Thursday, February 14, 2013

1300cc ကားများနဲ့ခရီးထွက်ခြင်းနှင့် Engine oil အကြောင်း တိုတိုထွာထွာ

1300cc ကားများနဲ့ခရီးထွက်ခြင်းနှင့် Engine oil အကြောင်း တိုတိုထွာထွာ ကက်စတန်မာတော်တော်များများနဲ့ စကားပြောဖြစ်တဲ့အခါ ဂျပန်မှာ ဂျပန်လူမျိုးတွေ ဘယ်လိုကားမျိုး အစီးများလဲလို့ မေးတတ်ကြတယ်။ ဂျပန်မှာလဲ ကားအရွယ်အစားနဲ့အင်ဂျင်ပါဝါပေါ်မူတည်ပြီး အခွန်ဈေးကြီးလို့ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသား တော်တော်များများက 660cc ၊ 1300cc လေးတွေပဲအစီးများတယ်။ လွန်ရောကျွံရော 1500cc ပဲလို့ဖြေရင် အံ့သြကြပါတယ်။ လမ်းတွေကောင်းလို့နေမှာပေါ့နော်လို့ပြောကြတယ်။ နောက်ပြီး 1300cc နဲ့ ပုဂံတောင်သွားလို့ရလားလို့ ကက်စတန်မာတစ်ယောက်က ဒီ page မှာပဲမှတ်ချက်ပေးဖူးတယ်။ ရန်ကုန်မှာ အများအားဖြင့်ထင်ကြတာက .. 1300cc တွေဆိုရင် ပျော့တယ်။ ခရီးသွားလို့ကောင်းမှာမဟုတ်ဘူး လို့ထင်ကြတယ်။ ဒါကြောင့် အတွေ့အကြုံတစ်ခုပြောပြပါမယ်။ ဒီမှာ New Year လိုအခါမျိုး၊ Obon ပွဲတော်လို (ကွယ်လွန်သွားတဲ့ဘိုးဘွားတွေကို ကန်တော့တဲ့ပွဲတော်) အခါမျိုးမှာ ဂျပန်တွေဟာ မိဘနေရပ်ဆီကိုပြန်ကြရပါတယ်။ ရထား၊ လေယာဉ်နဲ့ပြန်တဲ့သူရှိသလို ကားနဲ့ပြန်တဲ့သူလဲရှိပါတယ်။ အဲဒီအခါ 660cc ၊ 1300cc လေးတွေနဲ့ အပျော့ဆုံး 2 ~ 3 နာရီခရီးကနေ 6~7 နာရီခရီးလောက်ကိုမောင်းကြတယ်။ ကိုယ်တိုင်လဲ 2011 August ( နွေရာသီ အပူချိန် 40 C လောက်မှာ) ဂျပန်မြောက်ပိုင်းပြည်နယ်လေးခုကို တစ်ပတ်ကြာခရီးထွက်ဖူးပါတယ်။ လမ်းတွေကောင်းတယ်ထင်နေမှာစိုးလို့ လမ်းအခြေအနေထည့်ပြောပါဦးမယ်။ ဟိုင်းဝေးတွေက ကောင်းပေမယ့် 2011 March လကမှ Magnitude 9 လောက်ရှိတဲ့ ငလျင်လှုပ်ထားလို့ အဲဒီဒဏ်ကြောင့် တချို့လမ်းတွေဆို လှိုင်းထနေတာ။ ပြီးတော့ လမ်းမှားပြီး တောလမ်းခရီးတစ်ခုဖြတ်ရတယ်။ လမ်းဘယ်လောက်ကြမ်းလဲဆို တစ်နာရီ 10 - 15 km သာသာနဲ့ ရွေ့တယ်ဆိုရုံလေး လေးနာရီလောက် အဲဒီတောလမ်းကိုမောင်းခဲ့ရတယ်။ ကားကိုအသစ်ကြီးထင်မစိုးလို့ ကားအခြေအနေလေးပြောပြပါဦးမယ်။ ကားက ကီလိုတစ်သိန်းနားနီးနေတဲ့ 2004 ခုနှစ် Suzuki Mira 660cc ပါ။ နွေရာသီ 40 C (104 F ) လောက်ပူနေလို့ အဲကွန်းဖွင့်ပြီးတောက်လျောက်မောင်းခဲ့တာ တပတ်လုံးလုံးပဲ။ ဂျပန်မှာ နှင်းကျထားတဲ့အခါဆိုရင် နှင်းကြောင့်လမ်းဆိုးသလိုထင်ရတယ်။ ဒါပေမယ့် အဲလိုနှင်းများတဲ့ဒေသမှာတောင် ကားကိုပိုရုန်းစေချင်သူက 1300cc ထဲကပဲ 4WD ယူပါတယ်။ ဆောင်းတွင်းသုံးတာယာ winter tyre ပြောင်းတပ်ပြီးစီးရပါတယ်။ နှင်းကျလို့ဆိုပြီး အင်ဂျင်ပါဝါကြီးတဲ့ Prado, Surf ကားတွေကို အခွန်သိပ်ဈေးကြီးတာကြောင့်ရယ်၊ ကားကြီးတော့ လမ်းကြပ်ကြပ်မှာအဆင်မပြေလို့ရယ် မစီးကြပါဘူး။ အဲဒါမျိုးတွေကို