Friday, November 16, 2012

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

‎`

Wednesday, 14 November 2012

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင်ကတည်းက ပဟေဠိ ဆန်နေတဲ့မေးခွန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ်ရှိခဲ့ကြတယ်ဆိုတာကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုတစ်ခုအရ သက်သေထူနေပါပြီ။

နော်တင်ဟမ်ရှိုင်းယားပြည်နယ် ဆောက်သ်ဝဲလ်မြို့က ရှေးဟောင်းခရစ်ယာန်
ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ
အေဒီ ၅၅၀-၇၀ဝ ဝန်းကျင်က အရိုးစုတစ်ခုဖြစ်ပါတယ်။

ထူးခြားတာက ပုခုံးနှစ်ဖက်၊ နှလုံးနဲ့ ခြေကျင်းဝတ်တွေနေရာမှာ သတ္တုစူးတံတွေ ဖောက်ဝင်နေတာကြောင့် ယင်းခေတ်လူတွေက အန္တရာယ်ရှိ
လူသားတစ်ယောက်လို့ သတ်မှတ်ထားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။

ဒီလိုမျိုး အရိုးစုတွေကို ဗြိတိန်မှာတူးဖော်တွေ့ရှိတာ ပမာဏအနည်းငယ်မျှလောက်ပဲ ရှိပါသေးတယ်။

“ဆောက်ဝဲလ်ဒေသက အရိုးစုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရိုးစုအကြောင်းကို ကျွန်တော်တို့ များများစားစား မသိသေးပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင် တစ်ကောင်ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရိုးစုကို မြေကြီးမှာ သံချောင်း ၄ ချောင်းနဲ့ ထိုးစိုက်ချည်နှောင်ထားလို့ပါ။
လူတွေအတွက် အန္တရာယ်များတဲ့ အကောင်တစ်ကောင်ဆိုရင်လည်း မမှားနိုင်ဘူးထင်ပါတယ်” လို့ ရှေးဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်လော့ခ်က ပြောကြားခဲ့ပါတယ်။

FIRST MUSIC NEWS

by ရွှေမြန်မာမီဒီယာ
`

0 ကွန်မန့်ရေးရန်:

Post a Comment