Thursday, February 14, 2013

တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု မြောက်ကိုရီးယား အောင်မြင်စွာ ပြုလုပ်

Sa Maung shared Aye Chan Mon's photo.
တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု မြောက်ကိုရီးယား အောင်မြင်စွာ ပြုလုပ်

မြောက်ကိုရီးယား နိုင်ငံသည် ၄င်းတို့၏ တတိယ အကြိမ်မြောက် မြေအောက် နျူကလီးယား စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင် ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ အဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်တွင် ကြေညာခဲ့သည်။

ယင်းစမ်းသပ် မှုတွင် အသေးစား နျူကလီးယား ကိရိယာ တစ်ခု ပါဝင်ကြောင်းနှင့် ဘေး အန္တရာယ် ကင်းရှင်းပြီး အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ကြောင်း၊ နျူကလီးယား စမ်းသပ်ရေး အဆောက် အအုံတွင် ငလျင် လှုပ်ခတ်မှု ဖြစ်ပေါ် ခဲ့ပြီးနောက် သုံးနာရီ အကြာတွင် နျူကလီး ယား စမ်းသပ်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား အာဏာပိုင် များက အတည်ပြု ပြောကြားခဲ့ ခြင်းဖြစ်သည်။

တစ်ချိန် တည်းမှာပင် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှု နှင့်စပ်လျဉ်း၍ အရေးပေါ် ဆွေးနွေးပွဲ တစ်ရပ်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ဖေဖော် ဝါရီ ၁၂ ရက် ဂရင်းနစ် စံတော်ချိန် ၂ နာရီခန့် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်ခဲ့သည့် နျူကလီးယား စမ်းသပ်မှုသည် မြောက်ကိုရီးယား နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာပိုင် ဆိုင်မှုကို ကာကွယ်ရန် အတွက် တန်ပြန် လုပ်ဆောင်ရေး အစီ အစဉ်၏ တစ်စိတ် တစ်ဒေသ အဖြစ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် နျူကလီးယား စမ်းသပ်မှု များကို ဆက်လက် လုပ်ဆောင် ခဲ့ပါက ထိရောက်သော အရေးယူ ဆောင်ရွက် ချက်များဖြင့် တုံ့ပြန် သွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစောပိုင်းတွင် သတိပေး ပြောကြား ခဲ့သည်။

အစိုးရ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ ဆောင်ရွက် နေမှုသည် သန်း ၆ဝ သော ပြည်သူ များ၏ ဆန္ဒဖြစ်သည့် တိုင်းပြည် တည်ငြိမ် အေးချမ်း စေလိုမှု၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက် စေလိုမှု ဟူသည့် ဆန္ဒ နှစ်ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ် အစိုးရ၏ ပြုပြင်ရေး ဆောင်ရွက် နေမှုသည် သန်း ၆ဝ သော ပြည်သူများ၏ တိုင်းပြည် အေးချမ်းမှု၊ ဖွံ့ဖြိုး တိုးတက်မှု စသည့် ဆန္ဒနှစ်ရပ်ကို အကောင်အထည်ဖော် နေခြင်းဖြစ် စမ်းသပ်မှုသည် မြောက်ကိုရီးယား နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် တန်ပြန် လုပ်ဆောင်ရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသ အဖြစ် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား အစိုးရ အနေဖြင့် နျူကလီးယား စမ်းသပ်မှုများကို ဆက်လက် လုပ်ဆောင် ခဲ့ပါက ထိရောက်သော အရေးယူ ဆောင်ရွက်ချက် များဖြင့် တုံ့ပြန် သွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အစောပိုင်းတွင် သတိပေး ပြောကြား ခဲ့သည်။

http://bit.ly/12Lcsqh
Aye Chan Mon Re-post Date : 2013 Feb 13
News from:Royal Hero Media

အေးချမ်းမွန်

0 ကွန်မန့်ရေးရန်:

Post a Comment