တော်တော်ဝါသနာကြီးတဲ့သူမှပဲ အခွန်ဈေးကြီးကြီးပေးပြီး စီးကြတယ်။ ကလေးများတဲ့မိသားစုတွေ ဒါမှမဟုတ် wheel chair သုံးရတဲ့သက်ကြီးရွယ်အိုရှိတဲ့မိသားစုမျိုးတွေမှ Alphard လိုကားမျိုးစီးတယ်။ ဒါကြောင့် 1300cc ကားတွေဟာ ရန်ကုန်.. မန်းလေးလိုမြို့တွေနဲ့ တော်ရုံခရီးလောက်ကို အဆင်ပြေပြေသွားလို့ရပါတယ်။ ခရီးမသွားခင် ကားဘီးလေပေါင်တွေ၊ ဘရိတ်တွေသေချာစစ်မယ်၊ ရာသီဥတုအလိုက် မှန်ကန်သင့်တော်ပြီး အရည်အသွေးကောင်းတဲ့ engine oil ကိုသုံးမယ်ဆိုရင် အဆင်ပြေပြေသွားနိုင်ပါတယ်။ အပူချိန်အလိုက်ထည့်ရမယ့် engine oil တွေကို ပုံမှာကြည့်နိုင်ပါတယ်။ ( SAE ဆိုတာ brand name မဟုတ်ပါဘူး။ Society of Automotive Engineers ရဲ့အတိုကောက်ပါ။ Engine oil တွေကို Grade ခွဲဖို့သတ်မှတ်ထားတဲ့ code system တစ်ခုပါ။ ) Engine oil ဗူးတွေမှာ အဲဒီ SAE code တွေအောက်မှာ API (American Petroleum Institute) code လေးတွေရေးထားတာရှိတတ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်.. အဲဒီ API code တွေက engine oil ရဲ့ အရည်အသွေးကိုဖော်ပြပါတယ်။ ဓါတ်ဆီနဲ့ ဒီဇယ်အင်ဂျင်တွေအတွက် engine oil တွေရဲ့ အရည်အသွေးကိုအောက်ပါအတိုင်း မြင့်ရာကနေ နိမ့်ရာကိုစီ နိုင်ပါတယ်။ ဓါတ်ဆီအင်ဂျင်အတွက် SN > SM > SL > SJ > SH > SG > SF ဒီဇယ်အင်ဂျင်အတွက် CH-4 > CG-4 > CF-II > CF > CF-4 > CE > CD-II > CD *** သတိပြုရမှာက CH-4 နဲ့ CG-4 အမေရိကန်ထုတ်ဒီဇယ်အင်ဂျင်တွေနဲ့ပဲ ကိုက်ညီပြီး ဂျပန်ထုတ်ဒီဇယ်အင်ဂျင်ကားတွေမှာ မထည့်သင့်ပါဘူး။ *** ပြီးတော့ CF-ll နဲ့ CD-ll က two cycle engines တွေအတွက်သက်သက်ပါ။ *** ဂျပန်နိုင်ငံတွင်းမှာတော့ ဒီဇယ်အင်ဂျင်တွေအတွက် CF-4 ကိုအမြင့်ဆုံးလို့သတ်မှတ်ထားပါတယ်။ ဂျပန်က ဆားဗစ်စင်တာတွေကတော့ engine oil ကို 3,000km လောက်မှာတခါလဲဖို့ အကြံပေးပါတယ်။ နစ်ဆန်းကတော့ သူ့ကားတွေကို 5,000km မှာတခါလဲဖို့အကြံပေးပါတယ်။ ဒါဟာ မကြာသေးခင်ကကားတွေအတွက်ဆိုလိုတာဖြစ်ပြီး ၁၉၈၀ - ၉၀ ၀န်းကျင်ကကားတွေအတွက်ဆိုရင်တော့ တမျိုးဖြစ်မှာပါ။ သွင်းထားတဲ့ကားတွေရဲ့အများစုက ၂၀၀၇ အထက်တွေများတာကြောင့် အဲဒီကားတွေအတွက် ဦးစားပေးပြီးရေးလိုက်ပါတယ်။ အားလုံးပဲ သိန်းရာကျော်ပေးထားရတဲ့ကားတွေကို ထိုက်သင့်တဲ့ထိန်းသိမ်းမှုလုပ်မယ် အင်ဂျင်မနာအောင် သတ်မှတ်ထားတဲ့အချိန်အလိုက် ရာသီဥတုအလိုက် သင့်တော်တဲ့ engine oil ကိုမှန်မှန်လဲပေးမယ်ဆိုရင် သွင်းထားတဲ့ကားလေးတွေဟာ နောင်ငါးနှစ်ဆယ်နှစ်အထိ အဆင်ပြေပြေသုံးလို့ရပါတယ်။ ဒီပို့စ်က ဂျပန်ဆားဗစ်စင်တာတွေကို မေးမြန်းထားတာတွေနဲ့ ကိုယ်တိုင်လေ့လာထားသလောက်ကို မြန်မာလိုဘာသာပြန်ပြီး ပြန်မျှဝေပေးတဲ့သဘောပါ။ ပိုမိုတတ်ကျွမ်းတဲ့သူများရှိရင်လဲ ထပ်ဖြည့်စွက်မျှဝေပေးကြပါ။



ကက်စတန်မာတော်တော်များများနဲ့ စကားပြောဖြစ်တဲ့အခါ ဂျပန်မှာ ဂျပန်လူမျိုးတွေ ဘယ်လိုကားမျိုး အစီးများလဲလို့ မေးတတ်ကြတယ်။ ဂျပန်မှာလဲ ကားအရွယ်အစားနဲ့အင်ဂျင်ပါဝါပေါ်မူတည်ပြီး အခွန်ဈေးကြီးလို့ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသား တော်တော်များများက 660cc ၊ 1300cc လေးတွေပဲအစီးများတယ်။ လွန်ရောကျွံရော 1500cc ပဲလို့ဖြေရင် အံ့သြကြပါတယ်။ လမ်းတွေကောင်းလို့နေမှာပေါ့နော်လို့ပြောကြတယ်။

နောက်ပြီး 1300cc နဲ့ ပုဂံတောင်သွားလို့ရလားလို့ ကက်စတန်မာတစ်ယောက်က ဒီ page မှာပဲမှတ်ချက်ပေးဖူးတယ်။ ရန်ကုန်မှာ အများအားဖြင့်ထင်ကြတာက .. 1300cc တွေဆိုရင် ပျော့တယ်။ ခရီးသွားလို့ကောင်းမှာမဟုတ်ဘူး လို့ထင်ကြတယ်။ ဒါကြောင့် အတွေ့အကြုံတစ်ခုပြောပြပါမယ်။ ဒီမှာ New Year လိုအခါမျိုး၊ Obon ပွဲတော်လို (ကွယ်လွန်သွားတဲ့ဘိုးဘွားတွေကို ကန်တော့တဲ့ပွဲတော်) အခါမျိုးမှာ ဂျပန်တွေဟာ မိဘနေရပ်ဆီကိုပြန်ကြရပါတယ်။ ရထား၊ လေယာဉ်နဲ့ပြန်တဲ့သူရှိသလို ကားနဲ့ပြန်တဲ့သူလဲရှိပါတယ်။ အဲဒီအခါ 660cc ၊ 1300cc လေးတွေနဲ့ အပျော့ဆုံး 2 ~ 3 နာရီခရီးကနေ 6~7 နာရီခရီးလောက်ကိုမောင်းကြတယ်။ ကိုယ်တိုင်လဲ 2011 August ( နွေရာသီ အပူချိန် 40 C လောက်မှာ) ဂျပန်မြောက်ပိုင်းပြည်နယ်လေးခုကို တစ်ပတ်ကြာခရီးထွက်ဖူးပါတယ်။ လမ်းတွေကောင်းတယ်ထင်နေမှာစိုးလို့ လမ်းအခြေအနေထည့်ပြောပါဦးမယ်။ ဟိုင်းဝေးတွေက ကောင်းပေမယ့် 2011 March လကမှ Magnitude 9 လောက်ရှိတဲ့ ငလျင်လှုပ်ထားလို့ အဲဒီဒဏ်ကြောင့် တချို့လမ်းတွေဆို လှိုင်းထနေတာ။ ပြီးတော့ လမ်းမှားပြီး တောလမ်းခရီးတစ်ခုဖြတ်ရတယ်။ လမ်းဘယ်လောက်ကြမ်းလဲဆို တစ်နာရီ 