Friday, March 8, 2013

ပါရမီဆိုတာ

ပါရမီဆိုတာ မိမိအတွက် စွန့်လွတ် အနစ်နာခံရတာမို့ အသွင်သဏ္ဍာန်အနေနဲ့ နှစ်မြို့စရာ မကောင်းပေမဲ့ အနှစ်သာရအနေနဲ့ကတော့ လောကအတွက် မြင့်မြတ်တဲ့ “စံ”တစ်ခုဖြစ်တာမို့ မြတ်နိုးဖွယ်အတိ ဖြစ်ပါတယ်။ တကယ်တော့ ပါရမီ ဖြည့်ခြင်း အနုပညာဆိုတာ မိမိဘ၀ကိုသာမက လောကနဲ့ ၀န်းကျင်ကိုပါ အကောင်းဆုံးအလှဆင်ပေး တတ်တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။
စီးဆင်းနေတဲ့ရေဟာ သူလိုရာမရောက်ခင် လမ်းမှာ တွေ့သမျှ ချိုင့်ဝှမ်းတွေကို ဖြည့်တင်းသွားရ သလို ပါရမီရှင်တစ်ဦးဟာလည်း သူလိုရာပန်းတိုင်ကို မရောက်ခင် ဘ၀မှာ တွေ့ရသမျှ ဟာကွက် ပျော့ကွက် လိုအပ်ချက်တွေကို ကြည်နူးဝမ်းမြောက်စွာ စွန့်လွတ်ဖြည့်ဆည်းသွားမှာပါ။
ကရုဏာ ပညာတရားတွေနဲ့ မိမိဘ၀ကိုစတေးပြီး အများအကျိုး သယ်ပိုးရွက်ဆောင်လိုတဲ့ ကျင့်ဝတ်၊ သူရဲကောင်းတွေ လူသားဆန်တဲ့ သူတော်စင်တွေ၊ စာရိတ္တသတ္တိ ပြည့်ဝသူတွေ ရှိနေသမျှ ဒီကမ္ဘာပေါ်မှာ ပါရမီပန်းတွေကတော့ ဖူးပွင့်ဝေဆာ လှပနေဦးမှာပါ……………။
14.3.2013 မန်းတလေး မှာ ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲ ရှိပါတယ်
ရဟန်း တို့ မည်သည် သစ်ပင်တည်း ဟူသော ကျောင်း ကို မှီ သောကြောင့်
မိမိသဏ္ဍန် မှာ့
ကပ်ငြိတပ်သောတဏှာ အား အဝေးသို့ မောင်းထုတ်ထားပေပြီ ။
ရဟန်း တို့ မည်သည် သစ်ပင်တည်း ဟူသော ကျောင်း ကို မှီ သောကြောင့်
မိမိသဏ္ဍန် မှာ့ 
ကပ်ငြိတပ်သောတဏှာ အား အဝေးသို့ မောင်းထုတ်ထားပေပြီ ။

0 ကွန်မန့်ရေးရန်:

Post a Comment