Friday, August 3, 2012

ဥပဒေပါမောက္ခနှင့် ကျောင်းသူ လိင်ကိစ္စ စစ်ဆေးခံနေရ



စင်္ကာအမျိုးသားတက္ကသိုလ်မှ တွဲဖက်ပါမောက္ခဖြစ်သူ Tey Tsun Hang သည် အသက် (၂၃) နှစ်အရွယ် ဥပဒေ ကျောင်းသူ တစ်ဦးနှင့် စာမေးပွဲ အောင်မှတ်ကောင်း ရရှိစေရန်အတွက် လိင်ဆက်ဆံမှု ပြုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ဆေးခံနေရသည်။

စာမေးပွဲ အောင်မှတ်ကောင်း ရရှိစေရန် ပါမောက္ခထံသို့ ကျောင်းသူမှ ချဉ်းကပ်ခဲ့ပြီး နှစ်ဦး သဘောတူညီမှုဖြင့် တကြိမ် ထက်မက လိင်ဆက်ဆံမှု ပြုခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ကျောင်းသူမှာ ဖမ်းဆီးခြင်း မခံရဘဲ ယခုအခါ ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခုတွင် အလုပ်သင် လုပ်ကိုင်လျက်ရှိသည်။
အဆိုပါကျောင်းသူသည် ပါမောက္ခနှင့် လိင်ဆက်ဆံမှု ပြုခဲ့ပြီးနောက် သူငယ်ချင်းများအား ဖွင့်ပြောရာမှ အမှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဤကဲ့သို့ ကျောင်းသားနှင့် ပါမောက္ခအကြား လိင်ဆက်ဆံမှု ဖြစ်စေရန် အကြောင်းတစ်ရပ်မှာ စင်္ကပူရှိ ဥပဒေ အကျိုးဆောင် ကုမ္ပဏီများသည် ကျောင်းသားများ၏ စုစုပေါင်း ရမှတ်ကို အခြေခံကာ အလုပ် ခေါ်လေ့ရှိ သောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။

ပါမောက္ခ Tey Tsun Hang သည် ပညာထူးချွန်သူ တစ်ဦးဖြစ်ကာ အောက်စဖိုဒ့် တက္ကသိုလ် ကျောင်းထွက် ဖြစ်ကာ ကျောင်းသားများ ကြိုက်နှစ်သက်သော ဆရာတစ်ဦးဖြစ်သည်။ တက္ကသိုလ်တွင် တာဝန်မထမ်းဆောင်မီ ခရိုင် တရားသူကြီးအဖြစ်လည်းကောင်း၊ ဥပဒေချုပ်၏ အကြံပေး ကောင်စီတွင် အဖွဲ့ဝင်တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ သည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/2258-tey-tsun-hang

0 ကွန်မန့်ရေးရန်:

Post a Comment