10 - 15 km သာသာနဲ့ ရွေ့တယ်ဆိုရုံလေး လေးနာရီလောက် အဲဒီတောလမ်းကိုမောင်းခဲ့ရတယ်။ ကားကိုအသစ်ကြီးထင်မစိုးလို့ ကားအခြေအနေလေးပြောပြပါဦးမယ်။ ကားက ကီလိုတစ်သိန်းနားနီးနေတဲ့ 2004 ခုနှစ် Suzuki Mira 660cc ပါ။ နွေရာသီ 40 C (104 F ) လောက်ပူနေလို့ အဲကွန်းဖွင့်ပြီးတောက်လျောက်မောင်းခဲ့တာ တပတ်လုံးလုံးပဲ။

ဂျပန်မှာ နှင်းကျထားတဲ့အခါဆိုရင် နှင်းကြောင့်လမ်းဆိုးသလိုထင်ရတယ်။ ဒါပေမယ့် အဲလိုနှင်းများတဲ့ဒေသမှာတောင် ကားကိုပိုရုန်းစေချင်သူက 1300cc ထဲကပဲ 4WD ယူပါတယ်။ ဆောင်းတွင်းသုံးတာယာ winter tyre ပြောင်းတပ်ပြီးစီးရပါတယ်။ နှင်းကျလို့ဆိုပြီး အင်ဂျင်ပါဝါကြီးတဲ့ Prado, Surf ကားတွေကို
အခွန်သိပ်ဈေးကြီးတာကြောင့်ရယ်၊ ကားကြီးတော့ လမ်းကြပ်ကြပ်မှာအဆင်မပြေလို့ရယ် မစီးကြပါဘူး။ အဲဒါမျိုးတွေကို တော်တော်ဝါသနာကြီးတဲ့သူမှပဲ အခွန်ဈေးကြီးကြီးပေးပြီး စီးကြတယ်။ ကလေးများတဲ့မိသားစုတွေ ဒါမှမဟုတ် wheel chair သုံးရတဲ့သက်ကြီးရွယ်အိုရှိတဲ့မိသားစုမျိုးတွေမှ Alphard လိုကားမျိုးစီးတယ်။

ဒါကြောင့် 1300cc ကားတွေဟာ ရန်ကုန်.. မန်းလေးလိုမြို့တွေနဲ့ တော်ရုံခရီးလောက်ကို အဆင်ပြေပြေသွားလို့ရပါတယ်။ ခရီးမသွားခင် ကားဘီးလေပေါင်တွေ၊ ဘရိတ်တွေသေချာစစ်မယ်၊ ရာသီဥတုအလိုက် မှန်ကန်သင့်တော်ပြီး အရည်အသွေးကောင်းတဲ့ engine oil ကိုသုံးမယ်ဆိုရင် အဆင်ပြေပြေသွားနိုင်ပါတယ်။ အပူချိန်အလိုက်ထည့်ရမယ့် engine oil တွေကို ပုံမှာကြည့်နိုင်ပါတယ်။ ( SAE ဆိုတာ brand name မဟုတ်ပါဘူး။ Society of Automotive Engineers ရဲ့အတိုကောက်ပါ။ Engine oil တွေကို Grade ခွဲဖို့သတ်မှတ်ထားတဲ့ code system တစ်ခုပါ။ )

