Tuesday, December 18, 2012

"ငွေရည်စိမ်ကွန်ဒုံးအကြောင်း သင်သိပြီလား"


https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash4/380180_385203824898055_1718826984_n.jpg


မကြာသေးမီက ကနေဒါဆေးသုတေသီ အဖွဲ့တစ်ခုမှာ ကွန်ဒုံးများ တာရှည်ခံစေခြင်းနှင့် အရည်အသွေးကောင်းမွန်စေရန် နည်းမျိုးစုံဖြင့်

စမ်းသပ်သုတေသနပြုလျက်ရှိကြသည်။ မိုက္ကရို မှန်ဘီလူးများဖြင့် သာ မြင်စေနိုင်သော ငွေသတ္တု အမှုန်ငယ်များပါသော ဖျော်ရည်တစ်မျိုး ထဲတွင် ကွန်ဒုံးများကို စိမ်ထားခြင်းဖြင့် ပြုပြင်ခဲ့ကြ သည်။ ပုံမှန်ကွန်ဒုံးများသည် ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးတတ်ကြကြောင်းကို Manitoba တက္ကသိုလ်၏ အဖွဲ့တစ်ခုမှ လေ့လာတွေ့ရှိခဲ့ ကြပေသည်။

သို့ရာတွင် ဤကဲ့သို့ ပြုပြင်ထားသော ဖျော်ရည်စိမ်ထားခြင်းကြောင့် ကွန်ဒုံးသည်HIV ပိုးများကို သေသွားစေကြောင်း စမ်းသပ် ခန်းထဲတွင် ထူးခြားစွာ တွေ့ရှိရကြောင်းကို သိပ္ပံသုတေသီများ၏ အစီရင်ခံစာ အရသိရှိခဲ့ရ သည်။ ထိုအစီရင်ခံစာကို "International Journal of Nanotechnology”ဂျာနယ် တွင် ဖော်ပြထားသည်။ ၄င်းတို့ သုတေသနပြု ထားသည့် ငွေရည်စိမ်ကွန်ဒုံးများသည် လိင် ဆက်ဆံခြင်းကြောင့်ဖြစ်ေ စနိုင်သော ကူးစက် ရောဂါများကို ကာကွယ်ပေးရုံသာမက HIV ဗိုင်းရပ်စ်များ၏ကူးစက်စေနိုင်သော စွမ်းရည် ကို လုံးဝကျဆင်းသွားစေပြီး ပိုးမွှားများ သေဆုံး သွားသည်ဟု ဖော်ပြထားသည်။

သုတေသနစာတန်းကို ဦးဆောင်ပြုစုသူ ဒေါက်တာ Xiaojian Yao က ကွန်ဒုံးထဲသို့ သေးငယ်လှသော ငွေမှုန်ကလေးများထိရိုက် ထားစေခြင်းဖြင့် ဒုက္ခပေးနိုင်သော ဘက်တီးရီး ယားနှင့် ဗိုင်းရပ်စ်ပိုးများကို ခုခံတိုက် ဖျက်စေ နိုင်ပြီး ကွန်ဒုံး၏ အရွယ်အစားနှင့် ပုံပျက်ယွင်း ပြောင်းလဲ သွားခြင်းမျိုး မရှိဟုလည်း မှတ်ချက် ပြုထားသည်။

ယခုလက်ရှိ ဈေးကွက်တွင် အသုံးပြုနေ ကြသော ကွန်ဒုံးများ၌ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်သတ်ဆေးများအဖြစ်Nanoxynol 9 (N-9)ကို အများဆုံးအသုံးပြုထားကြသော် လည်း မကြာသေးမီ လေ့လာတွေ့ရှိမှု များအရ N-9 သည် အသုံးပြုသူအချို့အတွက် လိင်အင်္ဂါ ရောင်ရမ်းခြင်းနှ င့် ပြည်တည်နာဖြစ်စေသည်။ ငွေရည်စိမ်ကွန်ဒုံးများမှာ ထိုကဲ့သို့ ဖြစ်ပွားမှုများ ကို ရှောင်ရှားနိုင်သည့်အပြင် ဆင်းရဲပြီး ဖွံ့ဖြိုး မှု နည်းလှသော နိုင်ငံများ၌ စွန့်ပစ်ထားသော ကွန်ဒုံးများကို ကလေးငယ်များ အသုံးပြုကစား ကြခြင်းဖြင့်ကွန်ဒုံးများမှတစ်ဆင့် ကူးစက် ရောဂါများကို ကာကွယ်ထားနိုင်သည့်အကျိုး ကျေးဇူးများကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။

Ref: National Post

0 ကွန်မန့်ရေးရန်:

Post a Comment