Friday, March 8, 2013

သမ္မတဦးသိန်းစိန် အီတလီကိုရောက်ရှိ


ABC

မြန်မာနိုင်ငံ ​တော်သမ္မတကြီး ​ဦးသိန်းစိန်ရဲ့ ​၁၀ ​ရက်ကြာ ​ဥရောပ ​၅ ​နိုင်ငံ ​ခရီးစဉ်မှာ ​နောက်ဆုံးတနိုင်ငံဖြစ်တဲ့ ​အီတလီနိုင်ငံရောမမြို့တော်ကို ​မနေ့ညနေကရောက်ရှိခဲ့ပြီး ​အီတလီ ​သမ္မတ၊ ​၀န်ကြီးချုပ်တို့နဲ့တွေ့ဆုံ ​ဆွေးနွေးဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ​ဥရောပခရီးစဉ်မှာ ​နော်ဝေ၊ ​ဖင်လန်၊ ​သြစတြီးယား၊ ​ဘဲလဂျီယံ ​နိုင်ငံတွေ ​မှာ ​ထိပ်သီးခေါင်းဆောင်တွေနဲ့ ​တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ​မြန်မာ ​နဲ့ ​ဥရောပသမဂ္ဂ ​နိုင်ငံဆက်ဆံရေး ​တိုးတက်မှုရရှိအောင် ​သွားရောက်ကြိုးပမ်းတဲ့ ​ခြေလှမ်းဖြစ်ပါတယ်။

ဥရောပခရီးစဉ်အတွင်း ​ဥရောပသမဂ္ဂ ​နဲ့ ​သတင်းစာရှင်းလင်းပွဲမှာ ​ဦးသိန်းစိန်က ​မြန်မာ ​နိုင်ငံတွင်း ​ငြိမ်းချမ်းရေးအတွက် ​မနားမနေ ​ကြိုးပမ်းဆောင်ရွက်သွားမှာ ​ဖြစ်တဲ့အကြောင်းတွေကို ​ပြောသွားသလို၊ ​ဥရောပသမဂ္ဂကလည်း ​မြန်မာနိုင်ငံအတွက် ​အကူအညီနဲ့ ​ကုန်သွယ်ရေးတိုးမြှင့်ပံ့ပိုးဖို့ ​ဂတိတွေပေးခဲ့ပါတယ်။

ဥရောပသမဂ္ဂ ​ကိုယ်စားလှည်တွေကလဲ ​မြန်မာနိုင်ငံရဲ့ ​ဒီမိုကရေစီပြောင်းလဲရေးတွေ ​အနောက်ပြန် ​မဆုတ်သွားဖို့ ​တိုက်တွန်းပြောဆိုခဲ့တယ်လို့ ​သိရပါတယ်။ ​ခရီးစဉ်အတွင်း ​ဦးသိန်စိန်က ​ဥရောပသမဂ္ဂ ​အနေနဲ့ ​မြန်မာ ​နိုင်ငံပေါ် ​ဆိုင်းငံ့ထားတယ်ဆိုတဲ့ ​ဆန်ရှင် ​ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ​အပြီးဖယ်ရှားပေး ​ဖို့ ​တောင်းဆိုခဲ့ပါတယ်။

ခရီးစဉ်အတွင်းမှာ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဝဏ္ဍမောင်လွင်က ​၁၉၈၂ခုနှစ်ကတည်းက ​နိုင်ငံသား ​အခွင့်အရေး ​ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ​ရိုဟင်ဂျာလူမျိုးတွေ ​အပါအဝင် ​မြန်မာ ​နိုင်ငံ ​တွင်းမှာ ​ရှိ ​တဲ့ ​တိုင်းရင်းသားလူမျိုးစု ​၁၀၀ ​ကျော်နဲ့ ​ပတ်သက်ပြီး ​ငြိမ်းချမ်းတဲ့ ​ရှေ့ရေးကို ​ဖေါ်ဆောင်ပေးသွားမှာ ​ဖြစ်တယ်လို့ ​ပြောခဲ့ပါတယ်။

ဥရောပ ​သမဂ္ဂ ​ကိုယ်စားလှည်တွေက ​မြန်မာနိုင်ငံကို ​ဧပြီလထဲမှာ ​လာ ​ရောက်လည်ပတ်ဖို့ရှိပြီး၊ ​လူ့အခွင့်အရေးဆိုင်ရာ ​ဆပ်ကော်မတီ ​ဥက္ကဌ ​Barbara ​Lochbihler ​က ​နိုင်ငံရေး ​အကျဉ်း သား ​အားလုံးလွှတ်လိုက်ပြီလို့မျှော်လင့်တဲ့အကြောင်း၊ ​ဆက်လက်ဖြစ်ပေါ်နေသေးတဲ့ ​လူ့အခွင့်အရေး ​ဖေါက်ဖျက်မှုတွေ ​နဲ့ပတ်သက်ပြီး ​ပြုပြင်ပြောင်းလဲ ​မှုတွေ၊ ​၂၀၁၅ ​ခုနှစ်မှာ ​အတင်းအ ဓမ္မ ​လုပ်အားပေး ​ခိုင်းစေမှုတွေ ​လုံး ​ဝပပျောက်သွားတဲ့ ​လုပ်ဆောင်ချက်ခြေ ​လှမ်းတွေကို ​အကောင်အထည် ​စဖေါ်နေတာ ​တွေကို ​မြင်လိုတဲ့အကြောင်းလဲပြောသွားပါတယ်။ ​သမ္မတဦး သိန်းစိန်က ​ဥရောပ ​ခရီးစဉ် ​ကို ​မနက်ဖန် ​အဆုံးသတ်မှာဖြစ်ပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment