Friday, November 16, 2012

မန္တလေး မိုဘိုင်းဖုန်းလေလံပွဲ မြင်ကွင်း

Photo: မန္တလေး မိုဘိုင်းဖုန်းလေလံပွဲ မြင်ကွင်း

Internet Journal
မန္တလေးမြို့၌ ယနေ့ကျင်းပပြုလုပ်သည့် မိုဘိုင်းဖုန်းလေလံပွဲပြီးဆုံးသွားပါပြီ။ ၂ သိန်းတန် GSM မိုဘိုင်ဖုန်း 404444444 ကို ဒေါက်တာရုံမိုး (ရန်ကုန်) မှ ၄၇ သိန်းကျပ်ဖြင့် အမြင့်ဆုံဈေးနှုန်းပေး၍ ၀ယ်ယူသွားပြီး ၂ သိန်းခွဲတန် WCDMA မိုဘိုင်းဖုန်း 443666666 ကို ၂၅ သိန်းကျပ်ဖြင့် ဦးသိန်းအောင် (မိုးကုတ်) မှ ၀ယ်ယူသွားခဲ့ခြင်းဖြစ်သည်။ GSM မိုဘိုင်းဖုန်း ၃၇ လုံးနှင့် WCDMA မိုဘိုင်းဖုန်း ၂၃ လုံးကို လေလံဆွဲခဲ့ခြင်းဖြစ်ပြီး လေလံဝင်ရောက်ဆွဲသူ ၁၂၉ ဦးရှိခဲ့သည်။ (လေလံပွဲကို ရန်ကုန်မြို့၌လည်း ထပ်မံကျင်းပသွားမည်ဖြစ်သည်) 
၂ သိန်းတန် GSM နံပါတ်အလှဖုန်းများကို ကြမ်းခင်းဈေး ၇ သိန်းဖြင့် စတင်ရောင်းချခဲ့ရာ လက်ရှိအချိန်၌ နံပါတ်အလှ 404444444 ကို ငွေကျပ် ၄၇ သိန်းဖြင့် အရောင်းအ၀ယ် ဖြစ်သွားခဲ့သည်ဟုသိရသည်။ ( မန္တလေး - လေလံပွဲမပြီးဆုံးသေးပါ)
၂ သိန်းတန် GSM နံပါတ်အလှဖုန်းများကို ကြမ်းခင်းဈေး ၇ သိန်းဖြင့် စတင်ရောင်းချခဲ့ရာ လက်ရှိအချိန်၌ နံပါတ်အလှ 402999999 ကို ငွေကျပ် ၄၄ သိန်းဖြင့် အရောင်းအ၀ယ် ဖြစ်သွားခဲ့သည်ဟုသိရသည်။ ( မန္တလေး - လေလံပွဲမပြီးဆုံးသေးပါ) 
WCDMA နံပါတ်အလှ မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်းကို မန္တလေးမြို့၌ ယနေ့လေလံတင်ရောင်းချခဲ့ရာ ကျပ်ငွေ ၄၂၅ သိန်း ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပမာဏသည် လေလံစနစ်မှရရှိသည့် ပမာဏတစ်ခုသည်ဖြစ်ပြီး ၂ သိန်းခွဲတန် မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်း၏ မှုလတန်ဖိုး ၅၇ သိန်း ၅ သောင်း ကိုလည်း မြန်မာ့ဆက်သွယ်ရေးမှ ထပ်မံရရှိဦးမည်ဖြစ်သည်။ လေလံပွဲ၌ အနိမ့်ဆုံးဈေးနှုန်း ၁၅ သိန်းဖြင့် ၀ယ်ယူခဲ့ကြပြီး အမြင့်ဆုံးဈေးနှုန်း ၂၅ သိန်းဖြင့်
ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ အမြင့်ဆုံးဈေးနှုန်း ၂၅ သိန်းဖြင့် WCDMA နံပါတ် 443666666 ကို ၀ယ်ယူခဲ့သူမှာ ဦးသိန်းအောင် (မိုးကုတ်) ဖြစ်ကြောင်းသိရသည်။ မြန်မာ့ဆက်သွယ်ရေး၏ လေလံပွဲသို့ လူဦးရေ ၁၂၉ ယောက် လေလံဝင်ရောက်ဆွဲခဲ့ကြောင်း၊ လေလံဝင်ရောက်ဆွဲလိုသူများမှာ လျှောက်လွှာဖောင်ကို တစ်ထောင်ကျပ်ဖြင့် ၀ယ်ယူဖြည့်သွင်းခဲ့ကြောင်းသိရသည်။ (GSM နံပါတ်အလှများ၏ လေလံပွဲကို ညနေပိုင်း၌ ဆက်လက်ကျင်းပမည်ဖြစ်သည်)
WCDMA နံပါတ် 443666666 ကို ၂၅ သိန်းကျပ်ဖြင့် မန္တလေးမြို့၌ အမြင့်ဆုံးလေလံတင်ရောင်းချနိုင်ခဲ့သည်။ အဆိုပါဈေးနှုန်းသည် မြန်မာ့ဆက်သွယ်ရေးသို့ ပုံမှန်ပေးသွင်းငွေ ပါဝင်သေးခြင်းမရှိကြောင်းသိရသည်။ (ထမင်းစားနားတော့မည်ဖြစ်သော်လည်း လေလံပွဲမပြီးဆုံးသေးပါ)
 
WCDMA မိုဘိုင်းဖုန်းနံပါတ် 442666666 ကို ၂၃ သိန်းခွဲဖြင့် လက်ရှိကာလ၌ အမြင့်ဆုံးဈေးပေး၍ လေလံပွဲ၌ ၀ယ်ယူနေသည်ဟုသိရသည်။ (လေလံပွဲမပြီးဆုံးသေးပါ)
 
မိုဘိုင်းဖုန်းနံပါတ်အလှတွေကို မန္တလေးမှာ ယခုလေလံတင်ရောင်းချနေပါတယ်။ လက်ရှိအချိန်မှာအပူးနံပါတ် ၆ လုံးပါတဲ့ WCDMA မိုဘိုင်းဖုန်းလိုင်းတစ်လိုင်းကို ဆက်သွယ်ရေးသို့ ပုံမှန်ပေးသွင်းငွေမပါ ၁၈ သိန်းခွဲအထိ ဈေးနှုန်းမြင့်ပေါက်ရောက်နေပါတယ်။ လေလံစနစ်အရ ၅ သောင်းကျပ်ဆီတိုးမြင့်ပြီး လေလံဆွဲကြတာဖြစ်ပါတယ်။ လေလံဆွဲပွဲမပြီးဆုံးသေးသည့်အတွက် နောက်ဆုံးဈေးနှုန်းမသိရသေးသော်လည်း လူဦးရေ ၁၀၀ ၀န်းကျင်လေလံပွဲကိုရောက်ရှိနေတယ်လို့သိရပါတယ်။ မန္တလေးမြို့၌ GSM မိုဘိုင်းဖုန်း ၃၇ လုံးနှင့် WCDMA မိုဘိုင်းဖုန်း ၂၃ လုံးကို လေလံဆွဲသွားမှာဖြစ်ပါတယ်။  
 

0 ကွန်မန့်ရေးရန်:

Post a Comment