စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ဆင်ဂေါင်း ကျေးရွာတွင် နိုဝင်ဘာ
(၁၂) ရက် နေ့ ညနေ (၃း၃၀) အချိန်က ဆင်ဂေါင်းကျေးရွာနေ လွင်မိုး၊ (၂၀) နှစ်၊
(ဘ) ဦးကျော်ဌေးအား လည်ပင်းတွင် (၂) လက်မခန့် ပြတ်ရှဒဏ်ရာ၊
ညာလက်ပြင်လက်မ၀က်ခန့်ပြတ်ရှဒဏ်ရာဖြင့် ကြံခင်း အတွင်းတွေ့ရှိ၍
တစ်ရွာတည်းနေ ဖိုးဆူးဆိုသူမှ လွင်မိုး၏ဖခင် ဦးကျော်ဌေး၏နေအိမ်သို့ လာ
ရောက်ပို့ရာ ဦးကျော်ဌေးမှ ကျေးရွာ လူကြီးများရှေ့တွင် လွင်မိုးအားမေး
ရာစကားမပြောနိုင်ဘဲ စာဖြင့်ရေး ပြချက်အရ တစ်ရွာတည်းနေမဖြူ ဖွေးမှ
ဓားမဖြင့်ခုတ်၍ ဒဏ်ရာရရှိ ကြောင်း သိရှိရသဖြင့် လွင်မိုးအား
ကောလင်းဆေးရုံသို့ ပို့ဆောင်ရာ ည (၈း၄၀)တစ်ချိန် ကောလင်း ဆေးရုံတွင်
သေဆုံးသွားသဖြင့် ကောလင်းရဲစခန်းသို့တိုင်ကြားခဲ့ ကြောင်း သိရသည်။
တိုင်ကြားချက်အရာမဖြူဖွေး၊ (ဘ) ဦးမောင်တူး၊ အသက် (၁၈) နှစ်၊ တောင်သူအား ကောလင်း ရဲစခန်းတွင် (ပ) ၃၈၈/၂၀၁၂ ပြစ်မှုပုဒ်မ (၃၀၂) အရ အမှုဖွင့် အရေးယူခဲ့ထားကြောင်း သိရ သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အစစ်ခံဖြောင့်ချက်ပေးသည်မှာ သေဆုံးသူလွင်မိုးမှ မဖြူဖွေးမရှိရာ ကြံခင်းသို့လာပြီး ကြံစုပ်ရန် ကြံ ခုတ်ခိုင်းသဖြင့် မဖြူဖွေမှ ကြံခုတ် ပေးနေစဉ်လွင်မိုးမှ အနောက်မှ နေ၍ သားမယားပြုကျင့်ရန် ကြံစည်သဖြင့် မဖြူဖွေးမှ အရှက် ကိုခုခံကာကွယ်သည့်အနေဖြင့် ကြံခုတ်ဓားမဖြင့် ရုတ်တရက်ခုခံ ရာမှ ဒဏ်ရာရရှိသေဆုံးခဲ့သည်ဟု စွက်စွဲထားကြောင်း သိရသည်။ http://wlovestory.blogspot.com/2012/11/blog-post_1692.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29










0 ကွန်မန့်ရေးရန်:
Post a Comment