Monday, September 17, 2012

သူငယ်ချင်း မိခင် ကွယ်လွန်မှု​အတွက် ခေါင်း​ရိတ်လိုက်တဲ့ လေဒီဂါဂါ PDF Print E-mail



လေဒီဂါဂါဟာ သူမ သူငယ်ချင်းဖြစ်သူ ဓာတ်ပုံဆရာ တယ်ရီ ရစ်ချတ်ဆင်ရဲ့ မိခင် သေဆုံးမှု အောက်မေ့ဖွယ် အဖြစ် သူမရဲ့ ဆံပင် ကို ရိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရစ်ချတ်ဆင်ရဲ့ မိခင် အန်နီ လိုမက်စ် အင်္ဂါနေ့က ကွယ်လွန်သွားပြီးနောက် ပေါ့ပ်အဆိုကျော်ဟာ သူမရဲ့ Little Monsters ဝက်ဘ် ဆိုက်မှာ ယင်းသတင်းကို သူမရဲ့ ထူးထူးဆန်းဆန်း ဆံပင်ပုံစံသစ်နှင့်အတူ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
သူမက ဆံပင်ရိတ်ပစ်လိုက်ခြင်းမှာ တယ်ရီအတွက် ဖြစ်ကြောင်း၊ ၎င်း၏ မိခင် သေဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို “I did it for u Terry. I’m sorry about ure mommy. She has princess die, but were all princess high” လို့ ရေးသားခဲ့ပါတယ်။

ဂါဂါရဲ့ ဆံပင်ပုံစံသစ် ဓာတ်ပုံထဲမှာတော့ သိပ်မကြာသေးခင်က မိုင်လီ ဆိုင်းရပ်စ် ညှပ်ခဲ့တဲ့ ဆံပင်ပုံစံနဲ့ ခပ်ဆင်ဆင်တူတဲ့ အလွန် တိုတဲ့ ဆံပင်ပုံစံအဖြစ် ညှပ်ပစ်ခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံဆရာ ရစ်ချက်ဆင်ဟာ ဟောလီဝုဒ် မင်းသမီးငယ်များရဲ့ ခပ်ဟော့ဟော့ ဓာတ်ပုံများနဲ့ နာမည်ကျော်သူတစ်ဦး ဖြစ်ပြီး ဂါဂါရဲ့ တစ်နှစ်တာ ဘဝကို ရိုက်ကူးမဲ့ “Lady Gaga x Terry Richardson” လို့ အမည်ရတဲ့ ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများ စာအုပ် ရိုက်ကူးရန် လေဒီဂါဂါနဲ့ လက်တွဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၎င်းဟာ ယင်းပရောဂျက်အတွက် ဂါဂါရဲ့ ဓာတ်ပုံပေါင်း တစ် သိန်းကျော် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
တယ်ရီ ကိုယ်တိုင်ရဲ့ ဘလော့ဂ်ဖြစ်တဲ့ TerrysDiary.com မှာတော့ “R.I.P. Annie Lomax, my mom 1938-2012” လို့ ရိုးရိုးရှင်း ရှင်းပဲ ရေးသားထားတာကို တွေ့ရပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment