Thursday, February 14, 2013

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ စိုးမြင့် ဦးစီး ၁ဝ ဦး အလင်း ဝင်ရောက်

Wai Hlaing shared မြ၀တီ's photo.
မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ စိုးမြင့် ဦးစီး ၁ဝ ဦး အလင်း ဝင်ရောက်

နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်လျက် ရှိသည့် နိုင်ငံတော် အစိုးရ၏ သဘောထား အမှန်ကို သိရှိ နားလည်ကြသည့်  ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်း များသည် အဆက်မပြတ် အလင်း ဝင်ရောက်လျက် ရှိရာ ဖေဖော်ဝါရီ ၁ဝ ရက် ည ၇ နာရီခွဲခန့်က ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လေညာ ကျေးရွာရှိ နယ်မြေခံ တပ်ရင်းသို့ 

မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ နိုင်ညိုနှင့် ဗိုလ်အဆင့်ရှိ အချန်းတို့ နှစ်ဦးသည် အမ် ၃၂ ပစ္စတို တစ်လက်၊ ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ လက်နက်ချ အလင်းဝင်ရောက် ခဲ့ကြသည်။

တပ်မတော်၏ နွေးထွေး ပျူငှာစွာ ဆက်ဆံမှုကြောင့် ၄င်းအလင်းဝင် နှစ်ဦးမှ လက်ကျန် အဖွဲ့များအား ဆက်သွယ် ခေါ်ဆောင်ရာ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲ ခန့်က ဗိုလ်မှူး အဆင့်ရှိ စိုးမြင့် ခေါင်းဆောင် အဖွဲ့ဝင် ရှစ်ဦးသည် ပွိုင့် ၃ဝ ကာဘိုင် တစ်လက်၊ အမ် ၁၆ နှစ်လက်၊ အိပ်ခ်ျကေ နှစ်လက်၊ အေကေ ၄၇ တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ ပြောင်းချော သေနတ်ကြီး တစ်လက်၊ ၄ဝ မမ ဗုံးပစ် လောင်ချာ တစ်လက်၊ လုပ်သေနတ်တို တစ်လက်၊ ဆက်စပ် ပစ္စည်းများနှင့် အတူ ထပ်မံ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရသည်။

၎င်းအလင်းဝင် ၁ဝ ဦးနှင့် အတူ လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်း မျိုးစုံ ၁၂ဝ၇ တောင့်၊ ကျည်အိမ် မျိုးစုံ ၂၂ ခု ပါရှိ လာခဲ့ပြီး တာဝန် ရှိသူများမှ စားသောက် ဖွယ်ရာများ၊ အဝတ် အထည်များ ထောက် ပံ့ ပေးအပ်၍ ၄င်းတို့ မိသားစု ဘဝ လုံခြုံရေးနှင့် ပြန်လည် တည်ထောင်ရေး အတွက် လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး  ထပ်မံ၍ အလင်း ဝင်ရောက်ရန် ကျန်ရှိ နေသေးကြောင်း သတင်း ရရှိသည်။

http://bit.ly/Zap1KP

0 ကွန်မန့်ရေးရန်:

Post a Comment