Monday, September 17, 2012

မောင်တောတွင် ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရသော လင်မယားနှစ်ဦးအား ဘူး သီးတောင်ဆေးရုံသို့ ပြောင်းရွှေ့


မိုးဇော်

စက်တင်ဘာ (၁၄) ရက်နေ့က မောင်တောမြို့နယ် ကံသာယာ ရွာအနီး တွင် ဘင်္ဂလီများ၏ ကြမ်းဖက် ခြင်းခံရသော ဦးအောင်လှဖြူ၏ ဦး ခေါင်း တွင် သေနတ်ကျည် ရှိနိုင်သည့်အတွက် ခွဲစိတ်ကုသရန် လိုအပ်နေရာ မောင်တောဆေးရုံတွင်ခွဲစိတ်ဆရာဝန်မရှိသောကြောင့်ယ နေ့နေ့လည် က ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဦးအောင်လှဖြူနှင့်၊ ဒေါ်မအောင်စိန်တို့ လင်မယားအားမှာ မောင်တောမြို့နယ် (၄) မိုင်ရှိ ကံသာယာကျေးရွာအနီးတွင် လယ်ယာလုပ်ငန်း တွင်ကင်း စောင့်နေရာ ဘင်္ဂလီ (၂၀)ခန့်က သေနတ်၊ တုတ်၊ ဓါးများဖြင့် ၀င်ရောက် အကြမ်းဖက်ခြင်းရသဖြင့် မောင်တောဆေးရုံတွင် အ ရေးပေါ်ကုသခံယူ နေပြီးမှ ဆေးရုံတွင် ခွဲစိတ်ဆရာဝန် မရှိ၍ ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြဿနာက ညနေ (၇) နာရီကနေစတာပါ။ ရန်ငြိုးလည်းမရှိဘဲနဲ့ လာပြီး တော့ ပြဿနာရှာကြတယ်။ ယူနီဖောင်းနဲ့လည်း မဟုတ်ဘဲ အရပ်သားအ ဝတ်နဲ့ ခန့်မှန်းခြေ (၂၀) ယောက်ရှိမယ်ထင်ပါတယ်။ ကျနော့်ကို သေနတ်နဲ့ တစ်ချက်ပစ် တာ။ တစ်ချက်နဲ့ ခေါင်းကို ထိသွား ပါတယ်။ သူတို့ဝင်လာချိန်မှာ မိန်းမကို ဓါတ်မီးမထိုးပါနဲ့ မီးငြိမ်းထားလိုက်လို့ပြောလိုက်ပါတယ်။ ကျ နော်တို့လည်း လယ်ကွင်းထဲသို့ ဆင်းဖို့လုပ်နေကြတာပါ။ သူတို့က သတ်ဖို့လာကြတာဆိုတော့ ကျွန်တော်လည်း မထူးတော့ပါဘူး ဆိုပြီး တော့ ဒုတ်ကိုကိုင်ပြီး ထိုင်နေလိုက်ပါ တယ်။ ထိုင်နေတုန်းမှာ လူတွေက တစ်ခဲနက် အများကြီးအုံလာပါတယ်။ ကျနော်မိန်းမကိုလည်း ဘင်္ဂလီများက ဆံပင်ဆွဲပြီး ရိုက်နှက်ခဲ့ပါ တယ်။ " ဟု အသတ်ခံရသူ ဦးအောင်လှဖြူက ပြောသည်။

အသေးစိတ်ကို အာရ်ကန်တိုင်းမ်စ်မှ ဆက်လက်စုံစမ်းနေပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment