Monday, September 17, 2012

နယူးယောက်ခ်ဆိပ် ကမ်းရှိ သင်္ဘောများ ထွက်ခွာမှုကို အင်္ဂလိပ်ရေ လက်ကြားမှ ထောက်လှမ်းနိုင် သည့် ရေငုပ်သင်္ဘောကြီး


(နယူးယောက်ခ် စက်တင်ဘာ ၁၅) 
 နျူကလီးယား စွမ်းအင် သုံး ရေငုပ်သင်္ဘော တစ်စင်းကို စက်တင်ဘာ ၁၄ ရက်က ရေချခဲ့ ကြောင်းသိရသည်။ ယင်း ရေငုပ် သင်္ဘော သည် အဆင့်မြင့် နည်းပညာသုံး ရေငုပ် သင်္ဘော တစ်စင်းဖြစ်ပြီး စတာလင်ပေါင် ၁ ဘီလီယံ နီးပါး တန်ဖိုးရှိကြောင်း သိရ သည်။ ယင်းရေငုပ်သင်္ဘောတွင် မိုင်၁၂ဝဝ အထိ ပစ်ခတ်နိုင်သည့် ခရုဇ်ဒုံးကျည် ၃၈ စင်း သယ်ဆောင် နိုင်ကြောင်းသိရသည်။ 
ထို့အပြင် ယင်းရေငုပ်သင်္ဘောတွင် ကွန်ပျူတာ အလုံး ၂ဝဝဝ စွမ်းအား ထည့်သွင်း ထားသည့် ဆိုနာစနစ်ပါရှိ သည့်အတွက် မိုင် ၃ဝဝဝ အကွာမှ သင်္ဘောတစ်စင်း၏ အသံကို ကြားနိုင် ကြောင်း သိရသည်။ ထို့ကြောင့် ၄င်း ရေငုပ် သင်္ဘောသည် အင်္ဂလိပ် ရေလက် ကြားမှနေ၍ နယူးယောက်ခ် ဆိပ်ကမ်း ရှိသင်္ဘောများ ထွက်ခွာမှုအသံ ကိုထောက် လှမ်းနိုင် မည်ဖြစ်ကြောင်း သိရသည်။ 
 အဆိုပါ ရေငုပ်သင်္ဘော တွင် တပ် ဆင်ထားသည့် နျူကလီးယား စွမ်းအင် ဖြင့် နှစ်ပေါင်း ၂၅ နှစ်ကြာ မရပ်မနား ခရီးသွားနိုင် ကြောင်း သိရသည်။ တစ်နာ ရီလျှင် ရေမိုင် ၂ဝ ကျော်နှုန်းဖြင့် မောင်းနှင် နိုင်ပြီး တစ်နေ့လျှင် ခရီးမိုင် ၅ဝဝ ခန့်သွားလာ နိုင်ကြောင်း သိရသည်။ ထို့အပြင် ကမ္ဘာကြီး၏ မည်သည့်နေရာ ကိုမဆို နှစ်ပတ်အတွင်း သွားရောက် တပ်ဖြန့် နိုင်ကြောင်း သိရသည်။ ၄င်းရေ ငုပ်သင်္ဘော တွင် တပ်ဖွဲ့ဝင် ၁ဝ၃ ဦးလိုက် ပါနိုင်ပြီး သွားလာရာတွင် ဆူညံမှုနည်း သည့်အတွက် ရန်သူ့ ကမ်းခြေ တစ်လျှောက် တွင် အထူးတပ်ဖွဲ့များကို သွားရောက် ချပေးနိုင်ကြောင်း သိရသည်။

Copy from -mwdmedia.net

0 ကွန်မန့်ရေးရန်:

Post a Comment