Friday, August 3, 2012

ရှင်းပေမယ့် မလင်းတဲ့ ရိုဟင်ဂျာပြသနာ . . .


--
    အကြောင်းအရာ တခုတည်းက ကျနော့်စိတ်ကို အချိန်တော်တော်များများ စိုးမိုးထားတဲ့ အဖြစ်ဟာ ဒီတစ်ကြိမ်ပထမဆုံးပါပဲ ။ ဒီအကြောင်းအရာတစ်ခုထည်းကိုပဲ အားအားရှိသ၍ ၊
နားနေရသ၍ တွေးနေမိတယ် ။အဲ့ဒီ အကြောင်းအရာကတော့  အခုတလော အငြင်းပွားနေရဆဲ ရိုဟင်ဂျာ ( ဘင်္ဂလီ ) အရေးပါပဲ ။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ကျနော်ဟာ ရခိုင်လူမျိုး
တစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်လူမျိုးများဘက်ကပိုပြီး ဖေးကူစဉ်းစားခဲ့တယ် ။

ဒီထက်ပို အမှန်အတိုင်းပြောရရင် ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးတစ်မျိုးလိ
ု့ ဘယ်တုန်းကမှ လက်မခံခဲ့တဲ့အတွက် ၊ အခုလက်ရှိ လက်ခံရမယ်ဆိုရင်လည်း ဘယ်
လိုမှ လက်ခံနိုင်မှာမဟုတ်ဘူး ။ ပြည်နယ်ကိုဖဲ့ပေးရမယ် ဆိုရင်လည်း ပိုတောင်လက်ခံနိုင်မှာမဟုတ်ဘူး ။ လူ့အခွင့်ရေး ဆိုတဲ့ စကားလုံးကိုအဲ့တော့မှ ကျနော်အလေးအနက်ထားစဉ်းစား
မိတော့တယ် ။ ကျနော်တို့ ကသာ လက်မခံနိုင်ဘူးဆိုရင် အဲ့ဒီ ဘင်္ဂလီ ရှစ်သိန်း ဘယ်မှာ သွားနေမှာလဲ ၊ ဂျီနိုဆိုက် ဆိုတဲ့ အရာကိုတော့ လုံးဝ လက်မခံနိုင်တာအမှန်ပါ ။

မြန်မာအစိုးရ ၊ မြန်မာပြည်သူ ၊ ရခိုင်တိုင်းရင်းသားတွေ ရိုဟင်ဂျာ ( ဘင်္ဂလီ ) တွေကို ဘာကြောင့် လက်မခံနိုင်လဲ ကျနော်မသိပေမယ့် ၊ ကျနော့်မှာတော့ ကျနော်လက်မခံနိုင်တဲ့ အကြောင်း
ရင်း သပ်သပ် ရှိတယ် ။

အဓိကအကျဆုံး ဘင်္ဂလီတွေကို ကျနော်လက်မခံနိုင်တဲ့အချက်ကတော့ - လူဦးရေလွမ်းမိုးမှု့ တအားများတာပဲ ။ ဘင်္ဂလီအမျိုးသားတစ်ဦးမှာ မိန်းမတစ်ဦးပဲ ရှိတယ်ဆိုကြပါစို့ ။ အဲ့ဒီမိသားစု
က အနည်းဆုံး ကလေးမွေးဖွားမှု့နုန်း ၇ ဦး ရှိပါတယ် ။ ရိုဟင်ဂျာအမျိုးသားတစ်ဦးမှာ မိန်းမ နှစ်ဦးရှိတယ် ဆိုရင် ကလေးမွေးဖွားနုန်း ၁၀ အထက် ရှိတယ် ။ ရိုဟင်ဂျာအမျိုသားတစ်ဦးမှာ
မိန်းမသုံးဦးရှိတယ်ဆို ကလေးမွေးဖွားမှု့နုန်း ၁၅ ဦးအထက်ရှိတယ် ။ မိန်းမလေးယောက်ရှိတယ်ဆိုရင်တော့ ၂၀+ မှာရှိတယ် ။

ဒီတော့ ရိုဟင်ဂျာမျိုးဆက်တစ်ဆက်မှာအနည်းဆုံး လူဦးရေ ၇ ဆပွားတယ် ။ အဲ့ဒီအနည်းဆုံးနဲ့ပဲ တွက်ရင် အခု ရိုဟင်ဂျာ ၈ သိန်းထဲက မွေးဖွားမဲ့နုန်းကိုတွက်လိုက်ရင် အနည်းဆုံး
သိန်း ၃၀ ကျော်ရှိတယ် ။ ဒါမွေးနုန်းကိုပဲ တွက်ထားတာဖြစ်တယ် ။ rate အနည်းဆုံးနဲ့တွက်တာဖြစ်တယ် ။ တကယ်သာ သတင်းထဲမှာပါသွားသလို ရိုဟင်ဂျာမိသားစု တစ်စုကို လူ
လေးဆယ် ငါးဆယ်ကျော်ဆိုရင် ဒီထက် အဆပေါင်းများစွာ ဖြစ်သွားနိုင်တယ် ။ ဒါ နမူနာတွက်ပြတာသာဖြစ်တယ် ၊ အတိအကျတွက်ရင် ဒီထက်ကြောက်ဖို့ကောင်းတဲ့ကိန်းဂဏာန်း
ထွက်လာမယ်ထင်တယ် ။

