Friday, November 16, 2012

တရုတ် နိုင်ငံသည် စစ်လက်နက် ပစ္စည်းသစ် များအား ထုတ်ဖော် ပြသခဲ့ခြင်း

မိုး ခါး shared Aye Chan Mon's photo.
တရုတ် နိုင်ငံသည် စစ်လက်နက် ပစ္စည်းသစ် များအား ထုတ်ဖော် ပြသခဲ့ခြင်း

တရုတ် နိုင်ငံသည် ၎င်း၏ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို တည်ဆောက်နေမှု အဖြစ် မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံသစ်နှင့် စစ်သုံး မောင်းသူမဲ့ လေယာဉ်သစ် တစ်မျိုးကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့ သည် ဟု အောက် တိုဘာလ ၁၃ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ တရုတ်နိုင်ငံ ၏ လေယာဉ် ထုတ်လုပ်ရေး ဆိုင်ရာ ကော်ပိုရေးရှင်း (AVIC ) သည် အင်္ဂလိပ် အခေါ် Wing Long၊ တရုတ်အခေါ် Yi Long မောင်းသူမဲ့ လေယာဉ် ပုံစံသစ် တစ်မျိုးအား Zhuhai မြို့တွင် ပြုလုပ်သော လေကြောင်း ပြပွဲဖွင့်ပွဲ အခမ်းအနား၌ ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ထုတ်ဖော် ပြသမှုသည် တရုတ် ကွန်မြူနစ်ပါတီ အစည်းအဝေး ကျင်းပလျက် ရှိစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ 

ထို့အပြင် AVIC သည် J-31 မျိုးဆက်သစ် တိုက်လေယာဉ် ပုံစံသစ် တစ်မျိုးကိုလည်း ထုတ်ဖော် ပြသခဲ့ ပါသည်။ AVIC သည် ယခင်က ပြုလုပ်ခဲ့သော Zhuhai လေကြောင်း ပြပွဲတွင် ဒုံးပျံ ၂ စင်းအား သယ်ဆောင် နိုင်သော အလျားပေ ၃ဝ ရှိ မောင်းသူမဲ့ လေယာဉ် ပုံစံ တစ်မျိုးကို ထုတ်ဖော် ပြသ ခဲ့ပြီး ဖြစ်ေ ကြာင်း လေ့လာ ဆန်းစစ် သူများက ပြောကြား ခဲ့ပါသည်။ တရုတ် နိုင်ငံ သည် မောင်းသူမဲ့ လေ ယာဉ် ထုတ်လုပ်ရေး အတွက် ငွေကြေး အမြောက်အမြား အကုန်အကျခံ သုံးစွဲခဲ့ ကြောင်းနှင့် တရုတ်နိုင်ငံသည် အာဖဂန်နှင့် အစောပိုင်း ကာလက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် မောင်းသူမဲ့ လေယာဉ်များအား အမေရိကန်တို့ အသုံးပြုခဲ့သည့် အတွေ့ အကြုံ များကို စောင့်ကြည့် လေ့လာ ခဲ့ကြောင်း ဟောင်ကောင် အခြေစိုက် စစ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင် Andrei Chang က ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။

http://www.myawady.net.mm/all-news/international-news/2012-11-15-08-10-19

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :en.rian.ru

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
ည်။

0 ကွန်မန့်ရေးရန်:

Post a Comment