1:50 AM
Latha Mobile 0945 000 1727

ဘရာဇီးနိုင်ငံ
ဆီရက်စ်မြို့မှ အကျဉ်း ထောင်တစ်ခု ဖောက်ပြေးမှုတွင် ထောက်ဖောက်ပြေးသူ
ရာဖယ်လ်ဗယ်လ်ဒိုအား ထွက်ပြေးရန်ကြိုးစားစဉ် အကျဉ်းထောင်နံရံ၌
သူ၏ဗိုက်နှင့်မဆံ့သဖြင့် တစ်ဆို့နေစဉ် ရဲအဖွဲ့မှ အချိန်မီရောက်ရှိလာပြီး
မီးသတ်သမားများက နာကျင်စွာအော်ဟစ်နေသော အကျဉ်းသားအား
ကူညီကယ်ထုတ်ပေးခဲ့ရသည်။ ထိုထောင်ဖောက်ပြေးရန် ကြံစည်မှုတွင် အကျဉ်းသား
လေးဦးပါဝင်ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားလျက် ကျန်
နှစ်ဦးမှာအကျဉ်းခန်းထဲမှ သူတို့၏ ထွက်ပြေးရန်အလှည့်ကို စောင့်ဆိုင်းနေစဉ်
ရဲအဖွဲ့မှရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်အား
နိုင်ငံခြားသတင်းဌာနများက ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး
အကျဉ်းထောင်ဖောက်ပြေးမှုဟု သတင်းများတွင် ရေးသားထုတ်ပြန်ခဲ့သည်။
ကိုးကား- ပြည်မြန်မာဂျာနယ်မှ
0 ကွန်မန့်ရေးရန်:
Post a Comment