ရခိုင်ပြည်ရဲ့ လူဦးရေဟာ လက်ရှိ ၂ သန်း ( သိန်းနှစ်ဆယ် ) စွန်းရုံသာရှိသေးတယ် ။ လူဦးရေပွားနုန်းက ၂+ ဖြစ်တယ် ။ မျိုးဆက်ဖြန့်နိုင်တဲ့ လူဦးရေ အချိုးအစားက ၃၂% ဖြစ်တယ် ။
ရခိုင်သားတစ်ယောက်နဲ့ ရခိုင်သူတစ်ယောက်က ကလေးနှစ်ယောက်မွေးနေချိန်မှာ ဘင်္ဂလီတစ်ယောက်က ဘင်္ဂလီသူတစ်ယောက်နဲ့ ကလေး ခုနှစ်ဦးမွေးနိုင်တယ် ။ အချိုးအစားအရ
အနည်းဆုံး သုံးဆကျော် အသာရထားတယ် ။ ဒီနုန်းအတိုင်းဆို ၂၀၂၃ မှာ ရခိုင်ပြည်တွင်းက ဘင်္ဂလီဦးရေဟာ ရခိုင်တိုင်းရင်းသားဦးရေကိုသေချာပေါက်ကျော်ပြီး ဖြစ်ပါလိမ့်မယ် ။
အဲ့ဒီအခါကျရင် ရခိုင်ပြည်လို့ အမည်တွင်ဖို့တောင်မသေချာတော့ပါဘူး ။ ဒါကျနော် အကြောက်ဆုံးလူဦးရေ ၀ါးမြိုမူ့ဖြစ်တယ် ။

ဒုတိယအကြောက်ဆုံးအချက်က - ဘင်္ဂလီတွေကို လူဦးရေထိန်းချုပ်လို့ မရတဲ့ အချက်ဖြစ်တယ် ။ တရုတ်နိုင်ငံမှာလူဦးရေ များလာတဲ့အတွက် one family one child ဆိုတဲ့ ပေါ်လစီ
ကျင့်သုံးတယ် ။ မိသားစုတစ်ခုကို ကလေးတစ်ယောက်ထက်ယူလို့မရဘူး ။ ယူရင် ကြီးမားတဲ့ ဒဏ်ငွေပေးဆောင်စေတယ် ။ ဒဏ်ငွေမဆောင်နိုင်ရင် ကလေးဖျက်ချခိုင်းတယ် ။
အဲ့သလောက်ရက်စက်တယ် ။ ဘင်္ဂလီအများစုဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့အတွက် ကလေးကို တစ်ယောက်ပဲ ယူပါ ၊ နှစ်ယောက်ပဲ ယူပါလို့တားဆီးရင် သူတို့ဘာသာရေး
ကိုဖောက်ဖျက်ရာ ကျပါသတဲ့ ။ ဒီတော့ ဘာသာရေးလွတ်လပ်ခွင့်ကြောင့်ပဲ ဖြစ်ဖြစ် လူဦးရေ တားဆီးလို့မရဘူး ။ ဒီတော့နိုင်ငံသားခံယူခွင့်ပေးတာပဲ ဖြစ်ဖြစ် ၊ ဧည့်နိုင်ငံသားအဖြစ်
ပဲထားထား နောက်ဆယ်နှစ်လောက်ဆို ဒီလောက်များလာတဲ့ လူဦးရေနဲ့ အင်အားပြပြီး ပြည်နယ်တောင် တောင်းခံနိုင်တယ် ။ သိတယ်မလား ၊ ဒီမိုကရေစီဆိုတာ . . . ???????။

တတိယအကြောက်ဆုံးအချက်က - ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေရဲ့ ရှေးတုန်းက ရှိခဲ့တဲ့ ရန်ညိုး ၊ အခုလတ်တလော အမုန်းတရားတွေ ၊ အင်အားချင်းညီလာတဲ့အခါဖြစ်လာ
မဲ့ ပဋိပက္ခတွေ ဟာ နောင် ဆယ်စုနှစ် အနည်းငယ်အတွင်းဂျီနိုဆိုက် လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်မူ့ကြီးဖြစ်လာနိုင်ချေဟာ အင်မတန်မြင့်တက်လာတယ်လို့ တွက်မိတယ် ။
ရခိုင်က ဘင်္ဂလီကိုသတ်သတ် ၊ ဘင်္ဂလီက ရခိုင်ကိုသတ်သတ် စိတ်ချမ်းသာစရာ ပျော်စရာတကွက်မမြင်မိဘူး ။ နည်းတဲ့နေရာမှာခံရပြီး ၊များတဲ့နေရာမှာ သာကြမှာပဲ ။ ရခိုင်ဟာ
ဒုတိယ ဒါဖာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး ။

ဒါကြောင့် ဒီကိစ္စကို နိုင်ငံတော်အစိုးရလည်း စဉ်းစားမိမှာပဲ ၊ အတွေးအခေါ်ရှိတဲ့ နိုင်ငံသားတွေလည်း စဉ်းစားနေကြမှာပဲ ၊ သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျနော်လည်း သာမန်
ပြည်သူအလျှောက် စဉ်းစားမိနေတာပဲ . . . အဖြေကတော့ ရှင်းရှင်းလေးနဲ့ အသေအချမပြနိုင်ဖြစ်နေလေရဲ့ ။


 မာဃလုလင်
https://www.facebook.com/margaluelin

0 ကွန်မန့်ရေးရန်:

Post a Comment