Friday, August 3, 2012

X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ ပြန်လည်လွတ်မြောက်


ရန်ကုန်၊သြဂုတ်-၃

Inline image 3

Inline image 2

၂၀၁၀ ခုနှစ်က X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ ကိုဖြိုးဝေအောင်ကို ယနေ့ သြဂုတ် ၃ ရက်မွန်းလွဲ၁၂နာရီခန့်က ပုဒ်မ-၄၀၁ ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း မိသားစုက 7Day News သို့ပြောကြားသည်။


အင်းစိန်ထောင်တာဝန်ရှိသူက ကိုဖြိုးဝေအောင်၏ဇနီးကို ဖုန်းဆက်အကြောင်းကြားခြင်းဖြစ်သည်ဟုသိရသည်။
ကိုဖြိုးဝေအောင်သည် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံခဲ့ရကာ ၂၀၁၀ မေလက သေဒဏ်ချမှတ်ခံထားရသူဖြစ်သည်။
ကိုဖြိုးဝေအောင်သည် အကျဉ်းကျခံနေစဉ်အချိန်တွင် ကင်ဆာရောဂါကြောင့် အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသူဖြစ်သည်။
ယခု ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရပြီဖြစ်၍ ရိုးရိုးလူနာဆောင်သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု မိသားစုဝင်များကပြောသည်။

ဇူလိုင်လ ၃၀ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်ကင်တားနားသည် ၄င်း၏ခရီးစဉ်အတွင်း ကိုဖြိုးဝေအောင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး ကိုဖြိုးဝေအောင်၏ အခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု မိသားစုကိုပြောခဲ့ကြောင်းသိရသည်

0 ကွန်မန့်ရေးရန်:

Post a Comment