Tuesday, December 18, 2012

လက်ဝှေ့ပွဲကြည့်ရင်း မီးပူနှင့်တယ်လီဖုန်း မှားယွင်းခဲ့သည့် ပိုလန်သား

Lu Bo shared Mails From Freinds's photo.
လက်ဝှေ့ပွဲကြည့်ရင်း မီးပူနှင့်တယ်လီဖုန်း မှားယွင်းခဲ့သည့် ပိုလန်သား

ပိုလန်နိုင်ငံတွင် အမျိုးသား တစ်ဦးသည် TVမှ လက်ဝှေ့ပွဲကို ကြည့်နေရင်း မီးပူနှင့် တယ်လီဖုန်းကို မှားယွင်း နားထောင်လိုက်မိကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ တိုမက်ဇ် ပက်ဇ်ကော့စကီးသည် အလွန်ပူပြင်းနေသော အီလက်ထရောနစ် ကိရိယာ၏ သတ္တုပြား မျက်နှာပြင်ကို မျက်နှာအသားနှင့် ကပ်မိသည့်နောက် မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ ရောက်လာခဲ့ရသည်။ အယ်လ်ဘလာ့ဂ်တွင် နေထိုင်သော အမျိုးသားသည် ၎င်း၏ ဇနီးသည်ကို ကူညီသည့် အနေဖြင့် အိမ်မှုကိစ္စများကို ဝိုင်းဝန်း လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ တိုမက်ဇ်သည် လက်ဝှေ့ပွဲကို အလွန် စိတ်ဝင်တစား ရှိနေလေရာ ယခုကဲ့သို့ မတော်တဆ မှားယွင်းသွားခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

"မနက်စာ စားပြီးတော့ ကျွန်တော်လည်း အလုပ်စလုပ်တယ်။ TVမှာ လက်ဝှေ့Channelကို ပြောင်းလိုက်တယ်။  ပြီးတော့ ဘီယာတစ်ဘူး ဖောက်သောက်ရင်း မီးပူတိုက်တော့တာပဲ။ နောက်တော့ လက်ဝှေ့ပွဲမှာ ကျွန်တော် တော်တော်လေး စိတ်ဝင်စားသွားတယ်။ ပြီးတော့ ဒုက္ခတွေ့တော့တာပဲ"ဟု တိုမက်ဇ်က ဆိုသည်။ "ဖုန်းက ရုတ်တရက် မြည်လာတာဗျ။ ကျွန်တော်လည်း ရုတ်တရက် မေ့ပြီး တွေ့ရာဆွဲပြီး နားထောင်လိုက်တယ်။ အဲဒါက မီးပူဖြစ်နေတယ်။ နားပေါ် အုပ်မိလျှက်သားပဲ"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။

တိုမက်ဇ်သည် ဦးခေါင်း တစ်ဖက်ခြမ်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ရေချိုးခန်းထဲ အပြေးအလွှား သွားရောက်ကာ ခေါင်းကို ရေအေး လောင်းချခဲ့ရသည်။ ထို့နောက် ဇနီးဖြစ်သူက သိရှိသွားပြီးမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ တိုမက်ဇ်က မိမိသည် နောင်တွင်လည်း ဇနီးဖြစ်သူကို ကူညီကာ မီးပူတိုက်ပေးနေမည်ဟု ပြောဆိုခဲ့သော်လည်း လက်ဝှေ့ပွဲ ကြည့်ရင်းနှင့်မူ မလုပ်ရဲတော့ဟု ဝန်ခံသွားသည်။ 

Copy From : http://www.planet.com.mm
လက်ဝှေ့ပွဲကြည့်ရင်း မီးပူနှင့်တယ်လီဖုန်း မှားယွင်းခဲ့သည့် ပိုလန်သား

ပိုလန်နိုင်ငံတွင် အမျိုးသား တစ်ဦးသည် TVမှ လက်ဝှေ့ပွဲကို ကြည့်နေရင်း မီးပူနှင့် တယ်လီဖုန်းကိ
ု မှားယွင်း နားထောင်လိုက်မိကြောင်း သိရှိရသည်။ အသက်(၃၂)နှစ်ရှိ တိုမက်ဇ် ပက်ဇ်ကော့စကီးသည် အလွန်ပူပြင်းနေသော အီလက်ထရောနစ် ကိရိယာ၏ သတ္တုပြား မျက်နှာပြင်ကို မျက်နှာအသားနှင့် ကပ်မိသည့်နောက် မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ ရောက်လာခဲ့ရသည်။ အယ်လ်ဘလာ့ဂ်တွင် နေထိုင်သော အမျိုးသားသည် ၎င်း၏ ဇနီးသည်ကို ကူညီသည့် အနေဖြင့် အိမ်မှုကိစ္စများကို ဝိုင်းဝန်း လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။ တိုမက်ဇ်သည် လက်ဝှေ့ပွဲကို အလွန် စိတ်ဝင်တစား ရှိနေလေရာ ယခုကဲ့သို့ မတော်တဆ မှားယွင်းသွားခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

"မနက်စာ စားပြီးတော့ ကျွန်တော်လည်း အလုပ်စလုပ်တယ်။ TVမှာ လက်ဝှေ့Channelကို ပြောင်းလိုက်တယ်။ ပြီးတော့ ဘီယာတစ်ဘူး ဖောက်သောက်ရင်း မီးပူတိုက်တော့တာပဲ။ နောက်တော့ လက်ဝှေ့ပွဲမှာ ကျွန်တော် တော်တော်လေး စိတ်ဝင်စားသွားတယ်။ ပြီးတော့ ဒုက္ခတွေ့တော့တာပဲ"ဟု တိုမက်ဇ်က ဆိုသည်။ "ဖုန်းက ရုတ်တရက် မြည်လာတာဗျ။ ကျွန်တော်လည်း ရုတ်တရက် မေ့ပြီး တွေ့ရာဆွဲပြီး နားထောင်လိုက်တယ်။ အဲဒါက မီးပူဖြစ်နေတယ်။ နားပေါ် အုပ်မိလျှက်သားပဲ"ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားသည်။

တိုမက်ဇ်သည် ဦးခေါင်း တစ်ဖက်ခြမ်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ရေချိုးခန်းထဲ အပြေးအလွှား သွားရောက်ကာ ခေါင်းကို ရေအေး လောင်းချခဲ့ရသည်။ ထို့နောက် ဇနီးဖြစ်သူက သိရှိသွားပြီးမှ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ တိုမက်ဇ်က မိမိသည် နောင်တွင်လည်း ဇနီးဖြစ်သူကို ကူညီကာ မီးပူတိုက်ပေးနေမည်ဟု ပြောဆိုခဲ့သော်လည်း လက်ဝှေ့ပွဲ ကြည့်ရင်းနှင့်မူ မလုပ်ရဲတော့ဟု ဝန်ခံသွားသည်။

Copy From : http://www.planet.com.mm/

0 ကွန်မန့်ရေးရန်:

Post a Comment