Engine oil ဗူးတွေမှာ အဲဒီ SAE code တွေအောက်မှာ API (American Petroleum Institute) code လေးတွေရေးထားတာရှိတတ်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင်.. အဲဒီ API code တွေက engine oil ရဲ့ အရည်အသွေးကိုဖော်ပြပါတယ်။ ဓါတ်ဆီနဲ့ ဒီဇယ်အင်ဂျင်တွေအတွက် engine oil တွေရဲ့ အရည်အသွေးကိုအောက်ပါအတိုင်း မြင့်ရာကနေ နိမ့်ရာကိုစီ နိုင်ပါတယ်။

ဓါတ်ဆီအင်ဂျင်အတွက်

SN > SM > SL > SJ > SH > SG > SF

ဒီဇယ်အင်ဂျင်အတွက်

CH-4 > CG-4 > CF-II > CF > CF-4 > CE > CD-II > CD

*** သတိပြုရမှာက CH-4 နဲ့ CG-4 အမေရိကန်ထုတ်ဒီဇယ်အင်ဂျင်တွေနဲ့ပဲ ကိုက်ညီပြီး ဂျပန်ထုတ်ဒီဇယ်အင်ဂျင်ကားတွေမှာ မထည့်သင့်ပါဘူး။

*** ပြီးတော့ CF-ll နဲ့ CD-ll က two cycle engines တွေအတွက်သက်သက်ပါ။

*** ဂျပန်နိုင်ငံတွင်းမှာတော့ ဒီဇယ်အင်ဂျင်တွေအတွက် CF-4 ကိုအမြင့်ဆုံးလို့သတ်မှတ်ထားပါတယ်။

ဂျပန်က ဆားဗစ်စင်တာတွေကတော့ engine oil ကို 3,000km လောက်မှာတခါလဲဖို့ အကြံပေးပါတယ်။ နစ်ဆန်းကတော့ သူ့ကားတွေကို 5,000km မှာတခါလဲဖို့အကြံပေးပါတယ်။ ဒါဟာ မကြာသေးခင်ကကားတွေအတွက်ဆိုလိုတာဖြစ်ပြီး ၁၉၈၀ - ၉၀ ၀န်းကျင်ကကားတွေအတွက်ဆိုရင်တော့ တမျိုးဖြစ်မှာပါ။ သွင်းထားတဲ့ကားတွေရဲ့အများစုက ၂၀၀၇ အထက်တွေများတာကြောင့် အဲဒီကားတွေအတွက် ဦးစားပေးပြီးရေးလိုက်ပါတယ်။

အားလုံးပဲ သိန်းရာကျော်ပေးထားရတဲ့ကားတွေကို ထိုက်သင့်တဲ့ထိန်းသိမ်းမှုလုပ်မယ် အင်ဂျင်မနာအောင် သတ်မှတ်ထားတဲ့အချိန်အလိုက် ရာသီဥတုအလိုက် သင့်တော်တဲ့ engine oil ကိုမှန်မှန်လဲပေးမယ်ဆိုရင် သွင်းထားတဲ့ကားလေးတွေဟာ နောင်ငါးနှစ်ဆယ်နှစ်အထိ အဆင်ပြေပြေသုံးလို့ရပါတယ်။

ဒီပို့စ်က ဂျပန်ဆားဗစ်စင်တာတွေကို မေးမြန်းထားတာတွေနဲ့ ကိုယ်တိုင်လေ့လာထားသလောက်ကို မြန်မာလိုဘာသာပြန်ပြီး ပြန်မျှဝေပေးတဲ့သဘောပါ။ ပိုမိုတတ်ကျွမ်းတဲ့သူများရှိရင်လဲ ထပ်ဖြည့်စွက်မျှဝေပေးကြပါ။
SHARING FROM MY MAIL!!

0 ကွန်မန့်ရေးရန်:

Post a Comment