Friday, August 3, 2012

မစ္စတာ ကင်တေးနား ရခိုင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစီအစဉ် မရှိဟု RNDP ပြော


by-မောင်ရမ္မာ(narinjara)

မြန်မာနိုင်ငံ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ ကင်တေးနားသည် သူ့၏ ခရီးစဉ် အတွင်း ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည့်
အစီအစဉ် မရှိဟု သိရကြောင်း RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

Inline image 2
မောင်တောမှ ပြန်လာသော မစ္စတာ ကင်တားနားအားစစ်တွေ လေဆိပ်တွင် တွေ့ရစဉ်
(ဓါတ်ပုံ- အေပီ)

“ ဘာတခုမှ အကြောင်းကြားထားတာ မရှိပါဘူး။ နိုင်ငံခြား သံတမန်တွေ ရောက်လို့ ရှိရင် တွေ့မယ် ဆိုရင် ပြင်ဆင်ဖို့ အတွက် တပတ် (သို့)
သုံးလေး ရက် ကြိုတင် အကြောင်းကြားထားလေ့ ရှိပါတယ်။ အခုကတော့ နိုင်ငံရေး ပါတီတွေကိုရော တခြား ရခိုင်မိသားစု အသိုင်းအ၀ိုင်း၊ လူမှုရေး
အသိုင်းအ၀ိုင်း၊ စာပေ ယဉ်ကျေးမှု အနုပညာအသိုင်းအ
ဝိုင်းတွေကိုရော ဘာတခုမှ အကြောင်း ကြားထားတာ မရှိဘူး။ အခု အချိန်ထိ ဘာမှ
အကြောင်းကြားလာတာ မရှိသေး အတွက် ဒီတစ်ကြိမ် သူနဲ့ ကျွန် တော်တို့နဲ့ တွေ့ဖို့ အလားအလာ မရှိလို့ ယူဆရပါတယ်” ဟု ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်သည် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာသော အခါတွင်လည်း ဦးယာဆင် ဦးဆောင်သော
မွတ်ဆလင် ကိုယ်စားလှယ် (၅) ဦးနှင့် တွေ့ဆုံ မေးမြန်းမူများ ပြုလုပ်သွားသော်လည်း ရခိုင်တိုင်းရင်းသားများနှင့် သီးသန့်တွေ့ဆုံ မေးမြန်းမူများ
မရှိခဲ့ကြောင်း သိရသည်။

ကင်တားနား၏ ရခိုင်ပြည်နယ် ခရီးစဉ်သည် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများ အတွက် ခရီးစဉ် မဟုတ်ဘဲ ဘင်္ဂလီ မွတ်ဆလင်များကို
လာကြည့်သော ခရီးစဉ်သာ ဖြစ်နိုင်ကြောင်း ဦးလှစောက ဆက်ပြောသည်။

“ သူဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ လာတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ သူဟာ သမာသမတ် မျှတမှု ရှိမလား၊ သို့တည်းမဟုတ် အယင်တခါကလာတဲ့
နံဗီးယားလို မူဆလင်အဖွဲ့တွေကို ရခိုင်ကို ခေါ်ယူလာပြီးတော့ မူဆလင် အဖွဲ့တွေရဲ့ အာဘော်ကို ယူပြီး ပြန်သွားမလား၊ ကုလသမဂ္ဂ ရဲ့ အာဘော်တွေကို
သုံးသပ်ကြည့်တဲ့ အခါကျတော့ ကျွန်တော်တို့ ရခိုင် သားတွေကဘဲ အလွန် ဖြစ်နေတယ်။ အမှန်တကယ် ခံရတာက ရခိုင်သားတွေ၊ အစော်ကားခံရတယ်။
ကျူး ကျော်ခံရတယ်။ ဒါပေမယ့် ရခိုင်သားတွေ ခံရတာတွေကျတော့ တစ်ခွန်းမှ မပြောဘူး။ မူဆလင်တွေ အပေါ်မှာ ကျွန်တော်တို့ကဘဲ စာနာထောက်ထားမှု
မရှိတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ခုလည်း ကင်တားနား အဲဒီလို ပုံစံမျိုးနဲ့ လာတာ ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့ ကျွန် တော်တို့ ယူဆမိပါတယ်” ဟု ဆိုသည်။

ယခုအခါ ယူအန် အပါအ၀င် နိုင်ငံတကာ အန်ဂျီအိုများ၏ သမာသမတ် မရှိဘဲ ဘက်လိုက် ဖေါ်ပြနေမူများနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားများ အကြားတွင်
မကျေနပ်မူများ တဖြည်းဖြည်း တိုးပွားလာနေကြောင်း သိရသည်။မောင်တောမြို့သို့ ယမန်နေ့က ရောက်ရှိလာစဉ်ကလည်း ရခိုင် တိုင်းရင်းသား ၂၀၀ ခန့်က နိုင်ငံတော်သမ္မတကြီး ဆုံးဖြတ်ချက်ကို လေးစားပါ၊ မြန်မာနိုင်ငံ ၏ အချုပ်အချာအာဏာကိုလေးစားပါ၊ တိုင်း ရင်းသားတို့၏ လူအခွင့်ရေးကို လေးစားပါ၊
မျှမျှတတ ဆက်ဆံပါဟု စာလုံးမဲများဖြင့် ရေးသားထားသည့် ပိုစတာ များ ကိုယ်စီကိုင်ဆောင်ပြီး ဆန္ဒဖေါ်ထုတ် ခဲ့ကြသည်ဟု သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment