Friday, March 8, 2013

လွှတ်တော်ကစစ်တပ်အသုံးရိတ်သတ်မှတ်


ABC

မြန်မာစစ်တပ်ရဲ့ ​တစ်နှစ်တာ ​အသုံးစရိတ်ဘတ်ဂျက်ငွေဟာ ​စုစုပေါင်းသုံးစွဲစရိတ်ဘတ်ဂျက်ငွေရဲ့ ​၁၂% ​ကျော်သာရှိပြီး ​ဒေါ်လာ ​သန်းပေါင်း ​နှစ်ထောင့်လေးရာ ​ရှိကြောင်း ​အေဖက်ပီသ တင်းမှာ ​ဖော်ပြထားပါတယ်။

ဒေါ်လာသန်းပေါင်း ​နှစ်ထောင့်လေးရာထဲက ​သန်းပေါင်း ​တစ်ထောင်ကျော်ကိုတော့ ​စစ်လေယာဉ်နဲ့ ​လက်နက်တွေ ​ဝယ်ယူမှုမှာ ​သုံးစွဲမှာဖြစ်တယ်လို့ ​ရခိုင်အမျိုးသားဖွံ့ဖြိုးရေးပါတီ ​လွှတ်တော်အမတ် ​ဦးအေးမောင်က ​ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်အသုံးစရိတ်ကို ​ပါလီမာန်က ​ပြီးခဲ့တဲ့ ​သောကြာနေ့က ​အတည်ပြုပေးခဲ့တာဖြစ်ပြီး ​အရင်နှစ်နဲ့ယှဉ်ရင် ​ဒေါ်လာ ​သန်း ​၁၀၀ ​ပိုနည်းပါးပေမယ့် ​ပညာရေးနဲ့ ​ကျန်းမာရေးအသုံးစရိတ်ထက် ​ပိုများမယ့် ​အနေအထားမှာ ​ရှိနေတယ်လို့ ​ဆိုပါတယ်။

ယခင်စစ်အစိုးရလက်ထက်တွေအတွင်း ​စစ်တပ်ရဲ့ ​အသုံးစရိတ်ဘတ်ဂျက်ငွေကို ​ဖော်ပြလေ့မရှိသလို ​အသုံးစရိတ်နဲ့ ​ပတ်သက်ပြီး ​မေးမြန်းစုံစမ်းမှုတွေလည်း ​လုပ်မယ့်သူတွေလည်း ​မရှိခဲ့ပါဘူး။

ဒီနှစ်မှာတော့ ​မြန်မာနိုင်ငံရဲ့ ​အသုံးစရိတ်က ​ဒေါ်လာ ​၁၉.၄၉ ​ဘီလီယံထဲက ​စစ်တပ်ကို ​၂.၄ ​ဘီလီယံ ​ခွဲဝေပေးလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ​မြန်မာနိုင်ငံရဲ့ ​ကျန်းမာရေးအသုံးစရိတ်ဟာ ​နည်းလွန်းနေပြီး ​ပျမ်းမျှအားဖြင့် ​တစ်နှစ်ပတ်လုံး ​လူတစ်ယောက်စာအတွက် ​ဒေါ်လာ ​၇ ​ဒေါ်လာ ​ဝန်းကျင်သာ ​ကုန်ကျခံပေးနေသ လိုဖြစ်ပြီး ​စုစုပေါင်း ​ဘတ်ဂျက်ရဲ့ ​၁.၈ ​% ​သာ ​ရှိတယ်လို့ ​၂၀၀၉ ​ခုနှစ်ထုတ် ​ကုလသမဂ္ဂရဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။ ​စစ်တပ်အသုံးစရိတ်နဲ့ ​ယှဉ်ရင် ​ကျန်းမာရေးအသုံးစရိတ်က ​၁၀% ​လောက် ​ပိုမို ​နည်းပါးနေကြောင်း ​သိရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment