1:47 AM
Latha Mobile 0945 000 1727
အမေရိကန်ပြည်ထောင်စု

တက္ကဆက်ပြည်နယ်ရှိ အိမ်တစ်လုံးအား ဖောက်ထွင်းဝင်ရောက်သူမှာ အိမ်ရှင်၏
သေနတ်ဖြင့်အချိန်ခံရမှုကြောင့် အရေးပေါ် ၉၁၁ကိုခေါ်ဆိုပြီး လွတ်မြောက်ရန်
ကြိုးစားမှုတစ်ခုဖြစ်ခဲ့သည်။ အိမ်ရှင်ဂျိမ်းဂယ်ရိုးနှင့်
သူ၏မိသားစုအိပ်ပျော်နေပြီဟု ယူဆ၍ ဖောက်ထွင်းသူ ခရစ္စတိုဖာလန့်စ်မိုးမှာ
အိမ်တွင်းဝင်ရောက်လာခဲ့ရာ အိမ်ရှင်ဂျိမ်းစ်မှာ သူ၏သေနတ်ကိုယူ၍
ဖောက်ထွင်းဝင်ရောက်သူအား မြေပြင်တွင် ဝပ်နေရန်အမိန့်ပေးခဲ့သည်။
ခရစ္စတိုဖာမှာ အိမ်ရှင်စကားကို ငြင်းပယ်၍ ဖုန်းဖြင့်၉၁၁သို့
အလျင်အမြန်ဆက်သွယ် အကူအညီတောင်းခံခဲ့သည်။ ကျွန်တော့်ကို လူတစ်ယောက်
သေနတ်နဲ့ချိန်ထားတယ် ဟူ၍တိုင်တန်းပြောဆိုခဲ့သူ ခရစ္စတိုဖာအား ရဲအဖွဲ့မှ
ဖမ်းဆီးထိန်းသမ်းထားပြီး ဖောက်ထွင်းဝင်ရောက်မှု ပိုင်နက်ကျူးလွန်မှုတို့နှင့်
အရေးယူသွားမည်ဖြစ်သည်။
ကိုးကား -ပြည်မြန်မာဂျာနယ်
0 ကွန်မန့်ရေးရန်:
Post a Comment