်ဆင်ပေးသင့်သည်” ဟုပြောသံကြားရပါသည်။
ယင်းသို့ ပြောတာကောင်းပါသည်။ သို့သော်လည်း ဗြောင်မဲဆန္ဒပေးရ သည့် အခါမျိုးကြုံတွေ့လာရလျှင် မတ်တပ်ထရပ်ရဲဖို့တော့ လိုပါလိမ့်မည်။
အနှစ်သာရပိုင်းအရ ချုပ်လိုက်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရေးကိစ္စသည် ကြံ့ဖွံ့ပါတီ (USDP)နှင့် ဗိုလ်မင်းအောင် လှိုင်တို့၏ လက်ထဲတွင်ရှိနေသောကိစ္စဖြစ်သည်။
 ကြံ့ဖွံ့ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်တို့က သူတို့၏ အမတ်များထံ ညွန်ကြား/ အမိန့်ပေးရမည့်ကိစ္စ ဖြစ်နေသည်။
နိုင်ငံရေးပါတီမှ ရွေးချယ်ခံအမတ်သည် သူ့မိခင်ပါတီ၏ ညွန်ကြားချက်ကိုနာခံရမည်သာဖြစ်သည်။
စစ်သားအမတ်များသည် လည်း တပ်မတော်ကာကွယ်ရေးဦးချုပ်၏ အမိန့်ကိုနာခံရမည်သာဖြစ်သည်။
သို့ပါ၍ “ပြုပြင်လိုသူ (reformist)၊ ပျော့ပြောင်းသူ ၊ ယုံကြည်ထိုက်သူ”ဟူ၍ ပြည်တွင်းပြည်ပမှ သူတမျိုးငါတဖုံ အကဲဖြတ် အမှတ်ပေးခြင်းကိုခံယူရရှိနေသူ သမ္မတဦးသိန်းစိန်သည် (NLD) ပါတီ၏ အကြံပြုချက် လက်တွေ့အကောင်အထည်ပေါ်လာစေရန် ကြံ့ဖွံ့ ပါတီ (USDP)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် တို့ကိုနားဝင်အောင် ဖြောင့်ဖျနားချနိုင်ပါမည်လော။
ဤအချက်သည် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ပြည်တွင်းပြည်ပလေ့လာသူများနှင့်ပြည်သူများက စိတ်ပါဝင်စား၊ အလေး ထားကာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု မလွဲဧကန် ဖြစ်ပါသည်။
ညွန်း = ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ၊ ၂၀၁၀ မေ၊
from MoeMaKa Burmese News & Media by admin
Simon-Vlog
ပြည်သူများ ကျေနပ်မှု မရှိက တိုင်ကြားနိုင် .....
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့ ပေးပို့တိုင်ကြားနိုင်သည်...
ယင်းကော်မတီသည် ...
*နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကူညီဆောင်ရွက်ပေးသည်။
* နိုင်ငံသားတိုင်း တန်းတူညီမျှ အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို ခံစားခွင့်ရရှိရေးကို ဆောင်ရွက်ပေးသည်။
* သက်ဆိုင်ရာနယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ပယ်ဖျက်ရန်၊
ပြင်ဆင်ရန်၊ အသစ်ပြဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြမည်။
*တည်ဆဲဥပဒေများအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွန်ကြားချက်များ
သည် လက်ရှိအခြေအနေနှင့် ညီညွတ်ဆီလျော်ပါက အမိန့် ညွန်ကြားချက်များအား လိုက်နာဆောင်ရွက်ရာတွင်
စောင့်ကြည့်ထိန်းညှိ ကူညီမည်။
* သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဌမှတဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံပေးမည်ဖြစ်သည်။
ယင်း ကော်မတီသည်....
* လုပ်ငန်းနှင့် ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍
မေးမြန်း ဆွေးနွေးပိုင်ခွင့် ရှိသည်။
ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၇ တို့အရ အပ်နှင်းထားသော
လုပ်ပိုင်ခွင့် ကို ကျင့်သုံး၍ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပါသည်...
(၁) ဦးဌေးဦး(ဟင်္သာတ မဲဆန္ဒနယ်) ဥက္ကဌ
(၂) ဦးကျော်စိုးလေး(မိုးညှင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၃) ဦးစောထွဋ်ခေါင်လွင်(ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်) အဖွဲ့ဝင်
(၄) ဦးရဲထွဋ်တင်(ဖားဆောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၅) ဗိုလ်မှူးကြီး မြင့်ကိုကို (တပ်မတော်သား ကိုယ်စားလှယ်လောင်း) အဖွဲ့ဝင်
(၆) ဦးဌေးလွင် (နမ့်ဆန် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၇) ဦးအောင်ကျော်ခင် (ကျောက်တန်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၈) ဦးစိုးစိုး (ထီးချိုင့် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၉) ဦးစောဘသိန်း (သထုံ မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၀) ဦးစိုင်းဘိုးအောင် (မူဆယ် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၁) ဦးစိုးဝင်း (စမ်းချောင်း မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၂) ဦးမောင်ဦး ( ဖောင်းပြင် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၃) ဦးစံလင်း (တောင်ကြီး မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၄) ဦးမောင်မောင်တင် (ရေကြည် မဲဆန္ဒနယ်) အဖွဲ့ဝင်
(၁၅) ဦးတင်မောင်ဝင်း (မင်္ဂလာဒုံ မဲဆန္ဒနယ်) အတွင်းရေးမှူး ....
သို့ဖြစ်ပါ၍ ...ပြည်သူများ အနေဖြင့် ....
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်း နှင့် စက်ဆပ်လျက်ရှိသော တိုင်ကြားစာများ၊ အသနားခံစာများ၊
တင်ပြချက်များကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
"နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ" သို့
ပေးပို့တိုင်ကြားနိုင်ပါကြောင်း ....
Views: 186
Monday, April 16, 2012
“40 လေးဆယ် ၄၀ ”
အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။
အသက်၄၀ မပြည့် သေးတဲ့သူတွေရော ၊ပြည့်တော့မယ့်သူတွေရော၊ ပြည့်ပြီးတဲ့သူတွေရော အားလုံးအတွက် ----
ကိုယ်ဖြတ်သန်းလာခဲ့ပြီးတဲ့ နှစ်တွေ ကို ပြန်လည်ဆန်းစစ်ကြည့်နိုင်ဖို့ပါ။
“40 လေးဆယ် ၄၀ ”
သူငယ်ချင်း
အသက်လေးဆယ်ဆိုတာ
ဟိုနိုင်ငံတွေမှာသာ ဘ၀အစဆိုပေမယ့် 
မြန်မာပြည်မှာတော့  ကြာဆံတွေ ခေါင်းပေါ်တင်လို့ 
အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။
သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ကလေးဘ၀က ဆရာမကိုအဖြေလွှာ ပြသလို
အမှန်ခြစ်လေးရတာနဲ့  ပျော်ပြရမှာမဟုတ်သလို
ိုကြက်ခြေခတ်လေးတွေ့ တာနဲ့ ဝမ်းနည်းပြရမယ့် အရွယ်လဲမဟုတ်ပေါင်ကွယ်။
သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
ဟို မျက်မှန်နဲ့ ကောင်လေးမေးသလို
“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ”
ဆိုတာ သဘာဝမကျ။
ဒီအရွယ်ရောက်မှတော့အမြီးတော့ပေါက်သင့်သပေါ့ ။
သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လာမြှေက်ပေးရင် ဖောပေးလိုက်
လာခြောက်ရင်လဲ ကောပေးလိုက်
မြှောက်တတ်သွားအောင်လဲမြှောက်မပေးနဲ့ 
အောက်စိုက်သွားအောင်လဲ ဆောင့်မကန်လိုက်နဲ့ 
စလိုးအင်စတယ်ဒီ ဆိုတဲ့ဘိုစကား မေ့ထားလို့မရတဲ့ အရွယ်လေကွယ်။
သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
လက်နဲ့ရွယ်တာနဲ့  မျက်ရည်ကျချင်လို့တော့မရဘူး။
လက်နဲ့တို့တာနဲ့ မျက်ရည်စို့ ရမယ့် အရွယ်လဲလွန်ခဲ့ကြာပေါ့ ။
သစ်ပင်တွေ အပွေးတက်သလို
ိုရင့်သထက်ရင့်ကျက်လာအောင်
ချက်ရမယ့် အရွယ်လေကွယ်။
သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့ မသိခြင်းတရားရဲ့ ဆယ်နှစ်
နည်းနည်လေးသိသလိုလိုနဲ့  ဆယ်နှစ်
တော်တော်လေးသိသလိုလိုနဲ့ ဆယ်နှစ်
သေချာပြန်စစ်မှ ဘာမှမသိသေးတာဆယ်နှစ်
ဒီလိုနဲ့ပဲ အနှစ်လေးဆယ်
မွန်းအောင်သီချင်းလေးငှားသုံးရင်
် “ကုန်လွယ်လွန်းလိုက်တာ”ပါဘဲ။
ကဲ သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
တကယ်တော့  ကုန်လွန်ခဲ့တဲ့
့ အနှစ်လေးဆယ် ဒီထက်ဘာမှမပိုတာ
အသေချာကြီးပါကွယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ် (18-3-2012)
http://poem.myanmarfriendsday.net/archives/1618
အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်
လူအများစုဟာ အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြပါတယ်။ သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်ဖို့အတွက် လျှို့ဝှက်ချက်၊ အလုပ်မှာ အောင်မြင်ဖို့အတွက် လျှို့ဝှက်ချက်၊ စသဖြင့် အောင်မြင်ရေးလျှို့ဝှက်ချက်တွေကို ရှာဖွေနေကြတယ်။ သူတို့တွေ အဲဒီလျှို့ဝှက်ချက်တွေကို ရှာတွေ့ဖို့အတွက် Amazon.com က စာအုပ်ပေါင်း ၁၇၉၇ အုပ်ကို လက်ရှိ စာရင်းပြုစုထားပါတယ်။ အဲဒီစာအုပ်တွေထဲမှာ ” ထူးထူးခြားခြား အောင်မြင်ကြသော အမျိုးသမီးများ၏ အောင်မြင်ရေးလျှို့ဝှက်ချက်များ ” ဆိုတဲ့ စာအုပ်က အစ၊ ” သန်းကြွယ်သူဋ္ဌေးတို့၏ လျှို့ဝှက်ချက် ၂၁ ခု”  စတဲ့ အောင်မြင်စေရမယ်လို့ ကတိပေးထားတဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ သင်ဟာလည်း အောင်မြင်ရေးလျှို့ဝှက်ချက်ကို ရှာဖွေနေတဲ့သူတစ်ယောက်ဆိုရင်တော့ အဲဒီစာအုပ် ၁၇၉၇ အုပ်နဲ့ အချိန်ကုန်ခံမနေပါနဲ့တော့။ သင့်ကို အချိန်ကုန် သက်သာအောင် ကျနော် ပြောပြပါ့မယ်။
အဓိက အချက်က ဒါပါပဲ – အောင်မြင်မှုမှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ အောင်မြင်မှုအတွက် ပဉ္စလက်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ဖြတ်လမ်းတွေ မရှိပါဘူး၊ ထီလက်မှတ်တွေလိုမျိုးလည်း သင် ၀ယ်ယူလို့မရပါဘူး။
အောင်မြင်ဖို့အတွက် ရေရှည် ကြိုးပမ်းနိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ အလုပ်မှာ စိတ်နှစ်ထားမှု၊ ၀ါသနာကြီးမှု၊ လေ့ကျင့်မှု၊ အာရုံစူးစိုက်မှုနဲ့ အလုပ်ကြိုးစားမှုတို့ လိုအပ်တယ်ဆိုတာကို အောင်မြင်နေကြတဲ့သူတွေ သိကြပါတယ်။ တကယ်တော့ ဒါတွေဟာ ဘာလျှို့ဝှက်ချက်တွေမှ မဟုတ်ပါဘူး။
ချက်စတာ ကာလ်ဆန်ကို ကြည့်ပါ။ သူဟာ ဓာတ်ပုံကူးတဲ့ နည်းပညာကို တီထွင်ခဲ့တဲ့ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူမအောင်မြင်ခင်က သူ့ရဲ့ စိတ်ကူးကို ကုမ္ပဏီကြီး  ၂၀ က ငြင်းပယ်ခဲ့ကြတယ်။ သူဟာ ဇွဲရှိရှိ၊ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ စောင့်ခဲ့ရတာ ၇ နှစ်ကြာတယ်။ နောက်ဆုံးမှာတော့ ကုမ္ပဏီတစ်ခုက သူရဲ့ တီထွင်မှုကို ၀ယ်ယူခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ Xerox Corporation ကြီးအဖြစ် အောင်မြင်လာခဲ့တယ်။
ဒါမှမဟုတ် ဂျူလီယာ ချိုင်းလ်ဒ်ကို ကြည့်ပါ။ သူမဟာ ပြင်သစ် ချက်နည်းပြုတ်နည်းစာအုပ်အတွက် အလုပ်လက်ခံရရှိခဲ့တယ်။ ပူးပေါင်းဆောင်ရွက်သူနှစ်ယောက်နဲ့အတူ ငါးနှစ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမရဲ့ စာမူကို ထုတ်ဝေသူက ငြင်းပယ်ခဲ့တယ်။ သူမ နောက်ထပ် တစ်နှစ် ထပ်ကြိုးစားတယ်။ ဒီတစ်ခါလည်း သူမရဲ့ စာမူကို ငြင်းပယ်ခံရပြန်တယ်။ ဒါပေမဲ့ ဂျူလီယာက အရှုံးမပေးဘူး။ နောက်ထပ် ရှစ်နှစ်လောက်ကြာတဲ့အခါ စာအုပ်တိုက်တစ်ခုက သူမရဲ့ ချက်နည်းပြုတ်နည်းစာအုပ်ကို ထုတ်ဝေခဲ့တယ်။ အဲဒီစာအုပ်ဟာ အုပ်ရေ သန်းချီပြီး ရောင်းချခဲ့ရတယ်။
သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်၊ သင့်ကို အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခုခုကို အပြင်မှာ ရှာဖွေနေတာကို ရပ်လိုက်ပါ။ အဲဒီအစား၊ သင့်ရဲ့ အမြင်အာရုံတွေကို သင့်ရဲ့ အတွင်းထဲကို လှည့်လိုက်ပါ။ သင် လိုအပ်သမျှ အရာတိုင်းကို သင် တွေ့ရပါလိမ့်မယ်။ သင့်အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့အရာတွေ သင့်မှာမရှိသေးဘူးလို့ ထင်တယ်ဆိုရင် ထပ်စဉ်းစားကြည့်ပါဦး။ တစ်ခုခုကို အထူးဝါသနာပါတဲ့သူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် အင်တာနက် ဘလော့ဂ်တွေကို လျှောက်ကြည့်ပါ။ ကဗျာဆရာတွေ၊ အဆိုတော်တွေ၊ အနုပညာရှင်တွေ၊ အားကစားသမားတွေ၊ hacker တွေ၊ နံရံတွေပေါ်မှာ ပုံဆွဲတဲ့ ပန်းချီဆရာတွေ၊ သူတို့တွေကို လေ့လာကြည့်ပါ။
စိတ်ဓာတ်ခိုင်မာခြင်း၊ ဇွဲရှိခြင်း၊ လက်တွေ့လုပ်ဆောင်တတ်ခြင်း နဲ့ အလုပ်ကြိုးစားခြင်းတို့ကို ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။ ပြီးတော့ အဲဒီအရာတွေဟာ သင့်ရဲ့ ကိုယ်တွင်းမှာလည်း ရှိနေပါတယ်။ အဲဒီအရာတွေက သင် သူတို့ကို ဘယ်အချိန်မှာ လှမ်းခေါ်မလဲလို့ စောင့်နေကြပါတယ်။
အောင်မြင်တဲ့သူတွေဟာ သူတို့ရဲ့ ခွန်အားတွေကို သူတို့ရဲ့ စိတ်ဝင်စားမှု၊ သူတို့ရဲ့ ၀ါသနာတွေမှာ ထည့်ထားကြတယ်။ သူတို့ဟာ အခက်အခဲတွေ၊ နောက်ပြန်လန်ကျမှုတွေ၊ စိတ်ပျက်စရာတွေကို ကြံ့ကြံ့ခိုင်နိုင်ကြတယ်။
အောင်မြင်ရေးလျှို့ဝှက်ချက်တွေ ရှာဖွေနေတာကို ရပ်လိုက်ပါ။ သင့်အောင်မြင်မှုရဲ့ တကယ့်လျှို့ဝှက်ချက်ဟာ သင်ကိုယ်တိုင်ပဲဆိုတာကို စပြီး သဘောပေါက်ပါ။ “နှလုံးသားဟာ ဘာမဆို လုပ်နိုင်တယ်” လို့ Moliere က ပြောပါတယ်။ သင့်ရဲ့ အလုပ်ထဲမှာ သင့်နှလုံးသားကို ရှာဖွေပါ။ သင်ဟာ ဘယ်အရာကိုမဆို လုပ်နိုင်ပါလိမ့်မယ်။
Ref: THE SECRET TO SUCCESS by Nan S. Russell
ဗေဒင် ဟောပေးတဲ့ ဆော့ဝဲလ် တဲ့ဗျာ
ကဲ ... ကိုကံလင်း  ပြောတာ ဒါလားမသိဘူးဗျာ... C-Box မှာ ခဏခဏ လာပြောနေလို့ ရှာရှာဖွေဖွေ တင်ပေးလိုက်ပါတယ်...ကိုယ့်ဘာသာကိုယ်သာ ကလိကြည့်လိုက်ပါနော်...:)
ဗေဒင် ၊ ဇာတာ၊ ယတြာ တွေနဲ့ ပတ်သက်ပြီး လေ့လာချင်ရင်တော့ ဆရာ ဟိန်းတင့်ဇော် ဆီကိုသာ သွားလိုက်ပါဗျာ...
အားလုံးကို ကျေးဇူးတင်ပါတယ်...။
Download ဗေဒင်ဆော့ဝဲလ်
"The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ
နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး.. Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။
www.kyaukme.com   ကတဆင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။