Monday, September 17, 2012

အကျဉ်းသား ၅၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု


ရန်ကုန်၊ စက်တင်ဘာ - ၁၇

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသားအကျဉ်းသားများ အပါအ၀င် စုစုပေါင်းအကျဉ်း သား (၅၁၄) ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂) ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နေ့မှ) စ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊ လူသားချင်းစာနာထောက် ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့အတွက် လည်းကောင်း ရည်ရွယ်၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းဖော်ပြထားသည်။
Popular Myanmar News Journal

အင်းစိန်ထောင်မှ ယခုလွတ်မြောက်လာသူ နိုင်/ကျဉ်း များမှာ ဦးခေမာစာရ(ခေါ်)ကိုချမ်းသာ၊ ဦးနေ၀င်း၊ မျိုးမြတ်စိုး၊ အောင်ကိုမင်း၊ အိုက်စံ၊ ဆန်နီ(ခေါ်)စံရှား၊ကျော်ကျော်ထွန်းနှင့် အမည်မသိတစ်ဦးတို့ဖြစ်ကြပြီး အန္ဒိယနိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသားတစ်ဦးပါဝင်ကြောင်းသိရသည်။

အင်းစိန်ထောင်မှ ယနေ့လွတ်မြောက်သူများမှာ ယင်း ဆယ်ဦးသာဖြစ်ကြောင်းသိရသည်။

အင်းစိန်ထောင်မှ လွှတ်မည့်အကျဉ်းသားမှာလည်း ယင်းဆယ်ဦးသာဖြစ်ပြီး နောက်ထပ်လွှတ်ရန် မရှိတော့ကြောင်းသိရသည်။

(ဓာတ်ပုံ - သီဟ၀င်းတင်)


0 ကွန်မန့်ရေးရန်:

Post a Comment